← Chapters

ဒီကောင်လေးက နည်းနည်းကြမ်းတယ်

Vol. 27 Ch. 405

ဒီကောင်လေးက နည်းနည်းကြမ်းတယ်

Vol. 27 Ch. 405

ကောင်းကင်ပေါ်မှ ပြုတ်ကျလာသူသည် လျှပ်ယွမ်ဂိုဏ်းမှ သုံးဦးအနက် နောက်ဆုံး အတွင်းစည်းဂိုဏ်းတပည့် ဖြစ်သည်။

သူ့တစ်ကိုယ်လုံး သွေးများနှင့် ရွှဲနေပြီး ညာဘက်လက်သည် ထူးဆန်းသည့်ပုံစံနှင့် သူ့ဘေးတွင် ကောက်ကွေးနေ၏။ ရှင်းရှင်းလင်းလင်း မြင်နေရသည်မှာ ထိုသူ၏ လက်တစ်ဖက် ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။

“ဝှစ်...”

လော့ချန်သည် ဘေးနားသို့ ဆင်းသက်လာပြီးနောက် လက်ကို ဆန့်တန်းပြီး တစ်ဖက်လူရဲ့ သိုလှောင်လက်စွပ် ကို ဆတ်ခနဲ ဆွဲယူလိုက်ကာ အေးစက်စွာ ရယ်လိုက်သည်။

“စောစောကတည်းက အသာတကြည် ထုတ်ပေးလိုက်ရင် ပြီးနေတဲ့ဟာကို...”

“မင်း...”

လော့ချန်၏ စကားကို ကြားသောအခါ ထို လျှပ်ယွမ်ဂိုဏ်းတပည့်၏ မျက်နှာတစ်ပြင်လုံး တုန်ယင်သွားသည်။

“ဝေါ့...”

သွေးတစ်ချက် အန်ထုတ်လိုက်ပြီး ချက်ချင်းပင် သတိလစ် သွားတော့သည်။

ပန်းခြံထဲတွင် လေညှင်းကလေးက ဖြည်းညင်းစွာ တိုက်ခတ်နေသည်။ ပန်းပင်များနှင့် မြက်ပင်များ လှုပ်ခတ်နေကာ သစ်ရွက်များအား လေတိုးသည့်အသံက သဲ့သဲ့ကလေး ထွက်ပေါ်နေသည်။

ခဏအကြာတွင် ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

“ဒီလော့ချန်ဆိုတဲ့ကောင်က... နည်းနည်းကြမ်းတယ်ဟေ့...”

“သူ ရှောင်လျဲ့ကို လက်သီးသုံးချက်နဲ့ နိုင်တာ။ သိုင်းဝိညာဉ်တောင် မထုတ်ဖော်ခဲ့ဘူး။ ဒီလူ စွမ်းရည်အဆင့်ကျော် တိုက်ခိုက်နိုင်တဲ့ စွမ်းအားရှိတာ သေချာတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲမှာ ပထမနေရာ ရခဲ့တာ ဖြစ်မယ်...”

“သူ အသက် ဘယ်လောက်ရှိပြီလဲ။ တာယွဲ့မင်းဆက် ရွှမ်ယွမ်ဂိုဏ်းမှာ ယွမ်မန်လီပြီးရင် နောက်ထပ် သန်မာတဲ့လူတစ်ဦး ထပ်ပေါ်လာတာလား...”

“အင်း ပြောရရင် သေတော့မသေချာဘူး။ ဒီလူက အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတယ်လို့ ကြားတယ်။ သိုင်းဝိညာဉ် မထုတ်ဖော်တာက ထုတ်ဖော်ရင်တောင် အသုံးမဝင်လို့ ဖြစ်မယ်...”

လူအများ မျက်လုံးများ အရောင်တောက်နေကြပြီး လော့ချန်ကို ပြန်လည် စူးစမ်းနေကြသည်။

သူတို့၏ စကားထဲတွင် မထီမဲ့မြင်ပြုခြင်းနှင့် အေးစက်မှုများ နည်းပါးသွားပြီး လေးစားမှုများ ပို၍ ပါဝင်လာသည်။

ကျင့်ကြံမှုလောကတွင် အင်အားကြီးသူကိုသာ လေးစားကြသည်။ လုံလောက်သော စွမ်းရည်ကို ပြသနိုင်လျှင် သဘာဝအတိုင်း လေးစားမှုကို ရရှိမည်ဖြစ်သည်။

ကွင်းထဲတွင် အံ့အားအသင့်ဆုံးနှင့် အပျော်ဆုံးလူများမှာ ရွှမ်ယွမ်ဂိုဏ်းမှ အတွင်းစည်းဂိုဏ်းတပည့်နှစ်ဦး ဖြစ်ကြသည်။

လော့ချန်သည် မင်းသားတန်းနှင့် ရန်သူဖြစ်နေသည်မှာ မှန်သော်လည်း ဂိုဏ်းအတွင်း ပြိုင်ဆိုင်မှုက တစ်ကဏ္ဍ၊ ဂိုဏ်းအပြင် ပြိုင်ဆိုင်မှုက တစ်ကဏ္ဍဖြစ်သည်။

ရွှမ်ယွမ်ဂိုဏ်းနှင့် လျှပ်ယွမ်ဂိုဏ်းတို့သည် ဤနှစ်များအတွင်း မီးနှင့်ရေကဲ့သို့ ရန်လိုမှုများ ရှိနေကြသည်။ သေဆုံးသူများပင် မရေမတွက်နိုင်အောင် များလှ၏။ လျှပ်ယွမ်ဂိုဏ်းမှ လူများကို ရင်ဆိုင်ရလျှင် ရန်သူကို ညီတူညီမျှ မုန်းတီး ရမည်ဖြစ်သည်။

လော့ချန် ရုတ်တရက် အင်အားကြီးလာပြီး ရှောင်လျဲ့တို့ သုံးဦးကို ရှင်းလင်းပစ်နိုင်ခဲ့ခြင်းက ရွှမ်ယွမ်ထောင်တို့ နှစ်ဦးကို အလွန် စိတ်လှုပ်ရှား စေသည်။

ဤသို့ဖြင့် သူတို့သည်လည်း မျက်နှာပန်းလှ ကြရသည်။

မဟုတ်ပါက ယခင်ကဲ့သို့ ရှောင်လျဲ့၏ ရှေ့တွင် ပြန်မပြောနိုင်ဘဲ အရှက်ခွဲခံနေရခြင်းမှာ မည်မျှ စိတ်ပျက်ပြီး အရှက်ရစရာကောင်းမည်နည်း။

ပျော်ရွှင်သောသူများလည်း ရှိသလို ဝမ်းနည်းသောသူများလည်း ရှိသည်။

“ဒီအသုံးမကျသူတွေ... ဘာမှ အသုံးမဝင်ဘူး...”

လျူရီဖုန်း လက်သီးကို တင်းတင်းဆုပ်ထားသည်။ မျက်နှာသည် အေးစက်နေ၏။

သူသည် လော့ချန် အရှုံးကြီးရှုံးသည်ကို ကြည့်ချင်ခဲ့သည်။ ထို့အပြင် လော့ယောင်ရှေ့တွင် စွမ်းရည်ပြသရန် အခွင့်အရေးရှာချင်ခဲ့သည်။

မမျှော်လင့်ဘဲ လော့ချန်၏ပွဲ ဖြစ်သွားခဲ့သည်။

လျူရီဖုန်းသည် လော့ချန်ကို ကိုယ်တိုင် ဆင်းပြီး ရှင်းပစ်ချင်သော စိတ်ဆန္ဒများပင် ဖြစ်ပေါ်ခဲ့သည်။

သို့သော် သူသည် ကျိတော့ဂိုဏ်းမှ တပည့်၊ သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့်အထွတ်အထိပ် ဖြစ်သည်။ လော့ချန်ကို ရန်သွားရှာလျှင် အတင်းပြောခံရမည်မှာ သေချာသည်။ အနိုင်ရလျှင်တောင် ဂုဏ်မရှိချေ။

လျူရီဖုန်း တွေဝေ နေစဉ် လော့ချန်၏ အကြည့်က ရောက်လာသည်။

လူနှစ်ဦး၏ အကြည့်သည် လေဟာနယ်တွင် ထိတွေ့သွားသည်တွင် မိုးကြိုးနှင့်လျှပ်စီး လက်သကဲ့သို့ ဖြစ်ပေါ်လာသည်။

လော့ချန် နှုတ်ခမ်းထောင့် ကွေးညွတ်သွားပြီး အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။

“ငါနဲ့ တိုက်ချင်တဲ့သူ နောက်ထပ် ရှိသေးလား။ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့်အောက်ရှိသူတွေ အားလုံး လာနိုင်ပါတယ်။ ဘယ်သူလာလာ မငြင်းပါဘူး...”

“ဝိုး...”

ဤစကား ထွက်လာသည်နှင့် ပွဲတစ်ခုလုံး ဆူညံသွားသည်။

လူအများ လော့ချန်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။ အားလုံးက မယုံကြည်နိုင်ကြချေ။

ဤနေရာတွင် ရှိသူများသည် တစ်ဖက်နယ်မြေမှ ပါရမီရှင်များ ဖြစ်သည်။ သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့် သန်မာသူများတောင် မနည်းမနော ရှိသည်။

သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့်အစောပိုင်း သန်မာသူတစ်ဦးက ဤသို့ မာနထောင်လွှားသောစကား ပြောရဲသည်။

ဤသည်ကား မာန လွန်ကဲလွန်းသည် မဟုတ်ပါလား။

ပထမမင်းသား ကျင်းထျန်တူပင် အနည်းငယ် တွေဝေသွားသည်။

လော့ချန် လုပ်သမျှသည် စည်းမဲ့ကမ်းမဲ့ ဖြစ်နေသည်။ သူ၏ ပထမဆုံး တွေ့ကြုံခြင်း ဖြစ်သည်။

ဘေးမှ ထိုင်နေသည့် လီရှောင်ဖုန်းမှာ လက်ဖက်ရည်တစ်ခွက် သောက်လိုက်ကာ ခေါင်းအနည်းငယ် ညိတ်သည်။

“ဓားသမားအတွက် ယုံကြည်မှု ရှိခြင်းက ကောင်းတယ်... ဒါပေမဲ့ ယုံကြည်မှုနဲ့ မာနက ဆံခြည်တမျှင်လောက်သာ ကွာခြားတယ်... ပထမ အချက်က ဓားလမ်းစဉ်ကို အောင်မြင်စေမှာဖြစ်ပြီး ဒုတိယ တစ်ချက်ကတော့ သေလမ်းပဲ...”

သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းသည်။ လော့ချန်၏ ဤအပြုအမူသည် မာနကြီးခြင်း၊ မိုက်မဲခြင်း၊ သေလမ်းကို ရွေးချယ်ခြင်း ဖြစ်သည်ဟုပင် ဖြစ်သည်။

လော့ချန်၏ စကားသံ ပြီးဆုံးသည်နှင့် ကွင်းထဲမှ သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့် သန်မာသူတို့၏ မျက်လုံးများသည် ချက်ချင်း အန္တရာယ်ရှိသော အရောင်သို့ ပြောင်းသွားသည်။

“ဟားဟား... တကယ်ကို မာနထောင်လွှားတဲ့ စကားပဲ... တာဟန်မင်းဆက် သံမဏိတောင်ဂိုဏ်းက ဝမ်ဟန်က မင်းနဲ့တိုက်ဖို့ ထွက်ခဲ့မယ်... မင်း ဘယ်လောက်စွမ်းသလဲဆိုတာ ကြည့်ကြသေးတာပေါ့... “

ကျယ်လောင်သော ရယ်သံနှင့်အတူ လူရိပ်တစ်ခု ကွင်းထဲသို့ ပြေးဝင်လာသည်။

ဤသူသည် သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့်အစောပိုင်း နယ်ပယ်ရှိ အရပ်ရှည်သောလူငယ် ဖြစ်သည်။ တစ်ကိုယ်လုံးရှိ ကြွက်သားများသည် ကျောက်တုံးပမာ မာကြောနေပြီး မည်းနက်တောက်ပ နေသည်။ ရှင်းလင်းသည်မှာ ခန္ဓာကိုယ်မာကျောကျင့်စဉ် ကျင့်ကြံသူ ဖြစ်သည်။

“ငါ့ လက်သီးကို ခံစားကြည့်ပါ...”

ဤလူသည်လည်း မာနမထားရဲတော့ချေ။ ကွင်းထဲ ရောက်သည်နှင့် ချက်ချင်းပင် သိုင်းဝိညာဉ်ကို ထုတ်ဖော်သည်။ လော့ချန်ဆီသို့ တည့်တည့် ပြေးသွားပြီး လက်သီးတစ်ချက်သည် တောင်ရိပ် ပုံသဏ္ဌာန် သယ်ဆောင်ကာ အားပြင်းစွာ ထိုးချလိုက်သည်။

“ဘုန်း...”

လော့ချန်၏ ကိုယ်ရိပ် ပေါက်ကွဲသွားသည်။

“ဟင်... ကိုယ်ပွားပဲ...”

အရပ်ရှည်သောလူငယ် မျက်မှောင်ကြုတ်လိုက်သည်။ လှည့်စားခံရသည်ကို သိသည်နှင့် ချက်ချင်း အလေးချိန်ကို အောက်သို့ ချလိုက်ကာ ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ ထို့နောက် တဆက်တည်းပင် ကာကွယ်ရေး သတ်ဖြတ်နည်းကို ထုတ်ဖော်လိုက်သည်။

“ကျားသန်ကြီးတောင်ပေါ် ပုန်းခိုခြင်း...”

“ဝေါင်း...”

တောင်ရိပ်တစ်ခု ပေါ်ထွက်လာသည်။ ထိုတောင်ရိပ်ပေါ်တွင် ဧရာမကျားကြီးတစ်ကောင် လမ်းလျှောက်နေ၏။ ကြီးမားသော အရှိန်အဟုန်သည် မြေပြင်ကိုပင် ကွဲအက်စေသည်။

“ပြန်သွားစမ်း...”

လော့ချန်သည် အရပ်ရှည်သောလူငယ်၏ ညာဘက်တွင် ရုတ်ချည်း ပေါ်လာကာ လက်သီးတစ်ချက် တည့်တည့် ထိုးချလိုက်သည်။

“ဘုန်း...”

ဧရာမကျားကြီး ပျောက်ကွယ်သွားသလို တောင်ရိပ်လည်း ကြေမွသွားသည်။

အရပ်ရှည်သောလူငယ်သည် တုန့်ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ကိုယ်ခန္ဓာသည် ကြယ်ကြွေတစ်ခုပမာ နောက်သို့ လွင့်စင်သွားသည်။ ဘုန်းခနဲ အသံနှင့်အတူ ကျောက်စားပွဲတစ်ခုကို ဝင်တိုက်ရာ အပိုင်းပိုင်း ကြေမွသွား၏။

ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီးနောက် အရပ်ရှည်သောလူငယ်၏ မျက်လုံးများသည် လော့ချန်ကို ကြည့်နေ၏။ ထိုအကြည့်ထဲတွင် စိုးရိမ်မှုများ ပါဝင်နေသည်။

လက်သီးတစ်ချက်တည်းနှင့် သူ၏ ကာကွယ်ရေး သတ်ဖြတ်နည်းကို ဖြိုခွဲနိုင်ခဲ့သည်။ ဤသည်က ဘာကို ဆိုလိုသည်ကို သူ ရှင်းရှင်းလင်းလင်း သိသည်။

ဓားသမား၏ အင်အားသည် သူကဲ့သို့ ခန္ဓာကိုယ်မာကျောကျင့်ကြံသူထက် ပို၍ ကြောက်စရာကောင်းသည်။

လူအများ အံ့အားသင့်ကုန်ကြသည်။ တိုက်ပွဲသည် တစ်ခဏအတွင်း ပြီးဆုံးသွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြချေ။

လော့ချန်ကတော့ ဂရုမစိုက်ချေ။ အကြည့်သည် လျူရီဖုန်းဆီသို့ ရောက်သွားသည်။ မျက်လုံးများ ထက်မြက်နေ၏။

“နောက် ဘယ်သူ ထပ်လာတိုက်ခိုက်ဦးမလဲ...”

လျူရီဖုန်းက သူ့ကို ရန်လိုနေသည်ကို သူ အစကတည်းက သိသည်။ အကြိမ်ပေါင်းများစွာ ပြဿနာရှာနေသည်။ အစက မသိချင်ယောင် ဆောင်ခဲ့သော်လည်း တစ်ဖက်လူက လုံးဝ မသိနားမလည် ချေ။

တစ်ဖက်လူကို ပညာအချို့ မပြသပါက သူက ဖိနှိပ်ရလွယ်ကူသော လူနုံတစ်ဦး ဖြစ်သည်ဟု ထင်နေလိမ့်မည်။

တစ်ဖက်လူ ထွက်တိုက်ရန် အကြောင်းပြချက် မရှိလျှင် သူသည် အကြောင်းပြချက် ပေးရန် စဉ်းစားလိုက်သည်။

လူအများ ဤ ထူးဆန်းသော အငွေ့အသက်ကို ခံစားရသည်။ လော့ချန်၏ အကြည့်အတိုင်း လိုက်ကြည့်ကြရာ ရုတ်တရက် လျူရီဖုန်းကို မြင်သွားပြီး အံ့အားသင့်သွားကြသည်။ လော့ချန်က လျူရီဖုန်းကို စိန်ခေါ်ချင်သည်တဲ့လား။

လျူရီဖုန်းသည် သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့်အထွတ်အထိပ် သန်မာသူ ဖြစ်သည်။ ထို့အပြင် နာမည်ကျော် ကျိတော့ဂိုဏ်းမှ တပည့် ဖြစ်သည်။

“ဟဲဟဲ...”

လျူရီဖုန်း မျက်မှောင်ကြုတ်သွားသည်။ သူ မည်သို့ အကြောင်းပြချက် ပေးရမည်ကို တွေးနေစဉ် လော့ချန်က ကိုယ်တိုင် လာရှာခဲ့သည်။

သင် ကိုယ်တိုင် သေလမ်းကို ရှာနေလျှင် မည်သူ့ကိုမျှ အပြစ်တင်၍ မရချေ။

လျူရီဖုန်း စိတ်ထဲတွင် ရက်စက်စွာ ရယ်လိုက်သည်။ သူက ထရပ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ခန့်ညားသည် ဟု ယူဆသော အပြုံးကို ဖော်ပြလိုက်သည်။

“လော့ချန်... မင်းရဲ့ စွမ်းရည်က မဆိုးပါဘူး။ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့်အောက်က လူငယ်သန်မာသူထဲမှာ မင်းနဲ့ တိုက်ခိုက်နိုင်သူ မရှိတော့ဘူးလို့ ထင်ပါတယ်။ ဒီတော့ ငါလည်း စိတ်ဝင်စားသွားပြီ။ ငါတို့ ချစ်ခင်ရင်းနှီးစွာ တိုက်ခိုက်ပြီး သိုင်းပညာ ဖလှယ်ကြရင် မကောင်းဘူးလား... ဘယ်လိုလဲ... ဒါပေမဲ့ မင်းမတိုက်ချင်ရင်လည်း ရပါတယ်... အဲ့လိုဆိုရင်တော့ ဝမ်းနည်းရတော့မှာပေါ့...”

လျူရီဖုန်း၏ စကားများက လှပပြီး တည်ငြိမ်သည်။ ဆုတ်ခွာခြင်းနှင့် ရှေ့တိုးခြင်း တို့ကို စနစ်တကျ လုပ်ဆောင်သည်။ ဤသို့ဆိုလျှင် မည်သူမျှ သူ့ကို အလွန်ဆုံး အနိုင်ကျင့်သည် ဟု မပြောနိုင်တော့ချေ။

လော့ချန်သည် တစ်ဖက်လူ၏ ကောက်ကျစ်မှုကို ဂရုမစိုက်ချေ။ တည်ငြိမ်စွာ ဆိုလိုက်သည်။

“စကားတွေ လျှောက်ပြောမနေနဲ့။ ထွက်လာပြီး တိုက်လိုက်ပါ...”

ထိုအချိန်တွင် အဓိကထိုင်ခုံပေါ်ရှိ လီရှောင်ဖုန်းက စကားပြောလာသည်။ သူက တည်ငြိမ်စွာ ဆိုသည်။

“စီနီယာလျူ... ငါတို့ ကျိတော့ဂိုဏ်းတပည့်ဆိုတာ မတိုက်ရင်လည်း မတိုက်ဘူး... တိုက်ရင်တော့ ငါတို့ ကျိတော့ဂိုဏ်းရဲ့ ဂုဏ်သတင်းကို ဖော်ပြရလိမ့်မယ်ဆိုတာ မမေ့နဲ့နော်...”

လျူရီဖုန်းသည် လော့ချန်၏ အမူအရာကို စိတ်မသက်မသာ ဖြစ်နေသည်။ လော့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

“စီနီယာ စိတ်မပူပါနဲ့။ ခင်ဗျားကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး...”

ထိုအချိန်တွင် လော့ယောင်၏ လေတံခွန်ကဲ့သို့ ရယ်သံ ထွက်ပေါ်လာသည်။

“လော့ချန်... ချစ်ခင်ရင်းနှီးစွာ တိုက်ခိုက်ခြင်း ဖြစ်တဲ့အတွက် မင်း ဘာကိုမှ မစိုးရိမ်ဘဲ အစွမ်းကုန် ထုတ်သုံးလိုက်ပါ...”

လော့ယောင်၏ စကားသည် မူလက အဓိပ္ပာယ်မရှိသော်လည်း ဤအခိုက်အတန့်တွင် ထွက်လာသည်မှာ တွေးစရာတစ်ခု ဖြစ်သွားသည်။

လူအများ လီရှောင်ဖုန်းဆီသို့ လှည့်ကြည့်ကြသည်။

လီရှောင်ဖုန်းကတော့ လော့ယောင်ကို တစ်ချက်ကြည့်လိုက်သော်လည်း အမူအရာက တည်ငြိမ်နေဆဲပင်။

လျူရီဖုန်း၏ မျက်နှာသည် အလွန်ရုပ်ဆိုးလာသည်။ ခြေလှမ်းကျဲတစ်လှမ်းဖြင့် ကွင်းလယ်သို့ တိတ်ဆိတ်စွာ ရောက်ရှိသွားသည်။

ရေစီးသကဲ့သို့ လျှို့ဝှက်သော အငွေ့အသက်ကို ခံစားရသည်။ ပထမမင်းသား ကျင်းထျန်တူပင် ထရပ်ကာ ဆိုလိုက်သည်။

“ချစ်ခင်ရင်းနှီးစွာ တိုက်ခိုက်ခြင်းဆိုတာ အချင်းချင်း သိုင်းပညာ ဖလှယ်ရုံပဲ ဖြစ်တဲ့အတက် နှစ်ဦးစလုံး ထိန်းချုပ်ပြီး အမှတ်အသားလောက်သာ လုပ်ကြပါ...”

လျူရီဖုန်းသည် လော့ချန်ကို ကြည့်လိုက်ကာ အေးစက်စွာ ရယ်လိုက်သည်။

“စိတ်မပူပါနဲ့။ ငါ လက်မလွန်စေရပါဘူး...”

လော့ချန် မျက်လုံးကို ညင်သာစွာ ပင့်လိုက်သည်။ အမူအရာ မပျော်မရွှင် ဖြစ်နေသည်။

“အင်း... ပထမမင်းသား ပြောလို့ မင်းကို နာကျင်အောင် မလုပ်မှာ မဟုတ်ပါဘူး...”

အခန်း ၄၀၅ ပြီးပါပြီ။

All Chapters