← Chapters

အနက်ရောင်မြူခိုးကို ရပ်တန့်ခြင်း

Vol. 10 Ch. 95

အနက်ရောင်မြူခိုးကို ရပ်တန့်ခြင်း

Vol. 10 Ch. 95

ရှန်းချန်ကောသည် ကျိဘအား ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။

ထိုအကြည့်က ကျိဘ၏ရင်ကို ကားကြီးဖြင့်ဝင်ဆောင့်လိုက်သလိုပင်။

သို့သော် သူသည် တံတွေးကို မျိုချလိုက်ပြီးမှ ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

"မြူခိုးနေထိုင်သူတစ်ယောက် ဖြစ်လာဖို့က ဒီလောက် မလွယ်ပါဘူး။ သာမန် ကျင့်စဉ်ထိုင်ရုံနဲ့ မြူခိုးနေထိုင်သူ ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အနည်းဆုံးတော့ ကျုပ်က ဒီလိုရိုးရိုး ကျင့်စဉ်ထိုင်ရုံနဲ့ မြူခိုးသမုဒ္ဒရာထဲက ကျမ်းစာတွေကို နားလည်သဘောပေါက်နိုင်တဲ့သူကို တစ်ခါမှ မမြင်ဖူးသေးဘူး။အဲ့ဒီအစား ဒီလိုမျိုး အနက်ရောင်မြူခိုးကို သတိမပြုဘဲ ထိုးထွင်းသိမြင်အောင် လုပ်ရင် ချီသွေဖယ်မှုတောင်ဖြစ်သွားနိုင်ပါသေးတယ်"

ကျိဘသည် ထိုဖိအားကို ခုခံရင်းဖြင့် ပြောဆိုလိုက်သည်။

သူသည် လူတစ်ယောက်သည် မြေပြင်ပေါ် ခဏထိုင်ရုံဖြင့် မြူခိုးသမုဒ္ဒရာကျင့်စဉ်ကို ချက်ချင်း ထိုးထွင်းသိမြင်နိုင်သည်ကို လုံးဝ မယုံကြည်ပေ။

အဘယ်ကြောင့်ဆိုသော် အနက်ရောင်မြူခိုးမှာ အလွန်အမင်းကြမ်းတမ်းသောကြောင့်ပင်။

"အနက်ရောင်မြူခိုးတွေက လူတွေကို တွယ်ကပ်နေတဲ့ သေးငယ်တဲ့ နတ်ဆိုးကလေးတွေလိုပါပဲ။ သူ့ထဲမှာ အရေအတွက် မရေမတွက်နိုင်တဲ့ ကျမ်းစာတွေနဲ့ ကျင့်စဉ်တွေ ပါဝင်နေတာတော့ အမှန်ပါပဲ။ သူတို့က အလွှာလိုက်ကန့်လန့်ဖြတ် တည်ရှိနေပါတယ်။ဒါပေမဲ့ သူတို့ကို ထိုးထွင်းသိမြင်ချင်တယ်ဆိုရင်တောင် အနက်ရောင်မြူခိုးတွေက ခင်ဗျားစကားကို နားထောင်ပြီး ထိုးထွင်းသိမြင်ခွင့်ပေးမှာ မဟုတ်ပါဘူး။ သူတို့က ခင်ဗျားကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး ခင်ဗျားရဲ့ ဦးနှောက်ကို ကျူးကျော်ဝင်ရောက်ပါလိမ့်မယ်။ သူတို့က ခင်ဗျား ဒီအချိန်မှာ ကျင့်ကြံနေတဲ့ ကျင့်စဉ်လမ်းကြောင်းထဲ ဝင်ရောက်ပြီး ခင်ဗျားကို ချီသွေဖယ်မှုဖြစ်စေပါလိမ့်မယ်"

ကျိဘ ခေါင်းခါလိုက်သည်။

အနက်ရောင်မြူခိုးက ထိုသို့ နာခံမှုရှိနိုင်မည်လော။

၎င်းသည် နတ်ဆိုးများစွာကို မွေးဖွားပေးခဲ့သည့်အရာဖြစ်ရာ အနက်ရောင်မြူခိုးမှာ ကောင်းသော အရာမဟုတ်ကြောင်း စဉ်းစားကြည့်ရုံဖြင့် သိနိုင်ပေသည်။

ထို့ကြောင့်...

ထိုအချိန်တွင် သူသည် ရှန်းချန်ကော၏စကားများမှာ လုံးဝ အဓိပ္ပာယ်မရှိဟု ခံစားရသည်။

မိုချင်းချန်နှင့် လင်းချင်းရှန်ကဲ့သို့ မြူခိုးနေထိုင်များနှင့် လုံးဝထိတွေ့ဖူးခြင်း မရှိသူများအတွက် အခြေခံအကျဆုံးနှင့် ပြည့်စုံသော အချက်အလက်များပင် မရှိပေ။

"တွယ်ကပ်နေတဲ့ ကောင်လေးတွေလား။ သူ့ကို လိမ္မာအောင် လုပ်လို့မရဘူးလား"

သို့သော် ထိုအချိန်၌...

ကျိဘအား လျစ်လျူရှုဟန်ဖြင့် ကြည့်နေသော ရှန်းချန်ကောက ရုတ်တရက် အေးစက်သောအသံဖြင့် ပြောလိုက်သည်။

သူ့ကို လိမ္မာအောင် လုပ်မည်လော။

ထိုစကားက မည်သို့ အဓိပ္ပာယ်ဖြစ်သနည်း။

သို့သော် ထိုအတွေးသည် ကျိဘ၏စိတ်ထဲတွင် ပေါ်လာသည်နှင့် တပြိုင်နက် တစ်ကိုယ်လုံး တုန်ယင်သွားပြီး နှလုံးသားလည်း လှုပ်ခါသွားခဲ့သည်။

သူ့ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများသည် ဤပုံစံဖြင့် အဆက်မပြတ် ရွေ့လျားနေသည်။

ယေဘူယျအားဖြင့် ကြည့်လျှင် မရွေ့လျားသကဲ့သို့ ထင်ရသော်လည်း ၎င်း၏အတွင်းပိုင်းဖွဲ့စည်းပုံမှာ အဆက်မပြတ် ရှုပ်ထွေးစွာ ရွေ့လျားနေသည်။

အလုံးစုံအားဖြင့် ငြိမ်သက်နေသော်လည်း အမှန်တကယ်တွင်မူ ရှုပ်ထွေးပြီး ကြမ်းတမ်းစွာ ရွေ့လျားနေခြင်း ဖြစ်သည်။

သို့သော် ထိုအချိန်၌...

ဟူလာ

ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများသည် ရုတ်တရက် ရပ်တန့်သွားကြသည်။

ဘာဖြစ်တာလဲ

သူသည် ရှန်းချန်ကောအား ခြေချိတ်လျက် ထိုင်နေသည်ကို မြင်လိုက်ရသည်။

သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော တောက်ပသော အလင်းရောင်သည် အလွန်ရှုပ်ထွေးသောသွေးကြောပုံစံကို ဖြစ်ပေါ်စေပြီး အလွန်ရှုပ်ထွေးကာ နက်နဲသော ပိုက်ကွန်တစ်ခုကို ဖန်တီးထားသည်။

ဗုံး

ရှန်းချန်ကောသည် သူ၏ကျင့်စဉ်ဖြစ်သော မဟာပျက်သုဉ်းခြင်းကျမ်းကို အသက်သွင်းလိုက်သည်။

ချက်ချင်းပင် ခမ်းနားထည်ဝါသောစွမ်းအားသည် တစ်ကီလိုမီတာ အချင်းဝက်အတွင်းရှိ အနက်ရောင်မြူခိုးအားလုံးကို အေးခဲသွားစေသည်။

လွှမ်းမိုးနိုင်စွမ်းရှိသောအင်အားတစ်ခုဖြင့် ၎င်းတို့ကို ချက်ချင်း နေရာတကျ ပြင်ဆင်လိုက်သည်။

ထိုစွမ်းအားသည် ရှန်းချန်ကောအား ဗဟိုပြုကာ ပျံ့နှံ့သွားခဲ့ပြီး အကြွင်းမဲ့ ထိန်းချုပ်ထားပုံပေါ်သည်။

အနက်ရောင်မြူခိုးများ ငြိမ်သက်သွားခဲ့သည်။

မိုချင်းချန်နှင့် လင်းချင်းရှန်တို့၏ခေါင်းများကို ဆူညံစေကာ သေးငယ်သော နတ်ဆိုးတစ်ကောင် ၎င်းတို့၏ဦးခေါင်းအတွင်းရှိနေသကဲ့သို့ ခံစားရစေသည့် ဆူညံသံများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

'ဒါက...'

မည်သို့ ဖြစ်နိုင်မည်နည်း။

သူတို့၏နောက်တွင် ရပ်နေသော ကျိဘမှာ ရူးသွပ်မတတ် ဖြစ်နေ‌ရလေပြီ။

သူသည် ရှန်းချန်ကော ထိုးထွင်းသိမြင်ခဲ့သော ကျမ်းစာအကြောင်းကို ကြာမြင့်စွာကတည်းက သိချင်နေခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရှန်းချန်ကော၏ဓားတွင် ပျက်သုဥ်းခြင်းချီများ ဖုံးလွှမ်းနေပြီး ထိုချီစွမ်းအင်များက သူ့ခန္ဓာကိုယ်ကို သံချပ်ကာသဖွယ် ဖုံးအုပ်ထားကာ အလွန် ကြောက်မက်ဖွယ်ကောင်းသောကြောင့်ပင်။

ထိုသို့ မယုံနိုင်လောက်အောင် ဖြစ်တည်မှုကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ရှန်းချန်ကောသည် သူ၏ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။

ထိုသို့ဖြင့် အနီးအနားရှိ အနက်ရောင်မြူခိုးများကို တိုက်ရိုက် ဖိနှိပ်ချုပ်ချယ်လိုက်သည်လော။

ငြိမ်သက်နေသော အနက်ရောင်မြူခိုးများမှာ အေးခဲနေသည့် ကျောက်ပြားတစ်ခုနှင့်ပင် တူနေသည်။

"ထိုးထွင်းသိမြင်အောင်လုပ်ကြ"

ကျိဘ ပြောစရာ စကား မရှိတော့ပေ။

ဤအရာယုတ္တိရှိသေးသည်လော။

သူသည် မိုချင်းချန်နှင့် လင်းချင်းရှန်တို့ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေသည်။

ထိုသူနှစ်ဦးသည် ခမ်းနားထည်ဝါသော အနက်ရောင်မြူခိုးများကို ကြည့်နေကြပြီး ခဏတာမျှအတွင်းကျောက်ပြားတစ်ခုမှ စာလုံးများကို ကူးယူနေကြသကဲ့သို့ ဖြစ်နေသည်။

သူ တစ်စုံတစ်ခုကိုတိုင်ကြားချင်သွားသည်။

၎င်းမှာ လိမ်လည်ခြင်းပင်။

ဒါ သောက်ကျိုးနဲ လိမ်လည်ခြင်းပဲ။

ကျဘ သွေးအန်မတတ် ခံစားနေရသည်။

သူ မြူခိုးနေထိုင်သူများ၏အဖွဲ့အစည်းတွင် ရှိစဉ်က မြူခိုးသမုဒ္ဒရာအတွင်းမှ ကျမ်းစာများကို ထိုးထွင်းသိမြင်ရန် ကြိုးစားခဲ့ဖူးသည်။

သူသည် အချိန်အားလုံးကို စုစည်းခဲ့ပြီး နေ့စဉ် ပုံသေနေရာတစ်ခုတွင် နေရသည်။

ဆရာတစ်ဦးပြီးတစ်ဦး၏လေ့ကျင့်ပေးမှုများကို ခံနိုင်ရည်ရှိခဲ့ပြီးနောက်မှသာ မြူခိုးသမုဒ္ဒရာမှ စာလုံးအနည်းငယ်ကို ထိုးထွင်းသိမြင်ခဲ့ရခြင်း ဖြစ်သည်။

အနက်ရောင်မြူခိုးမှာ လွန်စွာ ရှုပ်ထွေးလှသည်။

၎င်းသည် ပြည့်စုံသော ကျင့်စဉ်တစ်ခု၏စာလုံးများကို ရူးသွပ်စွာပစ်ကျဲပစ်လိုက်ပြီး မျက်လုံးများ၏ရှေ့တွင် လှည့်ပတ်နေသကဲ့သို့ပင်။

'ဒါက...'

သို့သော် ယခု...

ရှန်းချန်ကောက အနက်ရောင်မြူခိုးကို အေးခဲပစ်လိုက်သည်လော။

"စီနီယာအစ်ကိုကြီးက တော်လိုက်တာ။ ဒီနည်းလမ်းက တကယ် အလုပ်ဖြစ်တယ်" လင်းချင်းရှန်က အလွန် စိတ်လှုပ်ရှားနေသည်။

"ဒါပေမဲ့ အစ်ကိုကြီး ကျိက ဘာလို့ စီနီယာအစ်ကိုကြီးကို ဒီနည်းလမ်းနဲ့ မြူခိုးနေထိုင်သူ ဖြစ်လာဖို့ မဖြစ်နိုင်ဘူးလို့ ပြောတာလဲ"

ထိုအချိန်၌ မိုချင်းချန်၏နှုတ်ခမ်းများ တွန့်သွားခဲ့သည်။

"ရိုးရှင်းပါတယ်။ ပါရမီရှင်တွေနဲ့ သာမန်လူတွေရဲ့ ကျင့်စဉ်တွေကို ဘယ်လို နှိုင်းယှဉ်လို့ရမှာလဲ။ ပုရွက်ဆိတ်က မြေပြင်ပေါ်မှာ တွင်းကြီးကြီးတစ်ခု တွေ့လိုက်တဲ့အခါ ဒါကို အံ့ဖွယ်အဖြစ်အပျက်လို့ ထင်ပေမဲ့ တကယ်တော့ ဒါက ဧရာမလူကြီးတစ်ယောက်ရဲ့ ခြေရာသက်သက်ပါပဲ"

"သြော်" လင်းချင်းရှန် ပြန်ဖြေလိုက်သည်။

သူမ နောက်ဆုံး နားလည်သွားသည်။

"တခြားသူတွေရဲ့အမြင်မှာ မဖြစ်နိုင်တဲ့အရာက တကယ်တော့ စီနီယာအစ်ကိုကြီးလို ပါရမီရှင်တစ်ယောက်ရဲ့ အမြင်မှာ အရမ်းရိုးရှင်းတဲ့ အရာတစ်ခုပဲလား"

ကျိဘသည် ထိုစကားများကို နားထောင်ရင်း သူ အကြီးအကျယ် စော်ကားခံလိုက်ရသကဲ့သို့သာ ခံစားလိုက်ရသည်။

"မင်းတို့တွေက..."

ဒါ မဖြစ်နိုင်ဘူး

ဒါ လုံးဝ မဖြစ်နိုင်ဘူး

ရှန်းချန်ကောသည် ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများကို ရုတ်တရက် ရပ်တန့်သွားစေနိုင်လောက်အောင် ကောင်းကင်ဘုံဆန့်ကျင်နေသူမည်သို့ ဖြစ်နိုင်မည်နည်း။

ရှန်းချန်ကော အေးခဲထားသည့် အနက်ရောင်မြူခိုးမှာ အပေါ်ယံအလွှာသာ ဖြစ်သည်ကို သူ သိသည်။

အသားအရေ၏မျက်နှာပြင်ကဲ့သို့ပင် ဖြစ်သည်။ရှန်းချန်ကောက အပြင်ဘက်အလွှာကို အေးခဲလိုက်ခြင်းဖြစ်သည်၊ သို့သော် ဤအရာမှာပင် အလွန် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။

အနည်းဆုံးတော့ မြူခိုးနေထိုင်သူများ၏ အဖွဲ့အစည်းတွင် မည်သူတစ်ဦးတစ်ယောက်မျှ ဤအရာမျိုးကို ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိသေးပေ။

မဟုတ်ပါက

ကျမ်းစာများကို ထိုးထွင်းသိမြင်ရန် အလွန်လွယ်ကူသွားပေလိမ့်မည်။

ထိုအချိန်တွင် လူများစွာသည် မြူသမုဒ္ဒရာကျမ်းစာကို ထိုးထွင်းသိမြင်နိုင်ကြပြီးနောက် အနက်ရောင်မြူခိုးကို ထိန်းချုပ်ကာ မြူခိုးနေထိုင်သူများ သို့မဟုတ် ဝတ်ရုံနက်များ ဖြစ်လာနိုင်ကြပေမည်။

သူ မယုံကြည်ပေ

သူ တကယ် မယုံကြည်နိုင်ပေ

သူ့ကိုပါ စမ်းသပ်ခွင့်ပေးလိုက်လျှင်မှသာ ဖြစ်မည်။

ထို့ကြောင့် သူ ပြုံးလိုက်ပြီး ရှန်းချန်ကော၏ နောက်တွင် ထိုင်ချလိုက်သည်။

ရှန်းချန်ကော အေးခံထားသည့် အနက်ရောင်မြူခိုး၏အပေါ်ယံအလွှာကို သတိထားကာ စတင်လေ့လာလိုက်သည်။

သူသည် မျက်လုံးများကိုပြူးကာဖြင့် အနက်ရောင်မြူခိုးအတွင်းရှိ ငြိမ်သက်နေသော စာလုံးများကို ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက်...

"ပြည့်စုံသွားပြီ"

ကျိဘ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။

သူသည် မြူသမုဒ္ဒရာ၏စာလုံးအနည်းငယ်ကိုသာ ထိုးထွင်းသိမြင်ခဲ့ခြင်း ဖြစ်သော်လည်း ယခု အနက်ရောင်မြူခိုးကို လေ့လာပြီးနောက် ကျင့်စဉ်ကို အမှန်တကယ်ပင် ပြီးမြောက်သွားခဲ့သည်။

၎င်းသည် အင်အားမကြီးသော်လည်း သို့မဟုတ် နက်နဲခြင်းမရှိသော်လည်း ပြည့်စုံသော မြူခိုးသမုဒ္ဒရာကျင့်စဉ်တစ်ခုသည် ပျက်သုဉ်းခြင်းချီများကို စုစည်းပေးနိုင်ပေသည်။

သူ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

အချိန်အတော်ကြာပြီးနောက်...

မိုချင်းချန်နှင့် လင်းချင်းရှန်တို့၏ကိုယ်ခန္ဓာများမှ မီးခိုးရောင်များတစ်ချိန်တည်း ပြိုင်တူ ထွက်ပေါ်လာပြီး မရေရာသော အမှောင်စွမ်းအင် အဝိုင်းတစ်ခု ဖြည်းညှင်းစွာ ပျံ့နှံ့လာသည်။

သူတို့သည် မြူသမုဒ္ဒရာကျမ်းစာကို ထိုးထွင်းသိမြင်သွားခဲ့ကြပြီ ဖြစ်သည်။

"အောင်မြင်သွားပြီ"

ရှန်းချန်ကောသည် သူ၏ မဟာပျက်သုဉ်းခြင်းကျမ်းကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်သည်။

မဟာပျက်သုဉ်းခြင်းကျမ်းမှာ လွန်စွာလွှမ်းမိုးနိုင်စွမ်းကြီးမားလှပေသည်။

ထို့ပြင် ရှန်းချန်ကောသည် ချက်အင်ဝင်ပြီးနောက် မဟာပျက်သုဉ်းခြင်းကျမ်းကို အလွန်နက်နဲသောအဆင့်သို့ ထိုးထွင်းသိမြင်ခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် သူသည် အနက်ရောင်မြူခိုးကို အေးခဲနိုင်ခဲ့ပြီး အတွင်းရှိ ရှုပ်ထွေးမှုများကို စနစ်တကျ ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။

သို့သော်...

ထိုသို့ဖြစ်သော်ငြားလည်း ကောင်းကင်ဘုံဓားဂိုဏ်း၏တပည့်များအတွက် များစွာ အထောက်အကူ မပြုနိုင်ခဲ့ပေ။

မိုချင်းချန်နှင့် လင်းချင်းရှန်တို့သည် နှစ်ဦးစလုံး ပါရမီရှိသူများ ဖြစ်သည်။

မဟုတ်ပါက ၎င်းတို့သည် ဂိုဏ်းချုပ်၏တပည့်များ ဖြစ်လာနိုင်မည်မဟုတ်သလို ကျမ်းစာများကိုလည်း ထိုးထွင်းသိမြင်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကောင်းကင်ဘုံဓားဂိုဏ်းတွင် ဤနှစ်ဦးသာ ရှန်းချန်ကော၏နည်းလမ်းနှင့် ပို၍ သင့်လျော်ပေသည်။

ကျန်းစန်းကျန့်သည် သူ၏ကျင့်စဉ်ကိုသာ တစ်သက်လုံး လေ့ကျင့်နေသည့် အဘိုးအိုတစ်ဦး ဖြစ်သည်။

သူ၏ကျင့်စဉ်အပေါ် အထင်အမြင်မှာ ကြာမြင့်စွာကတည်းက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။

သူသည် သစ်လွင်သော အရာများကို လက်ခံရန်ဆိုသည်မှာ သူ၏ကြီးမားသောအသက်ကြီးကို ဖိအားပေးနေသကဲ့သို့ပင် ဖြစ်သည်။

ထို့ပြင် သူ၏ပါရမီမှာလည်း ထိုမျှသာ ဖြစ်ပြီး အသက်လည်း ကြီးရင့်နေပြီ။ သူ၏နယ်ပယ်မှာ အထူးသဖြင့် မမြင့်မားလှသဖြင့် သူ၏ပါရမီမှာလည်း မျိုးဆက်သစ်များနှင့် မတူဘဲ ကုန်ခန်းလုနီးပါး ဖြစ်နေချေပြီ။

ရှန်းချန်ကော သက်ပြင်းချလိုက်သည်။

တိုးတက်ရန် အကောင်းဆုံးအချိန်မှာ ငယ်ရွယ်စဉ်အခါပင် ဖြစ်ပေသည်။

"ချက်အင်"

All Chapters