← Chapters

ဘယ်လိုလုပ်... ဖြစ်နိုင်မှာလဲ.....

Vol. 81 Ch. 1206

ဘယ်လိုလုပ်... ဖြစ်နိုင်မှာလဲ.....

Vol. 81 Ch. 1206

နတ်ဆိုးနှင်အလံမှ ရောင်စုံအလင်းတန်းသည် နန်ကျင်း တာအိုဆရာ ထုတ်လွှတ်လိုက်သော နတ်ဆိုးအငွေ့အသက်နှင့် ထိတွေ့လိုက်သည်နှင့် နတ်ဆိုးအငွေ့အသက်ကို ချက်ချင်း လွင့်စင်သွားစေသည်။

ထို့ပြင် နတ်ဆိုးနှင်အလံသည် ကောင်းကင်နတ်ဆိုး စွမ်းအားကို အာရုံခံမိသကဲ့သို့ အဖြူရောင် စိတ်ဝိညာဉ်စွမ်းအားကိုလည်း ထုတ်လွှတ်ပြီး စွမ်းအားလှိုင်းများအသွင် ပြောင်းလဲကာ နန်ကျင်း တာအိုဆရာဆီသို့ တည့်တည့် ဝင်ရောက်သွားသည်။

နတ်ဆိုးနှင်အလံမှ ထွက်ပေါ်လာသော အဖြူရောင် စိတ်ဝိညာဉ်စွမ်းအားလှိုင်း နီးကပ်လာသည်နှင့်အမျှ နန်ကျင်း တာအိုဆရာ၏ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်နတ်ဆိုး စွမ်းအားသည် တဖြည်းဖြည်း ကွာကျနေပြီး ထွက်ပြေးချင်နေပုံရသည်။ သူ၏ တစ်ကိုယ်လုံးသည်လည်း ဒီရေလှိုင်းပမာ အဖြူရောင် စိတ်ဝိညာဉ်စွမ်းအား၏ ဟန့်တားခြင်းကို ခံနေရသည်။

နန်ကျင်း တာအိုဆရာ၏ မျက်နှာပေါ်၌ ချွေးစေးများ ဖုံးလွှမ်းသွားပြီး ရင်ထဲတွင် တုန်လှုပ်ချောက်ချားနေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်နတ်ဆိုး စွမ်းအားကို ဤမျှ ဖိနှိပ်ထားနိုင်သော စွမ်းအားမျိုးက ဘယ်လိုအရာမျိုးလဲ။

မဖြစ်ပါ။

ဒီလို ဆက်ဖြစ်နေလို့ မရပေ။

ထို့နောက် နန်ကျင်း တာအိုဆရာ နောက်လှည့်ပြီး ထွက်ပြေးရန် ပြင်လိုက်သော်လည်း လှည့်လိုက်သည့်အချိန်၌ ထိုလူက သူ၏ ထွက်ပြေးမည့်လမ်းကြောင်းကို ပိတ်ဆို့ထားပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။

လုချန်းသည် နတ်သတ်ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူ၏ ခန္ဓာကိုယ်အတွင်း၌ ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်ကို လည်ပတ်နေသည်။ ထို့နောက် သူ၏ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ရေခဲရှစ်ဆင့် ဓားသိုင်း...

အေးစက်သော အလင်းတန်း ရှစ်ခုသည် နန်ကျင်း တာအိုဆရာ၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ နတ်ဆိုးနှင်အလံ၏ သက်ရောက်မှုကြောင့် သူ၏ ကောင်းကင်နတ်ဆိုး စွမ်းအားက တုံ့ပြန်နိုင်စွမ်းကို များစွာ အားနည်းသွားစေသည်။ သူ မတုံ့ပြန်နိုင်မီ ဓားအလင်းတန်း ရှစ်ခုသည် သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။

မသေဆုံးမီ အချိန်ပိုင်း၌ နန်ကျင်း တာအိုဆရာ၏ မျက်လုံးများ အလွန်ပြူးကျယ်သွားခဲ့၏။ ဤကဲ့သို့ သေဆုံးသွားရတာကို သူ မယုံနိုင် ဖြစ်နေပုံရသည်။

“ဘယ်လို... ဖြစ်နိုင်မှာလဲ...”

အသံဆုံးသည်နှင့် နန်ကျင်း တာအိုဆရာ၏ ခန္ဓာကိုယ်သည် ချက်ချင်း အပိုင်းပိုင်းအစစ ကွဲကြေသွားပြီး နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်အတွင်းမှ ကောင်းကင်နတ်ဆိုး စွမ်းအားများ ထွက်ပေါ်လာကာ နေရာအနှံ့သို့ ထွက်ပြေးကြတော့သည်။

သို့သော် လုချန်းက ထိုကောင်းကင်နတ်ဆိုး စွမ်းအားများ ထွက်သွားနိုင်ရန် အခွင့်အရေး မပေးခဲ့ပေ။ နတ်ဆိုးနှင်အလံကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ရာ အလံမှ သန့်ရှင်းသော စိတ်ဝိညာဉ်စွမ်းအားက ထိုကောင်းကင်နတ်ဆိုး စွမ်းအားများကို ချက်ချင်း လွှမ်းခြုံလိုက်သည်။ ထို့နောက် ကောင်းကင်နတ်ဆိုး စွမ်းအားများသည် အစိမ်းရောင် မီးခိုးတန်းများအဖြစ် ပြောင်းလဲကာ လုံးဝ ပျောက်ကွယ်သွားသည်။

ဤမြင်ကွင်းကို အစအဆုံး ကြည့်နေကြသော ယင်မီးဂိုဏ်းမှ လူများလည်း နတ်လှေကုန်းပတ်ပေါ်တွင် အံ့အားသင့်စွာ ရပ်နေကြပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်နေကြသည်။

စစ်မာဟောင်ရန်ကတော့ လှေကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ကျသွားသည်။ သူတို့၏ ဂိုဏ်းချုပ် ပါဝင်ပါက လုယန်ဟွာပေးသော တာဝန်ကို အလွယ်တကူ ပြီးမြောက်စေနိုင်ရုံသာမက ထျန်းချန်ကမ္ဘာမှ ရတနာများကိုလည်း ရရှိနိုင်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။

သို့သော် နောက်ဆုံးတွင် ဤရလဒ် ထွက်ပေါ်လာခဲ့သည်။

ဒီလူက နတ်ဘဝပြောင်းလဲခြင်းအဆင့် အငွေ့အသက်ကိုပဲ ထုတ်လွှတ်နေတာလေ။

ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားရတာလဲ။

သူတို့၏ ဂိုဏ်းချုပ်သည် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သို့သော် ထိုပြိုင်ဘက်က သူတို့၏ ဂိုဏ်းချုပ်ကို အချိန်တိုအတွင်း သတ်ဖြတ်လိုက်သည်။

ပြေးရမယ်...

အခုချက်ချင်း ပြေးမှဖြစ်မယ်။

ယခု သူတို့၌ ရွေးချယ်စရာ တစ်ခုသာ ကျန်တော့သည်။

ထွက်ပြေးရန်ဖြစ်သည်။

သတိပြန်ဝင်လာပြီးနောက် စစ်မာဟောင်ရန်သည် တွန့်ဆုတ်မနေပဲ နတ်လှေကို ထိန်းချုပ်ကာ ဝေးနိုင်မျှဝေးအောင် ပျံသန်းထွက်ပြေးတော့သည်။ ယင်မီးဂိုဏ်းမှ လူများ ထွက်ပြေးချင်နေသည်ကို မြင်လိုက်ရသဖြင့် အလင်းအရိပ်ကို လုချန်း ထပ်မံအသုံးပြုလိုက်သည်။

ဟင်းလင်းပြင်၌ အလင်းအရိပ်ကို အသုံးပြုခြင်းက အကွာအဝေး ကန့်သတ်ချက်များ ရှိသော်လည်း နတ်လှေတစ်စင်းကို မီအောင်လိုက်ရန်ကတော့ ပြဿနာ မရှိလှပေ။ မျက်စိတစ်မှိတ်အတွင်း ယင်မီးဂိုဏ်း၏ နတ်လှေရှေ့၌ လုချန်း ပေါ်လာသည်။

သူတို့ ဆုတ်ခွာမည့်လမ်းကြောင်းကို လုချန်း ပိတ်ဆို့ထားသည်ကို မြင်လိုက်ရသဖြင့် စစ်မာဟောင်ရန် ချက်ချင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ပုံစံချကြစမ်း”

ယခုတော့ သူတို့ အသည်းအသန် တိုက်ခိုက်မှသာ ရတော့မည်ဖြစ်သည်။ မဟုတ်ပါက ဒီနေရာမှာတင် သေဆုံးကြရပေလိမ့်မည်။

စစ်မာဟောင်ရန်၏ အမိန့်အတိုင်း ယင်မီးဂိုဏ်း၏ နတ်လှေအထက်၌ ကြောက်မက်ဖွယ်ကောင်းသော အရိပ်တစ်ခု ပြန်ပေါ်လာသည်။ ထိုသတ္တဝါကြီးသည် ကြီးမားသော လက်သည်းအစုံကို ဆန့်ထုတ်လိုက်ပြီး လုချန်းကို ဖမ်းဆုပ်ရန် လက်လှမ်းလိုက်သည်။

ကောင်းကင်နတ်ဆိုး စွမ်းအားဖြင့် ဖွဲ့စည်းထားသော သတ္တဝါကြီးကို မြင်လိုက်ရသဖြင့် နတ်ဆိုးနှင်အလံကို လုချန်း နောက်တစ်ကြိမ် အသုံးပြုလိုက်ပြီး ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်ကိုလည်း ဆက်လက် အသက်သွင်းလိုက်သည်။

နတ်ဆိုးနှင်အလံမှ စိတ်ဝိညာဉ်စွမ်းအားများသည် ဒီရေလှိုင်းပမာ ထွက်ပေါ်လာပြီး သန့်စင်သော စိတ်ဝိညာဉ်စွမ်းအားက နတ်ဆိုးစွမ်းအားဖြင့် ပေါင်းစပ်ထားသော သတ္တဝါကြီး၏ ပုံရိပ်ကို ရိုက်ခတ်လိုက်သည်။ ထိုအခါ ထိုသတ္တဝါကြီးလည်း တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ အစအနမကျန် ချက်ချင်းပျောက်ကွယ်သွားသည်။

ယင်မီးဂိုဏ်းမှ အဖွဲ့ဝင်များလည်း နည်းဗျူဟာပုံစံ၏ တန်ပြန်သက်ရောက်မှုကို ခံလိုက်ရပြီး သွေးများ အန်ထုတ်လိုက်ကြသည်။ သူတို့အားလုံး လုချန်း၏ ပြိုင်ဘက် မဟုတ်ကြောင်း သိလိုက်ရသဖြင့် ထွက်ပြေးစရာ လမ်းမရှိတော့ကြောင်း စစ်မာဟောင်ရန် နားလည်လိုက်သည်။

ထိုသို့ဆိုလျှင် လမ်းတစ်ခုသာ ကျန်တော့သည်။

စစ်မာဟောင်ရန်သည် နတ်လှေကုန်းပတ်ပေါ်တွင် ဒူးထောက်ချလိုက်သည်။

“ဝါစဉ်ကြီးသူ.....ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးပါ။ ဒီကိစ္စတွေအားလုံး ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး။ အတင်းအကျပ် ခိုင်းစေခံရလို့ပါ။”

စစ်မာဟောင်ရန်၏ တောင်းပန်သံကို ကြားလိုက်ရသဖြင့် ယင်မီးဂိုဏ်းမှ အခြားအဖွဲ့ဝင်များသည်လည်း အသိပြန်ဝင်လာကြပြီး နတ်လှေကုန်းပတ်ပေါ်တွင် ဒူးထောက်ကာ ခေါင်းကို ကြမ်းပြင်နှင့်ဆောင့်၍ အသနားခံကြသည်။

ဘာပဲဖြစ်ဖြစ် သူတို့သည် ဂုဏ်သိက္ခာမဲ့သော နတ်ဆိုးကျင့်ကြံသူများ ဖြစ်ကြသည်။ လက်ရှိတွင် သူတို့ အသက်ရှင်နိုင်ဖို့က အရေးအကြီးဆုံး ဖြစ်သည်။

လုချန်းက တည်ငြိမ်သော မျက်နှာထားဖြင့် နတ်ဆိုးအငွေ့အသက်များ ထွက်ပေါ်နေသည့် ယင်မီးဂိုဏ်း၏ နတ်လှေကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။ ၎င်းတို့၏ အဓိပ္ပာယ်မဲ့သော စကားများကို သူ ဆက်နားထောင်မနေတော့ပေ။

ရေခဲရှစ်ဆင့် ဓားသိုင်း...

နောက်တစ်ခဏတွင် ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်၏ စွမ်းအားပါဝင်သော ဓားလှိုင်းများသည် ယင်မီးဂိုဏ်း၏ နတ်လှေကို ဖြတ်သန်းသွားသည်။ ထိတွေ့လိုက်သည်နှင့် ယင်မီးဂိုဏ်း အဖွဲ့ဝင်များ၏ ခန္ဓာကိုယ်များ ချက်ချင်းပင် နူးညံ့သော အလင်းမှုန်လေးများ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

နတ်ဆိုးနှင်အလံနှင့် ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်သည် နတ်ဆိုးကျင့်ကြံသူများနှင့် ကောင်းကင်နတ်ဆိုး စွမ်းအားများအပေါ် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုကို ဖြစ်ပေါ်စေသည်။ ပြန်လည်ပျက်စီးခြင်းအဆင့်၏ စွမ်းအားကို အပြည့်အဝကို မထုတ်ပဲနှင့် နတ်ဘဝပြောင်းလဲခြင်းအဆင့် စွမ်းအားကိုသာ အသုံးပြုရုံဖြင့် နန်ကျင်း တာအိုဆရာနှင့် ယင်မီးဂိုဏ်းမှ ကျန်ရှိသူများကို လုချန်း အလွယ်တကူ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

ထိုအချိန်တွင် ဖေးဟုန် နတ်လှေပေါ်ရှိ မုချင်းလန်တစ်ယောက် အတွေးထဲ နစ်မြောသွားသည်။ လုချန်းက မည်သည့်ကျင့်စဉ်ကို ကျင့်ကြံခဲ့သနည်း။ သူ၏ စိတ်ဝိညာဉ်စွမ်းအားက နတ်ဆိုးအငွေ့အသက်နှင့် ကောင်းကင်နတ်ဆိုး စွမ်းအားအပေါ် အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုမျိုး ပိုင်ဆိုင်ထားသနည်းဟု သူမ သိလိုစိတ် ပြင်းပြနေသည်။

သူတော်စင်အဆင့်ဖြစ်သော သူမပင်လျှင် အစောပိုင်းက ကောင်းကင်နတ်ဆိုး စွမ်းအား၏ သက်ရောက်မှုကို အနည်းငယ် ခံစားခဲ့ရသည်။ သို့သော် လုချန်းမှာမူ သက်ရောက်ခံရမှု မရှိရုံသာမက စွမ်းအားအပြည့်အဝ မထုတ်ပဲနှင့်ပင် ထိုနတ်ဆိုးကျင့်ကြံသူများကို သတ်ဖြတ်နိုင်ခဲ့သည်။

လုချန်း ကျင့်ကြံသော ကျင့်စဉ်ကို မုချင်းလန် အလွန်စိတ်ဝင်စားသွားသည်။ ကျင့်ကြံသူများအတွက် ကောင်းကင်နတ်ဆိုးများသည် သဘာဝရန်သူများ ဖြစ်ကြသည်။ ကျင့်ကြံသူတိုင်းလိုလို၏ ရင်ထဲတွင် ကောင်းကင်နတ်ဆိုးများကို ကြောက်ရွံ့မှု အနည်းငယ် ရှိကြပြီး သူတော်စင်အဆင့်များလည်း ခြွင်းချက် မဟုတ်ပေ။

လွန်ခဲ့သော နှစ်ရာပေါင်းများစွာက နတ်ဘဝပြောင်းလဲခြင်းအဆင့် စွမ်းအားသာရှိသော ကောင်းကင်နတ်ဆိုးတစ်ကောင် ကောင်းကင်မီးနိုင်ငံတော်တွင် ပေါ်လာခဲ့ဖူးသည်။ ထိုစဉ်က သူတော်စင်အဆင့်ဖြစ်သော မုချင်းလန်ပင်လျှင် ၎င်းကို ရှင်းလင်းရန် အားကုန်ထုတ်ခဲ့ရသည်။

ကောင်းကင်နတ်ဆိုးများနှင့် ပတ်သက်သည့် အကြီးမားဆုံး ပြဿနာမှာ လူသားများ၏ ကြောက်ရွံ့မှုနှင့် မကောင်းသော စိတ်ခံစားချက်များကို စုပ်ယူပြီး လျင်မြန်စွာ ကြီးထွားနိုင်စွမ်း ရှိခြင်းဖြစ်သည်။ ကောင်းကင်နတ်ဆိုး စွမ်းအားသည် ကျင့်ကြံသူများ၏ အသိစိတ်ကိုလည်း သက်ရောက်မှု ရှိစေနိုင်သဖြင့် အားအနည်းဆုံး ကောင်းကင်နတ်ဆိုးများကိုပင် ကိုင်တွယ်ရန် အလွန်ခက်ခဲသည်။

ကောင်းကင်ဧကရာဇ် အသုံးပြုသော ကျင့်စဉ်ကိုသာ သူမ ကျင့်ကြံနိုင်ပါက ကောင်းကင်မီးမျိုးနွယ်သည် ကောင်းကင်နတ်ဆိုးများကို ကြောက်ရွံ့ရန် မလိုတော့ပေ။

သို့သော်...

ကောင်းကင်နတ်ဆိုးများကို ဖိနှိပ်နိုင်စွမ်းရှိသော ကျင့်စဉ်သည် သာမန်မဟုတ်ကြောင်း ထင်ရှားသည်။ ကောင်းကင်ဧကရာဇ်၏ အစေခံတစ်ဦး ဖြစ်နေသဖြင့် ထိုကျင့်စဉ်အတွက် လုချန်းကို မည်သို့ချဉ်းကပ်ရမည်မှန်း မုချင်းလန် မသိပေ။

မုချင်းလန် အတွေးထဲ နစ်မြောနေစဉ် ဖေးဟုန်နတ်လှေပေါ်သို့ လုချန်း ပြန်ရောက်လာသည်။

“ကဲ...... ကိစ္စပြီးပြီဆိုတော့ ပြန်ကြစို့”

ထို့နောက် သူတို့ ချန်ရန်ကမ္ဘာသို့ ပြန်လာခဲ့ကြသည်။

ချန်ရန်ကမ္ဘာထဲသို့ ဝင်ရောက်ပြီးနောက် လုချန်းက တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံဆီသို့ ချက်ချင်း မသွားပဲ ကျိရှောင်နိုင်ငံတော်၏ နန်းတော်သို့ သွားရောက်ခဲ့သည်။

သူဘာဆက်လုပ်မလဲဆိုတာကို အမျိုးသမီးသုံးဦးစလုံး ကောင်းစွာ သိကြသည်။ ထိုနတ်ဆိုးမနှစ်ကောင်နှင့် အချိန်ဖြုန်းရန် လုချန်း ထပ်မံသွားရောက်ဦးမည်ကို တွေးမိပြီး မုချင်းလန် အတော်လေး စိတ်ပျက်အားလျော့သွားသည်။

ဖရိုဖရဲကြယ်ပင်လယ်သို့ ရောက်ရှိလာကတည်းက လုချန်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေရန် နည်းလမ်းများစွာကို သူမ အမြဲတမ်း စဉ်းစားနေခဲ့သည်။ လုချန်း၏ ဇနီးများနှင့် အဆင်ပြေအောင် သူမ ကြိုးစားခဲ့ပြီး သူတို့ထံမှတစ်ဆင့် လုချန်း၏ စိတ်ကို ပြောင်းလဲစေရန်နှင့် ကျင့်စဉ်အပေါ် အာရုံစိုက်လာစေရန် မျှော်လင့်ခဲ့သည်။

သို့သော် သူမ၏ နည်းလမ်း လုံးဝ အရာမထင်ကြောင်း ထင်ရှားသည်။ ထိုနတ်ဆိုးမများတွင် ပြဿနာ ရှိနေခြင်း မဟုတ်ကြောင်း လည်း မုချင်းလန် သိသည်။ ကျင့်စဉ်အပေါ် အာရုံစိုက်ရန် ထိုနတ်ဆိုးမများကပင် လုချန်းကို တိတ်တဆိတ် ဖျောင်းဖျခဲ့ကြမှန်း သူမ သိသည်။

သို့သော် လုချန်းကတော့ မိန်းမကိစ္စထဲတွင်သာ နစ်မြောနေဆဲ ဖြစ်သည်။

အိပ်ဆောင်အတွင်းသို့ ဝင်ရောက်စဉ် နန်းကုန်းညီအစ်မများကို လုချန်း ပွေ့ဖက်ထားသည်ကို မြင်လိုက်ရသဖြင့် ပြောမပြတတ်သော စိုးရိမ်ပူပန်မှုတစ်ခုကို မုချင်းလန် ခံစားလိုက်ရသည်။

ဒီဘဝမှာ ကောင်းကင်ဧကရာဇ်က ဒီလောက်အထိ နိမ့်ကျသွားပြီပဲ။

အခု ဘာလုပ်ရမလဲ။

All Chapters