← Chapters

ပုံသဏ္ဍာန်နှစ်မျိုး လျှို့ဝှက် ငှက်မွှေး

Vol. 34 Ch. 415

ပုံသဏ္ဍာန်နှစ်မျိုး လျှို့ဝှက် ငှက်မွှေး

Vol. 34 Ch. 415

နောက်နေ့ မနက်မှာ လင်ယုယန် က စိတ်ပျက်နေတဲ့ မျက်နှာထားနဲ့ သူမ အခန်းထဲကနေ ထွက်လာပြီး မနက်ခင်း နေရောင်ခြည်ကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။

စီနီယာ အစ်ကိုကြီးနဲ့ အတူနေတဲ့ ပထမဆုံး ညမှာ ဘာမှ မဖြစ်ခဲ့ပေ။

ညဘက် ဝင်ရောက် စီးနင်းတာ မရှိဘူး၊ အိပ်ရင်း လမ်းလျှောက်တာ မရှိဘူး၊ အိပ်မက်ထဲက ပြင်းပြတဲ့ ရစ်ပတ်မှုတွေ မရှိဘူး။

ဒါတွေက မဖြစ်နိုင်ဘူး ဆိုတာ သူမ အစကတည်းက သိနေပေမယ့်။

ဒါပေမဲ့... ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။

လူတစ်ယောက်မှာ အသက်ရှင်ဖို့ အိပ်မက်တွေ ရှိရမယ်လေ။

အစ်ကိုကြီး အတွက် မနက်စာ သွားပြင်ဆင်ပေးရင် ကောင်းမလားလို့ လင်ယုယန် စဉ်းစားနေတုန်း သူမဆီ လွင့်ပျံ့လာတဲ့ ဆပ်သွားဆန်ရဲ့ ထူးခြားတဲ့ ရနံ့ကို ရုတ်တရက် ရလိုက်လေသည်။

ပြသခွင့် ဆုံးရှုံးသွားပြီ ဆိုတာ သိလိုက်ရပေမယ့် အစ်ကိုကြီး ချက်ထားတဲ့ မနက်စာ စားရတော့မယ် ဆိုတဲ့ အတွေးနဲ့ လင်ယုယန် ပြန်ပျော်သွားလေသည်။

ရနံ့နောက် လိုက်ပြီး အရှေ့ဘက် မီးဖိုချောင် ဝင်ပေါက်ဆီ ရောက်သွားတဲ့ အခါ လင်ယုယန် က သူမ ဆံပင်နဲ့ အဝတ်အစားတွေကို သေချာ ပြန်ပြင်လိုက်ပြီးမှ ဝင်သွားကာ ဒူးညွှတ် နှုတ်ဆက်လိုက်လေသည်။

"မင်္ဂလာ နံနက်ခင်းပါ အစ်ကိုကြီး"

ဆပ်သွားဆန်ပြုတ် မွှေနေတဲ့ ကျန်းပေရန် က ခေါင်းလှည့်ပြီး လင်ယုယန်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်လေသည်။

"မင်းက ပျစ်တာ ကြိုက်လား ကျဲတာ ကြိုက်လား"

လင်ယုယန် က မျက်နှာရဲသွားပြီး ခေါင်းငုံ့ကာ ပြောလိုက်လေသည်။

"အစ်ကိုကြီး ချက်ပေးသမျှ အကုန် ကြိုက်ပါတယ်..."

"ဒါဆို အပြင်ထွက် စောင့်နေ"

"ဟုတ်ကဲ့..."

ဒါပေမဲ့ ပြောပြီးတာတောင် လင်ယုယန် ထွက်မသွားပေ။

အဲ့ဒီအစား သူမက တံခါးဝမှာ ရပ်ပြီး ဆန်ပြုတ် ချက်နေတဲ့ အစ်ကိုကြီးရဲ့ ကျောပြင်ကို တိတ်တဆိတ် ကြည့်နေလေသည်။

တဖြည်းဖြည်းနဲ့ လင်ယုယန်ရဲ့ နားထဲမှာ ကလေးတွေရဲ့ ခေါ်သံတွေ ကြားယောင်လာသလို ခံစားလိုက်ရလေသည်။

"ဖေဖေ ဖေဖေ ဘာချက်နေတာလဲ မွှေးလိုက်တာ"

"ဖေဖေ သမီး ဆံပင် ကျစ်ပေးပါလား မေမေ ကျစ်ပေးတာ လှမှ မလှတာ"

တွေဝေနေရင်း လင်ယုယန် က ကောင်လေး တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် သူမရဲ့ အစ်ကိုကြီးရဲ့ ဘယ်ဘက် ညာဘက်မှာ တွယ်ကပ်ပြီး ဆွဲလိုက်၊ ဆောင့်လိုက် လုပ်နေတာကို မြင်ယောင်လာလေသည်။

အဲ့ဒီနောက် အစ်ကိုကြီးက အကူအညီမဲ့စွာ သက်ပြင်းချပြီး ပြုံးကာ ပြောလိုက်လေသည်။

"ကောင်းပြီ ကောင်းပြီ ဖေဖေ ဆန်ပြုတ် ချက်ပြီးရင် သမီး ဆံပင် ကျစ်ပေးမယ် မင်းတို့ နှစ်ယောက် မေမေနဲ့ အရင် သွားဆော့နေနော်"

သား ဖေဖေနဲ့ ဆော့ချင်တယ် သား ဖေဖေနဲ့ ဆော့ချင်တယ်"

ကလေးနှစ်ယောက် ဆွဲထားလို့ ဆန်ပြုတ် ချက်လို့ မရတော့တဲ့ အခါ အစ်ကိုကြီးက လှမ်းခေါ်လိုက်လေသည်။

"ယန်အာ ယန်အာ လာပြီး ကလေးတွေကို အပြင် ခေါ်သွားပေးပါဦး"

"အာ လာပြီ လာပြီ"

"ဘာလာတာလဲ"

ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိတဲ့ အစ်ကိုကြီး သူမ ရှေ့မှာ ရပ်နေတာ သတိထားမိလိုက်တော့ လင်ယုယန် ချက်ချင်း အသိပြန်ဝင်လာလေသည်။

မျက်တောင် အကြိမ်ကြိမ် ခတ်ပြီးနောက် သူမ အသံတိုးတိုးနဲ့ ပြောလိုက်လေသည်။

"အစ်ကိုကြီး... ညီမလေး ဆံပင်ကျစ်တာ သေချာ လေ့ကျင့်ထားပါ့မယ်"

"ဘာ"

ခဏတာ ကျန်းပေရန် က လင်ယုယန်ရဲ့ အတွေးစကို မမှီလိုက်ပေ။

"ညီမလေး သေချာပေါက် ကြိုးစားပါ့မယ်"

လင်ယုယန် ပြောပြီးတာနဲ့ မျက်နှာအုပ်ပြီး အရှေ့ဘက် မီးဖိုချောင်ထဲကနေ ပြေးထွက်သွားလေသည်။

'...'

လင်ယုယန်ကို နားမလည်နိုင်တဲ့ အကြည့်နဲ့ ကြည့်ပြီး ကျန်းပေရန် ခေါင်းခါကာ ဆပ်သွားဆန်ပြုတ် ယူပြီး ထွက်လာခဲ့လေသည်။

ဥယျာဉ်ထဲက ကျောက်စားပွဲပေါ် အိုးတင်လိုက်ပြီး မျက်နှာရဲနေတုန်း ဖြစ်တဲ့ လင်ယုယန်ကို မနက်စာ အတူစားဖို့ ကျန်းပေရန် လှမ်းခေါ်လိုက်လေသည်။

ပေါ့ပါးပြီး ချိုမြိန်တဲ့ ဆပ်သွားဆန်ပြုတ်ကို သောက်ရင်း ကျန်းပေရန် စာအုပ်ငယ် တစ်အုပ် ထုတ်ပြီး လင်ယုယန် ရှေ့ တွန်းပို့ကာ ပြောလိုက်လေသည်။

"ဒီနည်းစနစ်ကို စစ်မှန်သော မူလကောင်းကင် ဝင်ရိုး နည်းစနစ် လို့ ခေါ်တယ် မင်း ဒါကို ကျွမ်းကျင်အောင် လုပ်ရမယ်"

လောလောဆယ် ကျန်းပေရန် က သီးခြား အတားအဆီး ရဲ့ ဝိညာဉ်ကျောက်တုံး ကုန်ကျစရိတ် များလွန်းတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှာမတွေ့သေးပေ။

ဒါကြောင့် သီးခြား အတားအဆီး လည်ပတ်နိုင်ဖို့ ကူချင်းဟွမ်း လို "ထာဝရစွမ်းအင်စက်" တစ်လုံး လိုအပ်နေပြီး ချီတိုင်းပြည် မှာ လင်ယုယန် က သဘာဝကျကျ အသင့်တော်ဆုံး ကိုယ်စားလှယ်လောင်း ဖြစ်လေသည်။

ထို့အပြင် လင်ယုယန်သာ စစ်မှန်သော မူလ ကောင်းကင် ဝင်ရိုး နည်းစနစ် ကို သင်ယူလိုက်ရင် ကူချင်းဟွမ်း က သူ့ခန္ဓာကိုယ်ထဲက မီး သစ်သား ဝိညာဉ် စွမ်းအင် ကို ထုတ်လွှတ်ပြီး အတားအဆီး တစ်ခုလုံး ဖြည့်ဆည်းပေးနိုင်သလို လင်ယုယန်လည်း သူမ ခန္ဓာကိုယ်ထဲက သစ်သား ဝိညာဉ် စွမ်းအင် ကို သေချာပေါက် ထုတ်လွှတ်နိုင်မှာ ဖြစ်လေသည်။

အဲ့ဒါ အပြင် လင်ယုယန် ခန္ဓာကိုယ်ထဲက စွမ်းအင်က သန့်စင်သော သစ်သား ဝိညာဉ် စွမ်းအင် ဖြစ်လေသည်။

ဒါသာ အောင်မြင်ရင် ကြီးမားတဲ့ အမြတ်အစွန်း ဖြစ်လာမှာ သေချာလေသည်။

'အင်း...

ချင်းဟွမ်း ခန္ဓာကိုယ်ထဲက မီးသစ်သား ဝိညာဉ် စွမ်းအင် ကို သန့်စင်သော မီး သစ်သား ဝိညာဉ် စွမ်းအင် အဖြစ် အဆင့်မြှင့်ပေးဖို့ နည်းလမ်း ရှာရဦးမယ်'

ကျန်းပေရန် ဒီအတွေး အမြဲ ရှိခဲ့ပေမယ့် ငါးပါးဓာတ် ဝိညာဉ် သွေးကြော တွေ အားလုံးကို ဂိုဏ်းကြီးတွေက တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားကြလေသည်။

သူတို့ ဂိုဏ်းသားတွေ အတွက်တောင် မလောက်မင ဖြစ်နေတာ ဘယ်လိုလုပ် ပြင်ပလူတွေကို မျှဝေပေးနိုင်မှာလဲ။ ဝယ်ချင်ရင်တောင် တန်ဖိုး ဖြတ်မရနိုင်သလို ဝယ်လို့လည်း မရနိုင်ပေ။

ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက သစ်သားဝိညာဉ် သွေးကြော တစ်ခုလုံး သူ့တစ်ယောက်တည်း ပိုင်ဆိုင်ခဲ့ရလို့ ဝိညာဉ်ကျောက်တုံးတွေကို ရေလောင်းဖို့၊ ပန်းတွေ ဆေးပင်တွေ စိုက်ပျိုးဖို့တောင် သုံးနိုင်ခဲ့တာ ဆိုတာ သိထားရမည်။

ဒါပေမဲ့ ဂိုဏ်းသား ထောင်ချီ ရှိတဲ့ ဂိုဏ်း တစ်ခုလုံးကို ထောက်ပံ့ဖို့ ဆိုရင် ဝိညာဉ် သွေးကြော တစ်ခုတည်းနဲ့ ဆိုရင် ချွေတာ သုံးစွဲရမှာ သေချာလေသည်။

ဒါကြောင့် ရှီမျိုးနွယ်စု မှာ ရှိတုန်းက သန့်စင်သော မီး သစ်သား ဝိညာဉ် စွမ်းအင် ပမာဏ အများကြီး ပါဝင်တဲ့ ဝိညာဉ်ကျောက်တုံးတွေကို ဘယ်မှာ လဲလှယ်လို့ ရမလဲ ဆိုတာ ကျန်းပေရန် တိတ်တဆိတ် မေးမြန်းခဲ့ပေမယ့် တိကျတဲ့ အဖြေ ဘယ်တုန်းကမှ မရရှိခဲ့ပေ။

အများဆုံးတော့ လျှို့ဝှက်ဈေး မှာ ကံစမ်းကြည့်ဖို့ပဲ ပြောကြလေသည်။

သို့သော် ကျန်းပေရန် အတွက်တော့ ဂိုဏ်းတွေ စီမံခန့်ခွဲတဲ့ တရားဝင် လေလံအိမ်တွေတောင် အန္တရာယ်များနေရင် ရှုပ်ထွေးတဲ့ လျှို့ဝှက်ဈေးတွေ ဆိုတာ ထည့်စဉ်းစားစရာတောင် မလိုပေ။

"ဟုတ်ကဲ့ ကျွန်မ အမြန်ဆုံး ကျွမ်းကျင်အောင် လုပ်ပါ့မယ်"

"စစ်မှန်သော မူလ ကောင်းကင် ဝင်ရိုး နည်းစနစ်" ကို လက်ခံရင်း လင်ယုယန် ခေါင်းညိတ်လိုက်လေသည်။

"အင်း"

ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် ဆန်ပြုတ် ဆက်သောက်လိုက်လေသည်။

အရသာရှိတဲ့ မနက်စာ စားပြီးနောက် ကျန်းပေရန်က ပန်းကန်လုံးတွေ တူတွေ သိမ်းပြီး အရှေ့ဘက် မီးဖိုချောင်ဆီ ယူသွားဖို့ ပြင်လိုက်တုန်း လင်ယုယန် စိတ်လှုပ်ရှားစွာ အော်လိုက်တာ ကြားလိုက်ရလေသည်။

"အစ်ကိုကြီး ကျွန်မ လုပ်လိုက်မယ် ကျွန်မ တာဝန်ယူလိုက်မယ်"

ကျန်းပေရန် ခဏ ကြောင်သွားပြီး ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီ ငါ အပြင် ခဏ ထွက်လိုက်ဦးမယ် သိမ်းဆည်းပြီးရင် မင်းရဲ့ လေ့ကျင့်မှုကို အာရုံစိုက်လိုက်ပါ"

"စိတ်မပူပါနဲ့ အစ်ကိုကြီး အကုန်လုံး ကျွန်မ တာဝန်ထားလိုက်ပါ"

ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် ပန်းကန်လုံးနဲ့ တူကို ချကာ အိမ်တော်ထဲကနေ ထွက်ခွာသွားလိုက်လေသည်။

အစ်ကိုကြီးရဲ့ ကျောပြင် လုံးဝ ပျောက်ကွယ်သွားတာနဲ့ လင်ယုယန် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖြည်းညှင်းစွာ ပြန်ထုတ်လိုက်လေသည်။

ပြီးတော့ ပြန်ရှူသွင်းလိုက်၊ ပြန်ထုတ်လိုက်၊ ပြန်ရှူသွင်းလိုက်...

"ဟား... ဟား..."

အသက်ရှူနှုန်း ပိုပိုမြန်လာပြီး သူမ အစ်ကိုကြီး အခုလေးတင် သုံးသွားတဲ့ ပန်းကန်လုံးနဲ့ တူကို လင်ယုယန် ကြည့်လိုက်ကာ ကောက်ယူဖို့ လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်လေသည်။

'ပန်းကန်လုံး တစ်လုံးတည်း ပျောက်တာ...

အစ်ကိုကြီး သတိထားမိမှာ မဟုတ်လောက်ပါဘူး ဟီးဟီး'

...

ပျော်ရွှင်မှု မြင့်တက် မြို့တော် ထဲက အထွတ်အထိပ် ကျက်သရေရှိ မဏ္ဍပ် လို့ ခေါ်တဲ့ စားသောက်ဆိုင်ရဲ့ ဒုတိယထပ် သီးသန့် အခန်းထဲမှာ ကျန်းပေရန် ထိုင်ပြီး ဒေသထွက် အစားအစာတွေကို မြည်းစမ်းနေလေသည်။

'အိုး ဒီငါး ကိုင်တွယ်ပုံက တော်တော် ကောင်းတာပဲ

အသားက မာမနေဘဲ နူးညံ့နေတယ်

သူတို့မှာ စွမ်းရည် ရှိသားပဲ'

ငါးအသားကို ဂရုတစိုက် နှစ်ကြိမ်လောက် ထပ်ဝါးကြည့်လိုက်ပြီး ဒီစားဖိုမှူးက သူ့စွမ်းရည်ရဲ့ ၂၀ ရာခိုင်နှုန်းလောက် ရှိမယ်လို့ ကျန်းပေရန် ခံစားမိလေသည်။

ဒီနေရာက ပျော်ရွှင်မှု မြင့်တက် မြို့တော် တစ်ခုလုံးမှာ နံပါတ်တစ် စားသောက်ဆိုင် ဖြစ်လာတာ အံ့သြစရာ မဟုတ်တော့ပါဘူး။

ကျန်းပေရန်က ကြက်သွန်ဖြူ အညွန့် ဟင်းလျာ နောက်တစ်ပွဲ မြည်းစမ်းဖို့ ပြင်လိုက်တုန်း သီးသန့် အခန်း တံခါး ခေါက်သံ ကြားလိုက်ရလေသည်။

"ဝင်ခဲ့"

"ကျွီ" ဆိုတဲ့ အသံနဲ့ အတူ တံခါး ပွင့်သွားပြီး ပုံရိပ် နှစ်ခု အတူတူ ဝင်လာကြလေသည်။

"အစ်ကိုဝမ် ကို နှုတ်ဆက်ပါတယ်"

ခုနစ်လေး က အလွန် စိတ်အားထက်သန်စွာ ဦးညွှတ်လိုက်လေသည်။

သူ့ဘေးနားမှာ လင်ရှီယွင် က ဒူးညွှတ် နှုတ်ဆက်လိုက်ပြီး ပြောလိုက်လေသည်။

"ဆရာ့ကို နှုတ်ဆက်ပါတယ်"

ဘာပဲဖြစ်ဖြစ် သူမက ကျန်းပေရန်ရဲ့ လက်အောက်ငယ်သားတွေထဲက တစ်ယောက် မဟုတ်ဘူးလေ။

သူမ ကြီးကျယ်ခမ်းနားတဲ့ နှုတ်ဆက်ခြင်းမျိုး လုပ်ချင်ရင်တောင် သူမမှာ အဲ့လို လုပ်ပိုင်ခွင့် အဆင့်အတန်း မရှိပေ။

ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် သူတို့ တစ်ယောက်ချင်းစီကို တစ်ချက်ကြည့်ကာ ပြောလိုက်လေသည်။

"လာ ထိုင်ကြ"

"ဟုတ်ကဲ့"

ခုနစ်လေး ပြန်ဖြေပြီး ကျန်းပေရန်ရဲ့ ဘယ်ဘက်မှာ ဝင်ထိုင်လိုက်လေသည်။

အဲ့ဒီနောက် သူက သူ့ရဲ့ သိုလှောင်လက်စွပ်ထဲက ဝိုင်အိုး တစ်လုံး ထုတ်လိုက်ပြီး ပြောလိုက်လေသည်။

"အစ်ကိုဝမ် ဝိုင်ကြိုက်မှန်း သိလို့ ကျွန်တော် အစ်ကို့ အတွက် ဝိုင်ကောင်း တစ်အိုး အထူးတလည် ရှာလာခဲ့တယ် ဒီဝိုင် နာမည်က တူမီရှန် တဲ့ နန်းတော်ထဲက ဧကရာဇ် ဝိုင်ချက်သမားတွေ ချက်ထားတာပါ မြည်းကြည့်ပြီး အစ်ကို့ ခံတွင်းနဲ့ တွေ့မတွေ့ ကြည့်ပါဦး"

ချီတိုင်းပြည် တော်ဝင်မိသားစုရဲ့ အဆင့်အတန်းက ရှန့်တိုင်းပြည် ထက် အဆင့် အများကြီး ပိုမြင့်လေသည်။

နန်းတော်ထဲမှာ ဧကရာဇ် ဝိုင်ချက်သမား ဖြစ်ဖို့ ဆိုရင် တစ်ယောက်ရဲ့ အဆင့်အတန်းက သေချာပေါက် နိမ့်မှာ မဟုတ်ပေ။

ဒါပေါ့ ဧကရာဇ် ဝိုင်အိုး တစ်လုံး ရဖို့ အခက်အခဲကလည်း နိမ့်မှာ မဟုတ်ပေ။

"မင်းက စဉ်းစားပေးတတ်သားပဲ"

ကျန်းပေရန် ခေါင်းညိတ်ရင်း ပြောလိုက်လေသည်။

"အစ်ကိုဝမ် မြှောက်ပင့်လွန်းပါပြီ လာ ကျွန်တော် ထည့်ပေးပါ့မယ်"

ခုနစ်လေး မတ်တတ်ရပ်ပြီး ဝိုင်အိုး အဖုံးဖွင့်ကာ ကျန်းပေရန် အတွက် တစ်ခွက် ဂရုတစိုက် ထည့်ပေးလိုက်လေသည်။

"အင်း... ဒါက... လက်ဖက်ရည်လား"

ဝိုင်ရနံ့ထဲမှာ လက်ဖက်ရည်နံ့ သင်းသင်းလေး ရောနှောနေတာ ရလိုက်တော့ ကျန်းပေရန် တော်တော် စိတ်ဝင်စားသွားလေသည်။

လက်ဖက်ရည်နဲ့ ဝိုင် ပေါင်းစပ်မှုက နည်းနည်း နားထောင်ရ ခက်ပေမယ့် တစ်မျိုးတော့ စိတ်ဝင်စားစရာ ကောင်းနေလေသည်။

ရနံ့ကို ခံစားပြီးနောက် ကျန်းပေရန် ခွက်ကို ကောက်ယူပြီး တစ်ငုံ သောက်လိုက်ရာ စိတ်ထဲကနေ အမှတ်ပြည့် ချက်ချင်း ပေးလိုက်လေသည်။

ဒီ လက်ဖက်ရည်-ဝိုင် ရဲ့ အရသာက တကယ် စိတ်ဝင်စားစရာ ကောင်းပြီး အံ့သြစရာ ကောင်းလောက်အောင် သောက်ကောင်းလေသည်။

လက်ဖက်ရည်ကြမ်းရဲ့ လတ်ဆတ်တဲ့ ရနံ့နဲ့ ဝိုင်ရဲ့ သိမ်မွေ့တဲ့ အရသာ တွဲဖက်ထားတာက ဖန်တီး မနေသလို ပါးစပ်ထဲမှာလည်း ကြမ်းတမ်းမနေပေ၊ ဒါက အရမ်း နူးညံ့တဲ့ ဝိုင် ဖြစ်လေသည်။

အရက် ပြင်းအား မြင့်တာကိုပဲ ဦးစားပေးပြီး သန့်စင်တဲ့ လက်ရာမြောက်မှု မရှိတဲ့ ပြင်းထန်တဲ့ အရက်တွေနဲ့ ယှဉ်ရင် ဒီလို တီထွင်ဖန်တီးမှု ရှိပြီး ကောင်းမွန်တဲ့ ဝိုင်မျိုးကို ကျန်းပေရန် အများကြီး ပိုကြိုက်နှစ်သက်လေသည်။

တူမီရှန် ကို မျိုချပြီးနောက် လက်ဖက်ရည်နဲ့ ဝိုင် အရသာတွေ ပါးစပ်ထဲမှာ ရောယှက်နေတာကို ဇီးသီးရဲ့ ချိုချဉ် အရသာနဲ့ အတူ ကျန်းပေရန် ခံစားနေရတုန်းပင်။

အလွှာပေါင်းစုံ ပါဝင်ပြီး သဟဇာတ ဖြစ်ကာ စိတ်ဝင်စားစရာ ကောင်းလေသည်။

အရာအားလုံးက ကွက်တိပါပဲ။

"ဝိုင်ကောင်းပဲ"

ခွက်ကို ပြန်ချလိုက်ရင်း ကျန်းပေရန် မှတ်ချက်ပေးလိုက်လေသည်။

"အစ်ကိုဝမ် ကြိုက်လို့ ဝမ်းသာပါတယ်"

ပြောပြီးနောက် ခုနစ်လေး ကျန်းပေရန်ရဲ့ ခွက်ကို ပြန်ဖြည့်ပေးလိုက်လေသည်။

"ထပ်ဖြည့်စွက် ပြောရရင် ဒါက ကျွန်တော် ပြန်ဆွဲထားတဲ့ နင်း ပြည်နယ် မြေပုံ အသစ်ပါ ကျွန်တော် ကြားဖူးတဲ့ မင်္ဂလာ ဂူတွေနဲ့ ကောင်းချီးပေးထားတဲ့ နယ်မြေတချို့ကို မှတ်သားထားပါတယ် အစ်ကိုဝမ် စိတ်ဝင်စားရင် သွားကြည့်လို့ ရပါတယ်"

မြေပုံကို ယူကြည့်လိုက်တော့ ကျန်းပေရန် ရင်ထဲမှာ လေးစားအားကျမှု နည်းနည်း ခံစားလိုက်ရလေသည်။

မြေပုံဆွဲတဲ့ စွမ်းရည်က သူ့အဆင့် မမီသေးပေမယ့် အလွန် မြင့်မားတဲ့ စံနှုန်း တစ်ခု ရောက်နေပြီ ဖြစ်လေသည်။

အသေးစိတ် အချက်အလက် အမျိုးမျိုးကနေ မြေပုံဆွဲသူရဲ့ ဂရုစိုက်မှုကို မြင်တွေ့နိုင်လေသည်။

"ကောင်းကောင်း ဆွဲထားတာပဲ"

ကျန်းပေရန် ခုနစ်လေးကို ချီးကျူးလိုက်ပြီး မြေပုံကို လိပ်ကာ သူ့ရဲ့ သိုလှောင်လက်စွပ်ထဲ ထည့်လိုက်လေသည်။

"ဒါ ကျွန်တော် လုပ်သင့်တာပါ"

ခုနစ်လေး ပြောပြီး ဝိုင်အိုးကို ကောက်ယူလိုက်လေသည်။

"ပြောရရင် သခင်မလေးလင် ရဲ့ အကူအညီကြောင့်သာ ကျွန်တော် ဒီဝိုင်အိုး ရခဲ့တာပါ"

လင်ရှီယွင် အမြန် ခေါင်းခါလိုက်လေသည်။

"ကျွန်မက ကိစ္စ သေးသေးမွှားမွှားလေးတွေပဲ ကူညီပေးခဲ့တာပါ"

ခုနစ်လေး ပြုံးလိုက်လေသည်။

"ခင်ဗျားရဲ့ အကူအညီလေး မပါရင် အဲ့ဒီ တော်ဝင် မိသားစုဝင်တွေနဲ့ ကျွန်တော် အဆက်အသွယ် ရမှာ မဟုတ်ပါဘူး"

ပြီးတော့ သူ ကျန်းပေရန်ရဲ့ ခွက်ကို ပြန်ဖြည့်ပေးပြီး ပြောလိုက်လေသည်။

"အစ်ကိုဝမ် ချီတိုင်းပြည် မှာ သိချင်တာ ရှိရင် သခင်မလေးလင် ကို မေးရင် မမှားပါဘူး သူမက နယ်ပယ်ပေါင်းစုံက လူအများကြီးကို သိတယ် သူမက အရမ်း အထင်ကြီးစရာ ကောင်းပါတယ်"

ရုတ်တရက် ချီးကျူးမှုတွေ ရွာချခံလိုက်ရတော့ လင်ရှီယွင် အမြန် ပြောလိုက်လေသည်။

"ရှင် ပြောသလောက် ကျွန်မ အထင်ကြီးစရာ မကောင်းပါဘူး ကျွန်မမှာ မိတ်ဆွေ အများကြီး ရှိရုံပါပဲ အဲ့ဒါက ကြီးမားတဲ့ စွမ်းရည် မဟုတ်ပါဘူး"

ကျန်းပေရန် နားထောင်ပြီး ပြောလိုက်လေသည်။

"မိတ်ဆွေ အများကြီး ရှိတာက သေချာပေါက် စွမ်းရည် တစ်ခုပါပဲ"

ဆရာ့ရဲ့ အသိအမှတ်ပြုမှု ရလိုက်တော့ လင်ရှီယွင် သဘာဝကျကျ အလွန် ဝမ်းသာသွားပြီး ခုနစ်လေးကို တိတ်တဆိတ် ကျေးဇူးတင်လိုက်လေသည်။

နောက်ထပ် တူမီရှန် တစ်ခွက် သောက်ပြီးနောက် ကျန်းပေရန် လင်ရှီယွင် ဘက် ပြန်လှည့်ကြည့်ပြီး ပြောလိုက်လေသည်။

"အလုပ်ကိစ္စ ပြောကြရအောင် ပုံသဏ္ဍာန်နှစ်မျိုး လျှို့ဝှက် ငှက်မွှေး ပါလာလား"

ရွှေရောင် ဆေးအိုး ကျွန်း ကနေ ပြန်ရောက်ပြီး ရက်နည်းနည်း ကြာတော့ ပုံသဏ္ဍာန်နှစ်မျိုး လျှို့ဝှက် ငှက်မွှေး သူမ လက်ထဲ ရောက်နေပြီ ဆိုတဲ့ သတင်းစကား လင်ရှီယွင် ဆီကနေ ကျန်းပေရန် ရရှိခဲ့လေသည်။

ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ကျန်းပေရန်က သူ့ရဲ့ လက်အောက်ငယ်သား အသစ်တွေကို ရွေးချယ်ရာမှာ အလုပ်ရှုပ်နေတာကြောင့် ရက်နည်းနည်းလောက် စောင့်ဖို့ ပြန်စာ ပို့ခဲ့လေသည်။

"ကျွန်မ ယူလာပါတယ်"

လင်ရှီယွင် ပြောရင်း သူမရဲ့ သိုလှောင်လက်စွပ်ထဲက လက်ရာမြောက်စွာ ပြုလုပ်ထားတဲ့ ငွေရောင် သေတ္တာ တစ်လုံး ထုတ်ပြီး ကျန်းပေရန်ကို ဆက်သလိုက်လေသည်။

"ဆရာ ဒါက ဆရာ လိုချင်တဲ့ ပစ္စည်း ဟုတ် မဟုတ် ကြည့်ပါဦး"

ငွေရောင် သေတ္တာကို ယူပြီး ကျန်းပေရန် အပေါ်က ပုံစံတွေကို လေ့လာကာ မေးလိုက်လေသည်။

"ဒီသေတ္တာက သာမန် ပစ္စည်း မဟုတ်ဘူး မလား"

လင်ရှီယွင် ချက်ချင်း လက်သီးဆုပ် အရိုအသေပြုပြီး ပြောလိုက်လေသည်။

"ဆရာ့ မျက်လုံးတွေက တကယ် စူးရှတာပဲ ဒါက အနက်ရောင် ကြယ် သေတ္တာ ပါ အဆင့် ၉ လက်နက် သန့်စင်သူ နဲ့ အဆင့် ၈ လျှို့ဝှက် ပုံစံ ဆရာ တို့ ပူးပေါင်း ဖန်တီးထားတာပါ ပုံသဏ္ဍာန်နှစ်မျိုး လျှို့ဝှက် ငှက်မွှေး ကို သိမ်းဆည်းဖို့ သီးသန့် အသုံးပြုပါတယ်"

'ခမ်းနားလိုက်တဲ့ ပြသမှု...'

သူ့သေတ္တာတောင် ဒီလောက် အဆင့်မြင့်တယ် ဆိုတာ ကြားတော့ ထူးခြားဆန်းပြား ပန်းပွင့် အဆင့်သတ်မှတ်ချက် စာအုပ် ထဲမှာတောင် ရှာမတွေ့နိုင်တဲ့ ဒီ ပုံသဏ္ဍာန်နှစ်မျိုး လျှို့ဝှက် ငှက်မွှေး အပေါ် ကျန်းပေရန် ပိုပြီး သိချင်စိတ် ပြင်းပြလာလေသည်။

"ကလစ်" ဆိုတဲ့ အသံနဲ့ အတူ ကျန်းပေရန် အနက်ရောင် ကြယ် သေတ္တာ ကို ဖွင့်လိုက်ရာ အံ့အားသင့်သွားတဲ့ မျက်နှာထား တစ်ခု ပေါ်လာလေသည်။

သေတ္တာထဲမှာ ငှက်မွှေးရှည် နှစ်ချောင်း၊ အမည်း တစ်ချောင်းနဲ့ အဖြူ တစ်ချောင်း လွင့်မျောနေလေသည်။

သူတို့က ခေါင်းနဲ့ အမြီး ဆက်ထားပြီး မျက်နှာပြင် တစ်ခုတည်း ရှိတဲ့ အဆုံးမရှိ ကွင်း တစ်ခု လိုမျိုး အလွန် ထူးခြားတဲ့ ပုံစံ ဖြစ်နေလေသည်။

အစ်ကိုဝမ် စိတ်ဝင်စားနေတာ မြင်တော့ ခုနစ်လေး လင်ရှီယွင်ကို ကြည့်ပြီး မေးလိုက်လေသည်။

"သခင်မလေးလင် ဒီ ပုံသဏ္ဍာန်နှစ်မျိုး လျှို့ဝှက် ငှက်မွှေး မှာ ဘာမှော်ဆန်တာ ရှိလို့လဲ"

လင်ရှီယွင် ပြန်ဖြေလိုက်လေသည်။

"ပုံသဏ္ဍာန်နှစ်မျိုး လျှို့ဝှက် ငှက်မွှေး က လူနှစ်ယောက်ကို ချိတ်ဆက်ပေးနိုင်ပါတယ် ကျွန်မ အစ်ကို ပြောတာကတော့ ပုံသဏ္ဍာန်နှစ်မျိုး လျှို့ဝှက် ငှက်မွှေး နဲ့ ချိတ်ဆက်ထားတဲ့ လူနှစ်ယောက်က သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်၊ နည်းစနစ်တွေ၊ နဲ့ အတွင်းအား တွေကို မျှဝေသုံးစွဲနိုင်တယ်တဲ့ အချိန်အကြာကြီး ဝတ်ဆင်ထားရင် နှစ်ယောက်သား စိတ်ချင်းဆက်သွယ်နိုင်တဲ့ အဆင့်ထိတောင် ရောက်နိုင်ပါတယ်တဲ့"

'မျှဝေသုံးစွဲတာ ဟုတ်လား'

ဘာလို့ ပုံသဏ္ဍာန်နှစ်မျိုး လျှို့ဝှက် ငှက်မွှေး လို့ ခေါ်လဲ ဆိုတာ ကျန်းပေရန် နားလည်သလို ဖြစ်သွားလေသည်။

ထိုက်ကျိ က ဝင်ရိုးစွန်း နှစ်ခုကို မွေးဖွားပေးတယ်လို့ ဆိုကြပြီး ဒီ ဝင်ရိုးစွန်း နှစ်ခုက ယင် နဲ့ ယန် ကို ရည်ညွှန်းလေသည်။

ယင် နဲ့ ယန် ဆိုတဲ့ စကားလုံးတွေကို ရှင်းပြရတာ လွယ်ကူသလို ခက်ခဲနိုင်လေသည်။

စာသား အတိကျဆုံး အဓိပ္ပာယ်နဲ့ ယူမယ် ဆိုရင် ယန် က တိုက်ရိုက် နေရောင်ခြည် ဖြစ်ပြီး ယင် က နေရောင်ခြည် ပိတ်ဆို့ခံရတဲ့ နေရာ ဖြစ်လေသည်။

ကောင်းကင် နဲ့ မြေကြီး ကွဲပြားပြီး ယင် နဲ့ ယန် အပြန်အလှန် သက်ရောက်မှု ရှိကာ အရာအားလုံးကို မွေးဖွားပေးလေသည်။

ဒါက စကြာဝဠာ အကြောင်း လူသားတွေရဲ့ အခြေခံ အကျဆုံး နားလည်မှု ဖြစ်လေသည်။

လူအများစုက ယင် နဲ့ ယန် က ဆန့်ကျင်ဘက်တွေ၊ အပြန်အလှန် ဖျက်ဆီးတဲ့ အရာတွေလို့တောင် ယုံကြည်ကြပေမယ့် အဲ့ဒါ လုံးဝ မဟုတ်ပါဘူး။

ယင် နဲ့ ယန် က တန်းတူညီမျှ ကြလေသည်။

သူတို့ ကြားမှာ ဆန့်ကျင်ဘက် ဖြစ်မှု ဒါမှမဟုတ် အပြန်အလှန် ဖျက်ဆီးမှု မရှိပါဘူး။

ယန် က လှုပ်ရှားမှု၊ ယင် က ငြိမ်သက်မှု…

လှုပ်ရှားမှုက သဘာဝ၊ ငြိမ်သက်မှုက ပုံသဏ္ဍာန်…

ယင် က ယန် ကို သူ့သဘာဝ အဖြစ် ယူပြီး၊ ယန် က ယင် ကို သူ့ပုံသဏ္ဍာန် အဖြစ် ယူလေသည်။

ယင် နဲ့ ယန် က သီးခြားစီ မရပ်တည်နိုင်ကြပေ။

ယန် က သခင်၊ ယင် က နောက်လိုက်။

တာအို က ယင် တစ်ခု နဲ့ ယန် တစ်ခု ဖြစ်သည်၊ တာအို က လှုပ်ရှားမှု တစ်ခု နဲ့ ငြိမ်သက်မှု တစ်ခု ဖြစ်လေသည်။

အစီအရင်တွေ လေ့လာရာမှာ ယင် နဲ့ ယန် မူဝါဒတွေ မရေမတွက်နိုင်အောင် ကျန်းပေရန် သုတေသန လုပ်ခဲ့ပြီး ဒါတွေက အစီအရင် မရေမတွက်နိုင်အောင် အတွက် အခြေခံ အုတ်မြစ် ဖြစ်လာခဲ့လေသည်။

ယန် က တက်ကြွတယ်၊ ယင် က လှုပ်ရှားမှု မရှိဘူး။

ယန် တက်လာရင် ယင် ဆုတ်ခွာတယ်၊ ယန် ဆုတ်ခွာရင် ယင် တက်လာတယ်။

ယင် နဲ့ ယန် က အပြန်အလှန် ဖျက်ဆီးတာ မဟုတ်ဘဲ သခင်နဲ့ နောက်လိုက် ဆက်ဆံရေး ရှိတယ် ဆိုတာ ရှင်းလင်းနေလေသည်။

ကောင်းကင် က ယန်၊ မြေကြီး က ယင်။

ဒီ သဘောတရားကို အရာအားလုံးဆီ တိုးချဲ့လို့ ရပြီး ဖန်ဆင်းခြင်း အားလုံးရဲ့ အစီအစဉ်ကို ဖွဲ့စည်းနိုင်လေသည်။

ဥပမာ ရေကန် တစ်ခုမှာ ဆိုရင်။

မြေကြီး က ယန်၊ ရေ က ယင်။

ရေကန်ထဲက ငါးတွေ အတွက် ဆိုရင် ရေကန် က ယန်၊ ငါးတွေ က ယင်။

နှစ်ခုက အပြန်အလှန် မှီခိုနေပြီး တစ်ခုနောက် တစ်ခု လိုက်ပါနေကြလေသည်။

ဆက်စပ်နေတဲ့ ဘယ်အရာ နှစ်ခု မဆို ယင် နဲ့ ယန် အဖြစ် ခွဲခြားနိုင်တယ်လို့ ပြောလို့ ရသည်၊ ကြီးမားတဲ့ ကောင်းကင် နဲ့ မြေကြီး စကြာဝဠာ ကနေ အသေးငယ်ဆုံး ဆဲလ်တွေ နဲ့ အမွှေးအမျှင်တွေ အထိပေါ့။

အားလုံးက အတူတူပါပဲ။

ပြီးတော့ ဒီ ပုံသဏ္ဍာန်နှစ်မျိုး လျှို့ဝှက် ငှက်မွှေး က... မူလက မသက်ဆိုင်တဲ့ လူနှစ်ယောက်ကို ပူးပေါင်းပေးနိုင်ပြီး အပြန်အလှန် ဖြစ်ထွန်းမှုနဲ့ မှီခိုမှု အခြေအနေ တစ်ခုမှာ တည်ရှိစေနိုင်ပုံ ရလေသည်။

'ဘုရားရေ... ဒါက သိပ် နက်ရှိုင်းလွန်းတယ်'

ပုံသဏ္ဍာန်နှစ်မျိုး လျှို့ဝှက် ငှက်မွှေး အကြောင်း ကနဦး နားလည်မှု ရရှိပြီးနောက် သူ့ရဲ့ အကန့်အသတ်မဲ့ အလားအလာကို ကျန်းပေရန် ချက်ချင်း နားလည်လိုက်လေသည်။

ဒါက ထိပ်တန်း ရတနာလို့ ခေါ်ဆိုထိုက်တဲ့ အရာပါပဲ။

မော့ကြည့်လိုက်ပြီး ကျန်းပေရန် လင်ရှီယွင်ကို မေးလိုက်လေသည်။

"မိုးပြာရောင် ကောင်းကင် စုဝေးပွဲ မှာ အနိုင်ရတာ တစ်ခုတည်းနဲ့ မင်းအစ်ကိုက ဒီလို ထိပ်တန်း ရတနာမျိုး ပေးလောက်တဲ့အထိ မလုံလောက်သင့်ဘူး မဟုတ်လား"

လင်ရှီယွင် ဆံပင်ကို သပ်တင်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။

"အင်း... အဓိက က ကိုကို က ကျွန်မကို အလိုလိုက်ပြီးသား ဖြစ်နေလို့ပါ ပြီးတော့ ကျွန်မ ပေးတဲ့ သဲလွန်စ အပေါ် အခြေခံပြီး မင်္ဂလာဂူ တစ်ခု သူ ရှာတွေ့ခဲ့သေးတယ် ဒါကြောင့် သူက ပုံသဏ္ဍာန်နှစ်မျိုး လျှို့ဝှက် ငှက်မွှေး ကို ကျွန်မကို ပေးဖို့ လိုလားခဲ့တာ"

'အော် မင်္ဂလာ ဂူကိုး အဓိပ္ပာယ် ရှိသွားပြီ'

မောင်နှမ ဆက်ဆံရေး ဘယ်လောက် ကောင်းကောင်း နည်းနည်းလောက် နှုတ်ခမ်းဆူပြီး ချစ်စရာ ကောင်းအောင် လုပ်ပြရုံနဲ့ ဒီလို ရတနာမျိုး ပေးလိုက်မှာ မဟုတ်ဘူးလို့ ကျန်းပေရန် တွေးနေခဲ့တာ။

ဒါဆို လင်ရှီယွင် ကလည်း တော်တော်များများ ပေးဆပ်ခဲ့ရတာပဲ။

"မင်းရဲ့ ကံကြမ္မာ ပြောင်းလဲပေးမယ် ဆိုတဲ့ ကတိကို ငါ အမြန်ဆုံး ဖြည့်ဆည်းပေးပါ့မယ်"

လင်ရှီယွင် လက်တွေကို အမြန် ဝှေ့ယမ်းလိုက်လေသည်။

"မလိုပါဘူး မလိုပါဘူး ဆရာက ကျွန်မ အသက်ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့တာ ဒါက ကျွန်မရဲ့ ကျေးဇူးတင်ကြောင်း ပြသတဲ့ လက်ဆောင် သေးသေးလေးပါ ဆရာ့ဆီကနေ ပြန်အမ်းငွေ ဘယ်လိုလုပ် တောင်းရဲမှာလဲ"

"မင်းကို ကယ်တင်တာက တစ်ပိုင်း၊ အရောင်းအဝယ် က တစ်ပိုင်းပဲ အဲ့ဒါတွေက ကိစ္စ နှစ်ခု"

ပြောပြီးနောက် ကျန်းပေရန် သေတ္တာကို ပိတ်လိုက်ပြီး ထပ်မေးလိုက်လေသည်။

"ဒီ အနက်ရောင် ကြယ် သေတ္တာ က ဘာလုပ်ပေးတာလဲ"

"အော် ဒီ အနက်ရောင် ကြယ် သေတ္တာ က ပုံသဏ္ဍာန်နှစ်မျိုး လျှို့ဝှက် ငှက်မွှေး ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအား စုဆောင်းရာမှာ ကူညီပေးဖို့ သုံးတာပါ"

"ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအား ဟုတ်လား"

"ဟုတ်ကဲ့ အသုံးပြုပြီးတိုင်း ပုံသဏ္ဍာန်နှစ်မျိုး လျှို့ဝှက် ငှက်မွှေး ကို ပြန်မသုံးခင် ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအား ပြန်လည် စုဆောင်းဖို့ ဒီ အနက်ရောင် ကြယ် သေတ္တာ ထဲ ပြန်ထည့်ထားရပါတယ်"

'အားပြန်သွင်းဖို့ လိုတယ် ပေါ့ ကောင်းပြီလေ... ဒီလောက် မိုက်တဲ့ ပစ္စည်း တစ်ခုမှာ ကန့်သတ်ချက်တချို့ မရှိရင် သိပ္ပံနည်းကျမှာ မဟုတ်ဘူးလေ'

'ကျိုးကြောင်းဆီလျော်ပါတယ်'

All Chapters