← Chapters

အခန်း (၅၈၇-၅၈၈)

Vol. 39 Ch. 587-588

အခန်း (၅၈၇-၅၈၈)

Vol. 39 Ch. 587-588

အပိုင်း (၅၈၇)

ရှုပိုတောက်က မေးလိုက်သည်။ “ဒါဆိုရင် ငါတို့ရဲ့ စစ်သည်တော်တွေ အဆင်သင့် ဖြစ်ပြီလား။”

ရှုတင်းယုက ပြောလိုက်၏။ “အားလုံး စုဝေးပြီးပါပြီ။ ဒါပေမဲ့ အဖေက ဘာလို့ သူတို့ တစ်ယောက်ချင်းစီတိုင်းကို မတိုက်ခိုက်ရတာလဲ။”

ရှုတင်းယုက ပြောလိုက်သည်။ “ရွှယ်မိသားစုရဲ့ ထောက်လှမ်းရေးအရ ရှမ့်လန်က အရမ်း ကောက်ကျစ်တယ်။ လှည်းအများစုမှာ အဲဒီ ဉာဏ်ရည်မမှီတဲ့ လူအတုတွေကို ထည့်ထားနိုင်တယ်။ ပြီးတော့ ငါတို့အားလုံး တပြိုင်နက်တည်း ဖမ်းရမယ်။ ရှမ့်လန်အတွက် တစ်ယောက်မှ ချန်ထားလို့ မဖြစ်ဘူး။”

ရှုတင်းယုက ပြောလိုက်၏။ “ဓားဘုရင် လီချင်းချိုးနဲ့ နာကျည်းမှုတို့အောက်မှာ ကျွမ်းကျင်သူ နှစ်ရာနဲ့ ကောင်းကင်တာအိုအဖွဲ့အစည်းက ကျွမ်းကျင်သူရာပေါင်းများစွာတို့က သက်ရှည်ခံတပ် အနီးမှာ စုဝေးနေကြတယ်။ သူတို့က အဲဒီ စွမ်းဆောင်ရည် နိမ့်ပါးလွန်းပြီး ဦးနှောက်မကောင်းတဲ့လူတွေကို ကြိုဆိုဖို့ ပြင်ဆင်နေကြတာပဲ။”

ရှုပိုတောက်က ပြောလိုက်သည်။ “အင်း... ဓားဘုရင် လီချင်းချိုးက ချင်နိုင်ငံကနေ လာခဲ့တာလား။”

ရှုတင်းယုက ပြောလိုက်၏။ “ဟုတ်တယ်။ အရူးကြီးက ချင်နိုင်ငံမှာ ရှိနေတုန်းပဲ။ ရှမ့်လန်က အဲဒီ ဉာဏ်မမှီတဲ့ လူတွေကို ဘယ်လောက် အရေးထားတယ် ဆိုတာ အရမ်းကို ရှင်းနေတယ်။”

ရှုပိုတောက်က ပြောလိုက်သည် “ဒီအချိန်မှာ ငါတို့ တစ်နေရာရဲ့ လုံခြုံရေးကို အထူးဂရုစိုက်ရမယ်။ အဲဒါ ငါတို့ရဲ့ ဌာနချုပ် ကျေးဇူးတော်မျှော်စင်ပဲ။ ရှမ့်လန်မှာ အောက်ခြေစည်းမျဉ်းဆိုတာ ရှိတာမဟုတ်ဘူး။ ငါတို့က လူအင်အားအပြည့်နဲ့ သူ့ရဲ့ ဉာဏ်ရည်မမှီတဲ့ လူတွေကို ခိုးယူဖို့ လုပ်တယ် ဆိုတာကိုသာ သိတယ်ဆိုရင် ငါတို့ရဲ့ ဌာနချုပ်ကို သူက အရူးလို လာတိုက်လိမ့်မယ်။ သူက နာကျည်းမှုရဲ့ နာမည်နဲ့တောင် လျန်ကျင်းတို့ တစ်မိသားစုလုံးကို သတ်ဖြတ်ခဲ့သေးတယ်။ သူ မလုပ်နိုင်တာ တစ်ခုမှ မရှိဘူး။”

ရှုတင်းယုက ပြောလိုက်၏။ “စိတ်ချပါ အဖေ။ ဉာဏ်ရည်မမှီတဲ့လူတွေကို ခိုးယူဖို့ ကျုပ်တို့ ကျုပ်တို့ စေလွှတ်လိုက်တဲ့ ကျွမ်းကျင်သူတွေက ချောင်နဲ့ ဝူပြည်နယ် ကနေ ရွှေပြောင်းလာတဲ့ လူတွေပဲ။ ကျေးဇူးတော် မျှော်စင်က ကျွမ်းကျင်သူတစ်ယောက်မှ မခေါ်ထုတ်ရသေးပါဘူး။ မဟာပညာရှင် တစ်ဦးကလည်း စောင့်ကြပ် နေပါတယ်။

ရှမ့်လန်က ကျုပ်တို့ရဲ့ ကျေးဇူးတော်မျှော်စင်ကို ချောင်းမြောင်းပြီး တိုက်ခိုက်ချင်တယ်ဆိုရင် လက်နှစ်ဖက် ဖြန့်ပြီး ကောင်းကောင်းမွန်မွန် ကြိုဆိုရတော့မှာပေါ့။ ဘယ်လောက်ပဲလာလာ သေဆုံးရမှာပဲ။ သူတို့က ကျုပ်တို့ရဲ့ ထောင်ချောက်ထဲကို တည့်တည့် လျှောက်ရမှာပဲ။”

ရှုပိုတောက်က ခေါင်းညိတ်လိုက်၏။ “ဒါပေမဲ့ ငါတို့က ကျေးဇူးတော်မျှော်စင်ကို ဗလာနတ္ထိ ဖြစ်နေသလို ဟန်ဆောင်ရမယ်။ ကျွမ်းကျင်သူအားလုံးကို အပြင်ဘက်ကို စေလွှတ်ဟန်ပြရမယ်။ ရှမ့်လန် ဒီနေရာကို တိုက်ခိုက်ဖို့ ဆွဲဆောင်ထားရမယ်။”

ရှုတင်းယုက ပြောလိုက်သည်။ “အင်း.. ဟုတ်တယ်”

.......

ချန်းဖန်မြို့စားအိမ်တော်၏ အတွင်းမှာတော့ ရှမ့်လန်က ဧည့်သည် တစ်ဦးကို ကြိုဆိုနေ၏။ ထိုဧည့်သည်က သူနှင့် အလုံးစုံ စိမ်းသက်လျက် ရှိနေသည့် ဧည့်သည်ပင်။

“ကျုပ် မိတ်ဆက်ပေးပါရစေ၊ ကျုပ်က စေတီတောင်ရဲ့ တပည့် ဝူကျူး ပဲ ဖြစ်ပါတယ်။”

ရှမ့်လန်၏ မျက်လုံးများက ကျဉ်မြောင်းသွား၏။ ဤလူက နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ အန္တရာယ် ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သော စေတီတောင်က နောက်ဆုံးတွင် ရောက်ရှိလာခဲ့၏။ ဤဝူကျူးက ချောမောခြင်း မရှိသလို ရုပ်ဆိုးခြင်းလည်း မရှိချေ။ အရပ်ရှည်ခြင်းလည်း မရှိသလို ပုခြင်းလည်း မရှိပေ။ သူ၏ မျက်နှာက အချိန်တိုင်း နူးညံ့သည့် အပြုံးတစ်ခု တည်ရှိနေ၏။

ရှမ့်လန်က လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “ဝူသခင်လေး ဂါရဝပြုပါတယ်။”

“ရှမ့် ဂါရဝပြုပါတယ်။”

ဝူကျူးက ပြောလိုက်၏။ “အင်း.. နတ်မိမယ်ရွှယ်ရင်နဲ့ လူကြီးမင်းကျုံးချူးကဲ့တို့ကို ခင်ဗျား အရမ်း လွမ်းနေမှာပေါ့။ စိတ်မပူပါနဲ့။ သူတို့က လုံခြုံပြီး ကျန်းမာရေး ကောင်းမွန်ကြပါတယ်။”

သူက မည်သည့်တခြား အပိုချက်လက်ကိုမှ ထုတ်ဖော် မပြောခဲ့ချေ။ လုံခြုံပြီး ကောင်းမွန်နေသည်လား။ သိရမည်မှာ အကျဉ်းချခံရခြင်းအားဖြင့် လုံခြုံမှု တစ်မျိုးပင် ဖြစ်ပေလိမ့်မည်။

ဝူကျူးက ပြောလိုက်သည်။ “ရှမ့်... နင်ဟန်ကို သဘောကျလား။”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် သူ့ကို မုန်းပါတယ်။”

ဝူကျူးက ပြောလိုက်သည်။ “တိုက်ဆိုင်လိုက်တာ၊ ကျုပ်လည်း သူ့ကို မုန်းတယ်။ သူ့ရဲ့ မာနကြီးပြီး မောက်မာတဲ့ ပုံစံကို မြင်တိုင်း သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ ဒွါရကိုးပေါက်လုံးကို မြွေရာပေါင်းများစွာ ထိုးထည့်ချင်စိတ် ပေါက်တယ်။”

ရှမ့်လန်က ပြောလိုက်၏။ “မင်းသမီးနင်ဟန်က ချီယန်နိုင်ငံသစ်ရဲ့ ချီယန်နိုင်ငံသစ်က ယင်းမင်းသားရဲ့ လက်ထပ်ခွင့် တောင်းဆိုမှုကို ငြင်းပယ်ခဲ့တယ်။”

ဝူကျူးက ပြုံးလိုက်သည်။ “ရှမ့်က မကြာသေးခင်က သွေးမျိုးဆက်လေ့လာမှုမှာ အကြီးအကျယ် တိုးတက်ခဲ့တဲ့ပုံပဲ။ ကျုပ်တို့ကို အံ့အားသင့်စေခဲ့တယ်။ ခင်ဗျားက ရွှယ်ရင်နဲ့ လီချင်းချိုးတို့ရဲ့ မိန်းမကို ကယ်တင်နိုင်ခဲ့တယ်။ ဒါကြောင့် ကျုပ်တို့က ခင်ဗျားအပေါ်မှာ လေးစားမှု အသစ်တစ်ခု ရရှိလာခဲ့ပါတယ်။”

ရှမ့်လန်က ပြောလိုက်၏။ “ကျေးဇူးပါပဲ။”

ဝူကျူးက ဆက်လက်ကာ ပြောသည်။ “တကယ်တော့ ကျုပ်တို့ ရွှယ်ရင်ကို သေစေချင်တာ မဟုတ်ဘူး။ ခင်ဗျား မကယ်ရင်တောင်မှ ကျုပ်တို့က သူ့ကို ကယ်မှာပါပဲ။ ကျုပ်တို့က သူ့ကို ငြိမ်ငြိမ်သက်သက်နဲ့ ခေါင်းငုံ့ပြီး နေစေချင်တာ။ ဘာပဲဖြစ်ဖြစ် သူက တစ်ချိန်တုန်းက စေတီတောင်ရဲ့ တပည့်ဟောင်း တစ်ယောက်ပဲ။”

ရှမ့်လန်က အံ့အားသင့်သွား၏။ ရွှယ်ရင်က တစ်ချိန်တုန်းက စေတီတောင်၏ တပည့်ဟောင်း တစ်ယောက် ပေလား။ ဤဆက်ဆံရေးက တကယ်ပင် ရှုပ်ထွေး၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဓားဘုရင် လီချင်းချိုးရဲ့ မိန်းမ ကတော်ချိုးကရော။”

ဝူကျူးက သက်ပြင်းချ၏။ “သူကတော့ ငါးသေးသေးကလေး တစ်ကောင်ပါပဲ။”

ဤစကားလုံးများက လူကို သက်ပြင်းပင် ချစေခဲ့၏။ ဓားဘုရင်လီချင်းချိုးက ငါးသေးသေးကလေး တစ်ကောင်သာ ဖြစ်၏။ ထို့ပြင် ဝူကျူးက ဤစကားကို စိတ်ရင်းမှန်ဖြင့် ပြောဆိုခြင်း ဖြစ်၏။

သူ၏ ဆိုလိုရင်းက လီချင်းချိုး၏ မိန်းမ ကတော်ချိုးကို ထိခိုက်နာကျင်စေရန် ရည်ရွယ်ချက်ဟူ၍ မရှိသော်လည်း တခြားသောသူများက စေတီတောင်၏ အဆိပ်ကို အသုံးပြု၍ သူမကို ထိခိုက်နစ်နာစေခဲ့လျှင်လည်း သူတို့က ဂရုမစိုက်ဟု ဆိုလို၏။ ထိုသို့သော ငါးသေးသေးကလေးတစ်ကောင် သေဆုံးခြင်းက ပြောပလောက်သည့် အရာ မဟုတ်သောကြောင့် စေတီတောင်ကို အပြစ်တင်ရန်လည်း မလိုအပ်ပေ။

ဝူကျူးက ပြောလိုက်သည်။ “ရှမ့်.. ကျုပ်တို့လို သဘာဝလွန် အင်အားစုတွေအကြောင်းကို ဘယ်လောက်သိလဲတော့ မသိဘူး။ ကောင်းကင်ပင်လယ်နန်းဆောင်၊ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၊ စေတီတောင်၊ ကြာဖြူမြို့တော် စသဖြင့်ပေါ့။”

ရှမ့်လန်က ပြောလိုက်၏။ “အာ.. ကျုပ် တကယ်တော့ နားမလည်ပါဘူး။ ဒါပေမဲ့ အံ့မခန်းလို့ ထင်ပါတယ်”

“ဟား ဟား ဟား။”

ဝူကျူးက ရယ်မောလိုက်သည်။ “ရှမ့်က တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ။ ကျုပ် ခင်ဗျားနဲ့ မိတ်ဆွေဖွဲ့ဖို့ လာခဲ့တာပါ။ ခင်ဗျားက နင်ဟန်ကို မကြိုက်ဘူး။ ကျုပ်ကလည်း မကြိုက်ဘူး။ ခင်ဗျားနဲ့ ကောင်းကင်ပင်လယ် နန်းဆောင်ကြားမှာ ရန်ငြိုးရှိတယ်။ ကျုပ်တို့နဲ့လည်း သူတို့က အဆင်မပြေဘူး။ ဒီတော့ ဘာလို့ မိတ်ဆွေ မလုပ်ကြမှာလဲ။”

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းတာပေါ့၊ သေချာပေါက်ကောင်းတာပေါ့။ ကျိန်းသေပေါက် သွေးသောက် ညီအစ်ကိုတွေ ဖြစ်ဖို့တောင် ပြဿနာ မရှိပါဘူး။ ရှမ့်လန်က အစ်ကိုကြီးကို ဦးညွတ်ပြီး ဂါရဝပြုပါတယ်”

“အင်း။”

ဝူကျူးက ပြောလိုက်သည်။ “ဒီနေ့ ညီလေးတစ်ယောက်ကို ရခဲ့တာ ကြီးမြတ်တဲ့ အရာပဲ။”

ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်တို့ တကယ်ပဲ သွေးသောက်ညီအစ်ကိုတွေ ဖြစ်ကြပြီလား။”

ဝူကျူးက ပြောသည်။ “သေချာပေါက်ပါပဲ။”

ရှမ့်လန်က စကားတစ်ခွန်းမှ မဆိုချေ။ အမွှေးတိုင် နှစ်ချောင်းကို ထုတ်ယူ၏။ သူတို့ နှစ်ဦးက မြေပေါ်တွင် ဒူးထောက်ပြီး

“ကျုပ်က ရှမ့်လန်၊ ကျုပ်က ဝူကျူး၊ ဒီနေ့မှ စ၍ ကျုပ်တို့က သွေးသောက်ညီအစ်ကိုများ ဖြစ်ကြပြီ။ တစ်ရက်တည်း မွေးဖွားခြင်း မရှိလျှင်တောင်မှ တစ်ရက်တည်း သေဆုံးရမည်ဟု မျှော်လင့်၏။ ဒီနေ့မှ စ၍ ကျုပ်တို့က တစ်ဦးနှင့် တစ်ဦး ရိုးသားစွာ ဆက်ဆံပြီး ဘယ်သောအခါမှ သစ္စာမဖောက်ကြပါ”

“အစ်ကိုကြီး”

“ညီလေး”

ကျိန်ဆိုပြီးနောက် ဝူကျူးနှင့် ရှမ့်လန်တို့က စကားပြော၏။

“ညီလေး ငါတို့က ညီအစ်ကိုတွေ ဖြစ်ကြပြီ ဆိုတော့ မင်းကို ပြောစရာ ရှိတယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “အစ်ကိုကြီး ပြောပါ။ ကျုပ် တကယ့်ကို အာရုံစိုက်ပြီး နားထောင်နေပါတယ်။”

ဝူကျူးက ပြောလိုက်၏။ “မင်းက သွေးမျိုးဆက် ပြောင်းလဲဖို့ နည်းလမ်းကို ရှာတွေ့ခဲ့တယ်။ ဒါက အရမ်းကို မြန်ပြီး အံ့အားသင့်စရာပဲ။ ဒါပေမဲ့ ဒီလို ကောင်းကင်ကို ဆန့်ကျင်တဲ့အရာကို အောက်တန်းကျတဲ့လူတွေအပေါ် ဘာလို့ သုံးရတာလဲ။ ဒါက ဝက်ကို နဂါးရဲ့အသည်းနဲ့ ဖီးနစ်ရဲ့သည်းခြေ ကျွေးသလို ဖြစ်နေတယ်။ အရမ်းကို ဖြုန်းတီးသလို ဖြစ်တယ်။ ရှေးခေတ်နတ်ဘုရားတွေကို ဒေါသထွက်စေလိမ့်မယ်။”

ရှမ့်လန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ “အစ်ကိုကြီး... အဲလောက်တောင် အရေးကြီးတာလား။”

ဝူကျူးက ပြောလိုက်၏။ “ညီလေး.. ဒီထက်တောင် ပိုပြီး အရေးကြီးတယ်။ မင်း ရွှယ်ရင်ကို ကယ်တင်ခဲ့တာက ငါတို့ရဲ့ ဘိုးဘေးတွေကို ဒေါသထွက်စေခဲ့တယ်။ မူလက သူတို့က မင်းကိုဖမ်းဖို့ စီစဉ်ထားတယ်ဆိုပေမဲ့ ငါ့ရဲ့ ဆရာက တားဆီးခဲ့တယ်။ အရည်အချင်းရှိတဲ့လူတွေကို ရှာဖွေရတာ ခက်ခဲတဲ့အတွက် မင်းကို အရေးမယူတော့ဖို့ ဆုံးဖြတ်ခဲ့တယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ကျေးဇူးပါပဲ အစ်ကိုကြီး။ ကျုပ်က ကျေးလက်မှာ မွေးဖွားတဲ့လူတစ်ယောက်ပဲ။ အဲလို စည်းမျဉ်းစည်းကမ်းတွေကို ကျုပ် နားမလည်ဘူး။ အစ်ကိုကြီး စိတ်မပူပါနဲ့။ ကျုပ်က နောက်ထပ် ဒါမျိုးတွေ မလုပ်တော့ပါဘူး။ အနာဂတ်မှာလည်း ဒီလိုအရာတွေ မလုပ်တော့ပါဘူး။”

“ကောင်းတယ်။ သိပ်ကောင်းတာပေါ့။”

ဝူကျူးက ပြောလိုက်၏။ “ညီလေး... မင်း စေတီတောင်ကို ဝင်ဖို့ စိတ်ဝင်စားလား။”

“သေချာပေါက် စိတ်ဝင်စားပါတယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “စေတီတောင်ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်လာရတာက ဂုဏ်ယူစရာပါပဲ။”

ဝူကျူးက ပြောလိုက်၏။ “ကောင်းပြီ။ ဒါဆိုရင် ကိုယ့်ဘာသာကို ပြင်ဆင်ပြီး ငါနဲ့အတူ စေတီတောင်ကို လိုက်ခဲ့တော့။”

ရှမ့်လန်က ပြောလိုက်သည်။ “အစ်ကိုကြီး... ဒီလိုလုပ်ရင် ဘယ်လိုလဲ။ ကျုပ် လုပ်စရာတချို့ ရှိသေးတယ်။ ဥပမာ - ရွှဲ့ပြည်နယ်ရဲ့ အိမ်ရှေ့စံတတိယမင်းသားနဲ့ ရွှယ်မိသားစုကို ဖယ်ရှားပစ်ရအုံးမယ်။ ကျုပ်ရဲ့ လက်စားချေမှု ပြီးသွားရင် အစ်ကိုကြီးနဲ့အတူ ကျုပ်တို့ရဲ့ ဆရာမကို လာပြီး ဂါရဝပြုပါမယ်။

ဒါနဲ့ အစ်ကိုကြီးတို့ စေတီတောင်က ဒီလောက် ခမ်းနားတာ ကျုပ်ကို လက်စားချေဖို့ ဘာလို့ မကူညီရတာလဲ။”

“ဟမ်။”

ဝူကျူးက ဖြေလိုက်၏။ “ငါတို့က အပြင်လူတွေလေ။ လောကီကိစ္စရပ်တွေ၊ မင်းမျိုးမင်းနွယ် အာဏာ သက်ရောက်မှုတွေကို ဝင်ပြီး စွက်ဖက်ဖို့ မကောင်းဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ဝမ်းနည်းစရာပဲ။ အစ်ကိုကြီး... ကျုပ်ကို အချိန်တစ်နှစ်လောက် ပေးပါ။ တစ်နှစ်အတွင်း ကျုပ်လက်စားချေမယ်။ ပြီးရင် အစ်ကိုကြီးနဲ့အတူ ကျုပ် ဆရာမကို သွားပြီး ဂါရဝပြုပါမယ်။ ဒါနဲ့ ကျုပ်တို့ဆရာမရဲ့ နာမည်က ဘယ်သူလဲ။”

“ဝူတူကျိ။”

“အို ဒီနာမည်က စွမ်းအားကြီးပြီးတော့ လွှမ်းမိုးမှု ရှိတဲ့ပုံပဲ။ ရဲရဲတောက် မီးလျှံ ဆိုတဲ့ နာမည်မျိုးပဲ။ အံ့မခန်းပဲ။”

ဝူကျူးက ပြောလိုက်၏။ “သူက အမျိုးသမီးလေ။”

အမျိုးသမီးလား။ ချောလား။ ငယ်ရွယ်သည့်ပုံ ပေါက်လား။ သူမကို တစ်ခုခု ပြုလုပ်၍ ရသည်လား။ အကယ်၍ ဝူတူကျိက ဆန့်ကျင်ဘက် လိင်ဆက်ဆံခြင်းကို မုန်းတီးသူဖြစ်ပါက အန္တရာယ်ရှိသည့် အချက်အလက်ပင်။ ဟုတ်ပေ၏။ ရှမ့်လန်က စိတ်ထဲတွင် ထိုစကားမျိုးကို ပြောဝံ့သည်။

ရှမ့်လန်က ပြောလိုက်၏။ “အင်း အမျိုးသမီးဆရာမ တစ်ယောက်လား။ ကျုပ်တို့ မိုင်ထောင်ချီ ဝေးကွာနေတယ် ဆိုပေမဲ့ ကျုပ်ရဲ့ စိတ်ထဲမှာတော့ သူက ကောင်းကင်ပေါ်က ကြယ်တစ်ပွင့်လို ဖြစ်နေပြီ။ တစ်နှစ်ကြာရင် ကျုပ်ရဲ့ အနာဂတ်လမ်းကြောင်းကို လမ်းညွှန်ပေးဖို့ သူ့ကို သွားတွေ့ရမယ်။ ကျုပ်ရဲ့ဆရာမက ထာဝရ နတ်ဘုရားမ လို အလှကို ပိုင်ဆိုင်ရမယ်။ ဆုတောင်းပေးတယ်လို့လည်း ပြောပေးပါ။”

ဝူကျူးက ရှမ့်လန်ကို သတိပေးရန်ရောက်ရှိလာခြင်း ဖြစ်၏။ ရှမ့်လန်၏ လုပ်ရပ်များက စေတီတောင်ကို လုံးဝ စိန်ခေါ်မှု ဖြစ်နေ၏။ ထို့ကြောင့် သူက ပြစ်တင် ရှုတ်ချရန် ရောက်ရှိလာခဲ့ခြင်းပင်။ ရွှဲ့ဘုရင်၏ အကာအကွယ်သာ မရှိပါက စေတီတောင်က သူ့ကို အစောကြီးတည်းက သတ်ပစ်ပေလိမ့်မည်။

ထို့အပြင် ဝူကျူးက အထူးသတိပေးရန်အပြင် သွေးမျိုးဆက်ဆိုင်ရာ အချက်အလက်များကို တောင်းဆိုရန် ရောက်ရှိလာခဲ့ခြင်းပင်။ သို့ပေမည့် အခုအချိန်မှာတော့ ဝူကျူးက ရှမ့်လန် စေတီတောင်သို့ ဝင်ရောက်ပြီး ဆရာမ ဝူတူကျိ၏ တပည့် ဖြစ်လာပါက တကယ်ပင် မျက်နှာသာပေးခြင်းခံရမည် ဖြစ်ကြောင်း ခံစားမိ၏။ ဤလူက အတားအဆီးမရှိဘဲ ရှက်ရွံ့ကင်းမဲ့လွန်း၏။

ဝူကျူးက ပြောလိုက်သည်။ “ညီလေး... မင်း နတ်မိမယ် ရွှယ်ရင်နဲ့ လီချင်းချိုးရဲ့ မိန်းမကို ကုသပေးခဲ့တယ်။ ပိုပြီးဆိုးတာက မင်းက လူအပေအတေ ၂၀၀၀ ကျော်ကို အကောင်းဆုံး တပ်သားတွေအဖြစ် ပြောင်းလဲ ပေးခဲ့တယ်။ ဒီကိစ္စက အံ့ဖွယ်ရာပဲ။ ဒါပေမဲ့ ငါတို့စေတီတောင်ရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့အတွက် သက်ဆိုင်ရာ အချက်အလက်တွေကို ငါတို့ကို ပေးလို့ရမလား။”

“ရပါတယ်၊ ရပါတယ်။ အစ်ကိုကြီး မတောင်းရင်တောင်မှ ကျုပ်က ပေးရမှာပါ။ ခဏလေး စောင့်၊ ဆရာမကို အဲတာလေး ပေးပေးပါ။”

သူက တစ်နာရီခန့် ပျောက်ကွယ်သွား၏။ ပြီးနောက် သူက ဝူကျူး၏ ရှေ့တွင် ပြန်လည်ပေါ်ပေါက် လာခဲ့၏။ တကယ်ကို ထူထဲလွန်းသည့် စာအုပ်တစ်အုပ်လည်း ပါဝင်လာခဲ့၏။

“ဒါတွေက သွေးမျိုးဆက် ပြောင်းလဲခြင်းနဲ့ စေတီတောင်ရဲ့ ပိုးကောင်တွေကို လေ့လာမှုကနေ ရလာတဲ့ ကျုပ်ရဲ့ အသေးစိတ် အချက်အလက်တွေပဲ။ အရမ်းကို အသေးစိတ်တယ်။ ဟုတ်တယ်။ ကျုပ်ရဲ့ အသိဉာဏ်က နည်းပါးတဲ့အတွက် အစ်ကိုကြီးနဲ့ ဆရာမတို့က လမ်းညွှန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ဝူကျူးက ထူထဲလွန်းသည့် အချက်အလက် စာအုပ်ကို ဖွင့်ကြည့်၏။ စကားလုံးများ၊ နည်းပညာများ၊ ကားချပ်များ၊ မရေတွက်နိုင်အောင် ပါရှိနေ၏။ ထိုအရာက တကယ်ကို ရှုပ်ထွေးပြီး လျှို့ဝှက် ဆန်းကြယ်ပုံလည်း ပေါ်သည်။

သို့သော်ငြား ရှမ့်လန်၏ ပုံတူပန်းချီက ထိုထဲတွင် အဘယ်ကြောင့် ရှိနေရသနည်း။ ထို့ပြင် အလွန်ခန့်ညား ထည်ဝါပြီး နှိုင်းယှဉ်စရာမရှိသည့် အမျိုးသားတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးဖြင့် သေသေချာချာ ဆွဲထား၏။ ထိုတင်သာ မကသေးချေ စောဏကလေးတင် ထိုပန်းချီကို ဆွဲထားခြင်း ဖြစ်ပုံပေါ်၏။

“အင်း... ဆရာမက ကျုပ်ကို မသိဘူး။ ပြီးတော့ ကျုပ်ရဲ့ မျက်နှာကို သိဖို့ လိုအပ်တယ် မဟုတ်လား။”

ရှမ့်လန်က အရှက်ရွံ့ကင်းမဲ့စွာ ပြောလိုက်သည်။ “ဩော် ဒါကတော့ မျက်နှာကပ်ခွာပါ။ ဒါကတော့ ရေမွှေး၊ ဒါက ဓမ္မတာလာရင် သုံးဖို့ဂွမ်းထုတ်၊ ခေတ်ဆန်တဲ့ အတွင်းခံဒါဇင်ပေါင်းများစွာလည်း ပါသေးတယ်။ ဆရာမကို ပေး, ပေးပါအုံး။ ကျုပ်က သူ့ကို ကျေးဇူးတင်ကြောင်း ပြောပေးပါ။”

အပိုင်း (၅၈၈)

ဝူကျူးက ထွက်ခွာသွား၏။ သူက လက်ဗလာဖြင့် လာခဲ့သော်လည်း ထွက်ခွာသည့်အချိန်မှာတော့ လှည်းတစ်စီးစာ အပြည့်အစုံ သယ်ဆောင်သွားခဲ့၏။ “အစ်ကိုကြီး... ဆရာမ ဝူတူကျိကို ပေးဖို့ မမေ့နဲ့နော်။ တပည့်ရှမ့်လန်က ဆရာမကို နတ်စည်းစိမ်တွေ ခံစားရပြီး အသက်ရှည် ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်”

ဝူကျူး ထွက်ခွာပြီးနောက် ရှမ့်လန်က သူ၏နဖူးမှ ချွေးများကို သုတ်လိုက်သည်။

“ဒီလူက အန္တရာယ် အရမ်းများတာပဲ။” ဓားဘုရင်၏မိန်းမ ကတော်ချိုးက ပြော၏။

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ သူက ဧရာမ အရာကြီး နှစ်ခုကို တစ်ချိန်တည်း တိုက်ထုတ်ရန် အမှန်တကယ် မတတ်နိုင်ချေ။ ဤအချိန်မှာတော့ ရှမ့်လန်က အရင်လို အတွေ့အကြုံမရှိသည့် သူတစ်ယောက် မဟုတ်တော့ပေ။ သူက ကောင်းကင်ပင်လယ်နန်းဆောင်နှင့် စေတီတောင်တို့၏ စွမ်းအားနှင့် ကြောက်မက်ဖွယ်ရာ ကောင်းပုံကို သိသည်။

နင်ဟန်ကြောင့် ရှမ့်လန်နှင့် ကောင်းကင်ပင်လယ်နန်းဆောင်တို့၏ကြား ပဋိပက္ခတို့ကို ဖြေရှင်းနိုင်တော့မည် မဟုတ်ပေ။ ပဋိပက္ခဟု အလုံးစုံ မဆိုနိုင်သော်လည်း ကောင်းကင်ပင်လယ်နန်းဆောင်က ရှမ့်လန်အပေါ်တွင် မနှစ်မျို့မှုကို ပြသခဲ့၏။ ကောင်းကင်ယံထက်မှ လက်ဝါးတစ်ချက်တည်းဖြင့် သူ၏လမ်းကို ရိုက်ချပြီး ဖျက်ဆီးခဲ့ခြင်း ဖြစ်၏။

စေတီတောင်ကလည်း ကြောက်မက်ဖွယ်ရာ ကောင်း၏။ ကြားရသည်က အလွန့်အလွန်ကို ကြောက်မက်ဖွယ်ရာ ကောင်းခြင်းပင်။ သူတို့က ရွှယ်ရင်ကို အဆိပ်ခတ်ရုံသာမက ဓားဘုရင်၏ မိန်းမကိစ္စတွင်လည်း ရန်နန်းဖေးနှင့် ဆက်နွယ်၏။ သူတို့အားလုံးက ရန်သူများ ဖြစ်၏။ သို့သော်ငြား နှစ်ဖက်စလုံးတွင် လုံးဝ မဖြေရှင်းနိုင်သည့် ပဋိပက္ခဟူ၍ မထားသင့်ပေ။ မိတ်ဆွေထက် ကျော်လွန်သည့် ဆက်ဆံရေးမျိုးလောက်ဆိုလျှင် တော်သေးသည်။ အကောင်းဘက်မှ မဟုတ်ချေ။ အနှုတ်ဘက်မှ မိတ်ဆွေထက် ကျော်လွန်ခြင်းပင်။

သို့သော်ငြား ဤအဖွဲ့အစည်းက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်ပြီး အားကောင်း၏။ ရှမ့်လန်က တစ်ခဏအတွင်း ထိုသူတို့၏ ဟန်ချက်နှင့် ပြုမူလှုပ်ရှားမှုများကို အကဲဖြတ်ဖမ်းမိနိုင်ခြင်း မရှိချေ။ ဝူတူကျိကို ပေးလိုက်သည့် အချက်အလက်များထဲတွင် ရှမ့်လန်၏ ပုံတူပန်းချီသာမက လျှို့ဝှက်စာတစ်စောင်လည်း ပါ၏။ ထိုအရာက အတော်လေး ရှက်ရွံ့စရာ ကောင်းသည့် လျှို့ဝှက်စာ ဖြစ်၏။

လျှို့ဝှက်စာ၏ သုံးပုံနှစ်ပုံက တကယ့်ကို ရှက်ရွံ့စရာကောင်းသော်လည်း ကျန်သည့် သုံးပုံတစ်ပုံမှာမူ အလွန် လေးနက်၏။ ထိုအရာက ရှေးဟောင်းယဉ်ကျေးမှုနှင့် ပတ်သက်၍ အလွန်နက်နဲစွာ လေ့လာထားခြင်း ဖြစ်၏။ သူ့စကားနောက်ကွယ်ရှိ အဓိပ္ပာယ်က အလွန်ရှင်းလင်း၏။ “ကျုပ် ရှမ့်လန်က ရှေးဟောင်းယဉ်ကျေးမှု လေ့လာသည့် ပါရမီရှင် တစ်ဦး ဖြစ်တယ်။ ဒါကြောင့် စေတီတောင်.. ကျုပ်ကို ပင့်ဖိတ်ပါ။”

ယွမ်မင်ကျယ်က ရှမ့်လန်၏နောက်မှ ပေါ်လာ၏။ ပြီးနောက် သက်ပြင်းချလိုက်သည်။ “ညီလေး.. ငါက မင်းရဲ့ တစ်ဦးတည်းသော ညီအစ်ကို မဟုတ်တော့ဘူးပေါ့။”

ရှမ့်လန်က ပြောလိုက်၏။ “အစ်ကိုကြီး ဟိုဟာက အယောင်ဆောင်တာပါ။ အစ်ကိုကြီးကမှ ကျုပ်ရဲ့ တကယ့် ညီအစ်ကိုပဲ။”

ယွမ်မင်ကျယ်က မေးလိုက်သည်။ “ဝူတူကျိရဲ့ နာမည်ပြောင်က ဘာလဲ သိလား။”

ရှမ့်လန်က ပြော၏။ “မသိပါဘူး။”

ယွမ်မင်ကျယ်က ပြောလိုက်သည်။ “အင်း.. ကျောက်သားနတ်မိစ္ဆာ လို့ ပြောတယ်။”

ရှမ့်လန်က ပြော၏။ “ကျောက်လို မာကျောတဲ့ နတ်မိစ္ဆာမလား။”

ယွမ်မင်ကျယ်က ခေါင်းညိတ်လိုက်သည်။ “ဒီအမျိုးသမီးက ယောက်ျားမိန်းမ ကိစ္စတွေကို ရွံမုန်းတယ်။ ပြီးတော့ သူက မင်းထက် ၁၇ နှစ် ပိုကြီးတယ်။ မင်း သူ့ကို ဆွဲဆောင်ဖို့ လျှို့ဝှက်အချစ်စာတစ်စောင် ရေးခဲ့သေးတယ်ဆိုတာ သေချာလား။”

“ကျုပ် သူ့ကို မဆွဲဆောင်ခဲ့ပါဘူး။ ကျုပ်က ကျောင်းသားတစ်ယောက်ရဲ့ အမျိုးသမီး ဆရာမပေါ် လေးစားမှုကိုပဲ ဖော်ပြခဲ့တာပါ။” ရှမ့်လန်က ခပ်တည်တည်ဖြင့် မျက်နှာပြောင်တိုက်ကာ ငြင်းဆိုလိုက်၏။

ယွမ်မင်ကျယ်က ပြောလိုက်သည်။ “မင်းကို ပြောစရာ ရှိသေးတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကောင်းကင် ပင်လယ် နန်းဆောင်ရဲ့ သိုင်းပညာမှာ အရမ်းကို ကျွမ်းကျင်တဲ့သူတစ်ယောက်က ဝူတူကျိ ကို လိုက်ခဲ့တယ်။ သူတို့ နှစ်ယောက်က ကောင်းကင်ကနေ ဖန်တီးပေးထားတဲ့ လိုက်ဖက်တဲ့ စုံတွဲတစ်ခုတောင် ဆိုနိုင်တယ်။ နောက်ဆုံး ဘာဖြစ်သွားလဲ ခန့်မှန်းကြည့်။”

ရှမ့်လန်က ခေါင်းခါလိုက်၏။ “ကျုပ် မသိပါဘူး။”

ယွမ်မင်ကျယ်က ပြောလိုက်သည်။ “ဝူတူကျိက သူ့ကို ငြင်းပယ်ခဲ့တယ်။ ပြီးတော့ သူမအတွက် ရှက်ရွံ့စရာ တစ်ခုလိုလည်း ခံစားခဲ့ရတယ်။ လက်ထပ်ဖို့ ခွင့်တောင်းတယ်ဆိုတာ သူ့ရဲ့ စင်ကြယ်လွန်းတဲ့ နာမည် ဂုဏ်သတင်းကို စွန်းထင်းစေတယ်လို့လည်း ခံစားတယ်။ ဒါကြောင့် သူတို့ နှစ်ယောက်က ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြပြီး သူမက ရှုံးနိမ့်ခဲ့တယ်။ နောက်ထပ် ၁၀ နှစ် လေ့ကျင့်ပြီးတဲ့ နောက်မှာတော့ သူမက ပြန်ပြီးတော့ အနိုင်ရခဲ့တယ်။ သူမက ကောင်းကင်ပင်လယ်နန်းဆောင် သိုင်းပညာရှင်ရဲ့ဥကို ဖိချေပြီး လက်စားချေခဲ့တယ်။”

“အား။”

ရှမ့်လန်က တုန်ယင်သည့် အသံဖြင့် ပြောလိုက်၏။ “အစ်ကိုကြီး... ဒါကို ဘာလို့ ကျုပ်ကို အရင်ထဲက မပြောတာလဲ။”

ရှမ့်လန်က သူ၏ ဗီဇအတိုင်း ခြေထောက်များကို ပူးကပ်လိုက်မိသည်။

ဤအမျိုးသမီးက စိတ်ပိုင်းဆိုင်ရာအရ မူမမှန်ချေ။ တစ်ဖက်လူက သူမကို လက်ထပ်ဖို့ အဆိုပြုခဲ့ပြီး လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ပြောခဲ့ပုံပေါ်၏။ နောက်ဆုံးမှာတော့ ၁၀ နှစ်ကြာကြာ ရန်ငြိုးထားခဲ့ပြီး တစ်ဖက်လူ၏ ဥကိုပင် ဖိချေခဲ့၏။ လက်စားချေဖို့ သိုင်းပညာကိုပင် ရူးသွပ်စွာ လေ့ကျင့်ခဲ့၏။

ရှမ့်လန်၏ လျှို့ဝှက်စာထဲတွင် လွန်လွန်ကဲကဲ ပွင့်ပွင့်လင်းလင်း ရှိခဲ့သည်။

ယွမ်မင်ကျယ်က ပြောလိုက်၏။ “မင်း ဒီလောက် အတားစီးမဲ့၊ အထိန်းအကွပ်မဲ့လိမ့်မယ်လို့တော့ ငါ ဘယ်ထင်ပါ့မလဲ။ ဒါနဲ့ ခုနတုန်းက အမျိုးသမီးဆရာမ အပေါ် လေးစားမှုကို ထုတ်ဖော်ခဲ့တာပါဆို။”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ရွှယ်ရင်နဲ့ သိုင်းပညာယှဉ်ရင် ဘယ်သူက ပိုပြီးအားကောင်းလဲ။”

ယွမ်မင်ကျယ်က သူ၏လက်များကို ဖြန့်၏။ ထိုအမျိုးသမီးက စိတ်ပိုင်းဆိုင်ရာ မူမမှန်ချေ။ သူမက သွေးမျိုးဆက် လေ့လာမှုနှင့် သိုင်းပညာလေ့ကျင့်မှုများကို အာရုံစိုက်၏။ စိတ်ပိုင်းဆိုင်ရာ မူမမှန်သူ တစ်ဦး၏ သိုင်းပညာက ပိုမိုမြင့်မားတတ်သည်မှာ သဘာဝပင်။

ယွမ်မင်ကျယ်က ပြောလိုက်သည်။ “ဒါပေမဲ့ လန်ညီလေး စိတ်မပူနဲ့။ မင်းက အရမ်းကို အားနည်းလွန်းတယ်။ သူက မင်းကို သတ်မှာ မဟုတ်ဘူး။”

ပြီးနောက် ယွမ်မင်ကျယ်၏ အမူအရာက လေးနက်သွား၏။ “ညီလေး... စေတီတောင်က အရမ်းကို အန္တရာယ် များတယ်။ အင်ပါယာကျန်းလီ ပျက်စီးပြီးနောက်မှာ သူတို့က အကြီးမားဆုံး အကျိုးခံစားရသူတွေထဲက တစ်ဦး ဖြစ်ခဲ့တယ်။ ပြီးတော့ စေတီတောင်က ကျန်းလီရဲ့ ပျက်စီးမှုမှာ မပြောပြနိုင်တဲ့ အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်ခဲ့တဲ့ပုံပဲ။ ဒီလို အဖွဲ့အစည်းမျိုးနဲ့ ရှုပ်ရှုပ်ယှက်ယှက် မလုပ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။”

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ သူသည်ကလည်း စေတီတောင်နှင့် ရှုပ်ရှုပ်ယှက်ယှက် မလုပ်ချင်ပေ။ သူက ဝူတူကျိနှင့်သာ ပတ်သက်လို၏။ ဤအမျိုးသမီးက မဟာပညာရှင် တစ်ယောက် ဖြစ်သော်လည်း အတိုင်းအတာ တစ်ခုထိ သိပ္ပံပညာရှင် တစ်ယောက်နှင့် ပိုတူ၏။ သူမက သွေးမျိုးဆက်နှင့် တခြားသော လေ့လာမှုကဏ္ဍများကို စွဲလမ်း၏။ သူမက အချစ်ကို စွဲလမ်းသူတစ်ဦးဖြစ်ပြီး သူမ၏ဘဝတွင် အချစ်ဆိုသည်က ထိုကဲ့သို့ သုတေသန ပြုလုပ်ခြင်းကို ဆိုလို၏။ သူမက အချိန်နှင့် စွမ်းအင်အားလုံးကို ထိုသွေးမျိုးဆက် လေ့လာမှုအတွက် အသုံးပြုလိုသည်။

စိတ်ပိုင်းဆိုင်ရာ မူမမှန်သူများက တကယ့်ကို အန္တရာယ်များသော်လည်း ဖြူစင်လွန်းကြ၏။ ရှမ့်လန်က သူမကို တစ်စုံတစ်ခု လှုံ့ဆော်မိလျှင် တစ်မျိုးတစ်ဖုံသော အန္တရာယ်များကို ဖြစ်စေပေလိမ့်မည်။ သို့သော်ငြား အနာဂတ် သွေးမျိုးဆက် လေ့လာမှုနှင့် ရှာဖွေတွေ့ရှိမှုများကို ပြုလုပ်လိုသေး၏။ ဝူတူကျိ၏ အနီးကပ်တပည့် ဖြစ်လာပါက အကာအကွယ်ကြီး တစ်ခုလည်း သူ့၌ ရရှိပေလိမ့်မည်။

သို့သော်ငြား သူမကို ဤကဲ့သို့ တစ်စုံတစ်ခုလှုံ့ဆော်ခြင်းက အန္တရာယ်များ၏။ သူမက စိတ်ပိုင်းဆိုင်ရာ မူမမှန်သည့် အမျိုးသမီး သိပ္ပံပညာရှင်နှင့် မဟာပညာရှင် တစ်ဦး ဖြစ်နေသောကြောင့်ပင်။ ရှမ့်လန်ကသာ သူမကို အမှန်တကယ် ဒေါသထွက်စေပါက သူမ၏စရိုက်အရ သူ၏ အိမ်တံခါးဝသို့ ရောက်ရှိလာပြီး အမှန်တကယ် သတ်ဖြတ်ပေလိမ့်မည်။

နောက်တစ်ရက်မှာတော့ ရှမ့်လန်က မြေအောက် လျှို့ဝှက်ခန်းထဲသို့ ပြန်လာခဲ့၏။ နံရာပေါ်တွင် မြေပုံနှစ်ခု ရှိ၏။ ပထမတစ်ခုက အလံငယ်လေးများ တန်းစီထား၏။ အလံတစ်ခုချင်းစီက ဗလာသွေးမျိုးဆက်ပိုင်ရှင်များကို သယ်ယူပို့ဆောင်နေသည့် လှည်းတန်းများကို ကိုယ်စားပြု၏။ ဤလှည်းတန်းများက နန်းမြို့တော်နှင့် ကီလိုမီတာ ၁၅၀ အဝေးရှိ သက်ရှည်ခံတပ်၌ စုဝေးပေမည်။ တစ်ညတာအနားယူပြီးနောက် မြောက်ပိုင်း အမဲလိုက်ကွင်းဆီသို့ ဦးတည်ရပေလိမ့်မည်။

“နိဗ္ဗာနတပ်တော်၊ ကောင်းကင်တာအိုအဖွဲ့အစည်းရဲ့ စစ်သည်တော်တွေနဲ့ နာကျည်းမှုရဲ့ မြင်းစီးတပ်သားတွေ အကုန်လုံးက ဗလာသွေးမျိုးဆက်ပါတဲ့ လူပေါင်း ၃၇၀၀ ကို လက်ခံဖို့ သက်ရှည်ခံတပ်မှာ စုဝေးနေကြပြီ။”

ဒုတိယအသုတ် နိဗ္ဗာနတပ်တော်က နင်ကျန်းကို ရာဇပုလ္လင်ရရှိဖို့ ကူညီရန်နှင့် အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသား ကို ဖယ်ရှားရန် ရှမ့်လန်၏ အဓိက အသက်သွေးကြောပင် ဖြစ်၏။

“ဓားဘုရင်လီချင်းချိုးကလည်း သက်ရှည်ခံတပ်ကို ဦးစီးကွပ်ကဲဖို့ ရောက်ရှိနေပါပြီ။ ယင်ယွမ်အဖွဲ့အစည်းရဲ့ ဌာနချုပ်၊ ကျေးဇူးတော်မျှော်စင်မှာ ရှိတဲ့ စစ်သည်ပေါင်း ၁၀၀၀ က ထွက်ခွာသွားခဲ့တယ်။ သူတို့ ဘယ်ကို သွားလဲ ခြေရာခံလို့ မရဘူး။ သူတို့က မြောက်ဘက်သက်ရှည်ခံတပ်မှာ ရှိနေနိုင်တယ်။ သူတို့က ကျုပ်တို့ရဲ့ ဗလာသွေးမျိုးဆက် ရှိတဲ့ လူပေါင်း ၃၇၀၀ ကို လုယူချင်နေကြတဲ့ပုံပဲ။”

ရှမ့်လန်၏ အကြည့်က ဒုတိယမြေပုံပေါ်သို့ ရောက်ရှိသွား၏။ ထိုအရာက ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ် ကျေးဇူးတော်မျှော်စင်၏ မြေအောက်မြေပုံ ဖြစ်၏။ ထိုအရာက လျှို့ဝှက်ဥမင်များနှင့် မြေအောက်မြစ်များ ထူထပ်စွာ ပြည့်နှက်လျက် ရှိသည်။

ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ်ကို အင်အားသုံး တိုက်ခိုက်ခြင်း ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထိုသူတို့ကို ညဏ်နီညဏ်နက်ဖြင့် ချေမှုန်းရပေလိမ့်မည်။ ထို့ပြင် မည်သည့်အခါက မသုံးခဲ့ဖူးသည့် လျှို့ဝှက် ဆန်းကြယ်သည့် နည်းလမ်းဖြင့် ချေမှုန်းရပေလိမ့်မည်။ ကောင်းကင်၏ အလိုတော်နှင့်တူသည့် နည်းလမ်းကို အသုံးပြုမှသာ ယုတ္တိကျစွာဖြင့် ကျေးဇူးတော်မျှော်စင်က ပျက်စီးသွားမှာ ဖြစ်ပြီး ထိုသို့ ပျက်စီးသည့်အချိန်တွင်လည်း မြေပြင်နှင့် ညီမျှအောင် ဖျက်ဆီးပစ်ရပေလိမ့်မည်။

“ယင်ယွမ်အဖွဲ့အစည်းရဲ့ ဖိတ်စာ ရောက်လာသေးလား။”

ရှမ့်ဆယ့်သုံးက ရောက်လာ၏။ “ဒါပေမဲ့ ကျုပ်တို့ မရပါဘူး။ ကောင်းကင်တာအိုအဖွဲ့အစည်းက ဟွမ်တုံကတော့ လက်ခံရရှိခဲ့တယ်။ စုစုပေါင်း ဖိတ်စာ ၅၀၀ ကို ပေးပို့ခဲ့တယ်။ သူတို့အားလုံးက အိမ်ရှေ့စံမင်းသား အဖွဲ့ကပဲ။ ဒါပေမဲ့ ရာထူးရှိသူတွေက သံသယဖြစ်တာမျိုးကို ရှောင်ရှားဖို့အတွက် ကိုယ်တိုင်မသွားဘဲ သူတို့မိသားစုတွေ သွားလိမ့်မယ်။ အငြိမ်းစား နန်းတွင်းမှူးမတ်တချို့လည်း သွားကြလိမ့်မယ်။ ဒီရေလှိုင်းကြည့်ပွဲကို ၆ နာရီတွင်း စတင်ပါလိမ့်မယ်။”

ရှမ့်လန်က စိတ်ထဲတွင် ရယ်မောလိုက်၏။ ပိုမို၍ ကောင်း၏။ နန်းတွင်းအမှုထမ်းတစ်ဖွဲ့က ကျေးဇူးတော်မျှော်စင်တွင် ဒီရေလှိုင်း လာကြည့်နေ၏။ ရုတ်တရက် နှစ်ပေါင်း ၁၀၀ တိုင်တိုင် တည်ရှိသည့် ကျေးဇူးတော်မျှော်စင်ကြီး က ပြိုကျပျက်စီးပြီး မြေပြင်နှင့် ညီမျှသွားခဲ့၏။ ထိုအချိန်တွင် မည်မျှကြွေကွဲစရာ ကောင်းမည်နည်း။ လူမည်မျှ သေဆုံးမည်နည်း။ စဉ်းစားကြည့်ရုံနှင့် စိတ်လှုပ်ရှားစရာကောင်းသည်။

ထိုအချိန်၌ လူတစ်ဦးက အလျင်အမြန် ပြေးဝင်လာခဲ့၏။ “သခင်လေး.. ဗလာသွေးမျိုးဆက် ရှိတဲ့ လူ ၃၇၀၀ လုံးက သက်ရှည်ခံတပ်ကို ရောက်ပါပြီ”

ခဏအကြာမှာတော့ မှန်နက်ဌာနက စစ်သည်တစ်ယောက်က ရောက်ရှိလာခဲ့သည်။ “သခင်လေး... သတင်းဆိုး၊ သတင်းဆိုးပါပဲ။ ကျုပ်တို့ သက်ရှည်ခံတပ်က လျှို့ဝှက်ဆန်းကြယ်တဲ့ ရန်သူတွေရဲ့ တိုက်ခိုက်မှုကို ခံနေရတယ်။ ရန်သူတွေက အများကြီးပဲ။ သူတို့က အရမ်းလည်း သန်မာတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က ကျုပ်တို့ရဲ့ ဗလာသွေးမျိုးဆက်ပါတဲ့ လူတွေကို လုယူဖို့ပဲ။ တကယ်ကို အရေးကြီးနေပါပြီ။”

ရှမ့်လန်က ရုတ်တရက် ဆံပင်များပင် ထောင်ထသွားမိ၏။ ပြပွဲက စတင်ပြီ ဖြစ်၏။

…..

သက်ရှည်ခံတပ်က နန်းမြို့တော်မှ မိုင် ၁၅၀ အကွာတွင် တည်ရှိ၏။ ထိုနေရာက ထျန်းဖေးစီရင်စု၏ အစိတ်အပိုင်းတွင် မပါဝင်သလို နန်းမြို့တော်၏စီရင်စုအောက်တွင်လည်း မရှိချေ။ မူလက နန်းမြို့တော်အား ကာကွယ်ရန် ဤခံတပ်ကိုအသုံးပြုခဲ့ပြီး အတော်အတန်လည်း အရှိန်အဝါကြီးမားခဲ့၏။ ဝူပြည်နယ် နှင့် ရွှဲ့ပြည်နယ်တို့၏ စစ်ပွဲက မည်မျှကြေကွဲစရာ ကောင်းသည်ဖြစ်ကြောင်း ဤအရာက ရှင်းရှင်းလင်းလင်း သက်သေပြနေသည်။

ရှေ့တန်းက သက်ရှည်ခံတပ်နှင့် နီးကပ်ခဲ့၏။ သို့သော်ငြား ယန်ကျိုး၏ ဖြစ်ရပ်နောက်ပိုင်း ဝူပြည်နယ်က ရှုံးနိမ့်ခဲ့ပြီး ခရိုင် ၉ ခုကို ပေးအပ်ခဲ့ရ၏။ ဤအရာက ရွှဲ့ပြည်နယ်၏ မြောက်ပိုင်းနယ်စပ်ကို မိုင်ပေါင်းများစွာအထိ တိုးပွားလာစေခဲ့၏။

ထို့ကြောင့် နင်ယွမ်ရှန်းက ဤစစ်ပွဲကို မရှုံးနိမ့်သရွေ့ ရွှဲ့ပြည်နယ်၏သမိုင်းတွင် အောင်မြင်သည့်အုပ်စိုးသူ တစ်ယောက်အဖြစ် သတ်မှတ်ခံရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူက စစ်ပွဲ၏အောင်ပွဲ၌ အဆုံးအဖြတ် ပေးနိုင်သည့် အခန်းကဏ္ဍမှပါဝင်ခဲ့သောကြောင့်ပင်။ ထိုစဉ်က အိမ်ရှေ့စံမင်းသားအဖြစ်သာ ရှိသေးသည့် နင်ယွမ်ရှန်းက ဤစစ်ပွဲတွင် အကြီးမားဆုံးပံ့ပိုးသူ ဖြစ်ခဲ့၏။ ထိုပံ့ပိုးမှုကြောင့်ပင် နင်ယွမ်ဝူကို အနိုင်ရရှိပြီး ထီးနန်းကို လက်ခံရယူနိုင်ခဲ့ခြင်းပင်။

အိမ်ရှေ့စံမင်းသားနင်ယီက သဘာဝအားဖြင့် နင်ယွမ်ရှန်း၏ အောင်မြင်မှုများကို အတုယူလို၏။ ရွှဲ့ပြည်နယ်နှင့် ကျင်းမင်းသားတို့၏ စစ်ပွဲက နိုင်ငံတစ်နိုင်ငံလုံး ပျက်စီးနိုင်သည့် စစ်ပွဲဟု ခေါ်ဆိုနိုင်၏။ နိုင်ငံ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သည့် စစ်ပွဲပင်။

မင်းသားကျင်း ရှုံးနိမ့်ပါက ချောင်ပြည်နယ်က စစ်ပွဲစတင်နိုင်တော့မည် မဟုတ်ချေ။ သို့သော်ငြား စစ်ပွဲ ကြာရှည်နေသည်ဆိုပါက သို့မဟုတ် ရှုံးနိမ့်ပါက ချောင်ပြည်နယ်က ဤအခွင့်အရေးကို လုံးဝလက်လွှတ်ပေး တော့မည် မဟုတ်ချေ။ သူတို့က အနောက်ဘက်ပွဲတွင် စစ်ပွဲကို စတင်ပေလိမ့်မည်။ သို့ဆိုစေကာမူ ဤအရာက အဆိုးဆုံးအခြေအနေ မဟုတ်သေးချေ။

ပိုမို၍ ဆိုးရွားသည်က တောင်ဘက်နှင့် အနောက်ဘက်ရှိ စစ်ပွဲများ တစ်ချိန်တည်း ကျရှုံးသွားသည် ဆိုပါက ဝူဘုရင်က မဟာမိတ်စာချုပ်ကို စုတ်ဖြဲပြီး သူတို့၏စစ်တပ်ကို တောင်ဘက်ပိုင်းသို့ စေလွှတ်မှာ သေချာ၏။

ထိုအချိန်တွင် ရွှဲ့ပြည်နယ်၌ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိနေသည်ဆိုလျှင်တောင် စစ်ပွဲသုံးခုလုံးကို တစ်ချိန်တည်း အနိုင်ယူရရှိရန် ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။ ဤအချိန်မှာတော့ နိုင်ငံသုံးနိုင်ငံ ကွဲသွားမည့် ကြေကွဲစရာဖြစ်ရပ် ဖြစ်သွားပေလိမ့်မည်။

ဟုတ်ပေ၏။ ဤသို့ဖြစ်သည်ဆိုလျှင်တောင် ရွှဲ့ပြည်နယ်က ပျက်စီးသွားမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တော်ဝင်ရန်နိုင်ငံတော်က ဖိနှိပ်ရန်နှင့် ကြားဝင်စေ့စပ်ရန် သေချာပေါက် ပေါ်ပေါက်လာပေလိမ့်မည်။

ထိုအချိန်မျိုးမှာတော့ ထျန်းဖေးစီရင်စု၏ မြောက်ဘက်ပိုင်းက ချောင်ပြည်နယ်၏ လက်ထဲသို့ ရောက်ရှိသွား၏။ ထျန်းဖေးပြည်နယ်၏ ခရိုင် ၆ ခုနှင့် ယန်ကျိုးရှိ ခရိုင် ၃ ခုကို ဝူပြည်နယ်က ယူဆောင်သွားပေလိမ့်မည်။

ထျန်းနန စီရင်စု၏ ထက်ဝက်ကျော်ကို ကျင်းမိသားစု၏ နန်အိုနိုင်ငံက ယူဆောင်သွားပေလိမ့်မည်။ ရွှဲ့ပြည်နယ်က သူတို့၏ နယ်မြေတစ်ဝက်ကို ဆုံးရှုံးရပေလိမ့်မည်။ ကျန်ရှိသည့် ရွှဲ့ပြည်နယ်၏ အစိတ်အပိုင်းများက တော်ဝင်ရန် အင်ပါယာ၏ လက်အောက်ခံ ဖြစ်သွားမှာဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် အားလုံးကိုလည်း ဆုံးရှုံးသွားပေလိမ့်မည်။

အခြေအနေက ဤအဆင့်သို့ ရောက်ရှိပါက ရွှဲ့ပြည်နယ်က မပျက်စီးသော်လည်း ပျက်စီးခြင်းနှင့် မဝေးတော့ချေ။ ထို့ကြောင့် စစ်ပွဲ၏ အစောပိုင်းအဆင့်များတွင် တော်ဝင်ရန်အင်ပါယာက ရွှဲ့ပြည်နယ်ကို လုံးဝ ထောက်ခံအားပေး နေလိမ့်မည် မဟုတ်ချေ။ တကယ်တမ်းမှာလည်း ရွှဲ့ပြည်နယ်၏ ကြီးမားသော ဆုံးရှုံးနိုင်မှုကို ထိုင်ကာ ကြည့်ရှုနေမှာ ဖြစ်၏။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ကြီးပွားတိုးတက်မှုနှင့် ကျရှုံးမှုကို နေရာတစ်ခုတည်းတွင် မြင်တွေ့နိုင်သည့် အခြေအနေမျိုးပင်။

.................

All Chapters