← Chapters

အခန်း (၈၉-၉၀)

Vol. 8 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 8 Ch. 89-90

အပိုင်း ၈၉

သူငယ်ချင်းနှစ်ယောက်သည် စကားစမြည်ပြောရင်း ရယ်မောကာ အကြောင်းအရာမျိုးစုံကို ဆွေးနွေးနေကြသည်။ ခဏအကြာတွင် ရှီလင်းလင်းက သက်ပြင်းချလိုက်သည်။

"နင်သာ သမီးလေးမွေးရင် သိပ်ကောင်းမှာပဲ။"

စုရှီက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ "နင့်သားနဲ့ ငါ့သမီးကို စေ့စပ်ပေးဖို့ စိတ်ကူးတောင်မယဉ်နဲ့။"

ရှီလင်းလင်းသည် မျက်ခုံးပင့်ကာ ဒေါသထွက်ဟန်ဖြင့် စနောက်လိုက်သည်။ "ဘာလဲ။ ငါ့သားက မချောလို့လား။ နင့်သမီးနဲ့ မတန်လို့လား။"

စုရှီက အားရပါးရ ရယ်မောလိုက်သည်။ "ရှဲ့ကျန်း သဘောတူသရွေ့ ငါ့မှာ ကန့်ကွက်စရာမရှိဘူး။"

ရှီလင်းလင်းသည် ရှဲ့ကျန်း၏ အေးစက်သော မျက်နှာအမူအရာကို ပြန်သတိရသွားပြီး အနည်းငယ် အသက်ရှူကျပ်သွားသည်။ သူမသည် ပါးစပ်ဟကာ စုရှီ ကို မျက်စိမှိတ်ပြပြီး တမင်ပင် ချိုသာသောလေသံဖြင့် ပြောလိုက်သည်။

"ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးနဲ့များ နင့်ယောကျာ်းကို တိုင်ပင်စရာလိုသေးလို့လား။"

စုရှီက ညင်သာစွာ ပြုံးပြီး စကားတစ်ခွန်းသာ ပြန်ပြောလိုက်သည်။ "သွားစမ်းပါ။"

…..

တစ်ချိန်တည်းမှာပင်။

J မြို့ရှိ စစ်ခရိုင်ဝင်းအတွင်း၌။

သူမ ချွေးမဖြစ်သူ ကိုယ်ဝန်ရှိနေသည်ကို သိလိုက်ရသည့် အချိန်မှစ၍ ထန်စစ်ယွင်သည် ပစ္စည်းများ စီစဉ်ရန် အိမ်အပေါ်ထပ်၊အောက်ထပ်သို့ အလုပ်ရှုပ်စွာ သွားလာနေခဲ့သည်။ သူမ၏ အဒေါ် ချောင်ဟု ခေါ်သော အိမ်အကူအသစ်သည် စပ်စုစွာဖြင့် မေးလိုက်သည်။

"စစ်ယွင်ရေ၊ ဘာတွေအလုပ်ရှုပ်နေတာလဲ။ ငါ့အကူအညီလိုသေးလား။"

ထန်စစ်ယွင်က တောက်ပစွာ ပြုံးလိုက်သည်။ "မလိုပါဘူး၊ အဒေါ် ချောင်။ အဒေါ့် အလုပ်သာ အဒေါ်လုပ်ပါ။ ကျွန်မက မြေးလေးဆီကို ပို့ပေးဖို့ အိမ်မှာရှိတဲ့ ပစ္စည်းကောင်းလေးတွေ ရှာနေတာပါ။"

အဒေါ် ချောင်သည် ပွင့်လင်းဖြောင့်မတ်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒါကို ကြားသောအခါ ရယ်မောလိုက်သည်။

"ဒါက တကယ့်သတင်းကောင်းပဲ။ မင်း ဒီလောက်ပျော်နေတာ အံ့ဩစရာမရှိပါဘူး။ မင်းလည်း အလုပ်ဆက်လုပ်နှင့်၊ ငါ မီးဖိုချောင်ထဲမှာ ရှိမယ်။ တစ်ခုခုလိုရင် လှမ်းခေါ်လိုက်နော်။"

ကလေးမွေးလာသည့်အခါ လိုအပ်မည့် နူးညံ့သောအထည်များအားလုံးကို စဉ်းစားရင်း ထန်စစ်ယွင်သည် အဒေါ် ချောင်ကို ပြန်ဖြေပြီးနောက် အပေါ်ထပ်သို့ အလျင်အမြန်တက်ကာ စုရှီနှင့် အနာဂတ် ကလေးအတွက် သင့်တော်မည့် မည်သည့်အရာကိုမဆို ရှာဖွေရန် သေတ္တာများနှင့် ဗီရိုများကို မွှေနှောက်ရှာဖွေတော့သည်။

ထို့နောက်တွင် သူမသည် အောက်ထပ်သို့ ပြန်ပြေးဆင်းလာခဲ့သည်။ အကြိမ်ပေါင်း ဆယ်ကြိမ်ခန့် အပြန်ပြန်အလှန်လှန် သွားလာပြီးသည့်တိုင်အောင်ပင် လှပသော ထန်စစ်ယွင်တွင် မောပန်းနွမ်းနယ်သည့် လက္ခဏာ မတွေ့ရပေ။

ရှဲ့ပေါ် စစ်တပ်မှ ပြန်လာသောအခါ ဆိုဖာပေါ်တွင် ပစ္စည်းမျိုးစုံ တောင်လိုပုံနေပြီး သူ့ဇနီးသည် ကြမ်းပြင်ပေါ်တွင် ဖရိုဖရဲဖြင့် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

သူသည် ဦးထုပ်ကို စင်ပေါ်တွင် ချိတ်လိုက်ပြီး ယူနီဖောင်း၏ အပေါ်ဆုံးကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်ကာ အစောင့်များကို အနားယူခိုင်းလိုက်သည်။ ထို့နောက် သူ့ဇနီးဆီသို့ လျှောက်သွားပြီး မေးလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ။"

ထန်စစ်ယွင်သည် လွန်ခဲ့သည့်ရက်အနည်းငယ်က ဈေးဝယ်ထွက်စဉ် သူမချွေးမအတွက် အဆင်ပြေမည်ဟုထင်ကာ ဝယ်လာခဲ့သော နူးညံ့သည့် အဝါရောင်အထည်တစ်စကို ခေါက်နေခဲ့သည်။ သူမသည် ခင်ပွန်းကို ကြည့်ကာ ပြုံးလိုက်သည်။

"ပြန်လာပြီလား။ ထမင်းစားပြီးပြီလား။"

ရှဲ့ပေါ်သည် ထိုင်ခုံတစ်လုံးဆွဲယူကာ ဇနီးသည်ဘေးတွင် ထိုင်ပြီး အထည်တစ်စကို ကောက်ယူကာ သူမကို စီစဉ်ကူညီပေးလိုက်သည်။

"စခန်းမှာ စားခဲ့ပြီးပြီ။ ဒီပစ္စည်းတွေ အကုန်လုံးနဲ့ မင်း ဘာလုပ်နေတာလဲ။"

ထန်စစ်ယွင်သည် သူမခင်ပွန်းက ချွေးမဖြစ်သူ ကိုယ်ဝန်ရှိနေသည့်အကြောင်းကို မသိသေးသည်ကို ရုတ်တရက် သတိရသွားသည်။ သူမသည် ပျော်ရွှင်စွာဖြင့် သူ့အနားသို့ တိုးကပ်သွားပြီး သူ့ပေါင်ပေါ်သို့ တစ်ဝက်တစ်ပျက်မှီကာ ပြုံးလျက် ပြောလိုက်သည်။

"ရှီရှီ ကိုယ်ဝန်ရှိနေပြီ။ ကိုယ်ဝန်က ခုနစ်ပတ်နီးပါး ရှိနေပြီတဲ့။ ကျွန်မက သူမနဲ့ ကလေးအတွက် ပစ္စည်းလေးတွေ ပို့ပေးမလို့ စဉ်းစားနေတာ။ ငါတို့ချွေးမလေးက တကယ်တော်တာပဲ။ မနေ့က ရှောင်ယင်း ဖုန်းဆက်တော့မှ ရှီရှီက ကျွန်မတို့သမီးအတွက် အများကြီးလုပ်ပေးခဲ့တာတွေ သိလိုက်ရတယ်။ အခု သူမက ကိုယ်ဝန်ပါရှိနေပြီ... လောင်ရှဲ့ရယ်၊ ကျွန်မ သူ့အတွက် ဘယ်လောက်ကျေးဇူးတင်နေလဲဆိုတာ ရှင့်ကို ပြောပြလို့တောင် မကုန်ဘူး။ ကျွန်မတို့သားက ရှီရှီလို မိန်းကလေးကောင်းလေးမျိုးနဲ့ လက်ထပ်ရတာ ဘယ်လောက်ကံကောင်းလိုက်လဲ…"

ရှဲ့ပေါ်သည် သူတို့ချွေးမ ကိုယ်ဝန်ရှိနေသည်ကို မမျှော်လင့်ထားခဲ့ပေ။ သားဖြစ်သူ ကလေးရသည့်အတွက် သူသည်လည်း သဘာဝအတိုင်း ပျော်ရွှင်နေသည်။ သူ၏ တင်းမာသော မျက်နှာထက်တွင် တွေ့ရခဲသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဇနီးသည်၏ စကားများကို နားထောင်ရင်း သူသည်လည်း တိတ်တဆိတ် သဘောတူလိုက်သည်။ သူတို့၏ ချွေးမသည် အမှန်တကယ်ပင် ကောင်းမွန်သောသူတစ်ဦး ဖြစ်သည်။

ထိုသို့ ကောင်းမွန်ထူးချွန်သော ချွေးမတစ်ယောက် ရရှိခြင်းသည် သူတို့သား၏ ကံကောင်းမှုသာမက ရှဲ့ မိသားစု၏ ကောင်းချီးမင်္ဂလာလည်း ဖြစ်သည်။

သူ၏ ပြိုင်ဘက်ဟောင်းဖြစ်သူသည် အမြဲတစေ အလျင်လိုသူတစ်ဦးဖြစ်ပြီး သူ့ကွယ်ရာတွင် လာဘ်များစွာယူသော ဒုက္ခပေးသည့် ဇနီးတစ်ယောက်နှင့် လက်ထပ်ခဲ့သောကြောင့် များစွာ ဒုက္ခရောက်ခဲ့ရသည်။

ဒီတစ်ကြိမ်တွင် သူသည် တိုက်ရိုက်ဖြုတ်ချခံခဲ့ရသည်။ သူ တစ်သက်တာလုံး ကြိုးစားရရှိခဲ့သမျှသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

ဒါက ချွေးမကောင်းတစ်ယောက်နှင့် လက်ထပ်ခြင်း၏ အရေးကြီးပုံပင်။

ရှဲ့ပေါ်၏ အိမ်မှုကိစ္စ ကျွမ်းကျင်မှုသည် သူ့ဇနီးထက် အမြဲသာလွန်ခဲ့သည်။ သူသည် အထည်တစ်ပုံကို လျင်မြန်စွာ ခေါက်လိုက်ပြီး ပါဆယ်ထုပ်ထဲသို့ ထည့်ကာ ထုပ်ပိုးရင်း ပျော်ရွှင်သောလေသံဖြင့် ပြောလိုက်သည်။

"မနက်ဖြန် ရှောင်ကျန်းကို စာတိုက်လိုက်ပို့ခိုင်းပြီး ပို့လိုက်၊ ပြီးတော့ ကလေးတွေအတွက် ပိုက်ဆံနည်းနည်းပါ ထည့်ပို့လိုက်။"

ထန်စစ်ယွင်က ပြန်ပြောလိုက်သည်။ "ရှင် ပြောစရာလိုလို့လား။ ကျွန်မ အားလုံးပြင်ဆင်ပြီးသား။ ကျွန်မတို့သမီးဆီကိုလည်း ပါဆယ်တစ်ထုပ်ပို့ရမယ်။ သူမမ အခုအချိန်မှာ တော်တော်ပင်ပန်းနေမှာ။"

ရှဲ့ပေါ်က ခေါင်းညိတ်လိုက်သည်။ "မင်း စီစဉ်လိုက်ပါ။"

သူတို့နှစ်ယောက်သည် အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများနှင့် အဝတ်အစားများ ပြည့်နှက်နေသော ပါဆယ်ထုပ်ကြီး လေးထုပ်ကို လျင်မြန်စွာ ထုပ်ပိုးလိုက်ကြသည်။

ထန်းစစ်ယွင်သည် ပစ္စည်းများအားလုံးကို ကြည့်ရင်း တုံ့ဆိုင်းသွားပြီး ခင်ပွန်းဘက်သို့ လှည့်လိုက်သည်။

"ရှီရှီက ပြန်သွားတာ ရက်ပိုင်းလေးပဲ ရှိသေးတာ၊ ငါ သူ့အတွက် ဘယ်လိုဖြစ်ပြီး ဒီလောက်အများကြီး ဝယ်မိသွားပါလိမ့်။"

ရှဲ့ပေါ်သည် သူ့ဇနီးသည် ကျားရိုင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ဒုက္ခရောက်ရမည့်သူမှာ သူသာဖြစ်မည်ကို စိုးရိမ်သောကြောင့် သူမသည် အမြဲတစေ ဤသို့ ဖြုန်းတီးတတ်ကြောင်းကို ထောက်ပြရန် ဆန္ဒမရှိဘဲ နှုတ်ခမ်းကိုမဲ့လိုက်သည်။ ထိုအစား သူက နှစ်သိမ့်လိုက်သည်။

"ဒါတွေအကုန်လုံးက ကလေးတွေ အတွက်ပဲလေ။ ဘယ်လောက်ဝယ်ဝယ် များတယ်လို့ မရှိပါဘူး။ မနက်ဖြန် ကိုယ်တို့မြေးလေးအတွက် သင့်တော်တာလေးတွေ ဝယ်ပြီး တစ်ခါတည်း ပို့လိုက်ပါလား။"

ထန်စစ်ယွင်၏ မျက်လုံးများက အပြုံးဖြင့် တောက်ပသွားသည်။ "ဟုတ်သားပဲ။ ကျွန်မတို့ မြေးမလေးအတွက်လည်း လှလှပပ အထည်လေးတွေ ဝယ်ရမယ်။ မနက်ဖြန် ရှင်းရှင်း အမေ့ဆီ သွားတွေ့ရမယ်။ သူ့စက်ရုံမှာ ပစ္စည်းကောင်းတွေ ရှိမှာပဲ။"

ရှဲ့ပေါ်သည် ဖြစ်လာနိုင်ချေရှိသော ယောက္ခမ၏ ဒေါသမီးကို အောင်မြင်စွာ ငြှိမ်းသတ်လိုက်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

"ကိုယ်တို့ချွေးမ ကိုယ်ဝန်ရှိတဲ့အကြောင်း အဖေ့ကို ပြောပြီးပြီလား။"

ထန်စစ်ယွင်သည် စိတ်ပျက်စွာဖြင့် နဖူးကိုရိုက်ရင်း ညည်းညူလိုက်သည်။ သူမသည် အသက်ကြီးလာပြီး မှတ်ဉာဏ်လည်း ယိုယွင်းလာပြီဟု ညည်းညူနေသည်။

"အာ။ ငါ့ဦးနှောက်ကို ကြည့်စမ်းပါဦး။ ပျော်လွန်းလို့ မေ့တောင်မေ့သွားတယ်။ အဖေ့ကို ချက်ချင်းဖုန်းဆက်ပြီး ပြောပြရမယ်။ အဘိုးကြီးတော့ အရမ်းပျော်သွားမှာ သေချာတယ်။"

ရှဲ့ပေါ်သည် စိတ်ကောင်းဝင်စွာဖြင့် ဖုန်းဘေးတွင် ထိုင်လိုက်ပြီး ဖုန်းကိုကောက်ကိုင်ကာ နံပါတ်နှိပ်လိုက်ပြီး သူ့အဖေကို မြစ်ရတော့မည့်အကြောင်း ပြုံးလျက် ဂုဏ်ပြုစကားဆိုလိုက်သည်။

သူ့ဇနီးသည် အနားသို့ တိုးကပ်လာသောအခါ သူသည် ဆယ်စုနှစ်ပေါင်းများစွာ ပြုမူ‌ နေကျကဲ့သို့ပင် သူမကို အလိုအလျောက် ပွေ့ဖက်ထားလိုက်သည်။

ဇနီးမောင်နှံနှစ်ဦးသည် ခေါင်းချင်းဆိုင်ကာ တစ်ဖက်မှ အဘိုးအိုနှင့်အတူ တွေ့ရခဲသော ပျော်ရွှင်မှုကို မျှဝေရင်း အားရပါးရ ရယ်မောနေကြသည်။

…..

အောက်တိုဘာလ၏ ရွှေရောင်ဆောင်းဦးတွင် ချိုမြိန်မွှေးကြိုင်သော ညှင်းပန်းများ တစ်ဖန်ပြန်လည် ဖူးပွင့်နေကြသည်။

မွှေးကြိုင်သော အဝါရောင်ပန်းခိုင်များ ညှင်းပင်များပေါ်တွင် ပြည့်နှက်နေသည့်အချိန်တွင် စုရှီသည် ကိုယ်ဝန်သုံးလကျော် ရှိနေပြီဖြစ်သည်။ သူမသည် ဗိုက်မပူသေးသော်လည်း အရေးကြီးသည့် ကာလကို ဘေးကင်းစွာ ကျော်လွန်ခဲ့ပြီ ဖြစ်သည်။

တစ်နေ့တွင် စုရှီသည် ထမင်းစားဆောင်၌ နေ့လည်စာ စားနေစဉ် အနီးနားရှိ တစ်စုံတစ်ယောက်နှင့် အတင်းအဖျင်း ပြောနေသော အသစ်ရောက်လာသည့် သူနာပြုတစ်ဦး၏ စကားကို ကြားလိုက်ရသည်။

"ခုလေးတင် ဒါရိုက်တာနဲ့ အကြီးအကဲတို့ ခွဲစိတ်ခန်းထဲကို အလောတကြီး ဝင်သွားတာ တွေ့လိုက်တယ်။ နောက်ကနေ စစ်သားတစ်အုပ်လည်း လိုက်သွားတယ်။ တာဝန်ထမ်းဆောင်ရင်း တစ်ယောက်ယောက် ဒဏ်ရာရပြီး ပြန်လွှဲလာတာဖြစ်ရမယ်။ တော်တော်လေး စိုးရိမ်ရတဲ့ အခြေအနေဖြစ်မယ်။"

ထိုသည်ကက ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ခုဖြစ်သည်။ တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရသော စစ်သားများသည် ပုံမှန်အားဖြင့် ဒေသန္တရဆေးရုံများတွင် ကုသမှုခံယူကြပြီး သူတို့၏ အခြေအနေ တည်ငြိမ်သွားမှသာ ဟုန်ကျွင်း ကျွန်းသို့ ပြန်လည်လွှဲပြောင်းပေးလေ့ရှိသည်။

ထို့ကြောင့် ဒီသတင်းကို ကြားရခြင်းက သူမကို မအံ့ဩစေခဲ့ပေ။ သူမသည် သူ့ထံသို့ အရေးပေါ်အလုပ်တစ်ခု တာဝန်ပေးအပ်လာမည်ကို စိုးရိမ်သောကြောင့် စားသောက်နှုန်းကိုသာ မြှင့်တင်လိုက်သည်။

စားသောက်ပြီးနောက် စုရှီသည် သူမရုံးခန်းသို့ အလျင်အမြန် လျှောက်သွာူခဲ့သည်။

ခွဲစိတ်ခန်းအနားမှ ဖြတ်သွားစဉ် စစ်စိမ်းရောင်ပင်လယ်ကြီးထဲတွင် အလွန်ရင်းနှီးသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

ထိုသူမှာ သူမ၏ခင်ပွန်း ရှဲ့ကျန်း ဖြစ်သည်။

စုရှီသည် ပျော်ရွှင်မှု မခံစားရမီမှာပင် သူမ၏ နှလုံးသားသည် နစ်ဝင်သွားသည်။ သူမသည် အလိုအလျောက်ပင် ရှီးယန်နန်ကို ရှာဖွေကြည့်သော်လည်း လူအုပ်ထဲတွင် သူ့ကို မတွေ့ရပေ။

ဒဏ်ရာရသွားသူမှာ သူများဖြစ်နေမလား။

စုရှီသည် ထိတ်လန့်တုန်လှုပ်မှု လှိုင်းလုံးတစ်ခုကို ခံစားလိုက်ရသည်။ သူမသည် ဗိုက်ကို လက်ဖြင့်ပင့်မကာ စိုးရိမ်ပူပန်စွာဖြင့် ရှဲ့ကျန်းဆီသို့ ဖြည်းညင်းစွာ ပြေးသွားလိုက်သည်။

…..

တစ်ဖက်တွင် ရှဲ့ကျန်းသည် တစ်စုံတစ်ခုကို ခံစားမိလိုက်ဟန်တူသည်။ သူ ခေါင်းလှည့်လိုက်သောအခါ သူ့မျက်လုံးများသည် စုရှီ၏ မျက်လုံးများနှင့် ဆုံသွားသည်။

သူ၏ ချောမောသောမျက်နှာသည် စိုးရိမ်မှုဖြင့် ညိုမှောင်သွားပြီး သူမထံသို့ လျှောက်လှမ်းလာခဲ့သည်။

သူမကို ပွေ့ဖက်လိုက်သည့်အခါ ရှဲ့ကျန်းက ဆူငေါက်ရန် မမေ့ပေ။ "ကိုယ်ဝန်နဲ့ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် စည်းမရှိရတာလဲ။ ချော်လဲသွားရင် ဘယ်လိုလုပ်မလဲ။"

စုရှီသည် အခြားအရာအားလုံးကို လျစ်လျူရှုကာ သူ့လက်မောင်းကို သူမ လက်လေးဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ရင်း စိုးရိမ်သော လေသံဖြင့် ပြောလိုက်သည်။

"ဒါက... ဒါက..."

ရှဲ့ကျန်းက သူမကို အလျင်အမြန် နှစ်သိမ့်လိုက်သည်။ "ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး။ အစ်ကိုက ခြေထောက်ကို နည်းနည်းထိသွားတာ။ စိုးရိမ်စရာမရှိဘူး။ သူတို့က စစ်ဆေးကြည့်နေတာ။"

စုရှီသည် သံသယဖြစ်နေဆဲဖြစ်ပြီး မျက်ရည်များ ဝဲတက်လာကာ ထပ်မေးလိုက်သည်။ "တကယ် ဘာမှမဖြစ်ဘူးလား။"

ရှဲ့ကျန်း၏ နှလုံးသားသည် နာကျင်သွားသည်။ သူတို့သာ ဆေးရုံထဲတွင် မဟုတ်ပါက သူ့ဇနီးလေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းထားချင်လိမ့်မည်။ သူသည် သူမနားထိ ကိုယ်ကိုကိုင်းလိုက်ပြီး မျက်လုံးချင်းဆုံကာ အာမခံလိုက်သည်။

"တကယ် ဘာမှမဖြစ်ပါဘူး။"

စုရှီသည် သူတို့ဘက်သို့ ခိုးကြည့်နေသော စစ်သားများကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ စိတ်ရှုပ်ထွေးမှုမှာ ပိုကြီးထွားလာသည်။

"ဒါဆို ဘာလို့ လူတွေအများကြီး အပြင်မှာ စောင့်နေကြတာလဲ။"

ရှဲ့ကျန်းက သူမကို ထပ်နှစ်သိမ့်လိုက်သည်။ "သူတို့က ပြန်ဖို့ ပြင်ဆင်နေကြတာ။ အစ်ကိုက တကယ် ဘာမှမဖြစ်ဘူး။ ကိုယ် မင်းကို ဘယ်တော့မှ မလိမ်ဖူးဘူး။"

အမှန်ပင်၊ သူမ၏ ခင်ပွန်းသည် သူမကို ဘယ်တုန်းကမှ မလှည့်စားခဲ့ဖူးပေ။

စုရှီသည် တဖြည်းဖြည်း စိတ်တည်ငြိမ်လာပြီး ခါးသီးသော အပြုံးကို အားတင်းပြုံးလိုက်သည်။

"သူနာပြုက ဒါရိုက်တာနဲ့ အကြီးအကဲတို့ ခွဲစိတ်ခန်းထဲ ဝင်သွားတယ်လို့ ပြောတာကြားလိုက်တော့ အစ်ကို့ကိစ္စထင်ပြီး လန့်ပြီး သေတော့မလိုပဲ။"

ရှဲ့ကျန်း၏ မျက်နှာအမူအရာသည် မဲမှောင်သွားခဲ့သည်။ "အစ်ကို့အဖွဲ့ထဲက စစ်သားတစ်ယောက်က ပိုပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ။ အရင်ကတည်းက သူ အသက်အန္တရာယ်ကနေ လွတ်သွားပြီ၊ လွှဲပြောင်းလို့ရတယ်ဆိုတာ သေချာမှ ငါတို့ ခေါ်လာခဲ့တာ။ ဒါပေမဲ့ အပြန်လမ်းခရီးက ကြမ်းသွားတော့ သူ ပြန်ပြီး မသက်မသာဖြစ်လာလို့ ဒါရိုက်တာက အကြီးအကဲကို လာဖို့ခေါ်လိုက်တာ…"

သူ့အသံသည် ခပ်နိမ့်နိမ့်ဖြင့် ရင်းနှီးစွာ နှစ်သိမ့်နေဆဲဖြစ်ပြီး စုရှီ၏ စိုးရိမ်ပူပန်သော စိတ်ခံစားမှုများကို တဖြည်းဖြည်း လျော့ပါးစေသည်။

သူမ စိတ်သက်သာရာရသွားသောအခါ ဗိုက်ထဲမှ အနည်းငယ် ကြွက်တက်လာသည်ကို ခံစားလိုက်ရသည်။

သူမသည် အနီးရှိ ထိုင်ခုံတစ်လုံးကို ညွှန်ပြကာ ရှဲ့ကျန်း ကို သူမအား ထိုင်ရန် ကူညီပေးဖို့ အချက်ပြလိုက်သည်။

ယခုတစ်ကြိမ်တွင်မူ ရှဲ့ကျန်း၏ မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားခဲ့သည်။ သူသည် အခြားအရာအားလုံးကို ဂရုမစိုက်ဘဲ စုရှီကို လျင်မြန်စွာ ပွေ့ချီကာ နံရံဘေးရှိ ခုံတန်းပေါ်တွင် တင်ပေးလိုက်သည်။

သူသည် သူမဘေးတွင် ထိုင်ချလိုက်ပြီး စိုးရိမ်နေသော လက်နှင့်ခြေထောက်များကို ဘယ်မှာထားရမှန်းမသိ ဖြစ်နေသည်။ သူသည် သူမကို လက်လှမ်းချင်သော်လည်း သူမကို နာကျင်စေမည်စိုး၍ ပြန်ရုတ်လိုက်သည်။

"ဘယ်လိုနေသေးလဲ။ ဘယ်နေရာက မအီမသာဖြစ်နေတာလဲ။"

စုရှီက သူ့ကို နှစ်သိမ့်လိုက်သည်။ "ကျွန်မ အဆင်‌ပြေပါတယ်။ စောစောက အရမ်းစိတ်လှုပ်ရှားသွားလို့ ဗိုက်က တင်းသွားတာ။ ခဏလောက် ထိုင်လိုက်ရင် အဆင်ပြေသွားမှာပါ။"

"တကယ် ဘာမှမဖြစ်ဘူးလား။"

"ကျွန်မ အဆင်ပြေပါတယ်၊ တကယ်…"

"ကျွန်မက ဆရာဝန်မဟုတ်ဘူးလား။ ကိုယ့်ခန္ဓာကိုယ်အကြောင်း ကိုယ်မသိဘဲ နေပါ့မလား။"

ရှဲ့ကျန်းသည် ဇနီးသည်၏ မျက်နှာလေးကို သေချာစွာ စောင့်ကြည့်လိုက်ပြီး သူမ၏ အသားအရေသည် အမှန်တကယ်ပင် ကောင်းမွန်လာသည်ကို သတိပြုမိမှ နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။

သူသည် သူမ၏ နူးညံ့ဖြူဖျော့သော လက်ကို ညင်သာစွာ ညှစ်လိုက်ပြီး ညွှန်ကြားလိုက်သည်။ "ဒီနေရာမှာပဲ နေပြီး ကိုယ့်ကိုစောင့်နေ။ ကိုယ် ခဏနေ ပြန်လာခဲ့မယ်။"

စုရှီသည် သူမ၏ ကြီးမား၊ အရည်လဲ့နေသော မျက်လုံးများဖြင့် မျက်တောင်ခတ်လိုက်ပြီး နာခံစွာ ခေါင်းညိတ်လိုက်သည်။

ထိုအမျိုးသားသည် သူမ၏ ချစ်စဖွယ်အမူအရာကြောင့် စွဲဆောင်ခြင်းကို မတွန်းလှန်နိုင်ခဲ့ပေ။

အခြားမည်သူမျှ မမြင်နိုင်သော နေရာတွင် သူသည် သူမ၏ ပန်းရောင်နှုတ်ခမ်းများကို လက်မဖြင့် ညင်သာစွာ ပွတ်သပ်ကာ စနောက်သည့် အမူအရာ ပြုလုပ်ပြီးနောက် ပေါ့ပေါ့ပါးပါး လှည့်ထွက်သွားခဲ့သည်။

စုရှီ - … ဒီ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားက ဘယ်သူပါလိမ့်။

….

ထိုနေ့ညနေ အလုပ်ဆင်းချိန်တွင် စုရှီသည် အိမ်သို့ အလျင်စလို မပြန်ဘဲ သူမအစ်ကိုရှိရာ ဆေးရုံခန်းသို့ သွားခဲ့သည်။

လက်ရှိတွင် ဆေးရုံတက်နေသော လူနာများစွာ မရှိသောကြောင့် ရဲဘော် ရှီးယန်နန်သည် အခန်းတစ်ခန်းကို တစ်ဦးတည်း သီးသန့်ရရှိရန် ကံကောင်းခဲ့သည်။

ရှီးယန်နန်သည် တစ်ဖက်က ခြေထောက်ကို ချိတ်ဆွဲလျက် ကုတင်ပေါ်တွင် လှဲနေရင်း ပြောလိုက်သည်။ သူသည် ညီမဖြစ်သူ၏ ဆူပူကြိမ်းမောင်းခြင်းကို နာရီဝက်ခန့် ခံခဲ့ရပြီး သူ့ခေါင်းသည် ပုံမှန်ထက် ပိုလေးလံနေသည်ဟု ခံစားနေရသည်။

"တကယ်တော့ ဒီတစ်ခါ ဒဏ်ရာရတာက သိပ်မဆိုးပါဘူး။"

အပြင်လူများမရှိသဖြင့် စုရှီသည် အလုပ်ပင်ပန်း၍ အနည်းငယ် ကိုက်ခဲနေသဖြင့် ရှဲ့ကျန်း၏ ရင်ခွင်ထဲသို့ ပျင်းရိစွာ မှီထားလိုက်သည်။ သူ့စကားကိုကြားသောအခါ သူမ မယုံနိုင်စွာ မျက်လုံးပြူးသွားခဲ့သည်။

"ဒါ ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စကားလဲ။ အစ်ကိုက ဒဏ်ရာရတာကို ကောင်းတဲ့ကိစ္စလို့ ထင်နေတာလား။ အစ်ကို့ကို တော်တော်ပြောဆိုဆုံးမဖို့ လိုနေပြီထင်တယ်။"

အနီးရှိ ခုံတန်းပေါ်တွင် ထိုင်နေသော စုတုန်သည် သူ၏ ပုံမှန် နူးညံ့သောအမူအရာ ပျောက်ဆုံးနေပြီး သူ၏ တည်ကြည်သောမျက်နှာသည် မျက်ခုံးများ အနည်းငယ် တွန့်ချိုးနေသဖြင့် မကျေနပ်သည့် လက္ခဏာများ ပြသနေသည်။ သူသည် ရှီးယန်နန် ပြောသည်ကို ကြားသော်လည်း စကားမပြောပေ၊ သို့သော် သူ၏မျက်လုံးများက နားလည်မှုဖြင့် လင်းလက်နေသည်။

ရှီးယန်နန်သည် လက်မြှောက်ကာ အရှုံးပေးလိုက်သည်။ "မဟုတ်ဘူး၊ စိတ်မဆိုးပါနဲ့။ ငါဆိုလိုတာက ဒီအခွင့်အရေးကိုယူပြီး အဘွားကို ငါ့ရဲ့... အဲဒီနေရာကို ထိခိုက်သွားလို့ ကလေးမရနိုင်တော့ဘူးလို့ လိမ်လို့ရတယ်လေ။"

သူ ဤသို့ပြောလိုက်သည်နှင့် အခန်းထဲ တိတ်ဆိတ်သွားခဲ့သည်။

စုရှီနှင့် သူမ အစ်ကိုကြီးတို့သည် အပြန်အလှန်ကြည့်လိုက်ကြပြီး တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ် ဆေးရုံခန်းတံခါးသည် ပွင့်သွားခဲ့သည်။

အပြင်ဘက်တွင် ချန်ရှန်းယွင်သည် ကြီးမားသော ထမင်းချိုင့်တစ်လုံးကို ကိုင်ကာ အေးစက်သော အမူအရာဖြင့် ကုတင်ပေါ်ရှိ ရှီးယန်နန်ကို ကြည့်နေသည်။

"မင်း ခုနက ပြောလိုက်တာ ဘာအဓိပ္ပာယ်လဲ။ မင်း ငါ့ကို ဘယ်လိုလိမ်ဖို့ ကြံစည်နေတာလဲ။"

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၉၀

တိတ်ဆိတ်သွားခြင်း။

ကြောက်မက်ဖွယ်ကောင်းသော၊ သေလောက်အောင် တိတ်ဆိတ်သွားခြင်းပင်။

ချန်ရှန်းယွင်သည် ဆေးရုံခန်းတံခါးဝတွင် အသံမပေးဘဲ ပေါ်လာပြီး သူတို့၏အစီအစဉ်ကို စကားလုံးတစ်လုံးမကျန် ကြားသွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

စုရှီသည် လျင်မြန်စွာ တုံ့ပြန်ပြီး သူမ၏ သေးသွယ်သော ခန္ဓာကိုယ်ကို ကျွမ်းကျင်စွာ အသုံးချကာ ရှဲ့ကျန်း၏ နောက်သို့ တဖြည်းဖြည်း ရွှေ့သွားပြီး ဖြစ်နိုင်သမျှ အသေအချာ ဖုံးကွယ်ရန် ကြိုးစားနေသည်။

"ဘာလို့ ဘယ်သူမှ စကားမပြောကြတော့တာလဲ။ ငါ့ကို လှည့်စားဖို့ ကြံစည်နေကြတာလား။ ငါ အခု ဒီမှာရှိနေပြီ။ ပြောလေ၊ စလိုက်ကြတော့။" ချန်ရှန်းယွင်သည် အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်ပြီး အခန်းထဲသို့ ဝင်လာကာ သူမ နောက်မှ တံခါးကို ပိတ်လိုက်သည်။

ထို့နောက် သူမသည် အနီးနားရှိ ခုံတန်းပေါ်သို့ ထမင်းချိုင့်ကို ‘ဒုန်း’ ဟူသော အသံကျယ်ကြီးဖြင့် ချလိုက်သည်။ သူမ၏ ပုံမှန် ကြင်နာတတ်သော မျက်နှာသည် ယခုအခါ စုရှီ တစ်ခါမှ မမြင်ဖူးသော ထူးဆန်းသည့် အမူအရာတစ်ခု ဖြစ်ပေါ်နေသည်။

စုရှီသည် သူမအစ်ကို၏ စာရိတ္တကို တိုင်တည်၍ ကျိန်ဆိုရဲသည်။ သူမတို့၏ အဘွားသည် ယခုအချိန်တွင် လုံးဝကို ဒေါသထွက်နေသည်မှာ သေချာသည်။

သူမသည် မျက်လုံးလှန်ကြည့်ပြီး လျင်မြန်စွာ မတ်တပ်ထရပ်လိုက်သည်။ လူတိုင်းက သူမကို လှည့်ကြည့်လာသောအခါ သူမသည် အားနည်းဟန်ဆောင်ကာ ပင်ပန်းနွမ်းနယ်သော အမူအရာဖြင့် နဖူးကို ပွတ်သပ်လိုက်သည်။

"သမီး… သမီး တစ်နေ့လုံး မတ်တပ်ရပ်နေရတော့ တကယ်ကို မောနေပြီ။ ခါးတွေလည်း အရမ်းနာနေတယ်။ အင်း… သမီး အခု အိမ်ပြန်သင့်ပြီထင်တယ်…"

ထိုသို့ပြောရင်း သူမသည် ရှဲ့ကျန်းကို တိတ်တဆိတ် ခိုးကြည့်လိုက်သည်။

သူ၏ဇနီးကို အသိဆုံးဖြစ်သော ရှဲ့ကျန်းသည် ချက်ချင်းပင် သဘောပေါက်သွားသည်။

သူသည် လျင်မြန်စွာ စိုးရိမ်သော အမူအရာကို ဆောင်လိုက်ပြီး သူမခါးကို လက်တစ်ဖက်ဖြင့် ဖေးမကာ ကျန်လက်တစ်ဖက်ကို သူမ၏ဗိုက်ပေါ်သို့ ညင်သာစွာတင်ရင်း ဆေးရုံခန်းတံခါးဆီသို့ လမ်းညွှန်လိုက်သည်။

သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဘာလို့ စောစောကတည်းက မပြောရတာလဲ။ မင်း နေသိပ်မကောင်းဘူးဆိုတာ ကိုယ် ခုမှ သတိထားမိတယ်။ အခုပဲ အိမ်ပြန်ကြရအောင်။"

လင်မယားနှစ်ယောက်သည် သူတို့၏ အခန်းကဏ္ဍများကို ကျွမ်းကျင်စွာ သရုပ်ဆောင်ရင်း သူတို့၏ အစ်ကိုများ၏ သေလောက်အောင် စိုက်ကြည့်သော အကြည့်များကြားမှပင် အပြစ်ရှိသည့် အရိပ်အယောင်မပြဘဲ ဆေးရုံခန်းထဲမှ ထွက်သွားကြသည်။

သူတို့က လှစ်ခနဲ ထွက်သွားကြ၏။

သူတို့ကတော့ ထွက်ပြေးလွတ်မြောက်သွားကြချေပြီ။

.....

"ရဲဘော်လေး ရှဲ့ သရုပ်ဆောင်တာ မဆိုးဘူးပဲ။" ဘေးကင်းရာသို့ ရောက်သည်နှင့် စုရှီသည် သက်ပြင်းရှည်ကြီးချလိုက်ပြီး ရှဲ့ကျန်း၏ လက်မောင်းကို စနောက်ကာ ထိုးလိုက်သည်။

ရှဲ့ကျန်းသည် မာနကြီးဟန်ဆောင်ကာ မေးစေ့ကို အနည်းငယ်မော့လိုက်သည်။ "ဒါက ထူးချွန်တဲ့ စစ်သားတစ်ယောက်ရဲ့ ပရော်ဖက်ရှင်နယ် အရည်အသွေးတစ်ခုပဲ။"

စုရှီသည် တောက်ပစွာ ပြုံးလိုက်ပြီး သူမ၏မျက်လုံးများသည် ပျော်ရွှင်မှုဖြင့် ကွေးညွှတ်သွားသည်။ "ဟုတ်ပါ့၊ ကျွန်မတို့ရဲ့ အာ့ကျန်းက အကောင်းဆုံးပဲ။"

"မင်းရဲ့လေသံက ကလေးတစ်ယောက်ကို ချော့နေသလိုမျိုးဖြစ်နေပေမယ့် ကိုယ် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါ့မယ်။" ရှဲ့ကျန်းသည် ကိုယ်ကိုကိုင်းကာ သူဇနီးလေး၏ ချစ်စရာကောင်းသော နှာခေါင်းလေးကို စနောက်ကာ ပွတ်သပ်လိုက်ရင်း ပြောလိုက်သည်။

ပြန်လည်တုံ့ပြန်သည့်အနေဖြင့် သူမသည် သူ့ကို ချိုမြိန်သော အပြုံးတစ်ပွင့် လက်ဆောင်ပေးလိုက်သည်။

ရှဲ့ကျန်းသည် ပြန်ပြုံးမပြဘဲ မနေနိုင်ခဲ့သော်လည်း ထို့နောက် တဖြည်းဖြည်း ဝေးကွာသွားသော ဆေးရုံကို လှမ်းကြည့်ရင်း စိုးရိမ်မှုအချို့ဖြင့် လှည့်ပြန်ကြည့်လိုက်သည်။

"ကိုယ်တို့ ဒီအတိုင်း ထွက်သွားလိုက်တာ အဆင်ပြေရဲ့လား။ အစ်ကိုကြီးတို့အတွက် ဒေါသမီးကို ခွဲမခံသင့်ဘူးလား။"

စုရှီသည် ခေါင်းကို အသည်းအသန် ခါယမ်းလိုက်သည်။ "ဟင့်အင်း၊ ဟင့်အင်း၊ ဟင့်အင်း။ ခုနက အဘွားရဲ့ မျက်နှာအမူအရာကို ရှင် မတွေ့လိုက်ဘူးလား။ သူကို ဒီလောက် ဒေါသထွက်နေတာ ကျွန်မတစ်ခါမှ မမြင်ဖူးဘူး။ စိတ်ကောင်းရှိတဲ့သူတွေ ဒေါသထွက်ရင် ပိုကြောက်ဖို့ကောင်းတယ်လို့ လူတွေပြောကြတာ မဆန်းပါဘူး။ အဘွားသာ ဒေါသပေါက်ကွဲပြီး ကျွန်မသာ အဲ့မှာရှိနေရင် သေလမ်းရှာသလို ဖြစ်နေမှာ။"

"ဒါဆို ကိုယ်တို့ ဒီအတိုင်း ထွက်ပြေးသွားကြတော့မှာပေါ့…" သူက ကျေးဇူးကန်းရာများ ရောက်နေမည်လားဟု တွေးနေမိသည်။

စုရှီသည် အခြေအနေကို လုံးဝဂရုမစိုက်ဘဲ ပြောလိုက်သည်။ "အဆင်ပြေပါတယ်။ အစ်ကိုကြီးနဲ့ အစ်ကိုက ကျွန်မကို စိတ်ဆိုးမှာ မဟုတ်ဘူး။"

ရှဲ့ကျန်း စိတ်ထဲမှ တွေးလိုက်သည်… 'သူတို့က မင်းကိုတော့ စိတ်မဆိုးလောက်ပေမယ့် ကိုယ့်ကိုတော့ သိပ်မသေချာဘူး။'

သို့သော် သူ့ဇနီးလေး၏ ဉာဏ်နီဉာဏ်နက်များနေသော ပြောင်စပ်စပ် မျက်နှာအမူအရာလေးကို မြင်သောအခါ သူသည် သဘောကျစွာ ရယ်မောမိတော့သည်။

ကောင်းပြီလေ၊ သူ့ဇနီးလေးသာ ဤမျှ ပျော်ရွှင်နေမည်ဆိုလျှင် အစ်ကိုကြီးက သူမကို အနည်းငယ် စနောက်လျှင်လည်း ကိစ္စမရှိပေ။

.....

"ဘာလို့ ဘယ်သူမှ စကားမပြောကြတော့တာလဲ။" စုရှီ ထွက်သွားပြီးနောက် ချန်ရှန်းယွင်သည် လွတ်နေသော ခုံတန်းပေါ်သို့ ထိုင်ချလိုက်ပြီး သူမ၏ မျက်လုံးများသည် ဓားသွားများကဲ့သို့ ထက်မြက်စွာဖြင့် အားနည်းချက်တစ်စုံတစ်ရာကို ရှာဖွေရန် သူမ၏ မြေးနှစ်ယောက်ကို စူးစိုက်ကြည့်လိုက်သည်။

ရှီးယန်နန်နှင့် စုတုန်တို့မှာ စကားမပြောနိုင်ဘဲ ဖြစ်နေကြသည်။ သူတို့၏ ညီမနှင့် ယောက်ဖသည် ဂရုမစိုက်ဘဲ ထွက်သွားကြသည့်အတွက် ဒီလောက် မဆင်မခြင် ပြုမူကြလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

သူတို့ စိတ်ပြန်တည်ငြိမ်အောင် ကြိုးစားနေစဉ်မှာပင် သူတို့နှစ်ယောက်သည် အဘွားဖြစ်သူ၏ စူးရှသော အကြည့်အောက်တွင် မနေတတ်မထိုင်တတ် ဖြစ်နေကြသည်။

သူတို့၏ ပုံမှန် ကြင်နာနူးညံ့သော အဘွားသည် ဒေါသထွက်သောအခါ ဤမျှလောက် ကြောက်စရာကောင်းနိုင်သည်ကို သူတို့ ဘယ်တုန်းကမှ မသိခဲ့ကြပေ။

"နည်း… နည်းနည်းတော့ စိတ်လှုပ်ရှားသွားလို့ပါ…"

"မင်းတို့နှစ်ယောက် ဘာတွေဖုံးကွယ်ထားကြတာလဲ။ နန်နန်က ဘာလို့ သူကလေးမရနိုင်တော့ဘူးလို့ ပြောရတာလဲ။" ချန်ရှန်းယွင်သည် အမှန်တကယ်ပင် ဒေါသထွက်နေပြီး သူမ တစ်ခါမှ မခံစားဖူးသော ဒေါသအဆင့်ကို တွေ့ကြုံနေရသည်။

သူမ၏ မြေးနှစ်ယောက်သည် အမြဲတစေ ထူးချွန်ခဲ့ကြသည်။

စာပေနှင့် အလုပ် နှစ်ခုစလုံးတွင် သူတို့သည် အများစုသော ရွယ်တူများထက် အမြဲသာလွန်ခဲ့ကြပြီး ထိုကိစ္စနှင့် ပတ်သက်၍ သူမ ဘယ်တုန်းကမှ စိတ်မပူခဲ့ရပေ။

သို့သော် လွန်ခဲ့သော နှစ်နှစ်အတွင်း သူတို့ အသက်ကြီးလာသော်လည်း အိမ်ထောင်ပြုရန် အစီအစဉ်မရှိသည့်အတွက် သူမ စိုးရိမ်လာခဲ့သည်။

သို့သော် အိမ်ထောင်ရေးသည် အချစ်ပေါ်တွင် အခြေခံသင့်သည်ဟု သူမ ယုံကြည်သောကြောင့် သူတို့ကို သိပ်မတွန်းအားခဲ့ပေ။ သို့မဟုတ်လျှင် အလွန် စိတ်ဆင်းရဲစရာကောင်းနိုင်ပေသည်။

ပြီးခဲ့သည့်နှစ်က သူမ၏ အကြီးဆုံးမြေးသည် အဝေးရောက် ဆက်ဆံရေးဖြစ်လင့်ကစား နောက်ဆုံးတွင် ရည်းစားရလာသောအခါ သူသည် နောက်ဆုံးတွင် ချိန်းတွေ့ခြင်း၏ အဓိပ္ပာယ်ကို နားလည်သွားပြီဟု တွေးကာ သူမ အလွန်ဝမ်းမြောက်ဝမ်းသာခဲ့သည်။ သို့သော် သူမ၏ ပျော်ရွှင်မှုတွင် မနစ်မြောနိုင်မီမှာပင် သူ့ရည်းစားသည် ဝမ်းနည်းဖွယ်ရာ ကွယ်လွန်သွားကြောင်း ရုတ်တရက် ကြေညာခဲ့သည်။

သတင်းကို ပထမဆုံးကြားရသောအခါ သူမသည် ညပေါင်းများစွာ အိပ်မပျော်ဘဲ ကုတင်ပေါ်တွင် လူးလွန့်နေခဲ့သည်။

တုန်တုန်သည် သူ၏အမေကဲ့သို့ပင် လူတိုင်းအပေါ် နူးညံ့ဖော်ရွေပုံရသော်လည်း အမှန်တကယ်တွင် အတော်လေး အထီးကျန်ဆန်သည်။

သူသည် အပြင်ပန်းတွင် အေးစက်သော်လည်း အတွင်းစိတ်က နွေးထွေးသော နန်နန်နှင့် မတူပေ။ တုန်တုန်မှာ ဆန့်ကျင်ဘက်ဖြစ်သည်။ သူသည် အပြင်ပန်းတွင် နွေးထွေးပုံရသော်လည်း အတွင်းစိတ်က အေးစက်သည်။ မိသားစုမှလွဲ၍ သူ အမှန်တကယ် ဂရုစိုက်သောသူကို သူမ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။

ယခု သူ့ရည်းစား ကွယ်လွန်သွားသောအခါ သူ ဘယ်တော့မှ လက်မလွှတ်နိုင်လောက်အောင် စိတ်စွဲသွားမည်ကို သူမ စိုးရိမ်မိခဲ့သည်။

ထို့နောက် မကြာမီမှာပင် သူမ၏ အငယ်ဆုံးမြေးသည် သူမကို လှည့်စားနေပြီး ကလေးမရနိုင်တော့ကြောင်း ပြောကာ ဒုက္ခရှာလာသည်။

သူက သူကလေးတုန်းက ပုန်ကန်ဖို့ အခွင့်အရေးမရခဲ့လို့ အခုမှ အတိုးချ ပုန်ကန်ဖို့ ကြိုးစားနေသည်လား?

သူမသည် တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာသည်။ ချန်ရှန်းယွင်သည် ဒေါသများ ဦးခေါင်းသို့ ဆောင့်တက်လာသည်ကို ခံစားလိုက်ရပြီး ရှီးယန်နန်၏ ကောင်းနေသော ခြေထောက်ကို အားဖြင့် ရိုက်ချလိုက်သည်။

ဖြောင်းခနဲ အသံကျယ်နှင့်အတူ ရှီးယန်နန်သည် နာကျင်မှုကြောင့် အော်ညည်းလိုက်စဉ် သူမက အော်လိုက်သည်။ "ပြောစမ်း။"

ရှီးယန်နန်သည် ရုတ်တရက် ရိုက်နှက်ခံလိုက်ရသဖြင့် လုံးဝ အံ့အားသင့်သွားပြီး သူ့မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။ သို့သော် သူသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားဆဲဖြစ်ပြီး မည်သို့တုံ့ပြန်ရမည်ကို မသိသောကြောင့် ဘာမှမပြောဘဲ ငြင်းဆန်နေသည်။

"အဘွား၊ ကျွန်တော် ပြောပါ့မယ်…" တိတ်ဆိတ်စွာ ထိုင်နေခဲ့သော စုတုန်သည် ကြည်လင်သော မျက်လုံးများနှင့် နွေးထွေးသော အသံဖြင့် ချန်ရှန်းယွင်ကို ကြည့်လိုက်သည်။

"အစ်ကို…" ရှီးယန်နန်သည် စုတုန်၏ ရည်ရွယ်ချက်ကို သိရှိသွားပြီး ဝင်ရောက်စွက်ဖက်ရန် ကြိုးစားသောအခါ သူ့မျက်နှာသည် တင်းမာသွားသည်။

သို့သော် စုတုန်သည် သူ့ကို နှစ်သိမ့်သော အပြုံးတစ်ပွင့် ပြုံးပြပြီးနောက် သူ့အကြည့်ကို တင်းမာသော မျက်နှာထားရှိသော အဘွားထံသို့ ပြန်ရွှေ့လိုက်သည်။ သူသည် ရှင်းပြရန် ပြင်ဆင်ရင်း ညင်သာစွာ သက်ပြင်းချလိုက်သည်။

"အဘွား၊ ကျွန်တော်တို့ ဒါကို အဘွားဆီကနေ ဖုံးကွယ်ထားဖို့ ဘယ်တုန်းကမှ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ကိစ္စက ဒီလိုပါ…"

.....

ရှဲ့ကျန်း စိတ်ထဲမှ တွေးလိုက်မိသည်။ အစ်ကိုကြီးက အဘွားကို ဘယ်လိုများ ရှင်းပြမှာပါလိမ့်။

သူနှင့် စုရှီတို့ ထိုနေရာမှ ထွက်ပြေးလာကြပြီးနောက် သူတို့၏ အိမ်တွင် ညစာစားရန် ဆုံးဖြတ်ခဲ့ကြသည်။ သေချာပေါက် ဟင်းချက်သူမှာ ရှဲ့ကျန်းပင်။

ယခုအခါတွင် လင်မယားနှစ်ယောက်သည် သန့်ရှင်းသပ်ရပ်စွာဖြင့် ကုတင်ပေါ်တွင် လှဲလျောင်းရင်း ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေကြသည်။

ရှဲ့ကျန်းသည် စုရှီ၏ နူးညံ့သော လက်ချောင်းလေးများကို ညင်သာစွာ ကစားရင်း ပြောလိုက်သည်။

"ကိုယ်ထင်တာတော့ အစ်ကိုကြီးက နောက်ဆုံးမှာ အဘွားကို အမှန်အတိုင်း ဖွင့်ပြောလိမ့်မယ်။"

စုရှီသည် ခင်ပွန်း၏ ရင်ခွင်ထဲသို့ ပိုတိုးကပ်ကာ သက်ပြင်းချလိုက်သည်။ "ကျွန်မလည်း အဲ့ဒီလိုပဲ ထင်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ အဘွား ဘယ်လိုခံစားနေရမလဲဆိုတာ မသေချာဘူး။ ကျွန်မ နည်းနည်းတော့ စိတ်ပူတယ်…"

ရှဲ့ကျန်းသည် စုရှီ၏ ဆံပင်များကို လက်ချောင်းများဖြင့် သပ်ပေးရင်း အကြံပြုလိုက်သည်။ "မနက်ဖြန် မင်း အဘွားကို သွားပြီး နှစ်သိမ့်ပေးရင် ဘယ်လိုလဲ။"

စုရှီ ခေါင်းညိတ်လိုက်သည်။ "အဲ့ဒါက အကောင်းဆုံးရွေးချယ်မှုပဲ ထင်တယ်။ တကယ်တော့ ကျွန်မ အခုပဲ သူ့ဆီကို သွားတွေ့ချင်တာ၊ ဒါပေမဲ့ ဒီညတော့ သူမ တစ်ယောက်တည်း အေးအေးဆေးဆေး အချိန်လိုချင်လောက်မယ်လို့ ခံစားရတယ်။ မနက်ဖြန်ကျမှ သူမကို သေချာပြောပြလိုက်မယ်…"

ရှဲ့ကျန်းသည် သူမ၏ မျက်ခွံများကို ညင်သာစွာ နမ်းလိုက်သည်။ "အရမ်းကြီး စိတ်မပူပါနဲ့။ မင်းလည်း အစ်ကိုကြီးကို သိသားပဲ။ သူ အဘွားကို စိတ်တည်ငြိမ်သွားအောင် လုပ်နိုင်မှာပါ။"

စုရှီ သဘောတူလိုက်သည်။ အစ်ကိုကြီးသည် အနည်းငယ် အေးစက်သော်လည်း သူမနှင့် အဘွားအပေါ်တွင်မူ အမြဲတစေ စဉ်းစားပေးတတ်သည်။

သူမသည် ခင်ပွန်း၏ ရင်ခွင်ထဲမှ လှိမ့်ထွက်လိုက်ပြီး ကောင်းစွာစားသောက်ထားသော ကြောင်ကလေးတစ်ကောင်ကဲ့သို့ အကြောဆန့်ကာ ခြေလက်များကို ဖြေလျှော့ပြီး ကုတင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းရင်း ကျေနပ်စွာ ညည်းညူလိုက်သည်။

ရှဲ့ကျန်းသည် ခေါင်းကိုက်လာသလို ခံစားလိုက်ရပြီး သူမကို သူ့ရင်ခွင်ထဲသို့ အလျင်အမြန် ပြန်ဆွဲသွင်းလိုက်သည်။ သူ့ဇနီးလေး ဤကဲ့သို့ ပေါ့ပေါ့ဆဆ ပြုမူသည်ကို မြင်တိုင်း သူသည် စိုးရိမ်စိတ်များ တိုးလာသည်ကို ခံစားရသည်။

"သတိထားဦး။ မင်း ကိုယ်ဝန်သုံးလ ရှိနေပြီဆိုပေမယ့် သတိထားနေရဦးမှာ။"

စုရှီသည် စနောက်ကာ နှုတ်ခမ်းစူလိုက်သည်။ "အိုး၊ ရှင်က အရမ်းစိုးရိမ်လွန်နေတာ။ သုံးလကျော်သွားရင် ဒီလောက်ကြီး စိုးရိမ်စရာမရှိတော့ပါဘူး။ အတူတူတောင် နေလို့ရသေးတာပဲ၊ ဒီတော့ လှိမ့်လိုက်တာကတော့ အဆင်ပြေမှာ သေချာတယ်…"

ရုတ်တရက် ရှဲ့ကျန်းသည် သူမအနားသို့ တိုးကပ်လာပြီး သူ့မျက်လုံးများသည် အန္တရာယ်ရှိစွာ မှေးစင်းသွားကာ စနောက်သော အပြုံးတစ်ခုက သူ့မျက်နှာမှာ ပေါ်လာသည်။

"မင်း ခုနက ဘာပြောလိုက်တာလဲ။"

စုရှီသည် သူမနှင့် အလွန်နီးကပ်နေသော ချောမောသည့် မျက်နှာကို ဗလာကျင်းစွာ စိုက်ကြည့်ရင်း ရှင်းပြမရနိုင်အောင် စိတ်လှုပ်ရှားသွားသည်။ သူမက ထစ်ငေါ့စွာဖြင့် ပြောလိုက်သည်။

"ကျွန်မ… ကျွန်မ ဘာပြောလိုက်လို့လဲ…"

'သွားပြီ ! သူမ… အတူအိပ်ယာမျှဝေတဲ့အကြောင်း ပြောမိတာလား။ ဒါမှမဟုတ် အတူနေတဲ့အကြောင်းလား။'

သူမသည် လျင်မြန်စွာ ခေါင်းမော့လိုက်ပြီး သူမ၏ သေးငယ်သော လက်များကို မျက်နှာပေါ်တွင် တင်လိုက်ရာ တောင်းပန်နေသော ကြောင်ကလေးတစ်ကောင်နှင့် တူနေပြီး သူမ၏ ကြီးမားသော၊ အရည်လဲ့နေသော မျက်လုံးများဖြင့် မျက်တောင်ခတ်ရင်း အလျင်အမြန် ရှင်းပြလိုက်သည်။

"ကျွန်မ… ကျွန်မက ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ၊ တကယ်…"

အိပ်ယာဘေး စားပွဲပေါ်ရှိ ရေနံဆီမီးခွက်သည် မငြိမ်းသတ်ရသေးဘဲ နူးညံ့နွေးထွေးသော အလင်းရောင်ကို ဖြာကျစေကာ သူမ၏ အနည်းငယ် နီမြန်းနေသော မျက်နှာ၏ နူးညံ့သော အသွင်အပြင်များကို ပေါ်လွင်စေပြီး သူမ၏ စိုးရိမ်နေသော နီရဲသည့် နှုတ်ခမ်းများသည် ပြောဆိုရင်း စူထွက်နေသည်။

သို့သော် ရှဲ့ကျန်းသည် ဆက်နားထောင်ချင်စိတ် မရှိတော့ပေ။ သူ့အကြည့်သည် မီးရောင်မှိန်မှိန်အောက်တွင် ပိုလှပနေသော ဇနီးသည်၏ မျက်နှာတွင် စွဲငြိနေသည်။

ထို့နောက် ကိုယ်ကိုကိုင်းလိုက်ပြီး သူ တောင့်တနေခဲ့သော သူမ၏ ချယ်ရီရောင် နှုတ်ခမ်းများကို သိမ်းပိုက်လိုက်သည်။

နှစ်လနီးပါး ခွဲခွာပြီးနောက် ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသော မင်္ဂလာဦးဇနီးမောင်နှံ၏ ရင်းနှီးမှုသည် သူတို့၏ နှုတ်ခမ်းများ ထိတွေ့လိုက်သည်နှင့် မီးတောက်လာပြီး သူ၏ ကျောရိုးတစ်လျှောက် စိတ်လှုပ်ရှားဖွယ် တုန်ခါမှုတစ်ခုကို ပေးပို့လိုက်သည်။

ချစ်သူတို့၏ ရင်းနှီးမှုသည် အမြဲတစေ မူးယစ်စေပြီး ညင်သာသော မြည်းစမ်းမှုအဖြစ် စတင်ခဲ့ရာမှ လျင်မြန်စွာပင် သူတို့နှစ်ဦးလုံးကို လွှမ်းခြုံသွားသော ပြင်းပြသည့် အနမ်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

စုရှီ၏ နူးညံ့သော လက်များသည် ရှဲ့ကျန်း၏ ကျယ်ပြန့်သော ပခုံးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ့အနမ်း၏ အပူရှိန်ကို အရှုံးပေးလိုက်သည့်အခါ သူမ၏ အသက်ရှူသံများ မြန်ဆန်လာခဲ့သည်။

အချိန်သည် အဆုံးမရှိ ရှည်လျားသွားပုံရသည်။ စုရှီ သည် ရေထဲမှ ထွက်နေသော ငါးတစ်ကောင်ကဲ့သို့ အသက်ရှူရန် ကြိုးစားနေပြီး သူမ၏ ပါးပြင်များ နီရဲလာကာ သူ့နှုတ်ခမ်းများမှ အာဟာရကို အငမ်းမရ ရှာဖွေနေသည်…

အနမ်းသည် အလွန်ပြင်းပြသော အနမ်းတစ်ခုဖြစ်ပြီး ထာဝရလောက်ကြာသွားပြီဟု ထင်ရပြီးနောက် စုရှီ မူးဝေသွားချိန်တွင် သူသည် နောက်ဆုံးတွင် အနည်းငယ် ပြန်ခွာလိုက်သည်။

ရှုပ်ထွေးပြီး မူးဝေနေသော စုရှီသည် ရှဲ့ကျန်း ဘာကြောင့် ရပ်တန့်သွားသည်ကို အံ့ဩနေမိသည်။ သူမ၏ ခါးအရှည် ဆံပင်များသည် ခေါင်းအုံးပေါ်တွင် ဖြန့်ကျက်ထားပြီး သူမ၏ မျက်လုံးများသည် ဆောင်းဦးရေကန်ကဲ့သို့ တောက်ပနေကာ သူမ၏ နီရဲသော နှုတ်ခမ်းများ အနည်းငယ် ဟနေလျက် သူမအပေါ်တွင် မိုးနေသော အမျိုးသားကို မော့ကြည့်ရင်း သူထံမှ ရရှိသော ထူးခြားလတ်ဆတ်သော ရနံ့ကို အသက်ရှူသွင်းလိုက်သည်။ သူမက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။ "ဘာ… ဘာဖြစ်လို့လဲ။"

ထိုသို့ လှပသော မြင်ကွင်းသည် ရှဲ့ကျန်းအတွက် သည်းမခံနိုင်လောက်အောင် ဖြစ်နေသည်။

သူသည် တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီး သူ၏ လည်စေ့သည် စိတ်လှုပ်ရှားစွာဖြင့် လှုပ်ရှားသွားသည်။ အပူရှိန်ပြည့်နေသော ကွဲအက်အက်အသံဖြင့် သူက မေးလိုက်သည်။

"တကယ် အဆင်ပြေတာလား။"

တုံ့ပြန်သည့်အနေဖြင့် စုရှီသည် ကိုယ်ကိုကိုင်းလိုက်ပြီး ညင်သာသော တိုးတိုးသံနှင့်အတူ နူးညံ့သော အနမ်းတစ်ပွင့်ကို သူ့အား ပေးလိုက်သည်။

"အဆင်ပြေပါတယ်၊ နည်းနည်းလေး ညင်သာပေး…"

စကားလုံးများ သူမနှုတ်ခမ်းမှ ထွက်သွားသည်နှင့် အချက်ပြလိုက်သကဲ့သို့ ဖြစ်သွားပြီး ရှဲ့ကျန်းသည် အခြားဘာကိုမှ မစဉ်းစားနိုင်တော့ပေ…

....

နောက်တစ်နေ့ နံနက်ခင်း၌။

အရုဏ်ဦး၏ ပထမဆုံးအလင်းရောင်သည် ကန့်လန့်ကာများကြားမှ ညင်သာစွာ ထိုးဖောက်ဝင်ရောက်လာပြီး အခန်းကို နွေးထွေးသော အလင်းရောင်ဖြင့် လင်းထိန်စေခဲ့သည်။

စုရှီသည် သူမ ခန္ဓာကိုယ်က အချက်ပြသည့် အချိန်အတိုင်း နိုးထလာခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည်နှင့် နက်ရှိုင်းပြီး မဲမှောင်နေသော မျက်လုံးတစ်စုံနှင့် ဆုံတွေ့လိုက်ရသည်။

ရှဲ့ကျန်းသည် ပြုံးပြီး သူ့ဇနီးသည် နိုးလာသည်ကို မြင်သောအခါ သူသည် ကိုယ်ကိုကိုင်းကာ သူမ၏နဖူးကို ညင်သာစွာ နမ်းလိုက်သည်။

"နိုးပြီလား။ ဘယ်လိုနေသေးလဲ။"

စုရှီသည် မျက်လုံးများကို မှေးစင်းလိုက်ပြီး ပျင်းရိစွာ အကြောဆန့်ကာ သူမ၏ မျက်နှာလေးကို ထိုအမျိုးသား၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။

"ကျွန်မ အဆင်ပြေပါတယ်၊ အရမ်း သက်သောင့်သက်သာရှိတယ်။ ရှင့်က မနေ့က အရမ်းညင်သာတာပဲ။ ကလေးရော ကျွန်မရော နေလို့ကောင်းတယ်။"

ထိုအမျိုးသားသည် ဇနီးသည်၏ အတည်ပြုချက်ကြောင့် ကျေနပ်သွားဟန်ဖြင့် ညင်သာစွာ ရယ်မောလိုက်သည်။

"မနက်စောစောစီးစီး ကိုယ့်ကို မစနဲ့လေ။ မင်း အိပ်ယာထဲက မထနိုင်မှာစိုးလို့။"

စုရှီသည် ထထိုင်လိုက်ပြီး အိပ်ယာမှဆင်းကာ ဖိနပ်စီးလိုက်သည်။ ထိုအမျိုးသားသည် အပြည့်အဝ မတုံ့ပြန်နိုင်မီမှာပင် သူမသည် သူ့ကို လျင်မြန်စွာ နမ်းလိုက်ပြီး သူမ၏ မျက်လုံးများထဲ ဉာဏ်နီဉာဏ်နက်များသော အလင်းရောင်တစ်ခု ဖြတ်သန်းသွားသည်။ အခန်းထဲမှ မပြေးထွက်မီမှာပင် သူမသည် စိန်ခေါ်သလို ပြန်ခေါ်လိုက်သည်။ "ကျွန်မသာ စလိုက်ရင်ရော။"

ရှဲ့ကျန်း ထပ်၍ရယ်မောလိုက်သည်။ သူ့ဇနီးသည်၏ အပြုံးဖြင့် နိုးထလာရခြင်းသည် သူ့အတွက် အမှန်တကယ် ပျော်ရွှင်မှု၏ အရင်းအမြစ်ပင်ဖြစ်သည်။

သူသည် နှလုံးသားထဲအထိ ချိုမြိန်သွားသည်ဟု ခံစားရလောက်အောင် ပျော်ရွှင်နေသည်။

ရှဲ့ကျန်းသည် မျက်နှာသစ်ပြီးနောက် စုရှီ အနားသို့ တိုးကပ်သွားပြီး သူမမျက်လုံးထောင့်ရှိ ပန်းပွင့်ပုံ မွေးရာပါအမှတ်အသားကို ညင်သာစွာ ပွတ်သပ်ရင်း သူ့လျှာဖြင့် သူမ၏လျှာကို စနောက်လိုက်သည်။ သူ ပြုံးလျက် ညင်သာစွာ မေးလိုက်သည်။

"အခု အဘွားဆီ သွားတွေ့ကြမလား။"

စုရှီသည် သက်ပြင်းချလိုက်ပြီး သူမ ရှာဖွေသည်ဖြစ်စေ မရှာဖွေသည်ဖြစ်စေ အဘွားအတွက် အနည်းငယ် စိတ်ပူနေသည်ကို သိလိုက်ရသည်။ ထို့ကြောင့် သူမ နောက်ထပ် မတုံ့ဆိုင်းတော့ဘဲ ခင်ပွန်း၏ လက်ကိုကိုင်ကာ စု မိသားစု၏ ခြံဝင်းဆီသို့ လျှောက်သွားကြသည်။

"အဘွား မထသေးဘူးလား။" စုရှီသည် ခြံဝင်းငယ်လေးသို့ ရောက်သည်နှင့် မီးဖိုချောင်သို့ တန်းတန်းမတ်မတ် ပြေးသွားသော်လည်း အေးစက်ပြီး ဗလာကျင်းနေကာ ချက်ပြုတ်ထားသည့် ခြေရာလက်ရာ မရှိသည်ကို တွေ့လိုက်ရသည်။

ရှဲ့ကျန်းသည် ဇနီးသည်၏ ခေါင်းလေးကို ပုတ်လိုက်သည်။ "မင်း အဘွားကို သွားကြည့်လိုက်ပါလား။ ကိုယ် မနက်စာ လုပ်လိုက်မယ်။"

စုရှီသည် စိုးရိမ်စိတ်ဝင်လာပြီး အဘွား၏ အခန်းဆီသို့ လျင်မြန်စွာ ဦးတည်သွားခဲ့သည်။

All Chapters