← Chapters

အကျပ်အတည်း ခံစားချက်

Vol. 35 Ch. 422

အကျပ်အတည်း ခံစားချက်

Vol. 35 Ch. 422

လူတွေပြောကြသလိုပါပဲ၊ ကိုယ်အကြောက်ဆုံးအရာက ကိုယ့်ဆီ ရောက်လာတတ်တယ်။

ကျန်းပေရန် အကြောက်ဆုံးအရာက ရှဲ့လင်းတန်းဟာ ပါရမီရှင်လည်းမဟုတ်၊ အမှိုက်လည်းမဟုတ်တဲ့ အဆင်မပြေတဲ့ အလယ်အလတ်အခြေအနေမှာ ရှိနေမှာကို ဖြစ်လေသည်။

ဒါက သူမရဲ့အနာဂတ် "ဇာတ်ကွက်" ကို ခန့်မှန်းရ အလွန်ခက်ခဲစေလေသည်။

ပြီးတော့ အဲ့ဒီ ဇာတ်ကွက် အစပျိုးမလာမချင်း သူက သူမရဲ့ ကလေးထိန်း လုပ်နေရတော့မည်။

'ဇာတ်ကွက်က ငါတော့ မဖြစ်ပါစေနဲ့...

ဖူး ဖူး ဖူး ဒါက နိမိတ်ဖတ်နေတာ မဟုတ်ဘူး'

"သခင် သခင် ဒါဆို ကျွန်မ ကျင့်ကြံလို့ရပြီပေါ့"

မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေတဲ့ ရှဲ့လင်းတန်းကို ကြည့်ပြီး ကျန်းပေရန် ရုတ်တရက် ပြုံးလိုက်လေသည်။

'ထားလိုက်ပါတော့ ဘာလို့ အများကြီး တွေးနေမှာလဲ ဖြစ်လာမှတော့လည်း ရေလိုက်ငါးလိုက် နေလိုက်တော့မယ်

ဦးစားပေးက ရှဲ့လင်းတန်းအတွက် အစီအစဉ် ဘယ်လိုဆွဲမလဲ ဆိုတာပဲ'

ရှဲ့လင်းတန်းအကြောင်း စိတ်ပူတာအပြင် ကျန်းပေရန် ဖြေရှင်းဖို့လိုအပ်တဲ့ ပိုအရေးကြီးတဲ့ ပြဿနာက သူ့ရဲ့ "ကျွမ်းကျင်မှုမရှိတဲ့လက်တွေ့ ဖြစ်လေသည်။

အဆင့် ၈ ဆေးလုံးဆိုတာ နိုင်ငံခြောက်နိုင်ငံရဲ့ အဂ္ဂိရတ်ပညာ စနစ်အရ အနက်ရောင်အဆင့် အဆင့်နိမ့် ဆေးလုံးနဲ့ ညီမျှလေသည်။

ပြီးတော့ ရှီဝေယီအတွက် ဖော်စပ်ပေးမယ်လို့ သူကတိပေးထားတဲ့ ဘဝခုနစ်ပါးလျှို့ဝှက်ဂိုဏ်းဆေးလုံး က အနက်ရောင်အဆင့် အလယ်အလတ် ဝိညာဉ်ဆေးလုံး ဖြစ်လေသည်။

အောင်မြင်နိုင်စွမ်းက သေချာပေါက် ပိုနိမ့်ကျနေလိမ့်မည်။

'အနက်ရောင်အဆင့်ဆေးလုံးတွေကတောင် ဒီလောက်ခက်ခဲနေရင်...

မြေကမ္ဘာအဆင့် ဒါမှမဟုတ် ကောင်းကင်အဆင့် ဆေးလုံးတွေက လူသားတွေ သန့်စင်နိုင်တဲ့အရာတွေ ဟုတ်ရဲ့လား'

သို့သော် နိုင်ငံခြောက်နိုင်ငံရဲ့ လျှို့ဝှက်ပညာရပ် အဆင့်သတ်မှတ်ချက် စနစ်တွေအားလုံးမှာ ကောင်းကင်အဆင့်ဆိုတာ မသိနားမလည်သေးတဲ့အရာတွေအတွက် မျှော်လင့်ချက်သင်္ကေတတစ်ခုအဖြစ် အမြဲရှိနေခဲ့လေသည်။

နည်းစနစ်တွေနဲ့ မှော်ရတနာတွေမှာ ကောင်းကင်အဆင့် ရှိနိုင်ရင် တခြားအရာတွေမှာလည်း ကောင်းကင်အဆင့် ရှိရမယ်ဆိုပြီး အဆင့်သတ်မှတ်ထားတာ ဖြစ်လေသည်။

ကောင်းကင်အဆင့်က လှပတဲ့ မျှော်လင့်ချက်တစ်ခုကို ကိုယ်စားပြုတယ်ဆိုရင် မြေကမ္ဘာအဆင့်က နည်းနည်း ပိုပြီးလက်တွေ့ကျလေသည်။

ကျန်းပေရန်ရဲ့ ကိုယ်ပိုင်နားလည်မှုအရ နိုင်ငံခြောက်နိုင်ငံရဲ့ အဆင့်သတ်မှတ်ချက်စနစ် အတွင်းမှာ အနက်ရောင်အဆင့်ဆိုတာ လူသားတွေရဲ့ စွမ်းဆောင်နိုင်ရည် အကန့်အသတ် ဖြစ်လေသည်။

ဒီလူသားအကန့်အသတ်ကို ဖောက်ထွက်နိုင်မှသာ မြေကမ္ဘာအဆင့်ကို ရောက်ရှိနိုင်မှာ ဖြစ်လေသည်။

ဒီလူသားအကန့်အသတ်ကို ဘယ်လို ဖောက်ထွက်မလဲဆိုရင် အချိန်အခါ၊ နေရာဒေသနဲ့ လူပုဂ္ဂိုလ်တို့ရဲ့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှု လိုအပ်လေသည်။

ကြီးမားတဲ့ ကံကောင်းခြင်းအခွင့်အလမ်း၊ အလွန်ရှားပါးတဲ့ ဒါမှမဟုတ် တိုက်ဆိုင်တဲ့ အခြေအနေမျိုး ကြုံတွေ့မှသာ မြေကမ္ဘာအဆင့် ရတနာတစ်ခုကို သန့်စင်နိုင်မှာ ဖြစ်လေသည်။

ရိုးရိုးလေးပြောရရင် အနက်ရောင်အဆင့် မှော်ရတနာတွေ သန့်စင်တဲ့ အောင်မြင်နိုင်စွမ်းကို ထူးချွန်တဲ့ကျွမ်းကျင်မှုနဲ့ မြှင့်တင်လို့ရလေသည်။

ဒါပေမဲ့ မြေကမ္ဘာအဆင့်ကတော့ မတူညီပါဘူး၊ တစ်ယောက်ရဲ့ လျှို့ဝှက်ပညာရပ် ကျွမ်းကျင်မှုက လက်ရှိသိထားတဲ့ ကျင့်ကြံသူတွေရဲ့ အတိုင်းအတာထက် ကျော်လွန်မနေသရွေ့ပေါ့။

တစ်နည်းအားဖြင့် ပြောရရင်...

ငါ လူမဟုတ်တော့ဘူး။

အဂ္ဂိရတ်ပညာမှာ သူ့ရဲ့ကျွမ်းကျင်မှုက လူသားထက်ကျော်လွန်တဲ့ အဆင့်ဆီ ဦးတည်နေပြီလို့ ကျန်းပေရန် ထင်ခဲ့တာ။

ဒါပေမဲ့ သူက လူသားအတိုင်းအတာအတွင်းမှာ ရှိနေသေးရုံသာမက ထိပ်ဆုံးမှာတောင် မရှိသေးဘူးဆိုတာ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပေ။

'ဟီး... နေဦး မဟုတ်သေးပါဘူး'

အဆင့် ၈ အဂ္ဂိရတ်ပညာရှင် တစ်ယောက်နဲ့တောင် သူ တစ်ခါမှမတွေ့ဖူးသေးတာ၊ အဆင့် ၉ ဆိုရင် ပြောစရာမလိုတော့ဘူးဆိုတာ ကျန်းပေရန် ရုတ်တရက် သတိရလိုက်လေသည်။

သူတို့ရဲ့ အနက်ရောင်အဆင့်ဆေးလုံးတွေ သန့်စင်တဲ့ အောင်မြင်နိုင်စွမ်းက ပိုတောင် နိမ့်နေမလား။

ဒီအတွေးနဲ့ ကျန်းပေရန် နည်းနည်း စိတ်အေးသွားလေသည်။

'တစ်နေ့ကျရင် အဆင့် ၈ အဂ္ဂိရတ်ပညာရှင်တစ်ယောက်နဲ့ ချစ်ကြည်ရေးပြိုင်ပွဲတစ်ပွဲ ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရှာရမယ်'

အနီးနားက ဝါးကုလားထိုင်ပေါ် ထိုင်လိုက်ပြီး ကျန်းပေရန် စိတ်ကိုစုစည်းကာ သူတည်ဆောက်ထားတဲ့ သီးခြားအတားအဆီးကို အာရုံခံလိုက်လေသည်။

ရှီဟုန်ယွင်ရဲ့ "စိတ်ဖန်ဆင်းနယ်မြေ" ကို မြင်တွေ့ပြီးနောက် အဲ့ဒါရဲ့မူဝါဒက သူ့ရဲ့ သီးခြားအတားအဆီးနဲ့ အရမ်းတူညီတယ်လို့ ကျန်းပေရန် အမြဲခံစားခဲ့ရလေသည်။

ကံမကောင်းစွာပဲ ကျန်းပေရန် ဘယ်နှကြိမ်ပဲ ကြိုးစားပါစေ သူ့စိတ်နဲ့ သီးခြားအတားအဆီးရဲ့ ဖွဲ့စည်းပုံကို တိုက်ရိုက်ပြောင်းလဲလို့ မရနိုင်သလို ရှီဟုန်ယွင်လိုမျိုး နေရာလပ်တွေကြား စိတ်ကြိုက် ကူးပြောင်းလို့လည်း မရနိုင်ပေ။

'အနက်ရောင်သူတော်စင်တွေက တကယ် တခြားအဆင့်ပဲ...'

စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ကျန်းပေရန်က သီးခြားအတားအဆီးကို စိတ်နဲ့ပြောင်းလဲမယ့် အကြံအစည်ကို လက်လျှော့လိုက်ကာ ဝူချင်းစစ်ဘက် လှည့်လိုက်လေသည်။

"ချင်းစစ် ငါ မင်းကို ပြင်ဆင်ဖို့ တစ်ရက် အချိန်ပေးမယ် မနက်ဖြန်ကျရင် အနက်ရောင်ဘုရင်နယ်ပယ်ကို ဖောက်ထွက်နိုင်အောင် ငါ ကူညီပေးမယ်"

ဝူချင်းစစ် ဒီနေ့ကို စောင့်မျှော်နေတာ ကြာပြီ ဖြစ်လေသည်။

သူ ပြင်ဆင်ပြီးပြီလို့ ပြောချင်ပေမယ့် အစ်ကိုကြီးက ပြင်ဆင်ဖို့ တစ်ရက် အချိန်ပေးတယ်ဆိုမှတော့ ပြင်ဆင်စရာ မရှိရင်တောင် တစ်ရက် အချိန်ယူပြီး သေချာပြင်ဆင်ရပေမည်။

"ဟုတ်ကဲ့"

ဝူချင်းစစ် သူ့အစ်ကိုကြီးကို ဦးညွှတ်လိုက်လေသည်။

အဲ့ဒီနောက် ကျန်းပေရန် ကူချင်းဟွမ်းကို ကြည့်ပြီး မေးလိုက်လေသည်။

"ချင်းဟွမ်း မင်းရဲ့ စစ်မှန်သောမူလကောင်းကင်ဝင်ရိုးနည်းစနစ် က ဘယ်အဆင့် ရောက်ပြီလဲ"

"အစ်ကိုကြီး ကျွန်တော် သတ္တမမြောက်အဆင့် ရောက်ပါပြီ"

'ဒီ စစ်မှန်သောမူလကောင်းကင်ဝင်ရိုးနည်းစနစ် က ချင်းဟွမ်းအတွက် သီးသန့် ဖန်တီးထားတာ ဖြစ်ပုံရတယ်'

စစ်မှန်သောမူလကောင်းကင်ဝင်ရိုးနည်းစနစ် မှာ စုစုပေါင်း အဆင့် ၉ ဆင့် ရှိလေသည်။

တခြားနည်းစနစ်တွေကို စတင်လေ့ကျင့်ဖို့တောင် ခက်ခဲတဲ့ ကူချင်းဟွမ်းအနေနဲ့ နှစ်အနည်းငယ်အတွင်း နည်းစနစ်တစ်ခုကို ကျွမ်းကျင်ခါနီး ဖြစ်လာတာက အံ့ဖွယ်တစ်ခု ဖြစ်လေသည်။

လူအများစုက အဆင့်မြင့်နည်းစနစ်တွေကို တစ်သက်လုံးလေ့ကျင့်ရင်တောင် ကျွမ်းကျင်မှုအဆင့် မရောက်နိုင်ကြဘူးဆိုတာ သိထားရမည်။

ဒါပေါ့ စစ်မှန်သောမူလကောင်းကင်ဝင်ရိုးနည်းစနစ် က အဆင့်မြင့်နည်းစနစ်လို့ မသတ်မှတ်နိုင်ပေ၊ အဝါရောင်အဆင့်တောင် မဟုတ်ပါဘူး။

ဒါပေမဲ့ ကျန်းပေရန်ရဲ့ မြှင့်တင်ပေးမှုအောက်မှာ ဒီနည်းစနစ်ရဲ့ အသုံးဝင်မှုက အမြင့်ဆုံး ရောက်နေပြီ ဖြစ်လေသည်။

ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် ဆက်ပြောလိုက်လေသည်။

"လွန်ခဲ့တဲ့ အချိန်တုန်းက ဘာနည်းစနစ်မှ မမှီခိုဘဲ ယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးတဲ့ ကိုယ်ခန္ဓာကျင့်ကြံသူတစ်ယောက်နဲ့ ငါ တွေ့ခဲ့တယ် နောက်တစ်ခါကျရင် သူ့ကို မင်းနဲ့ တွေ့ပေးမယ် မင်းရဲ့ကျင့်ကြံခြင်းလမ်းကြောင်းအတွက် အထောက်အကူ ဖြစ်ကောင်း ဖြစ်နိုင်တယ်"

"ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

ကူချင်းဟွမ်းက လက်သီးဆုပ် အရိုအသေပြုရင်း ပြောလိုက်လေသည်။

နားစွင့်နေတဲ့ ဝူချင်းစစ် ကတော့ မျက်မှောင်ကြုတ်လိုက်ပြီး ကိစ္စတွေက မရိုးရှင်းဘူးလို့ ခံစားလိုက်ရလေသည်။

'အစ်ကိုကြီးရဲ့ လေသံအရဆိုရင် အဲ့ဒီလူကို သူ့လက်အောက် ခေါ်သွင်းပြီးလောက်ပြီ

အစ်ကိုကြီးကတောင် စွမ်းအားကြီးတယ်လို့ ချီးကျူးနေတယ်...

သူ့ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ မသိဘူး'

ချက်ချင်းဆိုသလိုပဲ ဝူချင်းစစ်ရဲ့ ရင်ထဲမှာ အကျပ်အတည်းခံစားချက်တွေ ပြည့်နှက်လာပြီး "အကြီးဆုံး စီနီယာအကို" ဆိုတဲ့ သူ့ရာထူး ခြိမ်းခြောက်ခံနေရသလို ခံစားလိုက်ရလေသည်။

ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် မတ်တတ်ရပ်ကာ ကြမ်းပြင်ပေါ် ခြေချိတ်ထိုင်နေတုန်းဖြစ်တဲ့ ရှဲ့လင်းတန်းကို ပြောလိုက်လေသည်။

"လင်းတန်း သွားကြစို့"

ခံစားမှုအသစ်နဲ့ အသားကျအောင် ကြိုးစားနေတဲ့ ရှဲ့လင်းတန်းက ကြားလိုက်တာနဲ့ ချက်ချင်း မတ်တတ်ရပ်ပြီး ကျန်းပေရန်နောက် လိုက်ပါသွားလေသည်။

"မင်းတို့ဘာသာ ပြင်ဆင်ထားကြ ငါ အပြင်ထွက်လိုက်ဦးမယ်"

စကားမှာခဲ့ပြီးနောက် ကျန်းပေရန်က ရှဲ့လင်းတန်းကို ခေါ်ပြီး သီးခြားအတားအဆီးထဲကနေ ထွက်ခွာသွားလေသည်။

သူတို့အစ်ကိုကြီး ထွက်သွားပြီးနောက် ဝူချင်းစစ်က ကူချင်းဟွမ်းကို ကြည့်ပြီး မေးလိုက်လေသည်။

"ဟို လင်းတန်းဆိုတာ... ဘယ်သူလဲ"

"အစ်ကိုကြီး မပြောပြဘူး"

"အင်း..."

ဝူချင်းစစ် ခဏ စဉ်းစားပြီး ပြောလိုက်လေသည်။

"အစ်ကိုကြီးက သူမကို အလေးအနက် ပြုစုပျိုးထောင်ဖို့ ရည်ရွယ်ထားပုံပဲ"

"အဲ့ဒါက အစ်ကိုကြီးရဲ့ ဆုံးဖြတ်ချက်ပါ မင်း သိချင်ရင် မနက်ဖြန် သူ့ကို တွေ့တဲ့အခါ တိုက်ရိုက် မေးကြည့်လို့ ရတာပဲ"

"မမေးတာ ပိုကောင်းပါတယ်"

ခေါင်းခါလိုက်ပြီး ဝူချင်းစစ် ရုတ်တရက် အကြောဆန့်လိုက်လေသည်။

"လက်ရည်စမ်းမလား မင်း စစ်မှန်သောမူလကောင်းကင်ဝင်ရိုးနည်းစနစ် သတ္တမမြောက်အဆင့် ရောက်နေပြီဆိုတာ ငါ မသိခဲ့ဘူး"

"နောက်မှပေါ့ အစ်ကိုကြီး ခိုင်းထားတဲ့ အလုပ်တွေ လုပ်စရာ ရှိသေးတယ်"

အစ်ကိုကြီး ခိုင်းထားတဲ့ အလုပ်ဆိုတာ ကြားတော့ ဝူချင်းစစ် အကြောဆန့်တာ ချက်ချင်း ရပ်လိုက်လေသည်။

"ကောင်းပြီ မင်း ပြီးမှ ပြောကြတာပေါ့ ဒါနဲ့... အစ်ကိုကြီး ပြောတဲ့ စွမ်းအားကြီးတဲ့ ကိုယ်ခန္ဓာကျင့်ကြံသူရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရှိမယ်လို့ မင်း ထင်လဲ"

ဒါကို ကြားတော့ ကူချင်းဟွမ်း ဖျော့တော့စွာ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်လေသည်။

"သူက မင်းထက် သေချာပေါက် မြင့်လိမ့်မယ်လို့ ငါ ထင်တယ်"

ဝူချင်းစစ် လေအေးတစ်ချက် ရှူသွင်းလိုက်လေသည်။

"ဘာလို့လဲ"

"ငါ့ရဲ့ အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းအတွက် အထောက်အကူ ဖြစ်နိုင်တယ်ဆိုတဲ့ အစ်ကိုကြီးရဲ့ စကားတွေကနေ သူ့ကျင့်ကြံခြင်းက ငါ့ထက် အများကြီး ပိုမြင့်မယ်ဆိုတာ ပြောလို့ရတယ် ငါတို့နှစ်ယောက်လုံးက အနက်ရောင်ဝိညာဉ်နယ်ပယ်မှာ ရှိနေကြတာဆိုတော့ သူက သဘာဝကျကျ မင်းထက်လည်း ပိုမြင့်မှာပေါ့"

"ဒါက... ဒါဆို အစ်ကိုကြီးက သူ့ကို တပည့်အဖြစ် လက်ခံလိုက်ပြီလို့ မင်း ထင်လား"

"မင်း ဘယ်လိုထင်လဲ"

ကူချင်းဟွမ်း ပြန်မေးလိုက်လေသည်။

"ငါ... ငါ အပြင် ခဏ ထွက်လိုက်ဦးမယ် နောက်မှ မင်းကို လာရှာမယ်"

ပြောပြီးနောက် ဝူချင်းစစ် သီးခြားအတားအဆီးထဲကနေ ထွက်ခွာသွားလေသည်။

ကူချင်းဟွမ်းက ပြုံးပြီး ခေါင်းခါလိုက်ကာ အဆိပ်ကောင်အခန်းဆီ လျှောက်သွားလိုက်လေသည်။

သီးခြားအတားအဆီးကနေ ထွက်လာပြီးနောက် ကျန်းပေရန်က ရှဲ့လင်းတန်းကို ခေါ်ပြီး မိုရှရှိတဲ့ စိမ့်မြေဆီ ဦးတည်သွားလိုက်လေသည်။

လမ်းမှာ ကျန်းပေရန်က ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်ထဲ ဘယ်လို ဆွဲသွင်းရမလဲ၊ ပြီးတော့ အတွင်းအားအဖြစ် ဘယ်လို ပြောင်းလဲရမလဲဆိုတာ ရှဲ့လင်းတန်းကို သင်ပေးဖို့ ကြိုးစားခဲ့လေသည်။

ဒီအဆင့် ပြီးသွားရင် ရှဲ့လင်းတန်းက သာမန်လူတွေရဲ့ ကမ္ဘာကနေ ကျင့်ကြံသူတွေရဲ့ ကမ္ဘာထဲ တရားဝင် ခြေချလိုက်ပြီ ဖြစ်လေသည်။

အနည်းဆုံးတော့ အခုလို သာမန်သယ်ယူပို့ဆောင်ရေး နည်းလမ်းတွေ သုံးမယ့်အစား ကျန်းပေရန်က သူမကို သူ့ရဲ့ မင်္ဂလာတိမ်တိုက်ပေါ် တင်ခေါ်သွားလို့ရပြီ ဖြစ်လေသည်။

ကျင့်ကြံခြင်းဆိုတာ အရမ်း ထူးခြားဆန်းပြားတဲ့ အရာတစ်ခု ဖြစ်လေသည်။

ဝိညာဉ်စွမ်းအင်ကို လုံးဝ အာရုံမခံနိုင်တဲ့အခါ အဲ့ဒါက ကျော်ဖြတ်လို့မရနိုင်တဲ့ တောင်ကြီးတစ်လုံးလိုပါပဲ၊ ဒါပေမဲ့ အစအနလေး တစ်ခုလောက် အာရုံခံမိလိုက်တာနဲ့ ကျန်တာတွေက သဘာဝကျကျ လိုက်ပါလာစမြဲ ဖြစ်လေသည်။

ရှဲ့လင်းတန်းရဲ့ အရည်အချင်းက တကယ် သာမန်ဆန်ပေမယ့် ကျန်းပေရန်ရဲ့ လမ်းညွှန်မှုအောက်မှာ ဝိညာဉ်စွမ်းအင်ကို သူမခန္ဓာကိုယ်ထဲ တဖြည်းဖြည်း ဆွဲသွင်းနိုင်လာခဲ့လေသည်။

"သခင် အောက်ပိုင်းက နွေးနေသလို ခံစားရတယ် ဒါ အတွင်းအားလား"

"မလောနဲ့ ဆက်လုပ်"

"ဟုတ်ကဲ့"

နှစ်နာရီအပြည့် ကြာပြီးနောက် ရှဲ့လင်းတန်းက သူမလက်ဝါးထဲမှာ အတွင်းအားဘောလုံးလေးတစ်ခု နောက်ဆုံးတော့ စုစည်းနိုင်ခဲ့လေသည်။

ဒါက ကျင့်ကြံသူ အများစုအတွက် ဘာမှမဟုတ်ပေမယ့် ရှဲ့လင်းတန်းကိုတော့ ပါးစပ်နားရွက်တပ် ချိတ်မတတ် ပြုံးသွားစေခဲ့လေသည်။

"သခင် ကျွန်မ လုပ်နိုင်ပြီ ကျွန်မ လုပ်နိုင်ပြီ"

ဒါကို ကြားတော့ ကျန်းပေရန် ခေါင်းညိတ်ပြီး ဖျော့တော့စွာ ပြုံးလိုက်လေသည်။

"အင်း ဂုဏ်ယူပါတယ်"

"ဒါဆို ကျွန်မ သခင့်ဘေးနားမှာ ထာဝရ နေလို့ရပြီလား"

"လောလောဆယ်တော့ ရပါတယ်"

ကျန်းပေရန် ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တော့ သူတို့ ဦးတည်ရာနေရာကို ရောက်ခါနီးနေပြီဆိုတာ တွေ့လိုက်ရလေသည်။

မြင်းရထားကို ရပ်လိုက်ပြီး ကျန်းပေရန် ပတ်ဝန်းကျင်ကို ကြည့်ကာ ရှဲ့လင်းတန်းကို ခေါ်ပြီး စိမ့်မြေအတွင်းပိုင်းထဲ ဝင်ရောက်သွားလိုက်လေသည်။

'ဘာ... ဘာတွေ ဖြစ်နေတာလဲ'

စိမ့်မြေထဲ ဝင်ပြီး မကြာခင်မှာပဲ လုံးဝ လူသူကင်းမဲ့နေခဲ့တဲ့ ဒီနေရာက မယုံနိုင်လောက်အောင် စည်ကားနေတာ ကျန်းပေရန် ရုတ်တရက် တွေ့လိုက်ရလေသည်။

ဒီစည်ကားမှုက နည်းနည်းတော့ သဘာဝလွန်ဆန်နေသည်၊ လေထဲမှာ လွင့်မျောနေတဲ့ တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်ရတဲ့ ပုံရိပ်တွေနဲ့ ပြည့်နှက်နေလို့ပါပဲ။

ပြီးခဲ့တဲ့တစ်ခေါက် လာတုန်းက သရဲအရေအတွက် တိုးလာတာ ကျန်းပေရန် သတိထားမိပေမယ့် ဒီတစ်ခါတော့ နည်းနည်း လွန်နေလေသည်။

အကြမ်းဖျင်း ရေတွက်ကြည့်လိုက်တာနဲ့ အကောင် တစ်ရာကျော်ရှိတာ အတည်ပြုနိုင်လေသည်။

ကျန်းပေရန်က သရဲတွေကို ကြည့်နေတုန်း သရဲတွေကလည်း သူ့ကို သဘာဝကျကျ ပြန်ကြည့်နေကြပြီး အချင်းချင်း တီးတိုး ပြောနေကြလေသည်။

'ဟေ့ ကြည့် ကြည့် လူနှစ်ယောက် လာနေတယ်'

"တကယ့်လူတွေပဲ လူတစ်ယောက် မမြင်ရတာ ကြာပြီ"

"ဟင် ဘယ်ဘက်က တစ်ယောက်က ငါတို့ကို မြင်ရတာလား"

"ဟုတ်မယ့်ပုံပဲ ဒါကြောင့် ဒီနေရာကို ရှာတွေ့တာနေမှာ ငါတို့... သွားနှုတ်ဆက်ကြမလား"

ဒါပေမဲ့ ဒီသရဲ လှုပ်ရှားဖို့ ပြင်လိုက်တုန်း ကြီးမားတဲ့ ဖိအားတစ်ခု သူ့အပေါ် လွှမ်းမိုးလာတာ ခံစားလိုက်ရပြီး လုံးဝ မလှုပ်ရှားနိုင် ဖြစ်သွားလေသည်။

မငြိမ်မသက်ဖြစ်နေတဲ့ သရဲအနည်းငယ်ကို အလားတူ နည်းလမ်းနဲ့ နှိမ်နင်းပြီးနောက် ကျန်းပေရန် သစ်သားတဲအိမ်လေး အပြင်ဘက် ရောက်လာခဲ့လေသည်။

"ဒေါက် ဒေါက်"

ကျန်းပေရန် ညာလက်ကို မြှောက်ပြီး တံခါးကို နှစ်ချက် ခေါက်လိုက်လေသည်။

"လာပါပြီ"

တံခါးနောက်က စိတ်လှုပ်ရှားနေတဲ့ တုံ့ပြန်သံနဲ့အတူ သစ်သားတံခါး ပွင့်သွားလေသည်။

"အစ်ကိုကြီး"

သူ့အစ်ကိုကြီး တကယ် ဖြစ်နေတာ မြင်တော့ မိုရှ ပျော်ရွှင်စွာ အော်ဟစ်လိုက်လေသည်။

ကျန်းပေရန်က အကျင့်ပါနေသလို မိုရှရဲ့ ကျင့်ကြံခြင်းကို စစ်ဆေးဖို့ ဝိညာဉ်အာရုံ အသုံးပြုလိုက်လေသည်။

သူ စကားပြောဖို့ ပြင်လိုက်တုန်း တောင့်ခဲသွားလေသည်။

'အနက်ရောင်...

ဝိညာဉ် ဟုတ်လား'

ကျန်းပေရန် မှင်သက်သွားလေသည်။

သူ့ကို ဒီခေါ်လာတုန်းက မိုရှက အနက်ရောင်သခင်အဆင့်ပဲ ရှိသေးတာ သူ ရှင်းရှင်းလင်းလင်း မှတ်မိနေလေသည်။

လအနည်းငယ်ပဲ ရှိသေးတယ် သူ ဘယ်လိုလုပ် အနက်ရောင်ဝိညာဉ် ဖြစ်လာတာလဲ။

ဒီအမြန်နှုန်းက ရှီမျိုးနွယ်စုက ပါရမီရှင်တွေနဲ့ ယှဉ်နိုင်လေသည်။

"မင်းရဲ့ ကျင့်ကြံခြင်းက ဘာဖြစ်တာလဲ"

ကျန်းပေရန် တဲ့တိုး မေးလိုက်လေသည်။

မိုရှက မူလက ကျန်းပေရန်ကို အံ့သြသွားအောင် လုပ်ချင်ပေမယ့် သူ့အစ်ကိုကြီးက သူ့နယ်ပယ်ကို မြင်ပြီးပြီဆိုတာ ကြားလိုက်ရတော့ ဘေးဖယ်ပေးလိုက်ပြီး စစ်တုရင်စားပွဲ တစ်ဖက်က သရဲတစ်ကောင်ကို မိတ်ဆက်ပေးလိုက်လေသည်။

"ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း ဒီလောက်မြန်မြန် တိုးတက်လာတာက ဒီ သရဲစီနီယာရဲ့ အကူအညီကြောင့်ပါ"

စစ်တုရင်စားပွဲ တစ်ဖက်က သရဲကို ကြည့်လိုက်တော့ ကျန်းပေရန်ရဲ့ ပထမဆုံး အထင်အမြင်က ဒီသရဲရဲ့စတိုင်က တခြားကောင်တွေနဲ့ မတူဘူးဆိုတာပါပဲ။

အသွင်အပြင် မဟုတ်ဘဲ အမူအရာ ကွဲပြားတာပါ။

ဒီသရဲက ထူးထူးခြားခြား တည်ငြိမ်နေသည်၊ ဘယ်လောက် တည်ငြိမ်လဲဆိုရင် ကျန်းပေရန် သူ့ဆီကနေ ဘာအတက်အကျမှ မခံစားရတဲ့ အထိပါပဲ။

ဒါက တခြားသရဲတွေအတွက် မဖြစ်နိုင်ပေ။

ကျန်းပေရန်က သရဲကို အကဲခတ်နေတုန်း မိုရှက ချက်ချင်း မိတ်ဆက်ပေးလိုက်လေသည်။

"အစ်ကိုကြီး ဒီ သရဲစီနီယာက စကားတစ်ခွန်းမှ မပြောဖူးဘူး ဒါကြောင့် သူ့အကြောင်း ကျွန်တော် မသိဘူး"

စစ်တုရင်ခုံကို စူးစိုက်ကြည့်နေတဲ့ ပုံရိပ်ကို ကြည့်ပြီး ကျန်းပေရန် ပြောလိုက်လေသည်။

"ဘာဖြစ်ခဲ့လဲ ပြောပြ"

"အစ်ကိုကြီး သူ့ကို မှတ်မိလား"

စစ်တုရင်စားပွဲ ဘေးမှာ ရပ်နေတဲ့ အဖိုးအိုတစ်ယောက်ကို မိုရှ ညွှန်ပြလိုက်လေသည်။

ကျန်းပေရန်က အရင်က သူ ကစားဖူးတဲ့ သရဲမှန်း တစ်ချက်ကြည့်ရုံနဲ့ မှတ်မိလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။

"အင်း မှတ်မိတယ်"

"ပြီးခဲ့တဲ့လတုန်းက ဆုန်ဘို နဲ့ စစ်တုရင် ကစားရင်း ကျွန်တော် ကံကောင်းပြီး သုံးပွဲ နိုင်ခဲ့တယ်..."

"ဘာကို ကံကောင်းတာလဲ နိုင်တာက နိုင်တာပဲ ဘယ်သူမှ ငါ့ကို ကံကောင်းလို့ မနိုင်နိုင်ဘူး"

အဖိုးအိုက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

မိုရှ ချက်ချင်း ပြင်ပြောလိုက်လေသည်။

"ပြီးခဲ့တဲ့လတုန်းက ကျွန်တော်တို့ စစ်တုရင်ပွဲမှာ ဆုန်ဘိုကို သုံးပွဲ နိုင်ခဲ့တယ် ဒါပေမဲ့ ပုံမှန်လိုပဲ ပွဲပြန်သုံးသပ်ဖို့ ပြင်လိုက်တုန်း သူ ရုတ်တရက် ထွက်သွားတာ တွေ့လိုက်ရတယ် သူ သုံးရက်ကြာတဲ့အထိ ပြန်မလာခဲ့ဘူး ဆုန်ဘို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ကျွန်တော် ထင်နေတုန်း သူက ဒီ သရဲစီနီယာနဲ့အတူ ပေါ်လာခဲ့တယ်"

'သူ ဒီသရဲအိုကြီးကို ဒီလောက်မြန်မြန် နိုင်နေပြီလား...'

ကျန်းပေရန် သူတို့ ကစားတာ ကြည့်ဖူးလေသည်။

ဒီသရဲအိုကြီးက မဟာဗျူဟာ စွမ်းရည် ကောင်းမွန်ရုံသာမက ပြောင်းလဲနေတဲ့ အခြေအနေအပေါ် လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်စွမ်းလည်း အရမ်း ကောင်းလေသည်။

မိုရှနဲ့ ကစားတုန်းက ပထမပွဲကို သူ သန့်သန့်ရှင်းရှင်း အနိုင်ယူခဲ့တာ။

ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်း မိုရှ သူ့ကို အနိုင်ယူနိုင်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။

'ဒီကောင်လေးရဲ့ စစ်တုရင်ပါရမီက တကယ် အံ့သြစရာကောင်းတာပဲ...'

ဒါပေမဲ့ ဒါက အဓိကအချက် မဟုတ်မှန်း ကျန်းပေရန် သိတာကြောင့် စိတ်ရှည်ရှည်နဲ့ ဆက်နားထောင်နေလိုက်လေသည်။

"ဒီ သရဲစီနီယာက ကျွန်တော့်မျက်နှာချင်းဆိုင် လာထိုင်တယ် သူ ကျွန်တော့်ကို မကြည့်ဘူး၊ စကားလည်း မပြောဘူး သူက အဲ့ဒီမှာ တိတ်တဆိတ်ထိုင်ပြီး အမည်းရောင်ကျောက်တုံးတစ်လုံး ကောက်ကိုင်လိုက်တယ်"

"အဲ့ဒီနောက် ကျွန်တော်တို့ စကစားတဲ့အခါ ဒီ သရဲစီနီယာရဲ့ စစ်တုရင်စွမ်းရည်တွေက ထူးထူးခြားခြား မြင့်မားတာ တွေ့ရှိခဲ့ရတယ် သူ ကျွန်တော့်ကို နှစ်ပွဲဆက်တိုက် နိုင်ခဲ့တယ် ကျွန်တော့်မှာ တိုက်ခိုက်ခွင့် လုံးဝ မရှိခဲ့ဘူး"

"ပြီးတော့ရော"

"ပြီးတော့... အစ်ကိုကြီးက နေ့တိုင်း ကျင့်ကြံဖို့ မှာထားတာကြောင့် မနက်ခင်းတွေမှာ ကျွန်တော် အမြဲ လေ့ကျင့်ပါတယ် ဒါပေမဲ့ သရဲစီနီယာက ကျွန်တော်နဲ့ စစ်တုရင်ကစားဖို့ အရမ်း စိတ်အားထက်သန်ပုံ ရတယ် ဒါကြောင့် ကျွန်တော် လေ့ကျင့်တိုင်း သူက ဘေးမှာထိုင်ပြီး ကြည့်နေတတ်တယ်"

"တစ်နေ့ကျတော့ သရဲစီနီယာက မနက် အရမ်းစောစော ရောက်လာတယ်"

"ကျွန်တော် ကျင့်ကြံနေတုန်းပဲဆိုတာ မြင်တော့ သူ ရုတ်တရက် လျှောက်လာပြီး သူ့လက်ကို ကျွန်တော့်ခေါင်းပေါ် တင်လိုက်တယ်"

"အဲ့ဒီ ထိတွေ့မှု တစ်ချက်တည်းနဲ့ အရင်က နားမလည်ခဲ့တဲ့ ကျင့်ကြံခြင်းပြဿနာတွေ အများကြီးကို ကျွန်တော် နားလည်သွားတယ်"

"ဝိညာဉ်စွမ်းအင် စုပ်ယူတဲ့နှုန်းတောင် သိသိသာသာ မြန်ဆန်လာခဲ့တယ်"

'ဘုရားရေ အင်မော်တယ်... မဟုတ်ဘူး သရဲက ခေါင်းပုတ်ပေးတယ် ဟုတ်လား'

"သူက မင်းကို ကျင့်ကြံရာမှာ ကူညီပေးနေတာလို့ ပြောချင်တာလား"

"ဟုတ်ကဲ့"

မိုရှ အားပါးတရ ခေါင်းညိတ်လိုက်လေသည်။

"သရဲစီနီယာက ကျွန်တော့်ကို ကျင့်ကြံရာမှာ ကူညီပေးရုံသာမက နည်းစနစ်သစ်တစ်ခုလည်း သင်ပေးခဲ့ပါတယ် ဒါပေမဲ့... ကျွန်တော်က အရမ်း တုံးအလွန်းလို့ အခုထိ မသင်ယူနိုင်သေးပါဘူး"

'အဲ့လိုလည်း ရှိသေးတာလား'

ကျင့်ကြံရာမှာ ကူညီပေးနိုင်ရုံသာမက နည်းစနစ်တွေတောင် ပေးသနားနိုင်တဲ့ ဒီလို စွမ်းအားကြီးတဲ့ သရဲမျိုး ကျန်းပေရန် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်လေသည်။

ဒါက သရဲအမျိုးအစားနဲ့ လုံးဝ ကွဲထွက်နေလေသည်။

သူ့မှာ မေးခွန်းတွေ အများကြီး ရှိနေသေးပေမယ့် စားပွဲပေါ်က မပြီးသေးတဲ့ပွဲကို ကြည့်ပြီး ကျန်းပေရန် ပြောလိုက်လေသည်။

"ဆက်ကစားကြ ငါ ဘေးက ကြည့်နေမယ်"

"ဒါပေမဲ့..."

"ဒါပေမဲ့တွေ မလိုဘူး ဆက်လုပ်"

"ဟုတ်ကဲ့"

ပြန်ဖြေပြီးနောက် မိုရှ စစ်တုရင်စားပွဲဆီ ပြန်သွားပြီး သူ့ရဲ့ အဖြူရောင်ကျောက်တုံးကို ကောက်ကိုင်လိုက်လေသည်။

"ကျင့်ကြံရာမှာ ကူညီပေးနိုင်တဲ့ သရဲ... ထန်ကျင်းရန်ဆီကနေ အဲ့လိုအကြောင်းမျိုး တစ်ခါမှ မကြားဖူးပါဘူး စိတ်ဝင်စားစရာပဲ"

ချက်ချင်း စိတ်ဝင်စားသွားပြီး ကျန်းပေရန် သူ့စိတ်ထဲမှာ စတင် တွေးတောနေလိုက်လေသည်။

All Chapters