ဒဏ်ပြန်ခြင်း
Vol. 10 Ch. 93
ရှေးဟောင်းနတ်ဘုရားအသူရာချောက်နက်
ရှေးဟောင်းနတ်ဘုရားအကြွင်းအကျန်မျိုးနွယ်၏ မျက်နှာထားသည် တင်းမာနေပြီး အလွန်အမင်း လေးနက်နေသည်။
သူသည် ခြေရာခံခြင်းနည်းစနစ်ကို ရူးသွပ်စွာ အသက်သွင်းလည်ပတ်နေခဲ့သည်။
အလွန် ကြောက်မက်ဖွယ်ကောင်းသော ခြေရာခံခြင်းနည်းစနစ် ကြောင့် ပတ်ဝန်းကျင်ရှိ ကောင်းကင်ယံတွင် လှိုင်းဂယက်များ အလွှာလိုက် ပေါ်ထွက်လာပြီး ဂယက်တစ်ခုချင်းစီတွင် အလွန် နက်နဲသော အလင်းရောင်နှင့် အရှိန်အဝါများ ပါဝင်နေသည်။
"ဒါက ရှေးဟောင်းနတ်ဘုရားရဲ့ သွေးမျိုးဆက်သုံးခုကနေ ဆင်းသက်လာတဲ့ ဘိုးဘေးပိုင် ခြေရာခံခြင်းနည်းစနစ်၊ မဟာလော့နတ်ဘုရားခြေရာခံခြင်းနည်းစနစ် ပဲ"
သူသည် မဟာလော့နတ်ဘုရား ခြေရာခံခြင်းနည်းစနစ်ကို အသုံးပြုပြီး ကံကြမ္မာကြိုးမျှင် တစ်ခု တည်ဆောက်ကာ ထိုကြိုးမျှင်အတိုင်းခြေရာခံရင်း ရှန်းချန်ကောကို တိုက်ခိုက်ချင်နေခြင်း ဖြစ်သည်။
သူ၏နှုတ်ခမ်းထောင့်များတွင် အေးစက်သော မောက်မာမှုများ တွဲခိုနေသည်။
"မြူခိုးသမုဒ္ဒရာထဲက နိမ့်ကျတဲ့ဖြစ်တည်မှုတစ်ခုက ငါတို့နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ငါ့ခန္ဓာကိုယ်ထဲမှာ မြင့်မြတ်တဲ့သွေးတွေ စီးဆင်းနေတာကွ"
ထို ရှေးဟောင်းနတ်ဘုရား အကြွင်းအကျန်မျိုးနွယ် က မထီမဲ့မြင်ပြုလိုက်သည်။
ဝုန်း
သူသည် ရုတ်တရက် လက်သီးကို ဆုပ်လိုက်လျှင်ရုတ်ခြည်းပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပွင့်လန်းလာပြီး ကြီးမားသော ရေပွက်ကြီးတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။
ထိုရေပွက်သည် ဆက်တိုက်လှုပ်ရှားနေပြီး ကြီးလိုက်၊ ကျုံ့လိုက် ဖြစ်နေသည်။
အထက်တွင်တော့ တိမ်တိုက်များ မြင့်တက်လာပြီး အလွန် သိပ်သည်းသော မျဉ်းပါးလေးများသည် ပုံမှန်စည်းချက်တစ်ခုဖြင့် ဆက်တိုက်ကျယ်ပြန့်လာသကဲ့သို့ ရှိသည်။
"မဟာလော့နတ်ဘုရား ခြေရာခံခြင်းနည်းစနစ်"
ဟူးလားလား
ရေပွက်ကြီးသည် လျင်မြန်စွာ ကျယ်ပြန့်လာခဲ့သည်။
၎င်း ကျယ်ပြန့်လာခဲ့ချိန်တွင် ရှေးဟောင်းနတ်ဘုရားအကြွင်းအကျန်မျိုးနွယ် သည် မျက်လုံးများကို မှိတ်လိုက်သည်။
သူ၏ခေါင်းပေါ်တွင် နတ်ဘုရားအလင်းကွင်း တစ်ခု ရှိနေပြီး သူ၏အရေပြားအောက်တွင် လှုပ်ရှားနေသည့်မြင့်မြတ်သောမျဉ်းကြောင်းများ ရှိနေသည်။
၎င်းသည် အလွန် မြင့်မြတ်ပုံရပြီး ရှေးကျကာခမ်းနားထည်ဝါမှု အငွေ့အသက်အချို့ ပါရှိနေသည်။
သူ မျက်လုံးမှိတ်ထားလိုက်သည်။
သူ၏အသိစိတ်သည် အဆုံးမဲ့နယ်မြေတစ်ခုကို ဖြတ်သန်းသွားနေရင်း ရှန်းချန်ကော၏တည်နေရာကို ရူးသွပ်စွာဖြင့် ပစ်မှတ်ထားနေပြီ ဖြစ်သည်။
သူ ရှာတွေ့ပြီ
အစွန်းအထင်းမရှိသော အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ထိုနေရာတွင်ရပ်နေသည်ကို သူ ဝေဝါးဝါး မြင်လိုက်ရသည်။
သူ၏စိတ်ထဲတွင် လှောင်ပြောင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင်
ဟူးလားလား
ရုတ်တရက် ရှေးဟောင်းနတ်ဘုရား အကြွင်းအကျန်မျိုးနွယ်၏ရှေ့မှ မြင်ကွင်းသည် မဲမှောင်သွားခဲ့သည်။
အနက်ရောင်မြူခိုးများပျံ့နှံ့လာခဲ့ပြီး အလွန်ထူထဲလွန်းလှသဖြင့် လူအများကို အသက်ရှူကျပ်စေနိုင်သည်။
'ဘာတွေ ဖြစ်နေတာလဲ'
ထိုသူ၏မျက်နှာသည် ဘာဖြစ်နေမှန်း မသိသဖြင့် တွန့်လိမ်သွားသည်။
ထူထဲမဲမှောင်နေသော မြူခိုးများသည် ရုတ်တရက် ကွဲအက်သွားပြီး ရွှေရောင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။
အတွင်းမှ ရှေးကျကာယုတ္တိမရှိလောက်အောင် ကြီးမားသော အရှိန်အဝါတစ်ခု ထိုးထွက်လာခဲ့သည်။
ရေခဲရေတစ်ပုံးနှင့် အလောင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
ဒါက မျက်လုံးတစ်လုံးပဲ။
ရှေးကျကာ နက်နဲဆန်းကြယ်နေလေ၏။
သူ မှတ်မိလိုက်သည်။
ဤအရာမှာ အဖြူရောင်ဝတ်ရုံလူငယ်၏မျက်ခုံးကြားက မျက်လုံးပင်။
"ဒါ မဖြစ်နိုင်ဘူး"
သူ၏အသိစိတ်သည် ချက်ချင်းပင် ထို ရှေးဟောင်းမျက်လုံးဆီသို့ မျောပါသွားသည်။
ကံကြမ္မာတွက်ချက်ခြင်း လျှို့ဝှက်နည်းစနစ်တွင် ဆက်နွယ်မှုများစွာ ရှိသည်။
ပုံမှန်အားဖြင့် တစ်စုံတစ်ဦးသည် လုံးဝ ယုံကြည်မှု မရှိပါက ၎င်းကို အသုံးပြုရဲမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ကံကြမ္မာတွက်ချက်ခြင်း သည် ဓားအသွားပေါ်တွင်လျှောက်နေရသောကြောင့်ဖြစ်လေသည်။
၎င်းသည် မိမိ၏အနှစ်သာရ၊ ချီစွမ်းအင်၊ စိတ်ဝိညာဉ်၊ ယအလားအလာနှင့် ခန္ဓာကိုယ်အတွင်း သိုလှောင်ထားသော စွမ်းအင်အားလုံးကို သုံးစွဲလိုက်ရသကဲ့သို့ပင်။
ကံကြမ္မာတွက်ချက်ခြင်း လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်သည်နှင့် အခြေခံအားဖြင့် ပြန်ပြင်၍ မရနိုင်တော့ပေ။
မီးရထားလမ်းကဲ့သို့ပင် ဖြာထွက်နေသော မရေမတွက်နိုင်သည့် ဆက်နွယ်မှုများစွာ ရှိလေ၏။
"မလုပ်နဲ့"
ရှေးဟောင်းနတ်ဘုရား အကြွင်းအကျန်မျိုးနွယ် ရုတ်တရက် ဟိန်းဟောက်လိုက်သည်။
'ဒါက ဘယ်လိုတောင် ကြောက်မက်ဖွယ်ကောင်းတဲ့ အရာမျိုးလဲ။'
တစ်ခဏချင်းတွင် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားများ အားလုံးတိုက်ရိုက် စုပ်ယူခံလိုက်ရသည်။
ယခုအချိန်တွင် သူ၏အလားအလာများ ဆက်တိုက်ဆွဲထုတ်ခံနေရပြီး ခြေရာခံခြင်းနည်းစနစ် သည် ယခုမှ စတင်ရုံသာ ရှိသေးသည်။
ဟူးလားလား
သူ့ရှေ့တွင် ဒေါင်လိုက်မျက်လုံးတစ်လုံးကို မြင်လိုက်ရသည်။
ထို့နောက် မိုးမြေကို ဖုံးလွှမ်းထားသော ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်မြူခိုးများ ဝိုင်းရံထားသည်။
သူသည် အလွန် ခမ်းနားထည်ဝါပြီး သောင်းနှင့်ချီသော လူများ၏ကိုးကွယ်ခြင်းကို ခံရသည်။
သူသည် အမြင့်မြတ်ဆုံးသောဖြစ်တည်မှု ဖြစ်သည်။
သူ၏ဝင်သက်ထွက်သက် ကြားတွင် နေ့နှင့်ညသည် ရှင်းလင်းစွာ ကွဲပြားနေသည်။
သူ ဖြည်းညှင်းစွာ လှုပ်ရှားလိုက်သောအခါ ကောင်းကင်ပြိုကျပြီး မြေကြီး ကွဲအက်သွားသည်။
အဲဒါ ဘာကြီးလဲကွ
ကွပ်
သူ့အရေပြားများ စတင် ကွဲအက်လာခဲ့သည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
သူသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖော်ထုတ် မိလိုက်ခြင်း ဖြစ်သည်။
အမှောင်ထုထဲတွင် ရွှေရောင်မျက်လုံးတစ်စုံကို သူ မြင်လိုက်ရသည်။
မျက်လုံးပိုင်ရှင်သည် နေနှင့်လကို ဖုံးလွှမ်းထားပြီး မိုးမြေတို့သည် ထူးဆန်းပြီး အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
မျက်လုံးများ၏နောက်ကွယ်တွင် အဆုံးမဲ့ နတ်ဘုရားနိုင်ငံတော်ကြီး ရှိနေသလိုပင်။
သို့သော် ယခုအချိန်တွင် ၎င်းသည် သွေးများနှင့် မျက်ရည်များဖြင့် ပြည့်နှက်နေပြီး မျှော်လင့်ချက်မဲ့ခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်း အော်ဟစ်သံများ ဆက်တိုက် မြည်ဟည်းနေသည်။
အရာအားလုံး ပြိုလဲနေသည်။
အင်မော်တယ်နတ်ဘုရားဓားသည် ကောင်းကင်နှင့် မြေပြင်ကို ထိုးဖောက်ထားသော်လည်း ယခုအချိန်တွင် ၎င်းသည် ရေခဲတောင်ကဲ့သို့ ရူးသွပ်စွာပြိုကွဲပျက်စီးနေသည်။
ခမ်းနားထည်ဝါသော နတ်ဘုရားနိုင်ငံတော် သည် ပြိုကျနေပြီး ရွှေရောင်မျက်လုံးများနှင့် သတ္တဝါတစ်ကောင်သည် နတ်ဘုရားနိုင်ငံတော် အတွင်း လျှောက်လှမ်းနေသည်။
မီးခိုးတိမ်တိုက်များသည် ကောင်းကင်ကို ဖုံးလွှမ်းထားပြီး အနက်ရောင်မြူခိုးများ လှည့်ပတ်နေသည်။
ဤအရာအားလုံးသည် သူ၏အာရုံခံစားမှုအပေါ် အခြေခံထားခြင်း ဖြစ်သည်။
၎င်းသည် တစ်ခဏချင်း မြင်လိုက်ရပြီး ချက်ချင်း စိတ်ကူးကြည့်နိုင်သော အရာမျိုး ဖြစ်သည်။
သူသည် အစစ်အမှန် မြင်ကွင်းကို မမြင်နိုင်ပေ။
၎င်းသည် အလွန် နက်နဲပြီး ဆန်းကြယ်လွန်းသည်။
ကြည့်ရှု၍မရနိုင်သော ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်သည်။
၎င်းတွင် အရာများစွာ ပါဝင်ပတ်သက်နေသဖြင့် မဟာလော့နတ်ဘုရား ခြေရာခံခြင်းနည်းစနစ် ပင်လျှင် တစ်စွန်းတစ်စမျှ မမြင်နိုင်ပေ။
"အာ့"
သူ့မျက်နှာသည် စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့သွားပြီး ခေါင်းများ မူးဝေလာကာ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
ယခုအချိန်တွင် သူ့အရေပြားများ ကွဲအက်နေပြီး ခန္ဓာကိုယ်မှ သွေးများ စီးကျနေသည်။
ရုတ်တရက်
ထိုမျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသကဲ့သို့ ပြောင်းလဲသွားသည်။
ဝုန်း
တစ်ခဏချင်းတွင် သူ့ကမ္ဘာကြီး ပြောင်းပြန်လှန်သွားသကဲ့သို့ ဖြစ်သွားသည်။
ကျယ်ပြောလှသော ဟင်းလင်းပြင်တွင် ကြောက်မက်ဖွယ် အသံတစ်ခု သူ့နားထဲ၌ ပေါက်ကွဲသွားသကဲ့သို့ပင်။
ကျယ်ဝန်းသော ရှေးဟောင်းနန်းတော် ကြီးထဲတွင် ပုံရိပ်တစ်ခုသည် အလယ်ဗဟို၌ တင်ပျဉ်ခွေ ထိုင်နေပြီး ၃၀ ရာခိုင်နှုန်းသော အေးစက်မှုနှင့် ၇၀ ရာခိုင်နှုန်းသော အထင်းသေးမှုတို့ ရှိနေသည်။
"မင်းတို့အားလုံး ငါ့ကို နတ်ဘုရားတစ်ပါးလို ရိုသေလေးစားသင့်တယ်"
ဝုန်း
သူ၏ခြေရာခံခြင်းစွမ်းရည်သည် ရူးသွပ်စွာ ဒဏ်ပြန်ခြင်းဖြစ်သွားပြီး ကျယ်ပြန့်ကာ ခမ်းနားသော စွမ်းအားတစ်ခုသည် စပျစ်နွယ်ပင်ကို လိုက်၍ သူ့ထံဝင်လာခဲ့၏။
အဖြူရောင်ဝတ်ရုံနှင့် ထိုလူငယ်က ဘယ်လို သတ္တဝါမျိုးလဲ။
ဒီလောက် ကြောက်စရာကောင်းတဲ့ နတ်ဆိုးကို သူ ဘယ်လို ထိန်းချုပ်ထားနိုင်တာလဲ။
ရှေးဟောင်းနတ်ဘုရား အကြွင်းအကျန်မျိုးနွယ် မျက်လုံးပြူးသွားသည်။
ဒါ မဖြစ်နိုင်ဘူး
အဲဒီအဆင့် ရှိတဲ့ ဖြစ်တည်မှုတစ်ခုက...
သို့သော် သူ စဉ်းစားရန် အချိန်မရလိုက်ခင်မှာပင် သူ့စိတ်ထဲ၌ဖရိုဖရဲစွမ်းအင်လုံးတစ်ခု ပေါက်ကွဲသွားသည်။
သူ့ရှေ့မှ ရေပွက် ပေါက်ကွဲသွားပြီး ရွှေရောင်အလင်းတန်းတစ်ခု လျှံထွက်လာသည်။
၎င်းသည် ရှေးဟောင်းနတ်ဘုရား အကြွင်းအကျန်မျိုးနွယ်၏ခေါင်းကို ချက်ချင်းညစ်ခွဲလိုက်သော လက်မောင်းတစ်ဖက်ကဲ့သို့ပင်။
၎င်းသည် သူ၏ခန္ဓာကိုယ်ကို မည်သည့် ထိခိုက်မှုမျှ မဖြစ်စေခဲ့ပေ။
သို့သော်လည်း..
"အာ"
သူ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီးနောက် သူ၏မျက်နှာထားသည် ရုတ်တရက် ထိုင်းမှိုင်းသွားသည်။
လူတစ်ကိုယ်လုံး ကြောင်အသွားသည်...
..
"အခုလေးတင် ဘာဖြစ်သွားတာလဲ"
ထိုအချိန်တွင် ရှေးဟောင်းနတ်ဘုရားအသူရာချောက်နက်၏ဝင်ပေါက်တွင် ထိုင်နေကြသော ကျွမ်းကျင်သူအုပ်စုတစ်စု ရှိနေသည်။
သူတို့သည် အနက်ရောင်နတ်ဘုရားကျောက်တိုင် နှင့် ရှေးဟောင်းနတ်ဘုရားအသူရာချောက်နက် ကြားရှိ ဝေဝါးသော ဆက်နွယ်မှုကို ခံစားလိုက်ရသကဲ့သို့ရှိသည်။
"ဘာတွေ ဖြစ်နေတာလဲ"
သူတို့၏မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြပြီး ဘာတွေ ဖြစ်ပျက်ခဲ့မှန်း မသိကြပေ။
"ရှေးဟောင်းနတ်ဘုရား အကြွင်းအကျန်မျိုးနွယ် က အဖြူရောင်ဝတ်ရုံလူငယ်ရဲ့ တည်နေရာကို ဖော်ထုတ် ပြီး ကံကြမ္မာကြိုးမျှင်တစ်ခုကို သုံးပြီး အဖြူရောင်ဝတ်ရုံလူငယ်ကို ဆက်လက် သတ်ဖြတ်ဖို့ ကြိုးစားခဲ့တာ..."
လူတိုင်း၏မျက်နှာထား ပြောင်းလဲသွားသည်။
ရှေးဟောင်းနတ်ဘုရား၏မျိုးဆက်များသာလျှင် ဤမျှ နက်နဲသော နည်းလမ်းကို ပိုင်ဆိုင်နိုင်သည်။
"ငါတို့ ဘာလုပ်သင့်သလဲ"
သူတို့သည် ရှန်းချန်ကောကို ကူညီချင်ကြသော်လည်း ယခုအချိန်တွင် ဘာလုပ်ရမှန်း မသိကြပေ။
အကယ်၍ သူတို့သည် ရှေးဟောင်းနတ်ဘုရား အကြွင်းအကျန်မျိုးနွယ် ကို တိုက်ရိုက် ရင်ဆိုင်ရပါက လက်တစ်ချောင်းတည်းဖြင့် ဖိချေပစ်နိုင်သော်လည်း ယခုမူ...
သူတို့ စွမ်းအားမဲ့နေသည်။
"ဖြေရှင်းပြီးသွားပါပြီ" ထိုအချိန်တွင် ချင်းရွှမ် က ဖြည်းညှင်းစွာ ပြောလိုက်သည်။
သူ့မျက်လုံးများ နက်ရှိုင်းနေသည်။
ဖြေရှင်းပြီးသွားပြီ
"ရှေးဟောင်းနတ်ဘုရား အကြွင်းအကျန်မျိုးနွယ် က ဒဏ်ပြန်ခြင်းကို ခံစားလိုက်ရတယ်။ ကြိုးမျှင်ကအထဲကို ထိုးဖောက်ဝင်ရောက်သွားရုံ ရှိသေးတယ်၊ချက်ချင်း ပြိုလဲသွားတယ်။ ဒါက ခြေရာခံခြင်းနည်းစနစ် ရဲ့ ဒဏ်ပြန်ခြင်း ရလဒ်ပဲ..."
ထိုနေရာရှိ လူများသည် တစ်ခဏမျှ မှင်သက်သွားကြသည်။
သူက...
ဒဏ်ပြန်သင့် သွားတာလား။
သူတို့သည် အနက်ရောင်နတ်ဘုရားကျောက်တိုင်၏မဟာပျက်သုဉ်းခြင်းကမ္ဘာ ထဲရှိ အဖြူရောင်ဝတ်ရုံလူငယ်ကို ကြောင်ငေးကြည့်နေမိကြသည်။
ထိုအချိန်တွင် ချင်းရွှမ် အသက်ပြင်းပြင်း ရှူလိုက်သည်။
ဤအရာမှာ လျှို့ဝှက်ချက်တစ်ခုပင်။
အလွန်ကြီးမားသော လျှို့ဝှက်ချက်တစ်ခုဖြစ်လေ၏။
ရှေးဟောင်းနတ်ဘုရား အကြွင်းအကျန်မျိုးနွယ် ကို ကြီးမားသော ဒဏ်ပြန်ခြင်း ဖြစ်စေခဲ့သည့် လျှို့ဝှက်ချက်...
ပြန်စဉ်းစားကြည့်ရင် ငါ သူ့ကို ခြေရာခံပုံဖော်ဖို့ ကြိုးစားတုန်းကလည်း ငါ ဒဏ်ပြန်ခြင်း ခံခဲ့ရတာပဲ...
ဒီကောင်လေးမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ လျှို့ဝှက်ချက် ရှိတယ်။
သို့သော် ဤကဲ့သို့သော ခေတ်ကာလတွင် မြူခိုးသမုဒ္ဒရာ နှင့် ရှေးဟောင်းနတ်ဘုရားအသူရာချောက်နက် ကြားရှိ ချိန်ခွင်လျှာသည် အချိန်မရွေး ပျက်စီးသွားနိုင်သည်။
လျှို့ဝှက်ချက်များ ပြည့်နှက်နေသော ဖြစ်တည်မှုတစ်ခု ရှိနေခြင်းသည် ကောင်းသောအရာ ဖြစ်ကောင်းဖြစ်နိုင်သည်။