← Chapters

ထျန်းဟုန်ဧကရီကို ပြန်လည်အသက်သွင်းခြင်း

Vol. 81 Ch. 1211

ထျန်းဟုန်ဧကရီကို ပြန်လည်အသက်သွင်းခြင်း

Vol. 81 Ch. 1211

လုချန်း သူမကို ပြန်လည်အသက်သွင်းပေးမည့် ကိစ္စနှင့်ပတ်သက်ပြီး ထျန်းဟုန်ဧကရီ မျှော်လင့်ချက် မထားတော့ပေ။

သူမကို ပြန်လည်အသက်သွင်းနိုင်စွမ်း လုချန်း၌ တကယ် ရှိပါက ယခုအချိန်တွင် ပြုလုပ်ပြီးလောက်ပြီ ဖြစ်သည်။

နတ်လှေပေါ်တွင် သူမကို ပြန်လည်အသက်သွင်းပေးမည်ဟု လုချန်း ပြောခဲ့ခြင်းက သူမထံ၌ ကိုယ်ပိုင်အသိစိတ် ရှိမရှိ စမ်းသပ်လိုသော လှည့်ကွက်တစ်ခုသာ ဖြစ်မည်ဟု ယခုအခါ သူမ ယုံကြည်နေသည်။

ထိုအချိန်က သူမ တုံ့ပြန်မှု လုံးဝမရှိခဲ့ခြင်းကြောင့် သူမ၌ ကိုယ်ပိုင်အသိစိတ် မရှိကြောင်း လုချန်း ယုံကြည်သွားပုံရသည်။ ထို့ကြောင့် သူမကို စိတ်မဝင်စားတော့ပဲ ဖေးဟုန် နတ်လှေကို သူ၏ ကိုယ်တွင်းကမ္ဘာထဲ၌ ထိုအချိန်မှစ၍ ပစ်ထားခဲ့ခြင်း ဖြစ်သည်။

မိမိကိုယ်တိုင်ပင် ပြန်လည်အသက်မသွင်းနိုင်လျှင် အခြားသူများက မည်သို့ လုပ်ဆောင်ပေးနိုင်မည်နည်း။

တစ်နေ့တွင် သူမကိုယ်သူမ ပြန်လည်အသက်သွင်းရန် အခွင့်အရေး ရရှိမည်ဟု မျှော်လင့်လျက် ဝိညာဉ်စွမ်းအားများကိုသာ ဆက်လက်စုဆောင်းနေခဲ့ရတော့သည်။

မလှုပ်မယှက်ဖြစ်နေသော ထျန်းဟုန် ဧကရီကို အတွေးနက်နေဟန်ဖြင့် လုချန်း ကြည့်လိုက်သည်။ ထို့နောက် ပြုံးလျက်

“ဟုန်ဟုန်... ကိုယ် တကယ် တောင်းပန်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကိုယ် အရမ်းအလုပ်ရှုပ်နေခဲ့လို့ပါ။ မင်းအတွက် ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးမယ်လို့ ပြောခဲ့ပေမဲ့ နောက်ဆုံးတော့ ကိုယ် မေ့သွားခဲ့တယ်။”

ထိုစကားကို ကြားလိုက်ရသော်လည်း ထျန်းဟုန်ဧကရီသည် အပြင်ပန်း၌ မည်သည့်တုံ့ပြန်မှုမျှ မပြသပေ။ စိတ်ထဲတွင်မူ နှာခေါင်းရှုံ့လိုက်သည်။

အလုပ်ရှုပ်တယ် ဟုတ်လား။

လုချန်းနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့ပြီးနောက် သူ ဘယ်လိုလူစားမျိုးလဲဆိုတာ သူမ မသိပဲ နေမှာလား။

သူ အလုပ်ရှုပ်နေသည်ဟု ဆိုခြင်းက မိန်းမများနှင့် အလုပ်ရှုပ်နေခြင်းသာ ဖြစ်လောက်သည်။

ဘာပဲဖြစ်ဖြစ် ဒီလိုရာဂစိတ်ပြင်းထန်တဲ့လူကို စိတ်ဆိုးနေလို့ ဘာအကြောင်းထူးမှာလဲ။

ဤလူ ကျင့်စဉ်အတွက် အချိန်ပိုပေးရန်သာ ယခု သူမ မျှော်လင့်မိတော့သည်။ သို့မှသာ သူမ၏ ဝိညာဉ်စွမ်းအားကို ပြန်လည်ရယူရန် အခွင့်အရေး ရရှိနိုင်မည်ဖြစ်သည်။

လုချန်း ကျင့်ကြံလိုက်တိုင်း သူ၏ ပတ်ဝန်းကျင်တွင် ထူးဆန်းသော နယ်ပယ်တစ်ခု ဖြစ်ပေါ်လာလေ့ရှိသည်။ ထိုအရာက သူမ၏ ဝိညာဉ်စွမ်းအားကို တိုးတက်လာစေသည်။

သူမကို ပြန်လည်အသက်သွင်းနိုင်စွမ်း လုချန်း၌ မရှိဟု သူမ ခံစားရသည်။ သို့သော် သူမ၏ ဝိညာဉ်စွမ်းအား ပြန်ရအောင် ကူညီပေးနိုင်သည့် အချက်က သူ့ဘေးနားတွင် နေထိုင်ခြင်းသည် အကျိုးကျေးဇူးများ ရှိနေသည်ဟု ဆိုလိုနေသေးသည်။

သို့သော် ဤရာဂစိတ်ပြင်းထန်သူသည် ထိုကိစ္စရပ်များ၌သာ အချိန်ကုန်နေတတ်သည်။ ထို့ကြောင့် သူ ကျင့်ကြံစဉ် ဖြစ်ပေါ်လာသော နယ်ပယ်ကို အသုံးပြု၍ သူမ၏ ဝိညာဉ်စွမ်းအားကို ပြန်လည်ရယူရန် အခွင့်အရေးက နည်းပါးနေဆဲဖြစ်သည်။

လုချန်းကို တက်ကြွစွာ ကျင့်ကြံလာစေဖို့ တိုက်တွန်းရန်အတွက် သူမ၌ ကိုယ်ပိုင်အသိစိတ် ရှိကြောင်း ထုတ်ဖော်ပြသရန်ပင် ထျန်းဟုန်ဧကရီ စဉ်းစားခဲ့ဖူးသည်။

သို့သော် အတော်ကြာ စဉ်းစားပြီးနောက် သူမ ထိုအကြံအစည်ကို လက်လျှော့လိုက်သည်။ သူမ ဤလူကို သဘောမကျသောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် ထျန်းဟုန်ဧကရီ၏ ရှေ့သို့ လုချန်း လျှောက်သွားပြီး သူမ၏ ရင်သပ်ရှုမောဖွယ် လှပသော မျက်နှာကို စိုက်ကြည့်နေသည်။ သို့သော် သူမ၏ မျက်နှာတွင် အပြောင်းအလဲ မရှိပေ။ ပုံမှန်အတိုင်းပင် အသက်မဲ့နေသော အေးစက်သည့် ရုပ်တုတစ်ခုကဲ့သို့ ဖြစ်နေသည်။

နှစ်ပေါင်းများစွာ အဆက်အသွယ်မလုပ်ပဲ ကိုယ်တွင်းကမ္ဘာထဲတွင် လျစ်လျူရှုထားခဲ့သောကြောင့် လှေဝိညာဉ် စိတ်ဆိုးနေပုံရသည်ဟု လုချန်း တွေးလိုက်သည်။

ထို့နောက် လုချန်းလည်း စကားအမြောက်အမြား မပြောတော့ပဲ ကိုယ်တွင်းကမ္ဘာထဲမှ နဂါးဖီးနစ်သစ်ပင်၏ အကိုင်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထျန်းဟုန်၏ ခန္ဓာကိုယ်ကို ဖန်တီးရန် လိုအပ်သော ပစ္စည်းများကို သူ ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သည်။

ထို့နောက် လုချန်း ခြေချိတ်ထိုင်လိုက်ပြီး ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို စတင်လည်ပတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အသက်ဓာတ်စွမ်းအားများသည် နဂါးဖီးနစ်သစ်ကိုင်းထဲသို့ တဖြည်းဖြည်း ဝင်ရောက်သွားသည်။ ထိုအခါ ခြောက်သွေ့နေသော သစ်ကိုင်းမှ အညွန့်သစ်အချို့ ထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင် သူ၏ စွမ်းအားအားလုံးကို နဂါးဖီးနစ်သစ်ကိုင်းက စုပ်ယူလိုက်သကဲ့သို့ လုချန်း ခံစားလိုက်ရသည်။ လူတစ်ဦးကို ပြန်လည်အသက်သွင်းရန်အတွက် များပြားလှသော အသက်ဓာတ်စွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအားများ လိုအပ်ကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။

နဂါးဖီးနစ်သစ်ကိုင်းများသည် အသက်ဒာတ်စွမ်းအား အမြောက်အမြားကို စုပ်ယူပြီးနောက် လူသားတစ်ဦး၏ ပုံသဏ္ဍာန်အဖြစ် ကြီးထွားလာသည်။ ဤအချိန်တွင် လုချန်း၏ တစ်ကိုယ်လုံး၌ ချွေးစေးများ ထွက်ပေါ်လာသည်။

ပစ္စည်းကပ် ဝိညာဉ်တစ်ခုအတွက် ခန္ဓာကိုယ်ဖန်တီးပေးရန် ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သဖြင့် သူ သိပ်မကျွမ်းကျင်လှပေ။

ဒီနှုန်းထားနဲ့ဆိုလျှင် မဖြစ်ချေ။

သူ၏ အသက်စွမ်းအား ကုန်ဆုံးမှု မြန်ဆန်လွန်းနေသည်ဟု သူ တွေးလိုက်သည်။

သူ၏ အသက်စွမ်းအား အန္တရာယ်ရှိသော အမှတ်တစ်ခုသို့ မရောက်မီ ခန္ဓာကိုယ်ကို အောင်မြင်စွာ ဖန်တီးနိုင်မှာလားဆိုတာ သူ မသေချာနိုင်ပေ။

မကြာမီ လုချန်း တစ်စုံတစ်ခုကို တွေးမိသွားသည်။

မူလစွမ်းအားသည် စွမ်းအားအားလုံး၏ အရင်းအမြစ်ဖြစ်သောကြောင့် အသက်စွမ်းအားနေရာတွင် အစားထိုးနိုင်မှာလား။

ခန္ဓာကိုယ်ဖန်တီးရန် မူလစွမ်းအားကို အသုံးပြုပါက အသက်စွမ်းအား အမြောက်အမြား လိုအပ်တော့မည် မဟုတ်ပေ။

ဤအရာက ဖြုန်းတီးရာ ရောက်နိုင်သော်လည်း သူ၏ အသက်စွမ်းအား အမြောက်အမြားကို အသုံးပြုခဲ့ပြီးဖြစ်သည်။ ခန္ဓာကိုယ်ဖန်တီးမှု ဆက်မလုပ်ပါက ကြီးစွာသော ဆုံးရှုံးမှုကို ခံစားရမည် မဟုတ်ပါလား။

ထိုအတွေးနှင့်အတူ လုချန်းသည် ထျန်းဟုန်ဧကရီအတွက် ပုံဖော်နေသော ခန္ဓာကိုယ်ထဲသို့ မူလစွမ်းအား တစ်မျှင်ကို ချက်ချင်း ထည့်သွင်းလိုက်သည်။ ထိုမူလစွမ်းအားသည် နဂါးဖီးနစ်သစ်ကိုင်းများထဲသို့ ဝင်ရောက်သွားသည်နှင့် အပြာရောင် အလင်းတန်းများ ချက်ချင်း စတင်ထုတ်လွှတ်လာသည်။

အလင်းတန်းများ စီးဆင်းသွားပြီး နဂါးဖီးနစ်သစ်ပင်၏ မူလပုံပန်းသဏ္ဍာန်သည် တဖြည်းဖြည်း ပြောင်းလဲလာကာ အပြင်ဘက်ရှိ ခြောက်သွေ့နေသော အခေါက်များသည် လူသားအရေပြားအဖြစ်သို့ ဖြည်းညှင်းစွာ ပြောင်းလဲသွားသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် အမြဲတမ်း ခံစားချက်မဲ့နေသော ထျန်းဟုန်ဧကရီလည်း နောက်ဆုံးတွင် စိတ်ခံစားမှု ပြသလာသည်။ သစ်ကိုင်းများမှ လူသားခန္ဓာကိုယ်တစ်ခုကို ဤလူ ဖန်တီးပေးလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

သို့သော်လည်း ခန္ဓာကိုယ်ကို ဖန်တီးလိုက်လျှင်ပင် ၎င်းက အသုံးဝင်ရန် လိုအပ်သေးသည်။

ခန္ဓာကိုယ်သည် လက်ခံသော အရာဝတ္ထု သက်သက်သာဖြစ်ပြီး ဝိညာဉ်နှင့် ပေါင်းစည်းနိုင်ခြင်း မရှိပါက ဤခန္ဓာကိုယ်သည် အသုံးမဝင်သော အသက်မဲ့ဝတ္ထုတစ်ခုထက် ပိုမည်မဟုတ်ပေ။

သို့သော်...

ခန္ဓာကိုယ်၏ မျက်နှာ တဖြည်းဖြည်း ပုံဖော်လာသည်ကို ဧကရီထျန်းဟုန် မြင်လိုက်ရသောအခါ သူမ၏ ဝိညာဉ်နှလုံးလည်း စိတ်လှုပ်ရှားမှုကြောင့် မခုန်ပေါက်ပဲ မနေနိုင်တော့ပေ။ ထိုခန္ဓာကိုယ်သည် သူမနှင့် တစ်ပုံစံတည်း တူညီနေသည်။

ဤလူက သူမကို တကယ်ပဲ ပြန်လည်အသက်ရှင်လာစေနိုင်တာလား။

ယခုအချိန်တွင် ထျန်းဟုန်ဧကရီ၌ အခြားမည်သည့်အတွေးမှ မရှိတော့ပေ။ သူမ၏ တစ်ခုတည်းသော ဆန္ဒမှာ ပြန်လည်ရှင်သန်ရေးပင် ဖြစ်သည်။ ပြန်လည်ရှင်သန်လာမှသာ ဖေးဟုန်နတ်လှေ၏ ချုပ်နှောင်မှုများမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ ထိုအခါမှ သူမ၏ အင်အားကို ပြန်လည်ရရှိကာ စကြာဝဠာ နယ်ပယ်အပြင်ဘက် စစ်မြေပြင်တွင် လက်စားချေနိုင်မည် ဖြစ်သည်။

အချိန်အတိုင်းအတာ တစ်ခုကြာပြီးနောက် နောက်ဆုံးတွင် ထျန်းဟုန်ဧကရီ၏ ခန္ဓာကိုယ်ကို လုချန်း ပုံဖော်နိုင်ခဲ့သည်။ သို့သော် ခန္ဓာကိုယ်ကို ပုံဖော်ခြင်းသည် ပထမအဆင့်သာ ဖြစ်သည်။ အခက်ခဲဆုံး အပိုင်းမှာ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစည်းခြင်း ဖြစ်သည်။

ခန္ဓာကိုယ်နှင့် ဝိညာဉ် သဟဇာတ မဖြစ်ပဲ ဝိညာဉ်က ခန္ဓာကိုယ်နှင့် မပေါင်းစည်းနိုင်ပါက ခန္ဓာကိုယ်ကို ဖန်တီးခြင်းဖြစ်စဉ် အဓိပ္ပာယ်မဲ့သွားမည် ဖြစ်သည်။

လုချန်း ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်ပြီးနောက် ဧကရီထျန်းဟုန်၏ ခန္ဓာကိုယ်ဆီသို့ လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် ဧကရီထျန်းဟုန်၏ ခန္ဓာကိုယ်သည် မျက်လုံးများကို မှိတ်လျက် ငြိမ်သက်စွာ ရပ်နေပြီး သေသပ်စွာ ထုလုပ်ထားသော ကြွေထည်လက်ရာတစ်ခုနှင့် တူနေသည်။

သူ့ရှေ့မှ ခန္ဓာကိုယ်ကို ကြည့်ရင်း လုချန်း၏ နှလုံးခုန်နှုန်း ရုတ်တရက် မြန်ဆန်လာသည်။ ဤခန္ဓာကိုယ်သည် ပြီးပြည့်စုံလွန်းနေသည်။ သူကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သော်လည်း စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်အောင် ဖြစ်နေသည်။

သူမ၏ ခန္ဓာကိုယ်ကို လုချန်း စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ထျန်းဟုန် ဧကရီ မျက်မှောင်ကြုတ်လိုက်သည်။ ဤခန္ဓာကိုယ်နှင့် မပေါင်းစည်းရသေးသော်လည်း ၎င်းသည် သူမ၏ ပုံသဏ္ဍာန်အတိုင်း ဖြစ်နေသည်။

ဤရာဂစိတ်ပြင်းထန်သော လူကလည်း ပြင်းထန်စွာ စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများအရ ဤခန္ဓာကိုယ်အပေါ် တပ်မက်သော အတွေးများ ရှိနေပုံရသည်။

တကယ့် တိရစ္ဆာန်ပဲ။

လုချန်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ လည်ပတ်စေပြီး စိတ်လှုပ်ရှားမှုများကို ငြိမ်သက်သွားအောင် ထိန်းညှိလိုက်သည်။

ယခု အရေးအကြီးဆုံးအရာမှာ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစည်းရန်ဖြစ်သည်။

ထိုအရာကို တွေးမိပြီးနောက် လုချန်း၏ အကြည့်များ ထျန်းဟုန်ဧကရီအပေါ် ကျရောက်သွားပြန်သည်။

“ဟုန်ဟုန် ။ ဒီခန္ဓာကိုယ်ထဲကို အခု ဝင်လိုက်တော့။ မင်းရဲ့ ဝိညာဉ်နဲ့ ခန္ဓာကိုယ် ပေါင်းစည်းနိုင်အောင် ကိုယ် ကူညီပေးမယ်။”

ဧကရီထျန်းဟုန် ခဏခန့် တွန့်ဆုတ်သွားသည်။ သူမ ယခု လှုပ်ရှားလိုက်ပါက လုချန်း၏ စကားများကို နားလည်နိုင်ပြီး သူမ၌ ကိုယ်ပိုင်အသိစိတ် ရှိကြောင်း သက်သေပြရာ ရောက်သွားမည်ဖြစ်သည်။ ထိုအရာက သူမ၏ လျို့ဝှက်ချက်ကို ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်သည်။

သို့သော် လုချန်း၏ ရိုးရှင်းသော အမိန့်များကို နားလည်နိုင်စွမ်းရှိကြောင်း သူမ အမြဲတမ်း ပြသခဲ့သည်ကို ထျန်းဟုန်ဧကရီ လျင်မြန်စွာ သတိရလိုက်သည်။ ဥပမာအားဖြင့် နတ်လှေကို ထိန်းချုပ်ရန် လုချန်း ညွှန်ကြားခဲ့စဉ်က သူမ လုပ်ဆောင်ခဲ့ဖူးသည်။

ယခု သူမသည် လုချန်း၏ ရိုးရှင်းသော အမိန့်ကို လိုက်နာခြင်းသာ ဖြစ်သည်။ ထိုကိစ္စကို သူ အလွန် တွေးတောနေလိမ့်မည် မဟုတ်ပေ။

ထိုအတွေးနှင့်အတူ ထျန်းဟုန်ဧကရီ၏ စိတ်ဝိညာဉ်ခန္ဓာကိုယ်သည် နတ်လှေ၏ ထိန်းချုပ်ရေး နည်းဗျူဟာပုံစံထဲမှ ထွက်ပေါ်လာပြီးနောက် ခန္ဓာကိုယ်အသစ်ထဲသို့ ဝင်ရောက်သွားတော့သည်။

All Chapters