← Chapters

ဘုရင်မ

Vol. 1 Ch. 319

ဘုရင်မ

Vol. 1 Ch. 319

ကျန်းရီသည် မြို့စားတစ်ယောက်ကို လက်တစ်ဖက် ကိုင်ရင်း နန်းတော်ဆီ ပြန်လာခဲ့သည်။ သူသည် ထိုနှစ်ယောက်အား ရွှယ်လော့နန်းဆောင် အပြင်ဘက်တွင် ပစ်ချလိုက်ပြီး စစ်သည်များကို သူတို့အား ကြိုးချည်၍ ပါးစပ်များကိုပါ ပိတ်ထားရန် ခိုင်းလိုက်သည်။ ထို့နောက် သူသည် စုလောရွှယ်၏အခန်းရှိရာသို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားလိုက်သည်။

စုလောရွှယ်သည် အိပ်ရာထက်တွင် ဝမ်းနည်းနေသော မျက်လုံးများနှင့် လဲလျောင်းနေခဲ့သည်။ ကျန်းရှောင်နူသည် သူမ၏ဘေးတွင် ထိုင်၍ နှစ်သိမ့်ပေးနေသည်။ မြေခွေးလေးကမူ ဘေးရှိစားပွဲပေါ်တွင် မပွင့်တပွင့် မျက်လုံးများနှင့် လှဲနေခဲ့သည်။

"သခင်လေး"

ကျန်းရှောင်နူသည် အပြင်ဘက်မှ လှုပ်လှုပ်ရှားရှား အသံများ ကြားလိုက်ပြီး ကျန်းရီ ဝင်လာသည်ကိုမြင်လိုက်လျှင် ချက်ချင်းပျော်ရွှင်သွားခဲ့သည်။ စုလောရွှယ်၏ မျက်လုံးများလည်း အနည်းငယ် တောက်ပလာခဲ့ပြီး ကျန်းရီအား ဘာမှမပြောဘဲ ကြည့်လာခဲ့သည်။ သို့သော် သူမ၏ မျက်ဝန်းများက တိတ်တဆိတ် မေးခွန်းထုတ်နေလေသည်။

"နှစ်ယောက်လုံးကို ဖမ်းပြီးပြီ၊ သူတို့အပြင်မှာရှိတယ်။ လောရွှယ်...မင်းဘာလုပ်ချင်လဲ"

ကျန်းရီသည် ကျန်းရှောင်နူ၏ ခေါင်းအား အသာပုတ်ပေးရင်း စုလောရွှယ်အား ကြည့်ကာ ငြင်သာစွာ မေးလိုက်သည်။

"သူတို့ကို စစ်မေးချင်လား"

စုလောရွှယ်သည် ခေါင်းခါ၍ ပြန်ဖြေလာသည်။

"အရင်ဆုံး သူတို့ကို နေအိမ်အကျယ်ချုပ် ထားလိုက်ပါ၊ ကျန်းရီ...ကျွန်မတို့ ဘာမှမလုပ်သေးခင် မြို့ထဲက အခြေအနေကို အရင်ထိန်းပြီး ကျွန်မ နေပြန်ကောင်းမယ့်အချိန်ကို စောင့်ကြရအောင်"

"မစိုးရိမ်နဲ့၊ ငါရှိနေသရွေ့ ဘယ်သူမှ မဟုတ်တာ မကြံစေရဘူး"

ကျန်းရီသည် ခေါင်းငြိမ့်၍ ပြုံးလိုက်သည်။

"လောရွှယ်...အများကြီးမတွေးနဲ့၊ ရှားနိုင်ငံရဲ့ ပြည်သူတွေအတွက် မင်းကိုယ်မင်းသာ ဂရုစိုက်...ဟုတ်ပြီလား"

"အင်း..."

စုလောရွှယ်သည် မျက်လုံးများကို မှိတ်လိုက်ပြီးနောက် မြန်ဆန်စွာ အိပ်မောကျသွားခဲ့သည်။ ကျန်းရီသည် ကျန်းရှောင်နူနှင့် မြေခွေးလေးအား သူနှင့်အတူ အပြင်ထွက်လာကြရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် သူသည် မြေခွေးလေးအားကြည့်ကာ ပြောလိုက်သည်။

"ရှောင်ဖေး...ဒီမှာ မပျင်းဘူးလား၊ ဘာလို့ တောင်ပေါ် အရင်မပြန်နှင့်တာလဲ"

"ကျီ...ကျီ"

မြေခွေးလေးသည် ခေါင်းသေးသေးလေးကို ခါယမ်းကာ စိတ်ချင်းဆက်သွယ်၍ စကားပြောလာခဲ့သည်။

"ရှောင်ဖေးတောင်ပေါ် မပြန်ချင်ဘူး၊ ဒီမှာ အစားအသောက်ကောင်းတွေရှိလို့ နေရတာ အရမ်းပျော်ဖို့ကောင်းတယ်။ အသားကင်တွေက အရသာအရှိဆုံးပဲ...ရှောင်ဖေး အရမ်းကြိုက်တယ်"

"ဟားဟား"

ကျန်းရီသည် မြေခွေးလေး၏ ခေါင်းကို ချစ်စနိုးနှင့် ပွတ်လိုက်ကာ ကျန်းရှောင်နူအား ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်လုံး ဒီမှာ ဆက်နေကြ၊ လောရွှယ် ပြန်ကောင်းသွားရင် မင်းတို့ကို ဝိဉာဉ်သားရဲ သင်တန်းကျောင်းဆီ ခေါ်သွားမယ်၊ ပြီးမှ နတ်သမီးတောင်ထွတ်ကို ပြန်ကြတာပေါ့"

ကျန်းရှောင်နူနှင့် မြေခွေးလေး ထွက်သွားပြီးနောက် ကျန်းရီသည် စုလောရွှယ်၏ အခန်းတွင်း ဝင်မသွားခဲ့ပေ။ သးစည် ခန်းမကြီးထဲတွင် ထိုင်ကာ အနာဂတ်အရေးအား အသေအချာ စဉ်းစားနေခဲ့သည်။

"သုံးနှစ်"

ရှားယွိမြို့ပြင်မှ တိုက်ပွဲတွင် နတ်ဆိုးဧကရီ ကြားဝင်ခဲ့သောကြောင့် သူ့အသက်ရှင်နိုင်ခဲ့သည်။ သို့သော် အင်အားစုကြီးခြောက်ခုသည် သူ့အား မနှစ်မြို့ဖြစ်နေသည်မှာ ထင်ရှားသည်။ သုံးနှစ်ပြည့်သွားလျှင် အင်အားစုကြီးခြောက်ခုမှ ပုဂ္ဂိုလ်ကြီးများသည် သူ့အား အသက်ရှင်ခွင့်ပေးကြမည် မဟုတ်ပေ။ အထူးသဖြင့် ရှန်ဝူနိုင်ငံ၏ ကုန်းကုန်းအိုကြီးလင်း ဖြစ်သည်။

နတ်ဆိုးဧကရီသည် သုံးနှစ်ကြာလျှင် နယ်မြေမှ ထွက်သွားမည်ဖြစ်ပြီး သူ၏ အင်အားကြီးနောက်ခံကို ဆုံးရှုံးလိုက်ရမည်ဖြစ်သည်။ ရွှေယို့လန်၊ ကျူးကော့ချမ်ယွမ်နှင့် ဘုန်းတော်ကြီးယန်ရှဲ့သည်လည်း ကတိပေးခဲ့ပြီးပြီဖြစ်၍ စကားအား ပြန်ရုတ်သိမ်းကြမည် မဟုတ်ပေ။ သုံးနှစ်ကြာပြီးလျှင် သူ့အား ဘယ်သူမှ ကာကွယ်ပေးမည် မဟုတ်ပေ။ ဗာဂျရာအဆင့် အမြောက်အများ၏ လိုက်လံသတ်ဖြတ်ခြင်းကို သူခံရမည်ဖြစ်သည်။

သုံးနှစ်ကြာလျှင် သူ့ကိုယ်သူ ကာကွယ်နိုင်သည့်အစွမ်းအစ ရှိလာအောင် အပြင်းအထန် ကျင့်ကြံရမည်ဖြစ်သည်။ သူသည် နယ်မြေမှ ထွက်သွားပြီး ကျွန်းတစ်ကျွန်းရှာကာ နယ်မြေကို ဘယ်တော့မှ ပြန်မလာတော့ဘဲ တစ်သက်လုံး နေသွားရလျှင်လည်း ဖြစ်သည်။

သူတစ်ယောက်တည်းသာဆိုလျှင် ဘယ်သွားသွား ကိစ္စမရှိချေ။ နယ်မြေနှင့် ဝေးရာအရပ်တွင် ကျွန်းတစ်ကျွန်းရှာ၍ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း နေသွားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ အဖြစ်အပျက် အလှည့်အပြောင်းများစွာ ကြုံတွေ့ခဲ့ရပြီးနောက် သတ်ဖြတ်ခြင်းနှင့် သတ်ဖြတ်ရခြင်းကို သူမုန်းနေပြီဖြစ်ပြီး နေ့ရက်များကို ငြိမ်းငြိမ်းချမ်းချမ်းသာ ဖြတ်သန်းသွားချင်သည်။

မေးခွန်းသည်ကား စုလောရွှယ် ထွက်သွားနိုင်ပါမည်လော။

စုလောရွှယ်သည် သူမ၏ မွေးရပ်မြေကို မစွန့်ခွာနိုင်လျှင် သူနေမည်ဖြစ်ပြီး သုံးနှစ်အကြာတွင် သူ့ကိုယ်သူ ကာကွယ်နိုင်ရန် အပြင်းအထန် ကျင့်ကြံရမည်။

သူ့ကိုယ်သူ ကာကွယ်ချင်လျှင် အနည်းဆုံး ဗာဂျရာအဆင့်သို့ ရောက်ရမည်ဖြစ်ပြီး ဗာဂျရာ ပဉ္စမအဆင့်သို့ ရောက်မှဖြစ်မည်။ သုံးနှစ်သည် ခဏလေးဖြစ်ရာ ဗာဂျရာ ပဉ္စမအဆင့်သို့ ရောက်ဖို့မဆိုထားနှင့် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရန်ပင် ကျန်းရီတွင် ယုံကြည်ချက် မရှိပေ။

စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်သို့ ရောက်လျှင် တာအိုသဘောတရားများကို နားလည်မှဖြစ်မည်။ သို့သော် ကျန်းရီသည် အနာဂတ်တွင် မည်သို့ကျင့်ကြံရမည်မှန်း မသိတော့ရာ ခေါင်းကိုက်လာသည်။

ဒါက အကြောင်းမဟုတ်သေးဘူး၊ လောရွှယ် ထွက်သွားချင်လားဆိုတာ အရင်သိဖို့လိုတယ်...သူမသာ ငါနဲ့ထွက်သွားချင်ရင် အားလုံးပြည့်စုံပြီ...

ကျန်းရီသည် သူ့ဟာသူတွေး၍ ဖြေသိမ့်လိုက်သည်။ သူသည် အချိန်အတော်ကြာ ထိုင်နေပြီးမှ စုလောရွှယ်၏အခန်းထံ ပြန်သွား၍ ကျင့်ကြံရန် တင်ပျဉ်ချိတ် ထိုင်ချလိုက်သည်။

***

နောက်ရက်အတော်ကြာသည်အထိ ရှားယွိမြို့သည် ငြိမ်းချမ်းနေခဲ့သည်။ မြို့စားနှစ်ဦးအား ဖမ်းဆီးလိုက်ပြီးနောက် စစ်သူကြီးလုက စစ်တပ်အား သေချာထိန်းချုပ်လိုက်ရာ မည်သူကမှ အခွင့်အာဏာမရှိဘဲ ဘာမှမလုပ်ရဲကြတော့ပေ။

စုလောရွှယ်၏ အခြေအနေသည် တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာသော်လည်း သူမသည် တိတ်ဆိတ်၍သာ နေတတ်သည်။ သူမသည် ကျန်းရီအား ရှားယွိမြို့၏ အခြေအနေအကြောင်း မေးခြင်းနှင့် စစ်သူကြီးလုအား အချို့အကြောင်းအရာများ မေးမြန်းရုံမှတစ်ပါး ဘာမှမလုပ်ပေ။

ကျန်းရီသည် သူမ၏ ရင်ထဲမှ ကိုယ့်မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရသည့်အတွက် ဖြစ်တည်နေသော နာကျင်မှု၊ ဝမ်းနည်းမှုတို့ကို ခံစားမိသည်။ ဦးရီးတော်နှစ်ယောက်သာ ကျန်ရစ်သော်လည်း ထိုနှစ်ယောက်မှာ အလွန်စိတ်ပျက်စရာ ကောင်းနေပြန်သည်။

နိုင်ငံက ပျက်စီး၍ မိသားစုမှာ အသတ်ခံရသည်။

နိုင်ငံသည် အလုံးစုံ ပျက်စီးမသွားသော်လည်း ပျက်စီးလုနီးပါး အခြေအနေပင်။ ထိုအရာထက် မည်သည်ကပို၍ ဆိုးဝါးနိုင်ဦးမည်နည်း။

စုလောရွှယ်သည် ဤရက်များအတွင်း မျက်ရည်တစ်စက်မှ မကျသော်လည်း ဗလာမျက်ဝန်းများဖြင့်သာ ငြိမ်သက်နေတတ်ရာ ကျန်းရီမှာ ပို၍စိတ်ပူနေရသည်။ သူသည် သူမကို မည်သို့ နှစ်သိမ့်ရမည်ကို မသိသောကြောင့် သူမ၏လက်ကို ဆုပ်ကိုင်ထား၍ဖြစ်စေ၊ ထွေးပွေ့၍ဖြစ်စေ တိတ်တဆိတ် အဖော်ပြုပေးနေခဲ့သည်။ သူသည် သူမတွင် သူရှိနေသေးကြောင်း သူမအား သိစေချင်သည်။

ရက်ပေါင်းများစွာ ကြာပြီးနောက် စုလောရွှယ်မှာ အတော်လေး ထူထူထောင်ထောင် ဖြစ်လာခဲ့သည်။ သူမသည် အိပ်ရာထဲမှ ကိုယ်တိုင်ထနိုင်သည်နှင့် အရင်ဆုံးလုပ်သည်မှာ ဤသို့ညွှန်ကြားလာခြင်း ဖြစ်သည်။

"ရထားလုံး ပြင်ပေးကြ၊ ခမည်းတော်ကို ငါအရိုအသေ သွားပေးချင်တယ် "

စစ်သူကြီးလုသည် ချက်ချင်း ရထားလုံးအနည်းငယ်ကို ပြင်ဆင်လိုက်သည်။ ထိုသတင်းကိုကြားသည်နှင့် အကြီးအကဲများလည်း ရောက်လာကြသည်။ မြို့အနောက်ဘက် တော်ဝင်သင်္ချိုင်း ရှိရာသို့ ရောက်၍ ကျန်းရီသည် စုလောရွှယ်ကို ရထားလုံးပေါ်မှ ဆင်းနိုင်ရန် ကူညီပေးလိုက်သည်။ ထို့နောက်တွင်တော့ မှူးမတ်အရာရှိများ၊ စစ်သူကြီးများ ရောက်နေကြကြောင်း သူတို့ မြင်လိုက်ရသည်။

"မင်းသမီးနဲ အရှင်ကျန်းကို နှုတ်ခွန်းဆက်ပါတယ်"

အားလုံးသည် ဒူးထောက်လိုက်ကြသော်လည်း စုလောရွှယ်သည် ဘာမှမပြောချေ။ သူမသည် ကျန်းရီ၏ အကူအညီဖြင့် ဂူသင်္ချိုင်းများရှိရာ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ သူသည် ဖြူဆွတ်နေသော နန်းတွင်းဝတ်ရုံရှည်ကို ဝတ်ဆင်ထား၍ အေးစက်စက် အရှိန်အဝါတို့ ထွက်ပေါ်နေသယောင် ထင်ရသည်။ တစ်ဖက်တွင်လည်း သူမမှာ တစ်ဖန်လူတို့ လက်လှမ်းမမှီနိုင်သည့် နတ်သမီးတစ်ပါးဟူသော ခံစားချက်ကို ပေးနေပြန်သည်။ တစ်ဖက်တွင် သူမသည် စိတ်ခံစားချက်များ သေဆုံးသွားသည့်ဟန်ဖြင့် သနားစရာကောင်းနေပြန်သည်။

ဂူသင်္ချိုင်းများမှာ ကြီးမားလွန်း၍ တစ်နာရီခန့် လမ်းလျှောက်ပြီးမှသာ စုတိဝမ်နှင့် စစ်ပွဲအတွင်း သေဆုံးသွားကြသော စုဂိုဏ်းသားများ၏ ဂူသင်္ချိုင်းများရှေ့ ရောက်သွားခဲ့သည်။ တစ်ပုံစံတည်း စီတန်းနေသော ဂူသင်္ချိုင်းများကို ကြည့်ရင်း စုလောရွှယ်၏ မျက်ဝန်းများမှာ နီရဲလာခဲ့သည်။ သို့သော် သူမသည် မျက်ရည်တစ်စက်မှ ကျခွင့်မပြုခဲ့ပေ။

သူမသည် ဒူးထောက်ထိုင်ချလိုက်ပြီး စုတိဝမ်နှင့် စုဂိုဏ်းသားများအားလုံးအတွက် အရိုအသေပေးလိုက်သည်။ သူမ၏ကိုယ်မှာ အားနည်းနေသေးသော်လည်း သူမသည် ခေါင်းမာစွာ ဒူးထောက်၍ အရိုအသေပေးနေသည်။

ကျန်းရီသည်လည်း မတားတော့ဘဲ သူမအား အဖော်ပြု၍ အရိုအသေပေးနေလိုက်သည်။ ဒူးတစ်ကြိမ်ထောက်လိုက်တိုင်း ပိုဖြူလျော်လာသော သူမ၏ မျက်နှာအား ကြည့်ရင်း ကျန်းရီ၏ရင်မှာ နာကျင်လာသည်။ သို့သော် သူ့တွင် ရွေးချယ်စရာမရှိ၍ သူမအား တိတ်တဆိတ်သာ အဖော်ပြုပေးနေခဲ့သည်။

သူမနောက်မှ အရာရှိများသည်လည်း အရိုအသေပေးနေကြသည်။ တစ်မနက်လုံး ကုန်ဆုံးသွားမှသာ စုလောရွှယ်၏ သေဆုံးသွားသည့် စုဂိုဏ်းသားများအားလုံးကို အရိုအသေပေးခြင်း ပြီးဆုံးသွားသည်။ သူမ၏ အသက်ရှူသံများမှာ မူမမှန်ဖြစ်နေပြီး သူမ၏ အားနည်းနေသောကိုယ်သည် ဤကဲ့သို့ ပင်ပန်းမှုဒဏ်ကို မခံနိုင်ကြောင်း ဖော်ပြနေသည်။

ကျန်းရီသည် သူမအား ပြန်၍ အနားယူရန် ဖျောင်းဖျမည်ပြုလိုက်သော် သူမသည် လက်တစ်ဖက်မြှောက်ပြကာ သူ့အား တားဆီးလာခဲ့သည်။ သူမသည် စုတိဝမ်၏ ဂူသင်္ချိုင်းထံ လျှောက်သွားကာ ဦးညွှတ်၍ ပြောလိုက်သည်။

"ခမည်းတော် ငြိမ်းငြိမ်းချမ်းချမ်း သွားပါ၊ သမီးတော်က ခမည်းတော်အတွက် ရှားနိုင်ငံကို ကောင်းကောင်းအုပ်ချုပ်ပေးပါ့မယ်။ စုဂိုဏ်းသားတွေ အများကြီး မကျန်ခဲ့ပေမယ့် စုဂိုဏ်းရဲ့ မျိုးဆက်တွေ အသက်ရှင်နေသရွေ့ ရှားနိုင်ငံကို သမီးတော်တို့ ဘယ်တော့မှ မစွန့်ပစ်ဘူး...ရှားနိုင်ငံ ပျက်စီးမယ်ဆိုရင်တောင် အဲ့အချိန်က စုဂိုဏ်းရဲ့မျိုးဆက်တွေ အားလုံးသေသွားတဲ့ အချိန်ပဲ ဖြစ်လိမ့်မယ်"

"အာ..."

ကျန်းရီ၏ မျက်ခုံးနှစ်ဖက်မှာ မြင့်တက်သွားခဲ့သည်။ သူအစိုးရိမ်ဆုံးအရာ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ စုလောရွှယ်သည် ရှားနိုင်ငံကို ချန်ရစ်ခဲ့မည်မဟုတ်ဘဲ ဘုရင်မဖြစ်လာရန် ဆုံးဖြတ်ခဲ့သည်။

စစ်သူကြီးလုနှင့် ကျန်လူများ၏ မျက်ဝန်းများ ဝင်းပသွားကြသည်။ စုလောရွှယ် ဘုရင်မဖြစ်လာလျှင် ဘိုးဘေးများ၏ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသလို ဖြစ်သွားမည်ဖြစ်သော်လည်း ရှားနိုင်ငံသည် မည်သည့် အခြေအနေသို့ ရောက်နေသနည်း။ သူမ နန်းတက်သည်က အကောင်းဆုံး အခြေအနေ ဖြစ်သည်။ ထို့ပြင် အရေးအကြီးဆုံးမှာ သူမတွင် ကျန်းရီ နောက်ခံ ရှိနေသည်။

*****

All Chapters