← Chapters

အခန်း (၉၁၃-၉၁၅)

Vol. 61 Ch. 913-915

အခန်း (၉၁၃-၉၁၅)

Vol. 61 Ch. 913-915

အခန်း (၉၁၃) - ဒီကိစ္စကို ကျွန်တော် သဘောမတူနိုင်ဘူး

ရွှယ်အန်းသည် ထန်လင်းအာကို ပြုံးသယောင်ယောင် အမူအရာဖြင့် ကြည့်လိုက်သည်။

"အချို့ကိစ္စတွေက မျက်နှာချင်းဆိုင် ရှင်းလင်းတာ ပိုကောင်းပါတယ်"

ထန်လင်းအာ အံ့အားသင့်သွားသည်။

ဒါ ဘယ်လိုတုံ့ပြန်မှုမျိုးပါလိမ့်...

သဘောတူတာလား၊ မတူတာလား...

သို့သော် ယောက်ျားလေးတစ်ယောက်အနေဖြင့် အမျိုးသမီးတစ်ဦး၏ မိသားစုထဲသို့ ဝင်ရောက်ကာ သမက်အဖြစ်နေထိုင်ရန် သဘောတူဖို့ရာ မည်မျှ ခက်ခဲကြောင်းကိုလည်း ထန်လင်းအာ နားလည်လေသည်။

ဤခေတ်ကာလ၌ ဝင်အိမ်လိုက်သော သမက်တစ်ယောက်သည် မည်သည့် အဆင့်အတန်းမျှ မရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူမသည် ရွှယ်အန်း၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးရန် ရှင်းပြဖို့ရည်ရွယ်လိုက်သည်။

သို့သော် ထိုအချိန်၌ ရွှယ်အန်းသည် အဝေးတစ်နေရာသို့ မျှော်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

"သွားကြစို့၊ ခဏနေရင်... လုပ်စရာတွေ အများကြီး ရှိလာတော့မှာ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်း ရှေ့သို့ လျှောက်သွားလေသည်။

ထန်လင်းအာသည် ရွှယ်အန်း၏ ကျောပြင်ကို ကြည့်ရင်း သူမ၏ ငွေသွားလေးများကို တိတ်တဆိတ် ကိုက်ထားလိုက်မိသည်။

ဘာပဲဖြစ်ဖြစ် သူမ ဖခင်နှင့် ရင်ဆိုင်ရတဲ့အခါ သူမရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသရပေမည်။

ထိုအချိန် အဓိက စာကြည့်ဆောင်ထဲတွင် ယောင်ယွီနှင့် ယောင်ချောင်ဖန်တို့သည် ဒေါသထွက်နေဆဲဖြစ်သော ထန်ရှန်းကို အဖော်ပြုကာ လက်ဖက်ရည် သောက်နေကြသည်။

ထိုနေရာတွင် ထန်အိမ်တော်အတွင်းရှိ အခြားလူအချို့လည်း ရှိနေကြသည်။

ဤလူအများစုမှာ ရာထူးဂုဏ်ထူးရရှိရန် မျှော်လင့်ချက်မရှိသော အရည်အချင်းမမီသည့် စာသင်သားများဖြစ်ကြသော်လည်း ကပ်ဖားယပ်ဖားကျွမ်းကျင်သဖြင့် စာပေနှင့် လူကြီးလူကောင်းဆန်မှုကို မြတ်နိုးသော ထန်ရှန်း၏ အလေးထားမှုကို ခံကြရသူများ ဖြစ်သည်။

အမှန်တွင် ဤလူများကို ယောင်ယွီနှင့် သူမ၏သား ယောင်ချောင်ဖန်တို့က ဝယ်ယူထားပြီးဖြစ်ရာ သူတို့ပြောသမျှ စကားတိုင်းသည် ယောင်ချောင်ဖန်၏ ပါရမီနှင့် ဉာဏ်ပညာကို ချီးကျူးသော စကားများသာ ဖြစ်နေလေသည်။

ဤအချက်က ယောင်ချောင်ဖန်ကို တိတ်တဆိတ် ဂုဏ်ယူဝင့်ကြွားစေသည်။

ရွှယ်အန်း ရောက်လာရင်တောင် အားသာချက်တွေ သူ့ဘက်မှာ ရှိနေပြီ၊ ရွှယ်အန်း ဘယ်လိုများ ယှဉ်ပြိုင်နိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်...

ထိုအချိန်မှာပင် တံခါးအပြင်ဘက်မှ အစေခံများနှင့် အစောင့်များ၏ အရိုအသေပေး နှုတ်ဆက်သံများ ထွက်ပေါ်လာသည်။

"သခင်မလေး"

ထို့နောက် စာကြည့်ဆောင် တံခါး ပွင့်သွားသည်။

ထန်လင်းအာနှင့် ရွှယ်အန်းတို့ အတူတွဲလျက် ဝင်ရောက်လာကြသည်။

သူတို့နှစ်ယောက် တစ်ပြိုင်နက်တည်း ပေါ်လာခြင်းမှာ စာကြည့်ဆောင်အတွင်းရှိ လူများအကြား အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။

ထန်ရှန်းသည် ဒေါသကို မထိန်းနိုင်တော့ဘဲ အေးစက်စွာ နှာမှုတ်လိုက်သည်။

ကျေနပ်အားရနေခဲ့သော ယောင်ချောင်ဖန်၏ မျက်နှာထားမှာ ရုတ်ခြည်း အေးခဲသွားပြီး သူ၏ မျက်ခွံများ တဆတ်ဆတ် လှုပ်လာသည်။

အဘယ်ကြောင့်ဆိုသော်သော် သူ့ကို ဘယ်သောအခါကမျှ ကြည်ဖြူစွာ မဆက်ဆံခဲ့သော ထန်လင်းအာသည် ရွှယ်အန်း၏ ရှေ့မှောက်တွင်မူ အပြုံးပန်းများ ဝေဆာနေပြီး ဇနီးသည်တစ်ယောက်အလား နူးညံနေသည်ကို သူ သတိထားမိလိုက်သောကြောင့် ဖြစ်သည်။

ထို့အပြင် သူတို့နှစ်ဦး အတူယှဉ်တွဲ ရပ်နေသည်မှာ မန်ဒါရင်ဘဲမောင်နှံပမာ လိုက်ဖက်ညီလွန်းလှသည်။

ဤမြင်ကွင်းသည် သူ့အား မနာလိုဝန်တိုမှုကြောင့် ရူးမတတ်ဖြစ်စေသည်။

ယောင်ယွီကသာ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

"ဪ... ဒါ နာမည်ကြီးနေတဲ့ သခင်လေး ရွှယ်အန်းဆိုတာကိုး... ကျွတ် ကျွတ်... တကယ်ပဲ ချောမောခန့်ညားပြီး အရည်အချင်းရှိတဲ့ လူငယ်လေးပါလား"

သို့သော် သူမ၏ ချီးကျူးစကားများသည် ဤအခြေအနေတွင် အတော်လေး ထူးဆန်းနေသည်။

အနည်းဆုံးတော့ ထန်ရှန်း၏ မျက်နှာထားသည် တဖြည်းဖြည်း မဲမှောင်လာစေသည်။

"ရွှယ်အန်း... မင်းက ထန်မိသားစုဆီ ရောက်ဖို့ မြို့တော်အထိ တကူးတက ခရီးနှင်လာခဲ့တယ်ဆိုတော့... မင်း လိုချင်တာက ဘာလဲ"

ရွှယ်အန်း စကားမပြောနိုင်ခင်မှာပငခ ထန်လင်းအာသည် မထိန်းနိုင်တော့ဘဲ ရှေ့သို့ တိုးထွက်လာသည်။

"ဖေဖေ... ရွှယ်အန်း လာတာက သမီး ဖိတ်ခေါ်လို့ လာတာပါ"

"ဟမ်..."

ထန်ရှန်း စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း သူ၏ လေသံသည် ချစ်ရသော သမီးဖြစ်သူအတွက် ပျော့ပျောင်းနေလေသည်။

"လင်းအာ... ဘာပြောစရာရှိလို့လဲ"

ထန်လင်းအာက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"အဖေ... သမီးတို့ မိသားစုနှစ်ခုက တစ်ချိန်တုန်းက အိမ်နီးချင်းတွေ ဖြစ်ခဲ့ဖူးတယ်လေ၊ အခု ရွှယ်မိသားစု ဒုက္ခရောက်နေချိန်မှာ သူ့ကို မထင်မရှားနဲ့ ပျောက်ကွယ်သွားမှာ မလိုလားလို့ သမီး မြို့တော်ကို ဖိတ်ခေါ်လိုက်တာပါ"

ထန်ရှန်း၏ မျက်နှာထားသည် သက်သာရာ ရသွားသည်။ သူမသည် ထိုလူကို စွဲလမ်းနေ၍ မဟုတ်သောကြောင့် ကျေနပ်သွားပုံရသည်။

သို့သော် ထန်လင်းအာသည် ချက်ချင်းပင် သူမ၏ လေသံကို ပြောင်းလိုက်သည်။

"ပြီးတော့..."

ထန်လင်းအာ ဆက်ပြောလိုက်ပြီး သူမ၏ ပါးပြင်များ အနည်းငယ် ရဲလာသည်။

"သမီး ငယ်ငယ်တုန်းက ကတိသစ္စာ ပြုထားဖူးတယ်ထ ရွှယ်အန်းနဲ့ လက်ထပ်မယ်လို့လေ"

ထိုစကား ထွက်ပေါ်လာသောအခါ အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ခေတ္တအကြာတွင် ထန်ရှန်းသည် ဒေါသတကြီး ဖြစ်သွားပြီး ရှေ့ရှိ စားပွဲကို ရိုက်ကာ အော်ဟစ်လိုက်သည်။

"လင်းအာ... သမီး ဘာပြောနေတာလဲဆိုတာ နားရောလည်ရဲ့လား"

ယောင်ယွီနှင့် ယောင်ချောင်ဖန်တို့၏ မျက်နှာထားများလည်း အလွန် အရုပ်ဆိုး အကျည်းတန်သွားကြသည်။

အထူးသဖြင့် ယောင်ချောင်ဖန်သည် ရွှယ်အန်းကို စိစိညက်ညက် ကြေမတတ် စိုက်ကြည့်နေပြီး သူ့ရင်ထဲမှ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ လျှံကျလုမတတ် ဖြစ်နေသည်။

ထန်လင်းအာ ခေါင်းငြိမ့်လိုက်သည်။

"အဖေ... သမီး ဘာပြောနေတယ်ဆိုတာ သမီး ကောင်းကောင်း သိပါတယ်"

ထိုအချိန်၌ ထန်ရှန်းသည် အသက်ပြင်းပြင်း ရှုလိုက်ပြီး မိမိကိုယ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

"လင်းအာ... သမီးနဲ့ သူနဲ့ကြားက အဆင့်အတန်း ကွာဟချက်က ဘယ်လောက်ကြီးမားနေပြီလဲဆိုတာ သမီး သတိရောထားမိရဲ့လား"

ထန်လင်းအာ ထပ်မံ ခေါင်းငြိမ့်လိုက်သည်။

"သမီး သိပါတယ်"

"ဒါဆို သမီး..."

ထန်လင်းအာ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဖေဖေ ပြောတဲ့အချက်တွေ အားလုံးကို သမီး သေချာ စဉ်းစားပြီးပါပြီ၊ ဒါပေမဲ့ အဲ့ဒါတွေက ပြဿနာ မဟုတ်ဘူးလို့ သမီး ခံစားရတယ်"

"ဟမ်..."

ထန်ရှန်း၏ မျက်နှာတွင် နားမလည်နိုင်မှုများ အပြည့်ပေါ်လာသည်။

ထန်လင်းအာက တည်ငြိမ်သော လေသံဖြင့် ဆက်ပြောသည်။

"ရွှယ်မိသားစုမှာ သူတစ်ယောက်တည်း ကျန်ပြီး ဒုက္ခရောက်နေတယ် ဆိုရင်တောင်မှ သူသာ ထန်မိသားစုထဲ ဝင်ရောက်ပြီး သမက်အဖြစ် နေမယ်ဆိုရင် ဒီပြဿနာတွေ အားလုံး ပြီးသွားမှာပါ"

ဘယ်လို...

အခန်းထဲရှိ လူအားလုံး အသက်ရှူမှားသွားကြသည်။

အဘယ်ကြောင့်ဆိုသော်သော် သူတို့ ကြားလိုက်ရသည့် စကားသည် ယုံကြည်နိုင်စရာ မရှိလောက်အောင် ဖြစ်နေသောကြောင့်တည်း။

ချမ်းသာသော မိသားစုမှ သမီးပျိုတစ်ဦးသည် သူမ၏ မင်္ဂလာပွဲအကြောင်း လူသိရှင်ကြား ဆွေးနွေးနေခြင်းသည်မှာ သက်သက်စီဖြစ်သော်လည်း အမျိုးသားတစ်ယောက်ကို မိသားစုထဲသို့ ဝင်ရောက်ကာ သမက်အဖြစ် နေထိုင်ရန် အကြံပြုခြင်းမှာ သက်သက်စီဖြစ်သည်။

မြင်ကွင်းတစ်ခုလုံးသည် ထူးဆန်းအံ့ဩမှာများဖြင့် ပြည့်နှက်နေသည်။

ထန်ရှန်းက ဒေါသနှင့် ရယ်မောလိုက်သည်။

" သမက်အဖြစ်နေရမယ် ဟုတ်လား၊ ဟားဟား၊ ကောင်းပြီလေ... ဒါဆိုရင် မစ္စတာ ရွှယ်အန်းကို မေးချင်တယ်၊ ခင်ဗျား သဘောတူလား၊ မတူဘူးလား"

ဤအချိန်၌ ရွှယ်အန်းကို မစ္စတာ ဟု သုံးနှုန်းလိုက်ခြင်းသည် ထေ့ငေါ့လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။

အဘယ်ကြောင့်ဆိုသော်သော် ဓလေ့ထုံးတမ်းအရ အမျိုးသမီး၏ မိသားစုထဲသို့ ဝင်ရောက်နေထိုင်သော သမက်များကို အဆင့်အတန်းနိမ့်ကျစေသော အသုံးအနှုန်းများဖြင့်သာ ရည်ညွှန်းလေ့ ရှိကြသည်။

ဤအချက်က ယခုခေတ်ကာလတွင် သမက်တစ်ယောက်၏ အဆင့်အတန်း မည်မျှ နိမ့်ကျကြောင်းကိုလည်း ဖော်ပြနေသည်။

ယခုအခါ မျက်လုံးအားလုံးသည် ရွှယ်အန်းထံသို့ ရောက်ရှိနေကြသည်။

ထန်လင်းအာသည်လည်း ဤအခြေအနေတွင် သူမ၏ အစွမ်းကုန် ကြိုးစားရန် ဆုံးဖြတ်လိုက်ပြီး မျက်နှာထား တင်းမာလျက် ပြောလိုက်သည်။

"ရွှယ်အန်း... ဒီဆုံးဖြတ်ချက်က ရှင့်အတွက် အရမ်း ခက်ခဲမယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ကျွန်မ အာမခံနိုင်တာ တစ်ခုက ရှင်က တခြား သမက်တွေလို အနှိမ်ခံရမှာ မဟုတ်ပါဘူး"

ထိုသို့ပြောပြီးနောက် ထန်လင်းအာ အသက်ပြင်းပြင်း ရှူလိုက်သည်။

"ရှင့်ကို ရာထူးဂုဏ်ထူးရလာအောင် နည်းလမ်းပေါင်းစုံနဲ့ ကျွန်မ ကူညီပေးမယ်၊ တကယ်လို့ ရှင် ဆန္ဒမရှိလို့ပဲဖြစ်ဖြစ်၊ မအောင်မြင်လို့ပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး၊ ရှင့်အတွက် ရာထူးတစ်ခု ကျွန်မ ဝယ်ပေးနိုင်တယ်၊ ရှင်က အိမ်မှုကိစ္စတွေကိုပဲ ကောင်းကောင်း တာဝန်ယူပေးပါ၊ ကျန်တဲ့ကိစ္စမှန်သမျှ ကျွန်မ တာဝန်ထားလိုက်ပါ"

ထိုစကားကြောင့် ရှိနေသူအားလုံး ကြောင်အသွားကြသည်။

အထူးသဖြင့် ထန်ရှန် ဖြစ်သည်။

သူ၏ မျက်နှာသည် ဖြူရာမှ နီလာပြီး နောက်တစ်စက္ကန့်တွင် ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်နေသည်။

မည်သို့ပင်ဖြစ်စေ ယခင်ကထက် လွတ်လပ်လာသည် ဆိုသော်ငြား ထန်လင်းအာကဲ့သို့ အိမ်ထောင်ရေးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရဲသူမှာ မရှိသလောက်ဖြစ်သည်။

ထို့အပြင် အမျိုးသားတစ်ယောက်ကို သမက်အဖြစ်၀င်ရောက်စေရန် စည်းကမ်းချက်များ ချမှတ်ပြောဆိုခြင်းမှာ ပိုလို့ပင်ဆိုးသေးသည်။

ထိုစကားသာ ပြင်ပသို့ ပေါက်ကြားသွားပါက လူအများ အူတက်အောင် ရယ်မောကြပေလိမ့်မည်။

သို့သော် ယောင်ချောင်ဖန်ကမူ ထိုသို့ မမြင်ပေ။

သူ၏ မနာလိုစိတ်ကြောင့် မျက်လုံးများပင် အရောင်ပြောင်းလုမတတ် ဖြစ်နေသည်။

ဒီလောက် ကောင်းတဲ့ ကံကြမ္မာမျိုးက ဘာလို့ သူ့ဆီကို မရောက်လာရတာလဲ...

ထန်လင်းအာ ပြောပြီးသွားသောအခါ သူမသည် ရွှယ်အန်းကို မျှော်လင့်ချက်ဖြင့် ကြည့်လိုက်သည်။

သူမဘက်မှ ဤမျှလောက်အထိ လိုက်လျောပေးပြီး အနာဂတ်အတွက်ပါ အစစအရာရာ စီစဉ်ပေးထားသည်ဟု သူမ ခံစားရသည်။

ရွှယ်အန်း အနေဖြင့် ငြင်းဆန်ရန် အကြောင်းပြချက် ရှိလိမ့်မည် မဟုတ်ပေ။

ဤအချက်ကို သူမ အတော်လေး ယုံကြည်မှုရှိနေသည်။

သို့သော် ထိုအချိန်တွင် ရွှယ်အန်းသည် ထန်လင်းအာကို မော့ကြည့်လိုက်ပြီးနောက် ရှိနေသူအားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာသည်။

ထို့နောက် သူသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

"တောင်းပန်ပါတယ် မိန်းကလေးထန်၊ ဒီကိစ္စကို ကျွန်တော် သဘောမတူနိုင်ပါဘူး"

ဘာ...

ထန်လင်းအာ အလွန်အမင်း တုန်လှုပ်သွားပြီး သူမနားသူမကိုပင် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။

သူ တကယ်ပဲ ငြင်းလိုက်တာလား...

အခန်းထဲရှိ လူအားလုံးလည်း ထပ်တူပင် အံ့အားသင့်သွားကြသည်။

ထန်ရှန်းပင်လျှင် ဤကဲ့သို့ အလှည့်အပြောင်း ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ ဒီအထိရောက်လာတာ ထန်မိသားစုရဲ့ သမက်ဖြစ်ချင်လို့ လာတာ မဟုတ်ဘူးလား...

ဘာလို့ အခုကျမှ ငြင်းဆန်ရတာလဲ...

"ဘာ... ဘာဖြစ်လို့လဲ"

ထန်လင်းအာသည် တုန်ရီသောအသံဖြင့် မေးလိုက်သည်။

အခန်း (၉၁၄) - ဘာလို့လဲဆိုတော့... ငါဂရုမစိုက်လို့ပဲ

"ဘာလို့လဲဆိုတော့... ငါ ဂရုမစိုက်လို့လေ"

ဂရုမစိုက်ဘူးတဲ့လား...

လူအများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

ဒါက ဘယ်လို ရှင်းပြချက်မျိုးလဲ...

ထိုအချိန်တွင် ရွှယ်အန်းက လျစ်လျူရှုသော လေသံဖြင့် ပြောလိုက်သည်။

"မိန်းကလေးထန်... မင်းက မိန်းမကောင်းတစ်ယောက်ပါ၊ ဒါပေမဲ့ မင်းပြောခဲ့တဲ့ အရာတွေအကုန်လုံးနဲ့ ထန်မိသားစုရဲ့ စည်းစိမ်ဥစ္စာဆိုတာတွေက ငါ့အတွက်တော့ ဘာတန်ဖိုးမှမရှိတဲ့ အရာတွေပဲ"

ထိုစကားကို ကြားသောအခါ ထန်ရှန်းမှာ သက်ပြင်းတစ်ချက် ခိုးချလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူ သဘောမတူသရွေ့ အဆင်ပြေတာပဲလေ...

ထို့နောက် သူ အလွန် မအီမသာ ခံစားလိုက်ရသည်။ ဒီကောင်က ထန်မိသားစုကို တကယ်ပဲ အထင်သေးတာလား...

ထို့ကြောင့် သူသည် မဲ့ပြုံးပြုံးလိုက်သည်။

"အော်... သခင်လေးရွှယ်ရဲ့ လေသံက ငါတို့ရဲ့ နိမ့်ကျတဲ့ ထန်မိသားစုကို တကယ်ပဲ အထင်သေးတဲ့ပုံပဲ၊ ခင်ဗျားမှာ ဘယ်လို မြင့်မားတဲ့ ရည်မှန်းချက်တွေများ ရှိနေလို့လဲ ဆိုတာ သိခွင့်ရှိမလား"

ထိုစကားကို ကြားသောအခါ အခန်းထဲရှိ လူအများအပြားမှာ လှောင်ပြောင်သရော်သံများ ပြုလုပ်လိုက်ကြသည်။

၎င်းတို့ ရယ်သံမှာ မောက်မာမှုနှင့် လှောင်ပြောင်မှုများ ရောယှက်နေသည်။

သို့သော် ထိုအခြေအနေများကို ရင်ဆိုင်နေရသော်လည်း ရွှယ်အန်းမှာ မျက်ခွံပင် ပင့်မကြည့်ဘဲ ရိုးရှင်းစွာ ပြောလိုက်သည်။

"ငါ လိုချင်တောင့်တတဲ့အရာကို မင်းတို့လိုကောင်တွေက ဘယ်လိုလုပ် နားလည်နိုင်မှာလဲ"

"ဟွန့်"

ထန်ရှန်းသည် ထိုစကားကို ကြားသောအခါ ရွံရှာသော မျက်နှာထားဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူသည် ရွှယ်အန်းကို မသိနားမလည်သူ၊ မောက်မာသူဟု မှတ်ယူလိုက်ပြီး ယခင်ကထက် မုန်းတီးသွားမိသည်။

ထိုအချိန်တွင် ထန်လင်းအာမှာမူ ရွှယ်အန်းကို ငေးကြည့်နေမိသည်။

တချို့ကိစ္စများကို လူကိုယ်တိုင် လာမပြောခင် ရှင်းရှင်းလင်းလင်း ပြောထားသင့်သည်ဟု ရွှယ်အန်းပြောခဲ့သော စကား၏အဓိပ္ပာယ်ကို သူမ နားလည်သွားပြီ ဖြစ်သည်။

ဒါက သူ့ဘက်က ပြတ်သားတယ်ဆိုတာ ပြလိုက်တဲ့ နည်းလမ်းကိုး...

ထန်လင်းအာသည် ရုတ်တရက် ဝမ်းနည်းမှုနှင့် နာကြည်းမှုများ လှိုက်တက်လာသည်ကို ခံစားလိုက်ရသည်။

သူမ နားမလည်နိုင်ပေ။ သူမသည် အရာရာကို သေသေချာချာ စီစဉ်ပေးခဲ့သော်လည်း သူသည် ငြင်းပယ်ခဲ့သည်။

အရာအားလုံးအား ဂရုမစိုက်ဘူး ဆိုသော စကားတစ်ခွန်းတည်းနှင့် ရှင်းပြလို့ရသည်လား...

ထန်လင်းအာ၏ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ရောပြွမ်းနေလေသည်။

သို့သော် ယောင်ချောင်ဖန်မှာမူ ဝမ်းသာလွန်းသဖြင့် ထိုင်ခုံမှပင် ထခုန်လုနီးပါး ဖြစ်နေသည်။

သူ့မျက်လုံးထဲတွင် ရွှယ်အန်းမှာ အရူးသာဖြစ်သည်။

လူတိုင်း လိုချင်တပ်မက်တဲ့ အခွင့်အရေးကို ငြင်းပယ်မှတော့ အရူးမဟုတ်ရင် ဘာဖြစ်မလဲ...

ဒါပေမဲ့ ဒီလောက်နဲ့ပဲ လုံလောက်ပြီလို့ သူ ထင်နေတာလား...၊ ငါလိုချင်တာက မင်းကို လုံးဝ ပျက်စီးသွားစေချင်တာ...

ယောင်ချောင်ဖန်သည် တိတ်တဆိတ် မဲ့ပြုံးပြုံးလိုက်ပြီး အဝေးတွင် ရှိနေသော ဧည့်သည်အချို့ကို အကြည့်ဖြင့် အချက်ပြလိုက်သည်။

ထိုဧည့်သည်များကို သူ ကြိုတင် လာဘ်ထိုးထားပြီးဖြစ်ရာ ယောင်ချောင်ဖန်၏ အချက်ပြမှုကို မြင်သည်နှင့် ထို ရှေးရိုးစွဲ စာပေပညာရှင်များသည် သူတို့၏ အစီအစဉ်ကို စတင်ရန် ပြင်ဆင်လိုက်ကြသည်။

ထို့နောက် သူတို့ထဲမှ တစ်ယောက်သည် လှောင်ပြောင်သော လေသံဖြင့် ရယ်မောကာ ပြောလိုက်သည်။

"တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်ရှင်ကြီးပါလား၊ နှမြောစရာကောင်းတာက... လူက ဘာမှ မသိနားမလည်တဲ့သူ ဖြစ်နေတာပဲ"

ထိုစကားကြောင့် အခြားဧည့်သည်အချို့ကလည်း ရယ်မောကြလေသည်။

"အစ်ကိုလျူ ပြောတာ မှန်တယ်၊ တချို့လူတွေက လေပဲ ကြီးနေကြတာ"

"ကျွတ်... ကျွတ်... ငါ ကြားတာတော့ အဲ့တစ်ယောက်က ထန်မိသားစုထဲ ရောက်လာကတည်းက စားလိုက် အိပ်လိုက် လုပ်တာကလွဲပြီး ဘာမှမလုပ်ဘူးတဲ့၊ ကဗျာအခြေခံလေးတောင် နားလည်ရဲ့လား မသိဘူး၊ ဒီလိုလူကများ အခုလို စကားပြောရဲသေးတယ်"

ထိုစကားများမှာ အလွန် ရိုင်းစိုင်းပြီး နားထောင်ရ ဆိုးရွားလှသည်။

ထန်လင်းအာ၏ မျက်နှာထားမှာ ပြောင်းလဲသွားသည်။

ရွှယ်အန်းက သူမကို ငြင်းပယ်ခဲ့သော်လည်း ထိုလေလုံးထွားသော စာပေပညာရှင် အယောင်ဆောင်များကြောင့် ရွှယ်အန်း၏ ဂုဏ်သိက္ခာကို ညစ်နွမ်းစေမည်ကို သူမ မလိုလားပေ။

သူတို့၏ ရန်စမှုများကို ရွှယ်အန်းက ပြန်မတုံ့ပြန်ရဲပါက သူ့ဂုဏ်သိက္ခာမှာ ပျက်စီးသွားပေလိမ့်မည်။

စာပေပညာရှင်တစ်ယောက်အတွက် ဂုဏ်သိက္ခာ ပျက်စီးခြင်းသည် သူ့တစ်သက်တာလုံး နန်းတွင်း၌ဖြစ်စေ၊ စာပေလောက၌ဖြစ်စေ တက်လမ်းမရှိတော့ခြင်းကို ဆိုလိုသည်။

ထိုသည်ကိုကြည့်ခြင်းအားဖြင့် ဤလူများ၏ ယုတ်မာသော ရည်ရွယ်ချက်ကို သိသာစေသည်။

ထို့ကြောင့် ထန်လင်းအာသည် ထိုလူအုပ်စုကို ဝင်ရောက် ဆူပူကြိမ်းမောင်းရန် စိတ်ကူးလိုက်သည်။

သို့သော် ထိုအချိန်ပင် ရွှယ်အန်း၏ အကြည့်တို့မှာ ပို၍ အေးစက်လာသော်လည်း နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးတစ်ခု ပေါ်လာသည်။

"အော်... ဒါဆို ခင်ဗျားတို့အားလုံးရဲ့ စာပေစွမ်းရည်တွေက တော်တော်လေး ထူးချွန်ပြောင်မြောက်ကြပုံပဲနော်"

"ငါတို့က ထူးချွန်ပြောင်မြောက်တယ်လို့တော့ မကြွားဝါပါဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ တချို့လူတွေထက် အများကြီး သာတယ်"

ယပ်တောင်ကို ကိုင်ထားသော သက်လတ်ပိုင်း စာပေပညာရှင်တစ်ယောက်သည် မာန်မာနအပြည့်ဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ၊ ခင်ဗျားတို့က တော်နေမှတော့ ပြိုင်ပွဲတစ်ပွဲလောက် ယှဉ်ပြိုင်ကြမလား"

"ပြိုင်ပွဲဖ ဘာပြိုင်ပွဲလဲ"

သက်လတ်ပိုင်း ပညာရှင်က ရွှယ်အန်းကို အထင်သေးစွာ ကြည့်လိုက်သည်။

"ကဗျာစပ်ပြီး အနိုင်အရှုံး ဆုံးဖြတ်ကြရင် ဘယ်လိုလဲ"

ရွှယ်အန်းက ပေါ့ပါးစွာပင် အကြံပြုလိုက်သည်။

ထိုစကားကို ကြားသောအခါ စာပေပညာရှင် ဧည့်သည်အုပ်စုမှာ အံ့အားသင့်သွားကြသည်။

အထူးသဖြင့် သက်လတ်ပိုင်း ပညာရှင်မှာ လန့်ဖျပ်သွားပြီးနောက် သရော်လိုက်သည်။

"မင်းက ငါနဲ့ ကဗျာပြိုင်ချင်တာလား၊ သေချာလို့လား"

ရွှယ်အန်းက ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။

"ဟုတ်တယ်၊ သေချာတယ်"

"ကောင်းပြီ၊ မင်းကိုယ်တိုင် ပြောတာနော်၊ ဘယ်လိုယှဉ်ပြိုင်ကြမလဲ"

သက်လတ်ပိုင်း ပညာရှင်၏ မျက်နှာပေါ်တွင် နိုင်မှာသေချာသော အမူအရာ ပေါ်လာသည်။

သူ့အမြင်တွင် ရွှယ်အန်းက ပါးရိုက်ရန် အိမ်တိုင်ရာရောက် လာသည်ဟုသာ မြင်သည်။

သူသည် နာမည်ကြီး ပညာရှင်တစ်ယောက် မဟုတ်သော်လည်း သူ့ကဗျာစပ်စွမ်းရည်မှာ ချီးကျူးလောက်ပေသည်။

ထို့ကြောင့် သူသည် ယုံကြည်မှုအပြည့်ရှိနေသည်။

ထိုအချိန်တွင် ရွှယ်အန်းက ပြောလိုက်သည်။

"ရိုးရိုးလေးပါပဲ၊ နိုင်တဲ့သူက အကုန်ယူမယ်၊ ရှုံးတဲ့သူကတော့... အသက်နဲ့ ပေးဆပ်ရမယ်၊ ဘယ်လိုလဲ"

တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထို့နောက် လူအုပ်ကြားထဲတွင် တီးတိုးရေရွတ်သံများ ထွက်ပေါ်လာသည်။

အထူးသဖြင့် ထန်လင်းအာမှာ ထိတ်လန့် တုန်လှုပ်သွားပုံရသည်။

ကဗျာပြိုင်ပွဲတစ်ခုက ဘယ်လိုလုပ် အသက်အန္တရာယ်အထိ စွန့်စားရတာမျိုး ဖြစ်နိုင်မှာလဲ...

ထို့ကြောင့် သူမသည် ရွှယ်အန်းကို တားမြစ်ရန် စိတ်လောသွားသည်။

သို့သော် ထိုအချိန်တွင် ယောင်ချောင်ဖန်က ဦးအောင် ထပြောလိုက်သည်။

"ကောင်းတယ်၊ တကယ့် ယောက်ျားကောင်းပဲ၊ ဒီလိုဆိုရင် သဘောတူလိုက်ပြီ၊ ခင်ဗျား ဘယ်လိုသဘောရလဲ"

ထို သက်လတ်ပိုင်းပညာရှင်မှာ အစက တွန့်ဆုတ်နေသော်လည်း ယောင်ချောင်ဖန်က သူ့အစား ဝင်ဖြေပေးလိုက်သည်ကို မြင်သောအခါ အံကိုတင်းတင်းကြိတ်ပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ မင်းပြောတဲ့အတိုင်းပဲပေါ့"

ထန်လင်းအာမှာ အလွန် စိုးရိမ်ပူပန်သွားပြီး တိုးတိုးလေး မေးလိုက်သည်။

"ရွှယ်အန်း... ရှင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ရွှယ်အန်းက သူမကို ပြုံးပြလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး၊ ပျင်းနေတာနဲ့ တချို့လူတွေကို သင်ခန်းစာ နည်းနည်း ပေးချင်လို့ပါ"

"ဒါပေမဲ့ ရှင်..."

ထန်လင်းအာက တစ်ခုခု ဆက်ပြောချင်နေသေးသည်။

သက်လတ်ပိုင်း ပညာရှင်မှာ ရွှယ်အန်းက ဦးဆာင်သွားမည်ကို စိုးရိမ်သဖြင့် ထလိုက်သည်။

"ဒါပေမဲ့ ခေါင်းစဉ်က ဘာဖြစ်မလဲ"

ရွှယ်အန်းက ဂရုမစိုက်သကဲ့သို့ ပြောလိုက်သည်။

"ကြိုက်တာလုပ် ကျုပ်က အကုန် အဆင်ပြေတယ်"

ထို မောက်မာသော လေသံက လူအုပ်ကြီးကို မကျေမနပ် ဖြစ်စေခဲ့သည်။

အထူးသဖြင့် ထန်ရှန်းကိုဖြစ်သည်။

သူသည် ရွှယ်အန်း မည်သို့ကျရှုံးသွားမည်နည်းဆိုသည်ကို စောင့်ကြည့်ရန် စားပွဲခုံနောက်တွင် အေးအေးလူလူ ထိုင်နေလိုက်သည်။

ထိုအချိန်တွင် ယောင်ယွီက ပြတင်းပေါက် အပြင်ဘက်ရှိ တောက်ပသော နွေဦးရာသီ ရှုခင်းကို ရုတ်တရက် ညွှန်ပြလိုက်သည်။

"ဒါဆိုရင်၊ နွေဦးရှုခင်းကို ခေါင်းစဉ်ယူကြရင် ဘယ်လိုလဲ"

ထိုစကားကို ကြားသောအခါ သက်လတ်ပိုင်း ပညာရှင်၏ စိတ်နှလုံးမှာ ဝမ်းသာအားရ ဖြစ်သွားသည်။

သူသည် ရှုခင်းကိုဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးစပ်ရာတွင် ကျွမ်းကျင်သူဖြစ်ရာ ဤခေါင်းစဉ်က သူ့အကြိုက် ဖြစ်နေသည်။

ရွှယ်အန်းကတော့ ဘာမှ ဝင်မပြောပေ။

သက်လတ်ပိုင်းပညာရှင်သည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး ရုတ်တရက် သူ့ယပ်တောင်ကို ရိုက်လိုက်သည်။

"ငါသိပြီ"

ထိုသို့ပြောပြီးနောက် သူသည် စက္ကူပေါ်တွင် ကဗျာတစ်ပုဒ်ကို လျင်မြန်စွာ ရေးချလိုက်သည်။

အသံကျယ်ကျယ်ဖြင့် ဖတ်ပြပြီးသောအခါ အခန်းထဲတွင် လက်ခုပ်သံများ လွှမ်းသွားသည်။

"တကယ့် ကဗျာကောင်းပဲ"

"လအနည်းငယ်အတွင်းမှာ အစ်ကိုလျူရဲ့ ကဗျာစွမ်းရည်က ပိုတိုးတက်လာတာပဲ၊ နွေဦးကို ချီးကျူးထားတဲ့ ဒီကဗျာက တကယ်အဓိပ္ပာယ်ရှိတယ်၊ တကယ့်ကို လက်ရာကောင်းပဲ၊ ချီးကျူးပါတယ်ဗျာ"

စာကြည့်ဆောင်တစ်ခုလုံး ချီးကျူးသံများဖြင့် ပြည့်နှက်သွားသည်။

သက်လတ်ပိုင်း ပညာရှင်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရွှယ်အန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"သခင်လေးရွှယ်၊ မင်းအလှည့်ရောက်ပြီ"

ထိုအချိန်တွင် ရွှယ်အန်းသည် နွေဦးရောင်ခြည်များကို ငေးကြည့်ရင်း ဈာန်ဝင်နေသကဲ့သို့ ဖြစ်နေသည်။

"ဟားဟား၊ ဘာမှ မရေးနိုင်တော့ဘူးလား"

"တကယ်ကို သေလမ်းရှာတာပဲ"

"ငါပြောသားပဲ၊ အပြင်ပန်းပဲ ကြွားပြီး အတွင်းမှာ ဘာမှမရှိတဲ့ လူပါလို့"

ထိုလှောင်ပြောင်သရော်သံများကြားတွင် ထန်လင်းအာသည် ဇဝေဇဝါဖြင့် ကြည့်နေမိသည်။

အဘယ်ကြောင့်ဆိုသော်သော် သူမသည် ရွှယ်အန်း၏ မျက်ဝန်းထဲမှ အထီးကျန်ဆန်မှုကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ထိုခံစားချက်က သူမ၏ ရင်ထဲကို ဟာတာတာ ဖြစ်သွားစေသည်။

သူ ဘာတွေများ ကြုံတွေ့ခဲ့ရတာလဲ...၊

ဘာကြောင့် သူ့မျက်လုံးတွေထဲမှာ ဒီလောက် ပြင်းထန်တဲ့ ခံစားချက်တွေ ရှိနေရတာလဲ...

ထန်လင်းအာမှာ သံသယများဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်မှာပင် ရွှယ်အန်းက ခေါင်းကို လှည့်လာပြီး အနည်းငယ် ပြုံးလိုက်သည်။

"ငါသိပြီ၊ နားထောင်ပေးကြပါဦး"

ထိုသို့ ပြောပြီးနောက် ရွှယ်အန်းက တိုးညှင်းစွာ ရွတ်ဆိုလိုက်သည်။

"ရေပြင်ထက်က မျက်ဝန်းမှ ရေ..."

အစပိုင်းတွင် ထိုပညာရှင်များသည် ရွှယ်အန်းသညါ သက်လတ်ပိုင်း ပညာရှင်ထက် သာလွန်သော ကဗျာတစ်ပုဒ်ကို ဘယ်တော့မှ ရေးနိုင်မည် မဟုတ်ဟု ယုံကြည်ထားကြသဖြင့် အထင်သေးသော မျက်နှာထားများ ဖြစ်နေကြသည်။

သို့သော် ရွှယ်အန်း၏ နှုတ်မှ ပထမဆုံး စာသား ထွက်လာသည်နှင့် တစ်ပြိုင်နက် ရှိနေသူအားလုံး၏ နှလုံးသားများ တုန်လှုပ်သွားကြပြီး အသံများအားလုံး ချက်ချင်း ပျောက်ကွယ်သွားသည်။

လူတိုင်း တိတ်ဆိတ်သွားပြီး ငြိမ်သက်စွာ နားထောင်နေကြသည်။

ရွှယ်အန်းက ဆက်လက် ရွတ်ဆိုလိုက်သည်။

"ရေပြင်ထက်က မျက်ဝန်းမှ ရေ၊

တောင်တန်းပမာ မျက်ခုံးတန်းသွယ်သွယ်၊

ခရီးသွားသူ ဘယ်ဆီသွားမည်ဟု အမေးထုတ်ရင်...

မျက်ခုံးနှင့် မျက်ဝန်းဆီကိုသာ လှမ်းချင်ပါဘိ။

နွေဦးကို နှုတ်ဆက်လိုက်ရုံတင်မပြီး အရှင့်ကိုလည်း နှုတ်ဆက်လိုက်ရပြန်ပြီ၊

အကယ်၍ မြစ်တို့၏ တောင်ဘက်ကမ်း၌ နွေဦးနှင့်တွေ့လျှင်

နွေဦးနှင့်ပဲ ထာဝရနေချင်တော့ပြီ.."

ကဗျာပြီးဆုံးသွားသောအခါ အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ လူတိုင်းမှာလည်း မှင်သက်မိလျက်သား ဖြစ်နေကြတော့သည်။

အခန်း (၉၁၅) - နိုင်သူအကုန်ယူ၊ ရှုံးသူအသက်ပေးကြေး

"ဒါ... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

သက်လတ်ပိုင်း စာပေပညာရှင်က မယုံကြည်နိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

ကျန်ရှိနေသော ဧည့်သည်များမှာလည်း မယုံကြည်နိုင်မှုကြောင့် တုန်လှုပ်နေကြသည်။

စာပေအကြောင်း လုံးဝ နားမလည်သူများပင်လျှင် ဤကဗျာတိုလေးမှာ နှစ်လိုဖွယ်ကောင်းကြောင်း ပြောနိုင်ပေသည်။

ကဗျာ၊ လင်္ကာများကြားတွင် ဘဝကို မြှုပ်နှံထားကြသော ဤလူအုပ်စုအတွက်ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။

သူတို့အမြင်တွင် ရွှယ်အန်း၏ လက်ရာသည် ပေါ့ပါးသော်လည်း အထီးကျန်ဆန်သော ဆွေးမြေ့မှု အရိပ်အယောင်တစ်ခု ကိန်းအောင်းနေသည်။

ထိုကဲ့သို့ခံစားချက်မျိုး ထည့်သွင်းဖွဲ့နွဲ့ပြီး ဖော်ကျူးထားသည့် လက်ရာမျိုးသည် သက်လတ်ပိုင်းပညာရှင်၏ ကဗျာကို ကျော်လွန်ရုံ သက်သက်သာမဟုတ်တော့ပေ။

၎င်းသည် နွေဦး ကဗျာ အတတ်ပညာကို သိသိသာသာ အဆင့်မြှင့်တင်လိုက်ခြင်းပင် ဖြစ်သည်။

လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း အကောင်းဆုံး နွေဦးဖွဲ့ ကဗျာတစ်ပုဒ်ဟုပင် ခေါ်ဆိုနိုင်သည်။

ဤမျှကြီးမားသော စွမ်းရည် ကွာဟချက်ကြောင့် စာပေပညာရှင်များမှာ စကားမပြောနိုင်လောက်အောင် ဆွံ့အသွားကြသည်။

ထန်ရှန်းနှင့် သူ့သမီး ထန်လင်းအာတို့လည်း ထပ်တူထပ်မျှ အံ့အားသင့်နေကြသည်။

ထန်ရှန်းသည် ဤလူငယ်သည် လက်ရာမြောက်သော ကဗျာကို ရေးစပ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ထန်လင်းအာမှာမူ စိတ်ခံစားချက်များ ရှုပ်ထွေးနေမိသည်။

အဘယ်ကြောင့်ဆိုသော်သော် သူမသည် ထိုကဗျာကို နားလည်သောကြောင့် ဖြစ်သည်။

သူမသည် မိန်းမသားတစ်ဦး ဖြစ်သည့်အားလျော်စွာ သူမ၏ အတွေးများသည် သဘာဝကျကျပင် အခြားသူများထက် ပို၍ နူးညံ့သိမ်မွေ့သည်။

ထို့ကြောင့် သူမ၏ မျက်လုံးထဲတွင် ဤအရာသည် နွေဦး ကဗျာ သက်သက်မဟုတ်ဘဲ အမျိုးသားတစ်ဦးက သူချစ်ရသူအပေါ် ထားရှိသော နက်ရှိုင်းသည့် ချစ်ခြင်းမေတ္တာကို ဖော်ပြနေခြင်း ဖြစ်သည်။

ပထမ စာကြောင်းနှစ်ကြောင်းကို ကြည့်လျှင် အမျိုးသမီးတစ်ယောက်အပေါ် နက်ရှိုင်းသော စွဲလမ်းမှု မရှိပါက ဤမျှ ရင်သပ်ရှုမောဖွယ် စာသားမျိုးကို မည်သူ ဖွဲ့ဆိုနိုင်မည်နည်း။

ယခုအချိန်တွင် ရွှယ်အန်း ငြင်းပယ်ခဲ့လဲဆိုသည်ကို ထန်လင်းအာ နောက်ဆုံးတော့ နားလည်သွားပြီ ဖြစ်သည်။

သို့သော် တစ်ချိန်တည်းမှာပင် သူမ၌ ပြင်းထန်သော ဖီဆန်လိုစိတ်များ ဖြစ်ပေါ်လာသည်။

သူမသည် အခြားသူများထက် မနိမ့်ကျဟု ယုံကြည်ထားသဖြင့် ရွှယ်အန်းကို ဤမျှ စွဲလမ်းစေသော အမျိုးသမီးက ဘယ်လိုပုံစံမျိုးလဲ ဆိုသည်ကို သိချင်လာသည်။

စီးပွားရေးလောကတွင် သွေးထွက်သံယို လေ့ကျင့်လာခဲ့သော ဇွဲလုံ့လနှင့် ယုံကြည်မှုများက သူမကို အရှုံးမပေးလိုသော စိတ်ဓာတ်ဖြင့် ပြည့်နှက်သွားစေသည်။

သူမ ယှဉ်ပြိုင်ချင်သွားမိသည်၊ သူမ ရှုံးနိမ့်မည်ဟု မယုံကြည်သောကြောင့် ဖြစ်သည်။

တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်နေချိန်တွင် ယောင်ချောင်ဖန်သည် နောက်ဆုံး၌ မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ မတ်တတ်ထရပ်ကာ ရွှယ်အန်းကို မနာလိုဝန်တိုမှု၊ နာကြည်းမှုများဖြင့် စိုက်ကြည့်ပြီး ယုတ်မာသော လေသံဖြင့် ပြောလိုက်သည်။

"ကဗျာက တကယ် ကောင်းပါတယ်၊ ဒါပေမဲ့ ခင်ဗျားရေးတာ မဟုတ်ဘူးလို့ ကျွန်ုပ် ခံစားနေရတယ်"

"ဟမ်..."

ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"ဘာလို့ အဲ့ဒီလိုထင်ရတာလဲ"

ယောင်ချောင်ဖန်သည် မောက်မာစွာဖြင့် ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ရှေးဟောင်းကျမ်းစာအုပ် တစ်အုပ်ကို ငါရခဲ့ဖူးတယ်၊ အဲ့ဒီအထဲမှာ ဒီကဗျာအတိုင်း ပါနေတာကို မြင်ခဲ့ဖူးလို့ပဲ၊ နှစ်ကာလတွေ ကြာမြင့်နေပြီဖြစ်လို့ ရေးတဲ့သူကို အတည်မပြုနိုင်တာ တစ်ခုပဲ ရှိတယ်၊ ဒါကို ဘယ်လိုလုပ် ခင်ဗျားလက်ရာလို့ ပြောနိုင်မှာလဲ"

လူအများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ယောင်ချောင်ဖန်၏ စကားကြောင့် တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။

ယောင်ချောင်ဖန်သည် အခြေအမြစ်မရှိ စွပ်စွဲနေသည်ကို အရူးတစ်ယောက်ပင် ပြောနိုင်ပေသည်။

ဤကဲ့သို့သော ကဗျာမျိုးသည် အချိန်ကာလထဲတွင် လွယ်လွယ်ကူကူ ပျောက်ကွယ်သွားမည် မဟုတ်ပေ။

ပြီးတော့ ရှားပါး ရှေးဟောင်းစာအုပ် ဟုတ်လား၊ တကယ်သာ ရှိခဲ့မယ်ဆိုရင် ယောင်ချောင်ဖန်က ဒီလိုကဗျာမျိုးကို ဟိုးအရင်ကတည်းက ထုတ်သုံးပြီးလောက်ပြီ မဟုတ်လား...

သို့သော် ယောင်ချောင်ဖန်သည် ထန်မိသားစုထဲတွင် သြဇာအာဏာ ကြီးမားသူဖြစ်သဖြင့် အများစုမှာ ဝင်မပြောရဲကြပေ။

ထန်လင်းအာ တစ်ယောက်သာ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။

"ဪ... ဒါဆိုရင် မစ္စတာယောင်က အဲ့ဒီ ရှေးဟောင်းစာအုပ်ကို ငါတို့အားလုံး မြင်ရအောင် ဘာလို့ ထုတ်မပြတာလဲ"

ယောင်ချောင်ဖန်က မျက်တောင်ပင် မခတ်ဘဲ ပြန်ပြောသည်။

"ကံဆိုးစွာနဲ့ပဲ နှစ်သစ်ကူးအကြိုနေ့ မတိုင်မီလေးမှာ အဲဒီ ရှေးဟောင်းစာအုပ်က မတော်တဆ မီးထဲကျပြီး လောင်ကျွမ်းသွားခဲ့တာ"

"ရှင်..."

ထန်လင်းအာမှာ ဒေါသထွက်လွန်း၍ ယောင်ချောင်ဖန်၏ အရှက်မဲ့မှုကို ပြောရန်ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင်ပင် ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"ငါက သူများဟာကို ခိုးချထားတယ်လို့ မင်းပြောချင်တာလား"

ယောင်ချောင်ဖန်က မဲ့ပြုံးပြုံးလိုက်သည်။

"အဲ့ဒီလိုပြောလို့လည်း ရတာပေါ့"

ရွှယ်အန်းက ရယ်မောလိုက်သည်။

သို့သော် ရွှယ်အန်း၏ အပြုံးကို မြင်သောအခါ ယောင်ချောင်ဖန်၏ ရင်ထဲတွင် စိမ့်ခနဲ ခံစားလိုက်ရသည်။

"အဲ့ဒီ ရှေးဟောင်းကျမ်းစာထဲမှာ ဒီကဗျာအပြင် တခြားလက်ရာတွေရော မင်း မြင်ခဲ့သေးလား"

ရွှယ်အန်းက ပေါ့ပါးသောလေသံဖြင့် မေးလိုက်သည်။

ယောင်ချောင်ဖန်က ခေါင်းခါလိုက်သည်။

"ဒါပေါ့ မရှိဘူး၊ စာအုပ်က မပြည့်စုံတော့ဘူးလို့ ငါ ပြောခဲ့တယ်လေ၊ စာလုံးအများစုက ဖတ်မရတော့ဘူး၊ ဒီကဗျာလေး တစ်ပုဒ်ပဲ ဝိုးတဝါး ဖတ်လို့ရတော့တာ"

ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ မင်းပြောတာနော်"

ယောင်ချောင်ဖန်က တစ်ခုခု ပြောရန် ပြင်လိုက်ချိန် ရွှယ်အန်းက လက်ကာပြလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းပြောတာကို ငါယုံပါတယ်၊ ဒါပေမဲ့ ငါပြောချင်တာက. နောက်ထပ် ကဗျာတစ်ပုဒ်ကိုကျတော့ မင်း ဘယ်လို ရှင်းပြမလဲ"

လူအုပ်ကြီးမှာ သူ့စကားကြောင့် လန့်ဖျပ်သွားကြသည်။

ဖြစ်နိုင်တာက...

ရွှယ်အန်းက ခြေတစ်လှမ်း တိုးလိုက်ပြီး တိုးညှင်းစွာ ရွတ်ဆိုသည်ကို သူတို့ မြင်လိုက်ရသည်။

"နွေဦး မရောက်သေးပေမယ့် မြင်ကွင်းကတော့ အသည်းနှလုံးကို ကြေမွစေတယ်၊

လှေကားထစ်အောက်မှာ ပြန့်ကျဲနေတဲ့ နှင်းပွင့်များလို ဇီးပွင့်များကို ဖယ်ကျင်းလိုက်ပေမယ့်...

အင်္ကျီပေါ်မှာတော့ တင်နေဆဲပဲ၊

ငန်းများကလည်း သတင်းစကား မသယ်ဆောင်လာနိုင်ချိန်

ဝေးကွာသော ခရီးလမ်းကြောင့် အိမ်ပြန်ချင်စိတ် အိပ်မက်လည်းမပြည့်ဝနိုင်ဘူး

ခွဲခွာခြင်းဆိုတဲ့ သောကတွေက နွေဦးမြက်ခင်းများလို...

ဝေးလေလေ ပိုလှမ်းချင်‌ပေမယ့် ဝေးလေလေပေါ့..."

ထိုသို့နှင့် ကဗျာတစ်ပုဒ်သည် လျင်မြန်စွာပင် ပြီးဆုံးသွားသည်။

ထိုအခါ လူတိုင်း အသက်ပြင်းပြင်း ရှူရှိုက်လိုက်ကြသည်။

ဤသည်မှာယခင်လက်ရာနှင့် လုံးဝ မတိမ်းယိမ်းယှဉ်နိုင်သော နောက်ထပ် ကဗျာတစ်ပုဒ်ဖြစ်သည်။

သာမန် စာတတ်ပေတတ်တစ်ယောက် အနေဖြင့် ဘဝတစ်လျှောက်လုံးတွင် ဤကဲ့သို့သော လက်ရာမျိုး တစ်ပုဒ် ရေးစပ်နိုင်ရုံဖြင့် ကျေနပ်ဖွယ်ရာ ဖြစ်နေလောက်သည်။

သို့သော် ရွှယ်အန်းက လက်ဖက်ရည်တစ်ခွက် သောက်စာ အချိန်လေးအတွင်းမှာပင် ဤကဲ့သို့သော ကဗျာနှစ်ပုဒ်ကို ရေးဖွဲ့ခဲ့သည်။

ထိုသတင်းသာ ပြန့်သွားပါက လူပေါင်းများစွာကို တုန်လှုပ်စေမည်မှာ အသေအချာဖြစ်သည်။

ယောင်ချောင်ဖန်၏ ယခင်က စွပ်စွဲချက်များလည်း ပျက်ပြယ်သွားပြီဖြစ်သည်။

ယောင်ချောင်ဖန်သည် ရွှယ်အန်းကို ကြောင်ငေးကြည့်နေပြီး သူ့မျက်အမူအရာမှာ အမျိုးမျိုး ပြောင်းလဲနေကာ လည်ချောင်းထဲမှလည်း တစ်နေသောကြောင့် အသံများပင် ထွက်ပေါ်နေသည်။

ရွှယ်အန်းကအခြေအနေကို ထိုသို့ပြောင်းပြန်လှန်ပစ်နိုင်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

ရွှယ်အန်းက သူ့ကို အနည်းငယ် ပြုံးကာ ကြည့်လိုက်သည်။

"အခုရော... မင်း ဘာပြောစရာရှိသေးလဲ"

ယောင်ချောင်ဖန်သည် တဖြည်းဖြည်း သတိပြန်ဝင်လာပြီးနောက် အရှက်ရခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောပြွမ်းလျက် အေးစက်စွာ နှာမှုတ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

"နေဦး"

"ဟမ်၊ မင်း ဘာလိုချင်လို့လဲ၊ ဒီကဗျာကို မင်း ရေးစပ်ခဲ့တယ်ဆိုရင်တောင် မင်း ဘာလုပ်နိုင်မှာလဲ၊ ငါ အခုလေးတင် ပြောခဲ့တာတွေက မမှားဘူး"

ယောင်ချောင်ဖန်က အရှက်မရှိ စတင် ပြောဆိုလေသည်။

"ငါပြောချင်တာ အဲ့တာမဟုတ်ဘူ"

ရွှယ်အန်းက သွားဖြူဖြူလေးများ ပေါ်လာသည်အထိ မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်သည်။

"ငါ မင်းကိုသတိပေးချင်ရုံပါ၊ ငါ ပြောခဲ့တယ်လေ ဒီပွဲက အသက်နဲ့ ရင်းရမယ်လို့"

"မင်း... မင်း ဘာကို ဆိုလိုတာလဲ"

ယောင်ချောင်ဖန်၏ မျက်နှာသည် ဖြူဖျော့သွားသည်။

ရွှယ်အန်းက သူ့လက်ချောင်းများကို ပျင်းရိစွာ ကစားရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"ရိုးရိုးလေးပါပဲ၊ ငါ့ထက်သာတဲ့ ကဗျာတစ်ပုဒ်ကို မင်းရေးနိုင်ရင် မင်းကို လွှတ်ပေးမယ်၊ မဟုတ်ရင်တော့... မင်း အသက်ပေးရမယ်"

ဘာ...

ယောင်ချောင်ဖန်သည် သူ့နားသူ မယုံနိုင်သကဲ့သို့ ဖြစ်သွားပြီး ဒေါသကြောင့် အထင်သေးစွာ ရယ်မောလိုက်သည်။

"ရွှယ်အန်း၊ မင်း..."

သူသည် ရွှယ်အန်း ရူးသွားပြီဟု ပြောရန် ပြင်လိုက်သည်။ ထိုသို့မဟုတ်ပါက ဤသို့စကားမျိုး မည်သို့ပြောထွက်ရဲမည်နည်း။

သို့သော် သူ စကားမပြောနိုင်ခင်မှာပင် ရွှယ်အန်းက ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်သည်။

ဓားအလင်းတန်း တစ်ချက်သည် ဖြတ်သန်းသွားပြီး ဘေးတွင် ရပ်နေသော သက်လတ်ပိုင်း စာပေပညာရှင်၏ လည်ပင်းမှာ နေရာမှာတင် ပြတ်ရှသွားလေသည်။

သွေးများလည်း ပန်းထွက်လာသည်။

ရွှယ်အန်း တိုက်ခိုက်ရဲလိမ့်မည်ဟု ထိုသက်လတ်ပိုင်းပညာရှင်သည် အိပ်မက်ပင် မမက်ခဲ့ဖူးပေ။ ထို့ကြောင့် လက်နှစ်ဖက်ဖြင့် လည်ပင်းကို အသည်းအသန် အုပ်ကိုင်ရင်း ရွှယ်အန်းကို ကြောက်လန့်တကြား မျက်လုံးများဖြင့် စိုက်ကြည့်ကာ သူ့အလောင်းမှာ ကြမ်းပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားသည်။

ထိုမြင်ကွင်းကြောင့် ရှိနေသူအားလုံး တုန်လှုပ်သွားကြသည်။

ရွှယ်အန်းကမူ မျက်နှာဖြူဖျော့နေပြီဖြစ်သော ယောင်ချောင်ဖန်ကို ကြည့်ကာ ဖျော့တော့စွာ ပြုံးလိုက်သည်။

"သူက အခုပဲ ရှုံးသွားလို့ သေသွားပြီ! ကဲ... အခု မင်းအလှည့်ပဲ"

ယောင်ချောင်ဖန်မှာ အလွန်တုန်လှုပ်သွားပြီး အံ့အားသင့်မှုများကြားမှ သတိပြန်ဝင်လာသည်။

"မင်း... မင်း... မင်းက တကယ် သတ်ရဲတယ်ပေါ့"

ရွှယ်အန်းက ပေါ့ပါးသော လေသံဖြင့် ပြောလိုက်သည်။

"ဘာလို့ မသတ်ရဲရမှာလဲ ငါပြောခဲ့တယ်လေ၊ ရှုံးတဲ့သူ အသက်ပေးရမယ်လို့၊ အခု ငါ မင်းကို ၁၀ထိ ရေတွက်ချိန် ပေးမယ်၊ အဲဒီအချိန်အတွင်း ကဗျာတစ်ခုခု ထွက်မလာရင်တော့. မင်းခေါင်းက မင်းခန္ဓာကိုယ်ကို နှုတ်ဆက်သွားရလိမ့်မယ်"

"ဒါကြောင့် မင်းရဲ့အချိန်ကို တန်ဖိုးထားပါ”

All Chapters