← Chapters

ဆရာချန်း... ပြဿနာ အကြီးကြီး တက်နေပြီ

Vol. 74 Ch. 1463

ဆရာချန်း... ပြဿနာ အကြီးကြီး တက်နေပြီ

Vol. 74 Ch. 1463

~ချန်းရှောင်ရှုံး ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ စုရှန်ဟယ် ဖြစ်နေ၏။

သူ ဂိုဏ်းကိစ္စများကို စုရှန်ဟယ်အား လွှဲပြောင်းပေးခဲ့ပြီးကတည်းက၊ အရေးကြီး ကိစ္စမဟုတ်လျှင် တစ်ဖက်လူက သူ့ဆီကို ဖုန်းဆက်လေ့ မရှိပေ။

အထူးသဖြင့် မိသားစုနှင့် ရှိနေချိန် ညဘက်များတွင် သူ့ကို အနှောင့်အယှက် ပေးခဲသည်။

သို့သော် ယခုလို ဖုန်းဆက်လာသည်ဆိုတော့... တစ်ခုခု အရေးကြီးကိစ္စ ရှိနေပြီ ဖြစ်၏။

သူ့ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရပြီး ဖုန်းပြောရန် ခြံဝင်းထဲသို့ အမြန်ထွက်လာခဲ့လိုက်သည်။

"ဟဲလို... ရှန်ဟယ်... ဘာဖြစ်လို့လဲ"

"ဆရာချန်း... ပြဿနာအကြီးကြီး တက်နေပြီ။ လော့ဝေလီက Ocean and Sky World မှာ ဇာမဏီသုံးကောင် ဂိုဏ်းနဲ့ ပြဿနာတက်ပြီး အခု ခြေလက်တွေ အကုန်ကျိုးသွားပြီ။ ကျွန်တော် အခု ဆေးရုံ ရောက်နေတယ်။ ဆရာဝန် ပြောတာကတော့ ပြန်ဆက်ပေးလို့ ရရင်တောင် နဂိုအတိုင်း ပြန်ဖြစ်ဖို့ ခဲယဉ်းတယ်တဲ့"

"ဒုတ်..."

ထိုသတင်းကို ကြားလိုက်ရချိန်တွင် ချန်းရှောင်ရှုံး၏ လက်များ တုန်ယင်သွားပြီး ဖုန်းမှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။

လော့ဝေလီနှင့် စုရှန်ဟယ်တို့သည် သူ၏ ဘယ်လက်ရုံး ညာလက်ရုံးများ ဖြစ်ကြ၏။

ယခုတော့... သူ့လက်ရုံးတစ်ဖက် ပြတ်တောက်သွားရ၏။

*

"သူဌေး... ကျွန်တော် မကြာခင် ပြန်ကောင်းလာမှာပါ။ သူဌေးကို ဆက်ပြီး အလုပ်အကျွေး ပြုပါ့မယ်"

ကျန်းကော၊ ပထမတန်းစား ဆေးရုံတွင် လော့ဝေလီသည် ကုတင်ပေါ်တွင် လဲလျောင်းရင်း အပြေးအလွှား ရောက်ရှိလာသော ချန်းရှောင်ရှုံးကို ကတိပေးနေလေသည်။

ချန်းရှောင်ရှုံးမှာ အလောတကြီး လာခဲ့ရသဖြင့် အဝတ်အစားတောင် မလဲနိုင်၊ အိမ်နေရင်း အဝတ်အစားများဖြင့်ပင် ရောက်လာခဲ့ခြင်း ဖြစ်သည်။

သူက ပြုံးလျက် လော့ဝေလီ၏ ပခုံးကို ပုတ်ပေးလိုက်သည်။

"ကောင်းပြီ... ဆရာဝန်ကုတာကို သေချာခံယူပါ။ ငါရော၊ တောင်နက်ဂိုဏ်းက ညီအစ်ကိုတွေရော မင်းပြန်လာမယ့်နေ့ကို စောင့်နေမယ်"

လော့ဝေလီ ရင်ထဲထိခိုက်သွားရသည်။

သူ ဒုက္ခိတ ဖြစ်သွားပြီဆိုတော့ သူဌေးချန်းက သူ့ကို ချက်ချင်း စွန့်ပစ်လိုက်တော့မည်ဟု ထင်ထားခဲ့မိသည်။

သို့သော် သူဌေးချန်းက သူ့ဘေးတွင် ဆက်ရှိနေဦးမည်ဟုတော့ ထင်မထားခဲ့ပေ။

ဒီလို သူဌေးမျိုး ရှိနေမှတော့ သူ ဘာကို ကြောက်စရာ လိုဦးမည်နည်း။

ချန်းရှောင်ရှုံးသည် သူ့ကို အားပေးစကား အနည်းငယ် ထပ်ပြောပြီးနောက် လှည့်ထွက်လာခဲ့၏။ အခန်းပြင်သို့ ရောက်သည်နှင့် သူ့မျက်နှာထားသည် ရုတ်ချည်း မည်းမှောင်သွားတော့၏။

စုရှန်ဟယ်က သူ့နောက်မှ လိုက်ပါလာပြီး မေးလိုက်သည်။

"ဆရာချန်း... ဇာမဏီသုံးကောင် ဂိုဏ်းက ကျွန်တော်တို့ကို စိန်ခေါ်လိုက်ပြီ။ ဘာဆက်လုပ်ကြမလဲ"

ချန်းရှောင်ရှုံးသည် ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်ပြီး မျက်မှောင်ကြီး ကျုံ့ထားသည်။

"ငါ့စိတ်ထဲမှာ ဒီကိစ္စက တစ်မျိုးကြီးပဲ။ ဇာမဏီသုံးကောင် ဂိုဏ်းက အမြဲတမ်း ထိန်းထိန်းသိမ်းသိမ်း နေတတ်တဲ့ကောင်တွေလေ။ ဘာလို့များ ဒီတစ်ခါ ရုတ်တရက်ကြီး ထပြီး ရန်စရတာလဲ"

အသက် ၆၀ အရွယ်၊ ဆိတ်မုတ်ဆိတ်နှင့် စုရှန်ဟယ်က သူ့မုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြောပြလာသည်။

"ကြားတာကတော့... လော့ဝေလီက ကလပ်မှာ အလန်းဆုံး ကောင်မလေး တစ်ယောက်ကို လုရင်းနဲ့ ဇာမဏီသုံးကောင် ဂိုဏ်းနဲ့ ပြဿနာတက်တာတဲ့။ မတော်တဆ ဖြစ်တာများလား"

"သောက်သုံးမကျတဲ့ကောင်... မိန်းမကိစ္စကို ရှောင်ပါလို့ ငါ သူ့ကို သတိပေးနေတာ ကြာပြီ။ မဟုတ်ရင် မိန်းမလက်ချက်နဲ့ သေလိမ့်မယ်လို့ ပြောထားတာကို နားမထောင်ဘူး"

ချန်းရှောင်ရှုံးက လူနာခန်းဘက်ကို အေးစက်စွာ လှမ်းကြည့်ပြီးမှ စုရှန်ဟယ်ကို ပြန်ဖြေသည်။

"တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး။ ဇာမဏီသုံးကောင် ဂိုဏ်းမှာ လော့ဝေလီထက် သိုင်းပညာသာတဲ့လူ ရှိလို့လား"

စုရှန်ဟယ် ခေါင်းခါလိုက်သည်။

"တစ်ခါမှ မကြားဖူးဘူး"

"အေးလေ... ဇာမဏီသုံးကောင် ဂိုဏ်းမှာ အဲဒီလိုလူ မရှိဘူးဆိုရင်၊ အဲဒီလူက သူတို့ ဈေးကြီးပေး ငှားလာတဲ့လူ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် တခြား ရည်ရွယ်ချက်ရှိတဲ့လူ ဖြစ်မယ်။ အတိုချုပ်ပြောရရင်... အဲဒီအရူးကောင် လော့ဝေလီကို ထောင်ချောက်ထဲ ဝင်လာအောင် တမင်ဆွဲခေါ်ပြီး အခွင့်ကောင်းယူ ဒုက္ခိတဖြစ်အောင် လုပ်လိုက်တာပဲ"

ချန်းရှောင်ရှုံးက အကျိုးအကြောင်း ခိုင်လုံစွာ သုံးသပ်ပြလိုက်သည်။

စုရှန်ဟယ်လည်း ထိုသုံးသပ်ချက်ကို သဘောတူလေသည်။

"ဒါဆိုရင် ဇာမဏီသုံးကောင် ဂိုဏ်းက ကျွန်တော်တို့ကို တမင် ပြဿနာရှာတာပေါ့။ သူတို့ စစ်ခင်းဖို့ ပြင်ဆင်နေကြတာလား"

ချန်းရှောင်ရှုံးလည်း ဤအချက်ကို စဉ်းစားရ ခက်နေ၏။

"ယုတ္တိနည်းအရ တွေးကြည့်ရင် ဇာမဏီသုံးကောင် ဂိုဏ်းမှာ အဲဒီလောက် ယုံကြည်မှုမျိုး မရှိသင့်ဘူး။ သူတို့ အကူအညီကောင်းကောင်း ရထားတာ မဟုတ်ရင်ပေါ့"

စုရှန်ဟယ် မျက်မှောင်ကြုတ်လျက် စဉ်းစားလိုက်သည်။

"အခု ကျွန်တော်တို့ မသေချာတာ တစ်ခုက ဇာမဏီသုံးကောင် ဂိုဏ်းက ထပ်ပြီး လှုပ်ရှားဦးမလား ဆိုတာပဲ"

"လှုပ်ရှားသည်ဖြစ်စေ၊ မလှုပ်ရှားသည်ဖြစ်စေ... ငါတို့ဘက်က အသင့်ပြင်ထားရမယ်။ အခု ကျန်းကော မြေအောက်လောက တစ်ခုလုံးက ငါတို့ကို စောင့်ကြည့်နေကြတာ။ ငါတို့ဘက်က ပြန်မတုံ့ပြန်ရင် တောင်နက်ဂိုဏ်းကို အထင်သေးသွားကြလိမ့်မယ်"

ဒီအချိန်မှာတော့ ချန်းရှောင်ရှုံး၏ မျက်နှာပေါ်တွင် သူ့သားနှင့် နေစဉ်က ရှိခဲ့သော ကြင်နာမှု အရိပ်အယောင်များ မရှိတော့ပေ။ အစားထိုး ဝင်ရောက်လာသည်ကတော့ အာဏာရှင်ဆန်သော၊ ရည်မှန်းချက်ကြီးမားသည့် အရှိန်အဝါများသာ ဖြစ်သည်။

ဘေးမှ ကြည့်နေသော စုရှန်ဟယ်၏ စိတ်နှလုံး လှုပ်ရှားသွားရသည်။

တန်ခိုးအာဏာ ကြီးမားသော ချန်းရှောင်ရှုံးတစ်ယောက် ပြန်လာပြီ ဖြစ်လေ၏။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တောင်နက်ဂိုဏ်းကို သူ ယာယီ ဦးဆောင်ခဲ့သော်လည်း၊ လူတိုင်းမှာ ဒီလို ခေါင်းဆောင်နိုင်စွမ်းမျိုး မရှိကြောင်း သူ ဝန်ခံရပေမည်။

တောင်နက်ဂိုဏ်းက ခေါင်းမာသော စစ်ဗိုလ်ချုပ် (တင်စားတာပါ) များကို ချန်းရှောင်ရှုံးတစ်ယောက်သာ ယဉ်ပါးအောင် ထိန်းကျောင်းနိုင်ပေသည်။

သို့သော်... ဤလွှမ်းမိုးနိုင်စွမ်းသည် ကြာကြာမခံလိုက်ပေ။ ဆက်တိုက် ရောက်ရှိလာသော သတင်းဆိုးများက ဖြိုခွင်းလိုက်တော့၏။

တောင်နက်ဂိုဏ်း၏ ဂိုဏ်းခွဲအသီးသီးမှ သတင်းများ ဆက်တိုက် တက်လာနေ၏။ အားလုံးလိုလိုတွင် ဇာမဏီသုံးကောင် ဂိုဏ်းသားများနှင့် အနည်းနှင့်အများ ပဋိပက္ခ ဖြစ်ပွားနေကြကြောင်း သတင်းပို့လာကြ၏။

အခြေအနေ သိပ်မဆိုးသော နေရာများတွင် စကားများ ရန်ဖြစ်ရုံသာ ရှိသော်လည်း၊ ပိုမို ဆိုးရွားသော နေရာများတွင်မူ ရုန်းရင်းဆန်ခတ် ဖြစ်ပွားကာ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြ၏။

ချန်းရှောင်ရှုံးနှင့် စုရှန်ဟယ်တို့ အခြေအနေ မဟန်တော့ကြောင်း တဖြည်းဖြည်း သဘောပေါက်လာကြ၏။

ဒါသည် အဆုံးအဖြတ် တိုက်ပွဲတစ်ခု၏ ရှေ့ပြေးနိမိတ်ပင် ဖြစ်သည်။

နောက်ဆုံးတွင် ချန်းရှောင်ရှုံး သည်းမခံနိုင်တော့ပေ။ သူ ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး အမိန့်ပေးလိုက်သည်။

"ဌာနအသီးသီးကို အခုချက်ချင်း အမိန့်ပေးလိုက်... အားလုံး သတိထားကြလို့... အချိန်မရွေး တိုက်ပွဲကြီး ဖြစ်လာနိုင်တယ်လို့ ပြင်ဆင်ထားခိုင်းလိုက်တော့"

စုရှန်ဟယ်ကတော့ ဒီကိစ္စက နည်းနည်း လွန်လွန်းနေသည်ဟု ခံစားမိသည်။

ကျားနှစ်ကောင် ကိုက်လျှင် တစ်ကောင်ကတော့ သေချာပေါက် ဒဏ်ရာရမည်သာ။

ကျန်းကောဒေသ၏ ထိပ်တန်း ဂိုဏ်းကြီးနှစ်ခု တိုက်ခိုက်ကြလျှင် အနိုင်ရသည့်တိုင်အောင် အထိနာမည်မှာ သေချာသလောက် ရှိပြီး၊ ဘေးလူများသာ လက်ခုပ်တီးစရာ ဖြစ်သွားပေလိမ့်မည်။

သို့သော် အခြေအနေက ဒီအဆင့်ထိ ရောက်လာမှတော့ နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။

အကယ်၍ တောင်နက်ဂိုဏ်းက ဒီနေ့ နောက်ဆုတ်လိုက်ပါက မနက်ဖြန်တွင် ကျန်းကော မြေအောက်လောကတစ်ခုလုံး၏ ရယ်စရာ ဖြစ်သွားပေလိမ့်မည်။

‘ဟူး... ဒီလမ်းပဲ ရှိတော့တာပေါ့လေ’

*

ယဲ့ဖန်သည် ယွဲ့ရိ လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိလာခဲ့၏။

ဤလက်ဖက်ရည်ဆိုင်သည် ဇာမဏီသုံးကောင် ဂိုဏ်း ပိုင်ဆိုင်သော ဆိုင်ဖြစ်သည်။ ကိစ္စပြီးပါက ဤနေရာတွင် တွေ့ဆုံရန် ယွီဖုန်းရှန်း နှင့် ကြိုတင် ချိန်းဆိုထားခဲ့ခြင်း ဖြစ်သည်။

(Yu Fengsheng- Yuက ယွီ ဖြစ်ပါတယ်။)

အထူးတန်း (A-class) သီးသန့်ခန်းထဲတွင် ယွီဖုန်းရှန်းသည် စားပွဲခုံရှေ့၌ ဒူးထောက်ထိုင်ရင်း လက်ဖက်ရည် နှပ်နေလေသည်။

ဤမျှ နူးညံ့သိမ်မွေ့သော အမျိုးသမီး တစ်ယောက်သည် ကျန်းကော မြေအောက်လောကတစ်ခုလုံးကို တုန်လှုပ်စေသော ဇာမဏီသုံးကောင် ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ဖြစ်နေသည်မှာ ယုံချင်စရာပင် မကောင်းလှပေ။

ယဲ့ဖန်သည် ဖိနပ်ချွတ်ပြီး သူမနှင့် မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ခွေ ဝင်ထိုင်လိုက်သည်။ သူက အားနာမနေဘဲ လက်ဖက်ရည်ခွက်ကို လှမ်းယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

ယွီဖုန်းရှန်းက ဂရုမစိုက်ဘဲ သူ့ခွက်ထဲသို့ လက်ဖက်ရည် ထပ်ဖြည့်ပေးလိုက်သည်။

"ရှင် တော်တော် မြန်တာပဲ။ အနည်းဆုံး တစ်နာရီလောက် ကြာမယ်ထင်နေတာ။ နာရီဝက်တောင် မပြည့်ဘဲ ပြီးသွားလိမ့်မယ်လို့ မထင်ထားဘူး"

ယဲ့ဖန် ပြုံးလိုက်သည်။

"ပြီးပြီလို့ ခင်ဗျား ဘယ်လိုလုပ် သိလဲ။ ကျွန်တော် ရှုံးပြီး ပြန်လာတာရော မဖြစ်နိုင်ဘူးလား"

သူ့အား ယွီဖုန်းရှန်း ခေါင်းမော့ကြည့်လိုက်သည်။

"လော့ဝေလီလောက်ကိုမှ ဆရာယဲ့ မရှင်းနိုင်ဘူးဆိုရင် ကျွန်မကို လာတွေ့ဖို့ မျက်နှာရှိပါဦးမလား"

"လော့ဝေလီက ခင်ဗျားမျက်လုံးထဲမှာ အဲဒီလောက် ပျော့နေရင် အရင်တုန်းက ဘာလို့ မရှင်းခဲ့တာလဲ"

ယဲ့ဖန်က သူမကို မျက်နှာသာ လုံးဝမပေးဘဲ အနာပေါ် တုတ်ချလိုက်သည်။

ယွီဖုန်းရှန်း စကားစ ပျောက်သွားသည်။ ဒီလူနှင့်တော့ ကောင်းကောင်း စကားပြော၍ ရမည်မထင်။

"ကျွန်မတို့ လွှတ်လိုက်တဲ့ တခြား ညီအစ်ကိုတွေလည်း အစီအစဉ်အတိုင်း တောင်နက်ဂိုဏ်းက လူတွေနဲ့ ထိပ်တိုက်တွေ့ပြီးပြီ။ အခု သူတို့ရဲ့ နံပါတ်တစ် လက်ရုံးတော် လော့ဝေလီကို ရှင်းပြီးပြီဆိုတော့ အရှိန်ရတုန်း ဆက်တိုက်ဖို့ အခွင့်ကောင်းပဲ။ တောင်နက်ဂိုဏ်းကို အမြစ်ကနေ ဆွဲနှုတ်ပစ်ချင်တယ်"

ယွီဖုန်းရှန်းက သူမ၏ အစီအစဉ်ကို ရှင်းပြပြီး ယဲ့ဖန်၏ သဘောထားကို မေးမြန်းလိုက်သည်။

"ခင်ဗျားလူတွေကို ခဏ ရပ်ခိုင်းလိုက်ပါ။ ရန်သူကို လျှော့မတွက်နဲ့... မိုက်ရူးရဲ မဆန်နဲ့။ တောင်နက်ဂိုဏ်းဘက်က တုံ့ပြန်နေပြီ။ ကျွန်တော်တို့ဘက်က အရမ်း ဖိအားပေးလွန်းရင် ကံကုန်နေတဲ့ ခွေးကို မောင်းထုတ်သလို ဖြစ်သွားလိမ့်မယ်"

ထိုသို့၊ ယဲ့ဖန်က သဘောထား ကွဲလွဲကြောင်း ထုတ်ပြောလိုက်သည်။

ယွီဖုန်းရှန်း မျက်မှောင်ကြုတ်သွားသည်။ ဒီလို တစ်သက်မှာ တစ်ခါသာ ရမည့် အခွင့်အရေးမျိုးကို လက်လွှတ်မခံချင်မှန်း သိသာနေ၏။

All Chapters