← Chapters

အခန်း (၇၉)

Vol. 8 Ch. 79

အခန်း (၇၉)

Vol. 8 Ch. 79

ကျင်းယန်တို့အဖွဲ့တွင် စုစုပေါင်း အရွယ်ရောက်သူ သုံးယောက်ရှိ၏။

အနက်ရောင်ဝံပုလွေက သားပေါက်သာရှိသေးသော်ငြား ၎င်းကိုအရွယ်ရောက်သူတစ်ယောက်အဖြစ် ရေတွက်ခဲ့သည်။

ထို့ကြောင့် တစ်နေ့တာတိုင်းအတွက် သူတို့က ကောက်ပဲသီးနှံ လေးကီလိုဂရမ် သို့မဟုတ် အသားဖြင့်ပေးချေလျှင် နှစ်ကီလိုဂရမ် ပေးရမည်ဖြစ်သည်။

ဤသည်မှာ နေထိုင်ရာအတွက် စျေးနှုန်းသာဖြစ်သေးပေ၏။ ရေ၊ လျှပ်စစ်နှင့် အပူပေးစနစ်များကို အသုံးပြုချင်လျှင် သူတို့ဘက်မှ အပိုပေးချေရန် လိုအပ်လေသည်။

ဤအကောင်ထည်ဖော်ထားသော မူဝါဒနှင့်အတူ မြို့တော်Zအနေဖြင့် နေ့တိုင်း ရာနှင့်ချီ၍ သို့မဟုတ်လျှင် ထောင်နှင့်ချီသော အစားအစာကီလိုဂရမ်များကို လက်ခံရရှိနိုင်လေသည်။

အမှတ်အလဲအလှယ်ဖြင့်လာရောက်လဲလှယ်သော သာမာန်လူများကို ပေးရသည့် အစားအစာများမှလွဲ၍ ကျန်သည့် အစားအစာအားလုံးက အခြေစိုက်စခန်း၏ အုပ်ချုပ်သူအရာရှိများ၏ အိပ်ကပ်ထဲသို့ ရောက်သွားခဲ့သည်။

စနစ်၏ အလွှာများစွာအောက်တွင် အကျင့်ပျက်ခြစားရန်အတွက် ယိုပေါက်များစွာ ရှိနေလိမ့်မည်ဖြစ်သည်။ ပျက်ကပ်ထဲရှိ ရှင်သန်သူအခြေစိုက်စခန်းတစ်ခုက ရှေးခတ်တရုတ်ပြည်၏ ပဒေသရာဇ် တရားရုံးထက် ပိုမသာခဲ့ချေ။

နျိုဖေးဟောင်က သူ၏မိသားစုနှင့်အတူ မြောက်ဘက်သို့သွားခြင်းထက် မြို့တော်Zတွင် နေထိုင်ခြင်းကို ပို၍နှစ်ခြိုက်နေသည်မှာ အံ့သြစရာမရှိတော့ပါချေ။

ဆန့်ကျင်ဘက်အနေဖြင့် ဗဟိုအစိုးရက သံသယဝင်လာခဲ့သောကြောင့် သူတို့ကို ဆက်တိုက်စစ်ဆေးပြီး ဟန့်တားရန်အတွက် လီကျန်ကျောင်းကို စေလွှတ်ခဲ့ခြင်းဖြစ်ပြီး မြို့တော်Zအား သူတို့၏ထိန်းချုပ်မှုမှ အပြည့်အဝလွတ်သွားခြင်းမရှိစေရန် ကာကွယ်နေခဲ့လေသည်။

ဤနေရာသို့မလာခင်ကတည်းက ကျင်းယန်နှင့်ယင်ရိလျိုအနေဖြင့် ပြင်ဆင်မှုများကို လုပ်ခဲ့ပြီဖြစ်၏။

သူတို့ နဂါးပျံအခြေစိုက်စခန်းမှ ရရှိလာခဲ့သည့် သန္ဓေပြောင်းကြောင်သားထဲတွင် ဘက်စကတ်ဘောနှစ်လုံးစာ အရွယ်အစားရှိသည့်အပိုင်းတစ်ခု ကျန်နေဆဲပင်။

ယင်ရိလျိုက ၎င်းကို ဖြတ်တောက်ပြီး နေရာလွတ်ထဲတွင် လျှို့ဝှက်စွာ သိမ်းထားခဲ့သည်။

သူမ၏ပါးထဲမှ နေရာလွတ်သည်က ယခုအချိန်တွင် သိုလှောင်ခန်းအသေးတစ်ခု၏ အရွယ်အစားထိ ချဲ့ထွင်ခဲ့ပြီဖြစ်ကာ အရွယ်အစားက မီတာနှစ်ရာပတ်လည် နှင့် အမြင့် ဆယ်မီတာနီးပါးရှိလေသည်။

ယခုအချိန်တွင် ထိုနေရာ၌ အစားအစာနှင့် ထောက်ပံ့ပစ္စည်းမျိုးစုံတို့နှင့် ပြွတ်သိပ်နေခဲ့လေသည်။

သူမ၏နေရာလွတ်ထဲ၌ အချိန်စီးဆင်းမှုရပ်တန့်နေခဲ့သည်။ ထို့ကြောင့် သန္ဓေပြောင်းဘက်တီရီးယားများလည်း မရှိပါချေ။ ၎င်းသည်က အပြည့်အဝလေဟာနယ် တစ်ခုဖြစ်နေခဲ့၏။

သန္ဓေပြောင်းကြောင်သားကို သူမ၏နေရာလွတ်ထဲသို့ ထည့်ထားချိန်က အလွန်လတ်ဆတ်နေခဲ့သောကြောင့် သူမ ပြန်ထုတ်ယူလိုက်သောအချိန်တွင်လည်း အသားပေါ်မှ သွေးများက နှေးကွေးစွာ စီးကျနေဆဲပင်ဖြစ်၏။

ယင်ရိလျို၏ နေရာလွတ်ထဲတွင် အမှိုက်အိတ်တစ်လိပ်လည်းရှိ၏။ ယခုအချိန်တွင် ၎င်းက အဆင့်သင့်ဖြစ်သွားသောကြောင့် အိတ်အပိုင်းတစ်ခုကို ဆုတ်ဖြဲကာ အသားကိုရစ်ပတ်လိုက်ပြီး ကျင်းယန်၏ အိတ်ထဲ ထည့်ထားလိုက်သည်။

ကျင်းယန် သူ၏နောက်တွင်လွယ်ထားသော ကျောပိုးအိတ်ထဲမှ ကြောင်သားကို ထုတ်ယူလိုက်သည်။

တစ်ဖက်မှအမျိုးသမီးကလည်း ၎င်းကို အိတ်ထဲမှ ထုတ်ယူပြီး ဂရုတစိုက် စစ်ဆေးလိုက်လေသည်။ ၎င်းက လတ်ဆတ်သော သန္ဓေပြောင်း အသားဖြစ်ကြောင်းကို အတည်ပြုပြီးနောက် ချိန်တွယ်စက်ပေါ်တွင်တင်ကာ ချိန်တွယ်လိုက်သည်။

ကျင်းယန်က သူ၏အိတ်ထဲမှ ပေါင်မုန့်နှင့် ရေအားလုံးကိုလည်း ထုတ်ယူပြီး စားပွဲပေါ်သို့တင်လိုက်ကာ ၎င်းတို့အားလုံးကို အတူတကွ ချိန်တွယ်ရန် အမျိုးသမီးကို တောင်းဆိုလိုက်သည်။

“အသားက 2.4 ကီလိုဂရမ် အလေးချိန် ရှိပြီး ကျန်တဲ့အထောက်အပံ့ပစ္စည်းတွေက သုံးကီလိုဂရမ်ရှိတယ်.. ရေနဲ့လျှပ်စစ်ရော လိုအပ်သေးလား?”

ကျင်းယန် ခေါင်းကို အသာငြိမ့်လိုက်၏။ သူတို့က အိမ်တစ်အိမ် ငှားတော့မည်ဖြစ်၍ ရေနှင့်လျှပ်စစ်ကို ချွေတာနေရန် မလိုအပ်ပါချေ။

“လိုတယ်”

သူတို့နောက်တွင် ရပ်နေသော ကျောင်းစီဟွေ့နှင့် ကျောင်းချီယန်တို့က ကျင်းယန်၏စကားကိုကြားလျှင် အားပါးတရပြုံးလိုက်ကြသည်။

သူတို့အနေဖြင့် ခရီးလမ်းတစ်လျှောက်တွင် သူတို့၏ခန္ဓာကိုယ်များကို ကောင်းစွာ မသန့်ရှင်းနိုင်ခဲ့ပေ။ အများဆုံး ပုဝါအစိုဖြင့် သုတ်ခဲ့ရုံသာ တတ်နိုင်ခဲ့သည်။

ရေချိုးရခြင်းက အသက်နှင့်ယှဥ်လျှင် အဓိက ရွေးချယ်စရာတစ်ခု မဟုတ်ခဲ့ပါချေ။

အိမ်တွင် ရေနှင့်လျှပ်စစ်ရှိနေတော့မည်ဆိုလျှင် သူတို့အနေဖြင့် ရေပူဖြင့် ချိုးနိုင်ပေတော့မည်။

အမှတ်ခန်းမထဲမှ အမျိုးသမီးက ကျင်းယန်ကို မျက်စိမှိတ်ပြပြီး ဘေးဘက်တွင်ချထားသော စာစောင်ငယ်ကို ထုတ်ယူလိုက်သည်။

“ကျင်းယန်ကော..ကျွန်မတို့မှာ အသင်းတွေအတွက် သီးသန့်လျှော့စျေးရှိတယ်.. ကျွန်မတို့က အဆင့်မြင့်နဲ့ အလယ်လတ် ဆင့်ကဲပြောင်းလဲသူပါတဲ့ အသင်းတွေကို လျှော့စျေး‌ပေးတယ်.. ရှင်ရော အသင်းဖွဲ့ချင်သေးလား?”

ဤသည်က ကျင်းယန်၏ မူရင်းရည်ရွယ်ချက်ပင်ဖြစ်၏။ မြို့တော်Z၌ အဖွဲ့အသေးလေးများ အများအပြားရှိသည်။

ဆိုရလျှင် သူတို့အနေဖြင့် အခြေခံအားဖြင့် တာဝန်များပြီးမြောက်ရန် အသင်းတစ်ခုအနေဖြင့် အမဲလိုက်ကြသည်။လက်ရှိတွင် ကျောင်းမောင်နှမက အတော်အတန် အားကိုးရ၏။ မြို့တော်Zတွင် အသင်းတစ်ခုအဖြစ် အရင်ဆုံးဖွဲ့စည်းနိုင်သည်။

အမှတ်မျှဝေခြင်းသည်က တစ်ယောက်တည်း သွားခြင်းထက် ပို၍ကုန်ကျမှုလျော့နည်းပုံရသည်။

ကျင်းယန်က ၎င်းကို မငြင်းဆိုသည်ကိုမြင်လျှင် ကျောင်းမောင်နှက ဝမ်းမြောက်စွာ သဘောတူခဲ့ကြသည်။

အလယ်တန်းကျောင်းသားရောဂါရှိနေသည့် အသက်ရွယ်သို့ရောက်နေသော ကျောင်းချီယန်က အသင်းနာမည်အတွက် ‘Crazy dragon’နှင့် ‘Overlord’ ဟူသော သူတို့အား မျက်မှောင်ကြုတ်စေသော နာမည်များနှင့်ကိုပြောလာလေ၏။ ထိုသူက သူတို့အသင်း၏ နာမည်အတွက် စိတ်လှုပ်ရှားစွာဖြင့် အကြံဉာဏ်များကို စတင်ပြောလာခဲ့သည်။

ကျင်းယန်က မည်သည့်စကားကိုမှ မပြောနိုင်ခင် ကျောင်းစီဟွေ့က မျက်လုံးများကို လှိမ့်လိုက်ပေပြီ။

သူမကကျင်းယန်၏ ထင်မြင်ချက်ကို မေးမြန်းလိုက်သည်။ ပုံမှန်အားဖြင့် ရင့်ကျက်ပြီး တည်ငြိမ်သောကျင်းယန်က ဤအချိမ်တွင် အချိန်အချို့ကြာအောင် အတွေးနက်နဲနေခဲ့သည်။

ထို့ကြောင့် ကျင်းယန်မှ အကြံဉာဏ်ကောင်းတချို့ ထွက်လာလိမ့်နည်ဟု သူမ ထင်ခဲ့သည်။

ရလဒ်အနေဖြင့် ကျင်းယန်က သူ၏လက်မောင်းထဲမှ ယင်ရိလျိုကို လေးနက်သော အမူအရာဖြင့် ကြည့်၍ သူငယ်ချင်းလေးကို ဆိတ်လိုက်ပြီး တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။

“ငါတို့ ထုထုအသင်းလို့ နာမည်ပေးရအောင်”

ယင်ရိလျို ???

ရွှေပေါင်လုံးကြီးက အလေးအနက်ပြောနေခြင်း ဖြစ်ပြီး စနောက်နေခြင်းမဟုတ်ပါချေ?!

ယခုမှစ၍ သူကဲ့သို့ အရွယ်ရောက်သူတစ်ယောက်က အခြေစိုက်စခန်းထဲ၌ ‘ထုထုအသင်း၏ခေါင်းဆောင်’ ဟူသော ခေါင်းစဥ်နှင့်အတူ လျှောက်သွားနေမည်လား?

အခြားဘစ်ဘော့စ်ကြီးများက သူ့ကိုမည်သို့ တွေးထင်မည်နည်း?

ယင်ရိလျိုတစ်ယောက် သူမ၏ယုန်ခေါင်းလေးကို ထိတ်ထိတ်ပျာပျာ ခါရမ်းပြီး သဘောမတူကြောင်း ခိုင်မာစွာ ပြသလိုက်သည်။

ကျောင်းချီယန်သည်လည်း ပြိုလဲနေသည့် အခြေအနေဖြင့် ဆွဲဆွဲငင်ငင် ငြင်းဆန်လာလေ၏။

သူသည်က မိမိုက်ပြီး မောက်မာသည့် အိမ်မြှောက်မျိုးစပ်တစ်ကောင်ဖြစ်၏။ သူသွားသည့်နေရာတိုင်းတွင် ‘အသင်းထုထု၏အဖွဲ့ဝင်’ ဟူသော ခေါင်းစီးကို အတပ်မခံချင်ပေ။

အဆုံးသတ်တွင် ဆုံးဖြတ်ချက် လုပ်ရန် ကျောင်းစီဟွေ့က တာဝန်ယူလိုက်ရလေ၏။

သူမအနေဖြင့် နောက်ဆုံးတွင် ကျင်းယန်သည်က ယုန်လေး ပါဝင်ပက်သက်သည့် မည်သည့်အရာ၌မဆို သူမ၏မောင်ဖြစ်သူ ပို၍အဓိပ္ပာယ်မရှိစွာ လုပ်ဆောင်တတ်သည်ကို နားလည်လိုက်သည်။

ထို့ကြောင့် သူမက ကျင်းယန်၏နာမည်ထဲမှ ‘ယန်’ဆိုသော စကားလုံးကိုယူပြီး သူတို့၏အသင်းကို အဓိပ္ပာယ်ကောင်းရှိသော နာမည်တစ်ခုကို ပေးလိုက်သည် ။

ရှုးယန်*(Morning sun)

[旭阳 (xù yáng)]

ယင်ရိလျိုလည့် နာမည်ကို အလွန်ကျေနပ်ပြီး သဘောတူစွာဖြင့် သူမ၏ခေါင်းလေးကို ညိတ်လိုက်သည်။

ထိုနာမည်ကို ယောက်ျားလေးနှစ်ယောက်က သိပ်ပြီး မကြိုက်ကြသော်လည်း သူတို့ဘက်တွင်အရေအတွက်ပိုများနေပေသည်။

ထို့ကြောင့် တစ်ယောက်က အောင့်အီး၍ လက်ခံရမည်ဖြစ်ပြီး အခြားတစ်ယောက်ကတော့ ယုန်လေးကြိုက်သည့်အရာကို လက်ခံပေသည်။

ဤသည်မှာ ရှုးယန်အသင်း ဖွဲ့စည်းခဲ့သည့်အခြေအနေပင်ဖြစ်သည်။

အသင်းခေါင်းဆောင်က ကျင်းယန်ဖြစ်ပြီး အဖွဲ့ဝင်ကတော့ နှစ်ယောက်သာရှိကာ ထိုနှစ်ယောက်မှာ ကျောင်းမောင်နှမဖြစ်ပေသည်။

အနက်ရောက်ဝံပုလွေပေါက်ကတော့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ရေတွက်နိုင်ရုံမျှသာဖြစ်ပြီး ယုန်လေးကတော့ အသင်း၏လာဘ်ကောင်ဖြစ်ပေသည်။

အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများအနေဖြင့် အခြေစိုက်စခန်း၌ လျှော့စျေး 20%ရပြီး အလယ်လတ်အဆင့် အဆင့်ကဲပြောင်းလဲသူများတွင် 15%ရသည်။

ရှုးယန် သုံးယောက်တွဲ၏ စုစုပေါင်း လျှော့စျေးကို တွက်ပြီးနောက် သူတို့၏နေထိုင်ရာအချိန်အတိုင်းအတာက နှစ်ဆလျှော့စျေးဖြစ်လာခဲ့ပြီး အသင်းတစ်သင်းဖွဲ့ခြင်းက မည်မျှ အကျိုးရှိသည်ကို ပြသနေခဲ့သည်။

*

အချိန်သတ်မှတ်ချက်ကို လက်ခံပြီးနောက် အဖွဲ့က သူတို့၏ အိမ်အသစ်ဆီသို့ သွားခဲ့ကြသည်။

နှစ်ရက်နှင့် ဆယ့်နှစ်နာရီခန့် ကြာရှည်သည်အထိ ဤနေရာက သူတို့၏အပိုင် ဖြစ်လာပေပြီ။

သူတို့သာ ဆက်လက်၍ နေချင်လျှင် ညီမျှသည့် အမှတ်များ သို့မဟုတ် အစားအစာကို ပေးချေရမည်ဖြစ်သည်။

အိမ်၏အနီးတစ်ဝိုက်မှ ပတ်ဝန်းကျင်က အလွန်ကောင်းမွန်ပေသည်။ ပျက်ကပ် မဖြစ်ခင်က ဗီလာဧရိယာငယ်တစ်ခု ဖြစ်နိုင်ဖွယ်ရှိသည်။

ပတ်ဝန်းကျင်မှ အပင်များက ဆယ်မီတာ သို့မဟုတ် ဆယ့်နှစ်မီတာခန့်အထိကြီးမားကာ ကြောက်ခမန်းလိလိ အရွယ်အစားများအဖြစ် ရှိနေခဲ့ပြီး အိမ်များကို နေရာအပိုင်းအခြားဖြစ်အောင် ခွဲထုတ်ထားသဖြင့် လူများကို လုံခြုံသည့်ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။

ဤသို့ ပိုင်းခြားထားသည့်အတွက် အာရုံခံစားမှုအမျိုးအစား ဆင့်ကဲပြောင်းလဲသူများမှ သူတို့အားချောင်းကြည့်နေခြင်းကို စိတ်ပူစရာမလိုချေ။

အိမ်ထဲသို့ဝင်ပြီးနောက် ယင်ရိလျိုက နေရာလွတ်ထဲမှ စောင်နှင့်အိပ်ယာခင်း အသစ်များအပြင် အမျိုးမျိုးသော နေ့စဥ်သုံးပစ္စည်းများနှင့် အိမ်သာသုံးပစ္စည်များကို အတူတကွ ထုတ်ယူလိုက်သည်။

ကျောင်းစီဟွေ့သည်လည်း သူမ၏အိတ်ကိုနေရာချပြီး အိမ်ထဲကို လျှောက်သွားကြည့်လေသည်။

“မီးဖိုချောင်လည်းပါတယ်ဆိုတော့ ကျွန်မတို့တွေ ချက်ပြုတ်လို့ရတယ်.. ရေချိုးခန်းနဲ့ အဝတ်လျှော်စက်ရော ပါတာပဲ.. မဆိုးပါဘူး”ဤသည်မှာ ပျက်ကပ်မတိုင်မှီက ပုံမှန်မိသားစုအိမ်များ၏ စံပုံစံဖြစ်လေသည်။

သို့သော်ငြား ပျက်ကပ်ဖြစ်ပြီးနောက်တော့ ၎င်းကိုဇိမ်ခံနေထိုင်ရာအဖြစ် ယူဆ၍ ရနိုင်ပေသည်။

ကျောင်းစီဟွေ့တစ်ယောက် ထပ်မံ၍မစောင့်နိုင်တော့သည်ကို မြင်လျှင် ကျင်းယန်နှင့် ကျောင်းချီယန်က အမျိုးသမီးကို ဦးစားပေးကာအရင်ဆုံး ရေချိုးခိုင်းလိုက်ကြသည်။

ယဥ်ကျေးမှုအရ သူတို့၏ကမ်းလှမ်းချက်ကို စိတ်မပါ့တပါဖြင့် ငြင်းပြီးနောက် ကျောင်းစီဟွေ့က ထပ်၍မခုခံနိုင်တော့ချေ။

သူမက သန့်ရှင်းသည့်အဝတ်အစားတစ်စုံကို ယူပြီး ရေချိုးခန်းထဲ အပြေးအလွှား ဝင်သွားခဲ့တော့သည်။

ဤကဲ့သို့ အချိန်ကြာရှာပြီးမှရေချိုးရသည့်အတွက် သူမ၏ခန္ဓာကိုယ်မှ အရေပြားတစ်လွှာကိုပင် ဆေးကြောချနိုင်သည်ဟု သူမ ခံစားခဲ့ရသည်။

All Chapters