← Chapters

အခန်း (၉၁၀-၉၁၂)

Vol. 61 Ch. 910-912

အခန်း (၉၁၀-၉၁၂)

Vol. 61 Ch. 910-912

အခန်း (၉၁၀) - ထန်မိသားစု၏ သခင်မလေး

ယောင်ချောင်ဖန် ခေါင်းငြိမ့်လိုက်ပြီးနောက် လက်ထဲရှိ ဝိုင်ခွက်ကို ချလိုက်ကာ ပြောလိုက်သည်။

"ဒီနေ့ သား ရွှယ်အန်းကို စကားနဲ့ အကဲခတ်ကြည့်တော့ သူက နှိမ့်ချလွန်းတာမျိုးလည်း မရှိသကဲ့သို့ မောက်မာလွန်းတာမျိုးလည်း မရှိဘဲ တည်ငြိမ်အေးဆေးနေတာကို တွေ့ရတယ်၊ ကြည့်ရတာ သူက တော်ရုံနဲ့ ဖြိုလို့မရတဲ့ အခွံမာသီးတစ်လုံး ဖြစ်မယ့်ပုံပဲ"

အကယ်၍ ပြင်ပလူတစ်ဦးသာ ရှိနေပြီး ယောင်ချောင်ဖန်၏ သုံးနှုန်းပြောဆိုပုံကို ကြားလိုက်ရပါက အလွန်အမင်း အံ့အားသင့်သွားကြပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော်သော် ဤသက်လတ်ပိုင်းအရွယ် အလှပဂေးသည် ထန်မိသားစု၏ သခင်ကြီး ထန်ရှန်း၏ မယားငယ်ဖြစ်သူ ယောင်ယွီဖြစ်သောကြောင့်ဖြစ်သည်ယ

ထို့ပြင် အပြင်ဘက်တွင် ယောင်ချောင်ဖုန်သည် ဤ ယောင်ယွီ၏ တူတော်မောင် ဖြစ်သည်ဟုသာ သိထားကြသည်။

သို့သော် လက်တွေ့တွင်မူ ယောင်ချောင်ဖု

န်သည် သူမ၏ သားအရင်းဖြစ်ပေသည်။

ဤအချက်ကို ဖုံးကွယ်ထားရခြင်းမှာ အခြားသူများ၏ သံသယကို ရှောင်ရှားရန်အတွက် ဖြစ်သည်။

အမှန်တွင် ဤသားအမိနှစ်ယောက် ထန်မိသားစုအတွင်းသို့ ဝင်ရောက်လာကတည်းက ကောင်းမွန်သောစိတ်ဖြင့် လာခြင်းမဟုတ်ဘဲ မိသားစု၏ စည်းစိမ်ဥစ္စာကို သိမ်းပိုက်လိုကြခြင်းကြောင့်ဖြစ်သည်။

မူလက ဤကိစ္စသည် လွယ်ကူလိမ့်မည်ဟု သူတို့နှစ်ယောက် ထင်မှတ်ထားခဲ့ကြသည်။

ထန်ရှန်းကိုသာ လှည့်စားနိုင်လျှင် ထန်လင်းအာကို ဖြေရှင်းရသည်မှာ လွယ်ကူလိမ့်မည် ဖြစ်သည်။

သို့သော် သူတို့ မမျှော်လင့်ထားခဲ့သည့်အချက်မှာ နူးညံ့သိမ်မွေ့ပြီး အားနွဲ့မည့်ပုံ ပေါက်နေသော ထိုသခင်မလေးသည် အလွန်ဉာဏ်ရည်ထက်မြက်ပြီး ထန်မိသားစု၏ ကိစ္စအဝဝကို စနစ်တကျနှင့် လျင်မြန်စွာ စီမံခန့်ခွဲနိုင်ခြင်းပင်ဖြစ်သည်။

ဤအခြေအနေက သူတို့၏ အစီအစဉ်ကို ပျက်ပြားသွားစေခဲ့သည်။

သို့သော် သူတို့သည် စိတ်ဓာတ်မကျဘဲ နည်းဗျူဟာကို ချက်ချင်း ပြောင်းလဲလိုက်ကြသည်။

ထို့နောက် ယောင်ချောင်ဖန်သည် ထန်လင်းအာကို စိတ်အားထက်သန် လိုက်လံပိုးပန်းတော့သည်။

သူ၏မိခင် ယောင်ယွီကမူ ထန်ရှန်း၏ နားကပ်ကာ သွေးဆောင်ဖြားယောင်းသော စကားများကို ဆိုလေသည်။

နှစ်ဖက်ညှပ်၍ ကြိုးပမ်းခြင်းဖြင့် သူတို့သည် မိန်းကလေးကိုသာမက စည်းစိမ်ဥစ္စာကိုပါရယူရန် ကြံစည်ကြသည်။

ထန်ရှန်းသည် တဖြည်းဖြည်း လက်ခံလာပြီး အခြေအနေများ ကောင်းမွန်လာခါစတွင် ရွှယ်အန်းဆိုသူမှာ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

ဤအချက်က သားအမိနှစ်ယောက်ကို သတိထားမိစေပြီး ဒေါသထွက်စေခဲ့သည်။

"ဒါဆိုရင် ဖန်အာ သား ဘာလုပ်ဖို့ စီစဉ်ထားလဲ၊ လူလွှတ်ပြီး သူ့ကို ရှင်းပစ်လိုက်ရမလား"

ယောင်ယွီ က ရက်စက်သော မျက်နှာထားဖြင့် မေးလိုက်သည်။ သူမသည် အလွယ်တကူ ကစား၍ရသော အမျိုးသမီးမျိုး မဟုတ်ကြောင်း ထင်ရှားလှသည်။

ယောင်ချောင်ဖန်သည် ခေါင်းခါလိုက်သည်။

"မဖြစ်ဘူး၊ အခု လှုပ်ရှားလို့ မရသေးဘူး၊ ဘာပဲပြောပြော ရွှယ်အန်းကို ထန်လင်းအာ ကိုယ်တိုင် ဖိတ်ခေါ်ထားတာလေ၊ သူ ပြန်မရောက်လာခင် ကျွန်တော်တို့ လှုပ်ရှားလိုက်ရင် သူ သံသယဝင်သွားလိမ့်မယ်၊ အဲ့ဒီအခါကျရင် ကျွန်တော်တို့ ရွှယ်အန်း ကို လက်ဖျားနဲ့တောင် ထိလို့ရတော့မှာ မဟုတ်ဘူး"

"ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ ဖန်အာ..."

ယောင်ချောင်ဖန်က မထီမဲ့မြင် ပြုံးလိုက်သည်။

"ထန်ရှန်းက ဒီလက်ထပ်ပွဲကို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး၊ ဒါတွေအားလုံးက ထန်လင်းအာ တစ်ဖက်သတ် ဖြစ်ချင်နေတာပဲ ပြီးတော့ ရွှယ်အန်း ရောက်လာတာက ထန်လင်းအာ ဖိတ်ခေါ်လို့ဆိုတဲ့ ကောလာဟလတွေလည်း ကျွန်တော် ကြားထားတယ်၊ ဒါကြောင့် သူတို့ ပြန်ရောက်လာတာနဲ့ အမေကသာ မီးလောင်ရာ လေပင့်ပေးလိုက်ရင် ထန်ရှန်း သေချာပေါက် ဒေါသထွက်မှာပဲ၊ အဲ့ဒီအချိန်ကျရင်..."

"ထန်လင်းအာက သူ့အဖေရဲ့ အမိန့်ကို ဖီဆန်ရဲလိမ့်မယ်လို့ ကျွန်တော်မယုံဘူး"

"ကောင်းပြီလေ၊ သားပြောသလိုပဲ ဆက်လုပ်ကြတာပေါ့၊ ဒါပေမဲ့ သားအနေနဲ့လည်း ထန်လင်းအာကိစ္စကို မြန်မြန် စီစဉ်ဖို့လိုတယ်၊ မဟုတ်ရင် ရှုပ်ထွေးမှုတွေ ပိုများလာလိမ့်မယ်"

"စိတ်ချပါ အမေ၊ ဒီကိစ္စအတွက် ကျွန်တော့်မှာ သေချာတဲ့ အစီအစဉ် ရှိပြီးသားပါ"

ယောင်ချောင်ဖန်က ဖဲချပ်အားလုံးကို ကိုင်ထားသူတစ်ယောက်၏ လေသံဖြင့် ပြောလိုက်သည်။

နောက်ပိုင်းရက်များတွင် ယောင်ချောင်ဖန်သည် ထပ်မံ၍ ပေါ်မလာတော့ပေ။

ထိုအချက်က ချင်းအာ၏ စိုးရိမ်ပူပန်နေသော စိတ်ကို အနည်းငယ် ငြိမ်သက်သွားစေသည်။

သခင်မလေး မရှိခိုက်တွင် ယောင်ချောင်ဖန်သည် ရွှယ်အန်းကို ဒုက္ခပေးမည်ကို သူမ ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူမသည် တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ လာရောက်ကြည့်ရှုလေ့ရှိသည်။

ရွှယ်အန်းကမူ အခြေအနေတစ်ခုလုံးကို ဂရုမစိုက်ဘဲ နေ့တိုင်း စားလိုက် အိပ်လိုက်ဖြင့် အလွန်ရိုးရှင်းသော ဘဝကို ဖြတ်သန်းနေလေသည်။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ အိမ်တော်မှ အစေခံများသည် အတင်းအဖျင်း ပြောဆိုလာကြသည်။

"ကျွတ် ကျွတ်... နင်တို့ ကြားပြီးပြီလား၊ ငါတို့ သခင်မလေးနဲ့ အိမ်နီးချင်း ဖြစ်ဖူးတယ်ဆိုတဲ့ လူလေ၊ သူ ငါတို့အိမ် ရောက်ကတည်းက စားလိုက် အိပ်လိုက်ပဲ လုပ်နေတယ်၊ တစ်ခါစားရင် လူသုံးလေးငါးယောက်စာလောက် စားတာတဲ့၊ ထမင်းအိုးကြီးကျနေတာပဲ"

"ဟားဟား ကြားတာပေါ့၊ ပြီးတော့ အဲ့လူက စုတ်စုတ်ပြတ်ပြတ် ဝတ်ထားတယ်လို့လည်း ကြားတယ်၊ အရင်တုန်းက ထမင်းဝအောင် မစားရလို့ဖြစ်မှာပေါ့ကွာ၊ ဒါကြောင့် ဒီရောက်ကတည်းက ငတ်ကြီးကျပြီး စားနေတာနေမှာ"

"ဒီလိုလူကများ နန်းတွင်းစာမေးပွဲ ဖြေဦးမယ်တဲ့လား၊ ငါတို့ သခင်မလေး မျက်စိကန်းနေတာပဲ ဖြစ်ရမယ်"

ဤကဲ့သို့ လှောင်ပြောင်သရော်မှုများသည် ချင်းအာ၏ နားထဲသို့လည်း ရောက်ရှိလာသည်။

သူမသည် အလွန် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း အစေခံများ၏ ပါးစပ်ကို လိုက်ပိတ်၍ မရနိုင်ပေ။

တစ်ဖက်တွင်မူ ယောင်ချောင်ဖန်သည် ထိုကောလာဟလများကို ကြားသောအခါ အလွန် ဝမ်းသာသွားသည်။

အစပထမတွင် သူသည် ရွှယ်အန်းကို ကြောက်စရာကောင်းသော ပြိုင်ဘက်တစ်ဦးဟု ထင်မှတ်ခဲ့သော်လည်း ယခုကဲ့သို့ အခြေအနေကို မြင်လိုက်ရသောအခါ စိတ်အေးသွားသည်။

၎င်းသည် အသုံးမကျသော ကပ်ပါးကောင်အဆင့်သာရှိသည်။

တစ်ချိန်တည်းမှာပင် မြို့တော်သို့ ဦးတည်လာနေသော ကုန်သည်အဖွဲ့တစ်ခု၏ အလယ်တွင် ထန်လင်းအာသည် မြင်းရထားလုံးထဲ၌ ထိုင်လျက် ခရီးစဉ်မှရရှိသော စာရင်းအမျိုးမျိုးကို စစ်ဆေးနေသည်။

သူမသည် အသက် (၂၈) နှစ်သာ ရှိသေးသော်လည်း အတွေ့အကြုံရင့်သော စီးပွားရေးသမားတစ်ဦး ဖြစ်နေပြီဖြစ်သည်။ စီးပွားရေး အခွင့်အလမ်းများကို ဖမ်းဆုပ်နိုင်စွမ်းနှင့် သူမ၏ ထက်မြက်သော အမြင်တို့ကြောင့် ဝါရင့်စီးပွားရေးသမားအချို့ပင် သူမကို မမီနိုင်၍ သက်ပြင်းချရလေသည်။

ထိုအချိန်၌ ထန်လင်းအာသည် စာရင်းများကို စစ်ဆေးပြီးသွားပြီ ဖြစ်သဖြင့် မျက်လုံးများကို မှိတ်ကာ ယခုခရီးစဉ်၏ အကျိုးအမြတ်များကို ပြန်လည်ဆင်ခြင်သုံးသပ်နေသည်။

ခရီးစဉ်တစ်ခုစီတိုင်း၏ ဝင်ငွေများကို ပြန်လည်သုံးသပ်ပြီး လိုအပ်ချက်များကို ရှာဖွေဖော်ထုတ်ခြင်းသည် သူမ၏ အလေ့အကျင့်တစ်ခု ဖြစ်သည်။

ထိုအချက်သည် သူမ၏ လျင်မြန်သော တိုးတက်မှုအတွက် အကြောင်းရင်းလည်း ဖြစ်သည်။

သူမ ခေတ္တမျှ စဉ်းစားပြီးနောက် ထပ်မံမှတ်သားစရာ ကိစ္စမရှိတော့ကြောင်း ခံစားမိသဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။ ထူးခြားစွာ လှပသော သူမ၏ မျက်နှာပေါ်တွင် မောပန်းနွမ်းနယ်မှု အရိပ်အယောင် အနည်းငယ်ပေါ်လာသည်။

ထို့နောက် မသိစိတ်၏ လှုံ့ဆော်မှုအရ စာအိတ်ဟောင်းလေးတစ်အိတ်ကို ထုတ်လိုက်မိသည်။

ထိုစာသည် မကြာခဏ ဖတ်ရှုထားသဖြင့် အနည်းငယ် ဟောင်းနွမ်းနေပြီဖြစ်ကာ စာလုံးတိုင်းကို အလွတ်ရနေသော်လည်း သူမသည် စာရွက်များကို ဖြန့်ကာ တစ်ကြောင်းချင်းစီ ဖတ်နေမိဆဲ ဖြစ်သည်။

စာထဲတွင် ရေးသားထားသည်မှာ အတိတ်က ရွှယ်အန်းထံမှ ပြန်ကြားစာ ဖြစ်သည်။

ထိုစာထဲတွင် မူလရွှယ်အန်းသည် မျက်နှာလိုမျက်နှာရဖြင့် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ကြောက်ရွံ့စွာဖြင့် အစီရင်ခံထားသည်။

ကျောင်းသားတစ်ယောက်သည် ဆရာ့ထံ အစီရင်ခံစာ တင်ပြနေသကဲ့သို့မျိုးဖြစ်သည်။

ထန်လင်းအာသည် စာကို အကြာကြီး ဖတ်ပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ယခုအချိန်၌ သူမ၏ စိတ်နှလုံးသည် အနည်းငယ် ခြောက်သွေ့အထီးကျန်နေသည်။

အဘယ်ကြောင့်ဆိုသော်သော် သူမ လိုလား တောင့်တသည်မှာ အခြားမိန်းကလေးများ မက်မောလေ့ရှိသော အချစ်ကြည်နူးမှုမျိုး မဟုတ်သောကြောင့်ဖြစ်သည်။

သူမ လိုချင်သည်မှာ သူမကို နယ်ပယ်စုံတွင် အနိုင်ယူနိုင်စွမ်းရှိသော သန်မာသည့် စရိုက်လက္ခဏာပိုင်ရှင်မျိုး ဖြစ်သည်။

ထို့ကြောင့်ပင် သူမသည် မိသားစု၏ သခင်မလေးတစ်ယောက်အနေဖြင့် စီးပွားရေးလောကထဲသို့ ဝင်ရောက်ကာ တိုက်ပွဲဝင်နေခြင်းဖြစ်သည်။

သူမသည် စိန်ခေါ်မှုများနှင့်အတူ ပါလာသော စိတ်လှုပ်ရှားမှုများကို နှစ်သက်သည်။

ငယ်စဉ်က ကစားဖော်ဖြစ်သူ ရွှယ်အန်းကို မြို့တော်သို့လာရန် သူမ ကိုယ်တိုင် စာရေးဖိတ်ခေါ်ခဲ့ခြင်းမှာ ငယ်ဘဝက အချိန်ကာလများကို ပြန်လည်အောက်မေ့မိသောကြောင့် ဖြစ်သည်။

ထိုစဉ်က ရွှယ်အန်းသည် ပါရမီနှင့် အခြားသော နည်းလမ်းများစွာတွင် သူမထက် သာလွန်ခဲ့သည်။

ထို့ကြောင့် ငယ်ရွယ်သော ထန်လင်းအာ သည် ရွှယ်အန်းကို အလွန်လေးစားအားကျခဲ့သည်။

ထိုခံစားချက်သည် ထန်မိသားစု ပြောင်းရွှေ့သွားပြီးနောက် မှေးမှိန်မသွားခဲ့ဘဲ ပိုမိုခိုင်မာလာခဲ့သည်။

ထို့ကြောင့်ပင် နောက်ပိုင်း၌ သူမ ထိုစာကို ရေးခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမ မမျှော်လင့်ထားသည်မှာ ရွှယ်အန်း၏ ပြန်ကြားစာသည် သူမအား လည်ချောင်းထဲတွင် ငါးရိုးစူးသည့်ပမာ ခံစားရစေပြီး ရည်မှန်းချက် ပျောက်ဆုံးသွားသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

စာထဲတွင် ဤမျှ သိမ်ငယ်တက်သော ဤအမျိုးသားသည် အမှန်တကယ်ပင် ယခင်က တက်ကြွဖျတ်လတ်သော လူငယ်လေးဟုပင်မထင်ရချေ။

ဘာကြောင့်များ ဒီလောက်တောင် အနေရခက်စရာ ကောင်းနေရတာပါလိမ့်...

ထန်လင်းအာ၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေသည်။

ထိုအချိန်မှာပင် မြင်းစီးလာသော အမျိုးသမီးတစ်ဦးသည် ရထားလုံးတံခါးကို ခေါက်ပြီး တိုးညင်းသောအသံဖြင့်ပြောသည်။

"သခင်မလေး... အိမ်က သတင်းစကား အခုပဲ ရောက်ပါတယ်၊ သခင်လေးရွှယ်က မြို့တော်ကို ရောက်နေပြီး အိမ်မှာ တည်းခိုနေပါပြီတဲ့"

ထန်လင်းအာသည် အနည်းငယ် အံ့သြသွားပြီးနောက် ခေါင်းငြိမ့်ကာ တည်ငြိမ်စွာပြန်ဖြေသည်။

"သိပြီ"

"ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ"

"သခင်လေးရွှယ်က နည်းနည်း ထူးဆန်းနေတယ်လို့ ပြောကြပါတယ်၊ အစေခံတွေ ပြောတာတော့ သူအိမ်တော်ကို ရောက်ကတည်းက တစ်သီးတသန့် နေတယ်တဲ့၊ စားလိုက် အိပ်လိုက် လုပ်ပြီး ဘာအလုပ်မှ မလုပ်ဘူးတဲ့"

ရထားလုံးထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထန်လင်းအာက ပြန်မေးသည်။

"ကောင်းပြီ... မြို့တော်ရောက်ဖို့ ဘယ်နှရက် လိုသေးလဲ"

"သဘက်ခါ ရောက်ပါမယ်"

"ခရီးနှင်တာ ပိုမြန်လိုက်ပါ၊ ငါတို့ မနက်ဖြန် အိမ်ပြန်ရောက်အောင် သွားကြမယ်"

"ဟုတ်ကဲ့ပါ သခင်မလေး”

အခန်း (၉၁၁) - သူ့ကို ငါ့စာကြည့်ဆောင်ဆီ လာခိုင်းလိုက်ပါ

"သခင်ကြီးနဲ့ သခင်မလေးတို့ ပြန်ရောက်ပါပြီ"

ပြန်လာသော ကုန်သည်အဖွဲ့သည် အိမ်တော်တံခါးဝရှေ့၌ ရပ်တန့်လိုက်သောအခါ ထန်မိသားစုတစ်စုလုံး စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားကြသည်။

ထို့နောက် တံခါးမကြီးမှစတင်ကာ ဝင်ရိုးတန်းတစ်လျှောက်ရှိသော ခြံဝင်း (၁၈) ခု၏ ကြားခံတံခါးများအားလုံးကို တစ်ခုပြီးတစ်ခု ဖွင့်လှစ်လိုက်လေသည်။

ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်နှင့် မိသားစုခေါင်းဆောင် ထန်ရှန်းနှင့် တန်ခိုးဩဇာကြီးထွားလာသော သခင်မလေး ထန်လင်းအာတို့မှာ တံခါးခုံကို ကျော်ဖြတ်ဝင်ရောက်လာချိန်တွင် မရေမတွက်နိုင်သော အစေခံများသည် လမ်းဘေးဝဲယာ၌ တန်းစီစောင့်ဆိုင်းနေကြသည်။

ထိုအိမ်စေများအားလုံး တစ်ပြိုင်နက်တည်း ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

"သခင်ကြီးနဲ့ သခင်မလေး ဘေးကင်းစွာ ပြန်ရောက်လာတာကို ကြိုဆိုပါတယ်"

ဤခမ်းနားထည်ဝါမှုက ထန်ရှန်းကို မုတ်ဆိတ်သပ်ရင်း ကျေနပ်ဂုဏ်ယူသော မျက်နှာထား ဖြစ်ပေါ်စေသည်။

သို့သော် ထန်လင်းအာကမူ မည်သည့် ခံစားချက်ကိုမျှ ထုတ်ဖော်ပြသခြင်းမရှိဘဲ သူမ၏ဖခင်နောက်တွင် တိတ်ဆိတ်စွာ ရပ်နေကာ စကားတစ်ခွန်းမျှ မဆိုပေ။

သားအဖနှစ်ဦးသည် ပထမခြံဝင်းအချို့ကို ဖြတ်ကျော်ကာ အတွင်းဆောင်နှင့် အပြင်ဆောင်ကြားမျဉ်းသို့ တည့်တည့်လျှောက်လှမ်းလာကြသည်။

ထန်ရှန်း၏ လက်ရှိဇနီး ယောင်ယွီနှင့် ယောင်ချောင်ဖန်တို့ နှစ်ဦးစလုံး ထိုနေရာ၌ စောင့်ဆိုင်းနေကြသည်။

ယောင်ယွီသည် ထန်ရှန်းကို မြင်လိုက်ရသောအခါ ယဉ်ကျေးသိမ်မွေ့စွာ အရိုအသေပြုလိုက်ကာ နှုတ်ဆက်သည်။

"သခင်ကြီး"

ထန်ရှန်းသည် ဝမ်းသာပီတိဖြစ်သွားပြီး ခေါင်းငြိမ့်ပြုံးရယ်လိုက်သည်။

"ကိုယ်တို့တွေကြားမှာ ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေရတာလဲကွာ၊ ဒီမှာ လေတိုက်နေတယ်၊ မင်း အအေးမိသွားရင် ဘယ်လိုလုပ်မလဲ"

ယောင်ယွီ၏ မျက်နှာတွင် ချစ်ခင်မြတ်နိုးသော အရိပ်အယောင်များ ပေါ်လာပြီး ပြန်ဖြေသည်။

"သခင်ကြီးက အပြင်မှာ ရက်ပေါင်းများစွာ အလုပ်တွေနဲ့ ပင်ပန်းနေရတာလေ၊ သခင်ကြီး ပြန်လာတာကို ကြိုဆိုရမှာ ကျွန်မရဲ့ တာဝန်ပါ"

"ကောင်းပြီ... ငါ မင်းကို အလိုလိုက်ထားတာ အလကားတော့ မဟုတ်ဘူးပဲ"

ထန်ရှန်းက ကျေနပ်အားရစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

ထိုအချိန်၌ ယောင်ချောင်ဖန်သည်လည်း မျက်နှာလိုမျက်နှာရ အပြုံးဖြင့် လျှောက်လာကာ နှုတ်ဆက်သည်။

"ဦးလေး"

မှန်ပေသည်။

သာမန်အချိန်များတွင် ယောင်ချောင်ဖု

န်သည် ထန်ရှန်းကို ဦးလေးဟု ခေါ်ဝေါ်လေ့ရှိသည်။

ဤကဲ့သို့ ထူးဆန်းသော ခေါ်ဝေါ်မှုပုံစံကို ကြုံရသော်လည်း ထန်ရှန်းကမူ အလွန် သဘောကျနေမိသည်။

"ချောင်ဖန်... ဒီရက်ပိုင်း စာလေ့လာတာ ဘယ်လိုလဲ"

ကျွန်တော် ကြိုးကြိုးစားစား လေ့လာနေပြီး တော်တော်လေး တိုးတက်လာတယ်လို့ ခံစားရပါတယ်"

ယောင်ချောင်ဖန်က လိမ်မာစွာ ဖြေကြားလိုက်သည်။

ထန်ရှန်းက မေးခွန်းအနည်းငယ်ကို ပေါ့ပေါ့ပါးပါး မေးမြန်းရာ ယောင်ချောင်ဖန်းက မေးခွန်းတိုင်းကို ဖြေနိုင်လေသည်။

ဤအချက်က ထန်ရှန်း၏ မျက်လုံးများကို အရောင်တောက်ပသွားစေပြီး ချီးကျူးလိုက်သည်။

"တကယ် မဆိုးဘူးပဲ၊ မင်းရဲ့ ပညာရေးမှာ တကယ် တိုးတက်မှုရှိတာပဲ၊ ဒီရက်ပိုင်း မင်း ကြိုးစားနေပုံရတယ်"

"ဒါတွေအားလုံးက ဦးလေးရဲ့ ကောင်းမွန်တဲ့ လမ်းညွှန်မှုတွေကြောင့်ပါ"

ယောင်ချောင်ဖန်သည် ထန်ရှန်းကို မြှောက်ပင့်ရန် မမေ့ပေ။

ထန်ရှန်းသည် ထိုမြှောက်ပင့်မှုကို သဘောကျစွာဖြင့် ပြုံးကာ မုတ်ဆိတ်သပ်လိုက်ပြီး ထပ်ပြောရန် ပြင်လိုက်သည်။

ထိုစဉ် တိတ်ဆိတ်စွာ ပြုံးနေသော ယောင်ယွီက ရုတ်တရက် ၀င်ပြောသည်။

"သခင်ကြီး၊ ကျွန်မ ဆွေးနွေးသင့် မဆွေးနွေးသင့် မသေချာတဲ့ ကိစ္စလေးတစ်ခု ရှိနေတယ်"

"ဪ... ဒီမှာက မိသားစုတွေချည်းပဲဟာ... ဘာများတွန့်ဆုတ်နေစရာ ရှိလို့လဲ"

"အဲ့ဒါက... လင်းအာနဲ့ ပတ်သက်လို့ပါ"

ယောင်ယွီက တုံ့ဆိုင်းနေသော အမူအရာဖြင့် ပြောလိုက်သည်။

"လင်းအာ ဟုတ်လား"

ထန်ရှန်းသည် အနည်းငယ် ကြောင်သွားပြီးနောက် နောက်ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေသော ထန်လင်းအာ ကို လှည့်ကြည့်လိုက်သည်။

"လင်းအာက ဘာဖြစ်လို့လဲ"

ယောင်ယွီသည် သတ္တိများကို စုစည်းလိုက်သည့်အလား ယောင်ယွီကို အားနာဟန်ဖြင့် ကြည့်ကာ ပြောလာသည်။

"လင်းအာမှာ ဘာမှားယွင်းတာမျိုး မရှိပါဘူး၊ ဒါပေမဲ့ သခင်ကြီးနဲ့ လင်းအာ ခရီးထွက်နေတုန်း အိမ်ကို အမျိုးသားတစ်ယောက် ရောက်လာပြီး ခိုလှုံခွင့်တောင်းခဲ့တယ်၊ ပြီးတော့ သူ့ကို လင်းအာ နေတဲ့ အတွင်းဆောင်နဲ့ တံတိုင်းတစ်ချပ်ပဲ ခြားတဲ့ ခြံဝင်းအသေးလေးတစ်ခုမှာ နေရာချထားပေးလိုက်တယ်"

"တကယ်တော့ ဒီကိစ္စတွေက ကျွန်မ ဆွေးနွေးရမယ့်ကိစ္စ မဟုတ်ပါဘူး၊ ဒါပေမဲ့ သခင်ကြီးရယ်... အခု လင်းအာကလည်း အရွယ်ရောက်လာပြီဆိုတော့ ဒီလိုကိစ္စမျိုးကို ရှောင်ကြဉ်သင့်တယ်လေ မဟုတ်ရင် အပြင်သတင်းပေါက်ကြားသွားရင် ကျွန်မတို့ ထန်မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်"

ယောင်ယွီ၏ စကားကို ကြားပြီးနောက် ထန်ရှန်း၏ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားသည်။

"အမျိုးသားတစ်ယောက်လာပြီး ခိုလှုံခွင့် တောင်းတယ် ဟုတ်လား... သူက ဘယ်သူလဲ"

ထိုအချိန်၌ ထန်လင်းအာ၏ မျက်နှာထားသည်လည်း မသိမသာ ပြောင်းလဲသွားသည်။

ယောင်ချောင်ဖန်းက အလျင်အမြန်ပင် ၀င်ဖြေသည်။

"ဦးလေး... ကျွန်တော် ဒီကိစ္စကို ဦးလေးနဲ့ သီးသန့် နောက်မှ ဆွေးနွေးမလို့ပါပဲ၊ ဒါပေမဲ့ ဒေါ်လေးယွီက ပြောလိုက်ပြီဆိုတော့ ကျွန်တော် ပြောပြပါ့မယ်၊ ခိုလှုံခွင့်လာတောင်းတဲ့ ဧည့်သည် နာမည်က ရွှယ်အန်းပါ"

ရွှယ်အန်း

ထိုအမည်သည် မိုးကြိုးပစ်ချလိုက်သည့်ပမာ ထန်ရှန်းကို တုန်လှုပ်သွားစေပြီး သူ၏ မျက်လုံးများတွင် အေးစက်သော အရောင်များ လက်ကနဲ ဖြစ်သွားသည်။

"လင်းအာ... ဒါ အမှန်ပဲလား"

ထန်ရှန်းက သူ့သမီးဖြစ်သူဘက်သို့ လှည့်မေးလိုက်သည်။

ထန်လင်းအာသည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီးနောက် ခေါင်းအနည်းငယ် ငြိမ့်ပြသည်။

"ဖေဖေ... ရွှယ်အန်း တကယ်ပဲ ရောက်လာတာပါ၊ ပြီးတော့ သူ့ကို သမီးက ဖိတ်ခေါ်ခဲ့တာပါ"

ထန်ရျန်း၏ မျက်နှာထားမှာ ပို၍ မဲမှောင်သွားသည်။

ယခုအခါတွင် အိမ်တွင်းရေး ကိစ္စအဝဝကို ထန်လင်းအာက စီမံခန့်ခွဲနေပြီး သူ ဝင်ရောက်စွက်ဖက်လေ့ မရှိပေ။ ထို့ကြောင့်သာ ယောင်ယွီ ပြောမပြခဲ့လျှင် သူသည် ဤကိစ္စကို လုံးဝသိလိမ့်မည် မဟုတ်ပေ။

အကယ်၍ အခြားလူသာဖြစ်လျှင် ကိစ္စမရှိလောက်ပေ။

သို့သော် ရွှယ်အန်း ဖြစ်နေသည်။

ထန်ရှန်းအတွက်မူ သူ ချမ်းသာမလာခင်က ဤအိမ်နီးချင်း၏ သားအကြောင်း မှတ်ဉာဏ်များသည် ရှင်းလင်းထင်ရှားနေဆဲ ဖြစ်သည်။

သို့သော် ကောင်းမွန်သော အထင်အမြင်မျိုးတော့ မဟုတ်ပေ။

ထန်ရှန်း၏ မျက်လုံးထဲတွင် ဆင်းရဲသားဘဝမှ လာပြီး ကြီးမားသော ရည်မှန်းချက် မရှိသည့် ဤလူငယ်သည် လုံးဝ လိုက်ဖက်ညီသူ မဟုတ်ပေ။

အထူးသဖြင့် ထန်မိသားစုသည် တစ်ညတည်းနှင့် ချမ်းသာလာပြီး မြို့တော်သို့ ဝင်ရောက်ကာ အင်အားကြီးမားသော မျိုးနွယ်စုတစ်ခု ဖြစ်လာပြီးနောက် မိသားစုနှစ်ခုကြား ကွာဟချက်သည် မိုးနှင့် မြေကဲ့သို့ ဖြစ်လာခဲ့သည်။

အရေးကြီးဆုံးအချက်မှာ ထန်ရှန်း၌ တစ်ဦးတည်းသော သမီးရတနာမှာ ထန်လင်းအာ သာ ရှိခြင်းဖြစ်သည်။

ထန်ရှန်းသည် သူမအတွက် ထန်မိသားစု၏ ကြီးမားသော စည်းစိမ်ဥစ္စာကို ဆက်ခံနိုင်မည့် ယုံကြည်စိတ်ချရသော သားမက်တစ်ဦး ရှာဖွေပေးရန် စီစဉ်ထားသည်။

ယောင်ချောင်ဖန်ကဲ့သို့ လူမျိုးသည် စောင့်ကြည့်လေ့ကျင့်ပေးရန် သင့်တော်သော လောင်းကြေးတစ်ရပ် ဖြစ်သည်။

သို့သော် ရွှယ်အန်းမှာမူ တစ်ဦးတည်းသော သားဖြစ်ပြီး စာပေပညာရှင်လည်း ဖြစ်သည့်အတွက် အိမ်ထောင်ပြုပြီးနောက် မိန်းကလေးဘက်သို့ လိုက်နေမည့်သူမျိုး လုံးဝဖြစ်မည်မဟုတ်ပေ။

ဤအချက်တစ်ချက်တည်းနှင့်ပင် ဖြစ်နိုင်ချေအားလုံး ပိတ်ဆို့နေပြီဖြစ်သည်။

ထို့ကြောင့် ထန်ရှန်းသည် သမီးဖြစ်သူ၏ ခံစားချက်ကို သိရှိသော်လည်း ထိုကိစ္စကို ဘယ်သောအခါကမျှ ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ။

သို့သော် သူ အပြင်ထွက်နေသော ခဏတာအချိန်လေးအတွင်း ရွှယ်အန်းက အမှန်တကယ် လိုက်လာပြီး သူ့သမီးကိုယ်တိုင်က ဖိတ်ခေါ်ထားလိမ့်မည်ဟု ဘယ်သူ ထင်မှတ်ထားမိမည်နည်း။

ဤအချက်က သဘာဝကျစွာပင် ထန်ရှန်း ကို ဒေါသထွက်စေသည်။

သို့သော် သူ၏ ချစ်ရသော သမီးဖြစ်သူကို ကြမ်းတမ်းစွာ မဆက်ဆံရက်သဖြင့် ခြေကိုဆောင့်ကာ အေးစက်စွာပြောလိုက်သည်။

"ရွှယ်အန်းကို ငါ့စာကြည့်ဆောင်ဆီ လာတွေ့ခိုင်းလိုက်"

ထို့နောက် သူသည် ဒေါသတကြီးဖြင့် လှည့်ထွက်သွားလေသည်။

ထန်ရှန်း ထွက်သွားပြီးနောက် ယောင်ယွီက တောင်းပန်သော လေသံဖြင့် ပြောသည်။

"လင်းအာ၊ အဒေါ်က သမီးကို အရှက်ခွဲလို

တဲ့ ဆန္ဒမရှိပါဘူး၊ ဒါပေမဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ အရမ်း အရေးကြီးတယ်လေ၊ ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး၊ ဒါ သမီးကောင်းဖို့အတွက်ပါ"

ယောင်ယွီ၏ စကားကို ကြားသော်လည်း ထန်လင်းအာမှာ တိတ်ဆိတ်နေပြီး ယောင်ယွီနှင့် ယောင်ချောင်ဖန်တို့ကို အေးစက်စွာ တစ်ချက်ကြည့်ကာ လှည့်ထွက်သွားလေသည်။

ယောင်ယွီသည် မျက်နှာပူသွားပြီး ရှက်ရွံ့သော အမူအရာဖြင့် ကျန်ရစ်ခဲ့သည်။

ထန်လင်းအာ အဝေးသို့ ရောက်သွားမှသာ သူမသည် ဒေါသတကြီးဖြင့် သွားကိုကြိတ်ကာ ရေရွတ်လိုက်သည်။

"ဒီ ထန်လင်းအာက ငါ့ကို သူ့အဒေါ်အဖြစ် ဘယ်တုန်းကမှ မမှတ်ထားဘူးပဲ"

ယောင်ချောင်ဖန်သည် ဘေးနားတွင် ရပ်နေကာ ထန်လင်းအာ ထွက်ခွာသွားရာသို့ ယုတ်မာသော အကြည့်ဖြင့် ကြည့်နေသည်။

နူးညံ့သိမ်မွေ့ပုံရသော ဤမိန်းကလေးသည် ကြောက်စရာကောင်းလောက်အောင် လျင်မြန်စွာ ရင့်ကျက်လာသည်ဟု သူ အမြဲ ခံစားနေရသည်။

သူမ ခရီးထွက်ရာမှ ပြန်ရောက်လာတိုင်း ယောင်ချောင်ဖန်ကို အံ့သြသွားစေလေ့ရှိသည်။

အထူးသဖြင့် သူမ၏ လှပသော ဖီးနစ်မျက်လုံးများဖြင့် သူ့ကို ဝေ့ဝဲကြည့်လိုက်တိုင်း သူ့ရင်ထဲတွင် ကြောက်ရွံ့မှုလှိုင်းလုံးများ ဖြစ်ပေါ်လာတတ်ပြီး သူမသည် သူ၏ လျှို့ဝှက်ချက်အားလုံးကို မြင်နိုင်စွမ်းရှိသည်ဟု ခံစားရစေသည်။

"ဖန်အာ... ဒီသခင်မလေးကို လှည့်စားဖို့ သိပ်မလွယ်ဘူးနော်၊ မင်း သူ့ကို တကယ်ပဲ ယဉ်ပါးအောင် လုပ်နိုင်ပါ့မလားဆိုတာ သေချာပြန်စဉ်းစားဦး"

ယောင်ယွီက တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။

ယောင်ချောင်ဖုန်း က အေးစက်စွာ နှာမှုတ်လိုက်သည်။

"အမေ စိတ်ချပါ... ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်"

တစ်ချိန်တည်းမှာပင် ထန်လင်းအာသည် ရွှယ်အန်း နေထိုင်ရာ ခြံဝင်းဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားလိုက်သည်။

သတင်းကြားရသော ချင်းအာ သည် အလျင်အမြန် ပြေးလာခဲ့သည်။

"သခင်မလေး"

ထန်လင်းအာ ခေါင်းငြိမ့်ပြလိုက်သည်။

"သူ... ဒီမှာ နေတာလား"

ချင်းအာက ခေါင်းငြိမ့်လိုက်ပြီး မေးလိုက်သည်။

"သခင်မလေး... ရောက်နေတယ်ဆိုတယ ဝင်ပြောပေးရမလား"

ထန်လင်းအာက ခေါင်းခါလိုက်သည်။

"မလိုဘူး"

ထို့နောက် သူမသည် နူးညံ့သော လက်ကလေးဖြင့် တံခါးကို တိုက်ရိုက် တွန်းဖွင့်လိုက်သည်။

ခြံဝင်းထဲတွင် လူသူကင်းမဲ့နေသည်။

သူမ ကောလာဟလများကို သတိရလိုက်သောအခါ သူမ၏ မျက်နှာထားမှာ ပို၍ အေးစက်သွားသည်။

ထိုအချိန်တွင် ချန်အာသည် လက်ဖက်ရည်ဗန်းကို ကိုင်လျက် ထွက်လာရာ ထန်လင်းအာကို မြင်လိုက်ရသဖြင့် အစပိုင်းတွင် လန့်သွားသော်လည်း ဝမ်းသာအားရ ခေါ်လိုက်သည်။

"အစ်မကြီးထန်”

အခန်း (၉၁၂) - ရှင် ထန်မိသားစုထဲ ဝင်ပြီး သမက်အဖြစ်နေနိုင်လား

ချန်အာကို မြင်လိုက်ရသောအခါ ထန်လင်းအာ၏ မျက်နှာပေါ်ရှိ အေးစက်မှုများ ခေတ္တမျှ အရည်ပျော်ကျသွားသည်။

"ဒါ ချန်အာလေးလား၊ မတွေ့တာ နှစ်တွေကြာပြီဆိုပေမယ့် နင်က ပိုချစ်ဖို့ကောင်းလာပါလား"

ချန်အာသည် စိတ်လှုပ်ရှားစွာ လျှောက်လာပြီး ဦးစွာဂါရဝပြုလိုက်သည်။

"အစ်မကြီးထန်ကို တွေ့ရတာ ဝမ်းသာပါတယ်"

ထို့နောက် သူမသည် စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။

"အစ်မကြီးထန်က... ကျွန်မတို့ သခင်လေးကို လာရှာတာလား"

ထန်လင်းအာက ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။

"နင့်သခင်လေးက အခု ဘာလုပ်နေလဲ"

ချန်အာသည် အနည်းငယ် ရှက်ရွံ့သွားပြီး ခေါင်းကို ကုတ်ကာ ပြန်ဖြေလိုက်သည်။

"သူ... အိပ်နေပါတယ်"

"အိပ်နေတယ် ဟုတ်လား"

ထန်လင်းအာ ကောင်းကင်ကို မော့ကြည့်လိုက်ချိန် နေ့လယ်စာ စားပြီးခါစသာ ရှိသေးပြီး နေဝင်ရန်အဝေးကြီး လိုသေးကြောင်း သတိပြုမိလိုက်သည်။

ကောလာဟလတွေအတိုင်း တကယ်ဖြစ်နေတာပဲ...

ထန်လင်းအာ၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသော်လည်း မျက်နှာပေါ်တွင် ထုတ်မပြဘဲ အေးစက်စွာ ပြောလိုက်သည်။

"ဒါဆိုရင် ချန်အာ... သခင်လေးရွှယ်ကို သွားနှိုးပေးလို့ရမလား၊ ငါ သူ့ကို ဆွေးနွေးစရာ ကိစ္စရှိလို့"

"ရပါတယ်... ရပါတယ်... အစ်မကြီးထန် ပြန်ရောက်နေတာသိရင် သခင်လေး သေချာပေါက် ပျော်သွားမှာပါ"

ထိုသို့ပြောကာ ချန်အာသည် အိမ်ထဲသို့ ပြေးဝင်ရန် ပြင်လိုက်သည်။

ထိုအချိန်၌ အိမ်ထဲမှ ရှည်လျားသော သမ်းဝေလိုက်သံတစ်သံ ထွက်ပေါ်လာသည်။

"အိပ်မက်ကြီးကနေ ဘယ်သူ အရင်နိုးထမလဲဆိုတာ ဘဝရဲ့ အဓိပ္ပာယ်ကို သိသူကပဲ နားလည်မယ်၊ နွေဦးကာလမှာ တဲအိမ်လေးထဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း အပြင်မှာ နေမင်းက ဖြည်းဖြည်းချင်း ဝင်သွားပြီ၊ ဝှား ... အိပ်ရတာ အရသာ ရှိလိုက်တာ"

ထိုသို့ရေရွတ်ရင်း ရွှယ်အန်းသည် အိမ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။ သူ၏ မျက်နှာသည် အိပ်မှုန်စုံမွှား ဖြစ်နေဆဲပုံ ပေါက်နေပြီး လူတိုင်းကို အနည်းငယ် ပြုံးပြလိုက်သည်။

ထန်လင်းအာသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ နှလုံးခုန်သံပင် တစ်ချက် ရပ်တန့်သွားသည်။

လှေကားထစ်ပေါ်တွင် ရပ်နေသော လူငယ်သည် အရပ်ရှည်ပြီး ချောမောခန့်ညားကာ နှင်းထက်ဖြူသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူပြုံးလိုက်သောအခါ သူ၏ မျက်လုံးများသည် ကြယ်တာရာများအလား တောက်ပနေပြီး လူ့လောကသို့ လမ်းမှားရောက်လာသော နတ်ဘုရားတစ်ပါးပမာ ခန့်ညားထည်ဝါနေသည်။

ဒါ... ဒါ သူလား...

သူမ၏ မှတ်ဉာဏ်ထဲတွင် တဖြည်းဖြည်း ဝေဝါးလာသော ပုံရိပ်နှင့် အလွန်ကွာခြားနေသော်လည်း မည်သည့်အရာပြောင်းလဲသွားကြောင်း သူမ အတိအကျ မပြောပြတတ်ပေ။

ထန်လင်းအာ ကြောင်ငေးနေမိစဉ်...

ချန်အာက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

"သခင်လေး... အစ်မကြီးထန် ပြန်ရောက်လာပြီ"

ထိုအချိန်တွင် ရွှယ်အန်းသည်လည်း မူလခန္ဓာကိုယ်ပိုင်ရှင်၏ အိပ်မက်ထဲတွင် နေရာယူခဲ့ဖူးသော မိန်းကလေးကို အကဲခတ်ကြည့်ရှုနေသည်။

သူမသည် အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ရိုးရှင်းသော်လည်း ကျက်သရေရှိမှုသည် သူမ၏ စွမ်းဆောင်နိုင်ရည်ရှိမှုကို ဖော်ပြနေသည်။

သူမ၏ မျက်နှာသည် ပြိုင်ဘက်ကင်း လှပသည်ဟု ဆိုရပေမည်။သူမ၏ ဆွဲဆောင်မှု အဓိကသော့ချက်မှာ ထူးခြားထင်ရှားသော ဖီးနစ်မျက်လုံးတစ်စုံဖြစ်ပြီး တိတ်ဆိတ်နေလျှင်ပင် ဩဇာအာဏာရှိပုံ ပေါက်နေစေသည်။

ရွှယ်အန်း စိတ်ထဲမှ ချီးကျူးလိုက်မိသည်။

ဉာဏ်ရည်ထက်မြက်တဲ့ အလှပဂေးလေးပဲ...

တကယ်လို့ သူမသာ ခေတ်သစ်ကမ္ဘာမှာဆိုရင် စွမ်းဆောင်ရည်မြင့်မားတဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက် သေချာပေါက် ဖြစ်လိမ့်မယ်၊ မူလခန္ဓာကိုယ်ပိုင်ရှင်က သူမကို ဒီလောက်တောင် စွဲလမ်းခဲ့တာ အံ့သြစရာ မဟုတ်ပါဘူးလေ...

ထို့နောက် သူသည် ထန်လင်းအာ ကို ခေါင်းအနည်းငယ် ငြိမ့်ပြကာ နှုတ်ဆက်လိုက်သည်။

"မိန်းကလေးထန်"

ထန်လင်းအာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။

အဘယ်ကြောင့်ဆိုသော်သော် အတိတ်က သူတို့ စာပေးစာယူ လုပ်ကြစဉ်က ရွှယ်အန်းသည် ဤကဲ့သို့ မဟုတ်ခဲ့ပေ။

ထိုစဉ်က သူ၏ စာလုံးများထဲတွင် မလုံခြုံမှုများ ပြည့်နှက်နေပြီး သူမအပေါ် မျက်နှာလိုမျက်နှာရ အလွန်အမင်း ဆန်ခဲ့သည်။

သို့သော် ယနေ့ တွေ့သောအခါ သူသည် အရာရာကို ဂရုမစိုက်သည့်ပုံစံပေါက်နေပြီး ထန်လင်းအာကိုပင် နိမ့်ကျသူတစ်ယောက်ဟု ခံစားရအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည်။

တကယ် ဘာတွေဖြစ်ကုန်တာလဲ...

ထန်လင်းအာ စိတ်ထဲတွင် အံ့အားသင့်သွားသော်လည်း စီးပွားရေးလောက၏ တိုက်ပွဲများကြားတွင် ကြီးပြင်းလာသူ ဖြစ်သဖြင့် ထုတ်ဖော်မပြဘဲ ခေါင်းအနည်းငယ်သာ ငြိမ့်ပြလိုက်သည်။

"သခင်လေးရွှယ်... ရှင် အနားယူနေတာကို နှောင့်ယှက်မိလို့ တကယ်ပဲ အားနာမိပါတယ်"

ဤစကားလုံးများ၏ နောက်ကွယ်မှ ရည်ရွယ်ချက်မှာ နက်နဲပြီး လှောင်ပြောင်လိုသည့် သဘောသက်ရောက်နေသည်။

ဘေးနားတွင် ရပ်နေသော ချင်းအာပင်လျှင် အနေရခက်သော မျက်နှာထား ဖြစ်ပေါ်လာသည်။

သို့သော် ရွှယ်အန်းကမူ အနည်းငယ် ပြုံးရုံသာ ပြုံးလိုက်သည်။

"အိပ်တာများရင်လည်း ငြီးငွေ့ဖို့ကောင်းတယ်၊ လေကောင်းလေသန့်ရှူဖို့ လိုနေတာနဲ့ အတော်ပါပဲ ပြီးတော့ ကျွန်တော်က မိန်းကလေးထန် ပြန်လာမှာကိုပဲ အမြဲ စောင့်နေခဲ့တာပါ"

ထန်လင်းအာသည် သိပ်ပြီး လေးလေးနက်နက် တွေးမနေတော့ပေ။ သူမ ကိုယ်တိုင် ဖိတ်ခေါ်ထားခဲ့ခြင်း ဖြစ်သဖြင့် သူက သူမပြန်လာမည့်ကို စောင့်နေသည်မှာ သဘာဝကျသည်။

ယခု အရေးတကြီး ဖြေရှင်းရမည့် ကိစ္စမှာ ဖခင်ဖြစ်သူ၏ စစ်ဆေးမေးမြန်းမှုကို ကျော်ဖြတ်နိုင်ရန် ဖြစ်သည်။

ထန်လင်းအာသည် မသိစိတ်၏ စေ့ဆော်မှုဖြင့် ဈေးကွက်ထဲမှ နည်းဗျူဟာများကို အသုံးပြုကာ သူမ၏ နောက်တစ်လှမ်းအတွက် စတင်စီစဉ်လိုက်သည်။

"သခင်လေးရွှယ်... ကျွန်မတို့က ငယ်ငယ်ကတည်းက သိကျွမ်းလာခဲ့ကြတာဆိုတော့ အရမ်းယဉ်ကျေးမနေပါနဲ့တော့၊ ဒီတစ်ခေါက် မြို့တော်ကို ရှင့်ကို ဖိတ်ခေါ်လိုက်တာက ရှင့်ကို လက်တွဲခေါ်ဖို့ စဉ်းစားလို့ပါ၊ ဒါမှမဟုတ်ရင် အောက်ခြေမှာပဲ ဆက်နေနေရင် ရှင့်အတွက် ဘယ်တော့မှ နေရာရလာမှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် ထန်လင်းအာ အသက်ပြင်းပြင်း ရှူလိုက်သည်။

"ဒါပေမဲ့ အခု ဖေဖေက ရှင်ရောက်နေတာကို သိသွားပြီး စာကြည့်ဆောင်မှာ တွေ့ချင်နေတယ်"

ထိုစကားကို ကြားလိုက်ရသောအခါ ချင်းအာနှင့် ချန်အာတို့ နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း မျက်နှာပျက်သွားကြသည်။

အထူးသဖြင့် ချင်းအာသည် ထိတ်လန့်စွာ ရေရွတ်လိုက်သည်။

"သခင်ကြီးက... ဘယ်လိုလုပ် ဒီလောက်မြန်မြန် သိသွားတာလဲ"

ထန်လင်းအာ က အေးစက်စွာဖြင့် ပြောလိုက်သည်။

"ဒါကတော့ ငါ့အဒေါ် ပြောပြလိုက်လို့ နေမှာပေါ့"

ချင်းအာ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာသည်။

သခင်မလေး၏ အိမ်ထောင်ရေးအပေါ်ထားရှိသော သခင်ကြီး၏ သဘောထားကို သူမ ကောင်းစွာ သိရှိထားသဖြင့် ဤဆင့်ခေါ်မှုသည် ရိုးရှင်းမည် မဟုတ်ကြောင်း သူမ ကောင်းစွာ နားလည်သည်။

ဤစိုးရိမ်ပူပန်သော လေထုသည် ဘေးနားရှိ ချန်အာထံသို့လည်း ကူးစက်သွားသည်။

အစေခံမလေး၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး တုန်တုန်ယင်ယင် ပြောသည်။

"ဒါဆို... ဘယ်လိုလုပ်ကြမလဲ၊ ကျွန်မတို့ သခင်လေးကို အရင် ပုန်းခိုင်းထားလိုက်ရမလား"

ချင်းအာ ခေါင်းခါလိုက်သည်။

"အလကားပဲ၊ ခဏတော့ ပုန်းလို့ရနိုင်ပေမယ့် တစ်သက်လုံး ပုန်းနေလို့မှမရတာ"

"ပြီးတော့ တကယ်လို့ ပုန်းနေလိုက်မယ်ဆိုရင်..."

ချင်းအာ စကားကို ဆုံးအောင် မပြောသော်လည်း အဓိပ္ပာယ်မှာ ရှင်းလင်းနေပြီဖြစ်သည်။

အကယ်၍ ရွှယ်အန်းသာ တကယ် ရှောင်ပြေးလိုက်ပါက ထန်ရှန်း၏ မျက်လုံးထဲတွင် သူ၏ အဆင့်အတန်းသည် ပိုလို့ပင် နိမ့်ကျသွားမည်ဖြစ်ပြီး အခြေအနေကို ပြောင်းလဲရန် ဘယ်တော့မှ အခွင့်အရေး ရတော့မည် မဟုတ်ပေ။

ထန်လင်းအာ၏ ဘေးနားတွင် ငယ်စဉ်ကတည်းက နေလာသော ဤအစေခံမလေးသည် သူမ၏ သခင်မလေး စိတ်ထဲတွင် ဘာရှိသည်ကို သဘာဝကျစွာ နားလည်လေသည်။

ထို့ကြောင့် တွေ့ဆုံမှုကို ရှောင်လွှဲခြင်းသည် လုံးဝ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

မှန်ပေသည်။

ထန်လင်းအာ၏ မျက်နှာထားမှာ အေးစက်နေသည်။

"သခင်လေးရွှယ်... အရမ်း ထိတ်လန့်မနေပါနဲ့၊ ဖေဖေ ရှင့်ကို တွေ့ချင်တယ်ဆိုတာက ယောင်ယွီတို့ ဖြန့်ထားတဲ့ မဟုတ်မမှန် သတင်းတွေကြောင့်ပါ... ဒါပေမဲ့..."

ထန်လင်းအာ ပြောနေရင်း သူမ၏ ပါးပြင်ပေါ်တွင် ပန်းရောင်သမ်းလာသည်။

"ဒါပေမဲ့ ဖေဖေက အိမ်ထောင်ရေးကိစ္စကို သေချာပေါက် မေးလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင် သခင်လေးရွှယ်အနေနဲ့ စကားကို သေချာဆင်ခြင်ပြီးမှ ပြောဖို့ ကျွန်မ မျှော်လင့်ပါတယ်"

သူမ၏ ဆိုလိုရင်းမှာ အလွန် ရှင်းလင်းလှသည်။

ထန်လင်းအာအနေဖြင့် ရွှယ်အန်း၏ နှာခေါင်းကို ထိုးချိန်ပြီး သူမကို ကြိုက်နှစ်သက်ကြောင်း သူမအဖေကို ဖွင့်ပြောလိုက်ပါဟု ပြောရန် မဖြစ်နိုင်ပေ။

ထိုသည်မှာ အလွန်ရှက်စရာကောင်းလှသည်။

ရွှယ်အန်းကမူ ပြုံးသယောင်ယောင် မျက်နှာထားဖြင့် ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီ၊ ဒါဆိုရင် ကျွန်တော် သွားတွေ့လိုက်ပါ့မယ်"

ထို့နောက် သူသည် လှေကားထစ်များမှ ဆင်းလိုက်ပြီး ချန်အာကို မှာကြားလိုက်သည်။

"ချန်အာ... ငါပြန်လာတဲ့အထိ ဒီမှာ စောင့်နေနော်"

"ဟုတ်ကဲ့"

ချန်အာသည် ဘာမှ နားမလည်ဘဲ ခေါင်းသာငြိမ့်လိုက်သည်။

ထို့နောက် ရွှယ်အန်းသည် ထန်လင်းအာကို ပြုံးပြလိုက်သည်။

"မိန်းကလေးထန်... သွားကြစို့"

အိမ်နောက်ဘက်ရှိ စာကြည့်ဆောင်သို့ သွားရာလမ်းတစ်လျှောက်တွင် ထန်လင်းအာသည် ဘေးနားမှ အေးအေးလူလူ လျှောက်လာသော ရွှယ်အန်းကို ရံဖန်ရံခါ လှမ်းကြည့်မိပြီး သူမ၏ စိတ်ထဲတွင် ဗျာများနေလေသည်။

ရွှယ်အန်းအပေါ်ထားရှိသော သူမ၏ ခံစားချက်များသည် အလွန် ရှုပ်ထွေးလှသည်။ သူမ ငယ်စဉ်က လေးစားအားကျမှုရှိခဲ့သော်လည်း အရွယ်ရောက်လာသောအခါ သနားဂရုဏာသက်မိကာ စာပေးစာယူ လုပ်ကြစဉ်က အထင်သေးမှု အနည်းငယ်ဖြစ်မိသည်။

ထိုခံစားချက်အားလုံး ရောပြွမ်းနေသဖြင့် ရွှယ်အန်းအပေါ်ထားရှိသော ထန်လင်းအာ၏ သဘောထားမှာလည်း ထပ်တူ ရှုပ်ထွေးနေသည်။

သို့သော် နှစ်များတစ်လျှောက် ထန်လင်းအာသည် မရေမတွက်နိုင်သော အရည်အချင်းရှိ လူငယ်များကို တွေ့မြင်ခဲ့ရသော်လည်း သူမ၏ ရင်ကို ခုန်လှုပ်သွားစေသည့် ခံစားမှုကို ပေးစွမ်းနိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။

ယနေ့အထိဖြစ်သည်။

လှေကားထစ်ပေါ်တွင် ရပ်နေပြီး နေရောင်ခြည်အောက်၌ ပုံရိပ်ထင်နေသော ထိုလူငယ်ကို မြင်လိုက်ရသောအခါ သူမ ရုတ်တရက် ကိုယ့်စိတ်ကိုယ် နားလည်သွားခဲ့သည်။

ဘာပဲဖြစ်ဖြစ်... သူက သာမန်ကာလျှံကာ ဘာမှ အသုံးမကျတဲ့လူ ဖြစ်နေရင်တောင် သူမ သူ့ကို သဘောကျနေဆဲပင်... လိုအပ်လာရင် သူမကပဲ အပြင်ထွက် စီးပွားရှာပြီး သူကို အိမ်မှာပဲ နေခိုင်းတော့မယ်

ထန်လင်းအာသည် တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်သော်လည်း ချက်ချင်းပင် နောက်ထပ် ခက်ခဲသော အတားအဆီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။

သူမ အဖေကို ဘယ်လို စည်းရုံးရပါ့မလဲ...

ထိုအကြောင်းကို တွေးမိပြီး ထန်လင်းအာ အံ့ကိုကြိတ်ကာ ရွှယ်အန်းအား တိုးညင်းသောအသံဖြင့် ခေါ်လိုက်သည်။

"သခင်လေးရွှယ်"

"ဟင်..."

"ဖေဖေက တော်ကြာကျရင် အဖြေကို အတင်းအကျပ် တောင်းဆိုပါလိမ့်မယ်၊ အခု ကျွန်မ ရှင့်ကို တစ်ခုလောက် မေးချင်ပါတယ်... ရှင်... ထန်မိသားစုထဲကို ဝင်ရောက်ပြီး သမက်အဖြစ်နေနိုင်လား”

All Chapters