← Chapters

အခန်း (၆၀၁-၆၀၂)

Vol. 39 Ch. 601-602

အခန်း (၆၀၁-၆၀၂)

Vol. 39 Ch. 601-602

အပိုင်း (၆၀၁)

အရှင်မင်းကြီးနှင့် အိမ်ရှေ့စံတို့၏ကြားမှ ပဋိပက္ခက ယာယီအားဖြင့် လျော့ပါးသွားခဲ့၏။ နန်းတွင်းက ဟန်ချက်ညီသည့် ကာလတစ်ခုဆီသို့ ပြန်လည်ရောက်ရှိသွား၏။

လေးလပိုင်း သုံးရက်နေ့ အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးက နန်းမြို့တော်သို့ ပြန်လည်ရောက်ရှိလာ၏။ ဝူအန်းမြို့စားကြီး ရွှယ်ချီပင်ဖြစ်၏။ ရှမ့်လန်၏ အကြီးမားဆုံးသော ရန်သူတော်ကြီးက နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့ပြီဖြစ်၏။ ဤပုဂ္ဂိုလ်ကြီးက အရှင်မင်းကြီး၏ ယုံကြည်ရသည့် လူယုံတော်ဖြစ်၏။ ထီးနန်းဆက်ခံရေး စစ်ပွဲကာလတွင် သူက နင်ယွမ်ရှန်းကို ကြီးမားစွာ အကျိုးပြုခဲ့သည်။

နင်ယွမ်ရှန်း ထီးနန်းတက်ခဲ့ပြီးနောက် သူက ရေနက်တပ်ဖွဲ့ကို တာဝန်ယူကာဖြင့် ဆယ်စုနှစ်တစ်ခုကျော် ထိန်းကျောင်းပေးခဲ့၏။ ပြီးနောက် သူက တော်ဝင်ရန်အင်ပါယာ၏ နန်းမြို့တော်၌ ဆယ်စုနှစ်တစ်ခုနီးပါး သွားရောက်နေထိုင်ခဲ့၏။

တော်ဝင်ရန်အင်ပါယာ၌ အခြေစိုက်သည့် ရွှဲ့ပြည်နယ်၏ သံတမန်ကြီးရာထူးကိုတော့ ရရှိဖို့ဆိုသည်မှာ လွယ်ကူသည့်အရာမျိုးမဟုတ်ချေ။ သံတမန်ရေးရာ ဆောင်ရွက်ရုံသာမက ထောက်လှမ်းရေးသတင်းများ စုဆောင်းရပြီး တော်ဝင်ရန်အင်ပါယာ၏ မြင့်မြတ်သည့် လူတန်းစားများနှင့်လည်း မိတ်ဆွေဖွဲ့ထားရ၏။ ထို့အပြင် အရှင်မင်းကြီးက သူ့ကို တော်ဝင်ရန်မြို့တော်ဆီသို့ စေလွှတ်ရခြင်းက ယုံကြည်မှုသက်သက်ကြောင့် မဟုတ်ဘဲ အတွေ့အကြုံရယူစေရန်နှင့် ရာထူးတိုးပေးရန်အတွက်လည်းဖြစ်သည်။

ရေနက်တပ်ဖွဲ့က အစွမ်းထက်သော်လည်း ထိုအရာက အစေခံအဖွဲ့အစည်း တစ်ခုမျှသာ ဖြစ်၏။ အကယ်၍ သူက အတွင်းဝန်ရုံးသို့ ဝင်ရောက်ချင်သည်ဆိုပါက ရေနက်တပ်ဖွဲ့မှ ထွက်ခွာရပေလိမ့်မည်။ ယခုအခါမှာတော့ ဤအရေးကြီးမားသည့် ပုဂ္ဂိုလ်ကြီးက ရွှဲ့ပြည်နယ်၏ အာဏာဗဟိုချက် တည်ရှိရာနေရာဆီသို့ နောက်ဆုံး ရောက်ရှိလာခဲ့ပြီဖြစ်၏။

“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။” ရွှယ်ချီက ဦးခိုက်လိုက်၏။

ဤပုဂ္ဂိုလ်က ရုပ်ရည်ချောမောသူဖြစ်သည်။ သူ၏ ဆံပင်နှင့် မုတ်ဆိတ်မွေးများကို သပ်ရပ်စွာ ပြင်ဆင်ထား၏။ သူက အသက် ၅၃ နှစ်ခန့်ရှိပြီ ဖြစ်သော်လည်း အလွန်ပင် လွန်စွာငယ်ရွယ်နုပျိုနေဆဲပင်။ သူ၏ ခန္ဓာကိုယ်က သွယ်လျပြီး အသားအရေက ဖြူဝင်း၏။ လက်များက အမျိုးသမီးတစ်ယောက်၏ လက်ထက်ပင် ပိုမိုကာ နူးညံ့သိမ်မွေ့သည်။

အချို့သော ရှုထောင့်များအရဆိုလျှင် ဤလူက ရှမ့်လန်နှင့် ဆင်တူ၏။ နှစ်ယောက်လုံးက ချောမောသည့် လူများပင်။ အမှန်စင်စစ် သူ၏ ပညာရှင် အငွေ့အသက်များက ပို၍သန့်စင်ပြီး ပိုမို၍ ကျက်သရေရှိသည့် အရှိန်အဝါ ထွက်ပေါ်၏။ ရှမ့်လန်ကတော့ စည်းမဲ့ကမ်းမဲ့ နိုင်လွန်း၏။

ရွှယ်ချီနှင့် အရှင်မင်းကြီးတို့က နှစ်ပေါင်း ၄၀ ကျော်ကြာ မိတ်ဆွေဖြစ်ခဲ့၏။ ရွှယ်ချီ ဝူအန်းမြို့စားကြီး အိမ်တော်၏ ဆက်ခံသူဖြစ်ခဲ့စဉ်က နန်းတွင်းကျောင်းတော်တွင် ပညာသင်ကြားခဲ့၏။ နောက်ပိုင်း အလွန်ထူးချွန်သောကြောင့် အိမ်ရှေ့စံဖြစ်သည့် နင်ယွမ်ရှန်းနှင့်အတူ စာသင်ကြားရန် နန်းတော်သို့ပင် ပင့်ဖိတ်ခြင်း ခံခဲ့ရ၏။ သူက အရှင်မင်းကြီး၏ လူယုံတော်ဖြစ်သည်သာမက မိတ်ဆွေကောင်း တစ်ဦးလည်း ဖြစ်သည်။

လက်ရှိ ရေနက်တပ်ဖွဲ့၏ တပ်မှူးချုပ် ရန်အီကလည်း အရှင်မင်းကြီး၏ စာသင်ဖော်ပင်။ သူက အရှင်မင်းကြီး၏ ကိုယ်ရံတော်လည်းဖြစ်၏။ ရန်အီ၊ ရန်နန်းဖေးနှင့် ရွှယ်ချီတို့က ညီအစ်ကိုများကဲ့သို့ပင်။

“အင်း... ယင်ယွမ်အဖွဲ့အစည်းနှင့် ရင်းနှီးသေးလား။” အရှင်မင်းကြီးက တည့်တိုး မေးလိုက်၏။

ရွှယ်ချီက ဖြေသည်။ “ရင်းနှီးပါတယ်။ အရင်တုန်းကတော့ အရမ်းကို ရင်းနှီးခဲ့ဖူးတယ်။ အဲဒီတုန်းက ရေနက်တပ်ဖွဲ့နဲ့ ယင်ယွမ်အဖွဲ့အစည်းက ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး လုပ်ခဲ့ရတယ်လေ။ ကျင်းမိသားစုရဲ့ ကျင်းယုကိစ္စမှာတုန်းက ကျုပ်တို့နဲ့ အရမ်းကို နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ခဲ့ရတာပေါ့။”

အရှင်မင်းကြီး၏ မေးခွန်းကို ကြားပြီးနောက် ရွှယ်ချီက ပိုမို၍ စိတ်သက်သာရာ ရသွားမိ၏။ အဘယ်ကြောင့်ဆိုသော် အရှင်မင်းကြီးက ဟန်ဆောင်မနေဘဲ တည့်တိုး မေးမြန်းသောကြောင့်ပင်။ ဤသည်က အရှင်မင်းကြီး သူ့ကို ယုံကြည်နေဆဲဖြစ်ကြောင်း သက်သေပြနေ၏။

နင်ယွမ်ရှန်းက ထပ်မေးလိုက်သည်။ “ကျုံးယောင်နဲ့ ဝူမင်းသားတို့ကြားမှာရှိတဲ့ ဆက်စပ်နေတဲ့ လက်ထပ်ပွဲကို မင်း ဘယ်လိုထင်လဲ။”

ရွှယ်ချီက ဖြေလိုက်၏။ “ကျုပ် သဘောမတူပါဘူး။ ကျုပ် အစ်ကိုကြီးကျုံးဆီကို လျှို့ဝှက်စာတစ်စောင် ရေးခဲ့ဖူးတယ် ဆိုပေမဲ့ သူက ဒီကိစ္စကို လျစ်လျှူရှုခဲ့တယ်။ ဒါပေမဲ့ အခုတော့ လက်ထပ်ပွဲက လမ်းတစ်ဝက်မှာတင် ပျက်ပြယ်သွားခဲ့ပြီ။ ရှမ့်လန်က ကောင်းမှုတစ်ခု လုပ်ခဲ့တာပဲ။”

နင်ယွမ်ရှန်းက မေးသည်။ “မင်းနဲ့ရှမ့်လန်ကြားမှာရှိတဲ့ အာဃာတကရော ဘယ်လိုထင်လဲ။”

ရွှယ်ချီ၏ မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်မည်ဟု ရှမ့်လန်က ပြောခဲ့ကြောင်း ရွှယ်ချီ သေချာပေါက် ကြားသိပြီး ဖြစ်ပေလိမ့်မည်။ အရှင်မင်းကြီး၏ စကားသံကို ကြားရချိန်မှာတော့ ရွှယ်ချီက ပြောလိုက်၏။

“သူ ဘာပဲလုပ်ချင်လုပ်ချင် ကျုပ် လက်ခံပါ့မယ်။ တိုက်ခိုက်ဆိုလည်း တိုက်ခိုက်တာပေါ့။ လက်လွှတ်ပေးပြီး ငြိမ်းချမ်းရေး ဆိုမယ်ဆိုလည်း ငြိမ်းချမ်းရေးပေါ့။”

ဤသည်က ဘုရင်မင်းမြတ်၏ ရှေ့မှောက်တွင် ရွှယ်ချီ၏ ပုံစံဖြစ်၏။ သူက အမှန်အတိုင်းပြောပြီး ဘာကိုမှ ဖုံးကွယ်မထားချေ။

နင်ယွမ်ရှန်းက ထပ်မေးလိုက်၏။ “နင်ကျန်းကိုရော ဘယ်လိုမြင်လဲ။”

ရွှယ်ချီက ကြောင်အသွား၏။ ပြီးနောက် သူက ခေါင်းကို ခါယမ်းလိုက်သည်။ “ကျုပ် မသိပါဘူး။”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “အကယ်၍ မင်းသာ ထျန်းရွှဲ့ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာမယ်ဆိုရင် ထျန်းရွှဲ့ကာကွယ်ရေးတပ်မှုးဖြစ်တဲ့ နင်ကျန်းနဲ့ ဘယ်လိုဆက်ဆံမလဲ။”

ရွှယ်ချီက ဖြေလိုက်သည်။ “အလုပ်သဘောက အလုပ်သဘောပါပဲ။ ရေတွင်းရေက မြစ်ရေကို မနှောင့်ယှက်ပါဘူး။ တစ်ယောက်လမ်းကို တစ်ယောက် သွားရပါလိမ့်မယ်။”

နင်ယွမ်ရှန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းပြီ ဒါဆိုရင်လည်း အိမ်ပြန်တော့။ မိသားစုတွေ စိတ်ပူနေလောက်ပြီ။”

ရွှယ်ချီက ဦးတိုက်လိုက်၏။ ပြီးနောက် သူက သေတ္တာတစ်လုံးကို အသာချန်ကာ ထွက်ခွာသွားခဲ့၏။ ဤသည်က တော်ဝင်ရန်မြို့တော်မှ သူ ယူဆောင်လာခဲ့သည့် အရှင်မင်းကြီးအတွက် လက်ဆောင်ဖြစ်၏။ နင်ယွမ်ရှန်းက တခြားသူများထံမှ လက်ဆောင်ယူလေ့ မရှိချေ။ သူ့ထံ လက်ဆောင် လာရောက်ပေးနိုင်သည့် သူများက သေချာပေါက် ယုံကြည်ရသည့် လက်အောက်ငယ်သားများသာဖြစ်သည်။

အရှင်မင်းကြီး၏ စာကြည့်ခန်းမှ ထွက်ခွာလာခဲ့ပြီးနောက် မိန်းမစိုးလီစွမ်းက လျှောက်လာ၏။ ရွှယ်ချီက ထိုအရာကို မြင်ချိန်မှာတော့ ခပ်မြန်မြန် လမ်းဖယ်ပေးလိုက်၏။ သို့သော်ငြား မိန်းမစိုးကြီးလီစွမ်းကလည်း လမ်းဖယ်ပေး၏။ နောက်ဆုံးမှာတော့ ရွှယ်ချီက လက်သီးကိုဆုပ်ကာ ဂါရဝပြုရင်း ထွက်ခွာ သွားခဲ့၏။

လီစွမ်းက ပိုမိုလေးစားစွာဖြင့် ပြန်လည်ကာ ဦးညွှတ်ထား၏။ ရွှယ်ချီက ထောက်လှမ်းရေး အရာရှိတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သော်လည်း သူ၏ အပြောအဆိုနှင့် အပြုအမူများက တကယ့် ထိပ်တန်းတော်ဝင်မျိုးနွယ်ကြီး တစ်ဦးလို ယဉ်ကျေးလွန်းသည်။

.............

အိမ်သို့ပြန်လည်ရောက်ရှိပြီးနောက် တတိယမင်းသားနင်ချီက နေရာတွင် စောင့်ဆိုင်းလျက် ရှိနေ၏။ သူ၏သမီးဖြစ်သူ ရွှယ်ရွှယ်နှင့် သားဖြစ်သူ ရွှယ်ဖန်တို့ နှစ်ဦးလုံးရှိ၏။ ရွှယ်ဖန်နှင့် တတိယမင်းသားတို့က အတော်ပင် ပျော်ရွှင်နေ၏။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်တွင် သူတို့က တကယ့်ကို များစွာ အမြတ်ရခဲ့၏။ တိုင်းပြည်အတွင်းရှိ ပြည်နယ်ငါးခု၌ သုံးနေရာက သူတို့အပိုင်ဖြစ်ခဲ့၏။

အိမ်သို့ဝင်ရောက်ပြီးနောက် ရွှယ်ချီက လက်ကို ဝှေ့ယမ်းပြလိုက်၏။ ခြံဝန်းထဲမှာပင် အဝတ်အစားများကို ချွတ်၏။ သူ၏ အသားအရေက ကျစ်လစ်ပြီး ဖြူဝင်း၏။ အသက် ၅၀ ကျော်အရွယ်နှင့် လုံးဝမတူချေ။ ခန္ဓာကိုယ်၌လည်း အဆီပိုဟူ၍ လုံးဝ မရှိချေ။

“လောင်းကြတော့။”

သူက အမိန့်ပေးလိုက်၏။ ရွှယ်ဖန်က ရွှယ်ချီ၏ ခန္ဓာကိုယ်ပေါ်သို့ ရေခဲရေပုံးများကို တစ်ပုံးပြီးတစ်ပုံး လောင်းချပေး၏။ ရေခဲရေစည် ထက်ဝက်ခန့်က မြေအောက်ခန်းမှ ယူလာသည့် ရေခဲရေများဖြစ်၏။ ရွှယ်ချီ၏ ကိုယ်ပေါ်သို့ ရေခဲရေများ လောင်းချခဲ့ပြီးသည့်နောက် ..

“လာခဲ့ကြ။” ရွှယ်ချီက အမိန့်ပေး၏။

မိသားစုထဲမှ ကျွမ်းကျင်သူအနည်းငယ်တို့က ရှေ့သို့ လှမ်းတက်လာခဲ့ပြီး သံတုတ်များကို ဝှေ့ယမ်းကာဖြင့် သူ၏ခန္ဓာကိုယ်ကို ရိုက်နှက်ကြ၏။ ဤအရာက ကီလိုဂရမ် ၁၀၀ ကျော်လေးလံသည့် သံတုတ် အစစ်များဖြစ်သည်။

ထူးဆန်းလှချေ၏။ ရွှယ်ချီ၏ ခန္ဓာကိုယ်ပေါ်တွင် ကြွက်သား များများစားစား ရှိပုံမရချေ။ သူက သံမဏိနှင့် ပြုလုပ်ထားပုံလည်း မပေါ်ချေ။ ဖြူဖျော့လွန်းသည့် ပညာတတ် စာပေပညာရှင်တစ်ဦးကဲ့သို့ပင်။ သို့သော်ငြား သံတုတ်များက သူ၏ခန္ဓာကိုယ်အား အရာထင်အောင်ပင် မလုပ်နိုင်ပေ။

ရိုက်နှက်ပြီးနောက် သူက မာကျောနေသည့် ကျောက်တိုင်တစ်ခုရှေ့သို့ ရောက်ရှိလာခဲ့ပြီး သူ၏ခန္ဓာကိုယ်နှင့် ထိုကျောက်တိုင်ကို ဝင်ဆောင့်၏။ သူက အကြိမ် ဒါဇင်ပေါင်းများစွာ ဝင်ဆောင့်၏။ ကျောက်တိုင်ပေါ်တွင်ပင် အက်ကြောင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။

“သွားစမ်း။”

နောက်ဆုံးမှာတော့ သူက လက်ဝါးဖြင့် ရိုက်ချ၏။ ကျောက်တိုင်က အလယ်မှ ကျိုးပဲ့သွား၏။ သူ၏ သိုင်းပညာက တကယ်ကို အံ့မခန်းပင်။

“ရေ။”

နောက်ထပ် ရေခဲရေပုံးကြီးတစ်ပုံး သယ်ဆောင်လာခဲ့၏။ ရွှယ်ချီ၏ ခန္ဓာကိုယ်တစ်ခုလုံး ထိုရေခဲရေ ပုံးကြီးထဲသို့ အသာဝင်လိုက်၏။ သူက တစ်ကိုယ်လုံးကို ရေခဲရေထဲ၌ နှစ်မြှုပ်ထားခဲ့ပြီး နှာခေါင်းနှင့် ပါးစပ်ထဲကိုပင် ရေများ ဝင်ရောက်လျက်ရှိ၏။ သုံးမိနစ်၊ ငါးမိနစ်၊ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်။ အလွန်အစွမ်းထက်သော ချီပိတ်ဆို့ခြင်း နည်းလမ်းပင်ဖြစ်သည်။

ရေခဲရေထဲတွင် ရွှယ်ချီ၏ခန္ဓာကိုယ်က ပို၍ပို၍ နီရဲလာခဲ့၏။ ပြီးနောက် မူလက အရိုးခိုက်အောင် အေးစက်လျက် ရှိသည့်ရေက နောက်ဆုံးမှာတော့ မီးဖိုပေါ်တွင်တင်ထားသည့် ရေနွေးအိုးကဲ့သို့ပင် ဖြစ်လာခဲ့၏။

ရေခဲရေထဲမှ ထွက်ခွာလာပြီးနောက် ဆယ်စက္ကန့်ပိုင်းအတွင်း ရွှယ်ချီ၏ ခန္ဓာကိုယ်က လုံးဝခြောက်သွေ့ သွားခဲ့၏။ ပြီးနောက် ရေခဲရေပုံးကြီးကလည်း တကယ်ပင် ပူနွေးသွားခဲ့သည်။

ရွှယ်ချီက ချောင်လည်သည့် အဝတ်အစားများကို လဲလည်ဝတ်ဆင်ပြီး ဆံပင်ကို ဖားလျားချထား၏။ သူက လွတ်လပ်ပေါ့ပါးသွားပုံပေါ်ပြီး အာဏာရှိသည့် အရာရှိကြီးတစ်ယောက်နှင့် မတူဘဲ လူပေလူတေ တစ်ယောက် ကဲ့သို့ပင် ပေါ့ပါးလျက် ရှိနေ၏။ သူ၏ သိုင်းပညာအဆင့်အတန်းက ရိုးရိုးသားသားပြောရမည်ဆိုလျှင် ခန့်မှန်း၍ မရနိုင်အောင်ပင် နက်ရှိုင်းနေ၏။

“ဦးရီးရွှယ်”

“တတိယမင်းသား”

ရွှယ်ဖန်က ပြောလိုက်၏။ “အဖေ... ဒီတစ်ခါ ပြန်လာတာ နန်းမြို့တော်ကို တာဝန်ယူဖို့ပဲ။ နောက်နှစ် အနည်းငယ်ကြာရင် အဖေက အတွင်းဝန်ရုံးထဲကို ဝင်နိုင်တော့မယ်။ ဦးရီးတော်နင်ချီက အသက်ကြီးနေပြီမို့ အဖေ့အတွက် အဲဒီနေရာကို ဖယ်ပေးထားတာပဲ။”

ရွှယ်ချီက နင်ချီကို တစ်ချက်လှမ်းကြည့်၏။ သူ၏ ဂုဏ်ယူဝင့်ကြွားလျက်ရှိနေသည့် မျက်နှာထားကို မဖုံးကွယ်နိုင်ဘဲ ရှိနေကြောင်း မြင်ရသည်။

“မင်းသားက ဘာလို့ဒီလောက်ပျော်ရွှင်နေရတာလဲ။”

ရွှယ်ချီက ပြောလိုက်၏။ “မင်းသားက ထီးနန်းလုပွဲမှာ အားနည်းတဲ့ အနေအထားကို ရောက်နေပြီ။”

ဤစကားကို ကြားချိန်မှာတော့ ရွှယ်ဖန်က ကြောင်သွားခဲ့သည်။ “အဖေ.. ဘာတွေပြောနေတာလဲ။ ကျုပ်တို့ လတ်တလောမှာ အကြီးအကျယ် နိုင်ထားတာလေ။ ပြည်နယ်အုပ်ချုပ်ရေးမှူး ငါးနေရာမှာ သုံးနေရာက ကျုပ်တို့ဘက်က ရထားတာ။”

ရွှယ်ချီက ပြောလိုက်၏။ “ဒီအခြေအနေက စိုးရိမ်ရတယ်ဆိုတာ သက်သေပြနေတာပဲ။ ဘာလို့အရှင်မင်းကြီးက တတိယမင်းသားကို ရုတ်တရက် မြှောက်စားလိုက်ရတာလဲ။ အိမ်ရှေ့စံကို တိုက်ခိုက်ဖို့နဲ့ မင်းသားနင်ကျန်းကို ကာကွယ်ဖို့ပေါ့။”

ထိုစကားကို ကြားချိန်မှာတော့ တတိယမင်းသားက မည်သို့မှ မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။

ရွှယ်ဖန်က ပြောလိုက်သည်။ “ဘယ်လိုဖြစ်နိုင်မှာလဲ။ ရှမ့်လန်သာ မရှိရင် နင်ကျန်းက သုံးစားမရဘူး။”

“အဲလို စကားပြောတဲ့လူတွေကပဲ အသုံးမကျတာ။”

ရွှယ်ချီက ပြော၏။ “အရှင်မင်းကြီးက လွတ်လပ်ပြီး စည်းကမ်းမဲ့တဲ့ လူတစ်ယောက်ဖြစ်တာကြောင့် ရွှဲ့ပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ပြဿနာတွေ ပေါင်းစုံ စုပုံနေခဲ့တာ။ ဒါကြောင့် ဒီအချိန်မှာ ထီးနန်းဆက်ခံဖို့နဲ့ နိုင်ငံရေးပြဿနာတွေကို အပြီးတိုင် ဖြေရှင်းဖို့ ဝီရိယရှိပြီး အာရုံစူးစိုက်နိုင်တဲ့ လူတစ်ယောက်ကို လိုအပ်တယ်။

မင်းသားနင်ကျန်းက ဇွဲလုံ့လရှိပြီး ပြတ်သားတယ်။ လတ်တလောမှာ ထျန်းရွှဲ့ကာကွယ်ရေးတပ်မှုး တစ်ယောက်အနေနဲ့ သူက အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်။ ပြဿနာတွေကိုလည်း ကျွမ်းကျင်စွာ ဖြေရှင်းနိုင်ခဲ့တယ်။

ပြီးတော့ ကျုံးယောင်က စိတ်မြန်လွန်းတယ်။ သူက တော်ဝင်ရန်အင်ပါယာရဲ့ တော်ဝင်မိသားစုနှင့် လက်ထပ်ဖို့ လူသိရှင်ကြား ကြိုးစားခဲ့တယ်။ အရှင်မင်းကြီးက တတိယမင်းသားကို ဘယ်လိုမြင်မလဲ။ တော်ဝင်ရန်အင်ပါယာနဲ့ပတ်သက်ရင် ကျုပ်ရှိပြီးသားလို့ ပြောခဲ့သားပဲ။ ဘာလို့ သူက အဲလောက်ကြီး အားထုတ်ရတာလဲ။ တော်ဝင်ရန်အင်ပါယာအနေနဲ့ တတိယမင်းသား ထီးနန်းလက်ခံမှာကို မကန့်ကွက်အောင် လုပ်လို့ရတယ်။ တော်ဝင်ရန်အင်ပါယာမိသားစုနဲ့ ရင်းနှီးမှုပိုင်းမှာ ကျုပ်တို့က ကျူးမိသားစုကို ယှဉ်နိုင်ပါ့မလား။

ထီးနန်းလုပွဲရဲ့ နောက်ထပ် ရည်ရွယ်ချက်က နန်အိုနိုင်ငံရဲ့ စစ်ပွဲပဲ။ အပေါ်ယံမှာ နန်းကုန်းအိုက ဘယ်သူ့ကိုမှ အမှီခိုမပြုဘူးဆိုပေမဲ့ အရေးကြီးတဲ့အခြေအနေမျိုးမှာ သူတို့က အိမ်ရှေ့စံကို ရွေးချယ်လိမ့်မယ်။ မကြာခင် အိမ်ရှေ့စံက တောင်ဘက်ကို သွားပြီး နန်အိုနိုင်ငံစစ်ပွဲကို ကိုယ်တိုင် ကြီးကြပ်လိမ့်မယ်။ အဲဒီ စစ်ပွဲမှာသာ သူ နိုင်ခဲ့ရင် အရှင်မင်းကြီးအပါအဝင် တစ်လောကလုံးက သူ့ရဲ့နေရာကို လှုပ်ခါလို့ မရနိုင်တော့ဘူး။

ပြီးတော့ နန်အိုနိုင်ငံရဲ့စစ်ပွဲမှာ ရှုံးခဲ့ရင်တော့ ရွှဲ့ပြည်နယ်ရဲ့ အန္တရာယ် အရှိဆုံးနေရာက တောင်ဘက်မဟုတ်ဘဲ မြောက်ဘက်နှင့် အနောက်ဘက်ဖြစ်လိမ့်မယ်။ ဒါ့ကြောင့် အခုကစပြီး ငါတို့ရဲ့ အာရုံစူးစိုက်မှုအားလုံးကို စစ်တပ်ပေါ်မှာ ထားရမယ်။ စစ်သည်အင်အား များပြားခြင်းက သာလွန်ခြင်းပဲ။ အိမ်ရှေ့စံကိုလည်း မတိုက်ခိုက်နဲ့။ ကိုယ့်ဘက် သူ့ဘက် တိုက်ပွဲတွေ မစနဲ့။ စစ်ပွဲအတွက်ပဲ အာရုံစိုက်ကြ။ ရှမ့်လန်ကို စောင့်ကြည့်ထား။ သူက ဘယ်အချိန်မဆို ပြန်လာနိုင်တယ်။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို သတိထား။”

ရွှယ်ဖန်က ပြောလိုက်၏။ “အဖေ... ကျုပ်တို့ စေတီတောင်က အဆက်အသွယ်တွေကို သုံးပြီး သူ့ကို သတ်ပစ်လိုက်ရမလား။”

ရွှယ်ချီက ပြောသည်။ “ဒါပေါ့ သူ့ကိုသတ်နိုင်ရင် ကောင်းတာပေါ့။ ဒီကောင်က ငါ့မိသားစုအတွက် အကြီးမားဆုံးသော အန္တရာယ်ပဲ။”

...............

နောက်တစ်ရက်မှာတော့ အရှင်မင်းကြီးက ထျန်းဖေပြည်နယ်အုပ်ချုပ်ရေးမှူး နင်ကန်ကို နန်းမြို့တော်သို့ ခေါ်ဆောင်ပြီး ဝန်ကြီးချုပ်ရုံးသို့ ဝင်ရောက်စေ၏။ တတိယမင်းသားနင်ချီက ထျန်းဖေပြည်နယ် အုပ်ချုပ်ရေးမှူးရာထူးကို လွှဲပြောင်းရယူ၏။ ပြီးနောက် အရှင်မင်းကြီးက ထျန်းရွှဲ့အုပ်ချုပ်ရေးမှူးရုံးကို ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးအဆင့်သို့ တိုးမြှင့်ကြောင်း နောက်ထပ်အမိန့်တစ်ခုကို ထုတ်ဖော်ခဲ့၏။

ရွှယ်ချီက အိမ်ရှေ့စံ၏ အငယ်တန်းအုပ်ထိန်းသူဘွဲ့ထူး ချီးမြှင့်ခံရပြီး ထျန်းရွှဲ့ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးကို လက်လွှဲရယူသည်။

အမိန့်ထုတ်ပြန်လိုက်သည်နှင့် တပြိုင်နက် အရာရှိအားလုံးက နောက်တစ်ကြိမ် တုန်လှုပ်သွားခဲ့၏။

အိမ်ရှေ့စံ၏အုပ်စုက ပိုမို၍ပင် တုန်လှုပ်သွားခဲ့၏။ ရွှယ်ချီက ဤမျှလောက်ပင် မြန်ဆန်စွာ မျက်နှာသာ ပေးခြင်း ခံရသည်လား။ သူ့အတွက် အရှင်မင်းကြီးက ထျန်းရွှဲ့အုပ်ချုပ်ရေးမှူးရုံးကိုပင် အဆင့် တိုးမြှင့်ပေးခဲ့ပြီး အိမ်ရှေ့စံ၏ အငယ်တန်းအုပ်ထိန်းသူ ဘွဲ့ကိုပါ ပေးအပ်ခဲ့၏။ အခြေအနေက တကယ်ပင် ရှင်းလင်းနေ၏။ ဤသည်က အနာဂတ်တွင် အတွင်းဝန်ရုံးသို့ ဝင်ရောက်နိုင်မည့် လူပင်ဖြစ်သည်။

အမှန်စင်စစ် ထျန်းရွှဲ့အုပ်ချုပ်ရေးမှူးရုံးကို အဆင့်မြှင့်တင်ခြင်းဆိုသည်က လုံးဝ ကျိုးကြောင်း ဆီလျော်မှုရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာက နန်းမြို့တော်ကြီးဖြစ်ပြီး ပြည်နယ်နှင့် တူညီသည့်အဆင့်တွင် ရှိသင့်၏။ ချောင်ပြည်နယ်နှင့် ဝူပြည်နယ်တို့ကလည်း သူတို့၏ နန်းမြို့တော်များ တည်ရှိရာ အုပ်ချုပ်ရေးမှူးရုံးများကို အဆင့်မြှင့်တင်ထား၏။

နင်ယွမ်ရှန်းက အချိန်အတော်ကြာသည်အထိ အဆင့်မမြင့်တင်သည့်အကြောင်းအရင်းက ဤရာထူးပေါ်တွင် အာဃာတများရှိနေသောကြောင့်ပင်။ သူ၏အကြီးမားဆုံး ရန်သူတော် နင်ယွမ်ဝူက ထျန်းရွှဲ့အုပ်ချုပ်ရေးမှူးရုံး တွင် တာဝန်ထမ်းဆောင်ခဲ့သောကြောင့်ပင်။

ထို့အပြင် အရှင်မင်းကြီးက ရွှယ်ချီကို ရာထူးတိုးပေးခြင်းက လူ့စိတ်ကို ဝယ်ယူခြင်းဖြစ်သော်လည်း လှုံ့ဆော်မှု တစ်မျိုးလည်းဖြစ်၏။ အရေးကြီးဆုံးသော အချိန်တွင် ရွှယ်ချီကို သူ့ဘက်တွင် ရပ်တည်စေလို၏။ ရွှယ်ချီက နင်ချီကို သစ္စာရှိရမည် မဟုတ်ဘဲ သူ ... အရှင်မင်းကြီးကို သစ္စာရှိရမည်ဖြစ်ကြောင်း အမှတ်ရစေလိုသည်။

ရှမ့်လန်နှင့် ရွှယ်ချီကြားက အာဃာတတရားကို မည်သို့လုပ်မည်နည်း။ အရှင်မင်းကြီးက ဤကိစ္စကို မစဉ်းစားချင်ပေ။ သူက ရှမ့်လန်ကို ယုံကြည်ပြီး အလိုလိုက်သော်လည်း ရွှယ်ချီနှင့် မိတ်ဆွေဖြစ်ခဲ့သည် မှာတော့ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့၏။

ရွှယ်ချီက တော်ဝင်ရန်အင်ပါယာ၏ တော်ဝင်မိသားစုနှင့်လည်း ရင်းနှီး၏။ ထိုအရာကို နင်ယွမ်ရှန်းက အနည်းငယ် မနှစ်မျို့သည်ဆိုသော်လည်း ထောက်ပြဝေဖန်၍တော့ မဖြစ်နိုင်ပေ။ မည်သို့ပင် ဆိုစေကာမူ ဤကဲ့သို့သော ပေါင်းသင်းဆက်ဆံမှုက ရွှယ်ချီ၏ အလုပ်ပင်ဖြစ်၏။ တစ်ဖက်လူကို ပြန်ဆွဲခေါ်၍ ရနိုင်သေးသည်ဟုသာ သူက ခံစားရသည်။

မည်သို့ပင်ဆိုစေကာမူ ရွှယ်ချီက ကျုံးယောင်နှင့် မတူချေ။ ကျုံးယောင်နှင့် သူ၏ ဆက်ဆံရေးက အမြဲတမ်း အေးစက်၏။ ရွှယ်ချီကမူ သူ၏ယုံကြည်ရဆုံးသော လူယုံတော်ကြီး၊ သွေးသားရင်းချာတစ်ဦးကဲ့သို့ပင်။ ငယ်စဉ်ကတည်းက ညီအစ်ကိုများကဲ့သို့ အတူတူကြီးပြင်းခဲ့၏။

........

အပိုင်း (၆၀၂)

လေးလပိုင်းကိုးရက်နေ့ ...။

ရွှဲ့ပြည်နယ်စစ်တပ်ကြီးက တောင်ဘက်သို့ ချီတက်ပေတော့မည်။ နောက်ဆုံးတွင် အချိန်ကျရောက် လာခဲ့ပြီဖြစ်၏။ အားလုံးက ယနေ့ကို စောင့်ဆိုင်းနေကြခြင်းဖြစ်၏။

ရှမ့်လန်က ရွှဲ့ပြည်နယ်ရှိ ဩဇာအာဏာရှိသော တော်ဝင်မိသားစုများ ထံမှ ရွှေဒင်္ဂါးငါးသန်းကို လိမ်လည်ကာ ရယူခဲ့၏။

ဤနေ့ရက်အတွက် အရှင်မင်းကြီးနှင့် ယင်ယွမ်အဖွဲ့အစည်းတို့က ပြဿနာတက်ခဲ့သည်။ ဤနေ့ရက်အတွက် ရှမ့်လန်က နန်းမြို့တော်မှ ပြည်နှင်ဒဏ်ပေးခြင်းကို ခံရ၏။ နန်းတွင်းငြိမ်းချမ်းစေရန်ပင်။ နန်းတွင်းငြိမ်းချမ်းမှ တိုင်းပြည်တစ်ခုလုံး တုန်လှုပ်စေနိုင်စွမ်းရှိသည့် စစ်ပွဲကို အာရုံစိုက်နိုင်ပေလိမ့်မည်။

ရွှေဒင်္ဂါးများက မရေမတွက်နိုင်သည့် ရိက္ခာများ၊ အလုပ်သမားများ၊ အဝတ်အထည်များ၊ ဆေးဖက်ဝင် အပင်များ စသည်ဖြင့် ပြောင်းလဲသွားခဲ့၏။ စစ်မထွက်ခွာခင်တွင် ရိက္ခာများကို အရင်ဆုံးစုစည်းပြီး ပို့လွှတ်သည်။ နှစ်လနီးပါးကြာအောင် ပထမဆုံးရိက္ခာများက မရေမတွက်နိုင်သည့် လှည်းများ၊ အရင်းအမြစ်များဖြင့် နန်အိုနိုင်ငံစစ်မြေပြင်သို့ ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။

ယခုအချိန်မှာတော့ စစ်တပ်က နောက်ဆုံး စစ်ထွက်ပြီဖြစ်၏။ အင်အားရှစ်သောင်းရှိသည့် စစ်တပ်ကြီးက ခမ်းနားထည်ဝါပြီး အစွမ်းထက်၏။ နင်ယွမ်ရှန်းက အနားယူသွားခဲ့သည့် အရာရှိအဖွဲ့ကို ဦးဆောင်ပြီး စစ်တပ်ကို ချီတက်စေ၏။ ဤစစ်ပွဲတွင် အရှင်မင်းကြီး ထားရှိသည့် အလေးအနက်ထားမှုကို ဖော်ပြရန် ပိုမိုထူးခြားသည့် တခြားမည်သည့် စကားလုံးမှ ရှိတော့မည်ပင် မထင်ပေ။

ကိုယ်တိုင်တိုက်ခိုက်ရန် သူက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ပေါက်လာချင်စိတ်ပင်ရှိ၏။ အင်အား ရှစ်သောင်းရှိသည့် စစ်တပ်ကြီးကို ဖြန့်ကျက်လိုက်သည့်အချိန်တွင် အဆုံးအစမရှိ ကျယ်ပြန့်၏။

ဤမျှခမ်းနားသည့် စစ်တပ်ကြီးကို မြင်ချိန်မှာတော့ အရှင်မင်းကြီး နင်ယွမ်ရှန်း၏ နှလုံးသားများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး သွေးများလည်း ဆူပွက်လာခဲ့သည်။

“မင်းတို့ အောင်ပွဲနဲ့ ပြန်လာတဲ့အချိန်ကို ငါဒီနေရာကနေ မင်းတို့ကို ကြိုဆိုနေမယ်။” နင်ယွမ်ရှန်းက ဝိုင်တစ်ခွက်ကို မြှောက်ပြီး တစ်ကြိုက်တည်း မော့ချလိုက်၏။ ဤကဲ့သို့ သောက်လိုက်ခြင်းက ပထမဦးဆုံး အကြိမ်ဖြစ်၏။ သီးလုနီးပါးပင်ဖြစ်သွား၏။ မျက်နှာများ နီရဲသွားခဲ့၏။

“ခွမ်း ...”

သူက ဝိုင်ခွက်ကြီးကို ရိုက်ခွဲလိုက်၏။ စစ်သည်တော်ရှစ်သောင်းတို့က တညီတညွတ်တည်း အော်ဟစ်လိုက်၏။ သူတို့၏ အသံများက ကောင်းကင်သို့ တုန်ခါသွားစေသည်။ “ရွှဲ့ပြည်နယ် နိုင်ရမယ်။ ရွှဲ့ပြည်နယ် နိုင်ရမယ်။ အရှင်မင်းကြီး ... သက်တော်ရာကျော် ရှည်ပါစေ။”

“မင်္ဂလာအချိန် ကျရောက်ပြီ သွားကြစို့။”

အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် စစ်သည် ရှစ်သောင်းကျော်တို့က နန်အိုနိုင်ငံ စစ်မြေပြင်သို့ ဦးတည် ချီတက်သွားခဲ့၏။

ဤအချိန်မှာတော့ ကျင်းမင်းသားက သဲကန္တာရလူရိုင်းမျိုးနွယ်ကို လုံးဝစုစည်းနိုင်ခြင်း မရှိသေးချေ။ နန်းကုန်းအို ဦးဆောင်သည့် စစ်သည်ရှစ်သောင်းတို့က ကျူးလင်း၏တပ်နှင့်ပေါင်းစည်းလိုက်မည်ဆိုလျှင် စုစုပေါင်း စစ်သည်အင်အား တစ်သိန်းသုံးသောင်း ရှိလာပေမည်။ စစ်သည်အင်အား တစ်သိန်းသုံးသောင်းနှင့် အလုပ်သမား နှစ်သိန်းကျော်၊ ဤသည်က တိုင်းပြည်တစ်ခုလုံး ပျက်စီးသွားနိုင်သည့် စစ်ပွဲကြီးဖြစ်ပေမည်။

ဤအတိုင်းအတာရှိသည့် နောက်ဆုံးစစ်ပွဲက ဝူ-ရွှဲ့ စစ်ပွဲသာလျှင် ရှိခဲ့၏။ ပျံ့ရှောင်းစတင်ခဲ့သည့် ယန်ကျိုး ဖြစ်ရပ်ကြောင့် ရွှဲ့ပြည်နယ်က နောက်ဆုံးစစ်ပွဲကို အနိုင်ရရှိခဲ့၏။ သူတို့က နှစ်ပေါင်း ၂၀ နီးပါး ငြိမ်းချမ်းရေးကို ရယူခဲ့ပြီး ရွှဲ့ပြည်နယ်ကို တောင်ဘက်ပိုင်း လောကကြီးတွင် အင်အားအကြီးဆုံးနိုင်ငံတစ်ခု ဖြစ်လုနီးပါး ဖြစ်စေ၏။

နင်ယွမ်ရှန်းက ဤစစ်ပွဲကို အနိုင်ရရှိရန် ကံပါသည်ဟု အခိုင်အမာ ယုံကြည်လျက် ရှိ၏။ သူက ဤစစ်ပွဲကို သေချာပေါက် နိုင်ရမည်။

ဤအချိန်မှာတော့ သူက အိမ်ရှေ့စံကို မကြည့်ဘဲ မနေနိုင်ချေ။ အိမ်ရှေ့စံကလည်း သူ့ကို ကြည့်လိုက်သည်။

နင်ယွမ်ရှန်း၏ အကြည့်ကို ခံစားမိချိန်မှာတော့ အိမ်ရှေ့စံက လေးစားစွာဖြင့် ဦးညွတ်၏။ နင်ယွမ်ရှန်းက ခေါင်းညိတ်ပြလိုက်၏။ သားအဖကြား မည်ကဲ့သို့သော မကျေနပ်မှုများ ရှိသည်ဖြစ်စေ အနည်းဆုံး စစ်ပွဲတွင် သူတို့က တူညီသည့် စိတ်သဘောထားကို ပိုင်ဆိုင်ကြ၏။ နှစ်ဦးစလုံးက တိုင်းပြည်၏ ကံကြမ္မာအတွက် ဤတိုက်ပွဲကို အနိုင်ရလို၍ အစွမ်းကုန်ပင် ကြိုးစားချင်ကြ၏။ အတိတ်က ပဋိပက္ခအားလုံးကို လောလောဆယ် ဘေးဖယ်ထားလိုက်ကြ၏။ ရွှဲ့ပြည်နယ်၏ အကျိုးစီးပွားက အရေးကြီးဆုံး ဖြစ်၏။

................

နိဗ္ဗာနကျွန်း

ဗလာသွေးမျိုးဆက်ပိုင်ရှင်များ၏ အကြည့်က ဆရာကြီးလန်တိုကို စိတ်လှုပ်ရှားသွားစေ၏။ သူတို့က အလွန် ကြောက်လန့်တတ်၏။ ခံစားလွယ်၏။ ကြံခိုင်၏။ သို့သော်ငြား အလွန့်အလွန်လည်း အားနည်းလွန်းသည်။

လန်တိုက အချိန်အကြာကြီး အထီးကျန်စွာ နေထိုင်ခဲ့သောကြောင့် နိဗ္ဗာနတပ်တော်အကြောင်းကို ဘာမှမသိချေ။ သွေးမျိုးဆက် ပြုပြင်ပြောင်းလဲခြင်းဆိုသည့် အကြံဉာဏ်ကို သူက ရှုံ့ချခဲ့ပြီး ရှမ့်လန် စိတ်ကူးယဉ်နေသည်ဟု ထင်ခဲ့၏။

လီချင်းချိုးက သူကိုယ်တိုင် မျက်မြင်ကြုံတွေ့ရသည်ဟု ပြောချိန်မှာတော့ လန်တိုက သူ့ကို လိမ်ညာနေသူ နောက်တစ်ယောက် ပေါ်လာသည်ဟုပင် ထင်မှတ်ခဲ့သေးသည်။ “လီချင်းချိုး... ငါ ဘယ်မှာ ပုန်းနေတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောဘူးလို့ ကျိန်ဆိုခဲ့တယ်မလား။ နောက်ဆုံးကျတော့ လူတွေ ခေါ်လာပြီး ငါ့ကို ဒီကို ဆွဲခေါ်လာခဲ့တယ်။ ငါ လန်တိုမှာ သိက္ခာဆိုတာ လုံးဝမရှိတော့ဘူး”

ရှမ့်လန်က ဂရုမစိုက်ပေ။ မဟာပညာရှင်ကြီးလန်တိုက အသက် ၇၀ နီးပါးရှိပြီဖြစ်၏။ မသန်မစွမ်း ဖြစ်ပြီးနောက် ပိုမိုကာ အစွန်းရောက်စိတ်ရှိနေ၏။ သို့သော်ငြား ဤလူက တရားမျှတမှုကို ချစ်မြတ်နိုးပြီး စစ်မှန်သည့် သူရဲကောင်းတစ်ဦးလည်းဖြစ်၏။ သို့မဟုတ်ပါက တပည့် အများအပြားကို လက်ခံခဲ့လိမ့်မည် မဟုတ်ချေ။ သူရဲကောင်းဆန်သည့်လုပ်ရပ်များကိုလည်း လုပ်ဆောင်ခဲ့လိမ့်မည် မဟုတ်ချေ။

သူ၏အကြည့်က ဗလာသွေးမျိုးဆက်ပိုင်ရှင် ၃၉၀၀ ပေါ်သို့ ကျရောက်သွား၏။ ရှမ့်လန်က ဤလူစုကို စုဆောင်းနေသည်မှာ လအနည်းငယ်ကြာ၏။ အမှန်စင်စစ် သူက ရွှဲ့ပြည်နယ်တွင် လူပေါင်း ၂၃၀၀ ကို စုဆောင်းပြီးတည်းက ရွှဲ့ပြည်နယ်တစ်ဝန်းလုံးတွင် ဤသို့သောလူများကို ရှာဖွေရန် လူလွှတ်ခဲ့၏။

သူက လူသိရှင်ကြား စုဆောင်းခြင်းမျိုး မလုပ်ခဲ့ချေ။ ထိုအစား အလွန်လျှို့ဝှက်သည့်နည်းလမ်းကို အသုံးပြုပြီး မိသားစု အသီးသီးသို့ ဝင်ရောက်ကာ တွေ့ရှိသည်နှင့် ချက်ချင်း တစ်ယောက်ချင်းစီတိုင်းကို အသာ ဆွဲခေါ်ထုတ်ခဲ့သည်။

နိဗ္ဗာနတပ်တော်က ကမ္ဘာကို အံ့အားသင့်စေပြီး တစ်လောကလုံးက ဗလာသွေးမျိုးဆက်ပိုင်ရှင်များကို အကြီးအကျယ် ရှာဖွေရမည့် အခြေအနေမျိုးဖြစ်လာမည်။ ရှမ့်လန်က ဤမျှ တုံးအသည့် လူတစ်ယောက် မဟုတ်ချေ။ ထိုသို့လုပ်မည်ဆိုပါက တခြားသောသူများ ကြားဖြတ်လုယူရန် စောင့်စားခိုင်းသည်နှင့် တူမနေပေဘူးလား။

ထို့ကြောင့် သူက နိုင်ငံတစ်ဝန်းတွင် ရှိနေသည့် ဗလာသွေးမျိုးဆက်ပိုင်ရှင်များကို ရှာဖွေရန် အစောကြီးတည်းက စေလွှတ်ပြီးဖြစ်သည်။

နောက်ဆုံးအကြိမ် ဗလာသွေးမျိုးဆက် ၃၇၀၀ ကို ခေါ်ယူခြင်း ဆိုသည်မှာ ဟန်ပြလုပ်ခဲ့ခြင်းသာဖြစ်သည်။ ယင်ယွမ်အဖွဲ့အစည်းနှင့် ရေနက်တပ်ဖွဲ့တို့၏ သူလျှိုများကို သူက သိရှိထားသည်။ နောက်ဆုံးမှာတော့ လူပေါင်း ၃၇၀၀ က ပြန်ပေးဆွဲခံရ၏။

ဤကဲ့သို့သော ဟန်ပြမှုက လက်တွေ့ကျလွန်းလှသောကြောင့် မှန်နက်ဌာနနှင့် ကောင်းကင်တာအို အဖွဲ့အစည်းမှ စစ်သည်တော်များပင်လျှင် အစစ်ဟထင်မှတ်ခဲ့ကြ၏။ သူတို့က နာမည်စာရင်းအတိုင်း တစ်အိမ်တက်၊ တစ်အိမ်ဆင်း လိုက်လံရှာဖွေခဲ့ပြီး စုဆောင်းရန် ရွှေဒင်္ဂါး အများအပြားကိုလည်း သုံးစွဲခဲ့သည်။

အတုအယောင် ဗလာသွေးမျိုးဆက်ပိုင်ရှင် ၃၇၀၀ အတွက် ရှမ့်လန်က ထိုသူတို့၏ သွေးမျိုးဆက်ကို ဗလာသွေးမျိုးဆက်ပိုင်ရှင်များနှင့် တူညီစေရန် ဓာတုပစ္စည်းတစ်မျိုးကို ထိုးသွင်းခဲ့ပေး၏။ အပေါ်ယံတွင် သူတို့က ဗလာသွေးမျိုးဆက်ပိုင်ရှင်များနှင့် တကယ့်ကို တူညီ၏။ သို့ပေမည့် နားလည်နိုင်မှု၊ ပါရမီ ထိုအရာအားလုံးက ကွဲပြား၏။

ဗလာသွေးမျိုးဆက်ပိုင်ရှင်များက လူမှုရေးတွင် အားနည်းပြီး အော်တစ်ဇင်များကဲ့သို့ပင် ဖြစ်သော်လည်း သူတို့က ခံစားလွယ်၏။ အာရုံစူးစိုက်နိုင်စွမ်း ကောင်းမွန်ပြီး ဉာဏ်ကောင်း၏။ ထိုဗလာသွေးမျိုးဆက် ပိုင်ရှင်အတုများမှာတော့ တကယ့်အစစ်အမှန် ဉာဏ်ရည်မမှီသူများဖြစ်သည်။

ထိုသို့ဆိုလျှင် ဟန်ဆောင်နေဖို့ လိုအပ်နေသည်လား။ တကယ့်တကယ်ကို လိုအပ်၏။ ယခင်က နိဗ္ဗာနတပ်တော်က လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး လူတို့၏ ပစ်မှတ်ဖြစ်လာ၏။ ပုန်းကွယ်လျက် ရှိနေသည့် နဂါးတစ်ကောင်ကသာလျှင် တောက်ပသည့် စွမ်းဆောင်ရည်ဖြင့် လောကကြီးကို အံ့အားသင့် စေနိုင်ပေလိမ့်မည်။

ဒုတိယ နိဗ္ဗာနတပ်တော်ရှိနေသည်ကို မည်သူမှ အသိပေး၍ မဖြစ်ချေ။ ထိုမှသာ စစ်မြေပြင်တွင် အံ့အားသင့်စရာကောင်းသည့် အကျိုးသက်ရောက်မှုကို ရယူနိုင်ပေလိမ့်မည်။

ဗလာသွေးမျိုးဆက်ပိုင်ရှင် ၃၉၀၀ တို့က နှစ်လကြာအောင် အကောင်းဆုံးသော အစားအစာများကို စားသုံးခဲ့ရ၏။ သို့သော်ငြား သူတို့က အားနည်းနေဆဲပင်။ သူတို့က ဤနှစ်လကို အလဟဿ မဖြုန်းတီးခဲ့ပေ။ နေ့တိုင်းသူတို့က တပ်ဖွဲ့တည်ဆောက်ပုံများကို လေ့ကျင့်ကြ၏။

နေ့တိုင်းသူတို့က လေးပစ်ခြင်းနှင့် တူညီသည့် နိယာမများ၊ နည်းစနစ်များကို သင်ယူခဲ့ကြ၏။ ကမ္ဘာ့ မြေဆွဲအားအရှိန်နှင့် လေတိုက်နှုန်းအပြင် တခြားလေနှင့်ပတ်သက်သည့် ဗဟုသုတများကို သူတို့က အလွတ်ကျက်မှတ်ကြရသည်။

ဗျူဟာပိုင်းကိုလည်း လေးလေးနက်နက် သင်ယူရသည်။ အိမ်မက်ထဲထည့်မက်သည်အထိ ဗျူဟာပိုင်းကို လေ့ကျင့် ကျက်မှတ်ရသည်။ အားလုံးက ပြုလုပ်နိုင်ကြသည်။ လက်တွေ့လေ့ကျင့်ရန်သာ လိုတော့၏။ သူတို့၏ ခန္ဓာကိုယ်များက အလွန်အားနည်းလွန်းသောကြောင့် အပေါ့ဆုံးသော လေးကိုပင် မ,မနိုင်ကြချေ။

ရှမ့်လန်က ထိုဗလာသွေးမျိုးဆက် ပိုင်ရှင်များကို အဘယ်ကြောင့် စောစောစီးစီး မပြောင်းလဲရသနည်း။ တခြား နည်းလမ်းမရှိသောကြောင့်ပင်။ အနိမ့်ဆုံး ရွှေရောင်သွေးမျိုးဆက် ကူပိုးကောင်များက အကန့်အသတ် ရှိပြီး ထုတ်လုပ်ရန် အချိန်ကြာမြင့်၏။

ရှမ့်လန်က လက်ကို ဝှေ့ယမ်းပြလိုက်၏။ သေတ္တာများက တစ်လုံးပြီးတစ်လုံး သယ်ဆောင်လာကြသည်။ “ဒုတိယနိဗ္ဗာနတပ်တော်... စခန်းကိုပြန်ကြမယ်။ အားလုံး ကိုယ့်ခုတင်ပေါ် ကိုယ်လှဲနေကြ။”

ဤလူပေါင်း ၃၉၀၀ တို့က စစ်ကြောင်း ၃၉ ခုခွဲ၍ သူတို့၏ သစ်သားဖြင့် ပြုလုပ်ထားခဲ့သည့် တဲစခန်းများထဲသို့ ဝင်ရောက်သွား၏။ တစ်ချက်ကလေးမှ ရှုပ်ရှုပ်ထွေးထွေး ရုတ်ရုတ်သဲသဲ မရှိချေ။ စစ်စည်းကမ်း၊ စစ်ရေးပြဟန်၊ ထိုအရာအားလုံးက တကယ့်ထိပ်တန်းပင်ဖြစ်၏။ လူပေါင်း ၃၉၀၀ တို့က တူညီသည့် လှုပ်ရှားမှုကို ပြုလုပ်နေသကဲ့သို့ပင်။

မဟာပညာရှင်ကြီးလန်တိုက သက်ပြင်းချလိုက်၏။ “နှမျောစရာပဲ။ သူတို့ရဲ့ခန္ဓာကိုယ်က သိပ်ပြီး အားနည်းလွန်းတယ်။ မဟုတ်ရင် တကယ့် ထိပ်တန်းတပ်သားတွေဖြစ်လာမှာပဲ။”

လူပေါင်း ၃၉၀၀ တို့က သူတို့၏ သက်ဆိုင်ရာ စစ်စခန်းဆီသို့ ပြန်ရောက်ပြီးနောက် ရှမ့်လန်က ဗလာသွေးမျိုးဆက်များကို စတင်ပြုပြင်ပြောင်းလဲ၏။ ဤတစ်ကြိမ်မှာတော့ ရှမ့်လန်တစ်ယောက်တည်း လုပ်ခြင်း မဟုတ်ချေ။ လူရာချီကို တပြိုင်နက် ထိုးသွင်းပေးသည်။

ယခုအချိန်တွင် ဗလာသွေးမျိုးဆက်ပိုင်ရှင်များ၏ ပြုပြင်ပြောင်းလဲခြင်းကို တော်တော်များများက နားလည်နေကြပြီဖြစ်၏။ ပြီးခဲ့သည့်အကြိမ်ကဲ့သို့ပင် ဗလာသွေးမျိုးဆက်ပိုင်ရှင်များက လုံးဝ မခုခံကြချေ။ သူတို့က ကြောက်လန့်နေသည်ဆိုသော်ငြား မည်သည့်အမိန့်ကိုမဆို နာခံ၏။

အဆင့်နိမ့် ရွှေရောင်သွေးမျိုးဆက် ကူပိုးကောင်းများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည့်အချိန်တွင် အလွန်ပဲ နာကျင်၏။ သို့သော်ငြား မအော်ဟစ်ကြချေ။ မရုန်းကန်ကြချေ။

တစ်နာရီ ကြာပြီးသည့်နောက် လူပေါင်း ၃၉၀၀ လုံးကို ဆေးထိုး၍ ပြီးစီးသွားပြီဖြစ်သည်။

မဟာပညာရှင်ကြီးလန်တိုက မယုံကြည်ဘူးဟု ပြောသော်လည်း စိတ်နှလုံး၏ နက်ရှိုင်းသည့်နေရာတွင် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်လာစေရန် မျှော်လင့်နေမိ၏။ သူက အစမှအဆုံးထိ သေသေချာချာ စူးစိုက် ကြည့်ရှုနေ၏။

ရှမ့်လန်က ပြုံးကာပြောလိုက်သည်။ “ဆရာကြီး... သူတို့ သုံးရက်လောက် အိပ်ပျော်နေလိမ့်မယ်။ ပြီးရင် ဆရာကြီး အလှည့်ပဲ။”

ဆရာကြီးလန်တိုက လန့်ဖြန့်သွား၏။ “ငါ့အလှည့် ဟုတ်လား။ ဘာလုပ်ဖို့လဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားကို ခွဲစိတ်မယ်လေ။”

“ဟမ် ... ငါ ခွဲစိတ် မခံချင်ပါဘူး။ မခွဲစိတ်ချင်ဘူး။” ဆရာကြီးလန်တိုက အော်ဟစ်ပြီး အစွမ်းကုန် ရုန်းကန်နေမိ၏။ ခွဲစိတ်မှုဆိုသည်က သူ၏ခြေ၊ လက်နှင့် အကြောများကို တစ်လက်မချင်း ခွဲဖွင့်ပြီး ပြန်လည်ကာ တိုက်ဆိုင်စစ်ဆေး ချုပ်လုပ်မည်ဖြစ်ကြောင်း ရှမ့်လန်ထံမှ ကြားသိထားပြီးသားဖြစ်သောကြောင့်ပင်။

လန်တိုက ဤနှစ်ပေါင်းများစွာအတွင်း သူ၏ ကံကြမ္မာကို လက်ခံထားခဲ့ပြီးသားဖြစ်၏။ သူက နာကျင်မှုကို ထပ်ကာ မခံစားချင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ယခင်က မရေမတွက်နိုင်ခဲ့သည့် ကုသမှု၏ ကျရှုံးခြင်းများက သူ့ကို သေချင်စိတ်ပင် ပေါက်စေခဲ့၏။ ထို့အပြင် သူ၏ကြွက်သားများကို ခွဲစိတ် ဖွင့်လှစ်ခြင်းက ကြောက်မက်ဖွယ်ရာကောင်းသည့် အမှတ်တရများကို ပြန်လည် သတိရစေလိမ့်မည်ဟု ရှမ့်လန်က ပြောကြားထား၏။

“ငါ ခွဲစိတ်မခံချင်ဘူး။ ငါ့ကို မထိနဲ့။ ငါ့ကို မထိကြနဲ့။ ငါ မသန်စွမ်းဖြစ်နေတာပဲ ကောင်းတယ်။ ငါ လုံးဝပြန်မကောင်းချင်ဘူး။ ငါ မသန်စွမ်းတောင် မဟုတ်ဘူး။ မသန်မစွမ်းဖြစ်နေပြီ။” ဆရာကြီးလန်တိုက ပြဿနာရှာလေသည်။

ဓားဘုရင်လီချင်းချိုး၏ မိန်းမက ထိုမြင်ကွင်းကို မယုံကြည်နိုင်သလို စိုက်ကြည့်နေ၏။ ဆရာကြီးလန်တိုက သူမထက် အသက် ၂၀ ကျော်ကြီး၏။ ငယ်ရွယ်စဉ်တည်းက သူမ အလွန်လေးစားအားကျခဲ့ပြီး အကြိမ်ကြိမ် တွေ့ဆုံဖူးခဲ့၏။ ထိုစဉ်က တကယ့်ကို ရဲရင့်လွန်းသည့် သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့၏။ အဘယ်ကြောင့် ယခု ဤကဲ့သို့ ဖြစ်သွားရသနည်း။ လောကကြီးက သူ့ကို ဘာတွေများ လုပ်လိုက်သနည်း။

သခင်မချိုးက လီချင်းချိုးကို တစ်ချက်ကြည့်၏။ “ရှင် အသက်ကြီးလာလို့ ဒီလိုမျိုး ကြောင်တောင်တောင် ဖြစ်လာတယ်ဆိုရင် ကျွန်မ ရှင့်ကို သတ်ပစ်မယ်။”

ဓားဘုရင်က ငိုချင်စိတ်များပင် ပေါက်သွားမိ၏။ သူ အသက်မကြီးသေးသော်လည်း လုံလောက်အောင် အသုံးမကျသလို ခံစားရသည်။

ဆိုးသွမ်းသည့် ကလေးအိုကြီးတစ်ယောက်နှင့် ရင်ဆိုင်သည့်အချိန်တွင် ဘာလုပ်သနည်း။ သိပ်ကို ရိုးရှင်းလွန်း၏။ အင်အားသုံးပြီး ကုတင်ပေါ်သို့ ဖိချလိုက်ခြင်းသာ ဖြစ်၏။ ပြီးနောက် တကယ့်ကို ပြင်းထန်သည့် မေ့ဆေးပုလင်းကို ထုတ်ယူကာဖြင့် တိုက်၏။

၁၅ မိနစ်ကြာတော့ ထိုကလေးအိုကြီးက ချက်ချင်းလိမ်မာပြီး မလှုပ်မယှက်နှင့် လဲလျောင်း အိပ်ပျော်သွားခဲ့၏။ ရှမ့်လန်က ခွဲစိတ်မှုကို စတင်လိုက်၏။ ခွဲစိတ်မှုက မကြီးမားသော်လည်း တကယ့်တကယ်ကို ခက်ခဲ၏။ အတော်ဆုံးသော သမားတော်များသာ လုပ်ဆောင်နိုင်သည့် အရာမျိုးပင်။

မှတ်ဉာဏ်တု AI သာ မရှိပါက ရှမ့်လန်က ဤခွဲစိတ်မှုကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူတွင် ခွဲစိတ်ခန်းသုံးပစ္စည်းများ လုံလုံလောက်လောက် မရှိသောကြောင့်ပင်။ သို့သော်ငြား သူ၏ X-ray အမြင် နှင့် AI ၏ အကူအညီကြောင့် သူက အကောင်းဆုံး ခွဲစိတ်နေနိုင်သည်။

သူ့၌ လက်ထောက်နှစ်ဦးရှိ၏။ နာမည်ကျော် သမားတော်ကြီး အန်းစိုက်ရှီနှင့် ဓားဘုရင် လီချင်းချိုးတို့ပင်။ သူတို့က ဆေးဝါး ဒါဇင်ပေါင်းများစွာကို ဘေးပတ်ဝန်းကျင်တွင် ပြင်ဆင်ထား၏။ လုံလောက်သည့် အလင်းရောင် ရရှိစေရန် ရှမ့်လန်က နေရောင်ခြည်ကို အောက်သို့ လမ်းကြောင်းလွှဲပြီး မှန်ဖြင့် ရောင်ပြန်ဟပ် စေသေး၏။

သူက အသက်ကို ပြင်းပြင်းရှုရှိုက်လိုက်သည်။ “စမယ်။”

.............

ငါးနာရီခန့် အကြာမှတော့ ခွဲစိတ်မှုက တစ်ဝက်လောက် ပြီးဆုံးသွား၏။ ပထမဦးဆုံးအနေနှင့် သူက ခြေထောက်နှစ်ဖက်ကို ခွဲစိတ်ခဲ့၏။ ရလဒ်ကို ကြည့်ရှုပြီးမှ လန်တို၏ လက်များကို ခွဲစိတ်ပေမည်။

ရှမ့်လန်က ပင်ပန်းလွန်းသောကြောင့် ခြေများ၊ လက်များပင် မလှုပ်ချင်၊ မကိုင်ချင်ဖြစ်နေ၏။

ရလဒ်က ခေတ်သစ်လောကကြီးလောက် မကောင်းသည်မှာတော့ သေချာသည်။ အဘယ်ကြောင့်ဆိုသော် အသေးငယ်ဆုံးသော အာရုံကြောများကို ချုပ်ရန် မဖြစ်နိုင်သောကြောင့်ပင်။ ခွဲစိတ်ခန်းသုံး ပစ္စည်းများက စံချိန်မမီ၍ပင်။ ကံကောင်းစွာဖြင့် သူ့တွင် ပိုးချည်မျှင်များ ရှိနေ၏။ မဟုတ်ပါက ရှမ့်လန်က နိုင်လွန်ကြိုး များကို အဘယ်သို့ သွားရောက်ကာ ရှာဖွေရမည်နည်း။

(ယခုခေတ်တွင် နိုင်လွန် ၊ ပေါ်လီပရိုပီလင်း ၊ ပေါ်လီအက်စတာ ကြိုးများအား အသုံးပြုသည်။ - ဘာသာပြန်သူ)

ခေတ်သစ်ဆေးပညာတွင် ပိုးချည်မျှင်များကို ပိုးကောင်၏ ပရိုတင်းဆီမှ ထုတ်လုပ်ထားခြင်းဖြစ်၏။

လန်တိုသည် နိုးလာသည့်အချိန်တွင် နာကျင်မှုကို ခံစားရ၏။ သူက မအော်ဟစ်၊ မငိုယိုပေ။ ထိုအစား သူက တိတ်ဆိတ်လျက်ရှိ၏။ “ရလဒ်က ဘယ်လိုလဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “အောင်မြင်ပါတယ်။ ဒါပေမဲ့ တိကျတဲ့ရလဒ်ကို ရဖို့တော့ ခဏလောက် စောင့်ရအုံးမယ်။”

လက်ချောင်းပြတ်အား ပြန်ဆက်လျှင်တောင်မှ ပြန်လည်ကောင်းမွန်ဖို့ အချိန်ကြာကြီး ယူရ၏။ ခြေထောက် နှစ်ဖက်လုံး၏ အကြောများဆိုလျှင် ပြောနေစရာပင် မလိုအပ်တော့ချေ။

ဆရာကြီးလန်တိုက ခဏလောက် တိတ်ဆိတ်ငြိမ်သက်နေ၏။ ပြီးနောက် ပြောလိုက်၏။ “ရှမ့်လန်... ကျေးဇူးပါပဲ။”

လက်ရှိအချိန်တွင်မှာတော့ သူက ပြဿနာရှာမည့်ပုံ မပေါ်တော့ချေ။ သူက မျှော်လင့်ချက်ထားရန် မဝံ့ရဲ့သော်လည်း ရှမ့်လန် အစွမ်းကုန် ကြိုးစားပေးခဲ့ကြောင်း မြင်တွေ့ခဲ့ရသောကြောင့်ပင်။

ဆရာကြီးလန်တို၏ ခွဲစိတ်မှုရလဒ်က ချက်ချင်း ပေါ်မလာချေ။ သို့သော်ငြား ဗလာသွေးမျိုးဆက်ပိုင်ရှင် ၃၉၀၀ တို့ကတော့ ချက်ချင်း အကျိုးသက်ရောက်ခဲ့၏။

သုံးရက်ခန့်ကြာချိန်မှာတော့ ဤလူပေါင်း ၃၉၀၀ တို့က တစ်ယောက်ပြီး တစ်ယောက် နိုးထလာ၏။ သူတို့အားလုံးက အံ့မခန်း ပြောင်းလဲမှုများ ပေါ်ပေါက်၏။ လူတိုင်း၏ ခွန်အား၊ သွက်လက်မှု၊ အမြန်နှုန်း၊ အရာအားလုံးက အံ့အားသင့်ဖွယ်အခြေအနေဆီသို့ ရောက်ရှိသွားခဲ့၏။ လူ ၃၉၀၀ တို့က ထိပ်တန်းအဆင့်သို့ ပြောင်းလဲသွားခဲ့သည်။

All Chapters