လျိုချီ၏ အတိတ်
Vol. 94 Ch. 1310
ဒါကတော့ ချိတ်ပိတ်ထားတဲ့ စွန့်ပစ် ကျောင်းဟောင်းကြီး တစ်ခု ဖြစ်သည်။
ကားတစ်စီး ကျောင်းတံခါးဝတွင် ရပ်လိုက်လေသည်။
ကားပေါ်မှ လူသုံးယောက် ဆင်းလာပြီး ကျောင်းတံခါးဝတွင် ရပ်ကာ အကဲခတ်နေကြသည်။
"ဘာလို့ အမှတ် ၇ အလယ်တန်းကျောင်းကို လာတာလဲ ဒီကျောင်းကြီး ပိတ်ထားတာ တစ်နှစ်ရှိနေပြီ"
လျိုချီ အနည်းငယ် စိတ်ဝင်စားသွားပြီး ပေါင်းပင်များ ဖုံးလွှမ်းနေသော ကျောင်းဝင်းကြီးကို ကြည့်ကာ တွေဝေငေးမောနေသည်။
သူ့စိတ်ထဲတွင် သူတို့အတန်း ဒီနေရာမှာ ကြုံတွေ့ခဲ့ရသော တံခါးခေါက်တစ္ဆေ အဖြစ်အပျက်ကို ချက်ချင်း ပြန်သတိရသွားသည်။
သာမန် နေ့ရက်တစ်ရက်ပါပဲ။ အားလုံး ညနေပိုင်း စာကြည့်ချိန် ရောက်နေတာ ဘယ်သူက အိပ်မက်ဆိုးကြီး ကျရောက်လာမယ်လို့ ထင်ထားမှာလဲ။ အချိန်အားဖြင့် တစ်နှစ်လောက်ပဲ ရှိသေးပေမယ့် အရာအားလုံးက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ။
"သွားစရာ နေရာမရှိလို့ ဒီမှာ လမ်းလျှောက်ထွက်မလို့လေ။ တိတ်ဆိတ်ပြီး ဘယ်သူမှ မရှိတော့ စကားပြောလို့ ကောင်းတာပေါ့"
ယန်ကျန့် ပြောလိုက်သည်။
လျိုချီ သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် နေရာဟောင်းကို မရောက်တာ ကြာပြီ ပြန်ကြည့်ရတာ ကောင်းသားပဲ"
ကျန်းဝေ့ သူ့မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"အစ်ကိုကြီး... ဒီနေရာကို ငါ ဝယ်လိုက်ရင် ကောင်းမလား။ ပြန်ပြုပြင်ပြီး လျှို့ဝှက်စခန်း လုပ်လို့ ရတယ်လေ။ နေရာကောင်းပဲ လူသူလည်း ကင်းတယ် အနီးနားက လူတွေ ပြောင်းကုန်ကြပြီ။ ပြီးတော့ မြို့လယ်ခေါင်မှာ ရှိတော့ ဘာလုပ်လုပ် အဆင်ပြေတယ်"
"မင်းမှာ ဒီလို စီးပွားရေး အမြင်မျိုး ရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး"
ယန်ကျန့် အနည်းငယ် အံ့သြသွားသည်။
ကျန်းဝေ့ ရယ်မောပြီး ပြောလိုက်သည်။
"ဟားဟား ဒီလောက် မြေနေရာ အကျယ်ကြီးကို အလကား ပစ်ထားတာ နှမြောစရာ ကောင်းလို့ပါ။ ဝယ်လိုက်ရင် သေချာပေါက် တန်မှာပါ"
"သွားကြစို့ အထဲမှာ လမ်းလျှောက်ရင်း ထိုင်စရာ နေရာရှာပြီး တစ်ခုခု စားကြတာပေါ့။ အားဝေ့... ပစ္စည်းတွေ ယူလာခဲ့"
ယန်ကျန့် ပြောလိုက်သည်။
ကျန်းဝေ့ ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ငါဝယ်လာတဲ့ အသားကင်တွေ ကောင်းကောင်း သိမ်းထားပါတယ်"
ပြောရင်းဆိုရင်း သူ ကားနောက်ဖုံးကို ဖွင့်ပြီး ပါဆယ်ဗူးတွေ ထည့်ထားတဲ့ အိတ်ကြီးတစ်လုံးနဲ့ ကိုကာကိုလာ တစ်ကဒ်ကို ထုတ်ယူလိုက်သည်။
သူတို့သုံးဦးသည် အရောင်မှိန်နေသော တားမြစ်စည်းကို ကျော်ဖြတ်ပြီး ပေါင်းပင်များ ထူထပ်နေသော စွန့်ပစ်ကျောင်းထဲသို့ ဝင်ရောက်သွားကြလေသည်။
"ငါ မှတ်မိသေးတယ် ဝမ်ကျီဟောင် ဒီနေရာမှာ သေသွားတာ"
လျိုချီ ရှေ့ကို လက်ညှိုးထိုးပြပြီး ခံစားချက် ပါပါ ပြောလိုက်သည်။
ကျန်းဝေ့ ပြောလိုက်သည်။
"အဲဒီငတုံး အကြောင်း မပြောပါနဲ့ကွာ။ ဝမ်ကျီဟောင်သာ ဖုန်းကိုင်ပြီး တစ္ဆေကို ခေါ်မလာခဲ့ရင် ငါတို့ ၇ ယောက်ထက် ပိုပြီး အသက်ရှင် ကျန်ရစ်ခဲ့မှာ။ ပြီးတော့ အဲဒီတုန်းက ငါ့ရဲ့ အပျိုစင် ဆီးက အသုံးဝင်တယ် မဟုတ်လား အစ်ကိုကြီး"
သူ့မှာ ဝမ်ကျီဟောင်နဲ့ ပတ်သက်ပြီး နက်ရှိုင်းတဲ့ အမှတ်တရ ရှိနေသည်။
ဘာပဲဖြစ်ဖြစ် ကျောင်းတုန်းက ဒီကောင်က စာတော်တဲ့ ကျောင်းသားလေ အရမ်း မောက်မာတယ် အမှတ်တရ ဖြစ်စရာ ကောင်းတာပေါ့။
"မင်းရဲ့ အပျိုစင် ဆီးက ငါ့လက်ကို ဆီးနံ့ နံစေတာကလွဲရင် ဘာမှ အသုံးမဝင်ဘူး"
ယန်ကျန့် ပြောလိုက်သည်။
"အပြစ်အတင်ရဆုံးက ဖန်ကျင်း ပဲ။ သူသာ မရှိရင် ငါတို့ အတန်းဖော် အများစု အသက်ရှင်နိုင်တယ်။ သူက အရမ်း အတ္တကြီးလွန်းတယ် ကိုယ်လွတ်ရုန်းဖို့အတွက် လူအများကြီးကို စတေးခဲ့တာ"
"နှမြောစရာ အကောင်းဆုံးက အတန်းရဲ့ အလှဘုရင်မလေး စုလေ ပဲ။ သူက အရမ်း လှတာ။ တစ္ဆေလက်ချက်နဲ့ သေတာ မဟုတ်ဘူး ပြုတ်ကျပြီး သေသွားတာ"
လျိုချီ ပြောလိုက်သည်။
"အဲဒီတုန်းက ငါ စုလေ နဲ့ အတူတူ ပြုတ်ကျတာ။ သူ အရမ်း ကံဆိုးတာပဲ လည်ပင်းကို သံချောင်း ထိုးမိသွားတာ။ မဟုတ်ရင် သူ သေမှာ မဟုတ်ဘူး။ ငါ ဘေးကနေ ကြည့်နေခဲ့တာ စုလေ အသက်ရှင်နေတုန်းပဲ အသက်ရှူနေတုန်းပဲ။ ငါ တကယ် ကယ်ချင်ခဲ့တာ။ ဒါပေမဲ့ အားဝေ့ ကယ်ချင်ပေမယ့် ငါ ဘာမှ မတတ်နိုင်ခဲ့ဘူး"
ကျန်းဝေ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အထူးသဖြင့် နောင်တရနေပုံ ပေါက်နေသည်။
လျိုချီ ပြောလိုက်သည်။
"သြော် အဲလိုကိုး။ ငါက မင်းနဲ့ စုလေ အတူတူ ပြုတ်ကျသွားတာပဲ မြင်လိုက်တာ။ ပြုတ်ကျလို့ သေတာ မဟုတ်ဘဲ လည်ပင်းကို သံချောင်း ထိုးမိသွားတာပေါ့"
သူတို့သုံးဦးသည် အတိတ်က အတွေ့အကြုံများကို ဆွေးနွေးရင်း ပိုမို ရင်းနှီးလာသကဲ့သို့ ဖြစ်နေသည်။
တိတ်ဆိတ်နေသော ကစားကွင်းပေါ်တွင် လမ်းလျှောက်ရင်း ထွက်ပြေးခဲ့သော လမ်းကြောင်းအတိုင်း ပြန်လျှောက်ရင်း အတိတ်က အမှတ်တရများစွာ ပြန်လည် နိုးထလာသည်။
"လျိုချီ... မင်း သိသင့်တယ်။ ငါက ပြိတ္တာဖြစ်ရပ် ကြုံတုန်းက တစ္ဆေဆရာ ဖြစ်လာတာ။ အဲဒါကြောင့် မင်းတို့အားလုံးကို အမှတ် ၇ အလယ်တန်းကျောင်းကနေ ခေါ်ထုတ်နိုင်ခဲ့တာ။ တံခါးခေါက်တစ္ဆေရဲ့ တစ္ဆေနယ်မြေကနေ လွတ်မြောက်စေခဲ့တာ။ ဒါပေမဲ့ အဲဒီတုန်းက မင်းက သာမန်လူ တစ်ယောက်ပဲ ရှိသေးတာ။ အခု တစ်နှစ်အတွင်းမှာ မင်းက တစ္ဆေထိန်းကျောင်းသူ ဖြစ်လာရုံတင် မကဘူး ဌာနချုပ်ကို ဝင်ရောက်ပြီး ခေါင်းဆောင်လောင်း တစ်ယောက်တောင် ဖြစ်လာခဲ့ပြီ။ မင်း ဘာတွေ ဖြတ်သန်းခဲ့ရတာလဲ"
ယန်ကျန့် ရုတ်တရက် ရပ်လိုက်ပြီး လျိုချီဘက် လှည့်ကာ မေးလိုက်သည်။
လျိုချီ ဖုံးကွယ်မထားဘဲ တဲ့တိုး ပြောပြလိုက်သည်။
"ပြီးခဲ့တဲ့ အတန်းဖော်တွေ ဆုံပွဲကို ငါ မလာတာက မလာချင်လို့ မဟုတ်ဘူး ဇာတိမှာ ပြဿနာ တက်နေလို့ပါ။ ငါ့အဘိုးနဲ့ အဘွား တစ်ရက်တည်း တစ်ချိန်တည်းမှာ ဆုံးပါးသွားကြလို့လေ"
"တစ်ရက်တည်း တစ်ချိန်တည်းမှာ အတူတူ ဆုံးပါးသွားတယ် ဟုတ်လား"
ယန်ကျန့် မျက်လုံးများ စူးရှသွားသည်။
"မင်းအဘိုးနဲ့ အဘွားက တစ္ဆေဆရာတွေလား"
"တစ္ဆေဆရာလို့ ခေါ်လို့ရမလားတော့ ငါ မသိဘူး။ ဒါပေမဲ့ သူတို့မှာ သဘာဝလွန် အရာတွေ ရှိနေတာတော့ သေချာတယ်။ အရင်က ကျိန်စာသင့်ခဲ့ဖူးပေမယ့် အသက်ရှင်ခဲ့ကြတယ်။ ဒါကြောင့် ငါ့အဘိုးနဲ့ အဘွားရဲ့ အသက်က ဆက်နွယ်နေတာ။ တစ်ယောက်သေရင် နောက်တစ်ယောက် လိုက်သေရမှာ"
လျိုချီ ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
"အဲဒီ ဈာပန ဘယ်လောက် ကြောက်စရာ ကောင်းလဲ မင်း စိတ်ကူးကြည့်လို့ ရမှာ မဟုတ်ဘူး။ အဲဒီညက ခန်းမထဲမှာ ခေါင်းတလား နှစ်လုံး ချထားတယ်။ ငါနဲ့ ဆွေမျိုးတချို့ ညစောင့်နေတုန်း ငါ့အဘိုးနဲ့ အဘွား ခေါင်းတလားထဲကနေ ပျောက်သွားကြတယ်... သေတာ ရက်အတော်ကြာနေပြီ ဖြစ်ပေမယ့် အိမ်ဟောင်းနားမှာ လမ်းလျှောက်နေကြတာ"
"သူတို့ ဇွန်ဘီ ဖြစ်သွားတာလား"
ကျန်းဝေ့ မျက်လုံးပြူးသွားသည်။
"တစ္ဆေပြန်နိုးထတာလား"
ယန်ကျန့် မေးလိုက်သည်။
"မသေချာဘူး"
လျိုချီ ခေါင်းခါလိုက်သည်။
"အဲဒီအချိန်တုန်းက ငါ့အဘိုးနဲ့ အဘွားရဲ့ အခြေအနေကို ငါ မဆုံးဖြတ်နိုင်ခဲ့ဘူး။ တစ္ဆေပြန်နိုးထတာလား ဇွန်ဘီ ဖြစ်တာလား ဒါမှမဟုတ် သဘာဝလွန် အရာတစ်ခုခုက ခန္ဓာကိုယ်ကို ဝင်ပူးတာလား မသိဘူး။ ငါသိတာက ငါ့အဘိုးနဲ့ အဘွား အိမ်ဟောင်းနားမှာ လမ်းလျှောက်နေတဲ့ အချိန်ကစပြီး ရွာထဲက လူတွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတာပဲ..."
"အခြေအနေက ပိုဆိုးလာတယ်။ လူတိုင်း ကြောက်လန့်ပြီး တချို့က ထွက်ပြေးကြတယ်။ ဒါပေမဲ့ ထွက်ပြေးလို့ လွတ်သွားတဲ့ သူတွေက ရွာထဲကို အမြဲတမ်း ပြန်ရောက်လာကြတယ်။ အေးစက်တဲ့ အလောင်းကောင်တွေ အဖြစ် ပြန်ရောက်လာကြတာ။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကနေ သွေးတွေ ယိုစီးပြီး ကြောက်စရာ ကောင်းလိုက်တာ"
"အကြောက်စရာ အကောင်းဆုံး အချိန်က ရွာထဲက လူဒါဇင်ပေါင်းများစွာ အလောင်းကောင်တွေ ဖြစ်သွားပြီး လယ်ကွင်းထဲမှာ မတ်တတ်ရပ်ကာ ငါတို့ကို စိုက်ကြည့်နေကြတဲ့ အချိန်ပဲ"
ပြောရင်းဆိုရင်း လျိုချီ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။
ရင်ထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားသော ကြောက်မက်ဖွယ် အကောင်းဆုံး အရာကို ပြန်ပြောပြရတာ သူ အနည်းငယ် နေမထိထိုင်မသာ ဖြစ်နေသည်။
"ကြည့်ရတာ မင်းအဘိုးနဲ့ အဘွားက ရွာထဲမှာ လှည့်လည်သွားလာပြီး လူတွေကို လိုက်သတ်နေတာပဲ"
ယန်ကျန့် ပြောလိုက်သည်။
"ဒါဆို မင်းအဘိုးနဲ့ အဘွားက တစ္ဆေဆရာတွေ မဟုတ်လောက်ဘူး။ တကယ်လို့ ဟုတ်ရင် သူတို့ ကြိုတင် ပြင်ဆင်ထားမှာပေါ့။ သူတို့ကိစ္စတွေကို ဒီတိုင်း ပစ်မထားဘဲ မျိုးဆက်သစ်တွေကို ဒီလို အကြောက်တရားမျိုး ခံစားရအောင် လုပ်မှာ မဟုတ်ဘူး"
"မင်း စောစောက ပြောတယ် မင်းအဘိုးနဲ့ အဘွား ကျိန်စာသင့်ဖူးတယ်လို့။ ငါ ခန့်မှန်းကြည့်ရတာ သူတို့ ငယ်ငယ်တုန်းက သဘာဝလွန် ဖြစ်ရပ်တစ်ခု ကြုံခဲ့ရပြီး အသက်ရှင်ဖို့အတွက် ကျိန်စာသင့်တာကို လက်ခံခဲ့ရတာ ဖြစ်မယ်။ သူတို့ သေသွားရင် ကျိန်စာလည်း ပြီးဆုံးသွားမယ်လို့ ထင်ခဲ့ကြပုံရတယ်။ ဒီလို ဖရိုဖရဲ ဖြစ်လာမယ်လို့ မမျှော်လင့်ထားကြဘူး နေမှာ"
"မင်း သုံးသပ်တာ မှန်ပါတယ်။ နောက်ပိုင်း ငါ သေချာ စဉ်းစားကြည့်တော့ အဲဒီအတိုင်း ဖြစ်ပုံရတယ်။ ငါ့အဘိုးနဲ့ အဘွားက သဘာဝလွန် ကျိန်စာသင့်ပေမယ့် အသက်ရှင်ခဲ့ကြတယ်။ သူတို့ အသက်ရှင်နေတုန်းက အန္တရာယ် မရှိပေမယ့် သေသွားတဲ့အခါ ကျိန်စာက ထိန်းချုပ်မရ ဖြစ်သွားပြီး ဒီလို ကြောက်မက်ဖွယ် သဘာဝလွန် ဖြစ်ရပ်ကြီး ဖြစ်လာတာ"
လျိုချီ ခေါင်းညိတ်လိုက်သည်။
ကျန်းဝေ့ ပြောလိုက်သည်။
"ဘုရားရေ... မင်းအဘိုးနဲ့ အဘွားက မင်းနောက်လိုက်ပြီး ရွာထဲမှာ ပိတ်မိနေစေတာလား။ လွန်လွန်းတယ်ကွာ။ ဒါနဲ့ မင်း ဘယ်လို ဖြေရှင်းလိုက်လဲ။ သူတို့ကို ဒူးထောက်ပြီး ဦးချလိုက်တာတော့ မဟုတ်ပါဘူးနော်"
"အဲဒီတုန်းက ရွာထဲမှာ သဘာဝလွန် ဖြစ်ရပ် ကြုံဖူးတာ ငါတစ်ယောက်တည်း ရှိတယ်။ တံခါးခေါက်တစ္ဆေ ဖြစ်ရပ်က ငါ့အပေါ် အများကြီး သက်ရောက်မှု ရှိခဲ့ပေမယ့် အများကြီးလည်း သင်ပေးခဲ့တယ်။ ကျိုးကျန့် ပြောခဲ့တဲ့ စကားသုံးခွန်း လိုပေါ့"
"တစ္ဆေတွေကို သတ်လို့ မရဘူး"
"တစ္ဆေတွေကပဲ တစ္ဆေတွေကို ကိုင်တွယ်နိုင်တယ်"
"တစ္ဆေတွေရဲ့ ပုံစံကို လေ့လာပါ"
လျိုချီ ဆက်ပြောလိုက်သည်။
"အဲဒီတုန်းက ငါတို့ အသက်ရှင်ခဲ့တာ အဲဒီ စကားသုံးခွန်းကြောင့်ပဲ။ ဒါကြောင့် စိတ်တည်ငြိမ်သွားတဲ့အခါ ငါ ဒါကို ဖြေရှင်းရမယ့် သဘာဝလွန် ဖြစ်ရပ်တစ်ခု အနေနဲ့ စတင် ကိုင်တွယ်ခဲ့တယ်။ သာမန်လူတစ်ယောက် အနေနဲ့ အသက်ရှင်ဖို့အတွက် တစ္ဆေရဲ့ သတ်ဖြတ်တဲ့ ပုံစံကို ရှာဖွေရမယ်"
"လမ်းခရီးမှာ အန္တရာယ်တချို့ ရှိခဲ့ပေမယ့် ကံကောင်းစွာနဲ့ အကြောင်းရင်းကို ငါ ရှာတွေ့ခဲ့တယ်"
"ငါ့အဘိုးနဲ့ အဘွား လူတွေကို လိုက်သတ်နေရတဲ့ အကြောင်းရင်းက ကျိန်စာ ဟန်ချက်ပျက်နေလို့ပဲ။ သေဆုံးသွားတဲ့ ငါ့အဘိုးက အဘွားကို လိုက်ရှာနေပြီး အဘွားကလည်း အဘိုးကို လိုက်ရှာနေတာ။ တကယ်တမ်းကျတော့ သူတို့က ဈာပန ခန်းမ တစ်ခုတည်းမှာ အတူတူ ရှိနေတာလေ။ သူတို့ ဘယ်တော့မှ မတွေ့ကြဘူး။ ဒါကြောင့် လူတွေကို စသတ်တာ။ ရွာနဲ့ ဝေးလေလေ ပစ်မှတ်ထားခံရဖို့ အခွင့်အလမ်း ပိုများလေလေပဲ"
"ဖြေရှင်းနည်းက ရိုးရိုးလေးပါ။ ငါ့အဘိုးကို အဘွားနဲ့ တွေ့အောင် လုပ်ပေးလိုက်ပြီး လက်ချင်းချိတ်ပေးလိုက်ရုံပဲ။ ဒါဆို သူတို့ ခန္ဓာကိုယ်တွေ ရပ်တန့်သွားလိမ့်မယ်"
"ကံကောင်းလို့ မင်း အောင်မြင်သွားတာပေါ့"
ယန်ကျန့် ပြောလိုက်သည်။
လျိုချီ နာကျင်စွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် ငါ အောင်မြင်ခဲ့တယ်။ သေဆုံးသွားတဲ့ အဘိုးနဲ့ အဘွားကို ခေါင်းတလား တစ်လုံးတည်းမှာ အတူတူ မြှုပ်နှံလိုက်တယ်။ အဲဒီကျမှ သဘာဝလွန် ဖြစ်ရပ် ပြီးဆုံးသွားတာ။ ဒါပေမဲ့ လူတွေ အများကြီး သေကုန်ကြပြီ။ ရွာထဲက ငါ့ဆွေမျိုးတွေ အများကြီး သေသွားကြတယ်..."
အဲဒီတုန်းက အခြေအနေကို သူ အသေးစိတ် မပြောပြချင်တော့ပေ။
သေဆုံးသွားတဲ့ အဘိုးနဲ့ အဘွားကို လက်ချင်းချိတ်ပြီး အတူတူ မြှုပ်နှံနိုင်ဖို့အတွက် သူ ကြီးမားတဲ့ ပေးဆပ်မှုတွေ ပြုလုပ်ခဲ့ရပုံ ရသည်။
ဘာပဲဖြစ်ဖြစ် လျိုချီ ရွာက လူတွေက သာမန်လူတွေလေ။ သာမန်လူတွေ အနေနဲ့ သဘာဝလွန် ဖြစ်ရပ်ကို ဖြေရှင်းဖို့ ဆိုတာ အသက်နဲ့ရင်းပြီး စွန့်စားရတာ။ တစ်ယောက်ယောက်က အဲဒီ အန္တရာယ်ကို ယူရမှာ။
တစ်စုံတစ်ယောက်က အရာအားလုံး စွန့်လွှတ်ပြီး စွန့်စားရဲခဲ့လို့သာ လျိုချီ အသက်ရှင်ခဲ့တာ ဖြစ်သည်။
လျိုချီ အတွက် အသက်စွန့်ရဲတဲ့သူတွေ ဆိုတာ သူ့မိဘတွေ ဖြစ်ဖို့ များသည်။
ယန်ကျန့် တိတ်ဆိတ်နေပြီး ဆက်မမေးတော့ပေ။
"အရမ်း ဝမ်းမနည်းပါနဲ့ အတိတ်က ပြီးခဲ့ပါပြီ။ ငါတို့ ဆက်လက် ရှင်သန်ဖို့ ကြိုးစားရမှာပေါ့"
ကျန်းဝေ့ လျှောက်လာပြီး နှစ်သိမ့်ကာ ပခုံးပုတ်လိုက်သည်။
ဒါပေမဲ့ လျိုချီ ရှောင်လိုက်သည်။
"ငါ့ကို မထိနဲ့ ဝေးဝေးနေ မဟုတ်ရင် သာမန်လူတွေ အလွယ်တကူ သေသွားနိုင်တယ်။ ငါ မင်းကို မတော်တဆ မထိခိုက်စေချင်ဘူး"
"တောက် မင်း စောစော ပြောသင့်တာ"
ကျန်းဝေ့ အနောက်သို့ ခြေလှမ်းအနည်းငယ် အမြန် ဆုတ်လိုက်သည်။
"ဒါဆို အဲဒီကိစ္စ ပြီးမှ မင်း တစ္ဆေဆရာ ဖြစ်လာတာလား"
ယန်ကျန့် မေးလိုက်သည်။
လျိုချီ ဆက်ပြောလိုက်သည်။
"မဟုတ်ဘူး ချက်ချင်း မဟုတ်ဘူး။ အဲဒီကိစ္စ ပြီးသွားတော့ ငါ နားလည်လိုက်တယ်။ ဒီကမ္ဘာကြီးမှာ သဘာဝလွန် ဖြစ်ရပ်တွေ မကြာခဏ ဖြစ်ပွားနေမှတော့ အသက်ရှင်ဖို့နဲ့ ငါ့ဘေးနားက လူတွေကို ကာကွယ်ဖို့အတွက် သဘာဝလွန် စွမ်းအားတွေကို ငါ ပိုင်ဆိုင်ထားမှ ဖြစ်မယ်။ ငါ နာကျင်မှု အားလုံးကို ခံနိုင်တယ်။ ဒါပေမဲ့ ငါ့မိသားစုက ငါ့အတွက် ထပ်ပြီး စွန့်လွှတ် အနစ်နာခံတာကိုတော့ ငါ ထပ်မကြည့်ရက်တော့ဘူး။ မစွမ်းသာတဲ့ ခံစားချက်နဲ့ မျှော်လင့်ချက် ကင်းမဲ့တဲ့ ခံစားချက်ကို ငါ့ဘဝမှာ ထပ်မခံစားချင်တော့ဘူး"
"ဒါကြောင့် အဲဒီကိစ္စ ပြီးသွားတာနဲ့ သဘာဝလွန် ခြေရာလက်ရာတွေကို ငါ ရူးရူးမူးမူး လိုက်ရှာခဲ့တယ်"
"ကံကောင်းတာက သဘာဝလွန် ခြေရာလက်ရာတွေကို ရှာရတာ မခက်ပါဘူး။ ငါ သဘာဝလွန် အရာတွေနဲ့ တက်တက်ကြွကြွ စတင် ထိတွေ့ခဲ့တယ်။ ယန်ကျန့်... မင်းလို တစ္ဆေထိန်းကျောင်းသူ တစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ပြီးတော့လေ"
ယန်ကျန့် ပြောလိုက်သည်။
"တစ္ဆေဆရာ ဖြစ်လာတယ် ဆိုတာ တိုက်ဆိုင်မှုပါ။ သာမန်လူတစ်ယောက် အနေနဲ့ သဘာဝလွန် အရာတွေနဲ့ တက်တက်ကြွကြွ ထိတွေ့တာက အရမ်း အန္တရာယ်များတယ်"
"ငါ သိပါတယ် ဒါပေမဲ့ ငါ့မှာ တခြား ရွေးချယ်စရာ မရှိဘူးလေ"
လျိုချီ ပြောလိုက်သည်။
"ငါ့ရဲ့ တစ်ခုတည်းသော အားသာချက်က သဘာဝလွန် သတ်ဖြတ်မှုတွေမှာ ပုံစံ ရှိတယ် ဆိုတာ သိထားတာပဲ။ ပြီးတော့ တစ္ဆေဆိုးတွေကို ကိုင်တွယ်တဲ့အခါ အရမ်း ကြောက်စရာကောင်းတဲ့ တစ္ဆေတွေကို မရွေးရဘူး။ သဘာဝလွန် အရာတွေ စတင် ပေါ်ပေါက်ကာစ အချိန်မှာ လှုပ်ရှားရမယ်... ငါ အန္တရာယ်ရှိတဲ့ အခြေအနေ အနည်းငယ် ကြုံခဲ့ရပေမယ့် ကံကောင်းစွာနဲ့ နောက်ဆုံးမှာ အောင်မြင်ခဲ့တယ်"
"သဘာဝလွန် ခြေရာလက်ရာတွေ ပေါ်လာတဲ့ နေရာတစ်ခုမှာ တစ္ဆေဆိုး တစ်ကောင်ကို ငါ နောက်ဆုံးမှာ ထိန်းချုပ်နိုင်ခဲ့ပြီး တစ္ဆေထိန်းကျောင်းသူ ဖြစ်လာခဲ့တယ်"
"ဒါပေမဲ့ ဒါက အစပဲ ရှိသေးတယ် ဆိုတာ ငါ သိတယ်။ ကြီးထွားလာဖို့ ဆိုရင် သဘာဝလွန် အရာတွေနဲ့ ဆက်တိုက် ထိတွေ့နေရမယ်။ ဒါကြောင့် ငါ မရပ်တန့်ခဲ့ဘူး။ သဘာဝလွန် ဖြစ်ရပ်တွေမှာ ဆက်လက် ပါဝင်ခဲ့တယ်။ အဲဒီကနေ သဘာဝလွန် စွမ်းအားသစ်တွေ ရယူပြီး အဆက်မပြတ် တိုးတက်အောင် လုပ်ခဲ့တယ်"
လျိုချီ ပြောလိုက်သည်။
"ဒါကြောင့် ငါ အဆက်အသွယ် ပြတ်နေခဲ့တာ။ နောက်ပိုင်း ငါ နည်းနည်း အားတဲ့အချိန်မှာ မင်း ဌာနချုပ်ကို ဝင်ပြီး တာချန်းမြို့ရဲ့ ခေါင်းဆောင် ဖြစ်သွားပြီ ဆိုတာ ကျန်းဝေ့ဆီက သိလိုက်ရတယ်။ ဒါကြောင့် ငါလည်း ဌာနချုပ်ကို ဝင်ဖို့ ဆုံးဖြတ်လိုက်တာ"
"ဒါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ငါ ပြောရမယ်။ ဌာနချုပ် ဝင်ပြီးနောက် တစ္ဆေဆရာတွေ အကြောင်း ဗဟုသုတတွေ အများကြီး ရခဲ့တယ်။ တစ္ဆေပြန်နိုးထတာကို နှောင့်နှေးအောင် လုပ်မယ့် နည်းလမ်းတွေ သင်ယူခဲ့တယ်။ ပြီးတော့ သဘာဝလွန် ဖြစ်ရပ်တွေကို ဆက်လက် ဖြေရှင်းရင်း တစ္ဆေဆိုးတွေကို ထိန်းချုပ်ကာ သဘာဝလွန် ဟန်ချက်ညီမှု အသစ် ရှာဖွေခဲ့တယ်။ ငါ အရမ်း နှစ်မြှုပ်ထားမိလို့ ထင်တယ်။ သတိပြန်ဝင်လာတဲ့ အချိန်မှာ ခေါင်းဆောင်လောင်း အဖြစ် အမည်စာရင်း တင်သွင်းခံလိုက်ရပြီ"
သူ အတိုချုပ် ပြောလိုက်ပေမယ့် စိတ်ကူးကြည့်လို့ ရပါသည်။
အဲဒီအချိန်တုန်းက လျိုချီက သဘာဝလွန် အရာတွေနဲ့ မပြတ်တမ်း ထိတွေ့ရင်း ကိုယ့်ကိုယ်ကိုယ် ရူးသွပ်အောင် မောင်းနှင်ခဲ့တာ ဖြစ်မည်။ အသက်ရှင်ဖို့ သက်သက်တော့ မဟုတ်လောက်ဘူး။ ပိုကြီးမားတဲ့ အကြောင်းပြချက်က သဘာဝလွန် ဖြစ်ရပ် တစ်ခုပြီးတစ်ခု ဖြေရှင်းရင်း ကိုယ့်ကိုယ်ကိုယ် ထုံထိုင်းသွားအောင် လုပ်နေတာ ဖြစ်မယ်။ ရင်ထဲက နာကျင်မှုတွေကို လျော့ပါးအောင်နဲ့ သူ့ဒေါသတွေကို တစ္ဆေဆိုးတွေ အပေါ် ပုံချချင်လို့ ဖြစ်မယ်။
တစ်ကြိမ်ပြီး တစ်ကြိမ် သေမင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး အကြိမ်တိုင်း အသက်ရှင် လွတ်မြောက်ခဲ့သည်။
တစ်နှစ် အတွင်းမှာပဲ လျိုချီက အံ့မခန်း အမြင့်တစ်ခုကို ရောက်ရှိလာခဲ့သည်။
ဒါက ယန်ကျန့်ရဲ့ အတွေ့အကြုံတွေနဲ့ တော်တော် ဆင်တူသည်။
ကွာခြားချက်က ယန်ကျန့်က ပိုအန္တရာယ်များတဲ့ ဖြစ်ရပ်တွေကို ရင်ဆိုင်ခဲ့ရပြီး လျိုချီကတော့ ပိုသတိထားတတ်သူ မို့လို့ အတော်လေး သေးငယ်တဲ့ သဘာဝလွန် ဖြစ်ရပ်တွေကို ကိုင်တွယ်ခဲ့ကာ အန္တရာယ် နှိုင်းယှဉ်ချက် အရ နည်းပါးခဲ့ခြင်း ဖြစ်သည်။