← Chapters

အံ့သြသွားသော ထျန်းဟုန် ဧကရီ

Vol. 81 Ch. 1212

အံ့သြသွားသော ထျန်းဟုန် ဧကရီ

Vol. 81 Ch. 1212

လုချန်း ဖန်တီးပေးထားသော ခန္ဓာကိုယ်ထဲသို့ ထျန်းဟုန် ဧကရီ ဝင်ရောက်လိုက်သည်နှင့် သူမ၏ ဝိညာဉ်ခန္ဓာကိုယ်က တက်ကြွစွာ ပေါင်းစည်းနေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ခန္ဓာကိုယ်၏ အာရုံခံစားမှုများသည် သူမ၏ စိတ်အာရုံနှင့် တဖြည်းဖြည်း ချိတ်ဆက်မိလာသည်။

ဒါက...

ထျန်းဟုန် ဧကရီ အနည်းငယ် အံ့အားသင့်သွားသည်။ ဤမျှ လွယ်ကူလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ယုတ္တိဗေဒအရ ဤခန္ဓာကိုယ်သည် သူမ၏ မူလခန္ဓာကိုယ် မဟုတ်ပေ။ ဖန်တီးထားသော ခန္ဓာကိုယ်နှင့် အသားကျစေရန် သူမ၏ ဝိညာဉ်အတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်သင့်သည်။

သူမ၏ အသက်သွေးအနှစ်သာရမှ ဖန်တီးထားသော ကိုယ်ပွားတစ်ခု ဖြစ်လျှင်ပင် ထိုကိုယ်ပွားကို ထိန်းချုပ်ရန် အချိန်တစ်ခုလိုအပ်သည်။ သို့သော် ယခု စိတ်ဝိညာဉ်သစ်သားမှ ပြုလုပ်ထားသော ဤခန္ဓာကိုယ်က‌တော့ မည်သည့် ပြုပြင်ပြောင်းလဲမှုမှ မလိုအပ်ပေ။

ခန္ဓာထဲသို့ ထျန်းဟုန် ဧကရီ၏ စိတ်ဝိညာဉ်ခန္ဓာကိုယ် ဝင်ရောက်သွားသည်ကို မြင်လိုက်ရသဖြင့် ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို လုချန်း နောက်တစ်ကြိမ် လည်ပတ်စေလိုက်ကာ ထျန်းဟုန် ဧကရီ၏ ဝိညာဉ်ကို ခန္ဓာကိုယ်နှင့် ပိုမိုလျင်မြန်စွာ ပေါင်းစည်းနိုင်အောင် ကူညီပေးလိုက်သည်။

ထျန်းဟုန် ဧကရီ၏ ခန္ဓာကိုယ်ထဲသို့ လုချန်း၏ အသက်စွမ်းအား ဝင်ရောက်လာသည်နှင့်အမျှ သူမ၏ အာရုံခံစားမှုများ ပိုမိုထင်ရှားလာသည်။ သူမ၏ လက်များ လှုပ်ရှားနေခြင်းနှင့် ခန္ဓာကိုယ်အတွင်း စိတ်ဝိညာဉ်စွမ်းအား စီးဆင်းနေခြင်းတို့ကို ခံစားလိုက်ရသည်။ အသံများကို ကြားရသလို ဖြစ်လာနေပြီး မျက်လုံးများရှေ့တွင် ဖျော့တော့သော အလင်းရောင် ပေါ်လာသည်။

မကြာမီ “ဒုတ် ဒုတ်” ဟူသော အသံတစ်သံသည် ထျန်းဟုန် ဧကရီ၏ စိတ်ထဲ၌ ထွက်ပေါ်လာပြီး ပိုမိုရှင်းလင်းလာသည်။

ထို့နောက် အသက်စွမ်းအား လှိုင်းတစ်ခု သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး ထိုအရာက သူမ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ် ပေါင်းစည်းမှုကို အရှိန်မြှင့်တင်ပေးလိုက်သည်။

အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် ထျန်းဟုန် ဧကရီ၏ ခန္ဓာအသစ်က မျက်လုံးများကို ဖွင့်လိုက်ပြီး သူမရှေ့မှ လူကို စိုက်ကြည့်လိုက်သည်။

အောင်မြင်သွားပြီ...

တကယ်ပဲ အောင်မြင်သွားပြီပဲ။

ဒီရာဂစိတ်ပြင်းထန်တဲ့လူက သူမကို ဒီလောက် လွယ်လွယ်ကူကူ ပြန်လည်အသက်သွင်းပေးနိုင်ခဲ့တယ်။

ဒါတောင် အခု သူက ဧကရာဇ်အဆင့် မဟုတ်သေးပေ။

အတိတ်ဘဝက ဧကရာဇ်ဖြစ်ခဲ့ရင်တောင် သူ့ရဲ့ လက်ရှိစွမ်းအားက ဧကရာဇ်တစ်ပါး၏ စွမ်းအား မဟုတ်ပေ။ အများဆုံး ဧကရာဇ်အဆင့် ဝိညာဉ်စွမ်းအားကိုသာ ပိုင်ဆိုင်ထားနိုင်သည်။

ဧကရာဇ်မဟုတ်တဲ့သူက တစ်ယောက်ယောက်ကို ဒီလောက် လွယ်လွယ်ကူကူ ပြန်လည်အသက်သွင်းပေးနိုင်တယ်တဲ့လား။

ဝိညာဉ် မပျက်စီးသေးသရွေ့ သေဆုံးသူတွေကို ပြန်လည်အသက်သွင်းနိုင်တဲ့ ကျင့်ကြံသူအမြောက်အမြားရှိတာက မှန်ပါသည်။ နတ်ဘဝပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေတောင် လုပ်နိုင်ကြ၏။

သို့သော် သေဆုံးသူရဲ့ ကျင့်စဉ်အဆင့်ပေါ် မူတည်ပြီး ပြန်လည်အသက်သွင်းရသည် အခက်အခဲက ပိုကြီးတတ်သည်။ ဝိညာဉ် ပိုအားကြီး‌ လေလေ ပြန်လည်အသက်သွင်းရ ပိုခက်ခဲလေလေဖြစ်သည်။ သူမ မသေဆုံးမီက ဧကရာဇ်အဆင့်ဖြစ်ခဲ့ပြီး ဧကရာဇ်တစ်ပါးကို ပြန်လည်အသက်သွင်းဖို့က ဧကရာဇ် အချင်းချင်းအတွက်တောင် အလွန် အခက်အခဲရှိသည်။

သို့သော် ယခု ဒီပြန်လည်ပျက်စီးခြင်းအဆင့် လူသားက လုပ်နိုင်‌နေသည်။

မရေမတွက်နိုင်သော နှစ်များစွာကြာ‌အောင် နတ်လှေအတွင်း ပိတ်မိနေခဲ့သော ထျန်းဟုန် ဧကရီတစ်ယောက် ဤအရာကို အစစ်အမှန်ဖြစ်ကြောင်း ယုံကြည်ရန် ခဲယဉ်းနေသည်။

အချိန်ကာလကြာလာသည်နှင့်အမျှ သူမ၏ ဝိညာဉ် တဖြည်းဖြည်း အားနည်းသွားသည်ကို စောင့်ကြည့်ရင်း သူမ အမှန်တကယ် သေဆုံးတော့မည်ဟု ယုံကြည်ခဲ့သည်။ တစ်နေ့တွင် ဤမျှ လွယ်ကူစွာ ပြန်လည်ရှင်သန်လာနိုင်မည်ဟု သူမ တစ်ခါမှ မမျှော်လင့်ခဲ့မိပေ။

ထျန်းဟုန် ဧကရီ မျက်လုံးဖွင့်လိုက်သည်ကို လုချန်း မြင်လိုက်ရ၏။ နဂိုက အသက်မဲ့နေသော သူမ၏ အရေပြားပေါ်တွင် အရောင်အသွေးများ ရောက်ရှိလာသောအခါ လုချန်း၏ သွေးများ ဆူပွက်လာသည်။

ထျန်းဟုန် ဧကရီ၏ ခန္ဓာကိုယ်သည် ယုံကြည်နိုင်စရာမရှိလောက်အောင် ပြီးပြည့်စုံနေသည်။ သို့သော် အရေးအကြီးဆုံးမှာ သူမသည် အဝတ်မဲ့နေပြီး လုချန်း၏ ရှေ့မှောက်တွင် ထင်ရှားစွာ ရပ်နေခြင်းဖြစ်သည်။

လုချန်းအတွက် စိတ်မလှုပ်ရှားပဲ နေရန် မဖြစ်နိုင်ပေ။

ထိုအချိန်တွင် အက်ကွဲသောအသံဖြင့် လုချန်းက

“ဟုန်ဟုန်... ကိုယ်ပြောတာ နားလည်လား”

ထျန်းဟုန် ဧကရီသည် အစပိုင်းတွင် လုချန်းကို ဂရုမစိုက်ချင်ပေ။ သို့သော် သူမနှင့် လုချန်းကြားတွင် ကြီးမားသော ကံတရားကြိုးမျှင်တစ်ခု ရှိနေကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။

ထျန်းဟုန် ဧကရီ၏ စိတ်ထဲတွင် သူမကိုယ်သူမ အနည်းငယ် သုံးစားမရသလို ခံစားလိုက်ရသည်။ သူမကို လုချန်း ပြန်လည်အသက်သွင်းလိုက်သည်နှင့် သူတို့ကြားတွင် နက်ရှိုင်းသော ကံတရား အနှောင်အဖွဲ့ ရှိလာမည်မှာ မလွဲမသွေဖြစ်ကြောင်း သူမ ခန့်မှန်းခဲ့ပြီးဖြစ်သည်။ ဤကံတရားကို ဖြတ်တောက်ရန်အတွက် သူမ ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်သည့် အချိန်ထိ စောင့်ရနိုင်သည်။

ထို့ပြင် ဤမျှ ကြီးမားသော ကံအကြွေးသည် ဧကရာဇ် ဖြစ်လာလျှင်ပင် အလွယ်တကူ ဖြတ်တောက်၍ မရနိုင်ပေ။

ထျန်းဟုန် ဧကရီ စိတ်ထဲတွင် ဒွိဟဖြစ်နေသည်။ ဤလူကို လမ်းပျောက်ပြီး ပြုပြင်၍မရနိုင်သော လူတစ်ယောက်အဖြစ် သတ်မှတ်ထားသဖြင့် သူမ သူ့ကို သဘောမကျပေ။ ထိုသူသည် အတိတ်ဘဝက ဧကရာဇ်တစ်ပါး ဖြစ်ခဲ့လျှင်ပင် ဤဘဝတွင် ဧကရာဇ် ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိရန် ခက်ခဲလိမ့်မည်ဟု သူမ ယုံကြည်သည်။

မည်သို့ပင်ဆိုစေကာမူ သူမကို ပြန်လည်အသက်သွင်းပေးခဲ့သူက ဤလူဖြစ်သည်။ ထို့ကြောင့် သူမ သူ့ကို မည်မျှပင် မုန်းတီးပါစေ ကံအကြွေးကို ဆပ်ရန် သူ့ဘေးနားတွင် ဆက်ရှိနေရမည်။

ထိုအချက်ကို စဉ်းစားပြီးနောက် ထျန်းဟုန် ဧကရီက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

“နားလည်ပါတယ်”

ထျန်းဟုန် ဧကရီ စကားပြောသည်ကို ကြားလိုက်ရသဖြင့် လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။ ယခုအခါ ပြဇာတ်က ပြီးဆုံးသွားပြီဖြစ်သည်။ ခန္ဓာကိုယ်တစ်ခု ရရှိသွားပြီဖြစ်သဖြင့် သူမ မည်သို့ ဟန်ဆောင်ဦးမလဲဆိုတာ ဆက်ကြည့်ရန်သာ ကျန်တော့သည်။

ထိုအချိန်တွင် ထျန်းဟုန် ဧကရီ၏ ခန္ဓာကိုယ်ကို လုချန်း နောက်တစ်ကြိမ် အသေအချာ ကြည့်လိုက်သည်။ သူ၏ အကြည့်များက သူမ၏ ခန္ဓာကိုယ်အနှံ့သို့ မရှက်မကြောက် ရောက်ရှိလာပြီး စိတ်ခံစားချက် ပြင်းပြနေပုံလည်းရသည်။ သူ၏ အတွေးများကို ထျန်းဟုန် ဧကရီ ချက်ချင်း သိလိုက်သည်။

ထို့နောက် ထျန်းဟုန် ဧကရီ လက်ဝှေ့ယမ်းလိုက်ရာ သူမ၏ ရုပ်ခန္ဓာကိုယ်သည် ထိုနေရာ၌ပင် ချက်ချင်း ပျောက်ကွယ်သွားသည်။

ထိုအရာကို မြင်လိုက်ရပြီး လုချန်း ကြောင်သွားသည်။

နတ်လှေဝိညာဉ်က ခန္ဓာကိုယ်ရပြီးတာနဲ့ ချက်ချင်း ထွက်ပြေးသွားတာ ဖြစ်နိုင်ပါ့မလား။

နတ်လှေတစ်ခုလုံးကို စစ်ဆေးရန် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အလျင်အမြန် ထုတ်လွှတ်လိုက်သည်။ မကြာမီ ထျန်းဟုန် ဧကရီ ရှိနေသော နေရာကို သူ အာရုံခံမိလိုက်သည်။

ဤအချိန်တွင် ထျန်းဟုန် ဧကရီသည် နတ်လှေ၏ အဓိကဗဟိုချက်၌ ခြေချိတ်ထိုင်ကာ ကျင့်စဉ်ကျင့်နေသည်။ ခန္ဓာကိုယ်အသစ်နှင့် ရင်းနှီးကျွမ်းဝင်စေရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်သည့်အတွက် သူမ၏ ရုပ်ခန္ဓာသစ်နှင့် အသားကျအောင် ပြုလုပ်နေပုံရသည်။

လုချန်းလည်း သူ၏ မရိုးဖြောင့်သော အတွေးများကို စွန့်လွှတ်လိုက်သည်။ ဖေးဟုန် နတ်လှေဝိညာဉ်သည် ခန္ဓာကိုယ်တစ်ခု ရရှိခဲ့သော်လည်း လှေဝိညာဉ်တစ်ခုသာ ဖြစ်နေသေးသည်။ လှေဝိညာဉ်အပေါ် မတော်မတရား ပြုမူဖို့ မဖြစ်နိုင်ပေ။ ထိုသတင်းပေါက်ကြားသွားပါက အလွန် သိက္ခာကျစရာ ကောင်းပေလိမ့်မည်။

ထိုအချိန်တွင် နတ်လှေ၏ အဓိကဗဟိုချက်သို့ ရောက်ရှိပြီးနောက် ထျန်းဟုန် ဧကရီသည် ခြေချိတ်ထိုင်ကာ ကျင့်ကြံနေသည်။ သူမ၏ စွမ်းအားများကို လျင်မြန်စွာ ပြန်လည်ရယူပြီး ကံအကြွေးဆပ်သည့် အနေဖြင့် အပေါ်ထပ်မှ ရာဂစိတ်ပြင်းထန်သော လူယုတ်မာကို လျင်မြန်စွာ အင်အားကြီးထွားလာအောင် သူမ တွန်းအားပေးလိုသည်။

လုချန်းနှင့် သူမ၏ ကံတရား ဆက်နွယ်မှုသည် အလွန်နက်ရှိုင်းပြီး ဖြတ်တောက်ရန် ခက်ခဲလှသည်။ သူမ စဉ်းစားမိသော အကောင်းဆုံး အဖြေက‌တော့ ပျက်ဆီးနေသော ဤလုချန်းကို လမ်းမှန်ပေါ် ပြန်ရောက်လာစေရန်နှင့် ဧကရာဇ်တစ်ပါး ပြန်ဖြစ်လာစေရန် တွန်းအားပေးခြင်း ဖြစ်သည်။

ကျရှုံးနေသော ဧကရာဇ်ဟောင်းတစ်ပါးကို ကျင့်စဉ်အဆင့် ပြန်လည်ရရှိအောင် ကူညီပေးခြင်းက ကံအကြွေးဆပ်ခြင်းတစ်မျိုးပင် မဟုတ်ဘူးလား။

ထိုလူ သူမအပေါ် လုပ်ချင်နေသည့် ကိစ္စနှင့် ပတ်သက်၍တော့ သူမ လုံးဝ သဘောတူမည် မဟုတ်ပေ။ သူမကဲ့သို့ အဆင့်အတန်းရှိသူတစ်ဦးအတွက် ကျားမကိစ္စသည် အရေးကြီးကိစ္စ မဟုတ်သော်လည်း အမျိုးသားတစ်ဦးက သူမ၏ အပေါ်စီးတွင် ရှိနေခြင်းသည် ဧကရီတစ်ပါးကို စော်ကားခြင်း ဖြစ်သည်။

ဧကရီတစ်ပါးကို စော်ကား၍မရပေ။ ထို့ကြောင့် ဤခန္ဓာကိုယ်၏ ဖန်တီးရှင် ဖြစ်လျှင်‌တောင် သူမနှင့် ပျော်ပါးရန် ထိုလူစိတ်ကူးခြင်းသည် မိုက်မဲမှု သက်သက်သာ ဖြစ်သည်။

ထျန်းဟုန် ဧကရီ ဆက်မတွေးတော့ပေ။ ကျင့်စဉ်အပေါ် အပြည့်အဝ အာရုံစိုက်လိုက်တော့သည်။ ကျင့်ကြံခြင်း အခြေအနေသို့ တဖြည်းဖြည်း ဝင်ရောက်သွားသည်နှင့် သူမ၏ ကျင့်စဉ်အဆင့် လျင်မြန်စွာ တိုးတက်လာသည်ကို တွေ့ရှိလိုက်ရသည်။

ကောင်းကင်လူသားအဆင့်... မူလအစကမ္ဘာ နယ်ပယ်အဆင့်... ယင်ယန်အဆင့်... နတ်ဘဝပြောင်းလဲခြင်းအဆင့်...

တစ်ရက်ပင် မပြည့်သော အချိန်အတွင်း သူမ၏ ကျင့်စဉ်အဆင့်သည် ပြန်လည်ပျက်စီးခြင်းအဆင့်သို့ တိုက်ရိုက် ထိုးဖောက်ရောက်ရှိသွားသည်။

ထျန်းဟုန် ဧကရီ စိတ်ထဲ ယုံကြည်ရန်

ခက်နေသည်။ ပုံမှန်အားဖြင့် ဧကရာဇ်တစ်ပါး ပြန်လည်ရှင်သန်လာပြီးပါက ကျင့်စဉ်အဆင့်များ ပြန်လည်ရရှိရန် အချိန်ကြာလေ့ရှိသည်။ သို့သော် သူမသည် တစ်ရက်တည်းဖြင့် ပြန်လည်ပျက်စီးခြင်းအဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။

ပြန်လည်ပျက်စီးခြင်းအဆင့် ရောက်ပြီးနောက် သူမ၏ တိုးတက်နှုန်း သိသိသာသာ နှေးကွေးသွားသော်လည်း ဤကဲ့သို့ လျင်မြန်သော တိုးတက်နှုန်းမျိုးကို သူမ၏ အတိတ်ဘဝ၌ပင် မကြားဖူးခဲ့ပေ။

အဓိကအချက်မှာ ဤခန္ဓာကိုယ်သည် သူမအတွက် အလွန် သင့်လျော်နေခြင်းကြောင့် ကျင့်စဉ်အဆင့်ပြန်လည်ရရှိမှုနှုန်းက အံ့သြဖွယ်ကောင်းလောက်အောင် မြန်ဆန်နေခြင်း ဖြစ်သည်။

သို့သော် တစ်ခုခု မှားယွင်းနေကြောင်း ထျန်းဟုန် ဧကရီ ခံစားလိုက်ရသည်။ ဤခန္ဓာကိုယ်တွင် အနည်းငယ် လွဲချော်နေသောအရာ တစ်ခုရှိနေသည်။

ကျင့်ကြံနေစဉ် လုချန်း၏ ပုံရိပ်သည် သူမ၏ စိတ်ထဲတွင် ရံဖန်ရံခါ ပေါ်လာပြီး ပန်းခင်းထဲမှ မြင်ကွင်းများ သူမ၏ အသိစိတ်ပင်လယ်ထဲ၌ ပေါ်လာတတ်သည်။

ဤအရာက သူမ၏ ကျင့်စဉ်ကို မထိခိုက်စေသော်လည်း သူမကို စိတ်မသက်မသာ ဖြစ်စေတာကတော့ အမှန်ပင်။

ထျန်းဟုန် ဧကရီ နားမလည်နိုင် ဖြစ်သွားသည်။

ဘာတွေ ဖြစ်နေတာလဲ။

All Chapters