← Chapters

တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ တည်ဆောက်ခြင်း

Vol. 81 Ch. 1209

တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ တည်ဆောက်ခြင်း

Vol. 81 Ch. 1209

လက်ရှိပိုင်နက်နယ်မြေများကို ကျော်လွန်၍ နယ်မြေချဲ့ထွင်ရန် လုချန်း စဉ်းစားခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် တောင်ဝင်တောင်တန်း ကြယ်နယ်မြေတွင် ဧကရာဇ်တစ်ပိုင်း အဆင့်ရှိသူတစ်ဦး ရှိနေသည်ကို သတိရမိတိုင်း သူ့စိတ်ထဲမှ မငြိမ်မသက်မှုများကို ဖိနှိပ်ထားခဲ့ရသည်။

လောလောဆယ်တွင် ဧကရာဇ်တစ်ပိုင်းအဆင့်ကို ယှဉ်ပြိုင်နိုင်မည့် အင်အားမျိုး သူ့တွင် မရှိသေးပေ။ လက်ရှိတွင် အသံတိတ်နေခြင်းက သူ့အတွက် ပိုကောင်း၏။ ထို့ပြင် မကြာသေးမီနှစ်များအတွင်း သူ့အင်အားသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူ သူတော်စင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် အချိန်အကြာကြီး လိုတော့မည် မဟုတ်ပေ။

ရင်သွေးကမ္ဘာများနှင့် ဇနီးများက သူ့ကို များစွာ ကူညီပေးခဲ့သည်။ အထူးသဖြင့် ထိုရင်သွေးကမ္ဘာများအတွင်းရှိ မူလအစစွမ်းအားများကြောင့် ဖြစ်သည်။ ဇနီးသည်များ၏ ရင်သွေးကမ္ဘာများမှ ကံတရားစွမ်းအား မြင့်တက်လာချိန် သို့မဟုတ် ထူးခြားသည့် အဖြစ်အပျက်တစ်ခုခု ဖြစ်ပေါ်လာချိန်တိုင်း မူလစွမ်းအား အငွေ့အသက်အချို့ကို သူရရှိလေ့ရှိသည်။

ရရှိလာသော မူလစွမ်းအားကို သန့်စင်ခြင်းဖြင့် သူ့ကျင့်ကြံခြင်းအဆင့်လည်း လျင်မြန်စွာ တိုးတက်လာနိုင်သည်။ မူလစွမ်းအားကို ပိုင်ဆိုင်ထားခြင်းကြောင့် စနစ်က ပေးအပ်လာသည့် မည်သည့်ကျင့်စဉ်ကိုမဆို တစ်ချက်ကြည့်ရုံဖြင့် သူ တတ်မြောက်နိုင်ပေသည်။

ထို့ပြင် ဇနီးသည်များ၏ စွမ်းအား တိုးတက်လာမှုမှတစ်ဆင့် ကျင့်ကြံခြင်းဆိုင်ရာ တုံ့ပြန်မှုအချို့ကို သူရရှိနိုင်သောကြောင့် ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်ကလည်း လုချန်းကို များစွာ အကျိုးရှိစေခဲ့သည်။

ယခုအခါ သူ တစ်ကိုယ်တည်း ကျင့်ကြံနေခြင်း မဟုတ်သောကြောင့် ကျင့်ကြံခြင်းတွင် သူ၏ တိုးတက်မှုနှုန်းမှာ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်လာခဲ့သည်။

ဤအရာကို မုချင်းလန်က လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့သည်။ လုချန်း၏ ဘေးနားတွင် သူမ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း သူက မည်သည့်အခါကမှ အလေးအနက်ထား၍ မကျင့်ကြံခဲ့ပေ။ အများဆုံးအနေနှင့် စိတ်ပါသည့်အခါမျိုးတွင်သာ ရံဖန်ရံခါ တရားထိုင်လေ့ရှိသော်လည်း အချိန်အများစုကို အမျိုးသမီးများနှင့်သာ လုချန်း ကုန်ဆုံးလေ့ရှိသည်။

လုချန်းကို ကြည့်ရင်း သူမ စိုးရိမ်ပူပန်နေရသည့် အကြောင်းရင်းမှာလည်း ဤအရာကြောင့်ပင် ဖြစ်သည်။ သို့သော် ယခုလို ယိုယွင်းပျက်စီးသည့် လမ်းကြောင်းပေါ်မှ ဆွဲတင်ရန် တင်းကျပ်သော အစီအမံများ ပြုလုပ်ခြင်းမှ သူမ ရှောင်ကြဉ်ခဲ့သည်။

လုချန်း၏ ကျင့်ကြံခြင်းအဆင့် လုံးဝ တိုးတက်လာခြင်း မရှိပါက သူ၏ ဇနီးများအပေါ် ပြင်းထန်သော အစီအမံများ သူမ ပြုလုပ်မိနိုင်သည်။ ထိုနတ်ဆိုးမများ သေဆုံးသွားလျှင် လုချန်းတစ်ယောက် ကျင့်ကြံခြင်း၌ အာရုံစိုက်လာလိမ့်မည်ဟုပင် အစပိုင်း၌ သူမ တွေးတောမိခဲ့ဖူးသည်။

သို့သော် ထိုအတွေးများက သူမ၏ စိတ်ထဲတွင် ခဏတာသာ ဖြတ်သန်းသွားခဲ့ခြင်းဖြစ်သည်။ လုချန်း၏ ကျင့်စဉ်အဆင့် လျင်မြန်စွာ တိုးတက်လာသည်ကို မြင်တွေ့ရသောအခါ ထိုအတွေးများကို သူမ ဖျောက်ဖျက်ပစ်လိုက်သည်။

ယခင်ဘဝ ကောင်းကင်ဧကရာဇ်ပင်လျှင် ကျင့်စဉ်အဆင့်ကို ဤမျှမြန်မြန် ပြန်လည်မရယူနိုင်ခဲ့ဟု သူမ ခံစားမိသည်။ ကောင်းကင်ဧကရာဇ်သာ အလေးအနက်ထား ကျင့်ကြံမည်ဆိုပါက သူ့စွမ်းအားများ အပြည့်အဝ ပြန်လည်ရရှိရန် အချိန်အကြာကြီး လိုလိမ့်မည် မဟုတ်ပေ။

လုချန်းသည် ဖေးဟုန်နတ်လှေပေါ်သို့ ရောက်သွားပြီး ကုန်းပတ်ပေါ်တွင် ရပ်ကာ အဝေးရှိ အဆုံးမရှိသော အမှောင်ထု ဟင်းလင်းပြင်ကြီးကို ငေးကြည့်လိုက်သည်။

ဖရိုဖရဲ ကြယ်ပင်လယ်၏ အစွန်းဘက်သို့ ဖေးဟုန်နတ်လှေ နီးကပ်လာသည်နှင့်အမျှ အဆုံးမရှိသော အမှောင်ထုကြီးကို ရင်ဆိုင်လိုက်ရသည်။ ထို့နောက်မှသာ အလင်းစက်အချို့ တဖြည်းဖြည်း ပေါ်ထွက်လာ၏။ ထိုအလင်းစက်များသည် သက်ရှိများ နေထိုင်ရာ ကမ္ဘာများဖြစ်ကြောင်း လုချန်း နားလည်လိုက်သည်။

ထိုအချိန်တွင် တစ်စုံတစ်ခုကို လုချန်း ရုတ်တရက် တွေးမိလိုက်ပြီး မုချင်းလန်အား

“လန်..... လတ်တလော ကိုယ့်ဆီမှာ အလုပ် သိပ်မရှိဘူး။ ကောင်းကင်မီးကမ္ဘာကို သွားလည်မလားလို့။ မင်း ကိုယ်နဲ့အတူ လိုက်ခဲ့မလား။”

ထိုစကားကို ကြားသောအခါ လုချန်းက ထိုသို့တောင်းဆိုလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် မုချင်းလန် ခဏခန့် မှင်တက်သွားသည်။

သို့သော် သူမ လျင်မြန်စွာ စဉ်းစားလိုက်ပြီး မဖြစ်နိုင်စရာ အကြောင်းမရှိဟု တွေးလိုက်သည်။ ကောင်းကင်မီးမျိုးနွယ်ဝင်များ အားလုံးက လုချန်းကို အလွန် ကျေးဇူးတင်ကြပြီး ကောင်းကင်ဧကရာဇ် မသေဆုံးသေးကြောင်းနှင့် သူတို့ဆီကို လာရောက်လည်ပတ်ကြောင်း သိသွားပါက အလွန် ဝမ်းမြောက်ကြလိမ့်မည် ဖြစ်သည်။

သို့သော်...

မုချင်းလန်၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုတစ်ခု ခံစားလိုက်ရသည်။ လုချန်း၏ ဘေးနားသို့ သူမ ရောက်ရှိလာခဲ့သည်မှာ နှစ်အနည်းငယ် ကြာခဲ့ပြီ ဖြစ်သော်လည်း ကောင်းကင်ဧကရာဇ် ပြန်လည်းဝင်စားပြီး ဖရိုဖရဲ ကြယ်ပင်လယ်တွင် ရှိနေကြောင်းကို ယခုအချိန်အထိ လူနည်းစုသာ သိထားကြသည်။

ဖရိုဖရဲ ကြယ်ပင်လယ်တွင် ကောင်းကင်ဧကရာဇ် ရှိနေကြောင်း သိသူများမှာ ကောင်းကင်မီးမျိုးနွယ်မှ အဆင့်မြင့်အရာရှိများနှင့် ဖရိုဖရဲ ကြယ်ပင်လယ်သို့ ရောက်ရှိလာသော ကောင်းကင်မီးမျိုးနွယ်ဝင်များသာ ဖြစ်ကြသည်။

ကောင်းကင်ဧကရာဇ် ပြန်လည်ဝင်စားခြင်းကို ကောင်းကင်မီးမျိုးနွယ်ဝင် အများစု မသိသလို ကောင်းကင်မီးနိုင်ငံတော်မှ လူများလည်း မသိပေ။

ကောင်းကင်ဧကရာဇ် ကောင်းကင်မီးနိုင်ငံတော်သို့ ပြန်လာသော သတင်းပျံ့နှံ့သွားပါက ကောင်းကင်မီးမျိုးနွယ်ဝင်များကို အလွန် ပျော်ရွှင်စေမည် ဖြစ်သော်လည်း ကောင်းကင်ဧကရာဇ် ရှိနေသေးကြောင်း သတင်းကို ကောင်းကင်မီးနိုင်ငံတော်ရှိ အခြားသူများလည်း သိသွားနိုင်သည်။

ကောင်းကင်မီးနိုင်ငံတော်အတွင်း၌ တောင်ဝင်တောင်တန်း ဧကရာဇ်တစ်ပိုင်းကို သစ္စာခံရန် စဉ်းစားနေသူ အမြောက်အမြား ရှိနေသည်။ ကောင်းကင်မီးမျိုးနွယ်က သစ္စာစောင့်သိသော ကောင်းကင်ဧကရာဇ် အသက်ရှင်နေသေးကြောင်း ထိုသူများ သိသွားပါက ဤသတင်းအချက်အလက်ကို တောင်ဝင်တောင်တန်း ဧကရာဇ်တစ်ပိုင်း၏ လက်အောက်ငယ်သားများထံ ဖောက်သည်ချ ကြလိမ့်မည်။ ထို့နောက် ကောင်းကင်မီးကမ္ဘာကို တိုက်ခိုက်ရန် စစ်တပ်ကြီး စေလွှတ်လာနိုင်သည့် အခြေအနေမျိုး ဖြစ်လာနိုင်သည်။

သို့သော် ကောင်းကင်မီးကမ္ဘာသည် တောင်ဝင်တောင်တန်း ဧကရာဇ်တစ်ပိုင်း၏ လက်အောက်ငယ်သားများကို မကြောက်ရွံ့ပေ။ မုချင်းလန် အကြောက်ဆုံးအရာမှာ လုချန်းသည် ဝင်စားပြီးကာစသာ ရှိသေးပြီး အင်အား အပြည့်အဝ ပြန်လည်မရရှိသေးကြောင်း တောင်ဝင်တောင်တန်း ဧကရာဇ်တစ်ပိုင်း၏ လူများက သိသွားမည်ကို ဖြစ်သည်။

လုချန်း အင်အား ပြန်လည်မရရှိသေးကြောင်း တောင်ဝင်တောင်တန်း ဧကရာဇ်တစ်ပိုင်း၏ လက်အောက်ငယ်သားများ သိသွားသည်နှင့် လုချန်းကို သတ်ရန် တတ်နိုင်သမျှ လုပ်ဆောင်ကြမည်မှာ သေချာသည်။ ထိုအရာက သူ့ကို အန္တရာယ်ကြီးကြီးမားမား ဖြစ်စေနိုင်သည်။

အတော်ကြာ စဉ်းစားပြီးနောက် မုချင်းလန်က

“မင်းကြီး..... ကောင်းကင်မီးနိုင်ငံတော်က တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှာ တည်ရှိနေတာပါ။ မင်းကြီး ရှိနေတာကို တောင်ဝင်တောင်တန်း ဧကရာဇ်တစ်ပိုင်း သိသွားရင် မင်းကြီးအတွက် အကျိုးမရှိ ဖြစ်သွားနိုင်ပါတယ်။”

လုချန်းက ခပ်အေးအေးပင်

“သူက တံခါးပိတ် ကျင့်စဉ်စခန်းဝင်နေတာ မဟုတ်ဘူးလား။ သူ့လို အဆင့် ရှိတဲ့သူတစ်ယောက်အတွက် တံခါးပိတ် ကျင့်စဉ်စခန်းဝင်ရင် ကြာချိန်က နှစ်တစ်ထောင်အောက် မနည်းသင့်ဘူး။ နောက်ပြီး ကိုယ်က လျှို့လျှို့ဝှက်ဝှက် သွားမှာပါ။ သူ သတိထားမိ လောက်မှာ မဟုတ်ဘူး။”

လုချန်း၏ အစီအစဉ်မှာ ကောင်းကင်မီးကမ္ဘာသို့ အရင်သွားပြီး ထိုနေရာတွင် သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံတစ်ခု တည်ဆောက်ရန် ဖြစ်သည်။ ထိုအခါမှသာ အနာဂတ်တွင် တောင်ဝင်တောင်တန်း ကြယ်နယ်မြေနှင့် စစ်ခင်းရန် ဆုံးဖြတ်လိုက်ပါက ရှနိုင်ငံတော်၏ စစ်တပ်များ ကောင်းကင်မီးနိုင်ငံတော်ရှိ သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံမှတစ်ဆင့် တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ တိုက်ရိုက် သွားရောက်နိုင်မည် ဖြစ်သည်။

မုချင်းလန် ခဏခန့် တုံ့ဆိုင်းနေပြီး

“ဒါပေမဲ့...”

လုချန်းက

“ကောင်းကင်မီးကမ္ဘာမှာ သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံတစ်ခု တည်ဆောက်ဖို့ ကိုယ် စီစဉ်ထားတယ်။ ဒါမှ နောက်ပိုင်း ကောင်းကင်မီးမျိုးနွယ်က လူတွေ ဖရိုဖရဲ ကြယ်ပင်လယ်ကို လာချင်ရင် သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို သုံးပြီး မြန်မြန်ဆန်ဆန် ရောက်လာနိုင်မှာ။”

လုချန်း၏ စကားကို ကြားသောအခါ မုချင်းလန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ထျန်းချန်ကမ္ဘာရှိ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းဆက ကောင်းကင်မီးကမ္ဘာထက် ပို ကြွယ်ဝပေသည်။ ကောင်းကင်မီးမျိုးနွယ်ဝင်များ ထျန်းချန်ကမ္ဘာသို့ လာရောက်ကြပါက သူတို့၏ ကျင့်ကြံနှုန်း ပိုမြန်လာမှာ သေချာသည်။ ထိုအရာက ကောင်းကင်မီးမျိုးနွယ်တစ်ခုလုံး၏ အင်အားအတွက် အကျိုးရှိစေမည် ဖြစ်သည်။

ကောင်းကင်မီးမျိုးနွယ်ဝင် ဖြစ်သော မုချင်းလန်သည်လည်း သူမ၏ မျိုးနွယ်ဝင်များ ပို သန်မာလာသည်ကို မြင်တွေ့ရလျှင် အလွန် ဝမ်းမြောက်မိမည် ဖြစ်သည်။

မုချင်းလန် စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် လုချန်းက အချိန်‌နေရာကြေးမုံကို ထုတ်ယူလိုက်ပြီး ကောင်းကင်မီးကမ္ဘာမှ မုကျန့်ချင်းကို ချက်ချင်း ဆက်သွယ်လိုက်သည်ကို မြင်လိုက်ရသည်။

ကြေးမုံထဲတွင် လုချန်းကို မြင်လိုက်ရသည်နှင့် မုကျန့်ချင်းက လျင်မြန်စွာ ဂါရဝပြုလိုက်သည်။

“ကောင်းကင်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်”

ထို့နောက် လုချန်း၏ ဘေးနားတွင် ရပ်နေသော မုချင်းလန်ကို မုကျန့်ချင်း လှမ်းကြည့်လိုက်ပြီး သူမ၏ ဆန္ဒများ ပြည့်ဝသွားပြီလားဟု တွေးတောမိလိုက်သည်။

မုကျန့်ချင်းက

“ကောင်းကင်ဧကရာဇ် ဘာများ အလိုရှိပါသလဲ”

ယခုနှစ်များအတွင်း ဝိညာဉ်ကျောက်တုံးကဲ့သို့သော ကျင့်ကြံခြင်း အရင်းအမြစ်အချို့ကို ဖရိုဖရဲ ကြယ်ပင်လယ်သို့ ပို့ဆောင်ပေးရန်သာ ကောင်းကင်မီးကမ္ဘာကို လုချန်း တောင်းဆိုခဲ့ပြီး ထို့ထက်ပို၍ ကြီးကြီးမားမား တောင်းဆိုခြင်း မရှိခဲ့ပေ။

လုချန်းစတင် မေးခွန်းထုတ်လိုက်သည်။

“ခင်ဗျားကို စုံစမ်းခိုင်းထားတဲ့ ကိစ္စ ဘယ်လို အခြေအနေရှိလဲ။”

ချန်ဟိုင်ဂိုဏ်းသည် ဖရိုဖရဲ ကြယ်ပင်လယ် တည်ရှိနေကြောင်းကို သိထားသဖြင့် ချန်ဟိုင်ဂိုဏ်းနှင့် ပတ်သက်၍ လုချန်း ပိုစိုးရိမ်နေသည်။ ချန်ဟိုင်ဂိုဏ်းမှ လူများ နောက်ဆုံး စေလွှတ်ခဲ့သည်မှာ နှစ်အနည်းငယ် ကြာပြီ ဖြစ်သော်လည်း သူတို့က အခွင့်အရေးကို စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်သည်။

ထို့ပြင် ချန်ဟိုင်ဂိုဏ်းက ဖရိုဖရဲ ကြယ်ပင်လယ် ရှိနေကြောင်း သတင်းကို ပေါက်ကြားစေပြီး တောင်ဝင်တောင်တန်း ဧကရာဇ်တစ်ပိုင်း၏ အာရုံစိုက်မှုကို ရရှိသွားပါက ထျန်းချန်ကမ္ဘာတွင် လုံးဝ ကပ်ဘေးဆိုက်ရောက် သွားနိုင်သည်။

ထို့ကြောင့် ဖရိုဖရဲ ကြယ်ပင်လယ်နှင့် ပတ်သက်သော သတင်းအချက်အလက်များ မပေါက်ကြားစေရန် ချန်ဟိုင်ဂိုဏ်း၏ တည်နေရာကို ရှာဖွေပြီး သူတို့၏ အင်အား အတိအကျကို ဖော်ထုတ်ကာ ကြိုတင်၍ သုတ်သင်ရှင်းလင်းလိုခြင်း ဖြစ်သည်။

ချန်ဟိုင်ဂိုဏ်းအကြောင်း လုချန်း မေးလာသည်ကို ကြားသောအခါ မုကျန့်ချင်းက

“ချန်ဟိုင်ဂိုဏ်း တည်ရှိတဲ့ ကမ္ဘာကို ကျွန်တော်တို့ ရှာတွေ့ထားပြီးပါပြီ။ ပြီးတော့ ချန်ဟိုင်ဂိုဏ်းရဲ့ အင်အားကိုလည်း စုံစမ်းထားပြီးပါပြီ။”

ကောင်းကင်မီးနိုင်ငံတော်သည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေတစ်ခုလုံးတွင် အတော်အတန် အင်အားကြီးမားပြီး သူတို့၏ ကုန်သည်အဖွဲ့များသည် နေရာအနှံ့ ပျံ့နှံ့နေသောကြောင့် ဂိုဏ်းတစ်ခုအကြောင်း သတင်းအချက်အလက် ရယူရန် အခက်အခဲ မရှိလှပေ။

လုချန်းက ခပ်အေးအေး လေသံဖြင့်

“ပြောပါ.....ချန်ဟိုင်ဂိုဏ်းက ဘယ်လောက်တောင် အင်အားကြီးလဲ”

All Chapters