← Chapters

ဘာကြောင့်လဲဆိုတော့ သူက ချန်းရှောင်ရှုံး ဖြစ်နေလို့လေ

Vol. 74 Ch. 1466

ဘာကြောင့်လဲဆိုတော့ သူက ချန်းရှောင်ရှုံး ဖြစ်နေလို့လေ

Vol. 74 Ch. 1466

~အဘိုးအိုသည် ရှေးဟောင်းပစ္စည်း နှစ်ခုကို မြင်သည်နှင့် ချက်ချင်းပင် အော်ဟစ်ငိုကြွေးတော့၏။

သူ၏ ငိုကြွေးသံမှာ အသည်းခိုက်မတတ် နာကျင်နေပြီး၊ နှစ်ပေါင်း (၂၀) ကျော်ကြာ ရင်ထဲတွင် မြိုသိပ်ထားခဲ့ရသော မကျေနပ်ချက်များ၊ နာကျည်းချက်များ အားလုံးကို တစ်ခါတည်း ပေါက်ကွဲထုတ်ပစ်လိုက်သကဲ့သို့ပင်။

သူ့အဖြစ်ကို မြင်ရသူတိုင်း မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရသည်။

ယွီဖုန်းရှန်းနှင့် ချန်းဖေးအယ်တို့ နောက်ဆုံးတော့ နားလည်သွားကြပြီ ဖြစ်လေ၏။

ဒီရှေးဟောင်းပစ္စည်း နှစ်ခုက လူသတ်လက်နက်တွေ ဖြစ်နေတာကိုး။

ဒါပေမဲ့ ဒီကိစ္စက ချန်းရှောင်ရှုံးနဲ့ ဘယ်လို ပတ်သက်နေတာလဲ။

ယဲ့ဖန်သည် အဘိုးအိုကို တွဲထူလိုက်သည်။

"အဘိုး... ဒီနေ့ ကျွန်တော် အဘိုးကို ဖိတ်လိုက်တာက အဘိုးရဲ့ မိန်းမနဲ့ သား သေဆုံးခဲ့ရတဲ့ ကိစ္စအတွက် လက်စားချေပေးဖို့ပါ"

"လက်... လက်စားချေမယ် ဟုတ်လား"

အဘိုးအို ကြားလိုက်ရချိန်တွင် ကြောင်အမ်းအမ်း ဖြစ်သွားပြန်သည်။

သူ့မိန်းမနဲ့ သား ဆုံးပါးသွားကာစကတော့ လက်စားချေဖို့ သူ အမှန်တကယ် တွေးခဲ့ဖူးသည်။

သို့သော် နှစ်တွေကြာလာသည်နှင့်အမျှ ချန်းရှောင်ရှုံး၏ နောက်ခံအင်အား ဘယ်လောက် ကြောက်စရာကောင်းကြောင်း သိလာရပြီးနောက်၊ လက်စားချေဖို့ဆိုတာ စိတ်ကူးတောင် မယဉ်ရဲတော့ပေ။

ယခုအခါ သူ့ဘဝ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ မွေးစားထားသော မြေးမလေးကို အရွယ်ရောက်သည်အထိ စောင့်ရှောက်ရင်း၊ တစ်နေ့ကျမှ မိန်းမနှင့် သားရှိရာဆီ အေးအေးဆေးဆေး လိုက်သွားဖို့သာ ရှိတော့၏။

သို့သော် ယခု ယဲ့ဖန်၏ စကားက နှစ်ပေါင်းများစွာ သူ့ရင်ထဲတွင် ငုပ်လျှိုးနေခဲ့သော လက်စားချေလိုစိတ် မီးတောက်ကို ပြန်လည် ထတောက်လာစေ၏။

"လူလေး... မင်းသာ ငါ့မိန်းမနဲ့ သားအတွက် လက်စားချေပေးနိုင်မယ်ဆိုရင်... ငါ မင်းရဲ့ ကျွန်အဖြစ် အသက်ပေးပြီး ခစားပါ့မယ်"

အဘိုးအိုသည် စိတ်ထိန်းမရတော့ဘဲ ယဲ့ဖန်၏ ခြေရင်းတွင် ဒူးထောက်ချလိုက်သည်။

ယဲ့ဖန်သည် သူ့ကို အမြန်ပြန်ဆွဲထူလိုက်သည်။

"အဘိုး... ဒီလို မလုပ်ပါနဲ့။ အမှန်အတိုင်း ပြောရရင် ကျွန်တော်ကလည်း ကျွန်တော့်ကိစ္စနဲ့ကျွန်တော် လက်စားချေရင်း အဘိုးအတွက်ပါ တစ်လက်စတည်း ကူညီပေးတာပါ။ ပြောရရင် နောက်တစ်ဆင့်ကျရင် အဘိုးရဲ့ အကူအညီကို ကျွန်တော် လိုအပ်ဦးမှာ"

အဘိုးအို ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။

"ရတယ်... ငါ ဘာမဆို လုပ်ပေးမယ်။ ငါ့မိန်းမနဲ့ သားအတွက် လက်စားချေနိုင်မယ်ဆိုရင် ငါ့ခေါင်းကို ဖြတ်ယူသွားမယ်ဆိုရင်တောင် မျက်တောင်တစ်ချက် ခတ်မှာ မဟုတ်ပါဘူး"

ယဲ့ဖန်သည် အဘိုးအို၏ စကားကြောင့် ပြုံးလိုက်မိပြီး၊ သူ့ကို ကုလားထိုင်ပေါ်တွင် တွဲတင်ပေးလိုက်သည်။

"အဲဒီလောက်လည်း မကြောက်ပါနဲ့ဗျာ။ ကျွန်တော် လိုချင်တာက ခဏနေကျရင် အဘိုးက ကျွန်တော်နဲ့အတူ ဟန်ဆောင်ပြီး သရုပ်ဆောင်ပေးရုံလေးပါ..."

ပြောရင်းဖြင့် ယဲ့ဖန်သည် အဘိုးအို၏ နားနားသို့ကပ်ကာ တိုးတိုးလေး မှာကြားလိုက်သည်။

အစပိုင်းတွင် အဘိုးအိုက တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသော်လည်း၊ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။

"ကိစ္စမရှိဘူး... မင်း ဘာလုပ်ခိုင်းခိုင်း ငါ လုပ်မယ်"

ယဲ့ဖန် ကျေနပ်အားရစွာ ပြုံးလိုက်သည်။ အဘိုးအို၏ အကူအညီရပြီဆိုတော့ ကိစ္စက တစ်ဝက်ပြီးသွားပြီဟု ဆိုနိုင်၏။

ထိုအချိန်တွင် လုံခြုံရေးအဖွဲ့မှ ခြေရာခံကျွမ်းကျင်သူက အစီရင်ခံစာ တစ်စောင်ကို ကိုင်လျက် လျှောက်လာသည်။

"စစ်ဆေးချက် အဖြေထွက်ပါပြီ။ ဒီရှေးဟောင်းပစ္စည်း နှစ်ခုပေါ်ကနေ ချန်းရှောင်ရှုံးရဲ့ လက်ဗွေရာတွေကို တကယ်ပဲ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် လူ (၁၂) ယောက်ရဲ့ သွေးစတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး၊ အားလုံးက လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်က သွေးတွေ ဖြစ်နေပါတယ်။ ဒါက အသေးစိတ် အချက်အလက်တွေပါ"

ယဲ့ဖန်သည် အစီရင်ခံစာကို လှမ်းယူပြီး ဖတ်ကြည့်လိုက်သည်။ ရှေးဟောင်းပစ္စည်း နှစ်ခုပေါ်တွင် တွေ့ရှိရသော သံသယဖြစ်ဖွယ် အရာအားလုံးကို အသေးစိတ် ဖော်ပြထားသည်။

ဒီစစ်ဆေးချက် အဖြေတစ်ခုတည်းနှင့်တင် ချန်းရှောင်ရှုံးသည် လူသတ်တရားခံ ဖြစ်ကြောင်း သက်သေပြရန် လုံလောက်လေပြီ ဖြစ်၏။

ထို့အပြင် သူသည် ဒီကြေးဗုဒ္ဓရုပ်တု တစ်ခုတည်းဖြင့်ပင် လူပေါင်း (၁၂) ယောက်ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ တွေးကြည့်ရုံနှင့်ပင် ကျောချမ်းစရာ ကောင်းလှသည်။

ယခုအခါ သက်သေရော၊ သက်မဲ့သက်သေပါ ရှိနေပြီ ဖြစ်ရာ၊ ချန်းရှောင်ရှုံးသာ လာရဲလျှင်တော့ ပွဲကောင်း ကြည့်ရပေတော့မည်။

"ယဲ့ဖန်... ချန်းရှောင်ရှုံးက တကယ် လာမယ်လို့ ထင်လား"

ယွီဖုန်းရှန်း လျှောက်လာပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"သူ သေချာပေါက် လာလိမ့်မယ်"

ယဲ့ဖန်က အပြည့်အဝ ယုံကြည်မှုရှိစွာ ဖြေလိုက်သည်။

"ရှင် ဘာလို့ အဲဒီလောက် သေချာနေရတာလဲ"

ယွီဖုန်းရှန်း သံသယဖြစ်နေဆဲပင်။ အကယ်၍ သူမသာ ချန်းရှောင်ရှုံး နေရာမှာဆိုလျှင်၊ ကိုယ့်အားနည်းချက်က ရန်သူလက်ထဲ ရောက်နေမှန်း သိသိကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် လာအဖမ်းခံစရာ အကြောင်းမရှိပေ။ ပုန်းရှောင်နေမှာသာ ဖြစ်သည်။

"ဘာကြောင့်လဲဆိုတော့ သူက ချန်းရှောင်ရှုံး ဖြစ်နေလို့လေ"

ယဲ့ဖန်က အကြောင်းပြချက် မဟုတ်သော အကြောင်းပြချက်တစ်ခုကို ပေးလိုက်သည်။

သူ ချန်းရှောင်ရှုံးကို တစ်ခါမှ မမြင်ဖူးသော်လည်း၊ ဒီလူအကြောင်း ပြောပြချက်များနှင့် ဇာမဏီသုံးကောင် ဂိုဏ်းမှ ပေးသော အချက်အလက်များကို ကြည့်ခြင်းအားဖြင့်... ဒီလူသည် အလွန် မောက်မာဝင့်ကြွားသူ ဖြစ်ကြောင်း သုံးသပ်မိသည်။

ဒီလိုလူမျိုးသည် များသောအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲတတ်ပြီး၊ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည်ဟု ထင်မြင်တတ်ကြ၏။

သူ့မျက်လုံးထဲတွင် ယဲ့ဖန်တို့၊ ယွီဖုန်းရှန်းတို့လို လူငယ်လေးတွေကို အဖက်လုပ်မှာ မဟုတ်ပေ။

ထို့ကြောင့် သူသည် ဤကိစ္စကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ရှင်းလင်းမည်မှာ သေချာသည်။

ယွီဖုန်းရှန်းသည် ယဲ့ဖန်၏ စကားကို မယုံတဝက် ယုံတဝက် ဖြစ်နေစဉ်မှာပင်၊ ချန်းရှောင်ရှုံးကို ဖိတ်ခေါ်ခိုင်းထားသော လူထံမှ ဖုန်းဝင်လာလေသည်။

ထိုလူက ချန်းရှောင်ရှုံးသည် ဖိတ်ကြားမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်းနှင့် လာနေပြီဖြစ်ကြောင်း သတင်းပို့လေသည်။

ယွီဖုန်းရှန်း ဖုန်းချလိုက်ပြီးနောက် ယဲ့ဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"ရှင်ပြောတာ မှန်တယ်... ချန်းရှောင်ရှုံး တကယ် လာနေပြီ။ ပြီးတော့ သူက နောက်လိုက် တစ်ယောက်မှတောင် ခေါ်မလာဘူးတဲ့"

ဇာမဏီသုံးကောင် ဂိုဏ်း၏ ဥက္ကဋ္ဌ တစ်ယောက်အနေဖြင့် သူမသည် သေရေးရှင်ရေး အခြေအနေပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသည်။ သူမ၏ သတ္တိသည် ဘယ်ယောကျ်ားသားထက်မှ မလျော့ဘူးဟု ယုံကြည်ထားသည်။

သို့သော် ချန်းရှောင်ရှုံးကိုတော့ သူမ လေးစားသွားမိသည်။

သူက တစ်ကိုယ်တည်း လာရဲတယ်တဲ့လား။

ဒီလို သတ္တိမျိုးက လူတိုင်းမှာ ရှိနိုင်တာ မဟုတ်ပေ။

‘ကျန်းကော မြေအောက်လောကရဲ့ ဂေါ့ဖာသာဖြစ်နေတာ မဆန်းပါဘူး။ သာမန်လူတွေနဲ့တော့ တကယ် ကွာခြားတာပဲ။’

ယဲ့ဖန်သည် မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း၊ ချန်းရှောင်ရှုံး၏ သတ္တိကို အနည်းငယ်တော့ ချီးကျူးမိသည်။

ဟုတ်သည်။ ချီးကျူးတာက ချီးကျူးတာပဲ။ လက်တွေ့ လုပ်ဆောင်ရမည့် အချိန်ကျလျှင်တော့ သူ လုံးဝ ညှာတာနေမှာ မဟုတ်။

"ဧည့်သည်တော်ကြီး လာတော့မယ်ဆိုတော့... ကျွန်တော်တို့လည်း ပွဲကောင်းလေး တစ်ပွဲလောက် ကပြကြတာပေါ့"

ယဲ့ဖန်သည် ယွီဖုန်းရှန်းနှင့် ချန်းဖေးအယ်ကို ကြည့်ကာ ပြုံးလိုက်သည်။

မိန်းကလေးနှစ်ယောက်စလုံး သူ၏ ထိုအပြုံးစုတ်ကို မြင်လိုက်သည်နှင့်... ဒီလူ ဘာကြံစည်နေပြီလဲ ဆိုတာ တန်းသိလိုက်ကြ၏။

သို့သော် ဘာဆက်ဖြစ်မလဲ ဆိုတာကိုတော့ သူမတို့လည်း ရင်ခုန်စွာ မျှော်လင့်နေမိကြ၏။

ဒီညကတော့... သေချာပေါက် မုန်တိုင်းထန်မည့် ညတစ်ညပါပင်။

*

ချန်းရှောင်ရှုံး သီးသန့်ခန်းထဲသို့ ဝင်လာချိန်တွင်... အခန်းထဲ၌ ယွီဖုန်းရှန်း တစ်ယောက်တည်းသာ ရှိပြီး၊ လက်ဖက်ရည် ခပ်ဖြည်းဖြည်း နှပ်နေသည်ကို တွေ့လိုက်ရသည်။

"ဆရာချန်း... ကြွပါ... ထိုင်ပါရှင့်"

ယွီဖုန်းရှန်းက လက်ဖြင့် ညွှန်ပြပြီး သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။

ချန်းရှောင်ရှုံး ဘေးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ အခန်းထဲတွင် ကာရံထားသော အကာအရံ တစ်ခု ရှိနေသည်ကို သတိပြုမိလိုက်သည်။

ထိုအကာအရံသည် (၃) မီတာခန့် ရှည်လျားပြီး၊ နောက်ကွယ်တွင် လူသတ်သမား တစ်ဒါဇင်လောက် ပုန်းနေလျှင်တောင် လုံလောက်သော အနေအထား ဖြစ်သည်။

သို့သော် သူ သိပ်အရေးမစိုက်ပေ။ ဖိနပ်ချွတ်လိုက်ပြီး ယွီဖုန်းရှန်း၏ ရှေ့သို့ ခပ်ဖြည်းဖြည်း လျှောက်သွားကာ ဝင်ထိုင်လိုက်သည်။

"ဆရာချန်း... သုံးဆောင်ပါဦး"

ယွီဖုန်းရှန်းက လက်ဖက်ရည်တစ်ခွက်ကို ချန်းရှောင်ရှုံးထံသို့ ကမ်းပေးလိုက်သည်။

"ကျေးဇူးပါ"

ချန်းရှောင်ရှုံးသည် လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး၊ သံသယဖြစ်ခြင်း၊ သတိထားခြင်း လုံးဝမရှိဘဲ တစ်ငုံ မော့သောက်လိုက်သည်။ ထို့နောက် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"ဥက္ကဋ္ဌယွီရဲ့ လက်ဖက်ရည် ဖျော်တဲ့ လက်ရာက ဒီလောက် ကောင်းလိမ့်မယ်လို့ မထင်ထားဘူး။ ရှားပါးတဲ့ အရသာပဲ"

ယွီဖုန်းရှန်းသည် သူမအတွက် တစ်ခွက်ငှဲ့လိုက်ပြီး တစ်ငုံသောက်ကာ ခွက်ကို ခပ်ဖြည်းဖြည်း ပြန်ချလိုက်သည်။

"ကျွန်မတို့လို လမ်းဘေးသမားတွေက အမြဲတမ်း သတ်မယ် ဖြတ်မယ် ..လုပ်နေလို့မှ မဖြစ်တာ။ တစ်ခါတလေကျတော့လည်း ယဉ်ကျေးမှု ရှိသလိုလို ဘာလိုလို ဟန်ဆောင်ရတာပေါ့"

"ဟားဟားဟား... ကျွန်တော်ကတော့ ဥက္ကဋ္ဌယွီကို မမီပါဘူးဗျာ။ ကျွန်တော်က လူမိုက်ဆိုတော့ လူမိုက်လိုပဲ နေတတ်တယ်။ လူကြီးလူကောင်းလို ဟန်ဆောင်ခိုင်းရင်... ဝက်ပုတ်ကြီးကို မျက်မှန်တပ်ပေးပြီး တက္ကသိုလ်ကျောင်းသား လုပ်ခိုင်းသလို ဖြစ်နေမှာပေါ့"

ချန်းရှောင်ရှုံးက ဟာသလုပ်ပြီး ပြောလိုက်သည်။

သူတို့နှစ်ဦး၏ အနေအထားမှာ ရန်သူများနှင့် မတူဘဲ၊ မိတ်ဆွေဟောင်းကြီးများ စကားစမြည် ပြောနေကြသည့်နှယ်။

ယွီဖုန်းရှန်းသည် ချန်းရှောင်ရှုံး၏ တည်ငြိမ်မှုကို စိတ်ထဲမှ တိတ်တခိုး ချီးကျူးလိုက်မိသည်။

သူမက သူ့ကို ဒုက္ခပေးမည်မှန်း သိသိကြီးနှင့် ဒီလောက် တည်ငြိမ်နိုင်သည်ဆိုတော့... တော်ရုံ သတ္တိတော့ မဟုတ်ပေ။

သူမသာ ချန်းရှောင်ရှုံး နေရာတွင်ဆိုလျှင် ဒီလောက်အထိ တည်ငြိမ်နိုင်ပါ့မလား မသိ။

"ဆရာချန်းကလည်း နောက်ပြီ။ ဘယ်သူက ကိုယ့်ကိုယ်ကိုယ် လူမိုက်လို့ ပြောလို့လဲ"

ယွီဖုန်းရှန်းက ပြုံးပြီး လိုက်ရောညီထွေ ပြောလိုက်သည်။

"ဒါက နောက်တာ မဟုတ်ဘူးဗျ။ အမှန်တရားကို ပြောတာ။ ကျွန်တော်တို့က အပေါ်ယံ ကြည့်ရင်တော့ တောက်ပြောင်နေတာပဲ။ ဒါပေမဲ့ တကယ့် အာဏာရှိတဲ့ လူတွေရှေ့ရောက်ရင် ကျွန်တော်တို့က လူမိုက်အဆင့်ပဲ ရှိတာလေ။ သူတို့က အပေါ်ယံမှာ ဘယ်လောက်ပဲ ဖော်ရွေသယောင် ပြနေပါစေ... စိတ်ထဲမှာတော့ ကျွန်တော်တို့ကို အထင်သေးနေကြတာပဲ"

ချန်းရှောင်ရှုံး ပြောနေသော ပုံစံမှာ အလွန် ရိုးသားဟန်တူပြီး၊ ဟန်ဆောင်နေသည့်ပုံ မပေါ်ပေ။

"ဆရာချန်း ပြောတာ မှန်ပါတယ်။ အဲဒါကြောင့်လည်း ကျွန်မက ဇာမဏီသုံးကောင် ဂိုဏ်းရဲ့ ပုံစံကို ပြောင်းဖို့ ကြိုးစားနေတာ။ ကျွန်မတို့ ညီအစ်ကိုတွေကို ရာဇဝတ်မှုတွေနဲ့ ကင်းရှင်းစေချင်တယ်။ ဒါမှ သူများ အပြောအဆို မခံရမှာလေ"

ဒီအကြောင်းအရာကို ပြောလာသောအခါ ယွီဖုန်းရှန်းလည်း စိတ်လှုပ်ရှားစွာဖြင့် ခံစားချက်ပါပါ ပြောလိုက်မိသည်။

All Chapters