အဂ္ဂိရတ်ပညာ
Vol. 35 Ch. 421
"ဝူချင်းစစ် မင်း အရမ်းမလွန်နဲ့နော် ငါ့အစီအစဉ်တွေကို ဘာလို့ အမြဲတမ်း လာဖျက်ဆီးနေရတာလဲ"
လျန်ပြည်နယ်၊ ရေကြည်ရွာတွင် ဝူချင်းစစ်က ရွာငယ်လေးရဲ့အပြင်ဘက်တွင် လူအုပ်စုကြီးနှင့်အတူ ရပ်နေပြီး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေလေသည်။
ရွာထဲက ဟိန်းဟောက်သံကို ကြားတော့ ဝူချင်းစစ်က ကျယ်လောင်စွာ ပြန်အော်လိုက်လေသည်။
"ဂိုကောင်းမင် မင်းက ထပ်ခါထပ်ခါ ပြဿနာရှာပြီး ပုန်ကန်နေတယ် အရှေ့ဘက်စီရင်စုရဲ့ စီရင်စုခြောက်ခုလုံးကို မင်းက ပရမ်းပတာဖြစ်အောင် လုပ်ဖို့ ကြံစည်နေတာ မင်းလို ယုတ်မာတဲ့ လူဆိုးတစ်ယောက်ကို ဒီနေ့ ဒီနေရာမှာတင် ငါ ကွပ်မျက်လိုက်သင့်တာ ဒါပေမဲ့ ဧကရာဇ်ရဲ့ ကြီးမားတဲ့ ကျေးဇူးတော်ကြောင့် မင်းလိုပုန်ကန်သူတွေကို စာမျက်နှာသစ်ဖွင့်ဖို့ အခွင့်အရေး ပေးထားတယ် အခုချက်ချင်း ဘာလို့ လက်နက်မချတာလဲ"
"ထွီ"
ရွာထဲက အသံက ချက်ချင်း တံတွေးထွေးလိုက်လေသည်။
"ငါက ပြဿနာရှာပြီး ပုန်ကန်တာ ဟုတ်လား မင်းတို့ ရှန့်တိုင်းပြည်က လူတွေက ငါတို့ လျန်တိုင်းပြည်ရဲ့နယ်မြေကို အရင်သိမ်းပိုက်လိုက်တာ ရှင်းနေတာပဲကို မင်းက ဖြောင့်မတ်သယောင်ယောင် ဟန်ဆောင်ပြီး စကားလာပြောရဲသေးတယ်"
"ဂိုကောင်းမင် ငါ နောက်တစ်ခါ ထပ်ပြောမယ် စုစုပေါင်း အဖွဲ့ငါးဖွဲ့က ဒီနေရာကို ဝိုင်းထားပြီးပြီ မင်းမှာ အတောင်ပံပေါက်လာရင်တောင် ထွက်ပြေးလို့ မလွတ်ဘူး ငါ မျှော်လင့်တာက..."
စကားတစ်ဝက်မှာတင် ဝူချင်းစစ်က သူ့နောက် မလှမ်းမကမ်းမှာရှိနေတဲ့ မူကျူရီ ဘက် ရုတ်တရက် လှည့်ကြည့်ပြီး ပြောလိုက်လေသည်။
"ကျူရီ ကျန်တာ မင်း ဆက်အော်လိုက်တော့"
"ဘာလဲ ငါ... ငါက..."
ဒါပေမဲ့ မူကျူရီ မကန့်ကွက်နိုင်ခင်မှာပဲ ဝူချင်းစစ် ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။
"ဒီကောင်ကတော့..."
မူကျူရီ သက်ပြင်းချလိုက်ပြီး ရှေ့တိုးကာ ရွာထဲမှာ ပုန်းနေတဲ့ ဂိုကောင်းမင် နဲ့ အပြန်အလှန် ဆက်အော်နေလိုက်လေသည်။
စမ်းချောင်းငယ်လေးတစ်ခုဘေး ရောက်တော့ အနီးအနားမှာ ဘယ်သူမှမရှိတာ သေချာအောင် လုပ်ပြီးနောက် ဝူချင်းစစ်က သူ့ဝတ်ရုံထဲ ထိုးထည့်ထားတဲ့ စက္ကူစွန်ကို ထုတ်လိုက်လေသည်။
စက္ကူစွန်ကို ဖြန့်လိုက်ပြီး အမြန်ဖတ်ရှုလိုက်ရာ ဝူချင်းစစ်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားလေသည်။
'အစ်ကိုကြီး ပြန်ရောက်နေပြီလား'
နောက်တစ်စက္ကန့်မှာ ဝူချင်းစစ် ရွာအဝင်ဝမှာ ပြန်ပေါ်လာတာကြောင့် မူကျူရီ ခဏလောက် ကြောင်သွားလေသည်။
"ငါ့ကို ပေးလုပ်လိုက်"
အဲ့ဒီနောက် ဝူချင်းစစ်က သူ့ရဲ့အတွင်းအားကို ထုတ်လွှတ်လိုက်ရာ အံ့သြဖွယ် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး ရွာထဲကို လှမ်းအော်လိုက်လေသည်။
"ဂိုကောင်းမင် ငါ သုံးအထိ ရေတွက်မယ် မင်း ထွက်မလာသေးရင် ငါ ကိုယ်တိုင်ဝင်လာပြီး မင်းရဲ့ခွေးခေါင်းကို ဖြတ်ပစ်မယ် တစ်"
ရွာထဲက ဂိုကောင်းမင်က ပြန်ပြောဖို့ ပြင်လိုက်တုန်း "နှစ်၊ သုံး" ဆိုတဲ့ စကားလုံးတွေ သူ့နားထဲ အလွန်မြန်ဆန်တဲ့နှုန်းနဲ့ ဝင်ရောက်လာလေသည်။
"သေလိုက်တော့"
လျှပ်စီးဓာတ်ဝိညာဉ်စွမ်းအင်တွေ ဝူချင်းစစ်ရဲ့ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာပြီး ရွာထဲကို ရိုင်းစိုင်းတဲ့ မိုးကြိုးတစ်စင်းလို ပျံသန်းဝင်ရောက်သွားလေသည်။
အခြေအနေ ပြောင်းလဲသွားတာ မြင်တော့ မူကျူရီ အမြန် အော်ဟစ်လိုက်လေသည်။
"ချင်းစစ် အစီအစဉ်အတိုင်း လုပ်လေ အမွှေးတိုင်သခင်က သူတို့ကို ဖြောင့်မတ်မှုနဲ့ တတ်နိုင်သမျှ စည်းရုံးဖို့ ပြောထားတယ်လေ"
"ငါ သူ့ကို လက်သီးနဲ့ အရင်စည်းရုံးလိုက်မယ် ပြီးမှ ဖြောင့်မတ်မှုအကြောင်း ဖြည်းဖြည်းချင်း ပြောကြတာပေါ့"
ပြန်ဖြေပြီးတာနဲ့ ကြီးမားတဲ့အရှိန်အဝါ ထုတ်လွှတ်နေတဲ့ ဝူချင်းစစ်က ရွာအဝင်ဝကို ရောက်ရှိနေပြီ ဖြစ်လေသည်၊ ဒါပေမဲ့ ရေလှိုင်းတွေလို အတားအဆီးတစ်ခုက သူ့ကို ပိတ်ဆို့လိုက်လေသည်။
ဝူချင်းစစ်ရဲ့ အရှိန်အဝါကြောင့် နည်းနည်းထိတ်လန့်နေတဲ့ ဂိုကောင်းမင်က ချက်ချင်း သက်ပြင်းချလိုက်ပြီး လှောင်ပြောင်လိုက်လေသည်။
"တဟားဟား မင်း ငါ့ကို လာဖမ်းမှာကို ငါက ဘာပြင်ဆင်မှုမှ မလုပ်ဘဲ စောင့်နေမယ်လို့ ထင်နေတာလား ဝူချင်းစစ် ငါ မင်းကို ပြောလိုက်မယ်... မင်း မင်း ဘယ်လိုလုပ်"
ဂိုကောင်းမင် ဝမ်းသာအားရ ဖြစ်နေတာ တစ်ခဏလေးပဲ ကြာလိုက်လေသည်၊ ဝူချင်းစစ်က သူ တည်ဆောက်ထားတဲ့ လော်မြစ်အစီအရင် ကို အလွယ်တကူ ဆုတ်ဖြဲပစ်လိုက်တာ တွေ့လိုက်ရလို့ပင်။
"ဒီနေ့ မင်း ဘယ်ပြေးမလဲ ကြည့်ရသေးတာပေါ့"
ဝူချင်းစစ်က ပြောရင်း စွမ်းအားတစ်သောင်းဓား ကို ဆင့်ခေါ်လိုက်ရာ သူ့ပတ်လည်က လျှပ်စီးဓာတ်ဝိညာဉ်စွမ်းအင်တွေက ချက်ချင်း ပိုမို ကြမ်းတမ်းလာလေသည်။
ဝူချင်းစစ်ရဲ့ မောက်မာမှုကို မြင်တော့ ဂိုကောင်းမင် လည်း တော်တော် ဒေါသထွက်သွားလေသည်။
သူလို ဂုဏ်သိက္ခာရှိတဲ့ အဆင့် ၂ အနက်ရောင်ဘုရင်တစ်ယောက်က အဆင့် ၉ အနက်ရောင်ဝိညာဉ်တစ်ယောက်ရဲ့ မျက်နှာချင်းဆိုင် ခြိမ်းခြောက်တာ ခံနေရတယ်တဲ့လား။
ဒါက လုံးဝ ရယ်စရာပဲ။
ဒါပေမဲ့ သူ့မှာ ရွေးချယ်စရာ မရှိပေ။
ဂိုကောင်းမင်က ဝူချင်းစစ်ရဲ့ စွမ်းရည်တွေကို နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ဖူးပြီး နက်နက်ရှိုင်းရှိုင်း သဘောပေါက်ထားပြီး ဖြစ်လေသည်။
သူ့ကျင့်ကြံခြင်းက အနက်ရောင်ဝိညာဉ်အထွတ်အထိပ်နယ်ပယ်မှာပဲ ရှိသေးပေမယ့် သူ ထုတ်ဖော်ပြသတဲ့ စွမ်းအားက အဲ့ဒီထက် အများကြီး ကျော်လွန်နေလေသည်။
သူလို အဆင့် ၂ အနက်ရောင်ဘုရင်တောင် ဖိနှိပ်ခံရနိုင်လေသည်။
သူက ရှန့်နဲ့ လျန် တိုင်းပြည် နှစ်ခုလုံးက မျိုးဆက်သစ်တပည့်တွေကြားမှာ တကယ့် ပါရမီရှင်တစ်ယောက် ဖြစ်လေသည်။
သူ မယှဉ်နိုင်မှန်း သိတာကြောင့် ဝူချင်းစစ် သူ့ဆီ လျှောက်လာတာ မြင်တော့ ဂိုကောင်းမင် ချက်ချင်း အော်ဟစ်လိုက်လေသည်။
"သူ့ကို သတ်"
သူ့အသံဆုံးတာနဲ့ ပုံရိပ်သုံးခုက လေထဲကနေ ဆင်းသက်လာပြီး ဝူချင်းစစ်ကို တိုက်ခိုက်လိုက်ကြလေသည်။
'အားလုံးက အနက်ရောင်ဘုရင်တွေလား စိတ်ဝင်စားစရာပဲ'
တခြားပုံရိပ်သုံးခုရဲ့ ကျင့်ကြံခြင်းနယ်ပယ်တွေကို အာရုံခံမိလိုက်တော့ ဝူချင်းစစ်က တည်ငြိမ်နေရုံသာမက သူ့အရှိန်အဝါက ပိုတောင် အားကောင်းလာလေသည်။
"လာစမ်းပါ"
ဝူချင်းစစ်က ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်ပြီး သူ့ပုံရိပ်က ရုတ်တရက် လေးခုကွဲသွားကာ သူ့ကို ဝိုင်းထားတဲ့ လေးယောက်ကို ပြန်တိုက်ခိုက်လိုက်လေသည်။
ဝူချင်းစစ်ကို တိုက်ခိုက်တဲ့ အနက်ရောင်ဘုရင်တွေက သူ့မှာ ဒီလိုနည်းစနစ် ရှိလိမ့်မယ်လို့ မမျှော်လင့်ထားကြပေမယ့် သူတို့က လျင်မြန်စွာ တုံ့ပြန်လိုက်ကြပြီး သူ့ကို တိုက်ခိုက်ဖို့ သူတို့ရဲ့ မှော်ရတနာတွေကို ဆင့်ခေါ်လိုက်ကြလေသည်။
အစိမ်းရောင်ဝတ်ရုံ ဝတ်ထားတဲ့ အနက်ရောင်ဘုရင်ရဲ့ လက်ထဲက မြင်းမြီးယပ်တောင်က ချက်ချင်း လှံရှည်တစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး ဝူချင်းစစ်ရဲ့ အံ့သြနေတဲ့ အကြည့်အောက်မှာ သူ့ရင်ဘတ်ကို ထိုးဖောက်သွားလေသည်။
"ဟွန့်"
အစိမ်းရောင်ဝတ်ရုံနဲ့ အနက်ရောင်ဘုရင်က အထင်သေးစွာ နှာခေါင်းရှုံ့လိုက်လေသည်။
"ကလေးက ကလေးပါပဲ"
သို့သော် သူ့အပြုံးမပျောက်ခင်မှာပဲ သူ ထိုးဖောက်လိုက်တဲ့ ဝူချင်းစစ်က "ဘုန်း" ဆိုပြီး ပေါက်ကွဲသွားကာ သူ့ဆီကို မရေမတွက်နိုင်တဲ့ ပျံသန်းနေတဲ့ အပ်တွေ ပစ်လွှတ်လိုက်လေသည်။
အစိမ်းရောင်ဝတ်ရုံနဲ့ အနက်ရောင်ဘုရင် လန့်သွားပေမယ့် သူ့ရဲ့ နှစ်ပေါင်းများစွာ တိုက်ပွဲအတွေ့အကြုံက သူ့ကို ချက်ချင်း တုံ့ပြန်နိုင်စေခဲ့ပြီး သူ့ရဲ့အတွင်းအားကို စုစည်းကာ လက်ဝါးရိုက်ချက်တစ်ချက် ထုတ်ဖော်လိုက်လေသည်။
သူ့ရဲ့ ငိုကြွေးနေသောနှင်းခဲလက်ဝါး စွမ်းအားက ပျံသန်းနေတဲ့ အပ်တွေကို လွင့်ပါသွားစေဖို့ လုံလောက်တယ်လို့ သူ ထင်လိုက်တုန်း အပ်တွေက လုံးဝ ထိခိုက်မှုမရှိသလို သူ့လက်ဝါးလေကို ဖြတ်သန်းပြီး သူ့ခန္ဓာကိုယ်အနှံ့ စိုက်ဝင်သွားတာ တွေ့လိုက်ရလေသည်။
'မှော်ရတနာတွေလား'
အစိမ်းရောင်ဝတ်ရုံနဲ့ အနက်ရောင်ဘုရင် တုန်လှုပ်သွားလေသည်။
ဒီအပ်တွေအားလုံးက အဝါရောင်အဆင့် မှော်ရတနာတွေ ဖြစ်ပြီး သူတို့ရဲ့စွမ်းအားက သူ စိတ်ကူးထားတာထက် အများကြီး ပိုမယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။
နှလုံးသားထဲအထိ နာကျင်မှုတွေ ဆက်တိုက် ခံစားလိုက်ရပြီးနောက် အစိမ်းရောင်ဝတ်ရုံနဲ့ အနက်ရောင်ဘုရင်က အပ်တွေကို သူ့ခန္ဓာကိုယ်ထဲကနေ တွန်းထုတ်ဖို့ အတွင်းအားကို အသုံးပြုဖို့ ပြင်လိုက်ပေမယ့် သူ့အတွင်းအားကို လုံးဝ စုစည်းလို့ မရတော့ဘဲ ခန္ဓာကိုယ်က မြေပြင်ပေါ် ပြုတ်ကျလာတာ တွေ့လိုက်ရလေသည်။
'သောက်ကျိုးနည်း'
အစိမ်းရောင်ဝတ်ရုံနဲ့ အနက်ရောင်ဘုရင် အခြေအနေရဲ့ ပြင်းထန်မှုကို ချက်ချင်း သဘောပေါက်လိုက်လေသည်။
ပျံသန်းနေတဲ့ အပ်တွေက သူ့ခန္ဓာကိုယ်ထဲက သွေးကြောဆုံမှတ်တွေကို ပိတ်ဆို့လိုက်ပြီး သူ့ရဲ့ အတွင်းအားစီးဆင်းမှုကို လုံးဝ ရပ်တန့်ပစ်လိုက်တာ ဖြစ်လေသည်။
'ဒါကို ဘယ်လိုလုပ်လိုက်တာလဲ'
စိတ်ပျက်အားငယ်စွာနဲ့ အစိမ်းရောင်ဝတ်ရုံနဲ့ အနက်ရောင်ဘုရင် မြေပြင်ပေါ် ပြင်းပြင်းထန်ထန် ပြုတ်ကျသွားပြီး တစ်ချိန်တည်းမှာပဲ အပြာရောင် မိုးကြိုးတစ်စင်း သူ့ကို ပြင်းပြင်းထန်ထန် ပစ်ချလိုက်လေသည်။
အစိမ်းရောင်ဝတ်ရုံနဲ့ အနက်ရောင်ဘုရင် တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားချိန်မှာ တခြားသုံးယောက်ရဲ့ အခြေအနေကလည်း သိပ်မကောင်းလှပေ။
သူတို့အားလုံးက ကွဲပြားခြားနားတဲ့ လက်နက်ဝှက် အမျိုးမျိုးနဲ့ ရှုံးနိမ့်သွားကြပြီး လက်နက်အမျိုးအစား တစ်ခုချင်းစီက သူတို့ရဲ့ နည်းစနစ်တွေကို တန်ပြန်ဖို့ သီးသန့် ဖန်တီးထားသလို ဖြစ်နေလေသည်။
"မြင်ရတာက တကယ် ယုံကြည်စရာပဲ ခန်းမသခင်ဝူ ရဲ့ အင်အားက သာမန်မဟုတ်ဘူးလို့ အမြဲကြားဖူးပေမယ့် ဒီလောက်ထိ သန်မာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ စိတ်ကူးမယဉ်မိဘူး"
ဝူချင်းစစ်က လော်မြစ်အစီအရင် ကို ချိုးဖျက်လိုက်တဲ့ အခိုက်အတန့်မှာ မူကျူရီက လူတိုင်းကို ချက်ချင်း လိုက်လာဖို့ အမိန့်ပေးခဲ့လေသည်။
ဒါပေမဲ့ သူတို့ ရွာထဲဝင်လိုက်တာနဲ့ ဝူချင်းစစ်က အနက်ရောင်ဘုရင် လေးယောက်ကို ချက်ချင်း သတ်ဖြတ်လိုက်တဲ့ မြင်ကွင်းကို မြင်တွေ့လိုက်ရလေသည်။
ဒါက အနက်ရောင်ဝိညာဉ် ဒါမှမဟုတ် အနက်ရောင်သခင်ကြီးနယ်ပယ်မှာပဲ ရှိနေသေးတဲ့ သူတို့လိုတပည့်တွေအတွက်တော့ အရမ်း တုန်လှုပ်စရာ ကောင်းလွန်းနေလေသည်။
သူတို့ရဲ့ ပြိုင်ဘက်တွေက အနက်ရောင်ဘုရင် လေးယောက်တောင်လေ၊ ပြီးတော့ သူတို့က ရုတ်တရက် ဝင်တိုက်တာ။
ဒါပေမဲ့ အနက်ရောင်ဝိညာဉ်နယ်ပယ်မှာရှိတဲ့ ခန်းမသခင်ဝူ က သူတို့ကို အလွယ်တကူ နှိမ်နင်းလိုက်လေသည်။
ဒီလို အင်အားမျိုးက တကယ့်ကို အသက်ရှူမှားလောက်စရာပါပဲ။
စွမ်းအားတစ်သောင်းဓား ကို ကိုင်စွဲပြီး ဝူချင်းစစ်က ဂိုကောင်းမင်ရှေ့ ရောက်သွားကာ မေးလိုက်လေသည်။
"ငါ မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ် လက်နက်ချမလား မချဘူးလား"
ဂိုကောင်းမင်က မူလက တခြားလေးယောက်နဲ့ ပူးပေါင်းပြီး အစီအရင်တစ်ခု အသက်သွင်းကာ ဝူချင်းစစ်ကို ဝိုင်းဖို့ စီစဉ်ထားတာ၊ ဒါပေမဲ့ အခုတော့ သူ ကြောက်လွန်းလို့ သတိလစ်မတတ် ဖြစ်နေလေသည်။
သူ ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်လေသည်။
"ကျွန်တော် လက်နက်ချပါ့မယ်... ကျွန်တော်တို့ လက်နက်ချပါ့မယ်"
"မင်း စောစောကတည်းက ပူးပေါင်းဆောင်ရွက်ခဲ့ရင် ပိုကောင်းမှာ"
အဲ့ဒီနောက် ဝူချင်းစစ်က ရတနာသစ်ကိုင်းကြိုး တစ်ချောင်း သူ့ရဲ့သိုလှောင်လက်စွပ်ထဲက ထုတ်ပြီး ဂိုကောင်းမင်ကို တုပ်နှောင်လိုက်လေသည်။
ဒီအချိန်မှာ မူကျူရီက ဝူချင်းစစ်ဘေးနား ဆင်းသက်လာပြီး ပြောလိုက်လေသည်။
"ဒီနေ့ မင်း ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ သူတို့ကို လိုလိုလားလား လက်နက်ချအောင် ဖျောင်းဖျဖို့ သဘောတူထားတယ် မဟုတ်ဘူးလား"
"ငါ့မှာ အရေးတကြီးကိစ္စ ရှိတယ်"
အဲ့ဒီနောက် ဝူချင်းစစ်က နောက်ထပ် ရတနာသစ်ကိုင်းကြိုး သုံးချောင်း ထုတ်ပြီး မူကျူရီဆီ ပစ်ပေးလိုက်လေသည်။
"ကျန်တဲ့သုံးယောက်ကို မင်း တုပ်ဖို့ ငါ ထားခဲ့လိုက်မယ် ငါ အရင်သွားနှင့်တော့မယ်"
ပြောပြီးတာနဲ့ ဝူချင်းစစ် လေထဲ ပျံတက်သွားလေသည်။
"ဟေ့"
မူကျူရီ လှမ်းအော်လိုက်ပေမယ့် ဝူချင်းစစ်က မယုံနိုင်လောက်တဲ့ အမြန်နှုန်းနဲ့ သူ့အမြင်အာရုံထဲကနေ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။
'...'
'သူ့ကို ဒီလောက် စိုးရိမ်ပူပန်စေတာ ဘာများ ဖြစ်နိုင်မလဲ'
...
တပြိုင်နက်တည်းမှာပဲ သီးခြားအတားအဆီး အတွင်းတွင် ကျန်းပေရန်ရဲ့ ပထမဆုံးအသုတ် အသစ်စက်စက် သန့်စင်ထားသော အထွတ်အထိပ်မူလဆေးလုံး များ အဆင်သင့် ဖြစ်နေလေသည်။
ဒါက ရွှေကျီးကန်းဆေးအိုး ကို အသုံးပြုပြီး ကျန်းပေရန် ပထမဆုံးအကြိမ် အဂ္ဂိရတ်ပညာ စမ်းသပ်ခြင်း ဖြစ်ပြီး ရလဒ်က သူ စိတ်ကူးထားတာထက် အများကြီး ပိုကောင်းမွန်လေသည်။
ဆေးအိုးက အလွန်မြင့်မားတဲ့ အပူချိန်ကို ထုတ်ပေးနိုင်ရုံသာမက ဒီအပူချိန်ကို အဂ္ဂိရတ်ပညာရှင်ရဲ့ စိတ်ဆန္ဒအတိုင်း လိုသလို ပြောင်းလဲနိုင်လေသည်။
ဂတ်စ်မီးဖိုထက်တောင် ပိုကောင်းသေးတယ်။
ဒါက သင့်တော်တဲ့ အဂ္ဂိရတ်ဆေးအိုး တစ်လုံးမှ မပိုင်ဆိုင်ဖူးတဲ့ ကျန်းပေရန်ကို အလွန် ကျေနပ်သွားစေပြီး အဂ္ဂိရတ်ပညာနယ်ပယ်မှာ သူ့ရဲ့စွမ်းရည်တွေကို နောက်ဆုံးတော့ ထုတ်ဖော်ပြသနိုင်ပြီ ဖြစ်လေသည်။
လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက လူတွေကို ဝိညာဉ်စွမ်းအင် လျင်မြန်စွာ စုပ်ယူနိုင်စေတဲ့ ဒီ အထွတ်အထိပ်မူလဆေးလုံး ကို ဘယ်လို သန့်စင်ရမလဲဆိုတာ သူ သိခဲ့ပေမယ့် လိုအပ်တဲ့ ဆေးပင်တွေနဲ့ ဆေးအိုးကောင်းတစ်လုံး ရှာမတွေ့ခဲ့ပေ။
အခုတော့ ပြီးပြည့်စုံသွားပြီ။
သူ့မှာ အဆင့်မြင့်ဆေးပင်တွေရော ထိပ်တန်းအရည်အသွေး ဆေးအိုးရော ရှိနေပြီ။
ကျန်းပေရန်စိတ်ထဲက အဂ္ဂိရတ်ပညာဗဟုသုတတွေ အားလုံးကို နောက်ဆုံးတော့ အသုံးပြုလို့ ရပြီ။
'ကျေနပ်စရာကြီး ကျေနပ်စရာကြီး'
အထွတ်အထိပ်မူလဆေးလုံး တွေရဲ့ မွှေးပျံ့တဲ့ရနံ့ကို ရှူရှိုက်ရင်း ကျန်းပေရန်က အရုပ်သစ်ရထားတဲ့ ကလေးလေးတစ်ယောက်လို ခံစားရပြီး စိတ်လှုပ်ရှားမှုကို မထိန်းနိုင် ဖြစ်နေလေသည်။
'နောက်တစ်အိုး'
ထိပ်တန်းကိရိယာတစ်ခုရဲ့ ပျော်ရွှင်မှုကို ပထမဆုံးအကြိမ် ခံစားရတာကြောင့် ကျန်းပေရန် ရပ်တန့်လို့ မရနိုင်တော့ပေ။
သူက ဘေးနားက လှပသောမီးလျှံဂျင်ဆင်း နှစ်ပင်ကို ဆွဲယူပြီး ဆေးအိုးထဲ ပစ်ထည့်လိုက်လေသည်။
ပျော်ရွှင်စရာကောင်းတဲ့ နေ့လည်ခင်းတစ်ခု ကုန်ဆုံးပြီးနောက် ကျန်းပေရန် ရင်ထဲက စိတ်လှုပ်ရှားမှုတွေ နောက်ဆုံးတော့ နည်းနည်း ငြိမ်သက်သွားလေသည်။
ဘာလို့လဲဆိုတော့ သူက မဟာဆင့်ကဲပြောင်းလဲခြင်းဆေးလုံး တစ်အိုးကို မတော်တဆ ပျက်စီးစေခဲ့လို့ ဖြစ်လေသည်။
'ငါ ဘဝင်မြင့်သွားတယ် ငါ ဘဝင်မြင့်သွားတယ်...'
သူ့ရဲ့ကျွမ်းကျင်မှုအဆင့်၊ ရှစ်ဂျိုလျှို့ဝှက်ရေခဲမြက်ပင် နဲ့ ရွှေကျီးကန်းဆေးအိုးလို ထိပ်တန်းကိရိယာတွေနဲ့ဆိုရင် အဆင့် ၈ ဆေးလုံး သန့်စင်တာက မုန့်စားရသလောက် လွယ်ကူမယ်လို့ ကျန်းပေရန် ထင်ခဲ့တာ။
ဒါပေမဲ့ ပါးရိုက်ခံလိုက်ရတာက မြန်ဆန်လွန်းလှသည်။
တတိယမြောက်အသုတ် ရောက်မှ တစ်ခုခု မှားယွင်းသွားခဲ့လေသည်။
ရရှိလာတဲ့ မဟာဆင့်ကဲပြောင်းလဲခြင်းဆေးလုံး တွေထဲက ဝိညာဉ်စွမ်းအင်က လုံးဝ မလုံလောက်ဘဲ ဆေးစွမ်းအာနိသင် အများကြီး လျော့ကျသွားလေသည်။
'သီအိုရီကို နားလည်ရင်တောင် လက်တွေ့မှာ ကျရှုံးနိုင်ခြေ ရှိသေးတာပဲ'
ကျရှုံးမှုအတွေ့အကြုံတစ်ခု ရပြီးနောက် နောက်တစ်သုတ် ဆေးလုံးတွေ သန့်စင်တဲ့အခါ ကျန်းပေရန် ပိုပြီး သတိထားခဲ့လေသည်။
ဒါပေမဲ့ အသုံးမဝင်ခဲ့ပေ၊ သူ သန့်စင်လိုက်တဲ့ အကွေ့ကိုးကွေ့ဝိညာဉ်ဆေးလုံး တွေလည်း ပျက်စီးသွားခဲ့လေသည်။
'သောက်ကျိုးနည်း'
ကျန်းပေရန် စိတ်ထဲကနေ မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။
သူ အော်မဆဲမိတဲ့ အကြောင်းရင်းက ရှဲ့လင်းတန်း မလှမ်းမကမ်းမှာ ရပ်ပြီး သူ့ကို ကြည့်နေလို့ ဖြစ်လေသည်။
ဆေးအိုးထဲမှာ ပြာဖြစ်သွားတဲ့ အကွေ့ကိုးကွေ့ဝိညာဉ်ဆေးလုံး တွေကို ကြည့်ပြီး ကျန်းပေရန် နှလုံးနာနေလေသည်။
ရွှေရောင်ဆေးအိုးကျွန်းပေါ်မှာ အဆင့် ၈ ဆေးလုံးတွေ သန့်စင်ဖို့ သုံးနိုင်တဲ့ ဆေးပင်တွေ အများကြီး ရခဲ့ပေမယ့် ဒီ "အများကြီး" ဆိုတာက အဲ့ဒီဆေးပင်တွေရဲ့ ရှားပါးမှုနဲ့ နှိုင်းယှဉ်ရင် ပြောတာ ဖြစ်လေသည်။
ဒီအတိုင်းသာ ဆက်ပြီး ဖြုန်းတီးနေမယ်ဆိုရင် ကျန်းပေရန်က ဖြုန်းတီးသူဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ဆဲဆိုမိမှာ ဖြစ်လေသည်။
'စိတ်အေးအေးထား... စိတ်အေးအေးထား
အဆင့်တစ်ဆင့်ချင်းစီမှာ ပြဿနာ ရှိရမယ်
ငါ အဲ့ဒါကို ရှာတွေ့ဖို့ပဲ လိုတယ်'
ဒါပေမဲ့ ပြဿနာကို ခွဲခြမ်းစိတ်ဖြာပြီးနောက် တတိယမြောက် အဆင့် ၈ ဆေးလုံး အသုတ်ကို ထပ်ပြီး ပျက်စီးစေလိုက်တဲ့အခါ ကျန်းပေရန်ရဲ့ စိတ်ဓာတ်တွေ ပြိုလဲသွားလေသည်။
'ဒီဟာက သန့်စင်ရတာ တကယ်ပဲ အဲ့လောက် ခက်ခဲလို့လား'
အဆင့် ၈ ဆေးလုံးတွေက ထိပ်တန်းဆေးလုံးတွေ ဖြစ်ပြီး ကျရှုံးနိုင်ခြေ အရမ်းများတယ် ဆိုပေမယ့် သူ့ရဲ့ပြီးပြည့်စုံတဲ့ သီအိုရီဗဟုသုတတွေနဲ့ဆိုရင် ဒီ "အရမ်းများတဲ့ ကျရှုံးနိုင်ခြေ" က သူ့အပေါ် ကျရောက်လာလိမ့်မယ်လို့ ကျန်းပေရန် ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။
'ပြီးပြည့်စုံတာက ငါ့ဖင်ပဲ...'
ရွှေကျီးကန်းဆေးအိုး ထဲက အနည်အနှစ်တွေကို ကြည့်ပြီး ကျန်းပေရန် ဒီနေ့တော့ ဒီလောက်နဲ့ ရပ်ဖို့ ဆုံးဖြတ်လိုက်လေသည်။
မနက်ဖြန် အဂ္ဂိရတ်ပညာ မစခင် သန့်စင်သင့် မသန့်စင်သင့် ဆုံးဖြတ်ဖို့ ဗေဒင် အရင်မေးရဦးမည်။
မဟုတ်ရင် ဒီအဖိုးတန်ပစ္စည်းတွေကို ဖြုန်းတီးနေရတာ အရမ်း နှလုံးကွဲစရာ ကောင်းလေသည်။
"ဟူး..."
သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ကျန်းပေရန် တံခါးဆီ လျှောက်သွားလိုက်လေသည်။
ဘေးကနေ စောင့်ကြည့်နေတဲ့ ရှဲ့လင်းတန်း က အမြန် လိုက်ပါသွားလေသည်။
တံခါးတွန်းဖွင့်လိုက်တော့ အပြင်မှာ ဝူချင်းစစ်ရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာကို ကျန်းပေရန် တွေ့လိုက်ရလေသည်။
"မင်း ပြန်ရောက်ပြီကိုး"
ကျန်းပေရန် ခေါင်းညိတ်ပြလိုက်လေသည်။
"အစ်ကိုကြီးကို နှုတ်ဆက်ပါတယ်"
ဝူချင်းစစ် ဦးညွှတ်ဂါရဝပြုလိုက်လေသည်။
"သက်တောင့်သက်သာ နေပါ"
ကျန်းပေရန် ပြောလိုက်ပြီး ဝူချင်းစစ်ကို သူ့ရဲ့ဝိညာဉ်အာရုံနဲ့ စစ်ဆေးလိုက်ကာ ခေါင်းညိတ်လိုက်လေသည်။
"မဆိုးဘူး မင်းရဲ့ကျင့်ကြံခြင်းကို အနက်ရောင်ဝိညာဉ်နယ်ပယ်မှာ ဖိနှိပ်ထားနိုင်ခဲ့တာပဲ မင်းရဲ့အခြေခံအုတ်မြစ်က အရမ်းခိုင်မာကြောင်း ပြသနေတာပဲ"
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
ချီးကျူးခံရတော့ ဝူချင်းစစ်ရဲ့ မျက်နှာထားက အလွန်ပျော်ရွှင်သွားလေသည်။
သူ့အစ်ကိုကြီး မရှိတဲ့အချိန်အတွင်း သူ့ခန္ဓာကိုယ်ထဲက အတွင်းအားတွေက မရေမတွက်နိုင်အောင် ထကြွလာပြီး သူ့ကို ဖောက်ထွက်ဖို့ တိုက်တွန်းနေခဲ့တာ။
ဒါပေမဲ့ ဝူချင်းစစ် က အကြိမ်ကြိမ် သည်းခံခဲ့တယ်၊ ဘာလို့လဲဆိုတော့ သူ့အစ်ကိုကြီးက အနက်ရောင်ဘုရင်နယ်ပယ်ကို လောလောဆယ် မတက်လှမ်းဖို့ ပြောထားလို့ ဖြစ်လေသည်။
ဒါကြောင့် သူ သည်းခံရမည်။
အခု သူ့အစ်ကိုကြီးရဲ့ ချီးကျူးစကားကို ကြားလိုက်ရတော့ သူ့ရဲ့အရင် ကြိုးစားအားထုတ်မှုတွေ အားလုံးက တန်ဖိုးရှိတယ်လို့ ဝူချင်းစစ် ချက်ချင်း ခံစားလိုက်ရလေသည်။
ဝူချင်းစစ်ရဲ့ ပခုံးကို ပုတ်လိုက်ပြီး ကျန်းပေရန် ပြောလိုက်လေသည်။
"နည်းနည်းလောက် ထပ်သည်းခံလိုက်ပါဦး ဒီနှစ်ရက်အတွင်း အနက်ရောင်ဘုရင်နယ်ပယ်ကို ဖောက်ထွက်နိုင်အောင် ငါ ကူညီပေးမယ်"
"ဟုတ်ကဲ့"
ဝူချင်းစစ် စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်လေသည်။
ဒီအချိန်မှာ ကူချင်းဟွမ်း က တခြားအခန်းတစ်ခန်းထဲက ထွက်လာပြီး ကျန်းပေရန်ကို ဦးညွှတ်ကာ ပြောလိုက်လေသည်။
"အစ်ကိုကြီး ပေးခဲ့တဲ့ ပန်းတွေကို ကျွန်တော် စိုက်ပြီးပါပြီ"
"အင်း"
ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် မေးလိုက်လေသည်။
"ရန်ဇီ အခု ဘယ်လိုနေလဲ"
ရှီမျိုးနွယ်စုမှာ ရှိတုန်းက ကူချင်းဟွမ်းဆီကနေ စာတစ်စောင် ကျန်းပေရန် ရရှိခဲ့သည်၊ အဲ့ဒီစာထဲမှာ ချူရန်ဇယ်က မနေ့က အရမ်းထူးဆန်းတဲ့ ခံစားချက်တစ်ခု ခံစားခဲ့ရပြီး နောက်တစ်နေ့မှာ သူ ပိုးအိမ်ဖွဲ့စည်းလိုက်ကြောင်း ရေးသားထားလေသည်။
ဖတ်ပြီးနောက် ကျန်းပေရန် အရင်အံ့သြသွားပြီးနောက် ဒါက အဆင့်တက်တာ မဟုတ်ဘဲ ဆင့်ကဲပြောင်းလဲတာ ဖြစ်နိုင်တယ်လို့ နားလည်လိုက်လေသည်။
ဘာပဲဖြစ်ဖြစ် ချူရန်ဇယ်ရဲ့ ဗီဇပြောင်းလဲမှုအတိုင်းအတာက အရမ်းမြင့်မားလွန်းပြီး ကဏ္ဍအများအပြားကို လူသားတွေရဲ့ သာမန်အသိဥာဏ်နဲ့ နားလည်လို့ မရနိုင်တော့ပေ။
သူ ပိုးအိမ်အဖြစ် ပြောင်းလဲသွားမယ်လို့တော့ ကျန်းပေရန် မထင်ထားခဲ့မိပေ၊ ဒါက လူသားအမျိုးအစားနဲ့ လုံးဝနီးပါး ကွဲထွက်သွားပြီ ဖြစ်လေသည်။
ဒါကလည်း ဒီလို "အဆိပ်ကောင်လူသား" တစ်ယောက်ကို ကျန်းပေရန် ပထမဆုံးအကြိမ် ပြုစုပျိုးထောင်ဖူးတာ ဖြစ်လို့ သူ့မှာ ဖြေရှင်းနည်း မရှိဘဲ ကူချင်းဟွမ်းကို လောလောဆယ် စောင့်ကြည့်ခိုင်းထားရုံသာ ရှိတော့လေသည်။
ပိုးအိမ်မှာ အပြောင်းအလဲ တစ်စုံတစ်ရာရှိရင် သူ့ကို စာရေးဖို့ မှာထားလေသည်။
သူ့အစ်ကိုကြီးရဲ့ မေးခွန်းကို ကြားတော့ ကူချင်းဟွမ်း လက်သီးဆုပ် အရိုအသေပြုပြီး ပြန်ဖြေလိုက်လေသည်။
"မနေ့က ကျွန်တော် ဂျူနီယာညီလေး ချူ ဆီ သွားကြည့်ခဲ့ပါတယ် ဒါပေမဲ့ သူက အရင်အတိုင်းပါပဲ ဘာအပြောင်းအလဲမှ မရှိပါဘူး"
"ကောင်းပြီ မနက်ဖြန် ငါ မင်းနဲ့အတူ သွားကြည့်မယ်"
"ဟုတ်ကဲ့"
လော်ဝမ်ကျိုးနဲ့ ပတ်သက်လို့တော့ သူက တိုင်းပြည်တွေကို လှည့်လည်သွားလာရတဲ့ မစ်ရှင် ထမ်းဆောင်နေတုန်း ဖြစ်တာကြောင့် ဒီတစ်ခါ ကျန်းပေရန် သူ့ကို ပြန်မခေါ်ခဲ့ပေ။
သူ့ရဲ့ ဂျူနီယာညီလေး အနည်းငယ်ရဲ့ လက်ရှိအခြေအနေကို မေးမြန်းပြီးနောက် ကျန်းပေရန် ရှဲ့လင်းတန်းဘက် လှည့်ပြီး ပြောလိုက်လေသည်။
"လင်းတန်း ဒီမှာ ဝိညာဉ်စွမ်းအင် ရှိနေတာ မင်း ခံစားမိလား"
ရှဲ့လင်းတန်း ချက်ချင်း ခေါင်းညိတ်ပြီး ပြောလိုက်လေသည်။
"ဟုတ်ကဲ့ အစ်မလန်ချီ ကျွန်မကို ရှင်းပြထားတဲ့ ဝိညာဉ်စွမ်းအင် အမျိုးအစားကို ခံစားမိပါတယ် ဒါပေမဲ့ အဲ့ဒါ မှန်မမှန်တော့ မသိဘူး"
"ဒါဆို နှလုံးသားပြန်လာခြင်းနည်းစနစ် နဲ့ ဓားတစ်ချက်တည်းနည်းစနစ် ကို ဒီမှာ လေ့ကျင့်ကြည့်ပါ"
"ဟုတ်ကဲ့"
ရှဲ့လင်းတန်း သဘောတူလိုက်ပြီး ခြေချိတ်ထိုင်ကာ စတင် ကျင့်ကြံလိုက်လေသည်။
ရှဲ့လင်းတန်းကို ပထမဆုံးအကြိမ် မြင်တော့ ဒါ အစ်ကိုကြီး လက်ခံထားတဲ့ တပည့်သစ်လားဆိုပြီး ဝူချင်းစစ် နည်းနည်း သိချင်စိတ် ဖြစ်မိလေသည်။
ခဏလောက် စောင့်ကြည့်ပြီးနောက် ဒီ ဂျူနီယာညီမလေးက ဝိညာဉ်စွမ်းအင်ကို သူမခန္ဓာကိုယ်ထဲတောင် စုပ်ယူနိုင်ပုံ မရဘူးဆိုတာ ဝူချင်းစစ် တွေ့ရှိလိုက်ရလေသည်။
ဒီ သီးခြားအတားအဆီးအတွင်းက ဝိညာဉ်စွမ်းအင်က အပြင်ဘက်ထက် ယှဉ်လို့မရနိုင်လောက်အောင် ပိုကြွယ်ဝတာကြောင့် ကျင့်ကြံခြင်းအခက်အခဲကို သဘာဝကျကျ လျှော့ချပေးနိုင်ကြောင်း သိထားရမည်။
ဒါပေမဲ့ အဲ့လိုဖြစ်နေတာတောင် ဒီ ဂျူနီယာညီမလေးက ကျင့်ကြံဖို့ တော်တော် ခက်ခဲနေပုံ ပေါက်လေသည်။
"ရပြီ သခင် ကျွန်မ ခံစားမိပြီ"
သို့သော် ရှဲ့လင်းတန်းရဲ့ စကားကို ကျန်းပေရန် ကြားလိုက်ရတဲ့အခါ သူ ပျော်ရွှင်မှု မခံစားရတဲ့အပြင် မျက်မှောင်ကြုတ်လိုက်မိလေသည်။
'သွားပြီ... သူမမှာ တကယ်ပဲ သာမန်ပါရမီပဲ ရှိတာပဲ'