အခန်း (၅၉၅-၅၉၆)
Vol. 39 Ch. 595-596
အပိုင်း (၅၉၅)
ရှမ့်လန်၏ စကားကို နားထောင်ပြီးနောက် နင်ယွမ်ရှန်းက အသာထိုင်ချ၏။ ပြီးနောက် ဂရုတစိုက်နှင့် နားထောင်နေခဲ့၏။
ရှမ့်လန်က ဆက်လက်ကာ ပြောလိုက်သည်။ “ပြီးတော့ ရွှယ်မျိုးနွယ်နဲ့ ကျုံးယောင်တို့ ရှိနေသေးတယ်။ အဲမျိုးနွယ်နှစ်ခုက မျက်နှာဖုံးစွပ်ထားကြတာ။ သူတို့က ရွှဲ့ပြည်နယ်ရဲ့ လက်အောက်ခံတွေလို့ ထင်ရတယ်။ ဒါပေမဲ့ သူတို့က အမြဲတမ်း တော်ဝင်ရန်အင်ပါယာ ကျေနပ်အောင် ကြိုးစားနေကြတာပဲ။”
“ကျုံးရှစ်ရှစ်နဲ့ တော်ဝင်ရန်အင်ပါယာ ဝူမင်းသားတို့ရဲ့ တွေ့ဆုံပွဲက ကျုံးယောင်ရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိနိုင်တယ်။ ဝူအန်းနယ်စား ရွှယ်ချီလည်း ရှိသေးတယ်။ သူက အရင်က ဘုရင်မင်းမြတ် အတွက် ရေနက်တပ်ဖွဲ့ကို တာဝန်ယူခဲ့တယ်။ အဲဒီနောက် သူက တော်ဝင်ရန်အင်ပါယာမှာ နေပြီး ရွှဲ့ပြည်နယ်ရဲ့ သံတမန်ရေးရာနဲ့ ထောက်လှမ်းရေးတွေကို တာဝန်ယူခဲ့တယ်။
ဒီတစ်ခေါက် ယင်ယွမ်အဖွဲ့အစည်းက ကျုပ်တို့ရဲ့ ဗလာသွေးမျိုးဆက်ပိုင်ရှင်တွေကို လုယူဖို့ ကြိုးစားခဲ့တယ်။ ရေနက်တပ်ဖွဲ့က အဲဒီလူတွေကို သူတို့ရဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ပေးခဲ့တယ်။ ဒီလောက်တင် မဟုတ်သေးဘူး။ ယင်ယွမ်အဖွဲ့အစည်းက ကျုပ်ရဲ့ ဗလာသွေးမျိုးဆက် ရှိတဲ့လူတွေကို လုယူဖို့ မကြိုးစားခင်မှာ စေတီတောင်ရဲ့ တပည့်ဖြစ်သူ ဝူကျူးက ကျုပ်ဆီလာပြီး သွေးမျိုးဆက်ပြောင်းလဲတဲ့ စမ်းသပ်မှုတွေကို မလုပ်ဖို့ သတိပေးခဲ့တယ်။ ကျုပ်ရဲ့ သုတေသနရလဒ်အားလုံးကို ပေးရမယ်လို့လည်း စေတီတောင် ကိုယ်စား ခြိမ်းခြောက်ခဲ့တယ်။”
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ဤစကားကို ကြားသည့်အချိန်မှာတော့ မျက်စိသူငယ်အိမ်များပဲ ကျဉ်းမြောင်း သွားခဲ့၏။ သူက ဉာဏ်ကောင်းလွန်းသူ တစ်ယောက်ဖြစ်၏။ အလွန် အန္တရာယ် ကြီးသည့် အချက်ပြမှုကို သူက အာရုံခံမိ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဗလာသွေးမျိုးဆက်ရှိသူတွေရဲ့အကြောင်း ကျုပ်ရဲ့ သုတေသန စီရင်ခံစာက ယင်ယွမ်အဖွဲ့အစည်းရဲ့ လက်ထဲကို ရောက်သွားတယ်။ သူတို့အဖွဲ့အစည်းရဲ့ သုတေသနပညာရှင်တွေက ကျုပ်ရေးထားတဲ့ နည်းလမ်းနဲ့ စေတီတောင်ရဲ့ သုတေသနမှတ်တမ်းတွေကို အသုံးပြုပြီး သွေးမျိုးဆက် စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ကြတယ်။ အဲဒီ လူပေါင်း ၃၇၀၀ လုံးက ဗလာသွေးမျိုးဆက်ပိုင်ရှင်တွေ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်။
အရှင်မင်းကြီး ... ကျုံးမျိုးနွယ်က တော်ဝင်ရန်အင်ပါယာကို လျှို့ဝှက်ပြီး ကူညီနေတာပဲ။ ရွှယ်မျိုးနွယ်ကလည်း ထိုနည်းလည်းကောင်းပဲ။ ရန်နန်းဖေးနဲ့ စေတီတောင်တို့က သာမန်မဟုတ်တဲ့ ဆက်ဆံရေးမျိုး ရှိတယ်။ အင်ပါယာကျန်းလီ ဖျက်ဆီးခံရတုန်းက စေတီတောင်က အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်။ အင်ပါယာ ကျန်းလီ သေဆုံးခဲ့ပြီးတဲ့နောက် စေတီတောင်က ကြီးမားတဲ့ အကျိုးခံစားခွင့်ရှိသူ ဖြစ်ခဲ့တာပေါ့။ စေတီတောင်က တော်ဝင်ရန်အင်ပါယာနဲ့လည်း အရမ်းနီးစပ်တယ်။
ဒါကြောင့် မင်းကြီးရဲ့ အိမ်ရှေ့စံမင်းသားနဲ့ တတိယမင်းသား နင်ချီတို့က တော်ဝင်ရန်အင်ပါယာနဲ့ ပူးပေါင်းဖို့ မစောင့်နိုင်တော့သလို ဖြစ်နေတာပဲ။ မင်းသားနှစ်ပါးထဲက ဘယ်သူပဲ ထီးနန်းတက်တက် နောင်အနာဂတ်မှာ ရွှဲ့ပြည်နယ်ရဲ့ အခြေအနေကို ခန့်မှန်းဖို့ ခက်တယ်။ မင်းသားနင်ကျန်း တစ်ပါးထဲကပဲ ရွှဲ့ပြည်နယ်အတွက် ရည်ရွယ်ချက် ရှိတယ်။ ပြီးတော့ သူက မကြောက်မရွံ့နဲ့ သင်ယူလိုစိတ်လည်း ကောင်းတယ်”
နင်ယွမ်ရှန်းက စိတ်တည်ငြိမ်စေရန် ရေနွေးခွက်ကို ယူလိုက်၏။ ပြီးနောက် ရှမ့်လန်၏ ခွက်ထဲသို့ ရေနွေးများကို ဖြည့်ပေး၏။
ရှမ့်လန်က ဆက်လက်ကာ ပြောလိုက်သည်။ “တော်ဝင်ရန်အင်ပါယာက အင်ပါယာကျန်းလီကို ဖျက်ဆီးပြီးတဲ့နောက်မှာ လောကမှာရှိတဲ့နိုင်ငံအသီးသီးကို ဖိနှိပ်ပြီး အရှေ့တိုင်းလောကကြီးကို ပေါင်းစည်းချင်ခဲ့တယ်။ ဒါပေမဲ့ အရှေ့တိုင်းလောကကြီးက အရမ်းကို ကြီးမားတယ်မလား။ မိုင်ပေါင်းသောင်းချီ ကျယ်ပြန့်တယ်။ ပြီးတော့ တော်ဝင်ရန်အင်ပါယာရဲ့ ပြည်တွင်းရေးကလည်း ရှုပ်ထွေးနေတယ်။ သူတို့က အရင်ဆုံး ပြည်တွင်းရေး ကိစ္စကို ဖြေရှင်းရမယ်။ ဒါကြောင့် တော်ဝင်ရန်အင်ပါယာက မူဝါဒအသစ်ကို စတင်ခဲ့တာပေါ့။
အင်ပါယာကျန်းလီရဲ့ အာဏာကို ဖယ်ရှားပြီးတဲ့နောက်မှာ အင်ပါယာရဲ့ မင်းမျိုးမင်းနွယ်တွေ၊ မျိုးနွယ်စုတွေ၊ စစ်ခေါင်းဆောင်တွေ အားလုံးကို ဖယ်ရှားပစ်ခဲ့ပြီး အာဏာဗဟိုပြုစနစ်ကို အစပျိုးခဲ့တယ်။ ၁၀ နှစ်ကျော် ကြာပြီးတဲ့နောက်မှာ တော်ဝင်ရန်အင်ပါယာရဲ့ မူဝါဒအသစ်က ပြီးဆုံးလုနီးပါး ဖြစ်လာပြီ။ တော်ဝင်ရန်အင်ပါယာ က ဘုရင်အဖြစ် အလုံးစုံဗဟိုချုပ်ကိုင်ပြီးတာနဲ့ ပတ်ဝန်းကျင် လက်အောင်နိုင်ငံတွေကို လွှတ်မထားတော့ဘဲ အာဏာချုပ်ကိုင် သိမ်းပိုက်တော့မှာပဲ။
ဟုတ်တယ်။ ကျုပ် အရှင်မင်းကြီးကို အမှန်အတိုင်း ပြောပြမယ်။ တော်ဝင်ရန်အင်ပါယာရဲ့ လက်ရှိဧကရာဇ်က ကြီးမြတ်တဲ့ အုပ်စိုးသူတစ်ယောက်ပဲ။ နှစ် ၁၀၀ မှာ တစ်ယောက်ပဲ တွေ့ရနိုင်တဲ့ လူမျိုး။ ဒီလိုလူမျိုးက လောကကို လောကကို ပေါင်းစည်းပြီး အုပ်ချုပ်တယ်ဆိုတာ ဘာမှမှားစရာ မရှိဘူး။ ဒါပေမဲ့ သူက ယဉ်ကျေးမှုကို ပိတ်ဆို့ချင်တယ်။ လူတွေရဲ့ဉာဏ်ရည်တွေကို ကန့်သတ်ချင်တယ်။ သူက လောကကြီးတစ်ခုလုံးကို အဆင့်နိမ့် ယဉ်ကျေးမှုအဆင့်ဆီ နှိမ့်ချနေသလိုပဲ။ ဒီအချက်က ကျုပ်ကို ဒေါသထွက်စေခဲ့တယ်”
သို့သော်ငြား ထိုအင်ပါယာ၏အတွေးက ရှမ့်လန်နှင့် မသက်ဆိုင်ချေ။ အင်ပါယာက ပြည်သူများကို ဂရုမစိုက်သလို ယဉ်ကျေးမှု တိုးတက်ခြင်းကိုလည်း ဂရုမစိုက်ချေ။ တိုးတက်သည်ဖြစ်စေ ဆုတ်ယုတ်သည်ဖြစ်စေ အရာအားလုံးကို ဂရုမစိုက်ပေ။ လတ်တလော သူ၏ အာဏာကသာ အရေးကြီးသည်။
သို့သော်ငြား ထိုအင်ပါယာကလည်း ရှမ့်လန်ကို တစ်စုံတစ်ခု မကျေနပ်ပုံ ရ၏။ အင်ပါယာ၏ အမြင်တွင် ရှမ့်လန်က အရေးမပါသည့် လူတစ်ဦးသာ ဖြစ်၏။ သို့သော်ငြား တချို့သော အသေးစိတ်အချက်အလက်များအရ တော်ဝင်ရန်အင်ပါယာက ရှမ့်လန်အပေါ်တွင် မဖော်ရွှေကြောင်း သိသာ၏။
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “မင်းပြောတာမှန်တယ်ဆိုရင် ရွှဲ့ပြည်နယ်က အရမ်းကို အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရှိမနေဘူးလား။”
ရှမ့်လန်က ခေါင်းခါယမ်းလိုက်၏။ “အင်း.. အရမ်းကို အန္တရာယ်ရှိတာပေါ့။ ဒါပေမဲ့ တော်ဝင်ရန်အင်ပါယာက လောကကို သိမ်းပိုက်ချင်ပြီဆိုတာနဲ့ တခြားနိုင်ငံတွေက ပြန်မတိုက်ခိုက်ဘဲ လက်နက်ချမှာလား။ ကျုပ်တို့က ပထမဦးဆုံး အန္တရာယ် ကျရောက်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ရွှဲ့ပြည်နယ်က တော်ဝင်ရန်အင်ပါယာနဲ့ နယ်နိမိတ်ချင်း ထိတွေ့နေတာမျိုး မရှိလို့ပဲ။
အဲဒီအစား ဝူပြည်နယ်က စိုးရိမ်ရတယ်။ ပြီးတော့ အင်ပါယာက ထီးနန်းမှာ နှစ်ပေါင်း ၄၀ ကျော် ကြာနေခဲ့ပြီ။ ဒီနှစ်မှာ သူ့ရဲ့အသက်က ၇၃ နှစ်ရှိပြီ။ အင်ပါယာနေရာအတွက် ထီးနန်းဆက်ခံမှုက ပိုပြီး အရေးကြီးတယ်။ ထီးနန်းဆက်ခံမှုပြီးမှ ဗဟိုချုပ်ကိုင်မှု အာဏာကို စပြီး အသက်သွင်းမှာ။ ဒါကြောင့် ကျုပ်တို့မှာ အနည်းဆုံး ၁၀ နှစ် အချိန်ရှိသေးတယ်။”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “မင်း ဒီလောက် ရှင်းရှင်းလင်းလင်း ပြောပြီးပြီဆိုရင် ဘာလို့ ရာထူးကနေ နုတ်ထွက်ပြီး အိမ်ပြန်ချင်ရတာလဲ။ နင်ကျန်းကို မကူညီဘဲနဲ့ ပြန်တော့မှာလား။ သူက မင်း မရှိဘဲ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။”
“မဟုတ်ဘူး။”
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး... အရှင်မင်းကြီး မှားနေပြီ။ ကျုပ်က သူများကို ဘယ်လို ကူညီရမှန်း မသိဘူး။ ကျုပ်က သူများကို ဝေဖန်တာနဲ့ ရန်သူတွေကို ဖျက်ဆီးတာပဲ သိတယ်။”
ဤအရာက အမှန်ဖြစ်၏။ ဤအချိန်ထိ ရှမ့်လန်က လုပ်ချင်ရာကို လုပ်ခဲ့သည်ဆိုသော်လည်း အစိုးရရေးရာ ကိစ္စရပ်များကို ထိပင် မထိခဲ့ချေ။ စစ်ရေးကိစ္စရပ်များကိုလည်း မထိခဲ့ချေ။ နင်ကျန်းကိုသာ လုပ်ကိုင်စေပြီး သူက ထိုကိစ္စများနှင့် ခပ်ခွာခွာနေသည်။
“ပြီးတော့ မင်းသားနင်ကျန်းကို သူများကူညီဖို့ မလိုဘူး။ သူက အရည်အချင်းရှိတယ်။”
ရှမ့်လန်က ပြောလိုက်၏။ “သူက အတော်ဆုံးလူ မဟုတ်ဘူးဆိုရင်တောင် အဆုံးအဖြတ်ပေးနိုင်တဲ့လူ ပြီးတော့ သည်းခံနိုင်စွမ်း ရှိတဲ့လူပဲ။ စကားပုံအရဆိုရင် ရေတစ်စက်ချင်းစီတိုင်းက ကျောက်ကို ဖောက်နိုင်တယ်။ သံချောင်းကို အပ်ဖြစ်အောင် သွေးနိုင်တယ်။
အရေးကြီးဆုံးကတော့ ကျုပ် နန်းမြို့တော်မှာ ဆက်ပြီးနေမယ်ဆိုရင် ဘုရင်မင်းမြတ်နဲ့ ကျူးမိသားစုတို့ကြားက ပဋိပက္ခက ပြင်းထန်လာလိမ့်မယ်။ ဘုရင်မင်းမြတ်နဲ့ တော်ဝင်ရန်အင်ပါယာကြားက ပဋိပက္ခကလည်း ပြင်းထန် လာလိမ့်မယ်။ ဒါက နောက်လာမယ့် စစ်ပွဲအတွက် အရမ်းကို အန္တရာယ်ကြီးတယ်”
“လောကရဲ့အမြင်မှာ မင်းသားနင်ကျန်းက ကျုပ်ကြောင့် အာဏာရလာတာဖြစ်တယ်။ ကျုပ်ထွက်သွားတာနဲ့ နင်ကျန်းက ထီးနန်းလူပွဲအတွက် အရေးနိမ့်သွားပြီလို့ ထင်ကြလိမ့်မယ်။ အိမ်ရှေ့စံ မင်းသားနဲ့ တတိယမင်းသားရဲ့ အမြင်မှာလည်း ခြိမ်းခြောက်မှု မရှိတော့ဘူး။
မကြာသေးခင်က မင်းသားနင်ကျန်းက အရမ်းကို ထင်ပေါ်လွန်းခဲ့တယ်။ အကျိုးအမြတ်တွေ အများကြီးကိုလည်း ရခဲ့တယ်။ သူက သူ့ရဲ့အင်အားကို ဖွက်ထားပြီး အရင်ကရခဲ့တဲ့ အောင်ပွဲကို ခိုင်မာအောင် အချိန်စောင့်ရအုံးမယ်။ ပြီးတော့ ကျုပ်ပြောခဲ့သလိုပဲ မင်းသားနင်ကျန်းကို ထီးနန်းနိုင်ရအောင် ကူညီပေးခဲ့တာက အဓိက ရည်ရွယ်ချက်အနေနဲ့ အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်ကို ရရှိစေဖို့ပဲ။ အခု မင်းသားနင်ကျန်းက ထီးနန်းအတွက် တရားဝင် ပြိုင်ဆိုင်ခွင့်ရခဲ့ပြီ။
ကျုပ်ရဲ့ လုပ်ငန်းစဉ်က တစ်ဝက် အောင်မြင်သွားပြီ။ မင်းကြီးက ခွင့်ပြုခဲ့ပြီ။ ဒီတော့ ကျုပ် ထွက်သွားပြီးတဲ့နောက်မှာ မင်းကြီးက မင်းသားနင်ကျန်းရဲ့ စွမ်းဆောင်ရည်ကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မယ်။ သူ ကျုပ် မရှိဘဲ မလုပ်နိုင်ဘူးလား။ ဒါမှမဟုတ်ရင် အခုထက် ပိုပြီးတော့ ထူးချွန်လာမလား။
ပြီးတော့ ကျုပ် ထွက်သွားတာနဲ့ ဘုရင်မင်းမြတ်နဲ့ ကျူးမိသားစု၊ တော်ဝင်ရန်အင်ပါယာနဲ့ ဝန်ကြီးတွေကြားမှာ ရှိတဲ့ ဆက်ဆံရေးက သက်သောင့်သက်သာ ဖြစ်သွားလိမ့်မယ်။ စစ်ပွဲက လာတော့မယ်။ ဒါက အရှင်မင်းကြီး အတွက် အရမ်းကို အရေးကြီးတယ်။”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “မင်းဆိုလိုတာ ငါ အလျှော့ပေးသင့်တယ်လို့ ပြောတာလား။”
“ဟုတ်တယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ပြီးတော့ အရှင်မင်းကြီးက ပိုပြီးပြည့်စုံအောင် လျှော့ပေးသင့်တယ်။ ကျုပ် ထွက်သွားတာကို ပိုပြီး အရှက်ရစရာဖြစ်အောင် ပြည်နှင်ဒဏ်ပေးသလိုမျိုး လုပ်သင့်တယ်။ ကျုပ်က အိမ်ရှေ့စံနဲ့ ရှိရှိသမျှ ဝန်ကြီးတွေအားလုံးကို ပျော်ရွှင်စေချင်တယ်။ ဒီလိုအချိန်မျိုးမှာ ကျုပ်က မိဖုရားကြီးပျံ့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း လိုအပ်သေးတယ်။ မိဖုရားကြီးပျံ့က ပိုပြီးသင့်တော်တယ်။ ဒါပေမဲ့ သူမက အရမ်းကို နူးညံ့လွန်းတယ်။ ဒီလိုမျိုး လုပ်လို့ မရနိုင်ဘူး။”
နင်ယွမ်ရှန်းက မေးလိုက်သည်။ “ဒါဆို မင်း ဘယ်တော့ ပြန်လာမှာလဲ။”
ရှမ့်လန်က ပြောလိုက်၏။ “လအနည်းငယ်လောက် အတွင်းပေါ့။”
နင်ယွမ်ရှန်းက ခဏလောက် တိတ်ဆိတ်သွားသည်။ “မင်း တောင်ပိုင်းစစ်ပွဲကို တကယ်ပဲ အကောင်းမြင် နေတာလား။ ရွှဲ့ပြည်နယ် ရှုံးမယ်လို့ ထင်လား။”
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး ရွှဲ့ပြည်နယ်က သဲကန္တာရလူရိုင်းတွေကို အကြိမ်မရေတွက်နိုင်အောင် တိုက်ခိုက်ခဲ့ဖူးတယ်။ အရှင်မင်းကြီးက သဲကန္တာရလူရိုင်းတွေကို အထင်ကြီးသင့်တယ်။ အရှင်မင်းကြီးက ဘယ်လိုထင်လဲ။”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “သူတို့ တစ်ယောက်ချင်းစီတိုင်းက စိတ်ရောဂါရှိသူတွေလိုပဲ။ သေရမှာ မကြောက်တဲ့ကောင်တွေပဲ။ သဲကန္တာရ လူရိုင်းမျိုးနွယ်တွေက ချင်နိုင်ငံထက်တောင် ပိုပြီးတော့ အကြမ်းဖက် တိုက်ခိုက်တတ်ကြတယ်။ သူတို့က နှစ်ပေါင်းရာနဲ့ချီ တိုက်ခိုက်ခဲ့ကြတာ။
ရွှဲ့ပြည်နယ်နဲ့ သဲကန္တာရ လူရိုင်းမျိုးနွယ်တို့ စစ်ဖြစ်တိုင်း ငါတို့က လူအင်အားအရ အသာစီးရရှိခဲ့တယ်။ နန်အိုနိုင်ငံ ကို ကြားခံတစ်ခုအဖြစ် အမြဲတမ်း အသုံးပြုခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ငါတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က သဲကန္တာရလူရိုင်းမျိုးနွယ်တွေလောက် မကောင်းဘူး။ အထူးသဖြင့် တောင်ဘက်ပိုင်း သစ်တော တွေထဲမှာဆိုရင် ပိုပြီးဆိုးတယ်။
အင်း... သဲကန္တာရလူရိုင်းမျိုးနွယ် စစ်သည်တော်တွေကို မြင်ဖူးခဲ့ပြီးပြီ။ ဒီတော့ ချင်ဘုရင် အာယုနာနာမှာလည်း အထက်တန်းစား တိုက်ခိုက်ရေးအဖွဲ့ရှိတယ်။ အားလုံးက သဲကန္တာရ လူရိုင်းမျိုးနွယ်ရဲ့ စစ်သည်တော်တွေပဲ။
အနောက်ဘက်ဒေသတွေမှာ အစွမ်းထက်ဆုံး တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့ သူတွေကလည်း သဲကန္တာရ လူရိုင်းမျိုးနွယ်က လာတာပဲ။ ဒီမျိုးနွယ်က အရမ်းကို သန်မာတယ်။ ဒါပေမဲ့ တစ်ခါမှ ပေါင်းစည်းနိုင်ခဲ့တာမျိုး မရှိဘူး။ ပြန့်ကျဲနေတဲ့ အရာတွေလိုပဲ။ တကွဲတပြားစီ နေထိုင်ကြတာ။
အခု မင်းသားကျင်းက သဲကန္တာရလူရိုင်းအားလုံးကို ပေါင်းစည်းပြီးတော့ စစ်တပ်ကြီးတစ်ခု ဖြစ် ဖန်တီးချင်တယ်။ တော်ဝင်ကပ်ဘေးဘုရားကျောင်းနဲ့ အနောက်ဒေသကနိုင်ငံတွေရဲ့ အထောက်အပံ့နဲ့ဆိုရင် နန်အိုနိုင်ငံ စစ်မြေပြင်မှာ စစ်သည်ပေါင်း တစ်သိန်းကျော် ရှိတယ်ဆိုပေမဲ့ ကျုပ်တို့က အဲစစ်ပွဲအတွက် သိပ်ပြီး အခြေအနေ မကောင်းလှဘူး။”
နင်ယွမ်ရှန်းက မြေပုံဆီသို့ လျှောက်သွားတော့ သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏နယ်မြေကို ရှမ့်လန်က မှတ်သားထားကြောင်း တွေ့ရ၏။
ရှမ့်လန်က ဆက်လက်ကာ ပြောလိုက်သည်။ “ကျုပ် ချင်နိုင်ငံမှာ အချိန်အနည်းငယ်လောက် နေခဲ့ဖူးတယ်။ အနောက်ပိုင်းဒေသမှာရှိတဲ့ သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်သည်တော်တွေနဲ့ ချင်နိုင်ငံရဲ့ စစ်သည်တော်တွေရဲ့ အမြင်မှာ မင်းသားကျင်းက ဘယ်လောက်ပညာရှိလဲဆိုတာ အရှင်မင်းကြီး မသိဘူး။ သူက ကောင်းကင်က ဆင်းသက်လာတဲ့ လူတစ်ယောက်လိုပဲ။ သဲကန္တာရလူရိုင်းမျိုးနွယ်တွေက သူ့ကို အကြီးမြတ်ဆုံးသော သူရဲကောင်း အဖြစ် သတ်မှတ်ကြတယ်။
အာယုနာနာရဲ့ လက်အောက်မှာရှိတဲ့ ကြေးစားစစ်သည်တော်တွေက ကျုပ်ကို ပြောခဲ့ဖူးတယ်။ သူတို့က ဘုရင်မ အာယုနာနာကိုတောင် သဲကန္တာရလူရိုင်းမျိုးနွယ် ခေါင်းဆောင် မင်းသားကျင်းနဲ့ ပူးပေါင်းစေချင်တယ်။ အခု မင်းသားကျင်းက သဲကန္တာရလူရိုင်းမျိုးနွယ်တွေရဲ့ မျှော်လင့်ချက် ဖြစ်လာပြီ။ ပြီးတော့ ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ စည်းလုံးညီညွတ်မှု အင်အားကို မြင်ရလိမ့်မယ်။”
နင်ယွမ်ရှန်းက မေးလိုက်၏။ “ဒါဆို မင်း သူ့ကို အနိုင်မရရှိနိုင်ဘူးလို့ ထင်နေတာလား။”
ရှမ့်လန်က ပြောလိုက်သည်။ “သဲကန္တာရ လူရိုင်းမျိုးနွယ်တွေက တောင်ဘက်သစ်တောမှာ စစ်သည် အရေအတွက် သိပ်ပြီးမများဘူး။ ဒါကြောင့် ကျုပ်တို့ တောင်ပေါ်မှာ တိုက်ခိုက်ဖို့ လုံးဝသင့်တော်တဲ့ နိဗ္ဗာန စစ်တပ်ကို လေ့ကျင့်ချင်တယ်။ အရမ်းကို အစွမ်းထက်တဲ့ မြားပစ်သမား စစ်တပ်ပဲ။
ကျုပ် ဒီတစ်ခါ ရာထူးက နှုတ်ထွက်တာ တော်ဝင်ရန်အင်ပါယာနဲ့ ယင်ယွမ်အဖွဲ့အစည်းကြားမှာ ရှိနေတဲ့ ပဋိပက္ခကို ရှောင်လွှဲဖို့။ အရှင်မင်းကြီးနဲ့ ကျူးမိသားစုကြားမှာ ရှိတဲ့ ပဋိပက္ခတွေကို သက်သာစေဖို့။ ပဉ္စမမင်းသား နင်ကျန်းကို လူထုရဲ့ပစ်မှတ် မဖြစ်စေချင်လို့။ ပြီးတော့ နောက်ဆုံး အရေးကြီးဆုံး အကြောင်းပြချက်ကတော့ ကျုပ်ကြုံဖူးသမျှ ကြောက်စရာအကောင်းဆုံး ရန်သူဖြစ်တဲ့ မင်းသားကျင်းကို ကိုင်တွယ်ဖို့ လုံလောက်တဲ့ အချိန်နဲ့ အင်အားလိုနေလို့ပဲ။”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “မင်း ဆိုလိုတာက အခြေအနေ ပုံမှန်ပြန်ဖြစ်စေချင်တယ်။ အိမ်ရှေ့စံမင်းသားနဲ့ နင်ချီတို့ကို ပြန်ပြီး တိုက်ခိုက်စေချင်ပြီး နင်ကျန်းကို နန်းမြို့တော်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နေထိုင်စေချင်တယ်။”
“ဟုတ်ပါတယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါကြောင့် ကျုပ် ထွက်မသွားခင်မှာ အကြံပြုချက် အနည်းငယ် ရှိတယ်။”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ပြောလေ။”
ရှမ့်လန်က ပြောလိုက်သည်။ “ပထမဦးဆုံးအချက်အနေနဲ့ ကျုပ် အမြီးကုတ်ပြီးတော့ နန်းမြို့တော်က ထွက်သွားတဲ့နောက်မှာ အရှင်မင်းကြီးက တတိယမင်းသား နင်ချီရဲ့ အဆင့်အတန်းကို တိုးမြှင့်ပေးဖို့ အစွမ်းကုန် ကြိုးစားသင့်တယ်။ မင်းကြီးက သူ့ကို ကျန်းရှစ်စီရင်စုကို ပေးလိုက်။ ကျန်းရှစ်စီရင်စုရဲ့ အုပ်ချုပ်ရေးမှူး ဘွဲ့ကို ပေးသင့်တယ်။ ရွှယ်ချီကို ပြန်ခေါ်ပြီးတော့ ထျန်းရွဲ့မြို့ရဲ့ အုပ်ချုပ်ရေးမှူးခန့်သင့်တယ်။”
အရှင်မင်းကြီးက ထိုစကားကိုကြားချိန်မှာတော့ အံ့အားသင့်သွား၏။ ထိုသို့ဆိုလျှင် တတိယမင်းသား နင်ချီ၏ အာဏာက အလျင်အမြန်ပဲ မြင့်တက်သွားပေလိမ့်မည်။ ကျန်းရှစ်စီရင်စု၏ မြောက်ပိုင်းနှင့် ထျန်းရွဲ့စီရင်စုတို့က နင်ချီ၏ လက်အောက်သို့ ရောက်ရှိသွားပေလိမ့်မည်။
ဤနိုင်ငံတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ငါးဦးရှိ၏။ တတိယမင်းသား၏ အဖွဲ့က သုံးခုကို သိမ်းပိုက်ထားပေမည်။ အိမ်ရှေ့စံမင်းသား၏ အဖွဲ့က ထျန်းနန်စီရင်စုကို မနည်းထိန်းချုပ်ထားရပြီး ကျန်းရှစ်စီရင်စု အုပ်ချုပ်ရေးမှူး နေရာကို မဆုံးဖြတ်ရသေးချေ။
ယခုဆိုလျှင် ရှမ့်လန်က အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ကို ကြားတွင် ရှိနေသည့် ယာယီမဟာမိတ်ဖွဲ့မှုကို ချက်ချင်းဖြိုခွဲချင်မိ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဒီလိုဆိုရင် အိမ်ရှေ့စံရဲ့အဖွဲ့ကလည်း အရှင်မင်းကြီးကို ပြန်ပြီး တောင်းပန် လာလိမ့်မယ်။ ကျူးဟုန်ကျူးတောင်မှ ပြန်ပြီး အလျှော့ပေးရလိမ့်မယ်။ ဘာလို့လဲဆိုတော့ အိမ်ရှေ့စံရဲ့အဖွဲ့က ကျန်းရှစ်စီရင်စုရဲ့ အုပ်ချုပ်ရေးမှူးနေရာ ရဖို့ဆုံးဖြတ်ထားခဲ့ပြီးပြီ။ သူတို့က အရှင်မင်းကြီးရဲ့ ခန့်အပ်ချက်ကို လိုအပ်နေတာ။
ပြီးတော့ မင်းသားနင်ကျန်းနဲ့ ကျုပ်က လောကမှာရှိတဲ့ အရာရှိအားလုံးအတွက် ပြည်သူ့ရန်သူ ဖြစ်တယ်။ အရှင်မင်းကြီးသာ ကျုပ်တို့ကို အမျက်တော်ရှ မပြဘူးဆိုရင် အရှင်မင်းကြီးက ဒီနေရာမှာ ဒုက္ခတွေ့နိုင်တယ်။ ဘာလို့လဲဆိုတော့ အရာရှိတွေထဲမှာ နင်ချီကို ထောက်ခံတဲ့လူရှိသလို၊ နင်ယီကို ထောက်ခံတဲ့လူတွေလည်း ရှိတယ်။ ဒါပေမဲ့ မင်းသားနင်ကျန်းကို ထောက်ခံတဲ့လူဆိုလို့ တစ်ယောက်မှ မရှိဘူး။
အတိုချုပ်ပြောရမယ်ဆိုရင် ကျုပ် နန်းမြို့တော်မှာ မရှိတုန်း အရှင်မင်းကြီးက မင်းသားနင်ကျန်းနဲ့ ခပ်ဝေးဝေးမှာ နေသင့်တယ်။ သူရဲ့ တာဝန်တွေကို ကိုင်တွယ်နိုင်ပါ့မလားဆိုပြီး စိုးရိမ်စရာ မလိုဘူး။ အရှင်မင်းကြီးက တတိယ မင်းသားနင်ချီကိုသာ သဘောကျနေသင့်တယ်။ အဲတာဆို အိမ်ရှေ့စံမင်းသားက အရမ်း စိုးရိမ်လာလိမ့်မယ်။ သူ့ရဲ့ အခြေအနေကို ကယ်တင်ဖို့ နင်ချီကို လုံးဝအနိုင်ယူဖို့ နည်းလမ်းတွေကို ထုတ်သုံးလိမ့်မယ်။
နန်အိုနိုင်ငံစစ်မြေပြင်က အိမ်ရှေ့စံအတွက် အကောင်းဆုံး ရွေးချယ်မှုပဲ။ ဘာလို့လဲဆိုတော့ အရှင်မင်းကြီးက ဝူ-ရွှဲ့ စစ်ပွဲမှာ နင်ယွမ်ဝူကို တစ်ချက်တည်းအနိုင်ယူပြီး ရှင်ဘုရင် ဖြစ်လာခဲ့တဲ့သူပဲ။ အိမ်ရှေ့စံမင်းသားနင်ယီကလည်း အရှင်မင်းကြီးရဲ့ လုပ်ရပ်ကို အတုယူမှာ သေချာတယ်။”
အပိုင်း (၅၉၆)
ရှမ့်လန်၏ခန့်မှန်းချက်သာ မှန်ကန်ပါက ကျူးမိသားစုက နန်အိုနိုင်ငံစစ်မြေပြင်တွင် ရင်းနှီးမြှုပ်နှံမှုများစွာကို ပြုလုပ်ထားပေလိမ့်မည်။ နင်ဟန်မင်းသမီးတောင်မှ ကူညီဖို့ နည်းလမ်းရှာထားပေလိမ့်မည်။ နန်အိုနိုင်ငံ၏ စစ်ပွဲအကောင်းဆုံး အခြေအနေတွင် အိမ်ရှေ့စံမင်းသားနင်ယီက ထီးနန်းရရှိရန် နည်းလမ်းကို ရှာဖွေပေလိမ့်မည်။
ရုတ်တရက် နင်ယွမ်ရှန်းက တုန်ယင်သွားခဲ့၏။ “အကယ်၍ ရှုံးနိမ့်သွားပြီဆိုရင် နင်ယီက သေမှာလား။”
ဖခင်နှင့်သား၏ ဆက်ဆံရေးက မည်မျှဝေးကွာနေပါစေ နင်ယီက သူ၏သားတစ်ယောက်သာ ဖြစ်သည်။
“မသေပါဘူး။”
ရှမ့်လန်က ပြောလိုက်၏။ “မင်းသားကျင်းက အရမ်းကို တော်တဲ့လူတစ်ယောက်လေ။ သူက နင်ယီကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး”
ရှမ့်လန်၏တင်ပြချက်ကို နင်ယွမ်ရှန်းက ယုံကြည်သည်။ သို့သော်ငြား သူ၏နှလုံးသား နက်ရှိုင်းသည့်နေရာတွင် နန်အိုနိုင်ငံကို ရှုံးနိမ့်လိမ့်မည်မဟုတ်ဟု ခံစားနေရဆဲပင်။ အကြောင်းရင်းကိုပြောရမည်ဆိုလျှင် ရွှဲ့ပြည်နယ်က နန်အိုနိုင်ငံဆီသို့ စစ်သည်ပေါင်း တစ်သိန်းသုံးသောင်းကျော်ကို စေလွှတ်မှာဖြစ်ပြီး နန်အိုနိုင်ငံ၏ အဓိကမြို့ကြီးများက ကျူးလင်းနှင့် နင်လော့တို့၏ လက်ထဲတွင် ရှိနေသည်။
အရေးကြီးဆုံးက မင်းသားကျင်းက သူတို့၏ရှေ့တွင် ကြီးပြင်းလာခဲ့သူ ဖြစ်၏။ ဓားစာခံတစ်ဦးအနေဖြင့် မင်းသားကျင်း၏ ကံကြမ္မာက သူတို့၏လက်ထဲတွင် လုံးဝရှိခဲ့သူပင်။ ထို့ကြောင့် မင်းသားကျင်းက သူ့အတွက် အားနည်းနေသည့်ပုံ ပေါ်၏။
ရှမ့်လန်က မင်းသားကျင်း မည်မျှအစွမ်းထက်ကြောင်းကို အမြဲတမ်း ပြောဆိုခဲ့ပြီး ရေနက်တပ်ဖွဲ့မှ ထောက်လှမ်းရေး သတင်းအချက်အလက်များကိုပါ ဖော်ပြခဲ့၏။ သို့သော်ငြား လူတို့၏ စိတ်ထဲတွင် ရှိနေသည့် စွဲမှတ်ထားမှုက တကယ်ပဲ နက်ရှိုင်း၏။ နင်ယွမ်ရှန်း၏ စိတ်ထဲတွင် မင်းသားကျင်းဆိုသည်က အားနည်းလွန်းသည့် ဓားစာခံ တစ်ယောက်သာ ဖြစ်သည်။ ထို့ထက် အထင်ကြီးထားခြင်း မရှိပေ။
ထို့အပြင် နင်ယွမ်ရှန်းက တကယ်ပဲ ရှုပ်ထွေးသည့် ခံစားချက်များကို ခံစားနေ၏။ သူက ရွှဲ့ပြည်နယ်၏ ဤစစ်ပွဲကို အနိုင်ရရှိဖို့ မျှော်လင့်ထား၏။ အကယ်၍ ရွှဲ့ပြည်နယ်သာ ရှုံးနိမ့်ခဲ့ပြီး အိမ်ရှေ့စံ၏ ဂုဏ်သတင်း မြှုပ်နှံခဲ့သည် ဆိုသော် ရှမ့်လန်နှင့် နင်ကျန်းတို့၏ တိုးတက်မှုက ဘာဆက်ဖြစ်တော့မည်နည်း။ ဘာမှဆက်မဖြစ်တော့ပေ။
နင်ယွမ်ရှန်းက အရာအားလုံးကို စိတ်ခံစားချက်အရ လက်မခံနိုငသ်လို ဖြစ်နေ၏။ ထို့ကြောင့် နင်ယွမ်ရှန်းက နန်အိုနိုင်ငံရှိ ဤစစ်ပွဲ အနိုင်ရရန် အစွမ်းကုန် ကြိုးစားရပေလိမ့်မည်။ သို့သော်ငြား သူက ရှမ့်လန် ပြန်လာမည်ကိုလည်း မျှော်လင့်နေမိသည်။
“ရှမ့်လန်... သေချာစဉ်းစားပါအုံး။ မင်း ထွက်သွားပြီးတဲ့နောက်မှာ အခြေအနေက မင်း မျှော်လင့်ထားလို ဖြစ်မလာခဲ့ရင်ရော။ အိမ်ရှေ့စံက ကောင်းကင်ပေါ်က နေမင်းလို ဖြစ်လိမ့်မယ်။ နင်ကျန်းက ထီးနန်း အနိုင်ရဖို့အတွက် မျှော်လင့်ချက် လုံးဝမရှိတော့ဘူး။ မင်းကလည်း ပြန်လာဖို့ မျှော်လင့်ချက် မရှိတော့ဘူး။ အဲလိုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ မင်းတကယ်တမ်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပြီလား။”
ရှမ့်လန်က ခေါင်းညိတ်ပြလိုက်၏။
နင်ယွမ်ရှန်းက ရှမ့်လန်ကို လေးလေးနက်နက် ကြည့်လိုက်၏။ သူက ဘယ်သူနှင့် တူနေပါလိမ့်။ ဤတားဆီး၍ မရနိုင်ခဲ့သည့် စိတ်ဆန္ဒက တကယ်ပဲ တစ်စုံတစ်ယောက်နှင့် ရင်းနှီးနေခဲ့၏။ သူ နှင့် တူသလိုပင်။
နင်ယွမ်ရှန်းက ရှမ့်လန်ကို အဘယ်ကြောင့် ဤမျှ သဘောကျနေရသည် ဖြစ်ကြောင်း တစ်ဖန်ပြန်လည်ကာ စဉ်းစားမိ၏။ ဤအချိန်တွင် သူက ပိုမိုရှင်းလင်းစွာ နားလည်လာခဲ့၏။ အတွင်းစိတ်ထဲတွင် နင်ယွမ်ရှန်းက ရှမ့်လန်ကဲ့သို့ ပေါ့ပေါ့ပါးပါး ရွှင်လန်းစွာဖြင့် နေထိုင်ချင်၏။ သူ မလိုချင်သည့် လူတိုင်းကို ဖျက်ဆီးပစ်ချင်၏။
ရှမ့်လန်က ယင်ယွမ်အဖွဲ့အစည်း၏ ဌာနချုပ်ကို ဖျက်ဆီးပစ်ခဲ့ခြင်းကဲ့သို့ ထိတ်လန့်ဖွယ်ရာကောင်းသည့် အရာများကိုလည်း ပြုလုပ်ရဲ၏။ ဤအရာက တကယ်ပဲ ရိုးရှင်းလွန်း၏။ ထိုသို့ဖျက်ဆီးခြင်းက နင်ယွမ်ရှန်း၏ အိမ်မက် ဖြစ်ခဲ့သည်မှာ ထင်ရှားသည်။
“ကောင်းပြီ။ မင်းရဲ့ဆန္ဒအတိုင်းပဲပေါ့။” နင်ယွမ်ရှန်းက ပြောလိုက်၏။
ရှမ့်လန်က လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျန်းမာပါစေ။”
နင်ယွမ်ရှန်းကလည်း ရှမ့်လန်ကို ကျန်းမာပါစေဟု ပြောချင်၏။ သို့ပေမည့် ..
‘ဟွန်း ဒီခွေးလေးက သူ့ဟာသူ ဂရုစိုက်မှာပါပဲ။ သူက သူများကို အမြဲတမ်း ဒုက္ခပေးနေတာပဲ။ ကိုယ်တိုင် ဒုက္ခရောက်မယ့် ကိစ္စကို လုပ်မှာမဟုတ်ဘူး။’
“ကဲ .. သွားပြီ။”
နင်ယွမ်ရှန်းက နှုတ်ဆက်ပြီး ရှမ့်လန်၏ စာကြည့်ခန်းထဲမှ ထွက်ခွာကာ နန်းတော်ဆီသို့ ပြန်သွားခဲ့၏။ ပြန်တွေ့ရန်အတွက် အချိန်ကြာမြင့်ဦးမှာ ဖြစ်၏။ အကယ်၍ ပြန်တွေ့ခဲ့သည်ဆိုလျှင်တောင် ရှမ့်လန် မျှော်တွေးသည့်အတိုင်း အခြေအနေအတိုင်း ဖြစ်နေပါမည်လား။ သို့မဟုတ် ရွှဲ့ပြည်နယ်က မတည်ငြိမ်သည့် အခြေအနေတွင် ရှိနေပြီး ပြိုလဲလုနီးပါး ဖြစ်နေမည်လား။
......
နောက်တစ်နေ့မှာတော့ ဘုရင်မင်းမြတ်က ကျူးဟုန်ကျူးကို သွားရောက်တွေ့ဆုံခဲ့ပြီး တံခါးဝတွင် ငြင်းပယ် ခံခဲ့ရသည့် ဆိုသော သတင်းက ပျံ့နှံ့သွားခဲ့၏။ လူတိုင်းက အသက်ကိုပဲ ရဲရဲမရှူရဲကြတော့ချေ။ ဘုရင်မင်းမြတ်နှင့် ဝန်ကြီးချုပ်၏ကြား ဆက်ဆံရေးက ပြတ်တောက်သွားခဲ့ပြီလား။
သို့နှင့် တော်ဝင်ရန်အင်ပါယာနှင့် ယင်ယွမ်အဖွဲ့အစည်းတို့၏ သဘောထားက ပိုမိုကာ တင်းမာလာခဲ့၏။ အင်ပါယာ၏ မင်းသားလျန်က ရွှဲ့ပြည်နယ်သာ အကြွေးဆပ်ရန် ငြင်းဆိုပါက ရွှဲ့ပြည်နယ်ကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်လိမ့်မည်ဟု ပြောကြားခဲ့၏။ အရေးယူပိတ်ဆို့မှုဟုဆိုရာတွင် နိုင်ငံရေးနှင့် ကုန်သွယ်ရေးတို့ ပါဝင်၏။ တော်ဝင်ရန်အင်ပါယာ အမိန့်ထုတ်ပြန်လိုက်သည်နှင့် ပတ်ဝန်းကျင်နိုင်ငံအားလုံးက ရွှဲ့ပြည်နယ်နှင့် ကုန်သွယ်မှုကို ရပ်တန့်ပေလိမ့်မည်။ ရလဒ်က သေစေလောက်အောင် ဆိုးရွား ပေလိမ့်မည်။
ဘုရင်မင်းမြတ်က ယာယီအားဖြင့် အသံတိတ်လျက် ရှိ၏။ ၂ ရက် ကြာမြင့်ပြီးနောက် ဝူဝေမင်းကြီး ပျံ့ရှောင်းက အမျက်ဒေါသပြည့်နှင့် တောင်ဘက်ပိုင်းသို့ ဆင်းသွားခဲ့၏။ သူက ဘုရင်မင်းမြတ်နှင့် တစ်ခါမှ စကားများခဲ့ခြင်း မရှိသော်လည်း ဘုရင်မင်းမြတ်၏ စာကြည့်ခန်းထဲတွင် အော်ဟစ်ခဲ့၏။
“ဘာလို့လဲ။ ရှမ့်လန်က ကျုပ်ရဲ့ ပျံ့မျိုးနွယ်ဝင်တစ်ဦးကို သတ်ပိုင်ခွင့် ဘာကြောင့် ရှိရတာလဲ။ သူက မိဖုရားကြီးပျံ့ဆီကို ပျံ့ချန်ကို လက်လွှဲပေးလို့ မရနိုင်ဘူးလား။ သူက ကျုပ်ကို အထင်သေးနေတာလား”
နန်းတော်မှ ထွက်ခွာသွားခဲ့ပြီးနောက် မင်းကြီးပျံ့ရှောင်းက ချန်းဖန်မြို့စားအိမ်တော်ဆီသို့ အလျင်အမြန် သွားရောက်ခဲ့၏။ သူက ရုတ်တရက် သူ၏ ဓားမော့ကြီးကို ဆွဲထုတ်ပြီး အိမ်တော်၏ အဓိကတံခါးဝကို ခုတ်ပိုင်းပစ်ခဲ့၏။ ပြီးနောက် သူက နန်းမြို့တော်မှ ချက်ချင်းထွက်ခွာပြီး ယန်ကျိုး စီရင်စုဆီသို့ ပြန်သွားခဲ့၏။ သူက ရှမ့်လန်ကို အမြတ်ဒေါသထွက်ကြောင်း ပြသရန် နန်းမြို့တော်သို့ လာခဲ့ခြင်း ဖြစ်၏။ ပျံ့ရှောင်း၏ ကြေညာချက် က တကယ့်ကို ကြီးမားလွန်းခဲ့သည်။
ဘုရင်မင်းမြတ်က နောက်ဆုံးမှာတော့ ရှမ့်လန်ကို ပြစ်တင်ရှုတ်ချသည့် အမိန့်ထုတ်ပြန်ခဲ့ပြီး အမှားအယွင်းများ ကြောင့် နေအိမ်အကျယ်ချုပ် နေထိုင်ရန် အမိန့်ပေးခဲ့၏။ ပြီးနောက် သူက အမိန့် ၃ ခုကို ထပ်မံထုတ်ပြန်ခဲ့၏။
ပထမအချက်က ရှမ့်လန်သည် ပိုင်ရီမြို့တိုက်ပွဲတွင် ကျန်းရှစ်ပြည်နယ်ရှိ လူအသက်များကို အလေးမထားဘဲ ပြည်သူများအား ဘေးအန္တရာယ် ဖြစ်စေခဲ့၏။ အုပ်ချုပ်ရေးမှူး လျန်ယုံနင်ကို ခွင့်ပြုချက်မရှိဘဲ သတ်ပစ်ခဲ့၏။ ထိုအရာက သစ္စာဖောက်မှု ဖြစ်သည်။
ဒုတိယအားဖြင့် ထျန်းရွဲ့တပ်မှုးကို သတ်ပစ်ခဲ့ပြီး ထိုအရာကလည်း သစ္စာဖောက်ခြင်းနှင့် ဆင်တူ၏။ တတိယအချက်မှာတော့ တတိယမင်းသမီး နင်ယန်၏ အပျိုစင်ဘဝကို ဖျက်ဆီးခဲ့ခြင်းပင်။ ဤပြစ်မှု ၃ ခု ကို ကြေညာပြီးနောက် ဘုရင်မင်းမြတ်က ရှမ့်လန်အား ကျင်းမျိုးနွယ်ဆီသို့ ပြန်သွားရန် အမိန့်ပေးခဲ့၏။
ရေနက်တပ်ဖွဲ့မှ စစ်သည်တော်များက ကျင်းမျိုးနွယ်၏ ခြံဝင်းတစ်ခုလုံးကို ဝန်းရံထားခဲ့၏။ သူတို့က ရှမ့်လန်ကို ဖမ်းဆီးပြီး ထောင်ထဲသို့ ပစ်ထည့်တော့မည့်အလားပင်။
သို့သော်ငြား ထိုအချိန်မှာပဲ ရွှမ်ဝူနယ်စားကြီး ကျင်းကျိုးက တကယ့်ကို ပြင်းထန်သည့် သဘောထားကို ဖော်ပြထားခဲ့သည့် အသနားခံစာ တစ်ခုကို တင်ခဲ့၏။
ဤသည်က နန်းတော်ရှိ ဘုရင်မင်းမြတ်ကို တုန်လှုပ်သွားစေပြီး ကျင်းကျိုးကို သစ္စာဖောက်အဖြစ် ဒေါသတကြီး စွပ်စွဲခဲ့၏။ ဘုရင်မင်းမြတ်က အလျှော့ပေးခြင်းမရှိဘဲ ရေနက်တပ်ဖွဲ့မှ ကျွမ်းကျင်သူများကို ကျင်းမျိုးနွယ်၏ ခြံဝင်းထဲသို့ ဝင်ရောက်စေပြီး ရှမ့်လန်ကို ဖမ်းဆီးရန် အမိန့်ပေးခဲ့သည်။
သို့သော်ငြား ချင်နိုင်ငံ၏ ဘုရင်မ အာယုနာနာက ထိုအချိန်မှာပဲ ရွှဲ့ပြည်နယ်၏ သံတမန်များကို ချင်နိုင်ငံအတွင်းမှ နှင်ထုတ်တော့၏။ သူမ၏ သဘောထားက ရိုးရှင်း၏။ အကယ်၍ ရွှဲ့ပြည်နယ်သာ ရှမ့်လန်ကို ဖမ်းဆီးပြီး တစ်ခုခု ပြုလုပ်ရဲသည်ဆိုပါက ချင်နိုင်ငံက ရွှဲ့ပြည်နယ်၏ ဆက်ဆံရေးကို တိုက်ရိုက်ဖြတ်တောက်ပေလိမ့်မည်။
ဘုရင်မင်းမြတ်က ဒေါသထွက်၏။ သူက နန်းတော်ထဲတွင် လှောင်ပြောင်သရော်ခံရ၏။ ယခင်က စုနန်သည် ချင်ပြည်နယ်၏ သံတမန်ရေးရာအားလုံးကို လက်ဝါးကြီးအုပ်ခဲ့ပြီး ရွှဲ့ပြည်နယ်ကို ခြိမ်းခြောက်ခဲ့၏။ ယခု ရှမ့်လန်က ပို၍ပင် အစွမ်းထက်လို့နေ၏။
ဘုရင်မင်းမြတ်က အရာရှိရာပေါင်းများစွာတို့ကို ညီလာခံသို့ ခေါ်ဆောင်ခဲ့သည်။
ရွှဲ့ပြည်နယ်က မင်းသားကျင်း နှင့် ပြတ်သားသည့် တိုက်ပွဲတစ်ခုကို ပြုလုပ်တော့မည် ဖြစ်၏။ ထို့ကြောင့် ချင်နိုင်ငံ စိတ်ဆိုးစေမည့် အရာမျိုးကို ပြုလုပ်ရန် မသင့်ကြောင်း အရာရှိပေါင်းများစွာတို့က ဘုရင်မင်းမြတ်ကို တင်ပြခဲ့၏။ ရှမ့်လန်က အရေးမပါသူ တစ်ဦးမျှသာ ဖြစ်၏။ ထို့ကြောင့် လက်လွှတ်ပေးထားလိုက်လျှင် အဆင်ပြေ၏။
ဘုရင်မင်းမြတ်က ဒေါသကြောင့် တုန်ယင်လျက် ရှိနေ၏။ သူက ရှမ့်လန်၏ ဘွဲ့နှင့် ရာထူးအားလုံးကို ရုတ်သိမ်းပြီး သာမန်လူအဖြစ် အဆင့်ချရန် အမိန့်ပေးခဲ့၏။ ဘုရင်မင်းမြတ်က နင်ကျန်းကိုပင် အရေးယူရန် လိုလားသည်ဟု ကောလာဟလများ ထွက်ခဲ့၏။ သို့သော်ငြား မိဖုရားကြီးပျံ့က သူမ၏အသက်နှင့် အာမခံသောကြောင့် နင်ကျန်း၏ ဘွဲ့နှင့် ရာထူးများကို ထိန်းထိန်းထားနိုင်ခဲ့သည်။
မိန်းမစိုးကြီး လီစွမ်းက အမိန့်ကို ကြေညာရန် ပျက်စီးနေသည့် ကျင်းမျိုးနွယ် ခြံဝင်းထဲသို့ ဝင်ရောက်သွား၏။
“ရှမ့်လန်ရဲ့ ဘွဲ့နဲ့ ရာထူးအားလုံးကို ရုပ်သိမ်းလိုက်ပြီ။ မြို့တော်ကနေ ချက်ချင်းထွက်ခွာပြီး မိုင်ပေါင်း ၂၀၀၀ ဝေးတဲ့ နေရာကို ပြောင်းရွှေ့နေထိုင်ရမယ်။ ဘယ်တော့မှ အလုပ်ပြန်ခန့်မှာ မဟုတ်ဘူး။ ဒါက အမိန့်တော်”
“ရှမ့်လန်... ဘုရင်မင်းမြတ်ရဲ့ အမိန့်က ရှင်းလင်းတယ်။ နန်းမြို့တော်ကနေ ချက်ချင်းထွက်သွား။ ဒီမှာ တစ်မိနစ်တောင် နေခွင့်မရှိဘူး။ ပြီးတော့ ဘယ်သူမှ မင်းကို လိုက်ပို့ခွင့် မရှိဘူး။ မင်းက အဓိက တံခါးကနေ ထွက်ခွင့် မရှိဘူး။ ဘေးတံခါးကပဲ ထွက်ရမယ်”
အမိန့်ကို ကြေညာပြီးနောက် ရှမ့်လန်က ကျင်းမူကုန်း၊ ပင်းအာ၊ ရှမ့်မီ၊ ဓားဘုရင် လီချင်းချိုး ၊ လီချင်းချိုး ကတော်၊ သိုင်းရူး ထန်ယင် တို့နှင့်အတူ နန်းမြို့တော်မှ ထွက်ခွာသွားခဲ့၏။ တကယ့်ကို ဆိုးဝါးသည့် အဖြစ်အပျက် တစ်ခုပင်။
လွန်ခဲ့သည့် တစ်နှစ်ကျော်အတွင်း ရှမ့်လန်က နန်းမြို့တော်တွင် ဘုရင်မင်းမြတ်၏ မျက်နှာသာပေးမှုနှင့် ယုံကြည်မှုကို ရရှိခဲ့၏။ သူက လေနှင့်မိုးကို ဆင့်ခေါ်နိုင်စွမ်းရှိပြီး အလွန်ပဲ မာန်မာနထောင်လွှားခဲ့၏။ သွားလေရာ နေရာတိုင်း လူရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာတို့က နောက်မှလိုက်ခဲ့၏။
သူက ဆဋ္ဌမအဆင့် အရာရှိငယ်လေးတစ်ဦးသာ ဖြစ်သော်လည်း ရွှမ်ဝူလမ်းမကြီးနှင့် ဗာမေလီယံလမ်းမကြီးတွင် အမြဲတမ်း ဝင့်ကြွားစွာ လျှောက်လှမ်းတတ်၏။ သို့ပေမည့် ယခုအချိန်မှာတော့ သူနှင့်အတူ လူပေါင်း ၂၀ ကျော်မျှသာ ရှိတော့၏။ ထိုသူများနှင့်အတူ ဘေးတံခါးပေါက်မှ ထွက်ခွာသွားရသည်။
သနားစရာကောင်းသည့် အခြေအနေက သူ့ကို နေအိမ်ပျောက်သွားခဲ့သည့် ခွေးတစ်ကောင်နှင့်ပင် ဆင်တူစေ၏။
လူတိုင်းက သူ့ကို အထင်မြင်သေးစွာ ကြည့်ရှုနေ၏။ ရှမ့်လန်ကဲ့သို့သော လူပြက်တစ်ယောက်က ရုတ်တရက် ကြီးထွားလာသည် ဆိုသော်လည်း ကျဆုံးမှုကလည်း မြန်ဆန်၏။ ယခင်က ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ဩဇာအာဏာ ကြီးမားခဲ့သော်လည်း လက်ရှိအချိန်မှာတော့ သနားစရာကောင်းသည့် အခြေအနေဆီသို့ ရောက်ရှိနေ၏။ ကံကြမ္မာက တကယ်ကို လှည့်စားခဲ့သည်။
ရှမ့်လန် နန်းမြို့တော်မှ ထွက်ခွာပြီးနောက် အရာအားလုံးက ဖြေရှင်းပြီးသား ဖြစ်သွား၏။ နန်းမြို့တော်ရှိ အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
.............
ယန်ကျိုးရှိ ဝူဝေမင်းကြီး၏ အိမ်တော်
ပျံ့ရှောင်းနှင့် ကျန်းချုံးတို့က စစ်တုရင် ကစားနေသည်။
“ဆရာကျန်း.. ဒီမတိုင်ခင်က ကျုပ် နင်ကျန်းကို အထင်မကြီးခဲ့ဘူး။ သူ့ကို ထောက်ခံဖို့ ရည်ရွယ်ချက်လည်း မရှိခဲ့ဘူး။ ရှမ့်လန်ကိုလည်း ဒေါသထွက်ခဲ့တယ်။”
ပျံ့ရှောင်းက ပြောလိုက်၏။ “တကယ်တော့ ကျုပ် ရှမ့်လန်ကို နည်းလမ်းမျိုးစုံနဲ့ မုန်းတီးခဲ့တယ်။”
ကျန်ချုံးက မေးလိုက်သည်။ “အခုရော ဘယ်လိုလဲ”
ပျံ့ရှောင်းက ပြောလိုက်၏။ “ဒီကောင်လေးက အံအားသင့်စရာကောင်းတယ်။ တကယ့်ကို အံ့အားသင့်စရာ ကောင်းတယ်။ နင်ကျန်းမှာ တောက်ပတဲ့အနာဂတ်ရှိနေတယ်ဆိုရင် ကျုပ်တို့ သူ့ကို ထောက်ပံ့ပေးရမှာပေါ့။”
ကျန်ချုံးက ပြုံးလိုက်သည်။ “ကျုပ်တို့”
ပျံ့ရှောင်းက ရယ်မောလိုက်၏။ “ဟုတ်တယ်။ ကျုပ်တို့ပဲ။ ကျုပ်တို့က စိတ်တူကိုယ်တူ ရှိတဲ့လူတွေပဲ။ အကျိုးအမြတ်အတွက် ပူးပေါင်းနေကြတဲ့ မိတ်ဆွေယောင်ယောင်တွေ မဟုတ်ဘူး။ စစ်မှတ်တဲ့မိတ်ဆွေတွေလေ။”
.....
……………
ရှမ့်လန် ထွက်ခွာသွားသည့်အချိန်တွင်တော့ ပဉ္စမမင်းသား နင်ကျန်းက လိုက်ပါ မပို့ဆောင်ခဲ့ချေ။ နန်းမြို့တော်မှ လူအားလုံးတို့က သူ့ကို ကျေးဇူးတရား မသိတတ်သူဟူ၍ ပြောဆိုနေကြသည်။ ရှမ့်လန်သာ မရှိပါက နင်ကျန်းဆိုသည့်လူက ဘာမှအသုံးမဝင်သည့် လူတစ်ယောက်ပင်။
မြို့စားအဖြစ် အဘယ်သို့ ရာထူးတိုးမြှင့်ခြင်း ခံရမည်နည်း။ ထျန်းရွှဲ့ ကာကွယ်ရေးတပ်မှုး ဆိုသည့် နေရာကို ရဖို့ဆိုလျှင် ဝေးလာဝေးပင် ဖြစ်ပေလိမ့်မည်။ ဘုရင်မင်းမြတ်က မည်သူမှ လိုက်ပါမပို့ဆောင်ရဟူ၍ အမိန့်တော်ကို ထုတ်ပြန်ထားခဲ့သည်ဆိုလျှင်တောင်မှ တခြားသောသူများ လိုက်ပါပို့ဆောင်ခြင်းကို မပြုလုပ်လျှင်ပင် သူက လိုက်ပါပို့ဆောင်သင့်၏။ တကယ်ပင် ကျေးဇူးတရားကင်းမဲ့လွန်းလှချေ၏။
ရှမ့်လန် ထွက်သွားသည့်အချိန်တွင် ထျန်းရွှဲ့ကာကွယ်ရေးတပ်မှုးရုံး၏ အမြင့်ဆုံးနေရာတွင် နင်ကျန်းက ခါးကိုကိုင်းကာ ဦးညွတ်လျက် ရှိနေ၏။ သူက ဤကဲ့သို့သော ပုံပန်းသွင်ပြင်နှင့် နာရီဝက်ကြာ နေထိုင်ခဲ့၏။ ရှမ့်လန် ထွက်ခွာသွားခဲ့ပြီးသည်အချိန်ထိ သူက ခါးကို ပြန်လည်ကာ မတ်မတ် မရပ်ခဲ့ချေ။
“ရှမ့်လန်... ကျုပ် ခင်ဗျားကို စိတ်ဓာတ်ကျစေမှာ မဟုတ်ဘူး။ အရာအားလုံးအတွက် ကျေးဇူးပါပဲ။”
.......................