← Chapters

ပထမမင်းသား၏ ဖိတ်ကြားမှု၊ ခမ်းနားသောပွဲ

Vol. 27 Ch. 398

ပထမမင်းသား၏ ဖိတ်ကြားမှု၊ ခမ်းနားသောပွဲ

Vol. 27 Ch. 398

လော့ယောင်သည် ခန်းမကြီးထဲမှ တက်ကြွစွာ ထွက်လာသည်။

လော့ယောင်က လာမည့်သူကို ဤမျှအလေးထားသည်ကို မြင်သောအခါ လျူကျုံးကျန်း၏စိတ်ထဲတွင် ပို၍ပင် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာသည်။

လော့ယောင်၏နောက်မှ လိုက်လာရင်း လျူကျုံးကျန်းသည် ခြေလှမ်းများကို တမင်တကာ နှေးလိုက်သည်။ လျူရီဖုန်း၏ဘေးသို့ ရောက်သောအခါ အသံကိုနှိမ့်၍ ပြောလိုက်သည်။

“ရီဖုန်း... မင်း မိန်းမတွေနဲ့ပတ်သက်ရင် နည်းလမ်းကောင်းတွေ ရှိတတ်တယ် မဟုတ်လား... ဒါ မင်းရဲ့အခွင့်အရေးပဲ...”

“မင်းသာ သခင်မလေးလော့ယောင်ရဲ့ နှစ်သက်မှုကို ရခဲ့မယ်ဆိုရင် အနာဂတ်မှာ လင်ယွမ်ပြတိုက်အတွင်း လျင်မြန်စွာ ရာထူးတက်နိုင်မှာ သေချာတယ်...”

လျူရီဖုန်း သဘောပေါက်သွားပြီး လော့ယောင်ကို ကြည့်ကာ ပြုံးရွှင်စွာ ခေါင်းညိတ်လိုက်သည်။

ခန်းမကြီးအပြင်ဘက်တွင် ပန်းခြံတစ်ခုရှိသည်။ ခါးတွင် ရတနာဓား ချိတ်ဆွဲထားသော လူတစ်ယောက်သည် သိမ်မွေ့စွာ ရပ်တည်စောင့်ဆိုင်းနေသည်။

သူသည် လော့ချန် ဖြစ်သည်။

ခြေသံကို ကြားသောအခါ လော့ချန် လှည့်ကြည့်လိုက်ရာ လော့ယောင်နှင့် အားမူကို မြင်သဖြင့် ဝမ်းသာစွာ ပြုံးရယ်ပြီး နှုတ်ဆက်လိုက်သည်။

“မတွေ့တာ ကြာပြီနော်...”

လော့ယောင်၏ လှပသောမျက်လုံးတစ်စုံသည် လော့ချန်တစ်ကိုယ်လုံးကို ထွင်းဖောက်ကြည့်ရှုချင်သကဲ့သို့ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

လော့ချန်၏ ရွှမ်ချီကျင့်စဉ် အစွမ်းကြောင့် သူမသည် လော့ချန်၏ စွမ်းအားအဆင့်ကို မမြင်နိုင်သော်လည်း အတွင်း၌ မထုတ်ဖော်ဘဲ ဖုံးကွယ်ထားသော အငွေ့အသက်ကိုမူ သူ ခံစားမိလိုက်သည်။

ဤသည်မှာ လုံးဝကွဲပြားခြားနားသော ပုံစံရှိသည်။ ကလေးဆန်သောအသွင် လုံးဝပျောက်ကွယ်သွားသည်။ လက်ဟန်ခြေဟန်တိုင်းတွင် နက်ရှိုင်းမှုနှင့် တည်ငြိမ်မှုများ ပို၍ပါဝင်လာသည်။ကိုယ်ခန္ဓာအနေအထားသည်လည်း ကြံ့ခိုင်မှု ပို၍ မြင့်မားလာသည်။

အခြားလူတစ်ယောက်ကဲ့သို့ လုံးဝ ပြောင်းလဲသွားသကဲ့သို့ပင် ဖြစ်သည်။

ဤသည်က အတွေ့အကြုံများသော လော့ယောင်ကိုပင် ခဏတာ ထိတ်လန့်တုန်လှုပ်သွားစေသည်။

တစ်လနှစ်လတည်းအချိန်အတွင်း လူတစ်ယောက်သည် ဤမျှပြောင်းလဲသွားနိုင်သလား...။

မျက်နှာပေါ်တွင် နက်နဲပြီး အဓိပ္ပာယ်ရှိသော အပြုံးတစ်ပွင့်ကို လေးနက်စွာ ပြုံးလိုက်ပြီးနောက် လော့ယောင်က ဆိုသည်။

“ကြည့်ရတာ ဒီကြားထဲ ကိစ္စများစွာ ဖြစ်ပျက်ခဲ့ပုံရတယ်...”

“ဟုတ်ပါတယ်...”

လော့ချန် ခေါင်းညိတ်လိုက်သည်။

ဤကာလအတွင်း သူသည် သုံးဂိုဏ်းပြိုင်ပွဲတွင် ပထမနေရာကို ရယူခဲ့သည်။ ထို့နောက် သွေးလင်းယုန်၏ လိုက်လံသတ်ဖြတ်မှုကို ခံခဲ့ရသည်။ အသက်ရှင်ခြင်းနှင့် သေခြင်းကို ဖြတ်ကျော်ခဲ့သည်။ ကျင့်ကြံမှုနယ်ပယ် ဆက်တိုက်ထိုးဖောက်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့်သို့ တက်လှမ်းခဲ့သည်။ အရာရာတိုင်းသည် ကြီးမားသောကိစ္စများ ဖြစ်သည်။

လူနှစ်ဦးသည် အလွန်နီးကပ်စွာ လျှောက်လာကြသည်။ အချင်းချင်း စကားပြောနေကြသည်။ လေသံများ ပေါ့ပါးနေကြသည်။

ဤအရာက နောက်မှလိုက်လာသော လျူရီဖုန်းကို မျက်မှောင်ကြုတ်စေသည်။ မျက်လုံးထဲတွင် နားမလည်နိုင်ခြင်း၊ အံ့အားသင့်ခြင်းများ ထွက်ပေါ်လာစေသည်။ သို့သော် အများစုမှာ မထီမဲ့မြင်ပြုခြင်းနှင့် မနာလိုခြင်းများ ဖြစ်သည်။

သူသည် လော့ယောင် စောင့်ဆိုင်းနေသည်မှာ မည်သည့်အရေးကြီးပုဂ္ဂိုလ်ဖြစ်မည်ဟု ယူဆခဲ့သည်။

မမျှော်လင့်ဘဲ အသက်တစ်ဆယ့်ငါးနှစ် သို့မဟုတ် တစ်ဆယ့်ခြောက်နှစ်အရွယ် သာမန်လူငယ်လေးတစ်ဦးသာ ဖြစ်သည်။ သို့သော် သူတို့၏ဆက်ဆံရေးမှာ မရိုးသားသကဲ့သို့ ထင်ရသည်။

ဤအရာက လျူရီဖုန်းကို စိတ်မသက်မသာဖြစ်စေသည်။

တစ်ဖက်လူသည် ရုပ်ရည်ကောင်းသည်မှလွဲ၍ အခြားမည်သည့်အချက်က သူနှင့်ယှဉ်ပြိုင်နိုင်မည်နည်း။

သို့သော် အတွေးပြောင်းသွားသောအခါ လျူရီဖုန်း၏မျက်နှာပေါ်တွင် ပြုံးရိပ်တစ်ခု ပေါ်လာသည်။

သာမန်ဖြစ်နေခြင်းက အကောင်းဆုံးပင်။

အကယ်၍ ထူးချွန်ထက်မြက်နေပါက သူ့အတွက် အခွင့်အရေးရှိတော့မည် မဟုတ်ချေ။

လျူကျုံးကျန်းသည် လော့ချန်ကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်နေသည်။ ရှေ့သို့ လျှောက်လာပြီး မျက်နှာအပြည့် အပြုံးဖြင့် ဆိုသည်။ “ကျွန်တော်က ရွှေနဂါးမြို့တော်က လင်ယွမ်ပြတိုက်မှူး လျူကျုံးကျန်း ဖြစ်ပါတယ်။ သူရဲကောင်းလူငယ်က ဘယ်သူဆိုတာ သိပါရစေ...”

လော့ချန်က မဆိုင်းမတွပင် ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။

“ကျွန်တော်မျိုး ရွှမ်ယွမ်ဂိုဏ်းက ပြင်ပစည်းဂိုဏ်းတပည့် လော့ချန်ပါ။ လင်ယွမ်ပြတိုက်မှူးလျူ တွေ့ဆုံရတာ ဝမ်းသာပါတယ်...”

လော့ချန်...။

လျူကျုံးကျန်း ဤနာမည်ကို အနည်းငယ် ရင်းနှီးနေသော်လည်း မည်သည့်နေရာတွင် ကြားဖူးသည်ကို မမှတ်မိနိုင်ချေ။ စိတ်ထဲတွင် အံ့အားသင့်မှုများ ပို၍ပြင်းထန်လာသည်။

အထူးသဖြင့် လော့ယောင်၏အဆင့်အတန်းဖြင့် ရွှမ်ယွမ်ဂိုဏ်းမှ ပြင်ပစည်းဂိုဏ်းတပည့်တစ်ဦးနှင့် ဆက်စပ်မှုရှိနေခြင်းပင်။

ဘေးမှလျူရီဖုန်း၏ မျက်လုံးထဲတွင် မထီမဲ့မြင်ပြုခြင်းသည် ပို၍ကြီးမားလာသည်။

ရွှမ်ယွမ်ဂိုဏ်းတပည့်။

ပြင်ပစည်းဂိုဏ်းပတပည့်ပင် ဖြစ်သေးသည်။

ပုံမှန်အချိန်များတွင် သူ၏မျက်လုံးထဲ၌ ထည့်သွင်းရန်ပင် မထိုက်တန်ချေ။ စကားပြောရန် အရည်အချင်းပင် မရှိချေ။

လော့ချန်သည်လည်း လျူရီဖုန်းကို တစ်ချက်ကြည့်လိုက်သည်။

တစ်ဖက်လူ၏ အငွေ့အသက်သည် သူ့ထက် အနည်းငယ်သာလွန်နေသည်။ သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့်သည် ချီးကျူးစရာဖြစ်သည်။ သို့သော် သူ၏အကြည့်က သူ့ကို အနည်းငယ် စိတ်မသက်မသာဖြစ်စေသည်။

သိပ်ဂရုမစိုက်တော့ဘဲ လော့ချန်သည် လော့ယောင်ကို ကြည့်ပြီး ပြောသည်။

“သွားလို့ရပြီလား...”

“သခင်မလေးလော့ယောင်... ဒီနန်းတော်မြို့ကို မထင်မှတ်ဘဲ ရောက်လာပြီးမှ... ဒီလောက် အလျင်လိုဖို့ မလိုပါဘူး...”

လျူရီဖုန်းသည် လော့ယောင်ကို နွေးထွေးစွာပြုံးပြလိုက်သည်။ ဆိုသည်။

“ကျွန်တော့်စီနီယာ လီရှောင်ဖုန်းလည်း မနေ့က ရွှေနဂါးမြို့တော်ကို ရောက်လာခဲ့တယ်။ ပထမမင်းသား ကျင်းထျန်တူက ကျွန်တော်တို့အတွက် ဧည့်ခံပွဲလုပ်ပေးတယ်။ ပတ်ဝန်းကျင် နိုင်ငံအချို့က လူငယ်သိုင်းပညာရှင်တွေကိုလည်း ဖိတ်ကြားထားတယ်။ သခင်မလေးလော့ယောင် ကျွန်တော်နဲ့အတူ လိုက်ခဲ့လို့ ရပါတယ်...”

လော့ယောင်သည် လော့ချန်ကို တစ်ချက်ကြည့်လိုက်သည်။

လော့ချန် စကားမပြောရသေးခင် လျူရီဖုန်းက နက်နဲသောအဓိပ္ပာယ်ဖြင့် ရယ်လိုက်သည်။

“ဒီပွဲကို လာတဲ့သူတွေဟာ နိုင်ငံအသီးသီးက လူငယ်ပါရမီရှင်တွေ ဖြစ်ကြတယ်။ ဘယ်သူမဆို ဝင်လို့ရတာ မဟုတ်ပါဘူး။ အသက်တစ်ဆယ့်ရှစ်နှစ်အောက်၊ ကျင့်ကြံမှုအဆင့် သွေးကြောနိုးကြားမှုနယ်ပယ်ကို ရောက်ရှိမှသာ ပါဝင်ခွင့်ရှိပါတယ်...”

လျူရီဖုန်း၏စကားများက ပေါ့ပေါ့ပါးပါးဖြစ်သော်လည်း လော့ချန်ကို လျှို့ဝှက်စွာ ပြက်ရယ်ပြုလိုက်ခြင်း ဖြစ်သည်။

ရွှမ်ယွမ်ဂိုဏ်းမှ ဂိုဏ်းပတပည့်တစ်ဦးသည် သွေးကြောနိုးကြားမှုနယ်ပယ်သန်မာသူ ဖြစ်ဖို့ လုံးဝမဖြစ်နိုင်ချေ။

လော့ယောင်၏လေသံသည် တည်ငြိမ်နေသည်။

“ငါ သွားရကောင်းမလား... သူလည်း အရည်အချင်းရှိပြီးသားပဲ...”

“အာ... သခင်မလေးလော့ယောင် ပြောတာမှန်ပါတယ်...”

လျူရီဖုန်း ကြောင်သွားသည်။ ချက်ချင်းတည်ငြိမ်စွာ ပြုံးလိုက်သည်။ ထို့နောက် လော့ချန်ကို ကြည့်လိုက်ပြီး ပြုံးရွှင်စွာ ဆိုသည်။

“ဒါဆို အတူတူသွားကြတာပေါ့။ ကျင်းထျန်တူက ကျွန်တော့်မျက်နှာကိုတော့ ကြည့်ပေးမှာပါ...”

လော့ချန် ခေါင်းခါလိုက်သည်။

“မလိုပါဘူး...”

လော့ချန် ငြင်းဆန်သည်ကို မြင်သောအခါ လျူရီဖုန်း မျက်လုံးများ အနည်းငယ်မှောင်သွားပြီး ရယ်လိုက်သည်။

“ဒီလိုခမ်းနားတဲ့ပွဲမျိုးက ဘယ်သူမဆို ပါဝင်ဖို့ အခွင့်အရေးရတာ မဟုတ်ပါဘူး... မင်း ဒီအခွင့်အရေးကိုယူပြီး အတွေ့အကြုံတိုးနိုင်တယ်...”

လျူရီဖုန်း၏လေသံသည် နွေးထွေးနေသော်လည်း လော့ချန်ကို စူးစိုက်ကြည့်နေသော မျက်လုံးများက ဓားကဲ့သို့ ထက်မြက်သည်။ ငြင်းဆန်၍မရသော ဖိအားတစ်ခု ရှိသည်။

လော့ချန်သည် ဂရုမစိုက်ချေ။ ထပ်မံ ငြင်းဆန်ရန် ပြင်နေစဉ်...

ထိုအချိန်တွင် ချောမောသည့် အမျိုးသမီးအစေခံတစ်ဦးသည် ရွှေရောင်ဝတ်စုံဝတ်ထားသော အစောင့်တစ်ဦးကို ခေါ်၍ အလျင်အမြန်ရောက်လာသည်။

ရွှေရောင်ဝတ်စုံဝတ်အစောင့်သည် လျူရီဖုန်းကို လက်နှစ်ဖက်ယှက်၍ အရိုအသေပေးလိုက်သည်။

“သခင်လေးလျူ... ပထမမင်းသားက သခင်လေးလျူကို တိမ်ယံထိပ်ဆောင်မှာ ပွဲတက်ဖို့ ဖိတ်ခေါ်ပါတယ်... နောက်ပြီး သခင်မလေးလော့ယောင်ဆိုတာ ဘယ်သူလဲ မသိဘူး...”

လော့ယောင်က ဆိုသည်။

“ဘာဖြစ်လို့လဲ...”

ရွှေရောင်ဝတ်စုံဝတ်အစောင့်က ရိုသေစွာဆိုသည်။

“ပထမမင်းသားက သခင်မလေးလော့ယောင် နန်းတော်မြို့ကို ရောက်ရှိလာတယ်ဆိုတာ သိရှိတဲ့အခါ သခင်မလေးလော့ယောင်ကို ပွဲတက်ဖို့ မဖြစ်မနေ ဖိတ်ခေါ်ဖို့ အထူးမှာကြားခဲ့တယ်...”

လော့ယောင် စကားမပြောချေ။ လော့ချန်၏အဖြေကို စောင့်နေသည်မှာ ရှင်းနေသည်။

လော့ချန် ခဏတာ တွေးတောပြီးနောက် အားမလိုအားမရ ဆိုသည်။

“ဒါဆိုလည်း သွားကြည့်တာပေါ့...”

သူသည် ပထမမင်းသားအပေါ် အထင်အမြင်ကောင်းခဲ့သည်။

ဤတစ်ကြိမ် သွေးကြောနိုးကြားမှုနယ်ပယ် ဒုတိယအဆင့်သို့ အောင်မြင်စွာတက်လှမ်းနိုင်ခြင်းတွင် ထိုလူပေးခဲ့သော သွေးကြောဖွင့်ဆေးလုံး၏ ကျေးဇူးကလည်း များစွာ အထောက်အကူပြုပေသည်။

ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ၌ သူသည် နန်းတော်မြို့သို့ လာရောက်လည်ပတ်ရန် နဝမမင်းသမီး ကျင်းယွီရှီကို ကတိပေးခဲ့သေးသည်။

ထိုသို့ဆိုလျှင် နောက်မှသွားမည့်အစား ယခုသွားခြင်းက ပို၍ကောင်းသည်။

လော့ချန် သဘောတူသည်ကို မြင်သောအခါ လျူရီဖုန်း စိတ်ထဲတွင် အေးစက်စွာ နှာမှုတ်လိုက်သည်။

‘မင်း သိမ်မွေ့မှုရှိသေးတာပဲ... ဒါပေမဲ့ ငါ့ကို လူရှေ့သူရှေ့မှာ ငြင်းရဲတာ သတ္တိမသေးဘူး... ခဏနေမှ မင်းကို အဖိုးအခပေးစေရမယ်...’

“ဒါဆို ထွက်ကြတာပေါ့...”

လော့ယောင် ချိုသာစွာ ပြုံးလိုက်သည်။

သူမအတွက် ပွဲတော်သည် အရေးမကြီးပေ။ လော့ချန် ပါဝင်နိုင်စေရန်သာ မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။

ဤသို့သော စုဝေးပွဲများတွင် လူငယ်ပါရမီရှင်များ စုဝေးနေကြသဖြင့် စကားပြောဆိုမှုသည် သိုင်းပညာနှင့် ကျင့်ကြံမှုနယ်ပယ်မှ မလွတ်နိုင်ချေ။ စိတ်အားထက်သန်သည့်အခါ တိုက်ခိုက်ခြင်းနှင့် အချင်းချင်းစမ်းသပ်ခြင်းများသည် ရှောင်လွှဲ၍မရချေ။

သူမသည် လော့ချန် ဤမျှကြာအောင် ပျောက်ကွယ်နေခဲ့ပြီးနောက် စွမ်းရည်သည် မည်သည့်အဆင့်အတန်းသို့ ရောက်ရှိသွားသည်ကို အလွန်သိချင်နေမိသည်။ကိုယ်တိုင် မြင်တွေ့လိုသည်။

တိမ်ယံထိပ်ဆောင်သည် နန်းတော်မြို့၏ အကောင်းဆုံးဧည့်ခံရုံများထဲမှ တစ်ခုဖြစ်သည်။ နေရာကျယ်ဝန်းသည်။ အတွင်း၌ အဆောက်အအုံများ၊ မိုးမခတောင်များ၊ အစိမ်းရောင်ရေများ အားလုံးပါဝင်သည်။

ဧည့်ခံပွဲကျင်းပရာနေရာသည် တိမ်ယံထိပ်ဆောင်၏ အနက်ရှိုင်းဆုံးနေရာရှိ ပန်းခြံငယ်လေးတွင် ဖြစ်သည်။

အတွင်း၌ ထူးဆန်းသောပန်းများနှင့် အပင်များ စိုက်ပျိုးထားသည်။ မြေပြင်ကို ဖြူစင်တောက်ပနေသော ကျောက်ပြားကြီးများဖြင့် ခင်းထားသည်။ ဖျော့တော့သောအလင်းများ ထွက်ပေါ်နေသည်။ ကြီးမားသည့် ခမ်းနားထည်ဝါမှုကို ဖော်ပြနေသည်။

လော့ချန်တို့ ရောက်ရှိလာချိန်တွင် ပန်းခြံငယ်လေးထဲ၌ လူငယ်နှစ်ဆယ်မှ သုံးဆယ်ခန့် ရှိနေပြီဖြစ်သည်။ မိန်းကလေးရော ယောကျ်ားလားလေးပါ နှစ်မျိုးလုံး ပါဝင်နေသည်။ ဝတ်စုံများလည်း အရောင်အသွေး စုံလင်စွာဖြင့် အမျိုးမျိုးကွဲပြားခြား နေကြ၏။

လော့ချန် တိတ်တဆိတ် စူးစမ်းကြည့်လိုက်သည်။ ထိုလူများသည် ရုပ်ရည်သန့်ပြန့်ကြသလို ကျင့်ကြံမှုအဆင့်များမှာ အားလုံးက သွေးကြောနိုးကြားမှုနယ်ပယ်သို့ ရောက်ရှိနေကြသည်။ သူသည် ထိုအထဲတွင် ဂိုဏ်းကြီးသုံးခုမှ အတွင်းစည်းဂိုဏ်းတပည့်အချို့ကိုပါ တွေ့ရှိခဲ့သည်။

လူအားလုံးအနက် အဓိကထိုင်ခုံတွင် ထိုင်နေသော လူနှစ်ဦးသည် အထင်ရှားဆုံးဖြစ်သည်။ ဘယ်ဘက်တွင် ဂုဏ်သရေရှိသော အရပ်မြင့်သည့်လူငယ်သည် ပထမမင်းသား ကျင်းထျန်တူ ဖြစ်သည်။

ကျင်းထျန်တူ၏ဘေးတွင် ဓားသွားကဲ့သို့မျက်ခုံးရှိသော လူငယ်တစ်ဦးရှိသည်။ ထိုလူငယ်သည်ကိုယ်ခန္ဓာအချိုးအစား ပြေပြစ်သည်။ တစ်ကိုယ်လုံးမှ အနှစ်သာရသည် ထိန်းချုပ်ထားသော်လည်း ရေကဲ့သို့ ပြင်းထန်သော ချီစွမ်းအင်လှုပ်ရှားမှုများကို ဖုံးကွယ်၍မရချေ။

လော့ချန် ခန့်မှန်းလိုက်သည်။ ဤသူသည် လျူရီဖုန်း၏စီနီယာ၊ ကျိတော့ဂိုဏ်းတပည့် လီရှောင်ဖုန်း ဖြစ်လိမ့်မည်။

“ဟားဟား... လျူရီဖုန်း၊ ပုံမှန်ပွဲတွေဆို မင်းက အတက်ကြွဆုံးပဲ။ ဒီနေ့ ဘာလို့ ဒီလောက်နောက်ကျတာလဲ...”

လူလေးဦး ခြံထဲသို့ ဝင်ရောက်လာသည်နှင့် လျှပ်ယွမ်ဂိုဏ်း၏ အတွင်းစည်းဂိုဏ်းဝတ်စုံ ဝတ်ထားသော မာနကြီးသည့် လူငယ်တစ်ဦးသည် ခြေလှမ်းကျဲများဖြင့် ကြိုဆိုလာသည်။

“ဟဲဟဲ... ကြည့်ရတာ ငါ နောက်ကျသွားပြီ ထင်တယ်။ ဒါပေမဲ့ ဒီနေ့ ငါ အရေးကြီးတဲ့ ဧည့်သည်တစ်ဦးကို ခေါ်လာခဲ့တယ်...”

လျူရီဖုန်း ညင်သာစွာပြုံးလိုက်သည်။ လော့ယောင်ကို မိတ်ဆက်ပေးသည်။

“သူက သခင်မလေးလော့ယောင် ပါ... ဗဟိုနယ်မြေကနေ ရောက်လာတာ... လက်ရှိ လင်ကျန်းမြို့ လင်ယွမ်ပြတိုက်မှာ ခေါင်းဆောင်သစ်အဖြစ် တာဝန်ယူထားတယ်လေ...”

ဗဟိုနယ်မြေကလာသည်... အနီးရှိ လူငယ်ပါရမီရှင်များ၏ အကြည့်များသည် လော့ယောင်ဆီသို့ စုစည်းလာကြ၏။

လော့ယောင်ကို မြင်သောအခါ လူအများအပြား မှင်တက်မိသွားကြသည်။

ပွဲရှိလူငယ်များသည် တစ်ပြိုင်နက်တည်းပင်ကိုယ်ကိုမတ်မတ် ပြင်ထိုင်လိုက်ကြသည်။ သူတို့၏ဝတ်ရုံများကို ဆန့်ဆန့်မတ်မတ်ဖြစ်အောင် ပြင်ဆင်ကုန်ကြသည်။

အမျိုးသမီးငယ်အချို့မှာ တိတ်တဆိတ် မျက်မှောင်ကြုတ်ကြသည်။ သူတို့၏ အမူအရာသည် အနည်းငယ် မသက်မသာဖြစ်နေသည်။

လော့ယောင် ပေါ်လာသည်နှင့် လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။ သို့သော် သူမတို့သည် ရုပ်ရည်ဖြစ်စေ၊ကိုယ်ရည်ကိုယ်သွေးဖြစ်စေ အနည်းငယ်နိမ့်ကျနေသည်ကို ဝန်ခံရပေမည်။

ထို့အပြင် တစ်ဖက်လူက ဗဟိုနယ်မြေမှလာသူဖြစ်သည်။ အဆင့်အတန်းသည် သာမန်မဟုတ်သည်မှာ သေချာသည်။ နှိုင်းယဉ်ရန်ပင် မစဉ်းစားရဲကြချေ။

“သခင်မလေးလော့ယောင် ဖြစ်ပါတယ်...”

မာနကြီးသည့်လူငယ်လည်း ခဏတာ ကြောင်သွားသည်။ လော့ယောင်၏ဘေးရှိ လော့ချန်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။

“ဒီလူက ဘယ်သူပါလဲ...”

လူတိုင်း၏မျက်လုံးတွင် စူးစမ်းလိုစိတ်များ ပေါ်လာသည်။

လော့ယောင်နှင့် ဘေးချင်းယှဉ်၍ လျှောက်လှမ်းနိုင်သူသည် အဆင့်အတန်း နိမ့်ကျမည်မဟုတ်ချေ။

“အော်... မေ့သွားလို့...”

လျူရီဖုန်းသည် နဖူးကို တစ်ချက်ပုတ်ကာ ရယ်လိုက်ပြီး မိတ်ဆက်ပေးသည်။

“သူကတော့ ရွှမ်ယွမ်ဂိုဏ်း ပြင်ပစည်းဂိုဏ်းတပည့် လော့ချန် ဖြစ်ပါတယ်...”

“ရွှမ်ယွမ်ဂိုဏ်း ပြင်းပစည်းဂိုဏ်းတပည့် လော့ချန်...”

လျူရီဖုန်း စကားပြောလိုက်သည်နှင့် မာနကြီးသည့်လူငယ် မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။

ထိုမျှမက ပွဲရှိ လျှပ်ယွမ်ဂိုဏ်းမှ အတွင်းစည်း ဂိုဏ်းတပည့်နှစ်ဦးသည်လည်း ချက်ချင်းထရပ်လိုက်ကြသည်။ လော့ချန်ကို စူးစိုက်ကာ ကြည့်နေကြသည်။ သူတို့၏ မျက်လုံးထဲမှ ဒေါသတရားသည် ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေကြ၏။

အခန်း ၃၉၈ ပြီးပါပြီ။

All Chapters