← Chapters

အခန်း (၅၈၉-၅၉၀)

Vol. 39 Ch. 589-590

အခန်း (၅၈၉-၅၉၀)

Vol. 39 Ch. 589-590

အပိုင်း (၅၈၉)

အဓိက အကြောင်းအရာကို ပြန်လည်ကာ သွားရမည်ဆိုလျှင် လပေါင်းများစွာအတွင်း ရွှေဒင်္ဂါးထောင်ပေါင်းများစွာကို အသုံးပြုကာဖြင့် ရှမ့်လန်က လူရာပေါင်းများစွာတို့ကို စေလွှတ်ပြီး ရွှဲ့ပြည်နယ်၏ ဗလာသွေးမျိုးဆက်ရှိသူ ၃၇၀၀ ကို ရှာဖွေတွေ့ရှိခဲ့၏။ ပြီးနောက် သူတို့ကို နန်းမြို့တော်သို့ ပြန်လည် ခေါ်ဆောင်ရန် စစ်သည်အင်အား အလုံးအရင်းကို စုစည်းခဲ့၏။

ထိုသူများက အကောင်းဆုံးတပ်မတော်၏ မျိုးစေ့များ ဖြစ်၏။ သူတို့ တစ်ဦးချင်းစီတိုင်းက နှိုင်းယှဉ်၍ မရအောင် အဖိုးတန်၏။ ရှည်လျားပြီး ခက်ခဲသည့် ခရီးစဉ်တစ်ခုကို လှမ်းလျှောက်ခဲ့ပြီးနောက် လူပေါင်း ၃၇၀၀ တို့က နောက်ဆုံး စုဝေးနိုင်ခဲ့ပြီး ဖြစ်သည်။

နာကျည်းမှု၏ လက်အောက်ရှိ ဓားပြပေါင်း ၂၀၀ ၊ ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ စစ်သည်တော် ၈၀၀ တို့က လူပေါင်း ၃၇၀၀ ကို အစောင့်အရှောက်ဖြင့် လိုက်ပါ စောင့်ရှောက်ကြ၏။ မနက်ဖြန်တွင် နိဗ္ဗာနစစ်သည် ၁၀၀၀ နှင့် မြို့စောင့်တပ်သား ၃၀၀၀ တို့က ဤဗလာသွေးမျိုးဆက်ရှိသူများကို မြောက်ပိုင်း အမဲလိုက်ကွင်းသို့ ကြိုဆိုပို့ဆောင်မှာ ဖြစ်၏။ စစ်သည်တော် ၁၀၀၀ ကျော်တို့ကို အစောင့်အရှောက်အဖြစ် အသုံးပြုခြင်းက တကယ်ပင် ကြီးကျယ်ခမ်းနားနေပြီ ဖြစ်၏။ သို့သော်ငြား ယခုက လုံးဝကို ကြီးကျယ်ခမ်းနားနေ၏။

နာကျည်းမှုက နန်းမြို့ရိုး၏ ထိပ်တွင် ရပ်လျက် ရှိနေပြီး မြင်းလှည်းထဲမှ ဆင်းလာသည့် ဉာဏ်မမီသည့် လူများကို လှမ်းကာ ကြည့်ရှုနေ၏။ တစ်ယောက်ချင်းစီတိုင်းက ခေါင်းငုံ့ကာ လျှောက်လှမ်းလျက် ရှိနေ၏။ စကား မပြောကြချေ။ သူတို့၏ ခန္ဓာကိုယ်များက အနည်းငယ် တုန်ယင်နေ၏။ တစ်ဦးချင်းစီတိုင်းက ပင်ပန်းနွမ်းနယ် နေခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာပေါင်းများစွာ တည်ရှိနေသည်။

လအနည်းငယ်အတွင်း သူတို့က အသုံးမဝင်သည့်လူများအဖြစ်မှ အစွမ်းထက်သည့် နိဗ္ဗာနစစ်သည်တော်များ အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်း စိတ်ကူးပင်ယဉ်မိကြလိမ့်မည် မဟုတ်ပေ။

သက်ရှည်ခံတပ်ထဲသို့ ဝင်ရောက်ပြီးနောက် မီးမွေးကာ ချက်ပြုတ်ကြ၏။ စွန့်ပစ်ထားသည့် ခံတပ်တစ်ခု ဖြစ်သော်လည်း သူတို့က တကယ်ပင် သတိထားကြ၏။ ရေတွင်းမှ ရေကို ခပ်ယူကာ အကြိမ်ကြိမ် စစ်ဆေး၏။ ပြီးနောက် သူတို့က ဆူအောင် ကျိုချက်ပြီး သောက်၏။

ရှမ့်လန်၏ နိယာမအရဆိုလျှင် အဆိပ်အများစုက ဆူအောင်ကျိုချက်ပြီးနောက် အဆိပ်အတောက်များ ပျောက်ကွယ် သွားတတ်၏။ တချို့အဆိပ်များက ဆူအောင်ကျိုချက်ပြီးနောက် အဆိပ်အတောက် ရှိနေဦးမည် ဖြစ်သော်လည်း ထိုအရာကို နည်းလမ်းအမျိုးမျိုးဖြင့် စစ်ဆေးသိရှိနိုင်၏။

ရှမ့်လန်က အဆိပ်ကို စစ်ဆေးရန် အသုံးပြုသည့် ကပ်ပြား ဒါဇင်ပေါင်းများစွာကို ဖန်တီးထား၏။ အဆိပ် မရှိကြောင်း အတည်ပြုပြီးမှသာလျှင် စစ်သည်တော် ၁၀၀၀ ကျော်တို့က စတင်ကာ စားသောက်ကြ၏။ သို့သော်ငြား စားသောက်ပြီး မိနစ် ၃၀ အကြာတွင် တစ်စုံတစ်ခု ဖြစ်သွားသည်။

နာကျည်းမှုနှင့် ကောင်းကင်တာအိုအဖွဲ့အစည်း၏ စစ်သည်တော်များက ခေါင်းမူးခြင်း သို့မဟုတ် ရူးကြောင်ကြောင် အခြေအနေမျိုးကို စတင်ပြသလာ၏။ သူတို့၏အမြင်အာရုံများက မှုန်ဝါးလာ၏။ သူတို့က သေချာပင် မတ်တပ်မရပ်နိုင်တော့ချေ။ တွေ့သမျှ အရာအားလုံးက နှစ်ထပ် ဖြစ်လာခဲ့၏။

“မကောင်းတော့ဘူး ရေက အဆိပ်ရှိတယ်။”

နာကျည်းမှုက အော်ဟစ်လိုက်သည်။ “မြို့ရိုးကို ကာကွယ်ကြ၊ ရန်သူကို ရင်ဆိုင်တိုက်ခိုက်ဖို့ ပြင်ဆင်ကြ။”

သက်ရှည်ခံတပ်၏ မြို့ရိုးပေါ်တက်ကာဖြင့် လူပေါင်းများစွာတို့က လှမ်းကာ ကြည့်ရှု၏။ လူ ၂၀၀၀ အနက် ၂၀၀ လောက်က မစားရသေးချေ။ သူတို့က ကာကွယ်ရေး တာဝန်ကို ယူထားရသောကြောင့် နောက်မှ စားသောက် ကြရပေမည်။

“ရေက အဆိပ်သင့်နေပြီလား။”

သူတို့က မမျှော်လင့်ခဲ့ချေ။ မဟာပညာရှင် လီချင်းချိုးက လူ ၂၀၀ ကို ဦးဆောင်ပြီး ခံတပ်၏ မြို့တံခါးများကို ကာကွယ်ထားခဲ့၏။ ရန်သူကို ရင်ဆိုင်ရန် အသင့်ပြင်ထား၏။

..........

“အင်း... စေတီတောင်ရဲ့ အဆိပ်က တကယ့်ကို အစွမ်းထက်ပါတယ်။”

ကျိုးကျောင်းရန်က ပြောလိုက်၏။ “ဒါပေမဲ့ သူတို့က ဘာလို့ ပိုပြီး ကြောက်စရာကောင်းတဲ့ အဆိပ်ကို မသုံးတာလဲ။ သူတို့အားလုံးကို ဘာလို့ မသတ်ပစ်ရတာလဲ။”

ရွှယ်ရွှယ်က ပြောလိုက်သည်။ “ရှမ့်လန်က ကောက်ကျစ်တယ်လေ။ အဆိပ်အများစုကိုမ စစ်ဆေးနိုင်တဲ့ ပစ္စည်းတွေ ရှိနေတယ်။ ဒီလိုမျိုး ဝိညာဉ်ကွဲမှုန့် အမျိုးအစားမျိုးကသာ ရေတွင်းရေထဲမှာ ပျံ့နှံ့သွားပြီး စစ်ဆေး မတွေ့ရှိနိုင်မှာ။ ဘာလို့လဲဆိုတော့ ဒါက အဆိပ်အမျိုးအစား မဟုတ်ဘူး။ ပိုပြီးအရေးကြီးတာက ဦးနှောက် ကျပ်မပြည့်တဲ့ လူ ၃၇၀၀ က သူတို့နဲ့အတူ စားသောက်နေတာ။ သူတို့က အကောင်းဆုံး တပ်မတော်ရဲ့ မျိုးစေ့တွေပဲ။ ၃၇၀၀ လုံး အဆိပ်သင့်ပြီး သေကုန်မှာပေါ့။”

မှန်ပေ၏။ ဆေး အဆိပ်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ဆေးနှင့် ပိုတူ၏။ ထိုအရာကို သောက်ပြီးနောက် လူများက ရူးကြောင်ကြောင်ဖြစ်ခြင်း၊ ထင်ယောင်ထင်မှား ဖြစ်ခြင်းများ ဖြစ်ပေလိမ့်မည်။ သို့သော်ငြား ၂ နာရီမှ ၄ နာရီ ကြာပြီးနောက် ဆေး၏အာနိသင်က လျော့ပါးသွားမှာဖြစ်ပြီး အသက်အန္တရာယ်လည်း မရှိတော့ချေ။ တတိယမင်းသား နှင့် အိမ်ရှေ့စံတို့က ဤဗလာသွေးမျိုးဆက်ပိုင်ရှင် လူပေါင်း ၃၇၀၀ တို့ကို အလွန် အရေးကြီးသည်ဟု ရှုမြင်ထားခဲ့ကြ၏။

“သခင်လေးရှု... အခု ခင်ဗျားရဲ့ အပေါ်မှာ မူတည်နေပြီ”

ဝှစ်..

ထိုအချိန်မှာ မီးမြားတစ်စင်းက သက်ရှည်ခံတပ် ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်၏။ ဤသည်က တိုက်ခိုက်ရန် အချက်ပြခြင်းပင် ဖြစ်သည်။

“တိုက်ခိုက်ကြ။” ရှုတင်းယုက အမိန့်ပေးလိုက်၏။

ချက်ချင်းပဲ ယင်ယွမ်အဖွဲ့အစည်းမှ စစ်သည်တော် ၂၀၀၀ ကျော်တို့က တောထဲမှ ထွက်လာခဲ့ကြ၏။ ကျိုးကျောင်းရန်၏ ဘေးတွင် ရှိနေသည့် ထိပ်တန်းကျွမ်းကျင်သူ ၄ ယောက်တို့က အရိပ်များကဲ့သို့ပင် ပြေးထွက် သွားခဲ့၏။ ကျွမ်းကျင်သူ ၄ ယောက်က နာကျည်းမှုနှင့် တစ်ဦးတည်း ရင်ဆိုင်ရပေလိမ့်မည်။ ယင်ယွမ်အဖွဲ့အစည်းက ဝူနှင့် ချောင်ပြည်နယ်ဆီမှ မဟာပညာရှင်တစ်ဦးစီကို ဓားဘုရင် လီချင်းချိုးနှင့် တိုက်ခိုက်ရန် စေလွှတ်ခဲ့သည်။

“ကာကွယ်ကြ၊ ကာကွယ်ကြ။”

ယင်ယွမ်အဖွဲ့အစည်းမှ စစ်သည်တော် ၂၀၀၀ ကျော်တို့က အိမ်မြောင်များကဲ့သို့ပင် သက်ရှည်ခံတပ်၏ မြို့ရိုးများပေါ်သို့ တွယ်ကာ တက်ကြ၏။

“ပစ်၊ ပစ်၊ ပစ်။”

နာကျည်းမှုက ပုံမှန်စစ်သည် ၂၀၀ အား တန်ပြန်တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။

ဤလူ ၂၀၀ တို့က ထိပ်တန်းစစ်သည်များ ဖြစ်ကြပြီး သူတို့၏ မြားပစ်စွမ်းရည်က အလွန်တိကျ၏။ သူတို့က ယင်ယွမ် အဖွဲ့အစည်းမှ စစ်သည်တော်များကို ထိခိုက်မှုများ ဖြစ်စေခဲ့၏။ သို့သော်ငြား အရေအတွက် ကွာဟချက်က တကယ့်ပင် ကြီးမားလွန်း၏။ သူတို့က ယင်ယွမ်အဖွဲ့အစည်းမှ စစ်သည်တော် ၂၀၀၀ ကို လုံးဝ မတားဆီးနိုင်ခဲ့ချေ။

ဓားဘုရင် လီချင်းချိုးက ဓားတစ်ချက်တည်းဖြင့် သူ၏ ရန်သူများကို သုတ်သင်လျက် ရှိ၏။ ရုတ်တရက် သူက သေစေနိုင်လောက်သည့် အန္တရာယ်တစ်ခုကို ခံစားလိုက်ရ၏။ အနက်ရောင်အရိပ် ၂ ခုက လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် သူ့ဆီသို့ ရောက်ရှိလာ၏။

မဟာပညာရှင် ၂ ဦး ... တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် လီချင်းချိုးက တစ်ဖက်လူများ၏ အရှိန်အဝါကို အာရုံခံမိသည်။ သူတို့ မည်သူများ ဖြစ်ကြောင်း သိရှိသည်။

“ဝူပြည်နယ်ရဲ့ လီရင်းဟန်နဲ့ ချောင်ပြည်နယ်ရဲ့ ရန်ပြောင်လင်ပါလား။ မဟာပညာရှင်နှစ်ယောက်တို့ ... ခင်ဗျားတို့က တခြားသူတွေရဲ့လက်ထဲက လူယုတ်မာ လက်ကိုင်တုတ်တွေ ဖြစ်လာခဲ့ကြတာပဲ။” လီချင်းချိုးက လှောင်ပြောင် ပြောလိုက်၏။

“ခင်ဗျားလည်း တူတူပါပဲ။” ချက်ချင်းပင် မဟာပညာရှင် ၂ ယောက်တို့က ဓားဘုရင် လီချင်းချိုးကို ရှေ့နှင့်နောက်မှ ပူးတွဲကာ တိုက်ခိုက်ကြသည်။

ဓားဘုရင်က တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်း၏။ သူက တစ်ယောက်တည်းဖြင့် လူ ၂ ယောက်ကို ရင်ဆိုင်တိုက်ခိုက်နေရသည် ဆိုသော်လည်း အသက်တော့ မသေခဲ့ချေ။ သို့သော်ငြား သူက အားနည်းသည့် အခြေအနေဆီသို့ ရောက်ရှိသွား၏။

ကျိုးကျောင်းရန်၏ အနောက်ဘက်ဆီမှ အနက်ရောင်ဝတ် ကျွမ်းကျင်သူ ၄ ယောက်တို့က နာကျည်းမှုဆီသို့ ဝင်ရောက်ကာ တိုက်ခိုက်၏။ ဤလူ ၄ ဦးတို့က ကျိုးကျောင်းရန်ကို ကာကွယ်ရန် ရောက်ရှိလာခဲ့သည့် လူများ ဖြစ်၏။ ယခု နာကျည်းမှုကို တိုက်ခိုက်သည်။

နာကျည်းမှုက သူ၏ ဓားကို ဆွဲထုတ်လိုက်၏။ သူက တစ်ယောက်တည်းနှင့် လူ ၄ ယောက်ကို ပြန်လည် တိုက်ခိုက်လျက် ရှိ၏။ ထို့ကြောင့် အားနည်းလျက် ရှိနေ၏။ မကြာခင်မှာပဲ နောက်ထပ်ပုံရိပ်တစ်ခု ပေါ်ပေါက်လာခဲ့၏။ သိုင်းရူးထန်ယင်ပင် ဖြစ်၏။ သူနှင့် နာကျည်းမှုတို့က ဘေးချင်းယှဉ်တိုက်ခိုက်ကြပြီး အခြေအနေကို ထိန်းချုပ်ထား၏။

စစ်သည်တော် ၂၀၀ တို့က မြို့တံခါးများကို ခက်ခက်ခဲခဲ ကာကွယ်နေ၏။ သို့သော်ငြားလည်း သူတို့က လုံးဝ ထိန်းထားနိုင်ခြင်း မရှိပေ။

“ဆုတ်ခွာကြ ဆုတ်ခွာကြ။” နာကျည်းမှုက အမိန့်ပေးလိုက်သည်။ ပြီးနောက် သူနှင့် လီချင်းချိုးတို့က စစ်သည်ပေါင်း ၂၀၀ ကျော်ကို ဦးဆောင်ပြီး ဆက်တိုက် နောက်သို့ ဆုတ်ခွာ၏။ သူတို့က ပထမဦးဆုံး ကာကွယ်ရေးမျဉ်းဆီသို့ ဆုတ်ခွာကြ၏။ ပြီးနောက် ဒုတိယမျဉ်း ... တတိယမျဉ်း။

ထိခိုက်ဒဏ်ရာရရှိသူများက တဖြည်းဖြည်း တိုးလာ၏။ နောက်ဆုံးမှာတော့ သူတို့က သက်ရှည်ခံတပ်၏ နောက်ဆုံး အကာအကွယ်စည်းမျဉ်းသို့ ရောက်ရှိသွားခဲ့ကြ၏။ နာကျည်းမှုက နောက်သို့ လှည့်ကြည့်လိုက်၏။ စစ်သည်တော် ၈၀၀ တို့က အလုံးစုံ ရူးသွပ်သည့် အခြေအနေမျိုးသို့ ရောက်ရှိနေပြီး လမ်းလျှောက်သည့် နေရာ၌ပင်လျှင် တုန့်ဆိုင်းလျက် ရှိနေကြ၏။

ဉာဏ်ရည်မမှီကြသည့် လူ ၃၇၀၀ တို့မှာမူ မြေပြင်ပေါ်တွင် လဲလျောင်းကာ တက်လိုနေ၏။ ဤစစ်ပွဲကို တိုက်ခိုက်ရန် နည်းလမ်းမရှိတော့ချေ။ သူတို့ ထွက်ခွာရပေလိမ့်မည်။

သို့သော်လည်း သူတို့ ရွေးချယ်မှုတစ်ခု ပြုလုပ်ရမှာ ဖြစ်၏။ ပုံမှန်စစ်သည်တော် ၁၀၀ ကျော်သာ ကျန်ရှိတော့၏။ ရူးသွပ်လျက် ရှိနေသည့် ကြောင်တောင်တောင် စစ်သည်တော် ၈၀၀ ကျော်တို့က မနည်းပင် လမ်းလျှောက်နေရ၏။ ဉာဏ်ရည်မမှီသူ ၃၇၀၀ မှာမူ လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။

လူ ၁၀၀ ကျော်က လူ ၃၀၀၀ ကျော်ကို သယ်ဆောင်သွားလိုသည်လား။ ဤအရာက လုံးဝ မဖြစ်နိုင်ပေ။

နာကျည်းမှုက ရုတ်တရက် အော်ဟစ်လိုက်သည်။ “ကျိုးကျောင်းရန် ထွက်ခဲ့။”

မည်သူမှ ပေါ်မလာခဲ့ချေ။ သို့သော်ငြား ရန်သူ၏ တိုက်ခိုက်မှုက ရပ်တန့်သွားခဲ့၏။ နာကျည်းမှုက လှမ်းကာ အော်လိုက်၏။ “ကျုပ်တို့ အခု အတွင်းခံတပ်ထဲမှာ ရှိနေပြီ။ ဒီတံခါးကို ကာကွယ်ဖို့ပဲ လိုတယ်”

“မဟုတ်ဘူး ခင်ဗျားတို့ မကာကွယ်နိုင်ဘူး။” ရှုတင်းယုက လှမ်းကာ အော်ဟစ်လိုက်သည်။

“ကျုပ် မကာကွယ်နိုင်ဘူး ဆိုတာ သိတယ်။”

နာကျည်းမှုက ပြောလိုက်၏။ “ဒါပေမယ့် ကျုပ်၊ ဓားဘုရင် လီချင်းချိုးနဲ့ ညီလေးထန်ယင်တို့က ၁၅ မိနစ်လောက် ကာကွယ်ဖို့ ပြဿနာမရှိဘူး။ အဲဒီအချိန် ကျုပ်က ဒီဗလာသွေးမျိုးဆက် ရှိတဲ့ လူ ၃၇၀၀ လုံးကို သတ်ပစ်လိုက်မယ်။ အဲဒါက ပြဿနာမရှိဘူး။ ဘာလဲ ခင်ဗျားတို့ သူတို့ကို မလိုချင်ဘူးလား။”

ရှုတင်းယုက တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။ “သတ်.. သတ်လေ၊ သတ်လိုက်စမ်းပါ။”

နာကျည်းမှုက ဘာမှမပြောစေ လူအနည်းငယ်ကို တိုက်ရိုက်သတ်ပစ်လိုက်၏။

“ခဏ.. ခဏ။”

ရှုတင်းယု စကားမပြောခင်မှာပင် အနောက်မှ တစ်စုံတစ်ယောက်က စကားလှမ်းပြော၏။ သူက မျက်နှာဖုံးနှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ယောက်ျားသံဖြင့် ပြောနေသော်လည်း ကျိုးကျောင်းရန် ဖြစ်သည်။

“ညီလေးထန်ယင်... မင်း ငါ့လူတွေကို ခေါ်ပြီး ထွက်သွားပါ။ သွား အခု ထွက်သွား။ ကျိုးကျောင်းရန်... မင်း ငါ့လူတွေကို တားဆီးလို့ မရဘူး၊ သတ်လို့ မရဘူး။ မဟုတ်ရင် ငါ ဗလာသွေးမျိုးဆက် ရှိတဲ့ လူ ၃၇၀၀ လုံးကို သတ်ပစ်မယ်။ ရှမ့်က သူတို့ကို တန်ဖိုးထားတယ် ဆိုပေမယ့် ငါက သိပ်ပြီး ဂရုစိုက်နေမှာ မဟုတ်ဘူး ညီလေးထန်ယင်.. ညီအစ်ကိုတွေကို ခေါ်ပြီး ထွက်သွားတော့။”

သိုင်းရူးထန်ယင်က အံ့အားတသင့် ဖြစ်နေ၏။ တခြားလူများကို ခေါ်ပြီး ထွက်ခွာသွားရမည်လား။ သူက လမ်းပင် ကောင်းကောင်း မသိချေ။ သို့သော်ငြား မကြာခင်မှာပဲ ခေါင်းဆောင်တစ်ဦးက မတ်တပ်ထရပ်၏။ အသက်ရှင်ကျန်ရစ်သူ ၁၀၀ ကျော်နှင့် ရူးသွပ်နေသေးသည့် ကြောင်တောင်တောင် စစ်သည်တော် ၈၀၀ ကျော် တို့ကို အနောက်ဘက်တံခါး ဆီမှ ခံတပ်၏ အပြင်ဘက်သို့ ခေါ်ဆောင်ထုတ်သွား၏။

နာကျည်းမှုက အော်ဟစ်လိုက်သည်။ “ကျိုးကျောင်းရန်.. ငါ့ညီအစ်ကိုတွေကို လွှတ်ပေး။ မဟုတ်ရင် ဓားဘုရင်က တံခါးကိုပိတ် ခုခံထားပြီး ငါ သူတို့ကို သတ်ပစ်မယ်။ ၁၅ မိနစ် မပြည့်ခင်မှာ ငါနဲ့ ဒါဇင်ချီတဲ့ ညီအစ်ကိုတွေက ဗလာသွေးမျိုးဆက် ပိုင်ရှင် လူ ၃၇၀၀ လုံးကို သတ်ပစ်နိုင်တယ်။”

ကျိုးကျောင်းရန်၊ ရှုတင်းယုနှင့် ရွှယ်ရွှယ်တို့က တစ်ဦးကို တစ်ဦးကြည့်ကာ ခေါင်းညိတ်လိုက်၏။ သူတို့က နာကျည်းမှု၏ စစ်သည်တော်များနှင့် ကောင်းကင်တာအိုအဖွဲ့အစည်းမှ စစ်သည်တော်များကို ထွက်ခွာခွင့် ပြုခဲ့၏။ မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ ပစ်မှတ်က ဉာဏ်ရည်မမှီသည့် လူပေါင်း ၃၇၀၀ ဖြစ်၏။ မဟုတ်ပေ။ ဗလာသွေးမျိုးဆက် ရှိသူများဟု ပြောဆိုရမည်။

နာရီဝက်ကြာပြီးနောက် ထန်ယင်က ပြန်ပြေးလာ၏။ “ကျုပ်တို့ရဲ့ ညီအစ်ကို အားလုံး လွတ်မြောက် သွားခဲ့ပါပြီ။”

လီချင်းချိုးက ပြောလိုက်သည်။ “နာကျည်းမှု... ကျန်တဲ့လူတွေကို ခေါ်ပြီး လျှိုဝှက်လမ်းကနေ ထွက်သွားလိုက်။”

“သခင်လေး... သခင်လေးကို ဘယ်လို မျက်နှာပြရမှာလဲ။” နာကျည်းမှုက လှမ်းကာ မေးမြန်းလိုက်၏။

လီချင်းချိုးက အော်ဟစ်လိုက်သည်။ “သွား သွား... ငါတို့ ဒီမှာ သေရမှာလား။ ထွက်သွားတော့။”

နာကျည်းမှုက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ သူက လက်သီးဖြင့် နံရံကို ထိုးလိုက်မိ၏။ လက်တစ်ဖက်လုံး သွေးများ စွန်းထင်းသွားခဲ့၏။

“သွား.. သွားစမ်း။”

နာကျည်းမှုက အော်ဟစ်လိုက်သည်။ “ဒီနေ့ အရှက်ရတာကို ငါအမြဲတမ်း မှတ်ထားမယ် ကျိုးကျောင်းရန် မင်းစောင့်နေလိုက်။”

နာကျည်းမှုက ထန်ယင်နှင့် တခြားမြင်းစီးဓားပြ ဒါဇင်ချီတို့ကို လျှို့ဝှက်ဥမင်မှတစ်ဆင့် ခံတပ်၏ အပြင်ဘက်ဆီသို့ ခေါ်ထုတ်သွားခဲ့၏။ ဤအချိန်မှာတော့ လီချင်းချိုး တစ်ယောက်တည်းသာ ခံတပ်ကို စောင့်ကြပ်နေ၏။ သူ၏ နောက်ဘက်တွင် ဗလာသွေးမျိုးဆက် ရှိသည့် လူပေါင်း ၃၇၀၀ တို့က မြေပြင်ပေါ်တွင် တဂစ်ဂစ်နှင့် တက်လို့နေ၏။

ဓားဘုရင် လီချင်းချိုးက ထိုသူတို့ကို ရှုပ်ထွေးသည့် အမူအရာဖြင့် လှမ်းကာ ကြည့်သည်။ “အင်း.. ယုတ္တိရှိရှိ ပြောရမယ်ဆိုရင် ငါ မင်းတို့အားလုံးကို သတ်ပစ်သင့်တယ်။ ရန်သူ့လက်ထဲကို မရောက်စေချင်ဘူး။ ဒါပေမယ့် ငါ တကယ် မလုပ်နိုင်ဘူးပဲ။”

ပြီးနောက် သူက အချိန်တော်ကြာ တုံ့ဆိုင်းသွားခဲ့၏။ မလှုပ်ရှားနိုင်ခဲ့ချေ။

“ကျုပ်ထွက်သွားမယ်။ ဘယ်သူက ကျုပ်ကို တားဆီးချင်လဲ။”

လီချင်းချိုးက ပြောလိုက်၏။ “ဒါပေမယ့် ကျုပ် လျှို့ဝှက်လမ်းကနေ မထွက်ချင်ဘူး။ အဓိက ဝင်ပေါက်ကနေ ထွက်သွားမယ်။”

“ကဲ .. ကြွပါ”

လီချင်းချိုးက မေးလိုက်သည်။ “ဝူပြည်နယ်နဲ့ ချောင်ပြည်နယ်က မဟာပညာရှင်တွေ... ခင်ဗျားတို့ ကျုပ်ကို မတားဆီးဘူး ဆိုတာ သေချာလား။”

“ကဲ ကြွသာကြွပါ။”

အပိုင်း (၅၉၀)

ဤအချိန်မှာတော့ သူတို့က လီချင်းချိုးကို တကယ်ပဲ သတ်ပစ်လျှင် သတ်ပစ်နိုင်၏။ သို့သော်ငြား သူတို့ အနေနှင့် ကြီးမားသည့် ဂုဏ်သိက္ခာ၏တန်ဖိုးအတွက် ပြန်လည်ပေးဆပ်ရလိမ့်မည်။ မဟာပညာရှင် ၂ ဦး အနက် တစ်ဦးက အနည်းဆုံး သေဆုံးရပေလိမ့်မည်။ လီချင်းချိုးက သေသည်အထိ တိုက်ခိုက်ပါက သူတို့ထဲမှ တစ်ဦးကိုတော့ အနည်းဆုံး ခေါ်ဆောင်သွားမှာ သေချာ၏။

ယင်ယွမ်အဖွဲ့အစည်းမှ စစ်သည်တော် ၂၀၀၀ တို့က လီချင်းချိုး ထွက်ခွာသွားရန် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်သည်။

လီချင်းချိုးက ထွက်ခွာသွားပြီးနောက် အနောက်သို့ လှည့်ကြည့်၏။ သူ၏ မျက်လုံးများထဲတွင် မျက်ရည်များနှင့် ပြည့်နက်နေ၏။

“ငါ လီချင်းချိုး.. ဒီနေ့ အရှက်ရတာကို ဘယ်တော့မှ မမေ့ဘူး။” ပြီးနောက် သူက နာကျည်းမှု၊ ဝမ်းနည်းမှု၊ ဒေါသတရားများနှင့် အတူ ပြန်လည် ထွက်ခွာသွားသည်။

ရှုတင်းယုက အမိန့်ပေးလိုက်၏။ ဒါဇင်နှင့်ရှိသည့် ပညာရှင်များက အလျင်အမြန်နှင့် ဝင်ရောက်ကြ၏။ သူတို့က ဉာဏ်ရည်မမှီသူများ၏ သွေးကြောကို တိုက်ရိုက်ခွဲစိတ်ပြီး သွေးများကို ထုတ်ယူကြ၏။ ပြီးနောက် သွေးမှ သွေးရည်ကြည်ကို ခွဲထုတ်ပြန်၏။

“မှန်တယ်။ ဒါက ဗလာသွေးမျိုးဆက်လို့ ခေါ်တဲ့ အရာပဲ။ ရှမ့်လန်နဲ့ စေတီတောင်ရဲ့ မှတ်တမ်းတွေနဲ့ အတူတူပဲ။ စမ်းသပ်ပစ်မှတ် ၁၉ ခုလုံး ... သူတို့ အားလုံးက ဗလာသွေးမျိုးဆက်တွေပဲ။ ဒီလူတွေက ရှမ့်လန်ရဲ့ အသက် သွေးကြော နိဗ္ဗာန တပ်သားအသစ်တွေပဲ။”

ထိုအချိန်တွင် ယင်ယွမ်အဖွဲ့အစည်းမှ ရှုတင်းယုက ပြောလိုက်သည်။ “ကျုပ်တို့ ယင်ယွမ်အဖွဲ့အစည်းက ဒီလူတွေထဲက ၁၀၀၀ ကို လိုချင်တယ်။”

ဤစကားက ကျိုးကျောင်းရန်နှင့် ရွှယ်ရွှယ်တို့ကို အံ့အားသင့်စေခဲ့၏။ သို့သော်ငြား သူတို့က အလွန်အမင်း အံ့အားသင့်ခြင်းတော့ မရှိချေ။ ဗလာသွေးမျိုးဆက်ပါသည့် လူပေါင်း ၃၇၀၀ ကို ပြန်ခေါ်ရန် ယင်ယွမ်အဖွဲ့အစည်းက အများဆုံး ပံ့ပိုးခဲ့၏။ သူတို့ အနေနှင့် ဘာမှမလိုချင်ဘဲ ဘယ်နေပါ့မည်နည်း။

“ကောင်းပြီ”

“ကောင်းပြီ။”

ပြီးနောက် အဖွဲ့ ၃ ခုက အခင်းဖြစ်ပွားရာနေရာ၌ လုယူထားခဲ့သည့် အရာများကို ခွဲဝေကြ၏။ ဗလာသွေးမျိုးဆက် ပါဝင်သူ ၃၇၀၀ ကို ကိုယ်တိုင် ခွဲဝေယူကြ၏။ ယင်ယွမ်အဖွဲ့အစည်းက လူပေါင်း ၁၀၀၀ ကျော်ကို ရရှိပြီး အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့က တစ်ဖက်လျှင် လူပေါင်း ၁၃၅၀ စီကို ရရှိ၏။

နာရီပေါင်းများစွာကြာပြီးနောက် ချန်းဖန်မြို့စား အိမ်တော်၊ ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ်၊ အိမ်ရှေ့စံ၏ အိမ်တော်နှင့် တတိယမင်းသား အိမ်တော်ဆီသို့ သတင်းရောက်ရှိသွား၏။ ကီလိုမီတာ ၁၅၀ အကွာအဝေး က ထိပ်တန်းစစ်မြင်းများကိုပင် ပင်ပန်းနွမ်းနယ်စေခဲ့၏။ သူတို့က လီ ၂၀ တိုင်း မြင်းကို လဲကာဖြင့် မောင်းနှင်ခဲ့ရသည်။

“သခင်လေး.... သတင်းဆိုး၊ သတင်းဆိုးပဲ။ ဗလာသွေးမျိုးဆက်ပါတဲ့ လူပေါင်း ၃၇၀၀ လုံးကို လုယက်ခံလိုက်ရပြီ။”

ချက်ချင်းပင် ရှမ့်လန်က မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် ခံစားနေမိ၏။ သူက သူ၏ နားကိုပင် လုံးဝ မယုံနိုင်ချေ။ အချိန်ခဏ ကြာပြီးနောက် သူက အော်ဟစ်လိုက်၏။ “အား အား.... လီချင်းချိုး ဘာလုပ်နေတာလဲ သူက ဓားဘုရင်လေ .. ဓားဘုရင်။ နာကျည်းမှုကရော ဘာလုပ်နေလဲ။ သူ့ရဲ့သိုင်းပညာက မဟာပညာရှင်နဲ့တောင် နီးစပ်တဲ့ အဆင့်ရှိတယ်။ ထိပ်တန်းကျွမ်းကျင်သူ နှစ်ယောက် နဲ့ စစ်သည်ပေါင်း ၁၀၀၀ ကျော်က ဘယ်လိုလုပ် ရှုံးနိမ့်သွားတာလဲ။ ထန်ယင်လည်း ပါသေးတယ် မဟုတ်လား။

ငါ့ရဲ့ ဒုတိယ နိဗ္ဗာန တပ်တော်... သူတို့သာ မရှိရင် ဒုတိယ နိဗ္ဗာနတပ်တော်ကို ဘယ်လို လေ့ကျင့်ရမှာလဲ။ အိမ်ရှေ့စံနဲ့ နင်ချီတို့ကို ဘယ်လိုအနိုင်ယူရမှာလဲ။ နာကျည်းမှုက လူမိုက်လား။ သူတို့အားလုံးကို ဘာလို့ မသတ်ပစ်ရတာလဲ။ ရန်သူ့ လက်ထဲကို ဘာလို့ ပေးလိုက်ရတာလဲ။”

ရှမ့်လန်က ယခင်ကထက် ပိုမို ဒေါသထွက်နေ၏။ သူက ဝေးလံသော နေရာဆီမှ ကြားနိုင်လောက်အောင်ပင် အသံကျယ်ကြီးနှင့် အော်ဟစ်လျက် ရှိ၏။ အချိန်တော် ကြာပြီးနောက် အလုံးစုံ တိတ်ဆိတ်သွားခဲ့၏။ “နာကျည်းမှု လုပ်တာ မှန်တယ်။ ရန်သူ့လက်ထဲကို ကျရောက်သွားတယ်ဆိုရင်တောင်မှ ဗလာသွေးမျိုးဆက်ပိုင်ဆိုင်တဲ့ လူတွေကို မသတ်နိုင်ဘူး။ သူတို့အားလုံးက သနားစရာ ကောင်းတဲ့ လူတွေပဲ။”

ပြီးနောက် ရှမ့်လန်က ယိုင်တိုင်တိုင်ဖြင့် သူ၏အခန်းထဲသို့ ပြန်ဝင်သွား၏။ သူ၏ နောက်ကျောတစ်ခုလုံးက စိတ်မကောင်းမှု၊ ဝမ်းနည်းမှု၊ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေခဲ့၏။ သို့ပေမည့် အခန်းထဲသို့ ဝင်ရောက်ပြီးနောက် သူ၏ မျက်နှာပေါ်မှ အမူအရာများ အားလုံးက ပျောက်ကွယ်သွားခဲ့သည်။ ရှောင်ပင်းနားသွား၍ ကလူကျီစယ်လို့ နေသည်။

ယင်ယွမ်အဖွဲ့အစည်းမှ ရှုပိုတောက်က သတင်းကောင်းကို ရရှိခဲ့၏။ ဒုတိယနိဗ္ဗာန တပ်တော်ကို လုယက်သည့် အစီအစဉ်က အောင်မြင်ခဲ့၏။

“ဒီလူတွေ အားလုံးက ဗလာသွေးမျိုးဆက်ပိုင်ရှင်တွေ ဆိုတာ သေချာလား။ ရှမ့်လန်ရဲ့ ပူးပေါင်းကြံစည်မှုတော့ မဟုတ်ဘူးမလား။” ရှုပိုတောက်က မေးလိုက်သည်။

ရှုတင်းယုကပြောလိုက်၏။ “ရေနက်တပ်ဖွဲ့ဝင်တွေက လအနည်းငယ်တည်းက လိုက်လံ စောင့်ကြည့်နေတာပဲ။ ကျုပ်တို့ ယင်ယွမ်အဖွဲ့အစည်းက သူလျှိုတွေကလည်း အစအဆုံး ပါဝင် ပါဝင်ပတ်သက်ခဲ့တယ်။ ပြီးတော့ အခင်းဖြစ်သွားရာနေရာကို တိုက်ခိုက်ပြီးတဲ့နောက်မှာ ရှမ့်လန်က အလောင်း ၁၀၀ ကျော်ကို ချန်ထားခဲ့တယ်။ ပညာရှင်တွေက ဒီဉာဏ်ရည်မမှီတဲ့ လူတွေရဲ့ သွေးတွေကို စစ်ဆေးပြီးပါပြီ။ အားလုံးက ဗလာသွေးမျိုးဆက်လို့ ခေါ်တဲ့ လက္ခဏာတွေနဲ့ လုံးဝ ကိုက်ညီနေတယ်။”

ထိုအချိန်မှာပဲ ယင်ယွမ်အဖွဲ့အစည်းမှ စစ်သည်တော် တစ်ဦးက ပြေးဝင်လာခဲ့၏။ “သခင်ကြီး.. ဒါ ရှမ့်လန်ဆီက စာတစ်စောင်ပါပဲ။”

ရှုပိုတောက်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ စစ်သည်တော်က လက်အိတ်ဝတ်ဆင်ကာဖြင့် စာအိတ်ကို စုတ်ဖြဲပြီး စာကို ထုတ်ယူ၏။ ပြီးနောက် ရှမ့်လန် ကိုယ်တိုင်ရေးသားသည့် စာကို မြင်လိုက်ရ၏။ ခြိမ်းခြောက်သည့် စကား အနည်းငယ် ရေးသားထားသည်။

“ရှုပိုတောက်... ကျုပ် လက်စားချေမယ်။ ကျုပ် သေချာပေါက် လက်စားချေမယ်။ နည်းလမ်းအကုန်လုံးကိုသုံးပြီး လက်စားချေမယ်။” ခဏကြာမှာတော့ လက်ရေးက တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့၏။

“ဟား ဟား ဟား။ ရှမ့်လန်က တကယ့်ကို ဒေါသထွက်နေတာပဲ။” ရှုတင်းယုက ရယ်မောလိုက်သည်။

ထိုအချိန်မှာပဲ .... ဒုန်း ဒုန်း...

အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာ၏။ “သခင်ကြီး၊ သခင်ကြီး... ဒီရေလှိုင်းတွေ လာနေပြီ။ ဒီရေလှိုင်းတွေ စနေပြီ”

ရှုပိုတောက်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့၏။ ဒီရေလှိုင်းများ နောက်ဆုံးတွင် ရောက်ရှိလာပြီလား။ ယခုနှစ်က ၂ နာရီ နောက်ကျခဲ့၏။ ညနေပိုင်း ရောက်လုနီးပါး ဖြစ်နေ၏။ သို့သော်ငြား နေဝင်ချိန်တွင် ဒီရေလှိုင်း ကြည့်ရှုရခြင်းက အလှဆုံး ဖြစ်၏။ သတင်းကောင်း ရောက်ရှိလာပြီး ဒီရေလှိုင်းကလည်း ရောက်ရှိလာခဲ့၏။ တကယ့်ကို ကြည်နူးဖွယ်ရာပင်။ ဒီရေလှိုင်းက ယနေ့ အောင်ပွဲအထိမ်းအမှတ်အဖြစ် ပြသနေသည်လား။

“ဟား ဟား ဟား။”

နှစ်စဉ် နွေဦး ဒီရေလှိုင်း ရောက်ရှိလာ၏။ ကမ်းနား၌ လူများနှင့် ပြည့်ကြပ်နေ၏။ မြို့စောင့်တပ်ဖွဲ့ဝင် များက စည်းကမ်း ထိန်းသိမ်းနိုင်ရန် တပ်များကို စေလွှတ်ခဲ့၏။ ဒီရေလှိုင်းကို ထိန်းချုပ်ပြီးနောက် နှစ်စဉ် ဒီရေလှိုင်းက ပြကွက်တစ်ခုကဲ့သို့ပင် ဖြစ်လာခဲ့၏။ ဒီရေလှိုင်းကို ကြည့်ရှုရန် နန်းမြို့တော်ဆီသို့ အလျင်အမြန် လာရောက်သူများပင် ရှိ၏။

ယခင်ရွှမ်ဝူအိမ်တော်တွင် နေထိုင်စဉ်က ဒီရေလှိုင်းကြည့်ချင်ကြောင်း ရှောင်ပင်းက မကြာခဏပြော၏။ နုရှောင့်မြစ်က ပုံမှန်အားဖြင့် ရေစီးဆင်းမှု ပြင်းထန်သောကြောင့် ဒီရေလှိုင်း မြင့်တက်သည် ဖြစ်စေ မမြင့်တက်သည် ဖြစ်စေ ခြားနားမှု မရှိချေ။

ယခုနှစ်တွင် လူဦးရေ လာရောက်ကြည့်ရှုသည့် လူဦးရေက နည်းသည်ဟု ထင်ရ၏။ မြစ်နှစ်သွယ်ဆုံရာ ကမ်းနား၌ ဒီရေလှိုင်း လာရောက်ကြည့်ရှုသူ လူသောင်းချီသာလျှင် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် နွေဦးအကြို စစ်ဆင်ရေးက အပြည့်အဝ စတင်နေပြီ ဖြစ်သောကြောင့်ပင်။ နန်းမြို့တော် တစ်ခုလုံးက ထိတ်လန့်တကြား ဖြစ်နေပြီး အများအပြားက အပြင်မထွက်ဝံ့ကြချေ။

သို့သော်ငြား မြစ်နှစ်သွယ်ဆုံသည့် နေရာ၌ ဒီရေလှိုင်းများ ပေါ်ပေါက်သည့် မြင်ကွင်းက ခမ်းနားလွန်းသောကြောင့် လက်လွှတ်ခံ၍တော့ မဖြစ်နိုင်ချေ။ လူများကိုလည်း အဆင့်တန်း ခွဲခြားထား၏။ တချို့သောလူများက မြစ်နှစ်သွယ်၏ ကမ်းနားတွင် ရပ်လျက် ဒီရေလှိုင်းကို ကြည့်ရှု၏။ တချို့သူများက ကျေးဇူးတော်မျှော်စင်၏ ထိပ်တွင် ရပ်လျက် သတ္တဝါ အားလုံးကို ငုံ့မိုး ကြည့်ရှုသည့် ခံစားချက်မျိုးနှင့် ကြည့်ရှု၏။

လူပေါင်းသောင်းချီတို့က မော့ကြည့်ရန် ကြိုးစားကြသော်လည်း ကျေးဇူးတော်မျှော်စင်ထိပ်မှ လူများ၏ မျက်နှာကိုပင် မမြင်နိုင်ကြချေ။ သူတို့က ဇိမ်ခံပိုးထည်များကို ဝတ်ဆင်ထားကြောင်းကိုသာ ခပ်ရေးရေး မြင်နိုင်၏။ လှပသည့် အမျိုးသမီးများစွာတို့က လှည့်ပတ် သွားလာလျက် ရှိနေပြီး မရေတွက်နိုင်အောင် များပြားသည့် အစားအသောက်များနှင့် ဝိုင်များလည်း ရှိသည်။

လူပေါင်းသောင်းချီတို့က ထိုအရာကို လှမ်းကြည့်ပြီး မနာလိုလည်း ဖြစ်မိကြ၏။ ကျေးဇူးတော် မျှော်စင်၏ ထိပ်သို့ ဒီရေလှိုင်း ကြည့်ရှုရန် တက်နိုင်သည်ဆိုပါက မည်မျှ ကောင်းလိုက်မည်နည်း။ ထိုအရာက သူတို့အတွက် အိပ်မက်တစ်ခု ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

နန်းမြို့တော် တစ်ခုလုံးတွင် ကျေးဇူးတော်မျှော်စင်၌ ဒီရေလှိုင်း ကြည့်ရှုရန် ရရှိခဲ့သည့် ဖိတ်စာ အရေအတွက်က လူ ၃၀ ခန့်သာ ရှိ၏။ သူတို့က ထိပ်တန်း မင်းမှုထမ်းများ ဖြစ်သည်သာမက ယင်ယွမ်အဖွဲ့အစည်းနှင့် ရင်းနှီးသည့် ဆက်ဆံရေးလည်း ရှိ၏။

ဘုရင်နှင့် ယင်ယွမ်အဖွဲ့အစည်းတို့က မကြာသေးခင်က ကတောက်ကဆ ဖြစ်ခဲ့သောကြောင့် ဖိတ်စာရရှိသည့် အရာရှိများက ကျေးဇူးတော်မျှော်စင်ဆီသို့ လာရောက်ကြည့်ရှုခြင်းအား ရှောင်ကြဉ်ရမည် ဆိုသည်မှာ သဘာဝပင် ဖြစ်၏။ ထို့ကြောင့် သူတို့၏ ဇနီးများက လာရောက်ကြည့်ရှုကြသည်။

ဖိတ်စာ အစောင် ၃၀ ကျော် ပေးပို့ခဲ့သော်လည်း လူတစ်ရာကျော်သာ လာရောက်ကြ၏။ ထိုထဲတွင် အငြိမ်းစား ရယူထားခဲ့သည့် အဆင့်မြင့် အရာရှိ ၂၀ ကျော် ပါဝင်ပြီး ကျန်သူများမှာတော့ ထိပ်တန်း နန်းတွင်းအမှုထမ်းများ၏ မိသားစုဝင်များ ဖြစ်၏။ သူတို့အများစုက အိမ်ရှေ့စံမင်းသား၏ ဘက်တော်သားများလည်း ဖြစ်၏။

အမှန်တကယ်တွင် ရက်အနည်းငယ်အကြာ၌ အရာရှိအားလုံးအား ကြီးမားသည့် နိုင်ငံရေး အကြပ်အတည်း ကြုံတွေ့နေရသည့်အချိန်မျိုး၌ ခမ်းနားကြီးကျယ်သည့်ပွဲများ မပြုလုပ်သင့်ကြောင်း၊ အကျင့်ပျက် ခြစားမှုများကို စံနမူနာပြ နေထိုင်သင့်ကြောင်း ဘုရင်မင်းမြတ်က သတိပေးခဲ့ပြီး ဖြစ်သည်။

ဤသည်က အမှန်တကယ်တွင် အရာရှိများအား ယင်ယွမ်အဖွဲ့အစည်း၏ ဒီရေလှိုင်းပွဲတော်သို့ မတက်ရောက်ရန် တစ်ဖက်လှည့်ဖြင့် သတိပေးခဲ့ခြင်း ဖြစ်၏။ အကယ်၍ သွားပါက ဘုရင်မင်းမြတ်၏စကားကို လျစ်လျှူရှုရာ ရောက်ပေလိမ့်မည်။ နောက်ဆုံးမှာတော့ လူတစ်ရာကျော်က လာရောက်ကြသည်။ ဤ အငြိမ်းစား အရာရှိ ၂၀ က အရေး မကြီးကြပေ။ ဘုရင်ဒေါသထွက်လျှင်လည်း ဘာဖြစ်မည်နည်း။ သူတို့ကို ရာထူး ဖြုတ်ချ၍ မရနိုင်ခဲ့ချေ။

သို့သော်ငြား ယင်ယွမ်အဖွဲ့အစည်း၏ ဖိတ်စာအတိုင်း ဒီရေလှိုင်းကြည့်ပွဲကို မတက်ရောက်ပါက သူတို့၏ ဝင်ငွေ ရင်းမြစ်ကို ဖြတ်တောက်ပစ်ရာ ကျပေလိမ့်မည်။ ကျန်ရှိသည့် နန်းတွင်းအမှုထမ်းများ၏ မိသားစုဝင်များမှာတော့ အများစုက အမျိုးသမီးများ ဖြစ်၏။ ဘုရင်က အမျိုးသမီးများကို အရေးတယူ လုပ်နေလိမ့်မည် မဟုတ်ချေ။

“ယင်ယွမ်အဖွဲ့အစည်းက တကယ့်ကို အထင်ကြီးစရာပဲ။ ဒီလိုမြင့်မားတဲ့ အဆောက်အအုံတစ်ခုကို ဆောက်လုပ် ထားနိုင်တာနဲ့တင် ကြောက်စရာ ဖြစ်နေပြီ”

“ပေတစ်ရာကျော်တောင် မြင့်တာ။ ဒီအမြင့်ကြောင့် ကောင်းကင် နဲ့တောင် နီးသလို ခံစားရတယ်။”

“လွန်ခဲ့တဲ့ ၁၀ စုနှစ်အနည်းငယ်အတွင်းမှာ မြေငလျင် ၃ ကြိမ် လှုပ်ခတ်တယ်။ နန်းတော် ၂ ခု ပြိုကျခဲ့တယ် ဆိုပေမယ့် ကျေးဇူးတော်မျှော်စင်ကတော့ ဘာမှမဖြစ်ခဲ့ဘူး”

“မျှော်စင်ရဲ့အောက်မှာ ဧရာမ သံမဏိတိုင်ကြီး ၉ တိုင် ရှိတယ်လို့ ကြားတယ်။ လူတစ်ယောက်ရဲ့ ပေါင်လောက် တောင်ထူတယ်။ ဘယ်လိုပဲ ခုတ်ခုတ်၊ မီးနဲ့ပဲ ရှို့ရှို့၊ လွှနဲ့ပဲ ဖြတ်ဖြတ် ဒီအရာက ဘာမှ မဖြစ်နိုင်ဘူးတဲ့။ မှန်တယ် မဟုတ်လား။”

“ယင်ယွမ်အဖွဲ့အစည်က နှစ်ပေါင်း ၁၀၀၀ ခိုင်မြဲမဲ့ အဖွဲ့အစည်းမျိုးပဲ။ ကျေးဇူးတော်မျှော်စင်ကြီးကတည်း ဒီလိုပဲ ခိုင်မြဲနေရမှာပေါ့”

ကျေးဇူးတော် မျှော်စင်ကြီး ထိပ်ဆုံးထပ်ရှိ နန်းတွင်းအရာရှိ မိသားစုဝင်များစွာတို့က တိမ်ထဲတွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားနေကြ၏။ ဤနေရာမှ နန်းမြို့တော်ဆီသို့ လှမ်းကာ ကြည့်ရှုမည်ဆိုလျှင် အရာအားလုံးက သေးငယ်နေပုံရ၏။ အထက်စီးမှ ကြည့်ရှုရသည့် ခံစားချက်က တကယ့်ကို ကောင်းမွန်လှ၏။

ဤအချိန်တွင် နေမင်းက အနောက်ဘက်သို့ ဝင်နေပြီ ဖြစ်၏။ နေရောင်ခြည်က ကျေးဇူးတော်မျှော်စင်အပေါ်သို့ အနည်းငယ် ကျရောက်ပြီး နွေးထွေးစေခဲ့၏။ ရေမျက်နှာပြင် တစ်ခုလုံးက ရွှေရောင် ဆေးဆိုးခံထားရသကဲ့သို့ပင် ၊ ရွှေဒင်္ဂါးများစွာ တဖျပ်ဖျပ် လက်နေသကဲ့သို့ ထင်ရ၏။ ကျေးဇူးတော်မျှော်စင် တစ်ခုလုံးက ရွှေရောင် အလင်းတန်းများ ဖုံးလွှမ်းသွားခဲ့၏။ ရွှေရောင်ဆိုးဆေး ဆိုးထားသကဲ့သို့ပင်။

ဤပေတစ်ရာခန့် မြင့်သည့် အဆောက်အအုံပေါ်ရှိ မြင်ကွင်းက နတ်ဘုရားအုပ်စုတစ်စု ရပ်နေသည်နှင့် တူ၏။

“ဒီရေလှိုင်းတွေ လာပြီ။ ဒီရေလှိုင်းတွေ လာနေပြီပဲ။”

“ဒီနှစ်ရဲ့ ဒီရေလှိုင်းက နောက်ကျဆုံးပဲ။”

လူတိုင်းက မတ်တပ်ထရပ်လိုက်ကြ၏။ ဒီရေလှိုင်းက အမှန်တကယ်ပင် ရောက်ရှိလာခဲ့၏။ လေထဲမှ ပေါ်ပေါက်လာသကဲ့သို့ပင် ကောင်းကင်မြစ်က မြောက်မှတောင်သို့ စီးဆင်းပြီး ရွှဲ့မြစ်က အနောက်မှ ရှေ့သို့ စီးဆင်း၏။ ဤဒီရေလှိုင်းက ပထမတွင် သေးငယ်သော်လည်း တဖြည်းဖြည်းနှင့် ပိုမို ကြီးမားလာခဲ့၏။ မြင်းပေါင်း ၁ သောင်းကျော်တို့ ဖြတ်ကာ ဒုန်းစိုင်းပြေးနေသကဲ့သို့ပင်။

ဒုန်း ဒုန်း...

ဤရေလှိုင်း ၂ ခုက အလယ်တွင် စတင်ကာ ပေါင်းဆုံ၏။ ပြီးနောက် ပြင်းပြင်းထန်ထန်နှင့် တိုက်မိကြ၏။ အသံတစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။ ရေများက ပေ ၂၀ ကျော်ထိ မြင့်တက်လာ၏။ ချက်ချင်းပဲ မြစ်ကမ်းပါး တစ်လျှောက်ရှိ လူပေါင်းသောင်းချီတို့က လက်ခုပ်လက်ဝါးတီးကာ အားပေးကြ၏။

ကျေးဇူးတော် မျှော်စင်မှ နန်းတွင်း အမှုထမ်းများ၏ မိသားစုဝင်များကလည်း အထက်စီးမှ ကြည့်ရှုနေကြသည်။

“အင်း.. အဲဒီ ပုရွက်ဆိတ်အုပ်စုက တကယ့်ကို ဆူညံတာပဲ။ သူတို့က ဆူဆူညံညံ နေထိုင်ရတာ ကြိုက်တယ်။”

“ဒီရေလှိုင်းတွေ ဘယ်လောက်ထိ ရောက်သွားပြီလဲ။”

“အခုမှ စတာပဲ။ ဒီရေလှိုင်း တစ်ကြိမ်တက်ရင် တက်လိုက်၊ ကျလိုက် ဖြစ်မယ်။ တစ်လှိုင်းပြီး တစ်လှိုင်း ပိုမြင့်လာမယ်။ အမြင့်ဆုံးလှိုင်း ဆိုတာ မရှိဘူး။ ရှေ့လှိုင်းထက် နောက်လှိုင်းက ပိုမြင့်လာမယ်။” လူတိုင်း၏ နှလုံးသားများကလည်း လှိုင်းထန်နေ၏။

သို့သော်ငြား ရုတ်တရက် ဒီရေလှိုင်းက ပျောက်ကွယ်သွား၏။ ထိုအစား ရေမျက်နှာပြင်ပေါ်တွင် ရေဝဲအနည်းငယ် ပေါ်ပေါက်လာသည်။ “အားလုံးပဲ မထိတ်လန့်နဲ့။ မြေအောက်မြစ်ဝကို ပိတ်ဆို့မှု ရှိမရှိ စစ်ဆေးဖို့ ဖွင့်ထားတယ်။ ဘာလို့လဲဆိုတော့ ဒီရေလှိုင်းက ပိုပြီးကြီးလာမှာမလို့ပဲ။ မထိန်းချုပ်ရင် ကမ်းပါးပေါ်ကို ရောက်ပြီး တခြားလူတွေကို ဘေးအန္တရာယ် ဖြစ်စေလိမ့်မယ်”

လူတိုင်းက အံ့အားသင့်၍ မဆုံးနိုင်ဖြစ်နေ၏။ ယင်ယွမ်အဖွဲ့အစည်းက တကယ့်ကို အစွမ်းထက်လွန်းလှ၏။ ဒီရေလှိုင်းများကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိ၏။ ဒီရေလှိုင်းများက ကောင်းကင်နှင့် မြေပြင်၏ စွမ်းအင်များ ဖြစ်၏။ ယင်ယွမ်အဖွဲ့အစည်းမှာတော့ ယဉ်ပါးလျက် ရှိနေသည့် နဂါး ၂ ကောင်ကို ထိန်းချုပ်နေသည့် နဂါးအုပ်စိုးသူများ နှင့်ပင် ဆင်တူ၏။

ရှုတင်းယု၏ အမိန့်အရ မြေအောက်မြစ်၏ တံခါးများက တစ်ချိန်တည်း ဖွင့်ထားကြ၏။ မြစ်နှစ်သွယ်၏ ရေများက မြေအောက်မြစ်ဆီသို့ ချက်ချင်း စီးဆင်းသွား၏။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကြောင့် ဖြစ်တည်လာခဲ့သော ဒီရေလှိုင်းများကို ထိုမြေအောက်မြစ်က အလုံးစုံ မျိုချသွားခဲ့သည်။

“မြေအောက်မြစ်က ပုံမှန်ပဲလား”

“အင်း.. အရမ်းချောမွေ့တယ်။ ဒါပေမယ့် ရှုပ်ထွေးတဲ့ အရာတွေ အများကြီးလည်း စီးဝင်လာနေပါတယ်။”

ဤနေရာက ပုံမှန်ပဲ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မြေအောက်မြစ်က မြစ်ကြီး၏အောက်ခြေတွင် ရှိသောကြောင့် တံခါးဖွင့်လိုက်သည်နှင့် ဧရာမရေဝဲကြီးများ ဖြစ်ပေါ်စေပြီး ကြီးမားသည့်ဆွဲအားမျိုး ထွက်ပေါ်တတ်၏။ ထိုအချိန်မျိုးတွင် မြစ်နှစ်သွယ်၏အောက်ခြေရှိ ရှုပ်ထွေးသောအရာများက မြေအောက်မြစ် ထဲသို့ လုံးဝ စီးဆင်း ဝင်ရောက်ပေလိမ့်မည်။

သို့သော်ငြား မြေအောက်မြစ်က အရာအားလုံး ချောမွေ့နေရမည်။ မည်သည့်အရာမှ ပိတ်ဆို့ခြင်းမရှိဘဲ မြေအောက်မြစ် တစ်လျှောက် လွယ်လွယ်ကူကူနှင့် ရွေ့လျားနိုင်ပေလိမ့်မည်။

ရေများက မြေအောက်မြစ်ထဲသို့ စီးဆင်းဝင်ရောက်လာခဲ့၏။ မြေအောက်မြစ်၏ လမ်းကြောင်းများကလည်း ကျေးဇူးတော်မျှော်စင်၏အောက် ယင်ယွမ်အဖွဲ့အစည်း ဌာနချုပ်ကို ဖြတ်သန်းသွားပေလိမ့်မည်။ ဤမြေအောက်မြစ်ရေများက တကယ့်ကို အံ့အားသင့်စရာပင်။

ရေများက မြေအောက်မြစ်ထဲသို့ စီးဆင်းသွားသည်မို့ မြေပြင်တစ်ခုလုံးက တုန်ခါနေ၏။ အဆုံးအစ မရှိသည့် အရာများက ကျေးဇူးတော်မျှော်စင်၏အောက် လျှို့ဝှက်ရေအောက်လမ်းထဲသို့ စီးဆင်းဝင်ရောက်သွား၏။

All Chapters