← Chapters

အခန်း (၉၀၇-၉၀၉)

Vol. 61 Ch. 907-909

အခန်း (၉၀၇-၉၀၉)

Vol. 61 Ch. 907-909

အခန်း (၉၀၇) - သခင်၊ အစေခံနှင့် မြည်းလှည်းတစ်စီး မြို့တော်သို့ ဝင်ရောက်ခြင်း

ရွှယ်အန်း လှည့်မထွက်သွားခင် ပေါ့ပါးစွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရာ သူကိုင်ထားသော တူများသည် အနက်ရောင်အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲသွားပြီး လုကျားမု၏ ကျောဘက်သို့ တည့်တည့် စိုက်ဝင်သွားလေသည်။ ထိုအားအရှိန်သည် ပြင်းထန်လွန်းသဖြင့် လုကျားမုကို မြေကြီးပေါ်မှ မ တင်ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး လက်ဖက်ရည်ဆိုင် ဘေးရှိ သစ်ပင်ကြီးတွင် သွားရောက် ကပ်ငြိသွားစေသည်။

ဒုန်း

ဒုန်းခနဲဟူသော အသံအက်အက်တစ်ချက် ထွက်ပေါ်လာသည်။

လူနှစ်ယောက်စာလောက်ရှိသော သစ်ပင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားသည်။

သစ်ပင်၏ တစ်ဖက်ခြမ်းတွင်မူ သစ်သားတူ၏ တစ်ဝက်စီသည် အပြင်သို့ ဖောက်ထွက်နေသည်ကို တွေ့ရသည်။

ဤအချက်သည် ရွှယ်အန်း၏ ပေါ့ပေါ့ပါးပါး ရိုက်ချက်မှာ မည်မျှ စွမ်းအားကြီးမားကြောင်း ပြသနေသည်။

ဖန်ထျန်ချန်သည် ထိုမြင်ကွင်းကိုကြည့်ကာ သူ့ကျောရိုးတလျှောက် စိမ့်ခနဲဖြစ်သွားသည်ကို ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော်သော် ရွှယ်အန်း၏ ရိုက်ချက်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူတစ်ယောက်တည်းသာ သိသောကြောင့် ဖြစ်သည်။

သို့သော် လူငယ်လေးမှာ ကြောက်ရွံ့ပုံမရဘဲ ရွှယ်အန်းကို စိတ်ဝင်တစား ကြည့်နေလေသည်။ ထို့နောက် လက်ယှက်၍အရိုအသေပြကာ ပြုံးလျက် ပြောလိုက်သည်။

"ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ကျွန်တော့်နာမည်က ယန်ရှီပါ၊ လူကြီးမင်းရဲ့ နာမည်လေးများ သိခွင့်ရှိမလား"

ရွှယ်အန်းက အဖြူရောင်ဝတ် လူငယ်လေးကို ပြုံးယောင်သမ်းသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"ငါ့နာမည်က ရွှယ်အန်းပါ"

"အစ်ကိုရွှယ်... ခင်ဗျားလည်း စာမေးပွဲဖြေဖို့ မြို့တော်ကို သွားမှာလား"

ယန်ရှီက ပြုံးလျက် မေးလိုက်သည်။

ရွှယ်အန်း ပြန်မဖြေရသေးခင်မှာပင် ချန်အာသည် မထိန်းနိုင်တော့ဘဲ ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ဝင်ပြောလိုက်သည်။

"ဒါပေါ့... ဒီနှစ်ရဲ့ ထိပ်တန်းပညာရှင်ဆုကို ကျိန်းသေပေါက် ကျွန်မတို့သခင်လေးပဲ ရမှာ"

"အိုး... ဟုတ်လား"

ယန်ရှီ၏ မျက်လုံးများ အရောင်တောက်သွားသည်။

"ဒါဆို အစ်ကိုရွှယ်က စာပေရော သိုင်းပညာရော နှစ်ဖက်စလုံးမှာ ထူးချွန်တဲ့ ပညာရှင်တစ်ယောက် ဖြစ်နေတာပေါ့"

ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်ပြီး သူ့စကားကို လျစ်လျူရှုကာ ချန်အာကိုသာ လှမ်းမေးလိုက်သည်။

"ဗိုက်ဝပြီလား"

"ဟုတိ သခင်လေး... ဝပြီရှင်"

"ကောင်းပြီ၊ သွားကြစို့"

ထိုသို့ပြောကာ ရွှယ်အန်းသည် ထွက်ခွာရန် မတ်တတ်ထရပ်လိုက်သည်။

"အစ်ကိုရွှယ်... ကျွန်တော်တို့လည်း မြို့တော်ကို သွားမလို့ပါ၊ အတူတူသွားကြမလား"

ယန်ရှီက အလျင်စလို ပြောလိုက်သည်။

ရွှယ်အန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လမ်းဘေးတွင် ချည်နှောင်ထားသော မြည်းလှည်းကို လက်ညှိုးထိုးပြကာ မရေရာသော အပြုံးဖြင့် ပြောလိုက်သည်။

"ငါက ဒါနဲ့သွားမှာ၊ မင်းတို့က မြင်းစီးပြီး သွားမှာလေ၊ ဘယ်လိုလုပ် အတူတူသွားလို့ရမှာလဲ"

"အာ... အဲ့ဒါက..."

ရွှယ်အန်းက ပေါ့ပေါ့ပါးပါးပင် ဆက်ပြောလိုက်သည်။

"ပြီးတော့ အလောင်းတွေ ဒီလောက်များနေတာ၊ မစ္စတာယန် အရင်ဆုံး သေချာ ရှင်းလင်းသင့်တယ် မဟုတ်လား"

ယန်ရှီသည် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း တွန့်ဆုတ်သွားသည်။ သူ ခေတ္တမျှ စဉ်းစားပြီးနောက် သူ့ခါးကြားမှ အပြစ်အနာအဆာကင်းသော ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။

"ကျွန်တော်တို့ အတူတူ ခရီးမသွားနိုင်ပေမဲ့ ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့ ကျေးဇူးတုံ့ပြန်မှုအနေနဲ့ ဒီကျောက်စိမ်းပြားလေးကို လက်ခံပေးပါ"

ရွှယ်အန်းက ယန်ရှီကို ကြည့်လိုက်ပြီး ခဏအကြာတွင် ခေါင်းညိတ်ကာ ကျောက်စိမ်းပြားကို ယူလိုက်သည်။

"ကောင်းပြီလေ"

ထို့နောက် သူသည် လှည့်ထွက်သွားပြီး မြည်းလှည်းပေါ်သို့ တက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

ယန်ရှီသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး လှမ်းအော်လိုက်သည်။

"အစ်ကိုရွှယ်... မြို့တော်ရောက်ရင် ဘယ်မှာတည်းမှာလဲ၊ ကျွန်တော် လာလည်ပါ့မယ်"

ရွှယ်အန်းသည် လှည်းလိုက်ကာကို အနည်းငယ် မ ပြီး နူးညံ့စွာ ပြုံးပြလိုက်သည်။

"အမှန်အတိုင်း ပြောရရင် ငါ ဘယ်မှာတည်းရမလဲ ဆိုတာတောင် သေချာမသိသေးဘူး"

ယန်ရှီမှာ ကြောင်အသွားသည်။ ထိုအချိန်၌ပင် ချန်အာသည် နှင်တံရှည်ကို ဝှေ့ယမ်းလိုက်ရာ လှည်းမှာ စတင်ထွက်ခွာသွားပြီ ဖြစ်သည်။

ယန်ရှီသည် အလျင်စလို လှမ်းအော်ပြောလိုက်သည်။

"အစ်ကိုရွှယ်... ဘယ်မှာတည်းရမယ်မှန်း မသိရင် ကျွန်တော့်ဆီ လာခဲ့လို့ရပါတယ်၊ ကျွန်တော် ထျန်ရှန် လမ်းမကြီးမှာ နေပါတယ်"

သို့သော် မည်သည့် တုံ့ပြန်သံမျှ ပြန်မကြားရပဲ မြည်းကလေးသည် သခင်နှင့် အစေခံ နှစ်ယောက်ကို တင်ဆောင်ပြီး မြို့တော်ဆီသို့ ဒုန်းဆိုင်းထွက်ခွာသွားသည်။

ယန်ရှီသည် လမ်းဘေးတွင် ရပ်လျက် အဝေးသို့ ရောက်သွားသော ပုံရိပ်ကို တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။

ဖန်ထျန်ချန်က စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် လျှောက်လာသည်။

"သခင်လေး... အဲဒီကျောက်စိမ်းပြားက အရှင်မင်းကြီး ကိုယ်တိုင် သခင်လေးကို ချီးမြှင့်ထားတာလေ"

"ကျောက်စိမ်းပြား တစ်ချပ်ပဲဟာ... အဲဒါလေးနဲ့ သိုင်းပညာရှင်တစ်ယောက်ကို မိတ်ဖွဲ့ခွင့်ရမယ်ဆိုရင် တန်တဲ့ အရောင်းအဝယ်ပဲ"

"သခင်လေးက အဲ့ဒီလူကို တော်တော်လေး အထင်ကြီးနေပုံပဲ"

ယန်ရှီက လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ခဏဖယ်ထားဦး၊ သူ့ရဲ့ သိုင်းပညာ စွမ်းရည်တစ်ခုတည်းနဲ့တင် သူက သာမန်လူမဟုတ်တာ သေချာတယ်၊ ထူးဆန်းတာက... ငါ ဘာလို့ ဒီနာမည်ကို တစ်ခါမှမကြားဖူးရတာလဲ"

ထိုအချိန်တွင် မြင်းစီးတပ်ဖွဲ့တစ်ဖွဲ့သည် လမ်းမကြီးအတိုင်း အလျင်အမြန် ရောက်ရှိလာပြီး လက်ဖက်ရည်ဆိုင်နှင့် မလှမ်းမကမ်းတွင် ရပ်တန့်လိုက်ကြသည်။

သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည်များသည် တညီတညွတ်တည်း မြင်းပေါ်မှ ဆင်းလိုက်ကြသည်။

"အရှင်သား... ကျွန်တော်မျိုးတို့ ကယ်တင်ဖို့ နောက်ကျသွားတဲ့အတွက် အပြစ်ပေးပါ အရှင်"

ခေါင်းဆောင် အစောင့်တပ်မှူးက ကြောက်ရွံ့စွာဖြင့် လျှောက်တင်လိုက်သည်။

ယန်ရှီက တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ထားလိုက်တော့... မင်းတို့အပြစ် မဟုတ်ပါဘူး၊ မစ္စတာဖန်နဲ့အတူ ကြိုသွားမယ်လို့ ငါကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပဲဟာ၊ ဒီအလောင်းတွေကို ရှင်းပစ်လိုက်ကြ"

"မှန်လှပါ"

သွေးပင်လယ်ဝေနေသော မြင်ကွင်းနှင့် ဖရိုဖရဲ ပြန့်ကျဲနေသော အလောင်းများကို မြင်လိုက်ရသောအခါ အစောင့်တပ်မှူးမှာ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။

ကံကောင်းထောက်မစွာဖြင့် အရှင်သားသည် ထိခိုက်ဒဏ်ရာ မရခဲ့ပေ။ သို့မဟုတ်ပါက သူတို့အားလုံး၏ ခေါင်းများ ပေါင်းလျှင်ပင် ပြန်ဆပ်ရန် လုံလောက်မည် မဟုတ်ပေ။

မကြာမီ လက်ဖက်ရည်ဆိုင် အတွင်းမှ အလောင်းများကို သိုသိပ်စွာ မြှုပ်နှံလိုက်ကြသည်။

သစ်ပင်ကြီးတွင် ကပ်ငြိနေသော လုကျားမု၏ အလောင်းသာ ကျန်ရစ်တော့သည်။

အစောင့်တစ်ယောက်က အလောင်းကို သစ်ပင်ပေါ်မှ ဆွဲချရန် လက်လှမ်းလိုက်သည်။

သို့သော် သူ ထိလိုက်သည်နှင့် တပြိုင်နက် သစ်ပင်ကြီးမှာ တဂျွတ်ဂျွတ် မြည်သံများ ထွက်ပေါ်လာပြီး ပင်စည်တစ်ခုလုံး ပေါက်ကွဲထွက်ကာ မြေပြင်ပေါ်သို့ အပိုင်းပိုင်းအစစ လဲကျသွားလေသည်။

မျက်နှာတစ်ထောင်မြွေ လုကျားမု၏ ခန္ဓာကိုယ်သည်လည်း ထိုတူတစ်စုံကြောင့် အရိုးများပင် ကြေမွသွားပြီး မြေပြင်ပေါ်သို့ ပျော့ခွေစွာ ပြုတ်ကျသွားလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယန်ရှီနှင့် ဖန်ထျန်ချန်တို့၏ မျက်နှာထားများ အလွန်ပြောင်းလဲသွားသည်။

အထူးသဖြင့် ဖန်ထျန်ချန်သည် ရွှယ်အန်း၏ အရည်အချင်းကို တတ်နိုင်သမျှ အမြင့်ဆုံး ခန့်မှန်းထားသော်လည်း ဤမျှလောက် စွမ်းအားကြီးမားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

တူတစ်စုံကို ပစ်လွှတ်လိုက်ရုံဖြင့် နာမည်ကျော် မျက်နှာတစ်ထောင်မြွေကို သတ်ဖြတ်နိုင်ရုံသာမက သစ်ပင်ကြီးတစ်ပင်လုံးကိုပါ ဖျက်ဆီးပစ်လိုက်နိုင်သည် ဟူသော အချက်အရ သူ့ခွန်အားသည် မည်မျှ ကြီးမားကြောင်း ပြသနေသည်။

ယန်ရှီ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး မြို့တော်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အပြုံးရေးရေးတစ်ခု ပေါ်လာသည်။

ရွှယ်အန်း၏ ရောက်လာခြင်းနှင့်အတူ ငြိမ်သက်နေသော မြို့တော်ကြီးသည် မကြာမီ စိတ်လှုပ်ရှားဖွယ် ကောင်းလာတော့မည်ဟု သူ ခံစားလိုက်ရသည်။

ခင်ဗျားက ဘယ်လို နောက်ခံမျိုးရှိတဲ့သူလဲ...

ဤကမ္ဘာ၏ မြို့တော်ဖြစ်သော ထျန်ရှန် မြို့တော်သည် တိုက်ကြီးတစ်ခုလုံးတွင် အစည်ကားဆုံး မြို့တော်ဖြစ်သည်။

မြို့တော်သို့ ဦးတည်နေသော လမ်းမကြီးများပေါ်တွင် အသွားအလာ ပိုမိုများပြားလာခြင်းက ဤအချက်ကို သက်သေပြနေသည်။

ထို့အပြင် တော်ဝင်စာမေးပွဲ နီးကပ်လာပြီဖြစ်ရာ မြို့တော်သို့ သွားရောက်နေသူများ၏ ထက်ဝက်ကျော်မှာ စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေကြသော စာပေပညာရှင်များ ဖြစ်ကြသည်။

လမ်းလျှောက်လာသော ဆင်းရဲသား စာသင်သားများနှင့် မြင်းစီးလာသော ချမ်းသာသည့် သခင်လေးများအကြား အပြန်အလှန် ပြောဆိုဆွေးနွေးသံများမှာ လမ်းတစ်လျှောက် မဆုံးနိုင်အောင်ကြားနေရသည်။

ထိုအထဲတွင် ရွှယ်အန်း၏ မြည်းလှည်းသည် ထင်ရှားနေသည်။

ဤသည်မှာ လှည်းကြောင့် မဟုတ်ဘဲ လှည်းမောင်းသူကြောင့် ဖြစ်သည်။

ချန်အာသည် ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားသော်လည်း သူမ၏ အလှတရားကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

ထို့အပြင် အသက် ၁၃၊ ၁၄ နှစ်အရွယ်သာ ရှိသေးသော ချန်အာ၏ မိတ်ကပ်မလိမ်းခြယ်ထားသည့် မျက်နှာလေးပေါ်ရှိ ဓားသွားပုံ ပါးဖောင်းဖောင်းလေးများက သူမ၏ အလှတရားကို ပိုမို အပြစ်ကင်းစင်ကာ ချစ်စရာကောင်းစေသည်။

ဤကဲ့သို့သော အစေခံမလေးမျိုးသည် စာသင်သားများ အိပ်မက်မက်ကြသည့် ပုံစံမျိုး ဖြစ်သည်။

စဉ်းစားသာကြည့်... ညဉ့်နက်သန်းခေါင် စာကြည့်နေချိန်မှာ ဒီလို အစေခံမလေးက ဘေးနားမှည ပြုစုပေးနေမယ်ဆိုရင် ဘဝကဘယ်လောက်တောင် ပျော်စရာကောင်းမလဲ...

ထို့ကြောင့် လမ်းတစ်လျှောက်တွင် ချန်အာသည် အာရုံစိုက်မှုကိုအခံရဆုံး ဖြစ်နေသည်။

တချိန်တည်းမှာပင် စာသင်သားအများစုသည် လှည်းထဲတွင် ပါလာသူကိုလည်း စိတ်ဝင်စားလာကြသည်။

ဤမျှဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းသော အစေခံမလေးကို ပိုင်ဆိုင်ထားသော သခင်သည် မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်လိမ့်မည်နည်း။

အားကျခြင်းနှင့် သိချင်စိတ်များ ရောထွေးနေသော အကြည့်များကြားတွင် မြည်းလှည်းလေးသည် ရွှေရောင်လွှမ်းသော နေဝင်ချိန်အောက်တွင် တခွပ်ခွပ် မြည်သံပေးလျက် ရှေးဟောင်းမြို့တော်ကြီးထဲသို့ ဝင်ရောက်လာသည်။

လူတစ်ယောက်၊ အစေခံတစ်ယောက်နှင့် လှည်းတစ်စီး ဝင်ရောက်လာခြင်းသည် ဂယက်ထသွားခြင်း မရှိလှသော်လည်း မသိမသာဖြင့် မုန်တိုင်းတစ်ခုသည် လှည်းနောက်သို့ လိုက်ပါလာသကဲ့သို့ထင်ရသည်။

"သခင်လေး... ကျွန်မတို့ ဘယ်ကို သွားကြမလဲ"

ချန်အာက မေးလိုက်သည်။

လှည်းထဲတွင် ထိုင်နေသော ရွှယ်အန်းသည် သင်းပျပျမွှေးရနံ့ ထွက်နေသော စာတစ်စောင်ကို ကြည့်နေသည်။ စာထဲတွင် တောက်ပသော အနီရောင် ငွေစက္ကူတစ်ရွက်ပါရှိသည်။

မူလရွှယ်အန်းသည် အခက်အခဲ ကြုံတွေ့နေရသည့် အချိန်များတွင်ပင် ထိုငွေစက္ကူကို တစ်ခါမျှ ထုတ်မသုံးခဲ့ဖူးပေ။

ရွှယ်အန်းသည် စာပေါ်ရှိ သေသပ်လှပသော လက်ရေးများကိုကြည့်ကာ အတွေးများထဲ မျောနေသည်။

သူ ချန်အာ၏ မေးခွန်းကို ကြားသောအခါ အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ထန်မိသားစုအိမ်ကို အရင် သွားကြတာပေါ့"

ချန်အာသည် မျက်တောင်တဖျက်ဖျက် ခတ်လိုက်ပြီးနောက် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ သခင်လေး"

ထိုသို့ပြောပြီးနောက် သူမသည် စာထဲတွင် ပါရှိသော လိပ်စာအတိုင်း လှည်းကို မောင်းနှင်သွားတော့သည်။

အခန်း (၉၀၈) - ထျန်ရှန်မြို့တော်ရှိ ထန်အိမ်တော်သို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်း

ကျယ်ဝန်းလှသော ဤထျန်ရှန်မြို့တော်သည် ဧရိယာအလွန်ကျယ်ပြန့်သော်လည်း မြို့ကွက်ပုံစံမှာမူ စနစ်တကျ ရှိလှပေသည်။

မြောက်မှတောင်သို့ သွယ်တန်းနေသော လမ်းမကြီး (၁၁) ခုနှင့် အရှေ့မှအနောက်သို့ ဖြတ်သန်းသွားသော လမ်းမကြီး (၁၄) ခုတို့မှာ ယှက်နွယ်နေပြီး မြို့တော်ကို နေရာပေါင်း (၁၁၀) ခွဲခြားသတ်မှတ်ထားသည်။

သို့ရာတွင် ထိုနေရာများအနက် နှစ်ခုမှာ တော်ဝင်မိသားစု တည်ရှိရာနေရာဖြစ်သောကြောင့် သာမန်ပြည်သူများအတွက် နေရာ (၁၀၈) ခုဟုသာ ခေါ်ဝေါ်ကြလေသည်။

ထျန်ရှန်အတိုင်း မြို့ထဲသို့ အတော်ကြာ ဝင်ရောက်လာပြီးနောက် မြည်းလှည်းသည် ညာဘက်သို့ကွေ့ကာ အရှေ့ဘက် (၅၅) နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

မြို့တော်တစ်ခုလုံးကို မြောက်ဘက်ကို ရိုသေခြင်း၊ တောင်ဘက်ကို တန်ဖိုးထားခြင်း၊ အရှေ့ဘက်သည် ကြွယ်ဝခြင်းနှင့် အနောက်ဘက်သည် ဆင်းရဲခြင်း ဟူသော ပုံစံဖြင့် စီစဉ်ဖွဲ့စည်းထားရာ အရှေ့ဘက် (၅၅) ရပ်ကွက်သည် ထျန်ရှန်မြို့တော်တစ်ခုလုံးတွင် စည်ကားသိုက်မြိုက်ဆုံး နေရာလည်း ဖြစ်ပေသည်။

ထန်မိသားစုသည် ထျန်ရှန်ရှိ ချင်မိသားစုအကြောင်း အစောက ပြောခဲ့သောကြောင့် ထန်မိသားစုသည် သူတို့အိမ်တော်ကို ချင်မိသားစုဟု ခေါ်ဝေါ်ရန် မသင့်လျော်ဟု ခံစားမိကာ ထန်မိသားစုဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် အချမ်းသာဆုံးဖြစ်သော အရှေ့နယ်မြေတို့နှင့် လမ်းတစ်လမ်းသာခြားသော အရှေ့ဘက် (၅၅) ရပ်ကွက်ရှိ ယီယန်ရပ်ကွက်တွင် နေထိုင်ကြလေသည်။

ချန်အာက ယီယန်ရပ်ကွက်ထဲသို့ မြည်းလှည်းကို မောင်းနှင်ဝင်ရောက်ပြီး မကြာမီမှာပင် လမ်း၏ ဘယ်ဘက်ခြမ်းတွင် ကြီးကျယ်ခမ်းနားသော အိမ်တော်ကြီးတစ်လုံးကို တွေ့မြင်လိုက်ရသည်။

အိမ်တော်တံခါးမကြီး၏ အထက်တွင် "

ထန်အိမ်တော် ဟူသော စာလုံးကြီးနှစ်လုံး ရေးထိုးထားသည့် ဆိုင်းဘုတ်ကြီးအား ထင်ရှားစွာ ချိတ်ဆွဲထားလေသည်။

ဤအိမ်တော်သည် မြို့ငယ်လေးတွင် တွေ့ခဲ့ရသော ချန်အိမ်တော်ထက်ပင် ပိုမိုကြီးမားကျယ်ဝန်းလှပေသည်။

ထိုမျှတန်ဖိုးကြီးမားသော မြေနေရာတွင် ဤကဲ့သို့ ကြီးမားသော အိမ်တော်ကြီးကို ပိုင်ဆိုင်ထားခြင်းက ထန်မိသားစု၏ လက်ရှိ အင်အားကြီးမားမှုကို ထင်ဟပ်စေလျက်ရှိသည်။

အနည်းဆုံးတော့ ချန်အာတစ်ယောက် အစပိုင်းတွင် ထိတ်လန့်သွားခဲ့ရှာသည်။

"သ... သခင်လေး... ဒါ အစ်မကြီးထန်ရဲ့ အိမ်လား၊ ဘာလို့ ဒီလောက်တောင် ကြီးကျယ်ခမ်းနားရတာလဲ..."

ချန်အာသည် အနည်းငယ် တွန့်ဆုတ်သွားကာ ပြောလိုက်သည်။

ရွှယ်အန်းက ရယ်မောလိုက်ပြီး သူမ၏နှာခေါင်းလေးကို အသာအယာတို့ထိကာ စနောက်လိုက်သည်။

"ငါတို့ ဒီကိုမလာခင်တုန်းက ထန်မိသားစုဆီ သွားလည်ရမယ်လို့ နေ့တိုင်း ပူဆာနေခဲ့တာ ဘယ်သူပါလိမ့်... အခုကျမှ ကြောက်နေပြီလား"

ချန်အာသည် အနည်းငယ် ရှက်သွားပြီး ရယ်မောကာ ပြန်ပြောသည်။

"သခင်လေးကလည်း... အိမ်ကြီးက အရမ်းကြီးလွန်းတယ်လို့ ထင်မိရုံပါ၊ ကျွန်မ နည်းနည်းလေးမှ မကြောက်ပါဘူး"

"ကြီးတယ် ဟုတ်လား..."

ရွှယ်အန်းက အိမ်တော်ကြီးကို အပြုံးမပျက်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

သူ့ရှေ့မှောက်ရှိ မည်သည့်အဆောက်အအုံကမျှ ကြီးကျယ်သည် ဟူသော စကားလုံးနှင့် မထိုက်တန်ပေ။

"လာ... ငါ့နောက်လိုက်ခဲ့"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် လှည်းပေါ်မှဆင်းကာ ချန်အာနှင့်အတူ ထန်အိမ်တော်ဆီသို့ လျှောက်သွားလိုက်သည်။

"ဟေ့... မင်းတို့ ဘာလိုချင်လို့လဲ"

တံခါးစောင့်က မေးမြန်းလိုက်သည်။

အမှန်တွင် ဤအစေခံတစ်သိုက်သည် တံခါးဝသို့ ရောက်လာသော မြည်းလှည်းကို သတိထားမိပြီးဖြစ်သည်။ သို့သော် ထန်မိသားစု၏ လက်ရှိကြွယ်ဝချမ်းသာမှုအရ ပုံမှန်လာရောက်လည်ပတ်သူများမှာ မြင့်မားသောရာထူးရှိ အရာရှိများနှင့် မြငကောင်းစီး၍ လာကြသော မျိုးရိုးမြငါ့များသာ ဖြစ်သည်။

သာမန်မြည်းလှည်းတစ်စီးသည် သူတို့၏ မျက်လုံးထဲတွင် အရာမဝင်ပေ။

ရွှယ်အန်းသည် လှည်းပေါ်မှ ဆင်းလိုက်သောအခါ ချမ်းသာမှုကိုသာ ကြည့်တတ်သော ဤအစေများသည် ပိုလို့ပင် အထင်သေးသွားကြသည်။

အဘယ်ကြောင့်ဆိုသော်သော် ထိုအချိန်၌ ရွှယ်အန်းသည် သာမာန်ဆန်သော စာသင်သားဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့နောက်မှ လိုက်ပါလာသော မိန်းကလေးမှာ ချောမောလှပသော်လည်း ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားသောကြောင့် ဖြစ်သည်။

ထိုပုံစံသည် ဆင်းရဲသော စာသင်သား တစ်ယောက်သာ ဖြစ်ကြောင်း သိသာထင်ရှားနေသဖြင့် အစေခံများ၏ သဘောထားမှာ ပိုလို့ပင် ဂရုမစိုက်ပဲ လျစ်လျူရှုသည့်ပုံ ပေါက်နေတော့သည်။

ချန်အာသည် သူတို့၏ မေးခွန်းကြောင့် လန့်ဖျပ်သွားပြီး မာနကြီးကာ ဟိတ်ဟန်ထုတ် ဝတ်ဆင်ထားသော အစေခံများကို မြင်လိုက်ရသောအခါ အားငယ်စိတ်ဝင်သွားကာ ရွှယ်အန်း၏ ဝတ်ရုံစကို တိတ်တဆိတ် ဆွဲကိုင်ထားလိုက်မိသည်။

ရွှယ်အန်းသည် ထိုအစေခံလူအုပ်ကို တည့်တည့်ပင် မကြည့်ဘဲ တည်ငြိမ်စွာပြောလိုက်သည်။

"ထန်လင်းအာ ဒီမှာနေတာလား"

အစေခံအားလုံး အံ့အားသင့်သွားကြပြီး တြိဂံပုံစံ မျက်လုံးပိုင်ရှင် အစေခံသည် ရွှယ်အန်းကို ခေါင်းအစ ခြေအဆုံး ကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်သည်။

"မင်းက ဘယ်သူမို့လို့ ငါတို့သခင်မလေး နာမည်ကို ခေါ်ရဲတာလဲ"

"ငါလား..."

ရွှယ်အန်းက ပြုံးလိုက်သည်။

"ငါ့နာမည်က ရွှယ်အန်း... ငါက မင်းတို့သခင်မလေးရဲ့... မိတ်ဆွေလို့ ပြောလို့ရမယ် ထင်တယ်"

ရွှယ်အန်း ဟုတ်လား...

ထိုနာမည်ကို ကြားလိုက်ရသောအခါ အစေခံများ၏ သဘောထားမှာ အနည်းငယ် ထူးဆန်းသွားသည်။ သို့သော် သူတို့၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲကောင်းမွန်လာခဲ့သည်။

"ဪ... ခင်ဗျားက သခင်လေး ရွှယ်အန်း ကိုး၊ သခင်မလေးက ခင်ဗျားအကြောင်း ပြောဖူးတယ်၊ ခင်ဗျားလာရင် ကြည့်ရှုပေးဖို့ အထူးတလည် မှာထားဖူးပါတယ်၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သခင်မလေးနဲ့ သခင်ကြီးတို့က ကိစ္စရှိလို့ အပြင်သွားကြပါတယ်၊ ဒီရက်ပိုင်း အိမ်မှာမရှိကြပါဘူး"

ရွှယ်အန်း၏ စိတ်ထဲ၌ အနည်းငယ် အံ့သြသွားသည်။

မရှိဘူးလား... ဒါဆိုရင် သူမ ပြန်လာရမယ်နဲ့တူတယ်

ထိုသို့တွေးလိုက်ပြီး ရွှယ်အန်းသည် လှည့်ပြန်ရန် ပြင်လိုက်သည်။

ထိုအချိန်၌ အံ့ဩဝမ်းသာသံသည့် တစ်သံမှာ လေထဲမှပျံ့လွင့်လာသည်။

"အစ်ကိုကြီးရွှယ်အန်းမလား"

ရွှယ်အန်းသည် အသံလာရာသို့ လှည့်ကြည့်လိုက်သည်။

ပုလဲများနှင့် ကျောက်စိမ်းများဖြင့် ဆင်ယင်ထုံးဖွဲ့ထားပြီး တောက်ပသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ချောမောသော အစေခံမလေးတစ်ဦးသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာနေသည်။ သူမသည် ရွှယ်အန်း ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများထဲတွင် ဝမ်းသာမျက်ရည်များ ဝဲတက်လာသည်။

"တကယ်ပဲ အစ်ကိုကြီး ရွှယ်အန်း ဖြစ်နေတာကို"

ရွှယ်အန်းသည် ထိုမိန်းကလေး မည်သူဖြစ်မှန်း မမှတ်မိသဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

ချန်အာကမူ အံ့ဩတကြီးဖြင့် ၎င်းဆီသို့ ပြေးသွားတော့သည်။

"မမချင်းအာ"

ရွယ်တူ အစေခံမလေးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ဖက်ကာ ငိုလိုက် ရယ်လိုက်ဖြင့် ၎င်းတို့၏ ခင်မငါမှုကို ပြသနေကြသည်။

ထို့နောက် ချန်အာက စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် ရွှယ်အန်းဘက်သို့ လှည့်ကာ ပြောပြစည်။

"သခင်လေး... ဒါ သခင်မလေးထန်ရဲ့ အနားမှာနေတဲ့ အိမ်ဖော်မလေး အစ်မ ချင်းအာလေ၊ ကျွန်မတို့ အိမ်နီးချင်းဖြစ်တုန်းက သူက သခင်မလေးထန်နဲ့အတူ ကျွန်မတို့ဆီ ခဏခဏ လာကစားဖူးတယ်"

ထိုအခါမှ ရွှယ်အန်းသည် အခြေအနေကို အနည်းငယ် သဘောပေါက်သွားပြီး ဤခန္ဓာကိုယ်၏ လက်ကျန်မှတ်ဉာဏ်များထဲမှ ထိုအစေခံမလေးအကြောင်းကို ပြန်သတိရလာသည်။ သို့သော် အချိန်အတော်ကြာခဲ့ပြီဖြစ်သဖြင့် ပုံရိပ်များမှာ ဝေဝါးနေပြီဖြစ်သည်။

ရွှယ်အန်းသည် ချင်းအာကို ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်ပြီး နှုတ်ဆက်လိုက်သည်။

"မိန်းကလေးချင်းအာပဲ"

ရွှယ်အန်း၏ လေသံထဲတွင် စိမ်းသက်မှုကို ကြားလိုက်ရသဖြင့် အစေခံမလေး၏ မျက်လုံးများမှာ ထပ်မံ၍ နီရဲလာသော်လည်း ချက်ချင်းပင် ယဉ်ကျေးစွာ အရိုအသေပေးလိုက်သည်။

"အစ်ကိုကြီးရွှယ်၊ ကျွန်မ အစ်ကိုကြီးကို စောင့်နေတာ ရက်တော်တော်ကြာပြီ၊ သခင်မလေးထန်က ဒီရက်ပိုင်းအတွင်း အစ်ကိုကြီး ရောက်လာခဲ့ရင် အဆင်ပြေအောင်ဆိုပြီး ကျွန်မကို အထူးတလည် နေခိုင်းခဲ့တာပါ၊ တကယ်ပဲ အစ်ကိုကြီး ရောက်လာခဲ့တာပဲ"

ထိုသို့ပြောပြီးနောက် ချင်းအာသည် တံခါးစောင့်များအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ဒါ သခင်မလေး ကိုယ်တိုင်မှာကြားထားတဲ့ ဧည့်သည်တော်ပဲထ နင်တို့လို ငတုံးတွေကများ သူ့ကို အခက်တွေ့အောင် လုပ်ရဲတယ်ပေါ့လေ"

မာနကြီးသော ထိုတံခါးစောင့်များသည် အစေခံမလေးကို ကြောက်ရွံ့ကြသဖြင့် သူမ၏ စကားကို ကြားသောအခါ မျက်နှာပျက်သွားကြသည်။

"ကျွန်တော်တို့ မလုပ်ရဲပါဘူး၊ ဒီလူက သခင်လေးရွှယ်မှန်း တကယ်မသိလို့ မဆင်မခြင် ဆက်ဆံမိတာပါ"

"ဟွန့်... နင်တို့ကိစ္စ နောက်မှရှင်းမယ်"

ချင်းအာက အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် ပြန်လှည့်ကာ ချိုသာသော အပြုံးဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီးရွှယ်... သခင်မလေးထန် မသွားခင်က သေချာမှာထားပါတယ်၊ အကယ်၍ အစ်ကိုကြီး ရောက်လာခဲ့ရင် ဘယ်လိုအကြောင်းပြချက်နဲ့မှ ပြန်မလွှတ်ရဘူးတဲ့၊ သူပြန်လာတဲ့အထိ ဒီမှာပဲ စောင့်နေပေးပါတဲ့ရှင်"

ရွှယ်အန်း၏ မျက်မှောင်သည် အနည်းငယ် တွန့်သွားသည်။

သူ ဒီကိုလာရသည့် ရည်ရွယ်ချက်မှာ အကူအညီတောင်းရန် မဟုတ်ဘဲ သခင်မလေးထန်နှင့် မျက်နှာချင်းဆိုင်တွေ့ပြီး ကိစ္စများကို ရှင်းရှင်းလင်းလင်း ပြောပြဖို့သာ ဖြစ်သည်။

သို့သော် မမျှော်လင့်စွာ သခင်မလေးထန်သည် အိမ်တော်တွင် မရှိချေ။

သူ ချက်ချင်း ပြန်လှည့်ထွက်သွားရန် စဉ်းစားလိုက်သည်။

သို့သော် အစေခံလေး၏ မျက်နှာမှ ရိုးသားမှုနှင့် ချန်အာ၏ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော အကြည့်တို့ကို မြင်လိုက်ရသောအခါ ရွှယ်အန်းသည် ခေတ္တတုံ့ဆိုင်းသွားသည်။

"ကောင်းပြီလေ... ငါ ဒီမှာပဲ သူ့ကို စောင့်နေလိုက်မယ်"

ထိုစကားကို ကြားလိုက်ရသောအခါ ချင်းအာ၏ မျက်နှာသည် ပန်းပွင့်လေးပမာ လန်းဆန်းသွားကာ ဝမ်းသာအားရ ပြောလေသည်။

"ဟုတ်ကဲ့ပါ အစ်ကိုကြီးရွှယ်၊ ကျွန်မနောက် လိုက်ခဲ့ပါ၊ အစ်ကိုကြီး တည်းခိုဖို့ နေရာ စီစဉ်ပြီးသားပါ"

ထို့နောက် ချင်းအာသည် ချန်အာ၏ လက်ကိုဆွဲကာ အစေခံမလေးနှစ်ယောက်သည် ရယ်မောပြောဆိုလျက် ရွှယ်အန်းကို ထန်အိမ်တော်အတွင်းသို့ ဦးဆောင်ခေါ်သွားကြလေသည်။

သူတို့၏ ပုံရိပ်များသည် တံခါးဝမှ ပျောက်ကွယ်သွားသည်နှင့် တံခါးစောင့်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တီးတိုးပြောဆိုကြတော့သည်။

"ကျွတ် ကျွတ်... သခင်မလေးထန်သည် စွဲလမ်းနေတဲ့ သခင်လေးရွှယ်ဆိုတာ ဒီလို ဆင်းရဲတဲ့ စာသင်သားလေး ဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲ"

"သူက ရုပ်ရည်တော့ ချောပါရဲ့၊ ဒါပေမဲ့ ဝတ်ထားတာက စုတ်ပြတ်နေတာပဲ၊ ငါတို့ ထန်မိသားစုနဲ့ ဘယ်လိုလုပ် တန်မှာလဲ"

ထိုသို့ တီးတိုးပြောဆိုနေကြစဉ် အစေခံတစ်ယောက်က ရုတ်တရက် မထီမဲ့မြင် ပြုံးလိုက်သည်။

"သူက ဒီကိုလာပြီး အချောင်ခိုရဲသေးတယ်... ဒီကောင်က သေရမှာကို မကြောက်ဘူး ထင်တယ်"

အားလုံး ခေတ္တမျှ ကြောင်အသွားကြသည်။

ထို့နောက် ထိုအစေခံက လူအုပ်ကို ဝေ့ကြည့်ပြီး လှောင်ပြောင်သော လေသံဖြင့် မေးလိုက်သည်။

"မင်းတို့... သခင်လေးယောင်အကြောင်းကို မေ့နေကြပြီလား"

သခင်လေးယောင် ဟူသော အမည်ကို ကြားလိုက်ရသောအခါ အစေခံအုပ်စုမှာ လည်ပင်းများ ကျုံ့သွားကြပြီး မည်သူမျှ ပေါက်ကရ ဆက်မပြောရဲကြတော့ပေ။

သို့သော် သူတို့၏ စိတ်ထဲတွင်မူ တစ်ဖက်သား ဒုက္ခရောက်သည်ကို ဝမ်းသာသောစိတ်များ ပြည့်နှက်နေကြသည်။

အဘယ်ကြောင့်ဆိုသော်သော် ဤကိစ္စသည် ကောင်းမွန်စွာ ပြီးဆုံးလိမ့်မည်မဟုတ်ဟု သူတို့အားလုံး ခံစားရသောကြောင့် ဖြစ်သည်။

အခန်း (၉၀၉) - ယောင်မိသားစု၏ အကြီးဆုံးသခင်လေး

ဤသည်မှာ အလွန်ရိုးရှင်းပြီး သန့်ရှင်းသပ်ရပ်သော ခြံဝင်းတစ်ခု ဖြစ်ပေသည်။

ဤနေရာကို နေ့စဉ် သန့်ရှင်းရေး ပြုလုပ်ထားကြောင်း သိသာထင်ရှားလှသည်။

ချင်းအာက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီးရွှယ်... ဒီခြံဝင်းကို အစ်ကိုကြီးအတွက် ပြင်ဆင်ထားတာ ကြာပြီ၊ ဒါပေမဲ့ အစ်ကိုကြီး ဘယ်တော့ရောက်လာမလဲဆိုတာ မသိတဲ့အတွက် နေ့တိုင်း လူလွှတ်ပြီး သန့်ရှင်းရေး လုပ်ခိုင်းထားခဲ့တာပါ အစ်ကိုကြီး သဘောကျရဲ့လားဟင်"

ရွှယ်အန်းသည် ပြုံးရုံသာပြုံးပြီး စကားတစ်ခွန်းမျှ မဆိုပေ။

ထိုအစား ချန်အာကသာ အရာရာကို စိတ်ဝင်စားနေပြီး စိတ်လှုပ်ရှားစွာဖြင့် လိုက်လံကြည့်ရှုနေလေသည်။

"အစားအသောက်တွေကို နေ့တိုင်း သီးသန့်တာဝန်ကျတဲ့သူက လာပို့ပေးပါလိမ့်မယ် ပြီးတော့ အစ်ကိုကြီး အချိန်မရွေး ဖတ်ရှုလေ့လာလို့ရအောင် ဒီမှာ စာအုပ်တွေလည်း အများကြီးထားပေးထားပါတယ်"

ချင်းအာက လေးလေးနက်နက် ရှင်းပြနေစဉ်မှာပင် ရွှယ်အန်းက ရုတ်တရက် မေးလိုက်သည်။

"မင်းတို့ သခင်မလေးက ဘယ်တော့ ပြန်ရောက်မှာလဲ"

ချင်းအာသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ပြန်ဖြေသည်။

"အဲ့ဒါတော့ ကျွန်မလည်း သိပ်မသေချာဘူး၊ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် သခင်မလေးက သခင်ကြီးနဲ့အတူ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတာဆိုတော့ ပြန်ရောက်ဖို့ သုံးရက်၊ ငါးရက်လောက် ကြာလောက်မယ်၊ အစ်ကိုကြီး သိတဲ့အတိုင်းပဲ သခင်မလေးမှာ မောင်နှမအရင်းအချာ မရှိတော့ ကိစ္စတော်တော်များများကို ကိုယ်တိုင်ပဲ ကိုင်တွယ်ဖြေရှင်းနေရတယ်လေ"

ချင်းအာ၏ လေသံသည် အနည်းငယ် ၀မ်းနည်းနေပုံပေါ်သည်။

ရွှယ်အန်းကမူ မည်သို့မျှ မှတ်ချက်မပေးပေ။

သို့သော် ချက်ချင်းဆိုသကဲ့သို့ပင် တစ်စုံတစ်ခုကို သတိရသွားသည့်နှယ် ချင်းအာက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီးရွှယ်... ကျွန်မ အစ်ကိုကြီးကို ပြောပြဖို့ မေ့နေတဲ့ ကိစ္စတစ်ခု ရှိသေးတယ်"

"ဪ... ဘာများလဲ"

"အစ်ကိုကြီး ဒီမှာ နေတုန်း လူတစ်ယောက်ကိုတော့ အထူးသတိထားဖို့လိုလိမ့်မယ်"

"လူတစ်ယောက်ကို သတိထားရမယ် ဟုတ်လား"

ချင်းအာ ခေါင်းငြိမ့်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင် အမုန်းဓာတ်အချို့ ယှက်သန်းလာသည်။

"အရမ်း စိတ်ပျက်ဖို့ကောင်းတဲ့ လူတစ်ယောက်ပါ၊ သူ့နာမည်က ယောင်ချောင်ဖန် တဲ့၊ သူက..."

သူမ စကားမဆုံးခင်မှာပင် ခြံဝင်းအပြင်ဘက်မှ ကျောချမ်းဖွယ်ရာ လှောင်ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ကျွတ် ကျွတ်၊ ငါတို့ဆီကို ဧည့်သည်တော် ရောက်နေတယ်လို့ ကြားတယ်ထ မိန်းကလေးချင်းအာ ကိုယ်တိုင် ထွက်ပြီး ကြိုဆိုရလောက်အောင် ဘယ်လိုဧည့်သည်မျိုးလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"

ထိုအသံသည် နားထောင်ရ ဆိုးဝါးလှသည် မဟုတ်သော်လည်း တစ်ဖက်သားကို အလွန် နေရထိုင်ရခက်စေသည်။

ထိုအသံနှင့်အတူ ယပ်တောင်ကို ကိုင်ဆောင်ထားသော အသားညိုညိုနှင့် လူတစ်ယောက်သည် ဟိတ်ဟန်ဖြင့် ဝင်ရောက်လာသည်။

ထိုလူ၏ ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်ပြီး အသားညိုသော်လည်း မျက်နှာထားမှာမူ မာနတို့ဖြင့် ပြည့်နှက်နေလေသည်။

သူ၏ ကျဉ်းမြောင်းသော မျက်လုံးများထဲတွင် ကောက်ကျစ်စဉ်းလဲသော အရိပ်အယောင်များပင် လက်ကနဲ ဖြစ်နေသည်။

သူ့နဖူးပေါ်တွင် လူယုတ်မာ ဟု စာရေးကပ်ထားသည့်ပမာ ထင်ရသည်။

ထိုလူကို မြင်လိုက်ရသောအခါ ချင်းအာ၏ မျက်နှာသည် ပြာနှမ်းသွားသော်လည်း ခေါင်းငုံ့အရိုအသေပေးရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။

"သခင်လေးယောင်ပါလား"

သူမသည် မလိုလားအပ်စွာဖြင့် နှုတ်ဆက်လိုက်သည်။

ယခုရောက်လာသူမှာ ချင်းအာ ပြောပြခဲ့သော ယောင်ချောင်ဖန်ပင်ဖြစ်သည်။

သူသည် မာနကြီးသော မျက်နှာထားဖြင့် ခေါင်းအနည်းငယ် ငြိမ့်ပြပြီးနောက် ရွှယ်အန်းကို ခေါင်းအစ ခြေအဆုံး အကဲခတ်ကြည့်လိုက်သည်။

သူ ကြည့်လေလေ သူ၏ မျက်နှာပေါ်တွင် အထင်သေးသော အရိပ်အယောင်များ ပေါ်လာလေလေ ဖြစ်သည်။

"မင်းက ရွှယ်အန်းဆိုတာလား"

ရွှယ်အန်းက ခေါင်းငြိမ့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေသည်။

"ဟုတ်တယ်"

"ကောင်းပြီ"

ယောင်ချောင်ဖန်၏ မျက်လုံးများထဲတွင် အေးစက်သော ရက်စက်မှုများ ပြည့်နှက်သွားပြီး ပြောလာသည်။

"မစ္စတာရွှယ်... မင်း ဒီကို ဘာကိစ္စနဲ့ လာတယ်ဆိုတာ ငါ မသိဘူးလို့မထင်နဲ့၊ ငါ မင်းကို ပြောလိုက်မယ်... ထန်မိသားစုဆိုတာ မင်း မှန်းလို့ရတဲ့ နေရာမျိုး မဟုတ်ဘူး၊ အထူးသဖြင့် ငါ့ဝမ်းကွဲညီမလေး လင်းအာက မင်း လက်လှမ်းမိနိုင်တဲ့ မိန်းကလေးမျိုးမဟုတ်ဘူး"

"မင်း အရင်တုန်းက ငါ့ညီမလေးနဲ့ သိခဲ့ဖူးရုံလောက်နဲ့ ဘာမဆိုလုပ်လို့ရမယ်လို့ မထင်နဲ့၊ အခုပဲ ဒီစိတ်ကူးကို စွန့်လွှတ်လိုက်ဖို့ ငါ အကြံပေးချင်တယ် မဟုတ်ရင်တော့..."

ယောင်ချောင်ဖန်က လှောင်ပြုံးပြုံးလိုက်ပြီး ဆက်ပြောသည်။

"လောကကြီးကို တစ်ခါမှ မမြင်ဖူးတဲ့ တောသားတစ်ယောက်ကို မြို့တော်က လူတွေရဲ့ လုပ်ပုံကိုင်ပုံက ဘယ်လိုလဲဆိုတာ နားလည်သွားအောင် ငါ လုပ်ပညမယ်"

ဤစကားများကြောင့် ချင်းအာနှင့် ချန်အာတို့၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားကြသည်။

အထူးသဖြင့် ချင်းအာသည် မျက်နှာထားတင်းမာသွားပြီး စကားပြောရန် ပြင်လိုက်သည်။

သို့သော် ရွှယ်အန်းကမူ ရယ်မောလိုက်ပြီး ပြောသည်။

"ပထမအချက်အနေနဲ့ ငါ ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်း ပြောချင်တယ်.၊ ငါ ဒီကိုလာတာက အကြွင်းကျန် အကျန်ကို ကောက်ဖို့ လာတာမဟုတ်ဘူး၊ ဒုတိယအချက်ကတော့... ငါ အရမ်း သိချင်မိတယ် မြို့တော်က လူတွေရဲ့ လုပ်ပုံကိုင်ပုံ ဆိုတာ ဘာများလဲ"

ယောင်ချောင်ဖန်၏ မျက်နှာသည် မဲမှောင်သွားပြီး သူ၏ ကျဉ်းမြောင်းသော မျက်လုံးများထဲတွင် အန္တရာယ်ရှိသော အရိပ်အယောင်များ လက်သွားသည်။

"ကောင်လေး... မင်းက သိပ်မကျေနပ်ချင်တဲပုံပဲ"

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"ငါက သိချင်ရုံသက်သက်ပါ၊ အခုပဲ ငါ့ကိုပြလိုက်ပါလား"

"မင်း..."

ယောင်ချောင်ဖန် ဒေါသ ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။

ဘေးနားတွင် ရှိနေသော ချင်းအာသည် သည်းမခံနိုင်တော့ဘဲ ၀င်ပြောလာသည်။

"သခင်လေးယောင်... သခင်လေးရွှယ်က သခင်မလေး ကိုယ်တိုင် ကောင်းကောင်းမွန်မွန် ဧည့်ခံဖို့မှာကြားထားတဲ့ ဧည့်သည်တော်ပါ၊ ရှင်သာ တစ်ခုခု လုပ်ရဲရင် သခင်မလေး ပြန်လာတဲ့အခါ ဖြစ်လာမယ့် နောက်ဆက်တွဲကို ကိုယ့်ဘာသာ တွေးထားလိုက်ပါ"

ထိုစကားကို ကြားလိုက်ရသောအခါ ယောင်ချောင်ဖန်၏ အကြည့်များ တုန်လှုပ်သွားပြီး ရွှယ်အန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"ကောင်းပြီလေ... ဒါဆိုရင်လည်း မင်းကို နောက်ထပ် ရက်နည်းနည်းလောက် ပျော်ပါးခွင့် ပေးထားလိုက်မယ်"

ထိုသို့ပြောပြီးနောက် ယောင်ချောင်ဖန် လှည့်ထွက်သွားလေသည်။ သူ ထွက်သွားမှ ချင်းအာလည်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိပြီး စိုးရိမ်တကြီး သတိပေးလိုက်သည်။

"အစ်ကိုကြီးရွှယ်... ဒီလူက ခွေးရူးတစ်ကောင်လိုပဲ... သူ့ကို သတိထားနော်"

ရွှယ်အန်းသည် ယောင်ချောင်ဖန်ကြောင့် ထိတ်လန့်သွားမည်ကို ချင်းအာ စိုးရိမ်နေခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်သော် သူမ၏ မှတ်ဉာဏ်ထဲတွင် သူမ၏ အစ်ကိုကြီးရွှယ်သည် ပြန်လည်တိုက်ခိုက်ရန် အားမရှိသည့် စာသင်သားတစ်ယောက်သာဖြစ်ပြီး ယောင်ချောင်ဖန်ကဲ့သို့ လူမိုက်မျိုးနှင့် ရင်ဆိုင်ရလျှင် ကြောက်လန့်နေမည်ဟု ထင်ထားသောကြောင့် ဖြစ်သည်။

သို့သော် ရွှယ်အန်းသည် ဂရုမစိုက်သည့်ပုံစံဖြင့် နည်းနည်းလေးမှ စိုးရိမ်ပူပန်ခြင်းမရှိဘဲ ပြုံး၍ပင် စကားပြောနေသည်ကို သူမ သတိထားမိလိုက်သည်။

"ဒီ ယောင်ချောင်ဖန်ဆိုတာက မင်းတို့နဲ့ ဘယ်လို ပတ်သက်တာလဲ"

ချင်းအာသည် သူမရှေ့ရှိ အစ်ကိုကြီးရွှယ် နှင့် သူမ၏မှတ်ဉာဏ်ထဲမှ လူသည် ကွာခြားနေသည်ဟု ခံစားရသော်လည်း ဆက်လက်ဖြေကြားလိုက်သည်။

"သခင်ကြီးက မြို့တော်ကို ပြောင်းလာပြီး မကြာခင်မှာပဲ မယားငယ်တစ်ယောက် ယူခဲ့ပါတယ်၊ နှစ်နည်းနည်းကြာတော့ သခင်မကြီးက ရောဂါနဲ့ ဆုံးပါးသွားပြီး အဲ့ဒီမယားငယ်က တရားဝင် ဇနီးမယား ဖြစ်လာခဲ့တာပါ၊ ဒီ ယောင်ချောင်ဖန်ဆိုတာက အဲ့ဒီ ဇနီးသည်အသစ်ရဲ့တူပလ"

ထိုနောက် ချင်းအာ၏ မျက်နှာတွင် မကျေနပ်မှုများပေါ်လာသည်။

"ဒီလူက သခင်ကြီးကို ဘယ်လို ပြုစားထားလဲတော့ မသိဘူး.၊ သခင်ကြီးက သူ့ကိုဆို အရမ်း မျက်နှာသာပေးတာပဲ၊ ထားပါတော့... အဓိက ပြဿနာက အဲ့လူက သခင်မလေးအပေါ် မရိုးသားတဲ့ စိတ်တွေ ရှိနေတာပဲ"

"ပြီးတော့ သခင်ကြီးကလည်း သူ့ကို အတော်လေး ထောက်ခံပေးနေပုံပဲ၊ ဒါကြောင့် ယောင်ချောင်ဖန်က တဖြည်းဖြည်းနဲ့ ပိုပြီးမာနကြီးလာခဲ့တာ၊ သခင်မလေးကသာ သူ့ကို အမြဲတမ်း လျစ်လျူရှုမထားရင် သူ ဒီထက်တောင် ပိုပြီးအတင့်ရဲလာဦးမှာ"

ချင်းအာ၏ စကားများကို ကြားပြီးနောက် ရွှယ်အန်း သဘောပေါက်သွားသည်။

သူ့ကို အဘယ့်ကြောင့် ရန်လိုနေသည်မှယ အံ့သြစရာ မဟုတ်တော့ပေ။ သူက အားလုံးကို အပိုင်သိမ်းချင်နေတာကိုး...

ချင်းအာသည် သတိပေးစကား အနည်းငယ် ပြောပြီးနောက် နေထိုင်စရာ ပစ္စည်းအမျိုးမျိုးကို လူများကို သယ်လာခိုင်းပြီး ညစာတည်ခင်းပြီးသည်အထိ အလုပ်ရှုပ်နေကာ ထို့နောက်မှ ပြန်သွားလေသည်။

ခြံဝင်းထဲတွင် ရွှယ်အန်းနှင့် ချန်အာတို့ နှစ်ယောက်တည်း ကျန်ရစ်သောအခါ...

ချန်အာသည် သူမ၏ မကျေနပ်ချပ်များကို ထုတ်ပြောသည်ာ

"သခင်လေး... နေ့ခင်းက လူက တကယ် ရွံစရာကောင်းတာပဲ၊ အစ်မကြီးထန်ကို အတင်းအဓမ္မ လုပ်ချင်နေတဲ့အပြင် ကျွန်မတို့ကိုတောင် ခြိမ်းခြောက်သွားသေးတယ်"

ရွှယ်အန်းက ပြုံးပြီး သူမကို လှည့်ကြည့်ကာ မေးလိုက်သည်။

"ဪ... ကြောက်တတ်တဲ့ ကလေးလေးက အခုကျတော့ ဘာလို့ မကြောက်တော့တာလဲ"

"ဟာ... သခင်လေးကလည်း... သခင်လေးက ဘာလို့ နည်းနည်းမှ မပူမပင် ရှိနေရတာလဲဆိုတာ ကျွန်မ နားကိုမလည်တော့ဘူး၊ အစ်မချင်းအာ ပြောသွားတာ မကြားလိုက်ဘူးလား၊ အဲ့ယောင်ဆိုတဲ့လူက အစ်မကြီးထန်ကို ဘယ်နည်းနဲ့မဆို လိုချင်နေတာလေ၊ သခင်လေး တစ်ခုခုလုပ်ဖို့ မစဉ်းစားဘူးလား"

"တစ်ခုခုလုပ်ရမယ် ဟုတ်လား၊ ငါက ဘာကိစ္စတစ်ခုခု လုပ်ရမှာလဲ"

ရွှယ်အန်းက တည်ငြိမ်စွာပင် မေးခွန်းထုတ်လိုက်သည်။

"ဟင်... သခင်လေး နည်းနည်းလေးမှ မပူဘူးလား"

ချန်အာ၏ မျက်နှာငယ်လေးတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေသည်။

ရွှယ်အန်းသာ် ပြုံးလိုက်ပြီးနောက် မှုန်ရီနေသော လရောင်ကို မော့ကြည့်ကာ ပြောလိုက်သည်။

"ငတုံးမလေး ချန်အာ ... ငါ ထန်မိသားစုဆီ လာတာက တောင်းရမ်းလက်ထပ်ဖို့ လာတယ်လို့ မင်း တကယ်ထင်နေတာလား"

သူ့အသံသည် အလွန်တိုးညင်းသဖြင့် ချန်အာသည် သဲ့သဲ့မျှသာ ကြားလိုက်ရသည်။

သို့သော် သခင်လေး၏ လမင်းကို မော့ကြည့်နေသော ပုံစံသည် အလွန် အထီးကျန်ဆန်နေကြောင်း သူမ သတိထားလိုက်မိသည်။

တစ်ချိန်တည်းမှာပင် ထန်မိသားစု၏ အလွန် ခမ်းနားထည်ဝါသော ခြံဝင်းတစ်ခုထဲ၌ ယောင်ချောင်ဖန်သည် စိတ် ချမ်းသာစွာဖြင့် အရက်သောက်နေသည်။

သူ့မျက်နှာချင်းဆိုင်တွင် ဆွဲဆောင်မှု ရှိနေဆဲဖြစ်သော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ထိုင်နေသည်။

"ဖန်အာ... မင်းပြောပုံအရဆိုရင် အဲ့ရွှယ်အန်းက ငါတို့အတွက် အကြီးမားဆုံး အတားအဆီး ဖြစ်လာမှာလား"

All Chapters