နတ်ဘုရားဓားဆန္ဒ
Vol. 10 Ch. 99
ဤနေ့တွင်
ဝတ်ရုံနက် အဆင့်မြင့်ပုဂ္ဂိုလ်အချို့၏မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားကြသည်။
"ဘာ အဲဒီ လင်းရွှီယွမ်က ကိုယ်တိုင် လှုပ်ရှားတော့မလို့လား သူက ရှေးဟောင်းနတ်ဘုရားအသူရာချောက်နက်ကို ဖိနှိပ်ထားရမှာ မဟုတ်ဘူးလား"
တစ်ခဏချင်းတွင် လူအများအပြား ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားတမန်တော် တစ်ယောက်သည် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားတော့မည် ဖြစ်သောကြောင့်ပင်။
ထိုအဆင့်အတန်းရှိသော ဖြစ်တည်မှုတစ်ခု ကိုယ်တိုင် လှုပ်ရှားသည်မှာ သာမန်ကိစ္စ မဟုတ်ပေ။
"သူက ဘာလို့ သူ့လက်အောက်က အဆင့်မြင့်ကျွမ်းကျင်သူတွေကို မလွှတ်လိုက်တာလဲ"
"ဟမ် ကူးပြောင်းခြင်းအဆင့် ကျွမ်းကျင်သူ ၅ ယောက်တောင် အသတ်ခံလိုက်ရတာလား"
တစ်ခဏချင်းတွင် ဝတ်ရုံနက်ကျွမ်းကျင်သူများသည် အချင်းချင်း ဆွေးနွေးငြင်းခုံနေကြသည်။
အပြင်နယ်မြေတွင် မည်သို့သော ဘီလူးသရဲကောင် ပေါ်ထွက်လာသနည်း။ (အပြင်နယ်မြေလို့ပြောင်းပါမယ် )
ကူးပြောင်းခြင်းအဆင့် ကျွမ်းကျင်သူ ၅ ယောက်ပင်မယှဉ်ပြိုင်နိုင်ဘဲ နောက်ဆုံးတွင် နတ်ဘုရားတမန်တော် ကိုယ်တိုင် လှုပ်ရှားရသည်အထိ ဖြစ်လာခဲ့သည်။
နတ်ဘုရားတမန်တော်
၎င်းသည် မြူခိုးသမုဒ္ဒရာ ထဲတွင် အစွမ်းအထက်ဆုံး တိုက်ခိုက်ခြင်းကျွမ်းကျင်သူ ဖြစ်နေပြီဖြစ်သည်။
ယခုအချိန်တွင် နတ်ဘုရားတမန်တော် တိုင်းသည် ၎င်းတို့ ထိန်းချုပ်ထားသော ရှေးဟောင်းနတ်ဘုရားအသူရာချောက်နက် ကို ဖိနှိပ်ထားရသည်၊ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းနတ်ဘုရားအသူရာချောက်နက် သည် အမြဲတစေ ဖရိုဖရဲ ဖြစ်နေတတ်သောကြောင့် ဖြစ်သည်။
ယခု လင်းရွှီယွမ်သည် ရှေးဟောင်းနတ်ဘုရားအသူရာချောက်နက် မှ ခေတ္တ ထွက်ခွာလာပြီ ဖြစ်ရာ အခြား နတ်ဘုရားတမန်တော် များက သူ့နေရာတွင် ဝင်ရောက် ဖိနှိပ်ပေးရမည် ဖြစ်သည်။
ထိုအချိန်ကျမှသာ သူတို့ အကျိုးအမြတ် ရရှိနိုင်မည်။
အကယ်၍ ကိုက်ညီသော ရှေးဟောင်းနတ်ဘုရားအသိစိတ် နှင့် ကြုံတွေ့ပြီး ၎င်းကို ရယူနိုင်ပါက၊ ထိုပုဂ္ဂိုလ်သည် ရှေးဟောင်းနတ်ဘုရားအသိစိတ် တစ်စွန်းတစ်စကို ရရှိနိုင်မည်ဖြစ်ပြီး ၎င်းသည် အဆင့်မြင့်ပုဂ္ဂိုလ်များ ပိုမိုသန်မာလာစေရန် လျှို့ဝှက်ချက်ဖြစ်သည်။
သို့သော် သူတို့နှင့်ကိုက်ညီသော ရှေးဟောင်းနတ်ဘုရား အသိစိတ် ကို ရရှိနိုင်သူ အရေအတွက်မှာ အလွန်နည်းပါးလှသည်။
ယခု လင်းရွှီယွမ်သည် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရန်အတွက် အခြားသူတစ်ဦးအား သူ၏နတ်ဘုရားစမ်းရေတွင်း ကို ကူညီစောင့်ရှောက်ခိုင်းရန် ဆန္ဒရှိနေသည်လော။
"ဘယ်သူလဲ"
"အပြင်နယ်မြေကလား ဓားဂိုဏ်းက တပည့်တစ်ယောက်လား"
ထိုအချိန်တွင် ဝတ်ရုံနက် အဖွဲ့အစည်းတစ်ခုလုံး ဤကိစ္စကို အာရုံစိုက်လာကြသည်။
ဝတ်ရုံနက်ပုံရိပ်တစ်ခုသည် ထူးဆန်းသော အကြည့်များဖြင့် ဖြည်းညှင်းစွာ ပြောလာသည်။
"ဒီဖော်ပြချက်က ဘာလို့ ရင်းနှီးနေသလို ခံစားရတာလဲ"
အဖြူရောင်ဝတ်ရုံဝတ် မွန်းစတားလိုကောင်...
ထိုလူ၏ခန္ဓာကိုယ်သည် ရုတ်တရက် အေးစက်သွားသည်။
သူသည် အပြင်ဘက်တွင် ကြုံတွေ့ခဲ့ဖူးသော ဖြစ်တည်မှုကို ရုတ်တရက် သတိရသွားသည်...
"မဖြစ်နိုင်တာ။ အဲဒီကောင်က မြူခိုးနေထိုင်သူတွေ အဖွဲ့အစည်းထဲ ဝင်သွားတယ် မဟုတ်ဘူးလား"
ဓားသမားတစ်ယောက်သည် မြူခိုးနေထိုင်သူများ အဖွဲ့အစည်းထဲသို့ ဝင်ရောက်သွားခဲ့ပြီး သူ့အပေါ် နက်ရှိုင်းသော အထင်ကြီးမှုကို ထားရစ်ခဲ့သည်။
ထိုအချိန်က ထိုကောင်လေးသည် အလွန် ထူးခြားသည်ဟု သူ ခံစားခဲ့ရသည်... သူ မထင်မှတ်ထားခဲ့ပါ... ယခုအခါ ထိုကောင်လေးသည် နတ်ဘုရားတမန်တော် ကိုယ်တိုင် လာရောက်တိုက်ခိုက်အောင် ဆွဲဆောင်နိုင်ခဲ့ပြီဖြစ်သည်။
နတ်ဘုရားတမန်တော်..
ထိုအရာက နတ်ဘုရားတမန်တော်ဖြစ်သည်။
နတ်ဘုရားတမန်တော် ဆိုသည်မှာ အနန္တအမှောင်ထုအဆင့်ရှိသော အထွတ်အထိပ် ဖြစ်တည်မှုများဖြစ်သည်။
သူတို့သည် သတ်ဖြတ်ခြင်းနည်းစနစ်များကို ပိုင်နိုင်စွာ တတ်မြောက်ထားကြပြီး သူတို့၏အစစ်အမှန် တိုက်ခိုက်နိုင်စွမ်းသည် လူတိုင်း၏ စိတ်ကူးယဉ်မှုထက် များစွာ ကျော်လွန်နေသည်။
သူသည် မြူခိုးသမုဒ္ဒရာ၏အပြင်နယ်မြေကို ဖြတ်ကျော် ဝင်ရောက်သွားလေပြီ။
ဤအရာက နောက်ပြောင်ခြင်း မဖြစ်နိုင်ပေ။
..
ထို့အတူ ယနေ့မှာတော့
ကျီဘသည်လည်း ရှန်းချန်ကောကိုလိုက်ရှာနေရာမှ ရှာတွေ့သွားခဲ့သည်။
သူက နတ်ဘုရားတမန်တော် အကြောင်း ပြောပြလိုက်သည်။
"နတ်ဘုရားအသူရာချောက်နက် ကို ထိန်းချုပ်ထားတဲ့သူလား"
"အနန္တအမှောင်ထုအဆင့် ရှိပြီး သတ်ဖြတ်ခြင်း နည်းစနစ်တွေကို ပိုင်နိုင်ထားတဲ့ ဖြစ်တည်မှုတစ်ခု..."
ရှန်းချန်ကောလည်း အနည်းငယ် ခက်ခဲမည်ဟု ခံစားလိုက်ရသည်။
သူ အသက်ပြင်းပြင်း ရှူလိုက်ကာသူ လှည့်ထွက်သွားသည်။
"သူ..." ရှန်းချန်ကော၏ကျောပြင်ကို ကြည့်ရင်း ကျီဘ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။
ဤအရာမှာ သူ၏ရွှေပေါင်ကြီးဖြစ်လေသည်။
"ဘာလို့ မြူခိုးနေထိုင်သူတွေ က အခုထိ မရောက်လာသေးတာလဲ..." သူ စိတ်မရှည် ဖြစ်လာသည်။
ထိုအချိန်တွင် ရှန်းချန်ကောသည် အမှန်တကယ် ချက်အင် ဝင်ရန် သွားနေသည်ကို သူ မသိခဲ့ပေ။
ကူးပြောင်းခြင်းအဆင့် ဖြစ်တည်မှု ၅ ခုကို သတ်ဖြတ်ပြီးနောက် ရှန်းချန်ကောတွင် ချက်အင် ဝင်ရန် နေရာအချို့ ကျန်ရှိနေသေးသည်။
ထို့ကြောင့် နတ်ဘုရားတမန်တော် ရောက်လာတော့မည်ဟု ကျိဘ ပြောလိုက်သည့်အခါ သူအန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။
ထိုခံစားချက်က ရှန်းချန်ကော၏လက်ချောင်းများကို တုန်ယင်သွားစေသည်။
"ချက်အင် ဝင်မယ်"
"ချက်အင် ဝင်ခြင်း အောင်မြင်ပါသည်။ ဆုလက်ဆောင်- ကျင့်ကြံခြင်း * နှစ် ၅၀၀"
ရှန်းချန်ကော၏ခန္ဓာကိုယ် ရုတ်တရက် အနည်းငယ် တုန်ခါသွားပြီး ပိုမိုအားကောင်းသော စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။
တစ်ခဏချင်းတွင် ရှန်းချန်ကောသည် နတ်တံတားအဆင့် နှောင်းပိုင်းသို့ အမှန်တကယ်ပင် ချိုးဖောက်ဝင်ရောက်သွားသည်။
သူသည် ဤနှစ်များအတွင်း ကျင့်ကြံခြင်းစွမ်းအားကို များစွာစုဆောင်းခဲ့သည်ဟု ဆိုရမည်။
အမှန်တကယ်တော့ ပုံမှန်အခြေအနေဖြင့်ဆိုလျှင် ရှန်းချန်ကောသည် အဆင့်များစွာကို ဆက်တိုက် ချိုးဖောက်ကျော်ဖြတ်ပြီး ဖြစ်လိမ့်မည်။
သို့သော် တိုက်ဆိုင်စွာပင် အနက်ရောင်နတ်ဘုရားကျောက်တိုင် က သူ့ကို ပစ်မှတ်ထားကာ သူ၏ အဆင့်ကို တိုက်ရိုက် ပိတ်ဆို့ထားခြင်းကြောင့် ဖြစ်သည်။
သူ ချက်အင်ဝင်လိုက်သည်နှင့် နတ်တံတားအဆင့် နှောင်းပိုင်းသို့ ရောက်ရှိသွားပြီး နတ်တံတားအဆင့် အထွတ်အထိပ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့်ပုံ ပေါက်နေသည်။
သူသည် အချိန်မရွေး နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းနိုင်သည်။
ရှန်းချန်ကော ရုတ်တရက် စိတ်လှုပ်ရှားမှုလျော့နည်းသွားသည်။
"ကျမ်းစာကြည့်တိုက်ငယ်မှာ ချက်အင် ဝင်မယ်။"
"ချက်အင်ဝင်ခြင်း အောင်မြင်သည်"
"ရရှိသောဆုလဘ်-ကောင်းကင်ခွဲခြေလှမ်း ကပ်ဘေးအဆင့်"
ဤတစ်ကြိမ် ကျမ်းစာကြည့်တိုက်ငယ်တွင် ရှန်းချန်ကော ချက်အင်ဝင်လိုက်သောအခါ နောက်ထပ် လှုပ်ရှားခြင်းနည်းစနစ်တစ်ခုကို ရရှိခဲ့သည်။
ဤအရာက သူ့ကို အလွန်အံ့အားသင့်စေခဲ့ပြီး ရှန်းချန်ကောသည် ကောင်းကင်ဓားသခင်ရုပ်တု ဆီသို့ သွားရောက် ချက်အင်ဝင်လိုက်သည်။
"ချက်အင် ဝင်ခြင်း အောင်မြင်သည်။"
"ရရှိသောဆုလဘ်- ကောင်းကင်ဘုံဓားကျမ်း၊ ဓားထိန်းချုပ်ခြင်း အခန်းကဏ္ဍ၊ ကျင့်ကြံခြင်း * နှစ် ၅၀၀"
ရုတ်တရက် ရှန်းချန်ကော၏မျက်လုံးများ တောက်ပလာခဲ့သည်။
သူ့မျက်လုံးထဲတွင် မရေမတွက်နိုင်သော နတ်ဘုရားဓား များ ရှိနေသကဲ့သို့ပင်။
သူ၏ဓားထိန်းချုပ်ခြင်း နည်းစနစ် နှင့်အတူ ကမ္ဘာသစ်တစ်ခု၏တံခါးပေါက် ပွင့်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။
နယ်ပယ်သစ်တစ်ခု ရုတ်တရက် သူ့မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။
"ဓားထိန်းချုပ်ခြင်း နည်းစနစ်၊ နတ်ဘုရားနယ်ပယ် ဓားချက်တစ်ချက်၊ အတွေးတစ်ခု။"
"ဓားမှာ ကိုယ်ပိုင် အသိရှိတယ်။"
ဓားစိတ်ဝိညာဉ် အသိစိတ်
ရွှမ်း
ရှန်းချန်ကောသည် သူ့ဓားကို အနည်းငယ် ယမ်းလိုက်သည်။
ရုတ်တရက် မတူညီသော အရှိန်အဝါတစ်ခု လေထဲတွင် မျောပါလာသည်။
၎င်းသည် ဖျက်ဆီးခြင်း စွမ်းအားဖြစ်သည်။
ဓား၏လျှပ်စီးကြောင်းများ မြင့်တက်လာပြီး ကိုယ်ပိုင်အသက် ရှိနေသကဲ့သို့ ရှိလေ၏။
ရှန်းချန်ကောသည် မည်သည့် ဓားသိုင်းကွက်ကိုမျှ မသုံးဘဲ အနက်ရောင်မြူခိုးထဲမှ ဓားကို တိုက်ရိုက် ထိုးထုတ်လိုက်သည်။
ရွှမ်း
မရေမတွက်နိုင်သော လူများ ထိတ်လန့်တကြား မော့ကြည့်လိုက်ကြသည်။
ကောင်းကင်ဘုံဓားဂိုဏ်း တစ်ခုလုံး အနက်ရောင်မြူခိုး၏အပြင်ဘက် မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
ပင်လယ်ထဲတွင် ကူးခတ်နေသော နဂါးတစ်ကောင်ကဲ့သို့ အနက်ရောင်မြူခိုးများသည် ရုတ်တရက် မျက်စိကျိန်းလောက်သော လျှပ်စီးကြောင်းများဖြင့် ပေါက်ကွဲထွက်လာသည်။
ကြမ်းတမ်းသော အရှိန်အဝါသည် သူတို့ကို တုန်လှုပ်စေပြီး အနက်ရောင်မြူခိုး၏အတွင်းပိုင်းသည် နှင်းပြိုကျသကဲ့သို့ တုန်ယင်နေသည်။
နတ်ဘုရားနယ်ပယ်...
အကြီးအကဲအချို့ မှင်သက်သွားခဲ့ကြသည်။
ဤအရာမှာ ဒဏ္ဍာရီထဲတွငိသာ ရှိခဲ့သည့်အရာဖြစ်ပြီး ရှေးဟောင်းကျမ်းစာအချို့တွင်သာ စကားလုံးတစ်လုံးနှစ်လုံး ဖော်ပြထားတတ်သည်... ယခုတော့ သူတို့ရှေ့တွင် ရောက်ရှိနေပြီး ဓားအတွင်းမှတောက်လောင်နေသော နက်နဲဆန်းကြယ်သည့် နတ်ဘုရားအသိစိတ် ကို ခံစားနေရလေသည်။
သူတို့ မတုန်လှုပ်ဘဲ မနေနိုင်ကြတော့ပေ။
ထို အသိစိတ်၏လွှမ်းမိုးမှုအောက်တွင် သူတို့၏ဓားများကိုပင် ဆွဲထုတ်ရန်စိတ်ကူးပင်မရှိရဲကြပေ။
ထိုအခိုက်အတန့်မှာပင်။
ကောင်းကင်ဘုံဓားဂိုဏ်း၏လူများဟာ ထိတ်လန့်ခြင်းဆိုတာ မည်သို့ဖြစ်သည်ကို နောက်ဆုံးတော့ နားလည်သွားကြပြီဖြစ်သည်။
လွန်စွာ ကြောက်မက်ဖွယ် ကောင်းလေသည်။
ရှန်းချန်ကောသည် ချက်အင်ဝင်ရန် အခြား ဓားသခင်ရုပ်တု တစ်ခုဆီသို့ သွားလိုက်သည်။
"ချက်အင်ဝင်ခြင်း အောင်မြင်ပါသည်။ ဆုလက်ဆောင်- ကောင်းကင်ဘုံဓားကျမ်း - ဓားကွက်ဖော်ခြင်း အခန်းကဏ္ဍ၊ ကျင့်ကြံခြင်း * နှစ် ၅၀၀"
ဟူးလားလား
ဓားထိန်းချုပ်ခြင်းအခန်းကဏ္ဍ ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဤတစ်ကြိမ်တွင် ဓားကွက်ဖော်ခြင်း၏ နှစ် ၅၀၀ ကျင့်ကြံခြင်း အကျိုးသက်ရောက်မှုသည် အလွန် ကောင်းမွန်နေခဲ့သည်။
ရှန်းချန်ကော၏ဓားကွက်ဖော်ခြင်းပုံစံသည် နဂါးတစ်ကောင်ကဲ့သို့ အခြေအနေသို့ ရောက်ရှိသွားသည်။
သူသည် ပုံမှန်အားဖြင့် သိပ်မသုံးသော ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပြီး ရုတ်တရက် အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်သည်။
ဓားကွက်များသည် နက်ရှိုင်းသော ချောက်ကမ်းပါးထဲတွင် ပုန်းအောင်းနေသော နဂါးတစ်ကောင်ကဲ့သို့ မြင့်တက်လာပြီး သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသည်။
သူ နတ်ဘုရားနယ်ပယ် ထဲသို့ ဝင်ရောက်တော့မည်။
ရှန်းချန်ကော သက်ပြင်းချလိုက်ပြီး သူလည်း စိတ်လှုပ်ရှားသလို ခံစားလိုက်ရသည်။
ဓားလမ်းစဉ်ကျင့်ကြံသူတစ်ယောက် နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်သောအခါ ကြီးမားသော အံ့အားသင့်စရာတစ်ခု ရှိလာမည့်ပုံပင်။
ထို့နောက် ရှန်းချန်ကောသည် ဓားစွမ်းအင်တောင် တွင် ချက်အင်ဝင်ရန် သွားလိုက်သည်။
"ချက်အင်ဝင်ခြင်း အောင်မြင်ပါသည်"
"ရရှိသောဆုလဘ်- ဘိုင်ဖုန်းဓားအရှိန်အဝါ"
ရှန်းချန်ကောသည် ချက်အင်ဝင်နေရင်းဖြင့် ဓားအရှိန်အဝါ ရရှိလိုက်သည်။
ဓားစိတ်ဝိညာဉ်အသိစိတ် အဆင့်ရှိသော ဓားထိန်းချုပ်ခြင်းနည်းစနစ် ကို ဓားအရှိန်အဝါ နှင့် တွဲဖက်လိုက်သည်။
ရှန်းချန်ကောသည် သူ၏ဓားထိန်းချုပ်ခြင်း နည်းစနစ်ဖြင့် မြူခိုးသမုဒ္ဒရာ တစ်ခုလုံးကို လွှမ်းမိုးနိုင်မည်ဟု ယုံကြည်မှု ရှိနေသည်။
သာမန်လူများ၏မျက်လုံးထဲတွင်တော့ ဤအဆင့်အား ရောက်နိုင်သည်မှာ...နတ်ဘုရားသာ ရှိသည်။
ထိုအတူ ၎င်းမှာ ရှေးဟောင်းခေတ်မှ နတ်ဘုရားတစ်ပါးပင်ဖြစ်မည်။
ရှန်းချန်ကော အသက်ပြင်းပြင်း ရှူလိုက်သည်။
နတ်ဘုရားတမန်တော်လား လာခဲ့စမ်းပါ။
သို့သော် ရှန်းချန်ကော ချက်အင်ဝင်နေချိန်တွင် နတ်ဘုရားတမန်တော် သည် ကောင်းကင်ဘုံဓားဂိုဏ်းသို့ ရောက်မလာခဲ့ဘဲ၊ မြူခိုးနေထိုင်သူများ အကဲဖြတ်အဖွဲ့သာ အရင်ရောက်ရှိလာခဲ့သည်။