← Chapters

ချန်ရန်ကမ္ဘာ အပြင်ဘက်မှ အမည်မသိ နတ်လှေ

Vol. 81 Ch. 1203

ချန်ရန်ကမ္ဘာ အပြင်ဘက်မှ အမည်မသိ နတ်လှေ

Vol. 81 Ch. 1203

နောက်ဆုံးတွင် မည်သည့် တောင်းဆိုမှုကိုမှ လုချန်း မလုပ်ခဲ့ပေ။ တောင်းဆိုမှု မပြုလုပ်ရုံသာမက စုဟန်ယန်ကိုပင် ကောင်းကောင်း ပြုစုပေးခဲ့သေး၏။

ထို့ကြောင့် သူ့ကိုယ်သူလည်း ကြီးမြတ်သော ကျေးဇူးရှင်တစ်ဦး၊ ခင်ပွန်းကောင်းတစ်ဦးကဲ့သို့ လုချန်း ခံစားလိုက်ရသည်။

……..

တစ်လကြာပြီးနောက်။

စုဟန်ယန်၏ အခန်း။

စုဟန်ယန်သည် လုချန်းကို ရှက်စိတ်များ ပြည့်နှက်နေသော မျက်နှာဖြင့် စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

သူမ၏ ခန္ဓာကိုယ်ကို ဖက်ထားရင်း လုချန်း ရယ်မောလိုက်သည်။

“ဘာဖြစ်လို့လဲ။ မင်း ထပ်ပြီး လိုချင်နေသေးတာလား...”

လုချန်း စကားမဆုံးခင် စုဟန်ယန် ချက်ချင်း ဖြတ်ပြောလိုက်သည်။

“မင်းကြီး... နောက်ဆိုရင် အဲ့ဒီလို ကျင့်စဉ်မျိုး မကျင့်လို့ မရဘူးလား။”

ဇဝေဇဝါအမူအရာဖြင့် လုချန်းက မေးလိုက်သည်။

“ဘာကျင့်စဉ်လဲ။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို ပြောနေတာလား။”

အလွန် နာကြည်းသော အကြည့်ဖြင့် စုဟန်ယန် လုချန်းကို ကြည့်လိုက်ပြီး

“မင်းကြီး ရှင်းရှင်းလင်းလင်း သိနေမှာပါ”

စုဟန်ယန် ပြောသည့်အရာမှာ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် မဟုတ်ကြောင်း ထင်ရှားသည်။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်သည် သူတို့၏ စည်းချက်များကို အတိုင်းအတာတစ်ခုအထိ ထပ်တူကျစေနိုင်သော်လည်း အာရုံခံစားမှုများကို အပြည့်အဝ မမျှဝေနိုင်ပေ။

မရိုးဖြောင့်သော စုံတွဲကျင့်စဉ်တစ်ခုခုကို လုချန်း သင်ယူထားတာ ထင်ရှားသည်။ တစ်ခုခု လွဲချော်နေသည်ကို သူမ အစော ကတည်းက ရိပ်မိခဲ့သည်။ သို့သော် အစပိုင်းတွင် လုချန်းကို မတွေ့ရသည်မှာ ကြာပြီဖြစ်သောကြောင့် မိမိကိုယ်ကို မထိန်းချုပ်နိုင်ခြင်းဖြစ်သည်ဟု ယူဆကာ သိပ်အလေးမထားခဲ့ပေ။

သို့သော် လွန်ခဲ့သည့်နှစ်များအတွင်း လုချန်း ရောက်လာတိုင်း သူ၏ ခံစားချက်များက သူမကို လုံးဝလွှမ်းမိုးထားသည်။ အရူးတစ်ယောက်ပင်လျှင် ထူးဆန်းသည်ဟု ထင်မြင်မိမည်ဖြစ်သည်။

၎င်းတို့၏ စိတ်ဝိညာဉ်များကို ချိတ်ဆက်ရန်နှင့် ပြီးပြည့်စုံသော စိတ်ဝိညာဉ်ဆက်နွယ်မှုကို ရရှိရန် အထူးကျင့်စဉ်တစ်ခုကို လုချန်း အသုံးပြုခဲ့တာ ထင်ရှားသည်။

လုချန်းက ဝန်မခံပဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ဘာကျင့်စဉ်လဲ။ ကိုယ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပိုပြီး အချိတ်အဆက်မိလာတယ်လို့ပဲ ကိုယ် ပြောချင်တယ်။”

လုချန်း၏ ထိုသို့ပြောသောအခါ စုဟန်ယန် လည်းမျက်စောင်းတစ်ချက်သာ ထိုးလိုက်ပြီး စကားဆက်မပြောတော့ပေ။

ဒီလူ မပြောချင်လျှင်လည်း ထားလိုက်တော့။

မည်သို့ပင်ဆိုစေကာ ကျင့်စဉ်တစ်ခုခုကို လုချန်း အသုံးပြုခဲ့ကြောင်း သူမ အတော်လေး အတည်ပြုနိုင်ခဲ့သည်။ သို့သော် ဤကျင့်စဉ်က သူမ၏ ခန္ဓာကိုယ်ကို ထိခိုက်စေပုံမရ ပေ။ တစ်ခုတည်းသော အန္တရာယ်မှာ ထိုသို့သော လုပ်ဆောင်မှုအတွင်း မိမိကိုယ်ကို မထိန်းချုပ်နိုင်ခြင်းသာ ဖြစ်နိုင်သည်။

တိတိကျကျ ပြောရလျှင် ဒါက တကယ့် ထိခိုက်နစ်နာမှုတစ်ခုတော့ မဟုတ်ပေ။

မုန်တိုင်းပြီးနောက် တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားရင်း စုဟန်ယန်၏ ကျောပြင်ကို လုချန်း ညင်သာစွာ ပွတ်သပ်ပေးနေစဉ် အသံတစ်သံက သူ၏ ဦးနှောက်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။

“မင်းကြီး... ချန်ရန်ကမ္ဘာ အပြင်ဘက်မှာ တခြားကမ္ဘာက နတ်လှေတစ်စင်းကို တွေ့ထားပါတယ်။”

ထိုအရာကို ကြားလိုက်ရသဖြင့် လုချန်း ခဏခန့် ငိုင်သွားသည်။

သူ၏ ရုပ်သေးကို အသုံးပြုပြီး နန်းကုန်းချင်ရက သူ့ကို လှမ်းပြောနေခြင်းဖြစ်သည်။ ရုပ်သေးနှင့် သူ၏ကြားတွင် ပါးလွှာသော စိတ်အာရုံ ဆက်နွယ်မှုသာ ရှိသော်လည်း လူတစ်ဦး၏ အသံကို ပေးပို့ရန်က ပြဿနာမရှိပေ။

လက်တွေ့ဘဝသို့ ပြန်ရောက်လာပြီးနောက် လုချန်း အလျင်အမြန် ထလိုက်သည်။ လုချန်း၏ ခန္ဓာကိုယ် သူမနှင့် ခွာသွားသည်ကို ခံစားလိုက်ရသဖြင့် စုဟန်ယန် ခဏခန့် ကြောင်အ သွားသည်။

သူ အဘယ်ကြောင့် ဒီလောက်မြန်မြန် ထသွားရတာလဲ ဆိုတာကို အနည်းငယ် ဇဝေဇဝါဖြစ်လျက် လုချန်းကို သူမ မော့ကြည့်လိုက်သည်။

သူ နည်းနည်းလောက် ထပ်ပြီး အနားမယူတော့ဘူးလား။

ထိုအချိန်တွင် စုဟန်ယန်၏ မျက်နှာကို ပွတ်သပ်ရင်း လုချန်းက

“ဟန်ယန်။ ကိုယ် လုပ်စရာကိစ္စတွေ ရှိသေးလို့ အရင်သွားနှင့်တော့မယ်။ ကျောင်းဆရာတွေကို ကိုယ် စီစဉ်ပြီးပါပြီ။ တစ်ရက် နှစ်ရက် အတွင်း ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူတွေ မင်းရဲ့ ကျောင်းမှာ လာသင်ပေးပါလိမ့်မယ်။”

လုချန်း၏ စကားကို ကြားလိုက်ရသဖြင့် စုဟန်ယန် သူ့ကို ဆွဲမထားတော့ပေ။ သူမ ခပ်က ခပ်တိုးတိုး ပြောလိုက်သည်။

“ကောင်းပါပြီ”

ထို့နောက် လုချန်း လက်ဝှေ့ယမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချွေးစက်များနှင့် အညစ်အကြေးအမျိုးမျိုး ချက်ချင်း သန့်စင်သွားသည်။ နောက်ထပ် လက်ဝှေ့ယမ်းလိုက်သည်နှင့် အဖြူရောင် ဝတ်စုံသစ်တစ်ထည် သူ၏ ကိုယ်ပေါ်တွင် ပေါ်လာသည်။

အဝတ်အစားလဲပြီးနောက် သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ ရှေ့သို့ ရောက်ရှိရန် အလင်းအရိပ်ကို လုချန်း အသုံးပြုလိုက်သည်။

လုချန်း ထွက်ခွာသွားပြီးနောက် စုဟန်ယန် သက်ပြင်းတစ်ချက် ချလိုက်ပြီး လူသူကင်းမဲ့နေသော အခန်းကို ကြည့်လိုက်သည်။ ထို့နောက် ခြေချိတ်ထိုင်လိုက်ပြီး လွန်ခဲ့သည့် တစ်လအတွင်း သူမ၏ ခန္ဓာကိုယ်ထဲ၌ စုပုံနေသော အညစ်အကြေးများကို ဖယ်ရှားရန် စိတ်ဝိညာဉ် စွမ်းအားကို လှည့်ပတ်လိုက်သည်။

…….

တစ်ချိန်တည်းတွင်။

နဂါးနက်မြို့။

နန်းတော်။

သူမ၏ အခန်းတွင်း၌ ကျင့်ကြံနေသော မုချင်းလန်သည် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံဆီသို့ လုချန်း ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။ ထျန်းချန်ကမ္ဘာမှ ထွက်ခွာရန် လုချန်း ပြင်ဆင်နေကြောင်း သိလိုက်သဖြင့် သူမလည်း ချက်ချင်း တည်နေရာရွှေ့ပြောင်းလိုက်ပြီး လုချန်း၏ ဘေးနားသို့ ချက်ချင်း ရောက်ရှိလာသည်။

“မင်းကြီး... ချန်ရန်ကမ္ဘာကို သွားမလို့လား”

လုချန်းက

“ဟုတ်တယ်။ ချန်ရန်ကမ္ဘာမှာ အမည်မသိ နတ်လှေတစ်စင်းကို တွေ့ထားတယ်။ကျူးကျော်သူတွေ ဖြစ်နိုင်တော့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ကိုယ် သွားကြည့်ဖို့ လိုတယ်။”

ရန်သူ ရှိနိုင်ခြေအကြောင်း ကြားလိုက်ရသဖြင့် မုချင်းလန် အလျင်အမြန် ပြောလိုက်သည်။

“မင်းကြီးနဲ့အတူ လိုက်ပါခွင့်ပြုပါ။”

ဖရိုဖရဲကြယ်ပင်လယ်တွင် လုချန်းကို ကာကွယ်ရန် သူမ ရှိနေခြင်းဖြစ်သည်။ ယခု လုချန်း ထျန်းချန်ကမ္ဘာမှ ထွက်ခွာတော့မည်ဖြစ်ရာ သူမ သူ့ဘေးနားတွင် ရှိနေသင့်သည်။

တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံဆီသို့ လုချန်း တစ်ယောက်တည်း လာခဲ့ခြင်းက သူမကို အကြောင်းမကြားပဲ ထျန်းချန်ကမ္ဘာမှ တစ်ယောက်တည်း ထွက်ခွာရန် ရည်ရွယ်သည်ဟု မုချင်းလန် အစောပိုင်းတွင် ထင်မှတ်ခဲ့သည်။

မုချင်းလန် လုချန်းကို အထင်လွဲခဲ့ခြင်း ဖြစ်သည်။ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံဆီသို့ သူ ချဉ်းကပ်လာသည်ကို သူမ အာရုံခံမိသည်နှင့် ချက်ချင်းသိပြီး လိုက်လာမည်ကို လုချန်း တွက်ဆထားပြီး ဖြစ်သောကြောင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံဆီသို့ မလာခင် မုချင်းလန်ကို အကြောင်းမကြားခဲ့ခြင်း ဖြစ်သည်။

မုချင်းလန်၏ စကားကို ကြားလိုက်ရသဖြင့် သူမ အထင်လွဲသွားနိုင်ကြောင်း လုချန်း ရိပ်မိလိုက်ပြီး

“မင်းက ကိုယ့်ရဲ့ အစောင့်အရှောက်လေ။ ကိုယ့်နောက် လိုက်သင့်တာ မဟုတ်ဘူးလား။”

လုချန်းထံမှ ထိုစကားကို ကြားလိုက်ရမှ မုချင်းလန် စိတ်ချသွားတော့သည်။ သူမသည် ကောင်းကင်ဧကရာဇ်၏ အစောင့်အရှောက်ဖြစ်ပြီး ကောင်းကင်ဧကရာဇ် သွားလေရာရာသို့ လိုက်ပါသင့်သည်ကိုလည်း သဘာဝကျကျ သဘောပေါက်လိုက်သည်။

ကောင်းကင်ဧကရာဇ်က သူမကို အကြောင်းမကြားခြင်းမှာ အစောင့်အရှောက်တစ်ယောက် ဘာလုပ်သင့်လဲဆိုတာ သူမ သိလိမ့်မည်ဟု ယူဆထားသောကြောင့် မဟုတ်ပါလား။

လုချန်းကို သူမ အထင်လွဲမိကြောင်း သိလိုက်ရသဖြင့် မုချင်းလန်က လျင်မြန်စွာပင်

“ကျွန်မ အထင်လွဲမိသွားပါတယ် မင်းကြီး။ သင့်တော်သလို အပြစ်ပေးပါ။”

လုချန်းက ခပ်အေးအေးပင်

“ရပါတယ်။ သွားကြစို့။ ချန်ရန်ကမ္ဘာနား ဘယ်သူတွေ ရောက်လာလဲဆိုတာ အရင်သွားကြည့်ရအောင်။”

စကားဆုံးသည်နှင့် လုချန်းက မုချင်းလန်၏ လက်ကို ကိုင်ရန် အလိုလို လက်လှမ်းလိုက်သည်။ သူ၏ ဆန့်ထုတ်ထားသော လက်ကို မြင်လိုက်ရသဖြင့် မုချင်းလန် ကြောင်အ သွားသည်။

ပြီးခဲ့တဲ့ တစ်ခေါက် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြုစဉ်က လုချန်း၏ လက်ကို သူမ ကိုင်ခဲ့ဖူးသော်လည်း ထိုအချိန်က အခြားလူများ ရှိနေခဲ့သည်။ ထို့နောက် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ၏ တည်ငြိမ်မှု မသေချာသောကြောင့်သာ အသုံးပြုရခြင်းဖြစ်ကြောင်း လုချန်းက ရှင်းပြခဲ့သည်။

သို့သော် လွန်ခဲ့သည့်နှစ်များအတွင်း တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို ပြဿနာမရှိပဲ အကြိမ်ကြိမ် အသုံးပြုခဲ့ကြသည်။ ထိုလမ်းကြောင်း တကယ် စိတ်ချရကြောင်း သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။

ယခု လက်ကိုင်ထားစရာ မလိုအပ်တော့ပေ...

မုချင်းလန် လက်မကမ်းသည်ကို မြင်လိုက်ရသဖြင့် သူနှင့် မုချင်းလန်တို့၏ ဆက်ဆံရေးမှာ ထိုအဆင့်ထိ မတက်လှမ်းရသေးကြောင်း လုချန်း သတိရလိုက်သည်။

အကယ်၍ သူမသည် သူ၏ ဇနီးထဲမှ တစ်ယောက်ဖြစ်ပါက နှစ်ခါမစဉ်းစားပဲ သူ လက်ကိုင်လိုက်မည်ဖြစ်သည်။ မုချင်းလန်သည် နောက်ဆုံးတွင် သူ၏ အမျိုးသမီး ဖြစ်လာမည်ဟု ယုံကြည်ထားသော်လည်း လက်ရှိတွင် မဖြစ်သေးပေ။

ဘာပဲဖြစ်ဖြစ် လက်ကိုင်ခြင်းက အနည်းငယ် ရင်းနှီးလွန်းနေသည်။

မုချင်းလန်ဘက်သို့ ခေါင်းလှည့်ကာ ပြုံးလျက် လုချန်း ပြောလိုက်သည်။

“ဘေးကင်းအောင်လို့ပါ”

မုချင်းလန်က

“မင်းကြီး သဘောပါပဲ”

ထို့နောက် မုချင်းလန်လည်း အလိုက်တသိ လက်လှမ်းကာ လုချန်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ လုချန်း လက်ဖဝါး၏ အနွေးဓာတ်ကို ခံစားလိုက်ရပြီး သူမ၏ စိတ်များ အလွန် လှုပ်ရှားလာသည်။

နှစ်များတစ်လျှောက် သူမသည် လုချန်းနှင့်အတူ ချန်ရန်ကမ္ဘာသို့ အကြိမ်ကြိမ် လိုက်ပါခဲ့ဖူးသော်လည်း အကြိမ်တိုင်းလိုလိုတွင် လုချန်းသည် ပိုင်ချင်းချင်း၏ လက်ကို ကိုင်ထားလေ့ရှိရာ သူမ အမြဲတမ်း အားကျခဲ့ရသည်။ ဒီတစ်ခါ လုချန်းက တခြားဘယ်သူ့ကိုမှ မခေါ်လာသလို ပိုင်ချင်းချင်းကိုလည်း ခေါ်မလာခဲ့ပေ။ နောက်ဆုံးတော့ သူ၏လက်ကို ကိုင်ရန် သူမအလှည့် ရောက်လာပြီဖြစ်သည်။

ချက်ချင်းပင် နှစ်ယောက်သား တည်နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်ထဲသို့ ဝင်ရောက်သွားပြီး ခဏအကြာတွင် ချန်ရန်ကမ္ဘာ၌ ပေါ်လာကြသည်။

ချန်ရန်ကမ္ဘာ၏ တည်နေရာရွှေ့ပြောင်းခြင်း တံခါးပေါက် အပြင်ဘက်တွင် စစ်ဆေးရေးဂိတ်တစ်ခု တည်ဆောက်ထားပြီး တပ်ဖွဲ့အင်အား အမြောက်အမြားဖြင့် စောင့်ကြပ်ထားသည်။ ဤဂိတ်ပေါက်မှတစ်ဆင့် ထျန်းချန်ကမ္ဘာမှ ကုန်ပစ္စည်းများနှင့် ချန်ရန်ကမ္ဘာမှ ကုန်ပစ္စည်းအချို့ကို သယ်ယူပို့ဆောင်လျက် ရှိသည်။

လုချန်း ရောက်ရှိလာသည်ကို မြင်လိုက်ရသဖြင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို စောင့်ကြပ်နေသော စစ်သည်များက ချက်ချင်း ဂါရဝပြုလိုက်သည်။

“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”

လုချန်းက “အင်း” ဟု ခပ်တိုးတိုး အသိအမှတ်ပြုကာ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီးနောက် ချန်ရန်ကမ္ဘာ၏ အစွန်အဖျားသို့ ရောက်ရှိရန် အလင်းအရိပ်ကို တိုက်ရိုက်အသုံးပြုလိုက်သည်။

All Chapters