မြူခိုးနေထိုင်သူ အကဲဖြတ်အဖွဲ့
Vol. 10 Ch. 100
မြူခိုးနေထိုင်သူ အဖွဲ့သည် ဖြည်းညှင်းစွာဖြင့် ကောင်းကင်ဘုံဓားဂိုဏ်း သို့ ချဉ်းကပ်လာနေသော်လည်း တစ်ယောက်ချင်းစီ၏ စိတ်ထဲတွင် သံသယများ ရှိနေကြသည်။
"အထက်ကလူတွေ ပြောတာတော့ ဒီနေရာမှာ ကောင်းမွန်တဲ့ မျိုးစေ့တစ်ယောက် ပေါ်ထွက်လာတယ်တဲ့... အဲဒါ အမှန်ပဲလား။ ဒါက မြူခိုးသမုဒ္ဒရာရဲ့အပြင်နယ်မြေ၊ မြူခိုးသမုဒ္ဒရာ အင်အား အနည်းပါးဆုံးနေရာလေ။ ဒီမှာ မြူခိုးသမုဒ္ဒရာကျမ်းစာကို နားလည်သဘောပေါက်နိုင်တဲ့လူ ရှိနိုင်ဦးမလား။"
"မဖြစ်နိုင်လောက်ပါဘူး..."
ခဏတာမျှ လူအချို့သည် ယုံတစ်ဝက်၊ မယုံတစ်ဝက် ဖြစ်နေကြသော်လည်း သူတို့၏ တာဝန်မှာ ဤအရာသာဖြစ်သည်။
"အဲဒီတုန်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ နတ်တံတား အဆင့်ရှိတဲ့အဖွဲ့အစည်း ပြင်ပလူတချို့က မျက်မြင်သက်သေရှိတယ်။ ဒါကြောင့် ဒီကိစ္စက အရမ်း ဖြစ်နိုင်ခြေ ရှိတယ်။ ဒါပေမဲ့ သူတို့ ပြောသလောက် ပါရမီထူးချွန်ပြီး အံ့အားသင့်စရာ ကောင်းမကောင်းတော့ မသိဘူးပေါ့။"
ဤလူများသည် အလွန် ခန္ဓာကိုယ် ကြီးမားထွားကျိုင်းကြပြီး လက်ရှိအချိန်မှာတော့ အဝေးမှနေ၍ ဓားဂိုဏ်းကို လှမ်းမျှော်ကြည့်နေကြသည်။
သို့သော် သူတို့တွင် အနည်းငယ်သော ငြင်းပယ်လိုစိတ် ရှိနေကြသည်။
"ဓားဂိုဏ်း တပည့်လား။"
"အဲဒါက ဝတ်ရုံနက်ဘက်က မဟုတ်ဘူးလား။ ဘယ်လိုလုပ် ငါတို့ မြူခိုးနေထိုင်သူ အဖွဲ့အစည်းကို ဝင်ရတာလဲ။"
သူတို့၏မျက်နှာထားများ မကောင်းလှပေ။
ဤပုံစံသည် သူတို့ ဓားဂိုဏ်းအတွင်းသို့ ဝင်ရောက်သွားသည်အထိ ဆက်လက် တည်ရှိနေသည်။
သူတို့ ဓားဂိုဏ်းအတွင်းသို့ ဝင်ရောက်လာခါစ ရှိသေးသော်လည်း မလှမ်းမကမ်းတွင် ကျိဘ သည် ဝန်ထုတ်ဝန်ပိုး လျော့သွားသကဲ့သို့ လျှောက်လှမ်းလာသည်။
"ဦးစီးမှူးကျန်း"
"မင်းကိုး။"
သူတို့နှစ်ဦး ယခင်က ဆုံဖူးသည်မှာ ထင်ရှားသည်။
သို့သော် ဦးစီးမှူးကျန်းသည် ကျိဘကို မြင်လိုက်ရသော်လည်း မျက်နှာပေါ်ရှိ မဲမှောင်နေသော အမူအရာမှာ ပျောက်ကွယ်မသွားပေ။
အမှန်တကယ်တွင် သူ၏စိတ်ထဲ၌ သံသယ ဖြစ်နေမိသည်။
ကျိဘသည် ဦးနှောက်မရှိဘဲ ခေါင်းမာတတ်သူ ဖြစ်သည်ကို သူ မြင်ဖူးသည်။
ဤကဲ့သို့သော လူမျိုးသည် ဓားအသုံးပြုသူများကို အထင်အမြင်သေးကြောင်း ထင်ရှားစွာ ပြသတတ်သည်။
သို့သော် ယခုအခါ သူသည် ကျိဘက ဓားဂိုဏ်းအပေါ် အလွန် ယဉ်ကျေးပျူငှာနေသည်ကို မြင်နေရသည်။
ထိုခံစားချက်မှာ သူသည် ဤနေရာ၌ လုံးဝ ဝင်ဆံ့ပျော်ဝင်သွားသကဲ့သို့ပင်။
သူ၏မျက်နှာထား မကောင်းလှပေ။
ကျိကို ဘေးသို့ ဖြည်းညှင်းစွာ ဆွဲခေါ်သွားလိုက်သည်။
"ဘာဖြစ်တာလဲ။"
ကျိက သံသယဖြင့် သူ့ကို ကြည့်လိုက်သည်။
ဘာက ဘာဖြစ်ရမှာလဲ။
"မင်း ပြောလေ... ဒါက ဓားဂိုဏ်း မဟုတ်လား။ ဓားအသုံးပြုတဲ့ တပည့်က ငါတို့ မြူခိုးနေထိုင်သူ အဖွဲ့အစည်းကို ဝင်မှာလား။" ဦးစီးမှူးကျန်း အသက်ပြင်းပြင်း ရှူလိုက်သည်။
မြူခိုးနေထိုင်သူ အဖွဲ့အစည်းတွင် ဓားကျင့်ကြံသူများ မရှိဘူးလော။
ရှိသည် သို့သော် သူတို့၏ဘဝများမှာ အလွန် ဆိုးရွားလှသည်။
မြူခိုးနေထိုင်သူ အဖွဲ့အစည်းတွင် အများစုမှာ ခန္ဓာကိုယ်ကျင့်ကြံသူများဖြစ်ကြပြီး၊ သူတို့ မြူခိုးသမုဒ္ဒရာမှ နားလည်သဘောပေါက်ထားသော ကျမ်းစာများသည်လည်း ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းလမ်းများနှင့် သက်ဆိုင်သည်။
ထို့ကြောင့် မြူခိုးနေထိုင်သူ အဖွဲ့အစည်းအတွင်းရှိ ဓားကျင့်ကြံသူများသည် ကြီးမားသော ဖယ်ကြဉ်မှုကို ခံစားကြရသည်။
တစ်ယောက်ချင်းစီ၏ ဘဝမှာ အလွန် ဆိုးရွားလှသည်။
တာဝန်များ သူတို့အလှည့် မရောက်သလို၊ အဆင့်သတ်မှတ်ချက် တွင်လည်း သူတို့ ပါဝင်ခွင့် မရကြပေ။
ယခု သူတို့သည် အပြင်နယ်မြေသို့ တကူးတက လာရောက်ပြီး ဓားကျင့်ကြံသူ တစ်ယောက်ကို မြူခိုးနေထိုင်သူ အဖွဲ့အစည်းထဲသို့ ထပ်မံ ဆွဲသွင်းရမည်လော။
ဤကဲ့သို့သော လူသစ်စုဆောင်းရေး အခမ်းအနားမျိုးသည် ယေဘုယျအားဖြင့် အလွန် အလားအလာရှိသော ပါရမီရှင်များအတွက်သာ အသုံးပြုလေ့ရှိသည်။
အပြင်နယ်မြေမှ ဓားဂိုဏ်း တပည့်တစ်ဦး၊ နောက်ခံ အင်အားစု၏ပံ့ပိုးမှု မရှိဘဲ...
သူ မြူခိုးနေထိုင်သူ အဖွဲ့အစည်းသို့ ဝင်ရောက်ပြီးနောက် ကြုံတွေ့ရမည့် အခြေအနေကို မှန်းဆကြည့်နိုင်သည်။
ကျိဘ သက်ပြင်းချလိုက်သည်။
"ကျွန်တော်လည်း မလုပ်ချင်ပါဘူး။"
"ဟင်"
"ကျွန်တော် အရိုက်ခံပြီး အနိုင်ကျင့်ခံလိုက်ရလို့ပါ။"
အရိုက်ခံပြီး အနိုင်ကျင့်ခံလိုက်ရလို့ ဟုတ်လား။
ကျိဘသည် နတ်တံတား နှောင်းပိုင်းအဆင့် ရှိသူ ဖြစ်သည်။
သူ၏ အင်အားသည် နတ်တံတား အထွတ်အထိပ်အဆင့် နှင့် ရင်ဆိုင်ရလျှင်ပင် မြူခိုးသမုဒ္ဒရာ ကျမ်းစာ၏စွမ်းအားကို အသုံးပြု၍ အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။
ကျိဘက အရိုက်ခံပြီး အနိုင်ကျင့်ခံလိုက်ရသည်လော။
ဦးစီးမှူးကျန်း မျက်လုံး အနည်းငယ် ပြူးကျယ်သွားသည်။
တကယ်လား၊လိမ်နေတာလား။
သို့သော် ထိုအချိန်၌ပင်
အနက်ရောင်ဝတ်လူငယ်တစ်ဦး လမ်းလျှောက်လာပြီး မျက်လုံးများထဲတွင် သိချင်စိတ် အနည်းငယ် ပါဝင်နေသည်။
"အစ်ကို ကျိဘ... သူတို့က ဘယ်သူတွေလဲ။"
"ဟင်။" ဦးစီးမှူးကျန်းနှင့် အခြားသူများ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
ဤလူငယ်လေး၏ကိုယ်ပေါ်မှနေ၍ မြူခိုးသမုဒ္ဒရာ ကျမ်းစာ၏ အငွေ့အသက်ကို သူတို့ ခံစားမိလိုက်သည်။
သို့သော် သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောပေါ်တွင် ဓားသုံးလက် လွယ်ထားသဖြင့် ခဏတာမျှ သူတို့ကို ဝတ်ရုံနက် အဖွဲ့အစည်းနှင့် ဆက်စပ် တွေးတောမိစေသည်။
ခဏတာမျှ အပေါ်ယံတွင် မပြသသော်လည်း ကျိဘသည် သူ့ဘေးနားရှိ လူများ၏သတိထားနေသော ပုံစံကို ခံစားမိလိုက်သည်။
သူ ခါးသီးစွာ ပြုံးလိုက်သည်။
"ဒါတွေက မြူခိုးနေထိုင်သူ အဖွဲ့အစည်းရဲ့ အကဲဖြတ်အဖွဲ့ပါ။ မြူခိုးနေထိုင်သူ အဖွဲ့အစည်းကို ဝင်ရောက်မယ့် လူရဲ့ အလားအလာကို အကဲဖြတ်ဖို့ လာကြတာ။"
မိုချင်းချန်၏ စိတ်နှလုံး အနည်းငယ် လှုပ်ရှားသွားသည်။
သူသည် မြူခိုးသမုဒ္ဒရာ ကျမ်းစာကို နားလည်သဘောပေါက်ခဲ့ပြီး၊ ၎င်းမှာ မပြည့်စုံသေးသော ကျင့်စဉ်တစ်ခု ဖြစ်သော်လည်း သူသည် မြူခိုးသမုဒ္ဒရာ အဖွဲ့အစည်းကြီး နှစ်ခုထဲမှ တစ်ခုကို ဝင်ရောက်ရန် အရည်အချင်း ပြည့်မီနေပြီဟု ကျိဘ ပြောဖူးသည်။
သူသည်လည်း အမှန်တကယ်တွင် မြူခိုးသမုဒ္ဒရာ အဖွဲ့အစည်းကို ဝင်ရောက်လိုသည်။
သို့သော် သူ နားလည်ထားသည်မှာ မိမိသည် စီနီယာအစ်ကိုကြီး အကဲဖြတ်ခံပြီးမှသာ ဤကိစ္စများကို ပြောဆိုရမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ကျင့်စဉ်များအားလုံးသည် စီနီယာအစ်ကိုကြီး၏ကူညီမှုကြောင့် ဖြစ်သည်။
သူ၏ကိုယ်ပိုင် အလားအလာသည် အပြင်နယ်မြေ၌မြူခိုးသမုဒ္ဒရာ ကျမ်းစာကို ကိုယ်တိုင် နားလည်သဘောပေါက်ရန် မလုံလောက်ပေ။
ထို့ကြောင့် စီနီယာအစ်ကိုကြီးကသာ သူ့ကို လက်ရှိ အရာအားလုံး ပေးခဲ့သည်ကို သူ နားလည်သည်။
ထို့ကြောင့် သူသည် ကျေးဇူးတရားကို သိတတ်ရမည်၊ အကြီးအကဲနှင့် ငယ်သား အစဉ်လိုက်ကို သိရှိရမည်။
ယခုအခါ သူသည်လည်း လွတ်မြောက်ခြင်း အဆင့် သို့ ရောက်ရှိနေပြီဖြစ်ပြီး မြူခိုးသမုဒ္ဒရာ ကျမ်းစာကို လှည့်ပတ်အသုံးပြုပါက သူ၏တိုက်ခိုက်နိုင်စွမ်းသည်လည်း အလွန်အမင်း အားကောင်းလာမည် ဖြစ်သည်။
"မင်းလား"
ဦးစီးမှူးကျန်းသည် မိုချင်းချန်ကို မျက်လုံးအေးစက်စက်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
ကြည့်ရသည်မှာ လူငယ်လေးတစ်ဦးသာ ဖြစ်ပြီး အသက် ၁၅ နှစ်ဝန်းကျင်ခန့် ရှိမည်။
အင်အားမှာ လွတ်မြောက်ခြင်းအဆင့်တွင် ရှိပြီး အငွေ့အသက်မှာ မတည်ငြိမ်သေးပေ။
ကြည့်ရသည်မှာ မြူခိုးသမုဒ္ဒရာ ကျမ်းစာကို နားလည်သဘောပေါက်ခါစ ပုံစံမျိုး ဖြစ်သည်။
ဟင်
ငါ အလိမ်ခံလိုက်ရတာလား
သူ့စိတ်ထဲတွင် ဒေါသထွက်လာသည်။
အကဲဖြတ်အဖွဲ့ကို တင်ပြတောင်းဆိုခဲ့သော ကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူက ပြောခဲ့သည်မှာ ဤမြူခိုးသမုဒ္ဒရာ အပြင်နယ်မြေမှ ဓားဂိုဏ်း တပည့်သည် ပျက်သုဉ်းခြင်းချီ အလွှာပါးလေးကို မိမိကိုယ်ပေါ်တွင် ဖုံးလွှမ်းစေနိုင်သည် ဟူ၍ ဖြစ်သည်... ပျက်သုဉ်းခြင်းချီ အသုံးပြုပုံမှာ အလွန်အံ့မခန်းဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းသည် အဆင့်တူများကို ကျော်လွန်ကာ ထူးခြားမှုများစွာ ရှိသည်ဟု ဆိုသည်။
သို့သော် ယခု သူ၏ရှေ့မှောက်ရှိ ဤလူငယ်လေးကို ကြည့်လိုက်ရာ သတင်းအချက်အလက်ပါ အင်္ဂါရပ်များနှင့် တစ်စက်ကလေးမျှ တူညီခြင်း မရှိပေ။
သူ နားလည်သည်မှာ အကဲဖြတ်အဖွဲ့ကို လျှောက်ထားပြီး အကယ်၍ အမှန်တကယ် ပါရမီရှင်ကို တွေ့ရှိပါက အဖွဲ့အစည်းသည် ထိုပုဂ္ဂိုလ်အား ဆုလာဘ်များစွာ ပေးအပ်မည် ဖြစ်သည်။
သို့သော်...
ယခုကဲ့သို့တော့ လိမ်၍မရနိုင်ပေ။
သူတို့မှာအဖွဲ့အစည်းတစ်ခုမှ လူများမဟုတ်ကြဘူးလော။
ထို့ကြောင့် သူတွေးမိလေလေ၊ သူ၏မျက်နှာထား ပိုမို ဆိုးရွားလာလေလေ ဖြစ်သည်။
သူ မိုချင်းချန်ကို ကြည့်လိုက်သည်။
မိုချင်းချန်ကလည်း သူ့ကို ပြန်ကြည့်နေပြီး နှစ်ဦးသား မျက်လုံးချင်း ဆုံနေကြသည်။
"အချက်အလက်တွေအရ မင်းက နတ်တံတား အဆင့်ကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်တယ်ဆို... လာစမ်း၊ သတ်ပြစမ်း၊ ငါ ကြည့်ချင်တယ်။"
မိုချင်းချန် - "..."
ကျိဘ - "..."
ဘာကြီးလဲဟ
သူတို့ ဦးစီးမှူးကျန်းကို ကြည့်လိုက်ရာ ဤလူသည် တစ်စုံတစ်ခုကို အထင်လွဲနေပုံရသည်ဟု ခံစားလိုက်ရသည်။
"အဟမ်း... ဟိုလေ... ဒီ အကြီးအကဲ... အကဲဖြတ်ခံချင်တဲ့လူက ကျွန်တော် မဟုတ်ဘူး။"
မင်း မဟုတ်ဘူး ဟုတ်လား။
ဦးစီးမှူးကျန်း၏မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
ဘာလဲဟ အပြင်နယ်မြေ ဂိုဏ်းတစ်ခုထဲမှာ မြူခိုးသမုဒ္ဒရာ ကျမ်းစာကို နားလည်သဘောပေါက်တဲ့ ဒုတိယလူ ရှိနေသေးတာလား။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူ၏အတွေ့အကြုံအရ ရှေ့မှောက်ရှိ မိုချင်းချန် နားလည်သဘောပေါက်ထားသော မြူခိုးသမုဒ္ဒရာ ကျမ်းစာသည်လည်း မဆိုးလှပေ။
အနည်းဆုံးတော့ ကျိဘထက် သာလွန်နိုင်သည်။
ဤသည်မှာ အလွန် တွေ့ရခဲသော ကိစ္စဖြစ်သည်။
သို့သော် သူက ပြောသည်မှာ အကဲဖြတ်ရမည့်သူသည် သူ မဟုတ်ဘူးတဲ့လား။
တခြားလူ ရှိသေးတာလား။
ထိုအချိန်၌ပင် ကိုယ်လုံးကိုယ်ပေါက် လှပသော မိန်းကလေးတစ်ဦး လျှောက်လှမ်းလာသည်။
မြူခိုးသမုဒ္ဒရာ ကျမ်းစာကို နားလည်သဘောပေါက်ထားတဲ့ နောက်တစ်ယောက်လား။
ကြည့်ရသည်မှာ ဤလူငယ်လေးထက် အနည်းငယ် နိမ့်ကျပုံရသော်လည်း စာလုံးအချို့ကို နားလည်သဘောပေါက်ထားပုံ ရသည်။
ဒါ...
ဒါက တကယ်ကို ဘာဖြစ်နေတာလဲ။
သူ ကျိဘကို ကြည့်လိုက်သည်။
ထိုအချိန်ကျမှသာ ကျိဘသည် မည်သည့်အချိန်ကမှန်း မသိရဘဲ သူကျင့်ကြံထားသော ကျမ်းစာသည် အပြောင်းအလဲအချို့ ဖြစ်ပေါ်ခဲ့ပြီး ကျင့်စဉ်ကို ပြည့်စုံအောင် ဖြည့်စွက်နိုင်ခဲ့သည်ကို တွေ့ရှိလိုက်ရသည်။
ဘာဖြစ်တာလဲ။
သူ ဤကဲ့သို့သော အရာမျိုး တစ်ခါမျှ မကြုံဖူးပေ။
ဤဓားဂိုဏ်းငယ်လေး အတွင်း၌ သူ မသိသေးသော လျှို့ဝှက်ချက်များ ရှိနေသည်လော။
ထိုအချိန်၌ပင် အမှောင်မြူများ အပြင်ဘက်မှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုခြေသံများသည် ပေါ့ပါးမှုအနည်းငယ် ပါဝင်ပြီး အလွန် ထူးဆန်းသော ကြိမ်နှုန်းတစ်ခု ရှိနေသကဲ့သို့ပင်။
လူ၏နှလုံးသားပေါ်သို့ နင်းလိုက်သကဲ့သို့ ခံစားရသည်။
ခြေသံသက်သက်ဖြင့်ပင် ရှိနေသော အကဲဖြတ်အဖွဲ့အား ကြီးမားသော ဖိအားကို ပေးစွမ်းနိုင်ခဲ့သည်။
မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။
ထိုစဥ် သူတို့သည် ဓားဂိုဏ်း အတွင်းမှနေ၍ဝတ်ရုံဖြူ ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာလေသည်ကိုတွေ့လိုက်ရသည်။
စာစဉ်၁၀ပြီး#