အခန်း (၉၀၄-၉၀၆)
Vol. 61 Ch. 904-906
အခန်း (၉၀၄) - သတ်ဖြတ်ခြင်းဖြင့် သတ်ဖြတ်မှုကို တားဆီးခြင်း၊ အကြမ်းဖက်မှုဖြင့် အကြမ်းဖက်မှုကို နှိမ်နင်းခြင်း
ချန်အာမှာ ကြောင်အသွားလေသည်။
ဘာဖြစ်သွားတာလဲ...
အစောကလေးတင် မောက်မောက်မာမာနဲ့ ဂုဏ်ယူဝင့်ကြွားနေခဲ့တဲ့ ဆိုင်ရှင်က ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး လေသံပြောင်းသွားရတာလဲ...
သို့သော် ရွှယ်အန်းကမူ မလှုပ်မယှက်သာနေသည်။
သူသည် တည်ငြိမ်စွာ ထိုင်နေရင်း ဂရုမစိုက်သော လေသံဖြင့် မေးလိုက်သည်။
"ဆိုင်ရှင်ယန်... ဒါက ဘာသဘောလဲ"
ယန်ဇီလင်၏ မျက်နှာတွင် ကြောက်ရွံ့သော အမူအရာများ ပေါ်နေပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
"သခင်လေးရွှယ်... ကျွန်တော် မှားမှန်းသိပါပြီ၊ ဒါ... ဒါက သခင်လေး ခုနက ဆုချထားတဲ့ ငွေတုံးပါ၊ အကုန်ပြန်ပေးပါ့မယ်၊ ကျွန်တော့်ကို အသက်ချမ်းသာပေးဖို့ပဲ တောင်းဆိုပါတယ်၊ နောက်ဆို ဘယ်တော့မှ အခုလို မလုပ်ရဲတော့ပါဘူး"
ထိုသို့ပြောရင်း ဆိုင်ရှင်ယန်သည် ကြမ်းပြင်ပေါ်သို့ ခေါင်းဖြင့် ဒုန်းခနဲ မြည်အောင် အကြိမ်ကြိမ် ဆောင့်၍ ဦးခိုက်နေလေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း နောက်မှလိုက်လာသော ယန်ယွဲ့၏ မျက်နှာထားမှာ ရှုပ်ထွေးသွားလေသည်။
သူမ ဖခင်၏ လုပ်ရပ်များကို မကျေနပ်သော်လည်း တစ်ဖက်လူမှာ သူမ၏ သွေးသားရင်း ဖခင်ဖြစ်နေသည်။
ဖခင်ဖြစ်သူသည် ပိုးကောင်တစ်ကောင်လို မြေပြင်ပေါ်ဝပ်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်နေသည်ကို မြင်ရသည့်အခါ သမီးတစ်ယောက်အနေဖြင့် ကြည့်ရသည်မှာ နေရထိုင်ရ ခက်လာသည်။
သူမသည် ထိုင်နေသော ရွှယ်အန်းကို ခိုးကြည့်လိုက်မိသည်။
ယနေ့မတိုင်ခင်အထိ ရွှယ်အနဆိုသည်မှာ အားနွဲ့ပြီး အသုံးမကျသော စာပေသမားတစ်ယောက်ဟုသာ သူမ ထင်ထားခဲ့သည်။
လောင်းကြေးကိစ္စကြောင့် သူမ ရွှယ်အန်းကို အထင်သေးခဲ့မိသေးသည်။
သို့သော် ယနေ့တွင်တော့ အရာအားလုံး၏ အရင်းအမြစ်ကို သူမ နားလည်သွားပြီဖြစ်ရာ အထင်သေးရဲစိတ် မရှိတော့ပေ။
ရွှယ်အန်းကို လှမ်းကြည့်လိုက်မိချိန်တွင် သူမ၏ နှလုံးသားက ဒိန်းခနဲ တုန်သွားသည်။
အဘယ်ကြောင့်ဆိုသော် တစ်ချိန်က ပိန်လှီသော ဤလူငယ်လေးသည် ယခုအခါ အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်ထားပြီး ထိုအရှိန်အဝါမှာ တည့်တည့်ပင် မကြည့်ရဲလောက်အောင် ကြီးမားလွန်းနေသောကြောင့် ဖြစ်သည်။
သူမ ဖခင် ဦးခိုက်နေသည်ကို ကြည့်နေရင်းနှင့်ပင် ရွှယ်အန်း၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်ပေ။ သို့သော် ၎င်းသည် အာဏာဆန်သော အကြည့်များဖြင့် တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။
ယန်ယွဲ့ စိတ်မကောင်း ဖြစ်သွားမိသည်။
ထို့နောက် သူမသည် အံကိုတင်းတင်းကြိတ်လျက် စကပ်စကို မ ကာ သူ့ဘေးတွင် ဒူးထောက်လိုက်လေသည်။
"သခင်လေးရွှယ်... ဒီကိစ္စက ကျွန်မအဖေ မသိနားမလည်လို့ ဖြစ်ရတာပါ၊ ကျေးဇူးပြုပြီး သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါရှင်၊ သခင်လေး စိတ်ထဲမှာ ဒေါသထွက်နေမယ်ဆိုရင် ကျွန်မအပေါ်မှာပဲ ပုံချလိုက်ပါ"
ထိုသို့ပြောရင်း ယန်ယွဲ့သည် ကံကြမ္မာကို လက်ခံလိုက်သည့် မျက်နှာထားဖြင့် မြေပြင်ပေါ်သို့ ဝပ်ဆင်းလိုက်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ချန်အာ၏ မျက်နှာတွင် တွန့်ဆုတ်နေသော အရိပ်အယောင်များ ပေါ်လာသည်။
မည်သို့ပင်ဖြစ်စေ ယန်ယွဲ့သည် သူမကို နည်းလမ်းပေါင်းစုံဖြင့် စောင့်ရှောက်ခဲ့ဖူးသည်။
နောက်ပိုင်းတွင် စကားကြမ်းကြမ်း ပြောခဲ့သော်လည်း ထိုအရာက သူမ၏ လုံခြုံရေးကို စိတ်ပူသောကြောင့် ပြောခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူမသည် ရွှယ်အန်းကို တိတ်တဆိတ် ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"သခင်လေး..."
သူမ စကားမဆုံးလိုက်သော်လည်း ဆိုလိုရင်းမှာ ရှင်းလင်းနေသည်။
ရွှယ်အန်းက သူမကို ပြုံးပြလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
ထို့နောက် တုန်ယင်နေသော ယန်ဇီလင် ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဆိုင်ရှင်ယန်... ကျွန်တော် ပြောဖူးတယ်နော်၊ ဒီငွေတုံးကို ယူပြီးသွားရင် ခင်ဗျား လိမ်လိမ်မ္မာမ္မာနဲ့ ပြန်လာပေးလိမ့်မယ်လို့လေ... အခု ယုံပြီလား"
ယန်ဇီလင် တစ်ကိုယ်လုံး တုန်ခါသွားပြီး ခေါင်းကို ဆက်တိုက် ညိတ်လိုက်သည်။
"ယုံပါပြီ... ယုံပါပြီဗျာ၊ မျက်စိကန်းမိတဲ့ ကျွန်တော့်အပြစ်တွေပါ၊ ကျွန်တော့်ရဲ့ အဖြစ်မရှိတဲ့ အသက်ကလေးကို ချမ်းသာပေးပါ"
ယခုအချိန်တွင် ယန်ဇီလင်မှာ ကြောက်လွန်းသဖြင့် ကျောက်ရုပ်ဖြစ်လုနီးပါး ဖြစ်နေပြီး ရွှယ်အန်းက သူ့ကို ကြည့်မရဖြစ်ကာ သတ်ပစ်လိုက်မည်ကို စိုးရိမ်နေသည်။
ရွှယ်အန်း၏ မျက်နှာထားမှာ ဂရုမစိုက်ဟန်ဖြင့် ရှိနေသည်။
"အစကတော့ ခင်ဗျားကို သတ်မလို့ပဲ၊ ဒါပေမဲ့ ခင်ဗျားသမီးက ခင်ဗျားအသက်ကို ကယ်လိုက်တာပဲ"
ယန်ယွဲ့၏ တစ်ကိုယ်လုံး တုန်သွားပြီး ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ငါက အဖေ့အသက်ကို ကယ်လိုက်တာလား...
ငါ ဘာမှလည်း မလုပ်လိုက်ပါလား...
ရွှယ်အန်းက သူမကိုကြည့်ပြီး အနည်းငယ် ပြုံးလိုက်သည်
။
"မနေ့က မင်းပြောတဲ့စကားတွေက နားထောင်ရ ခက်ပေမဲ့ မင်းရဲ့ စေတနာကတော့ မှန်တယ် မဟုတ်ရင် အခုချိန် မင်းနဲ့ မင်းအဖေ အသက်ရှင်နေမယ်လို့ ထင်လား"
ထိုစကားကို ကြားသောအခါ ယန်ယွဲ့သည် ခေါင်းငုံ့သွားပြီး အသံပင် မထွက်ရဲတော့ချေ။
ယန်ဇီလင်လည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။
အနည်းဆုံးတော့ လောလောဆယ် သူ့အသက် ဘေးကင်းသွားပြီ ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင် ရွှယ်အန်းက လေသံအေးစက်စက်ဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့..."
တည်ငြိမ်သွားသော ယန်ဇီလင်၏ နှလုံးသားမှာ လည်ချောင်းဝသို့ ပြန်ရောက်လာသည်။ အခြေအနေ ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ကြောက်လန့်တကြား ရွှယ်အန်းကို စိုက်ကြည့်နေမိသည်။
"ခင်ဗျား ဒီလောက်တောင် ကြောက်နေမှတော့ နောက်ကွယ်က အကြောင်းရင်းတွေကို နားလည်ပြီးသား ဖြစ်မှာပါ၊ တကယ်လို့ ကျွန်တော် ထွက်သွားပြီးမှ ခင်ဗျားကများ..."
ရွှယ်အန်း၏ စကားမဆုံးခင်မှာပင် ယန်ဇီလင်က ကြက်သွန်ဖြူထောင်းသလို ခေါင်းကို တဒုန်းဒုန်း ဆောင့်ကာ ဦးခိုက်လိုက်သည်။
"သခင်လေးရွှယ် စိတ်ချပါ၊ ဒီကိစ္စကို ကျွန်တော့် ဗိုက်ထဲမှာပဲ ပုပ်သိုးသွားစေရပါမယ်၊ တစ်ခွန်းမှ အပြင်ကို မဟပါဘူးလို့ အာမခံပါတယ်"
ရွှယ်အန်းသည် ရယ်မောလိုက်သည်။
"အဲ့ဒီလောက်လည်း မလိုပါဘူး၊ တကယ်တော့ ကျွန်တော်က လုပ်ရဲမှတော့ လူသိမှာလည်း မကြောက်ပါဘူး မယုံရင် စမ်းကြည့်လို့ရတယ်"
ရွှယ်အန်း၏ အပြုံးမှာ တောက်ပနေသော်လည်း ယန်ဇီလင်မှာ ရေခဲတိုက်ထဲ ကျသွားသလို ခံစားလိုက်ရပြီး ထိတ်လန့်တကြား ခေါင်းခါလိုက်သည်။
"မလုပ်ရဲပါဘူး၊ မလုပ်ရဲပါဘူး၊ ပြီးတော့ ဒီလိုကိစ္စမျိုးကို ကျွန်တော်က ဘယ်လိုလုပ် ပေါ့ပေါ့ဆဆ ပြောရဲမှာလဲ၊ အာဏာပိုင်တွေသာ သိသွားရင် ကျွန်တော်လည်း ဒီအမှုထဲကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘူးလေ..."
"ခင်ဗျားက တော်တော် ပါးနပ်တာပဲ၊ ထပါ"
"ဟုတ်ကဲ့"
ယန်ဇီလင်သည် နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် ထရပ်ကာ သမီးဖြစ်သူ ယန်ယွဲ့ကို ခေါ်ပြီး အခန်းထဲမှ ရိုသေစွာ ထွက်သွားလေသည်။
သူတို့ ထွက်သွားပြီးနောက် ချန်အာက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"သခင်လေး... ဆိုင်ရှင်က ဘာလို့ ရုတ်တရက်ကြီး အဲဒီလောက် ကြောက်သွားတာလဲဟင်"
ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"သူ့လိပ်ပြာ မလုံလို့ နေမှာပေါ့"
ချန်မိသားစုတစ်ခုလုံး တစ်ညတည်းနှင့် မျိုးဖြုတ်သတ်ဖြတ်ခံလိုက်ရသည့် ဂယက်သည် မြို့ငယ်လေးတစ်ခုလုံးတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
ချန်မိသားစုသည် ပျက်စီးသွားရုံသာမက သူတို့နှင့်အတူ ချမ်းသာသော သူဌေးသားများစွာလည်း အသတ်ခံလိုက်ရသည်။
ဤအရာက မြို့တစ်မြို့လုံးကို ထိတ်လန့်သွားစေသည်။
လမ်းမများပေါ်တွင် စစ်သားများ နေရာအနှံ့ ကင်းလှည့်နေကြပြီး ဘယ်တော့မှ မပိတ်သော ယုရှို့အိမ်တော်သည်ပင် ယနေ့ တံခါးပိတ်ထားလေသည်။
တကယ်တမ်းတွင် တံခါးဖွင့်ထားလျှင်လည်း မည်သူမျှ လာရဲမည် မဟုတ်ပေ။
ချမ်းသာသော လူကုန်ထံ လူငယ်များသည် သူတို့၏ ခုတင်များအောက်တွင် ပုန်းအောင်းရင်း ကြောက်ရွံ့တုန်လှုပ်နေကြသည်။
သို့သော် ထိုအခြေအနေနှင့် ဆန့်ကျင်ဘက် အောက်ခြေတန်း လူများကြားတွင် ပွဲတော်ပမာ ပျော်ရွှင်နေကြသည်။
ချန်မိသားစု၏ ဆယ်စုနှစ်ပေါင်းများစွာ အနိုင်ကျင့်ဗိုလ်ကျမှုများကြောင့် မြို့သူမြို့သားများသည် သူတို့အား အရိုးထဲထိအောင် မုန်းတီးနေကြခြင်း ဖြစ်သည်။
ချန်မိသားစုတွင် မြို့တော်၌ပင် အားကိုးရသော ကျောထောက်နောက်ခံများ ရှိသည်ဟု ပြောဆိုကြသည်။
ထို့ကြောင့်လည်း သူတို့သည် ဆယ်စုနှစ်ပေါင်းများစွာ ပြိုင်ဘက်မရှိ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် မထင်မှတ်ထားဘဲ တစ်ညတည်းနှင့် မြို့သူမြို့သားများ၏ ခေါင်းပေါ်တွင် တက်ထိုင်နေသော ဧကရာဇ်သဖွယ် ပုဂ္ဂိုလ်ကြီးမှာ အမြစ်ကပါ အလှန်ခံလိုက်ရလေသည်။
ဤအချက်က ပြည်သူများကို မပျော်ရွှင်စေဘဲ နေမည်နည်း။
သူတို့သည် ပေါ်ပေါ်ထင်ထင် မပျော်ပါးရဲကြသော်လည်း မြို့ထဲတွင် အရက်ရောင်းအားများ ရုတ်တရက် ထိုးတက်သွားသည်။
အဆင်းရဲဆုံး မိသားစုများပင်လျှင် အောင်ပွဲခံရန် ဝိုင်တစ်အိုးလောက်တော့ ဝယ်သောက်ကြသည်။
ထိုအရာအားလုံးကို မြင်တွေ့နေရသော ရွှယ်အန်းသည် ကိုယ့်ဘာသာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
လူအများ ပြောကြသည်မှာ အနိုင်ကျင့်သူများကို မွေးထုတ်ပေးသော ပတ်ဝန်းကျင်ကို အမြစ်မဖြတ်နိုင်သရွေ့ ချန်မိသားစုကို နှိမ်နင်းလိုက်လျှင်လည်း နောက်ထပ် လီမိသားစု၊ လုမိသားစုများ ထွက်ပေါ်လာဦးမည် ဖြစ်ရာ အလကားပဲ ဟု ဆိုကြသည်။
သို့သော် ရွှယ်အန်းက ထိုသို့ မတွေးပေ။
သာမန်ပြည်သူများ၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုသည်သာ အဓိပ္ပာယ်အရှိဆုံး ဖြစ်သည်။
အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့် နှိမ်နင်းခြင်းသည် ပြဿနာ၏ အရင်းအမြစ်ကို မဖြေရှင်းနိုင်သော်လည်း နောက်လူများကို ကြောက်ရွံ့စေနိုင်သည်။
ဤနည်းဖြင့်သာ မကောင်းမှုများကို တားဆီးထိန်းချုပ်နိုင်မည် ဖြစ်သည်။
သို့သော် ဤအရာအားလုံးသည် ချန်အာနှင့် မသက်ဆိုင်ပေ။
သူမသည် အပြင်လောကတွင် ဘာဖြစ်နေမှန်းပင် မသိဘဲ ပျော်ရွှင်စွာဖြင့် နေနေရှာသည်။
နောက်တစ်နေ့တွင်...
ချန်အာသည် သူမ၏ ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။
ပစ္စည်းများဟု ဆိုသော်လည်း တကယ်တမ်းတွင် အထုပ်ငယ်လေး တစ်ထုပ်သာ ရှိသည်။
ချန်အာက ထိုအထုပ်ကို ကျောတွင် လွယ်လိုက်သည်။
ရွှယ်အန်းသည် သူတို့ကို လာရောက်နှုတ်ဆက်သော ယန်သားအဖကို တစ်ချက်ကြည့်ပြီး အနည်းငယ် ပြုံးလိုက်သည်။
ထို့နောက် လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"ချန်အာ... သွားကြစို့"
"ဟုတ်ကဲ့ပါ သခင်လေး"
ချန်အာက တက်ကြွစွာ ပြန်ဖြေပြီး ယန်ယွဲ့ကို ခေါင်းညိတ်ပြလိုက်သည်။
"မမလေးယွဲ့... သွားတော့မယ်နော်"
ထို့နောက် သူမသည် ရွှယ်အန်း၏ နောက်မှနေ၍ မြို့တော်ဆီသို့ လိုက်ပါသွားလေသည်။
ထို လူသတ်နတ်ဘုရား ထွက်ခွာသွားသည်ကို ကြည့်ပြီး ယန်ဇီလင် တစ်ယောက် သက်ပြင်းအကြီးကြီး ချလိုက်မိသည်။ သူ ပြန်ရောက်သည်နှင့် ချက်ချင်းပင် တည်းခိုခန်းကို ရောင်းချလိုက်ပြီး သမီးဖြစ်သူနှင့်အတူ မြို့ငယ်လေးကို စွန့်ခွာသွားလေတော့သည်။
အခန်း (၉၀၅) - ခေါက်ဆွဲစားနေသော လူငယ်လေး
မြို့တော်သို့ သွားရာ လမ်းမကြီးပေါ်တွင် လူသွားလူလာများမှာ မီးခဲများကဲ့သို့ များပြားလှပြီး မြင်းလှည်းများသည်လည်း နဂါးတစ်ကောင်ပမာ တန်းစီသွားလာနေကြသည်။
နွေကူးကာလဖြစ်သဖြင့် လမ်းဘေးရှိ သစ်ပင်များသည် စိမ်းလန်းစိုပြေစွာဖြင့် အရိပ်အာဝါသ ပေးစွမ်းနေပြီး ပန်းများမှာလည်း ပိုးဖဲကတ္တီပါပမာ ဝေဆာစွာ ပွင့်လန်းနေကြသည်။
သဘာဝအလှတရား၏ ရှုခင်းများသည် ရွှယ်အန်း၏ စိတ်နှလုံးကို လန်းဆန်းစေသည်။
ထို့အပြင် ဤခရီးတစ်လျှောက်လုံးတွင် ရွှယ်အန်းသည် အလွန်စိတ်ဝင်စားစရာကောင်းသော ဖြစ်ရပ်တစ်ခုကို သတိပြုမိလိုက်သည်။
ဤကမ္ဘာလောကသည် ဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းများအရ ရှေးခေတ် တရုတ်ပြည်နှင့် အတော်လေး တူညီမှုရှိသည်။
သို့သော် အခြားသော လက္ခဏာရပ်များအရ ဤနေရာသည် မည်သည့်ကာလ၊ မည်သည့်အချိန်က ကမ္ဘာမြေနှင့်မျှ မသက်ဆိုင်ကြောင်း ထင်ရှားနေသည်။
ဤအချက်က ရွှယ်အန်း၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားမှုတစ်ခုကို ဖြစ်ပေါ်စေသည်။ ကြည့်ရသည်မှာ ဤကမ္ဘာကြီးသည် အပေါ်ယံမြင်ရသလောက် ရိုးရှင်းပုံမရပေ။
ထိုနေ့တွင်...
နေမွန်းတည့်ချိန် ရောက်လုနီးပါး ဖြစ်နေပြီး ကောင်းမွန်သော တည်းခိုရာနေရာကို ကျော်လွန်လာခဲ့သဖြင့် သခင်နှင့် အစေခံ နှစ်ယောက်သားသည် ခရီးဆက်ခဲ့ရသည်။
ရွှယ်အန်းသည် လွန်ခဲ့သော ရက်အနည်းငယ်က ငွေကို အသက်တမျှချစ်တတ်သော ချန်အာ၏ ကန့်ကွက်မှုကြားမှ ခရီးသွားရန်အတွက် မြည်းလှည်းတစ်စီးကို ဝယ်ယူခဲ့သည်။
မြင်းလှည်းအစား မြည်းလှည်းကို အဘယ်ကြောင့် ဝယ်ယူရသနည်းဆိုသည်မှာမူ ဤခေတ်ကာလတွင် မြင်းများသည် အလွန်ရှားပါးပြီး ရရှိခဲ့လျှင်တောင်မှ လှည်းဆွဲရာတွင် အသုံးပြုလေ့ မရှိသောကြောင့် ဖြစ်သည်။
ချန်အာသည် အစပထမတွင် ကန့်ကွက်ခဲ့သော်လည်း မတားနိုင်ခဲ့ပေ။ ဆင်းရဲဒဏ်ကို ကျင့်သားရနေသော အစေခံမလေးအတွက် လှည်းတစ်စီး၏ တန်ဖိုးမှာ သူမ၏ နှစ်ဝက်စာ စားစရိတ်နှင့် ညီမျှနေသောကြောင့် ဖြစ်သည်။
သို့သော် ရွှယ်အန်းသည် ဝယ်ပြီးသွားသောအခါတွင် ချန်အာ၏ အပြုအမူများမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူမသည် စိတ်လှုပ်ရှားလွန်းသဖြင့် အိပ်ပင်မပျော်နိုင်ဖြစ်ပြီး မြည်းလေးကို အစာကျွေးရာတွင် အခြားမည်သူ့ကိုမျှပေးမလုပ်ဘဲ ကိုယ်တိုင်သာ လုပ်ဆောင်လေတော့သည်။
ရွှယ်အန်းသည် မူလတွင် လှည်းမောင်းသမားတစ်ယောက် ငှားရန် စိတ်ကူးရှိခဲ့သည်။
သို့သော် ချန်အာက တက်ကြွစွာဖြင့် ကိုယ်တိုင်မောင်းမည်ဟု အာမခံခဲ့ပြီး တစ်ရက်နှစ်ရက် အတွင်းမှာပင် လှည်းမောင်းသည့် ပညာကို ကျွမ်းကျင်အောင် သင်ယူလိုက်သည်။
ထို့ကြောင့် ယခုအခါတွင် ရွှယ်အန်းသည် လှည်းထဲတွင် ပျင်းရိစွာ လဲလျောင်းလိုက်ပါလာပြီး ချန်အာကမူ မြည်းလှည်းကို တက်ကြွစွာ မောင်းနှင်နေသည်။
သူသည် တစ်ချိန်က ကမ္ဘာမြေကို ဖြတ်သန်းသွားလာပြီး နတ်ဘုရားများကို သတ်ဖြတ်ခဲ့ဖူးသော်လည်း ယခုအခါ မြည်းလှည်းလေးစီးပြီး လမ်းပေါ်တွင် ပြေးလွှားနေရသည်ကို ပြန်တွေးမိပြီးရွှယ်အန်းတစ်ယောက် ထိုအခြေအနေကို ရယ်ချင်သလိုလို ဖြစ်မိသည်။
"မြို့တော်က ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်တာပဲ"
ရွှယ်အန်းတစ်ကိုယ်တည်း တွေးလိုက်မိသည်။
ထိုစဉ် ချန်အာက လှမ်းအော်ပြောလာသည်။
"သခင်လေး... ရှေ့နားမှာ လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်ရှိတယ်"
ရွှယ်အန်းသည် လှည်းပြတင်းပေါက် လိုက်ကာစကို မ ပြီး ရှေ့သို့ ကြည့်လိုက်သည်။
ဟုတ်တယ်...
ရှေ့မလှမ်းမကမ်း လမ်းဘေးတွင် ရိုးရှင်းသော လက်ဖက်ရည်ဆိုင်တဲအိုလေး တစ်ခု ရှိနေသည်။
ဟောင်းနွမ်းနေသော အမိုးအကာသည် လေထဲတွင် ယိမ်းထိုးနေပြီး လက်ဖက်ရည်နှင့် အစားအစာ ရနံ့သင်းသင်းလေးကို သယ်ဆောင်လာသည်။
ဤသို့သော လမ်းဘေး လက်ဖက်ရည်ဆိုင်လေးများသည် လက်ဖက်ရည်သာမက ရိုးရှင်းသော အစားအစာများကိုပါ ရောင်းချလေ့ရှိပြီး ခရီးသွားများအတွက် ဈေးနှုန်းသက်သာစွာဖြင့် ဗိုက်ဖြည့်နိုင်သော နေရာများ ဖြစ်သည်။
သေချာသည်မှာ အရသာပိုင်းကို အများကြီး မျှော်လင့်ထား၍ မရပေ။
သို့သော် ချန်အာအတွက်မူ ဤကဲ့သို့သော လက်ဖက်ရည်ဆိုင်လေးများသည် နွေးထွေးသော ရင်းနှီးမှုကို ခံစားရစေသည်။
ယခင်က သူမသည် သခင်ဖြစ်သူ (ရွှယ်အန်း၏ ခန္ဓာကိုယ်ပိုင်ရှင်ဟောင်း) နှင့် ခရီးသွားခဲ့စဉ်က ဤသို့သော လက်ဖက်ရည်ဆိုင်လေးများတွင်သာ အစာစားလေ့ရှိကြသည်။
ထို့ကြောင့် သူမသည် ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
"သခင်လေး... ဒီမှာပဲ စားကြရအောင်၊ ဒီရက်ပိုင်း အပြင်မှာ စားနေရတာ အရမ်းကို ဖြုန်းတီးလွန်းရာ ရောက်နေပြီ"
ရွှယ်အန်းသည် ငွေကို အလွန်တန်ဖိုးထားတက်သော ချန်အာကိုကြည့်ကာ တိတ်တဆိတ် ရယ်မောလိုက်မိသည်။
"ကောင်းပြီလေ... ဒါဆို ဒီမှာပဲ စားကြတာပေါ့"
မြည်းလှည်းကို လမ်းဘေးရှိ သစ်ပင်တစ်ပင်တွင် ချည်နှောင်ထားလိုက်သည်။ ဤသို့သော လက်ဖက်ရည်ဆိုင်များတွင် တိရစ္ဆာန်များအတွက် အစာမရှိပေ။
ပုံမှန်ဆိုလျှင် အလွန်ချွေတာတတ်သော ချန်အာသည် မြည်းကလေးအတွက် ကြက်ဥအချို့ ဝယ်ကာ ပဲနက်များနှင့် ရောနယ်ပြီး ကျွေးလိုက်သေးသည်။
မြည်းကလေးမှာ ကျေနပ်စွာဖြင့် စားသောက်နေလေသည်။
ချန်အာသည် ဘေးမှရပ်ကြည့်ကာ မြည်းကလေးနှင့် စကားပြောနေသလို တတွတ်တွတ် ရေရွတ်နေပြန်သည်။
ထိုမြင်ကွင်းက ရွှယ်အန်းကို ရယ်မောချင်စိတ်နှင့် သဘောကျစိတ်များ ခံစားစေရကာ ခေါင်းခါလိုက်မိသည်။
ချန်အာသည် တစ်ခါတစ်ရံ၌ အလွန်ချစ်ဖို့ကောင်းလှသည်။
လက်ဖက်ရည်ဆိုင် အသေးလေး ဖြစ်သောကြောင့် ထူးထူးခြားခြား အစားအစာများ မရှိပေ။ ကြက်ဥနှပ်နှင့် ခေါက်ဆွဲကဲ့သို့ ရိုးရှင်းသော ဟင်းပွဲများသာရှိပြီး အကောင်းဆုံး ဟင်းပွဲမှာ ဆိတ်သားပါသည့်ဟင်းများသာ ဖြစ်သည်။
ရွှယ်အန်းက ဂျီးမများပေ။ ဆိတ်သားခေါက်ဆွဲ အနည်းငယ် မှာယူပြီးနောက် ချန်အာနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ သခင်နှင့် အစေခံ နှစ်ယောက် အားရပါးရ စားသောက်ကြလေသည်။
ထိုအချိန်၌ပင် လမ်းမကြီးပေါ်မှ မြင်းခွာသံများနှင့်အတူ အရေးတကြီး လာနေသော အသံများကို ကြားလိုက်ရသည်။
ရုတ်တရက် မြင့်မားသော မြင်းကြီးနှစ်ကောင်သည် အရှိန်ဖြင့် ဝင်ရောက်လာပြီး မြင်းစီးသူများမှာ ဇက်ကြိုးကို ဆွဲလိုက်သောအခါ မြင်းမှာ လှပစွာ ရပ်တန့်သွားကြသည်။
မြင်းများမှာ အလွန်ခန့်ညားထည်ဝါပြီး မြင်းစီးသူများမှာလည်း တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားရာ သာမန်လူများ မဟုတ်ကြောင်း ထင်ရှားသည်။
လက်ဖက်ရည်ဆိုင်မှ ဖောက်သည်များသည် တစ်ချက်မော့ကြည့်ပြီးနောက် ချက်ချင်းပင် ခေါင်းငုံ့သွားကြသည်။ မည်သူမျှ စိုက်မကြည့်ရဲကြပေ။
အဘယ်ကြောင့်ဆိုသော်သော် ဤကဲ့သို့သော မြင်းများကို စီးနိုင်သူများသည် ချမ်းသာသော သူဌေးများ သို့မဟုတ် အထက်တန်းလွှာ အသိုင်းအဝိုင်းမှ ဖြစ်နေတတ်သောကြောင့် ဖြစ်သည်။
သူတို့ကဲ့သို့သော သာမန်ပြည်သူများအနေဖြင့် ထိုလူများကို ရန်စရန် မတတ်နိုင်သည်မှာ သေချာသည်။
ထိုအချိန်တွင် အနောက်ဘက် မြင်းညိုပေါ်တွင် ပါလာသော အဖြူရောင် ဝတ်ဆင်ထားသည့် လူငယ်က တိုးညှင်းစွာ ပြောလိုက်သည်။
"ငါ နည်းနည်းရေဆာနေပြီ၊ ဒီမှာ ခဏနားကြရအောင်"
ရှေ့မှ မြင်းစီးလာသူမှာ သိုင်းဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး တည်ငြိမ်သော အရှိန်အဝါမျိုး ရှိနေသည်။
လူငယ်၏ စကားကို ကြားသောအခါ လူလတ်ပိုင်း အမျိုးသားသည် စုတ်ပြတ်နေသော လက်ဖက်ရည်ဆိုင် တဲအိုလေးကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် စိတ်ရှုပ်သွားရသည်။
"သခင်လေး... ဒီနေရာက..."
သို့သော် အဖြူရောင် ဝတ်ဆင်ထားသော လူငယ်သည် စကားအများကြီး မပြောချင်ဘဲ မြင်းပေါ်မှ ချက်ချင်းဆင်းကာ လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်သွားသည်။
လူလတ်ပိုင်း အမျိုးသားလည်း အချိန်မဆွဲချင်တော့သဖြင့် လျင်မြန်စွာ ဆင်းလိုက်ပြီး လူငယ်၏ နောက်သို့ လိုက်ပါလာသည်။
"ဆိုင်ရှင်... ဘာစားစရာ ကောင်းကောင်းရှိလဲ"
လူငယ်က လက်ဖက်ရည်ဆိုင်ထဲရှိ လူများကို စူးစမ်းကြည့်ရှုရင်း မေးလိုက်သည်။
လက်ဖက်ရည်ဆိုင် ပိုင်ရှင်မှာ ကြောက်လန့်နေမိသည်။
"သ... သခင်လေး၊ ဒီမှာက ရိုးရှင်းတဲ့ ဒေသစာတွေပဲ ရှိပါတယ်၊ ထူးထူးခြားခြား ဘာမှ မရှိပါဘူးခင်ဗျာ"
လူလတ်ပိုင်း အမျိုးသားက တစ်ခုခု ဝင်ပြောရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်၌ပင် လူငယ်၏ အကြည့်သည် ဆိုင်ထောင့်၌ထိုင်ကာ ခေါက်ဆွဲကို အားရပါးရ စားသောက်နေသော ရွှယ်အန်းနှင့် ချန်အာတို့အပေါ် ရောက်ရှိသွားသည်။
ရွှယ်အန်းသည် စာပေပညာရှင်တစ်ယောက်ပမာ ဝတ်ဆင်ထားပြီး ချန်အာမှာမူ အစေခံမလေး ဖြစ်ကြောင်း သိသာနေသည်။
သို့သော် ထိုနှစ်ယောက်၏ ထူးခြားသော ရုပ်ရည်သွင်ပြင်သည် ဖုံးဖိထား၍ မရနိုင်လောက်အောင် ထင်ရှားနေသည်။
၎င်းတို့နှစ်ယောက်သည် ဆိတ်သားခေါက်ဆွဲကို အားရပါးရ စားနေသည်ကို ကြည့်ကာ လူငယ်၏ မျက်လုံးများထဲတွင် စိတ်ဝင်စားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ဤကဲ့သို့သော တောဘက်တွင် ရွှယ်အန်းနှင့် ချန်အာတို့လို ထူးခြားထင်ရှားသော လူများကို တွေ့ရခြင်းက လူငယ်ကို အံ့သြသွားစေသည်။
ထို့နောက် သူသည် ရွှယ်အန်းရှိရာဘက်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဟိုတစ်ယောက် စားနေတာ ကောင်းမဲ့ပုံပဲ၊ ငါ့အတွက်လည်း အဲဒါမျိုး နှစ်ပွဲလောက် ချပေး"
"သ... သခင်လေး... ဒီလိုအစားအစာက..."
လူလတ်ပိုင်း အမျိုးသားက ဝင်ရောက် ဟန့်တားရန် ကြိုးစားသည်။ လူငယ်သည် စိတ်မရှည်စွာဖြင့် လက်ကာပြလိုက်သည်။
"တော်ပြီ တော်ပြီ... ဘာလို့ အဲဒီလောက် ရှုပ်နေရတာလဲ၊ ကြည့်စမ်း... လူတိုင်း စားနေကြတာပဲ၊ အရသာ ရှိမှာပါ"
လူလတ်ပိုင်း အမျိုးသားမှာ ခေါင်းငုံ့ရုံမှတစ်ပါး မတတ်နိုင်တော့ချေ။
"ဟုတ်ကဲ့ပါ"
မကြာမီတွင် လက်ဖက်ရည်ဆိုင် ပိုင်ရှင်သည် ဆိတ်သားခေါက်ဆွဲနှစ်ပွဲ လာချပေးသည်။
လူငယ်သည် စိတ်ဝင်တစားဖြင့် နှစ်လုပ် သုံးလုပ်ခန့် စားကြည့်လိုက်ပြီးနောက် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
လူလတ်ပိုင်းအမျိုးသား ပြောခဲ့သကဲ့သို့ပင် ဤသို့နေရာမှ စားသောက်ဆိုင်လေးများသည် ဈေးနှုန်းသက်သာမှုကိုသာ ဦးစားပေးလေ့ရှိပြီး အရသာကို သိပ် ဂရုစိုက်လေ့မရှိပေ။
သို့သော် လူငယ်က ခေါင်းမာသည်။ နှစ်ပွဲစားပြီး၍ သုံးပွဲမြောက် ထပ်စားနေသော ရွှယ်အန်းကို လှမ်းကြည့်လိုက်ပြီးနောက် သူသည် အံကိုတင်းတင်းကြိတ်ကာ ရွှယ်အန်းကို အတုခိုး၍ အသံမြည်အောင် စားသောက်တော့သည်။
လူလတ်ပိုင်းအမျိုးသားမှာ အတော်လေး လန့်သွားသည်။
သူ့သခင်လေး ဤကဲ့သို့ ပြုမူသည်ကို သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။
အိမ်တွင်ဆိုလျှင် အသံမြည်အောင် စားရန်မဆိုထားနှင့် မလျော်ကန်သော ထိုင်ပုံထိုင်နည်းဖြစ်နေလျှင်ပင် လက်ခံလေ့မရှိပေ။
ဘယ်လိုတွေ ဖြစ်ကုန်တာလဲ...
လူလတ်ပိုင်းအမျိုးသားမှာ အံ့အားသင့်နေမိသည်။
ရွှယ်အန်းသည် ထိုအရာအားလုံးကို သတိပြုမိသော်လည်း ပြုံးရုံသာ ပြုံးလိုက်ပြီး စိတ်ထဲမထားပေ။
သို့သော် လူငယ်လေး အစားကောင်းကောင်း စားနေချိန်၌ပင် အနီးနားရှိ စားပွဲဝိုင်းတစ်ခုမှ ဖောက်သည်အချို့သည် ပိုက်ဆံရှင်းပြီး ပြန်တော့မည့်ဟန်ဖြင့် ထရပ်လိုက်ကြသည်။
မည်သူကမျှ ထိုအရာကို အာရုံမစိုက်မိကြပေ။ သို့သော် ထိုလူအုပ်စုသည် လူငယ်လေး၏ အနောက်မှ ဖြတ်သွားချိန်၌ ရုတ်တရက်ဆိုသကဲ့သို့ အေးစက်သော ဓားသွားအလင်းတန်းတစ်ခုသည် လူငယ်၏ ခါးအောက်ပိုင်းဆီသို့ ဦးတည်သွားတော့သည်။
အခန်း (၉၀၆) - လုပ်ကြံသတ်ဖြတ်သူများ
ထိုသို့ ယုတ်မာလှသည့် ထောင့်မှ ဝင်ရောက်လာသော တိုက်ခိုက်မှုသည် လူငယ်လေး၏ အသက်ကို ယူရန် ဦးတည်နေကြောင်း ထင်ရှားလှသည်။
လူငယ်လေးကမူ ခေါက်ဆွဲပန်းကန်ထဲတွင်သာ ခေါင်းနှစ်ထားပြီး ဘာမှ မသိသည့်ပုံဖြင့် ဆက်စားနေလေသည်။
ထိုအချိန်၌ လူလတ်ပိုင်း အမျိုးသားက အေးစက်စွာနှာမှုတ်လိုက်ပြီး လက်ချောင်းတစ်ချက် တောက်လိုက်သည်။
"ဘုန်း"
လုပ်ကြံသူ၏ လက်မောင်းအား အဖြူရောင် အလင်းတန်းတစ်ခု ရိုက်ခတ်သွားပြီး လက်မောင်းမှာ အားမရှိသည့်ပမာ တွဲကျသွားကာ လက်ထဲမှ ဓားမြှောင်သည်လည်း ကြမ်းပြင်ပေါ်သို့ ကျသွားလေသည်။
ဈ
ထိုအသံသည် တိုက်ပွဲစတင်ခြင်း၏ အချက်ပေးသံတစ်ခုပမာ ဖြစ်သွားသည်။
အနီးနားရှိ စားပွဲဝိုင်းများမှ ဖောက်သည်အများအပြားသည် ရုတ်တရက် ထရပ်ကာ ဓားများနှင့် သိုင်းလက်နက်များကို ထုတ်လိုက်ကြပြီး သူတို့၏ အရှိန်အဝါများသည် လူငယ်လေးကို လွှမ်းခြုံသွားသည်။
လူလတ်ပိုင်း အမျိုးသားက ကျယ်လောင်စွာလိုက်သည်။
"မင်းတို့ ဘယ်လောက်တောင် သတ္တိကောင်းနေတာလဲ"
ထိုသို့ပြောလျက် သူသည် ပြေးဝင်လာသော လုပ်ကြံသူများကို ရင်ဆိုင်ရန် ရှေ့သို့ ခုန်ထွက်လိုက်သည်။
ဘုန်း... ဘုန်း... ဘုန်း
ဆက်တိုက်ဆိုသကဲ့သို့ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မည်သည့် လုပ်ကြံသူမှ လူလတ်ပိုင်းအမျိုးသားကို ယှဉ်နိုင်ခြင်း မရှိပေ။
အများအားဖြင့် ထိပ်တိုက်တွေ့ဆုံမှု တစ်ကြိမ်တည်းနှင့်ပင် သူတို့ လွင့်စင်ထွက်သွားလေ့ရှိပြီး မြေကြီးပေါ်သို့ ပြန်ကျသည့်အချိန်တွင် အလောင်းကောင်များ ဖြစ်နေကြပြီ ဖြစ်သည်။
ချန်အာမှာ ကြောက်လွန်းသဖြင့် မျက်နှာဖြူရော်နေလေသည်။
"သ... သခင်လေး"
ရွှယ်အန်းက မျက်ခွံပင် ပင့်မကြည့်ဘဲ တည်ငြိမါစွာ ပြောလိုက်သည်။
"မြန်မြန်စား... ခေါက်ဆွဲက အေးသွားရင် စားမကောင်းတော့ဘူး"
ချန်အာသည် မူလတွင် အလွန်ထိတ်လန့်နေသော်လည်း သူမ၏ သခင်လေးမှာ အလွန်တည်ငြိမ်နေသည်ကို မြင်သောအခါ စိတ်ပြန်ငြိမ်သွားသည်။
"ဟုတ်... ဟုတ်ကဲ့"
ချန်အာသည် ခေါက်ဆွဲကို ပြန်စားလိုက်သည်။
ထိုအချိန်တွင် တိုက်ပွဲအခြေအနေမှာ တဖြည်းဖြည်း ရှင်းလင်းလာသည်။
လူလတ်ပိုင်းအမျိုးသား၏ လက်ချက်ဖြင့် လုပ်ကြံသူအများအပြား သေဆုံးသွားကြပြီး ကျန်ရစ်သူများမှာ လူစုကွဲကာ ထွက်ပြေးကုန်ကြသည်။
သို့သော် လူလတ်ပိုင်း အမျိုးသားသည် အလွန်တည်ငြိမ်နေပြီး လူငယ်လေး၏ ဘေးမှ ခွာမသွားပေ။
တိုက်ပွဲပြီးဆုံးလုနီးပါး ဖြစ်သွားသည်ကို မြင်သောအခါ လူငယ်လေးသည် ခေါက်ဆွဲတစ်ပန်းကန်လုံး ကုန်အောင်စားပြီး စားပွဲကို ရိုက်လိုက်သည်။
"လန်းဆန်းသွားတာပဲ... ဒီလိုစားရတာ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတယ်ကွ... ဆိုင်ရှင် ပိုက်ဆံရှင်းမယ်"
လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှာ ကြောက်လန့်နေပြီး အနီးနားရှိ စားပွဲအောက်တွင် ပုန်းနေခဲ့သည်။
ယခုအခါ လူငယ်လေး၏ အသံကို ကြားသောအခါ သူသည် တုန်တုန်ယင်ယင်ဖြင့် ကုန်းထလာပြီး အနားသို့ တိုးကပ်လာသည်။
"သ... သခင်လေး"
လူငယ်လေးက ပြုံးလိုက်သည်။
"ပျက်စီးသွားတဲ့ ပစ္စည်းတွေဖိုး အပါအဝင် စုစုပေါင်း ဘယ်လောက်ကျလဲ"
ဆိုင်ရှင်က ခေါင်းငုံ့ထားလျက် ပြောလိုက်သည်။
"ငွေတုံး... ငါးထောင်လောက် ပေးရင် ရပါပြီ"
ထိုစကားကြောင့် လူငယ်လေး ကြောင်သွားသည်။
လက်ဖက်ရည်ဆိုင်တစ်ခုလုံး ရောင်းလျှင်တောင် ငွေတုံးနှစ်တုံးလောက်ပဲ တန်သော်လည်း ၎င်းသည် ငါးထောင်တောင်းနေသည်။
"ဆိုင်ရှင်... ခင်ဗျား နောက်နေတာလား"
"ဟားဟား..."
လက်ဖက်ရည်ဆိုင်ပိုင်ရှင်သည် ရုတ်တရက် ရယ်မောလိုက်ပြီး မော့ကြည့်လိုက်သည်။ သူ၏ မျက်နှာထားမှာ ကြောက်မက်ဖွယ် ကောင်းနေပြီး လူငယ်လေးကို စိုက်ကြည့်လိုက်သည်။
"မင်းလို အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အသက်အတွက် ငွေတုံးငါးထောင်ဆိုတာ လုံးဝမများပါဘူးကွာ"
လူလတ်ပိုင်းအမျိုးသား၏ ခန္ဓာကိုယ်သည် တုန်သွားပြီး လက်သီးဖြင့် ထိုးလိုက်သည်။
အစောကပင် ကြောက်ရွံ့တုန်လှုပ်နေခဲ့သော ဆိုင်ရှင်၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ ရုတ်တရက် ထွက်ပေါ်လာပြီး လူလတ်ပိုင်း အမျိုးသား၏ လက်သီးကို အေးစက်သော အပြုံးဖြင့် ရင်ဆိုင်လိုက်သည်။
"သိုင်းလောကမှာ တစ်ချိန်က အထွတ်အထိပ် ရောက်ခဲ့ဖူးတဲ့ သူတော်စင်လေးပါး လက်သီးသိုင်းရှင် ဖန်ထျန်ချန်...၊ မင်းက တကယ်ပဲ သာမန်အစောင့်ခွေး အဆင့်ထိ နိမ့်ကျသွားပြီလား"
ထိုသို့ပြောကာ သူသည် လေမုန်တိုင်းအလား မိုးကြိုးနှင့်တူသည့် ပြင်းထန်သော အားပါသည့် လက်ဝါးရိုက်ချက်တစ်ခုဖြင့် ဖန်ထျန်ချန်ကို ပြန်တုန့်ပြန်လိုက်သည်။
ဖန်ထျန်ချန်မှာ ခြေလှမ်းအတော်များများ နောက်ဆုတ်သွားရပြီး ခက်ခဲစွာဖြင့် ဟန်ချက်ပြန်ထိန်းလိုက်ရသည်။ သူ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အံ့သြထိတ်လန့်မှုများ ပေါ်လွင်နေသည်။
"ဟိန်းဟောက်မိုးကြိုးလက်ဝါးသိုင်းပဲ...၊ မင်းက မျက်နှာတစ်ထောင်မြွေ လုကျားမုပဲ"
လက်ဖက်ရည်ဆိုင်ပိုင်ရှင်သည် ထူးဆန်းစွာ တဟားဟား ရယ်မောလိုက်သည်။
"မှန်တယ်... ငါပဲကွ၊ ဖန်ထျန်ချန်... ဒီနေ့ မင်းရော မင်းသခင်ရော ဘယ်သူမှ မလွတ်စေရဘူး၊ တစ်ယောက်ယောက်က မင်းတို့အသက်အတွက် တန်ကြေးပေးပြီးသား"
ဖန်ထျန်ချန်၏ မျက်နှာတွင် မျှော်လင့်ချက် ကင်းမဲ့သော အရိပ်အယောင်များ ပေါ်လာသည်။
သူသည် စွမ်းအားကြီးသော်လည်း လုကျားမုက သူ့ထက် ပို၍သာလွန်သည်။
လတ်တလောတွင် လုကျားမုသည် နာမည်အကြီးဆုံး သွေးအေးလူသတ်သမား ဖြစ်သည်။
မထင်မှတ်ထားစွာ သူသည် ဤနေရာတွင် စောင့်နေခဲ့သည်။
သို့သော် လူငယ်လေးမှာ ကြောက်ရွံ့ပုံမရဘဲ တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ဘယ်သူက ငါ့ကို သတ်ချင်တာလဲ၊ သူပေးတဲ့ဈေးထက် နှစ်ဆပေးမယ်"
"ကျွတ်... ကျွတ်... နားထောင်လို့ ကောင်းသားပဲ၊ ဒါပေမဲ့ ငါက ကတိတည်တဲ့သူကွ... ဒါကြောင့် ဒီနေ့ မင်း သေကိုသေရမယ်"
ထိုသို့ပြောပြီးနောက် မကြာသေးမီ နှစ်များအတွင်း နာမည်ကြီးလာသော ဤထိပ်တန်း လုပ်ကြံသတ်ဖြတ်သူသည် တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်၌ပင် တည်ငြိမ်အေးဆေးသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ခေါက်ဆွဲ နောက်တစ်ပွဲလောက် ထပ်ချပေးပါဦး"
ထိုစကားသံကြောင့် လူတိုင်း ကြောင်အသွားကြသည်။
ထို့နောက် အားလုံးသည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်ချိန် ရွှယ်အန်းက အနည်းငယ် ပြုံးပြလိုက်သည်။
"ခင်ဗျားတို့ တိုက်ချင်ရင် ခဏလောက် စောင့်ပေးပါ၊ အရင်ဆုံး ခေါက်ဆွဲ လာချပေးပါဦး"
လူငယ်လေးမှာ ပြောစရာစကားပင် မရှိတော့ချေ။
ဒီလိုအချိန်ကြီးမှာ အဲ့လူက ခေါက်ဆွဲတောင်းရဲသေးတယ် ဟုတ်လား... သူ စာဖတ်လွန်းလို့ ရူးသွားတာများလား
လုကျားမုလည်း အနည်းငယ် ကြောင်သွားပြီးနောက် ရက်စက်သော အသံဖြင့် ရယ်မောလိုက်သည်။
"ဒီခေတ်ကြီးမှာ သေရမှာ မကြောက်တဲ့ လူတွေကလည်း ရှိသေးတညပါလား၊ ကောင်းပြီလေ မင်းရဲ့ အစေခံမလေးကလည်း လှတာဆိုတော့ မင်းကို အရင်ဆုံး ခရီးပို့ပေးလိုက်မယ်"
ထိုသို့ပြောရင်း လုကျားမုသည် လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လိုက်သည်။
ဟိန်းဟောက်မိုးကြိုး လက်ဝါးသိုင်းသည် ရွှယ်အန်းဆီသို့ တည့်တည့် ဦးတည်လာသည်။
လူငယ်လေးသည် စိုးရိမ်တကြီးဖြင့် အော်ပြောလိုက်သည်။
"ရှောင်လိုက်"
သူသည် ရှုရွှယ်အန်းအပေါ်တွင် အမြင်ကောင်း ရှိသဖြင့် သူ့ကိစ္စကြောင့် ရွှယ်အန်း ဒုက္ခရောက်သွားမည်ကို အမှန်တကယ် မလိုလားပေ။
သို့သော် သူ့ကို အံ့သြသွားစေသည်မှာ ထိုစာသင်သားသည် မလှုပ်ရှားသည့်အပြင် သက်ပြင်းတစ်ချက်သာ မှုတ်ထုတ်လိုက်သည်။
"ဒီခေတ်ကြီးမှာ ခေါက်ဆွဲတစ်ပွဲ စားရတာ ဒီလောက်တောင် ခက်ခဲရသလား"
ထိုအချိန်တွင် လက်ဝါးပုံရိပ်ကြီးမှာ သူ့အပေါ်သို့ ရောက်ရှိလာပြီဖြစ်သည်။
လူငယ်လေးမှာ ဆက်မကြည့်ရက်တော့သဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။
အဘယ်ကြောင့်ဆိုသော်သော် ဤတစ်ခါတော့ ရွှယ်အန်း သေချာပေါက် သေပြီဟု သူထင်သောကြောင့် ဖြစ်သည်။
သို့သော် ထိုအချိန် ရွှယ်အန်းသည် လေတစ်ချက်သာ မှုတ်ထုတ်လိုက်သည်။
မိုးကြိုးသံများ ပါဝင်နေသော လက်ဝါးပုံရိပ်ကြီးမှာ မိုးကြိုးပစ်သည့်ပမာ ကွဲကြေပျက်စီးသွားလေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လုကျားမုမှာ ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင်ဖြစ်နေသည်။
သူ၏ ပေါ့ပေါ့ပါးပါး ရိုက်လိုက်သော လက်ဝါးချက်သည် အင်အားအကုန် မသုံးထားသော်လည်း ဤစာပေသမားသည် လေတစ်ချက်မှုတ်ရုံနှင့် ဖျက်ဆီးပစ်လိုက်သည်။
ဖန်ထျန်ချန်နှင့် လူငယ်လေးတို့လည်း အံ့သြမှင်သက်နေကြသည်။
ထိုအချိန်တွင် လုကျားမု၏ မျက်နှာထားမှာ အမျိုးမျိုး ပြောင်းလဲသွားပြီးနောက် မှောင်ရိပ်သန်းသော မျက်နှာဖြင့် ပြောလိုက်သည်။
"ကောင်လေး... ငါ မင်းကို လျှော့တွက်မိတာပဲ၊ မင်းက တကယ့် သိုင်းပညာရှင် တစ်ယောက်ပဲ၊ ဒါပေမဲ့ ငါအကြံပေးမယ်... မင်း ဒီရေညစ်ထဲကို ဝင်မပါတာ ကောင်းလိမ့်မယ်၊ မဟုတ်ရင်..."
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"ငါက ဘယ်ရေညစ်ထဲမှ ဝင်ပါဖို့ ရည်ရွယ်ချက် မရှိပါဘူး၊ ငါက ခေါက်ဆွဲတစ်ပွဲ စားချင်ရုံ သက်သက်ပါ"
"မင်း သေလမ်းရှာနေတာပဲ"
လုကျားမုက ရွှယ်အန်းသည် သူ့ကို လှောင်ပြောင်နေသည်ဟု ထင်ကာ ဒေါသတကြီး ပေါက်ကွဲသွားသည်။ သူသည် ရှေ့သို့ တစ်လှမ်းခုန်ဝင်လိုက်ရာ သရဲတစ်ကောင်ပမာ လျင်မြန်သော အရှိန်ဖြင့် ရွှယ်အန်း၏ ရှေ့သို့ ရောက်သွားပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ပြင်းထန်သော မိုးကြိုးလေသံကြောင့် လက်ဖက်ရည်ဆိုင် တစ်ခုလုံး တုန်ခါသွားသည်။
လူငယ်လေးက အော်ဟစ်လိုက်သည်။
"သတိထား"
ရွှယ်အန်းက လှည့်ကြည့်ပြီး သူ့ကို အနည်းငယ် ပြုံးပြလိုက်သည်။
"ကျေးဇူးပါ၊ ဒါပေမဲ့ သူ့လောက်ကတော့ သတိထားစရာ မလိုဘူး"
ထိုသို့ပြောကာ ရွှယ်အန်းသည် စားပွဲပေါ်မှ တူတစ်ချောင်းကို ကောက်ယူလိုက်ပြီး ဒေါသအဟုန်ဖြင့် ကျဆင်းလာသော လုကျားမု၏ လက်ဝါးကို တစ်ချက်တည်း ညှပ်ဖမ်းလိုက်သည်။
လုကျားမုသည် ကြီးမားသော စွမ်းအားတစ်ခုက သူ့ကို တားဆီးလိုက်သည်ဟု ခံစားလိုက်ရပြီး သူ၏ လက်ဝါးမှာ ရပ်တန့်သွားသည်။
ရွှယ်အန်းကို ကြည့်လိုက်သောအခါ သူသည် တူကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားပြီး အေးဆေးတည်ငြိမ်စွာဖြင့် လုကျားမု၏ လက်ကို ညှပ်ထားခြင်း ဖြစ်သည်။
ဖန်ထျန်ချန်ပင်လျှင် ထိုမြင်ကွင်းကြောင့် အသက်ရှူမှားသွားသည်။
အဘယ်ကြောင့်ဆိုသော်သော် ဤသည်မှာ လက်ဝါးချင်း ထိပ်တိုက်တွေ့ခြင်း မဟုတ်ဘဲ လက်ကောက်ဝတ် အားတစ်ခုတည်းဖြင့် နာမည်ကျော် ဟိန်းဟောက်မိုးကြိုး လက်ဝါးသိုင်းရှင် လုကျားမုကို ဖမ်းချုပ်ထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
ဤအရာက သူတို့နှစ်ယောက်ကြားရှိ စွမ်းအားကွာခြားချက်မှာ ကြီးမားကြောင်း ပြသနေသည်။ သို့မဟုတ်ပါက ဤသို့သော အခြေအနေမျိုး ဖြစ်ပေါ်လာမည် မဟုတ်ပေ။
သို့သော် လူငယ်လေးကမူ လက်ခုပ်တီးလိုက်သည်။
"မိုက်တယ်ဗျာ... မိုက်တယ်၊ ခင်ဗျားက တကယ်ပဲ ဒီလောက်တောင် စွမ်းအားကြီးတာကိုး"
ယခုအချိန်တွင် လုကျားမု၏ မျက်နှာမှာ ခရမ်းရောင် သန်းလာပြီး အောက်သို့ ဖိချနိုင်ရန် အစွမ်းကုန် ကြိုးစားနေရသည်။
သို့သော် ရွှယ်အန်း၏ မျက်နှာတွင် မည်သည့် ခံစားချက်မှ မပေါ်ဘဲ သက်ပြင်းဖွဖွလေးသာ ချလိုက်သည်။
အရင်တုန်းကလိုသာဆို အကြည့်တစ်ချက်နဲ့တင် ဖျက်ဆီးပစ်နိုင်ခဲ့တာ၊ အခုတော့ ကိုယ်တိုင် လှုပ်ရှားရတော့မယ်နဲ့ တူတယ်၊ ငါ ဒီကနေ ထွက်သွားနိုင်ရင် ပထမဆုံး လုပ်ရမယ့်အလုပ်က ငါ့ကို တံဆိပ်ခတ်ခဲ့တဲ့လူကို သတ်ပစ်ဖို့ပဲ"
လုကျားမုသည် သူ့စကားကို နားမလည်သော်လည်း နားလည်စရာလည်း မလိုအပ်ပေ။
ရုတ်တရက် ရွှယ်အန်းသည် တင်းကျပ်စွာ ညှပ်လိုက်သည်။
တူသည် လုကျားမု၏ လက်ကို ပြတ်ထွက်သွားစေသည်။
သွေးများ ပန်းထွက်လာပြီး သူ့လက်သည် စားပွဲပေါ်သို့ ပြတ်ကျသွားသည်။
လုကျားမုသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ကြောက်လန့်မှုများ ပေါ်လာပြီး လှည့်ပြေးရန် ကြိုးစားလိုက်သည်။
ယနေ့တွင် သူသည် မာကျောသော ကျောက်တုံးအား သွားတိုက်မိသည်ကို နားလည်လိုက်သည်။