အခန်း (၂၂၁-၂၂၃)
Vol. 20 Ch. 221-223
ယန်နတ်ဘုရား စာစဉ် (၂၀)။
ဘာသာပြန်သူ နေဇင်။
အခန်း (၂၂၁)။
“ငါ တကယ်ကို အစွမ်းထက်လာခဲ့ပြီ။ တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာပြီးနောက်၊ ပထမဆုံး တိုက်ပွဲမှာတင် ကျွမ်းကျင်သူနှစ်ဦးနဲ့ သူတို့ရဲ့ မှော်ရတနာတွေကို ရင်ဆိုင်နိုင်ပြီး ထိခိုက်ဒဏ်ရာမရှိဘဲ ဆက်လက် ရပ်တည်နိုင်ခဲ့တယ်။ ဒါပေမယ့် အခု ငါ ဖျက်ဆီးခြင်းမင်စီလာဘုရင်ရဲ့ အစစ်အမှန်ပုံစံကို ဖော်ထုတ်လိုက်ပြီးပြီ။ အတိတ်ကျမ်းကို တချို့လူတွေ မှတ်မိသွားမှာ စိုးရိမ်ရတယ်။ ဒါပေမယ့် အခု ငါ ရွှေပင့်ကူဘုရင်အဖြစ် ဟန်ဆောင်နေတယ်။ တချို့လူတွေ ခန့်မှန်းမိရင်တောင်၊ သူတို့ဟာ ဒီနတ်ဆိုးဘုရင်ကိုပဲ သံသယဝင်လိမ့်မယ်။ ကျင်းရွှမ်အာဆီကနေ သင်ယူခဲ့တဲ့ အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းက ဒီလို အကျိုးအာနိသင်မျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး…။”
ဟုန်ယွိသည် ဖျက်ဆီးခြင်းမင်စီလာဘုရင်၏ အစစ်အမှန်ပုံစံကို ဖော်ထုတ်ပြီး၊ ဖျက်ဆီးခြင်းစိတ်ဆန္ဒကို အသုံးပြု၍ ကြာပန်းပုံစံမီးလျှံများကို ဆင့်ခေါ်ကာ မရဏအနက်ရောင်နတ်ဆိုးသန့်စင် ဝိညာဉ်ပိုက်ကွန်ကို ဖျက်ဆီးလိုက်သည့်အခါ၊ သူသည် အတိတ်ကျမ်းကို ဖော်ထုတ်မိသည်ကို ဂရုမစိုက်သလို မည်သည့်စိုးရိမ်ထိတ်လန့်မှုမျိုးကိုမှလည်း မခံစားရပေ။
သူ၏နှလုံးသားထဲတွင်၊ သူ၏ စိတ်သဘာဝသည် ရေကဲ့သို့ ကြည်လင်ပြီး၊ ဗျူဟာများနှင့် အစီအစဉ်များ အားလုံး အစီစီရှိနေသည်။
ဒိုင်ဇင်ဘုရားကျောင်းတွင် ‘မင်စီလာခန်းမ’ ရှိသည်။ ယေဘုယျအားဖြင့်၊ ဗုဒ္ဓဘာသာကို ရင်းနှီးကျွမ်းဝင်သော တာအိုပညာရှင်များသည် ဟုန်ယွိက ဖျက်ဆီးခြင်းမင်စီလာဘုရင်ကို ဖော်ထုတ်လာသည်ကို မြင်သောအခါ၊ ၎င်းသည် မင်စီလာခန်းမ၏ တာအိုပညာများသာ ဖြစ်မည်ဟု ထင်မှတ်ကြမည် ဖြစ်ပြီး၊ အတိတ်ကျမ်းဟု ထင်ကြလိမ့်မည် မဟုတ်ပေ။
ကျောက်ဖေးရုန် သို့မဟုတ် ယန်ကျင့်ကျုံတို့ကဲ့သို့ ဒိုင်ဇင်ဘုရားကျောင်း၏ ကျမ်းစာများကို ရင်းနှီးကျွမ်းဝင်သော ကျွမ်းကျင်သူများရှိခဲ့လျှင်ပင်၊ သူတို့သည် ရွှေပင့်ကူဘုရင်ကိုသာ ရှာဖွေကြလိမ့်မည်။
ရွှေပင့်ကူဘုရင်ဖြစ်သည့် နတ်ဆိုးအင်မော်တယ်ဘုရင်သည် သဲလွန်မရှိ သွားလာတတ်ပြီး၊ ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်ခြင်း၏ ဘုရင်တစ်ပါးအဖြစ် လူသိများသည်။ သူ၏ အစစ်အမှန် လှုပ်ရှားမှုများကို မည်သူမျှ ဖမ်းဆုပ်နိုင်မည် မဟုတ်ပေ။ ထို့အပြင်၊ ဤနတ်ဆိုးဘုရင်သည် ဒိုင်ဇင်ဘုရားကျောင်း၏ လျှို့ဝှက်ကျမ်းစာများစွာကို လျှို့ဝှက်စွာ ခိုးယူထားသည်။ သူ့ထံတွင် အတိတ်ကျမ်းရှိနေမည်ဟု သံသယဝင်ခြင်းသည် ပုံမှန်ဖြစ်သည်။
ဟုန်ယွိသည် သူ၏နှလုံးသားထဲတွင် ယနေ့ သူသည် သူ၏ အလွန်အမင်း အစွမ်းထက်သော စွမ်းအားကို ဖော်ထုတ်ပြီးဖြစ်သည်ဟု ခန့်မှန်းနိုင်ခဲ့သည်။ မကြာခင်မှာ၊ ထိပ်တန်းတာအိုပညာရှင်များ၏ အသိုင်းအဝိုင်းတွင် ဤသတင်းက လျှို့ဝှက်စွာ ပျံ့နှံ့သွားလိမ့်မည်။ “လွန်ခဲ့သော နှစ်နှစ်ဆယ်က ဒိုင်ဇင်ဘုရားကျောင်း ဖျက်ဆီးခံရစဉ်၊ ရွှေပင့်ကူဘုရင်သည် ပြိုင်ဘက်ကင်း ကျမ်းစာဖြစ်သည့် အတိတ်အမိတ္တဘကျမ်းကို ရရှိခဲ့သည်။ သူသည် သည်းခံပြီး ကျင့်ကြံအားထုတ်ပြီးနောက် နောက်ဆုံးတွင် ထိုကျမ်းကို ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ခဲ့သည်။ သူ၏ မှော်စွမ်းအားများသည် ကြီးမားလာခဲ့ပြီး၊ တောရိုင်းဒေသတွင် စကြာဝဠာအိတ်ကို လုယူသည့် တိုက်ပွဲ၌ သူသည် နာမည်ကြီးလာခဲ့သည်ဆိုသည့် သတင်းဖြစ်သည်”။
ဟုန်ယွိသည် ဤတစ်ကြိမ်တွင် သူသည် ထင်ပေါ်ကျော်ကြားလာပြီ ဖြစ်ကြောင်းကို သိထားသည်။ သူသည် ဖျက်ဆီးခြင်းနတ်ဆိုးအဆောင်ဖြင့် သေဆုံးခဲ့ခြင်းမရှိသလို၊ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ ခန်းမသခင်နှစ်ဦးနှင့် တိုက်ပွဲတွင်လည်း ထိခိုက်ဒဏ်ရာမရခဲ့ပေ။
အကယ်၍, ဤတိုက်ပွဲသတင်းသာ ပျံ့နှံ့သွားပါက၊ သူ၏နာမည်သည် ကမ္ဘာ့ထိပ်တန်း တာအိုပညာရှင်များ၏ စာရင်းတွင် သေချာပေါက် ပါဝင်လာလိမ့်မည်။
သူသည် ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်၊ ဉဒေါင်းဘုရင် သို့မဟုတ် မဟူရာဝံပုလွေဘုရင်ကဲ့သို့ ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိသော်လည်း၊ သူသည် တာအိုဂိုဏ်းများ၏ ထိပ်တန်းခေါင်းဆောင်များထဲတွင် အဆင့်သတ်မှတ်ခံရပြီး ဖြစ်သည်။
တိုက်ပွဲတစ်ခုတည်းဖြင့် သူ၏နာမည်သည် ကမ္ဘာကို တုန်လှုပ်စေမည်ဟု နားလည်နိုင်သည်။
သို့သော် ယခုအခါ၊ ဤဂုဏ်ပုဒ်ကို ရွှေပင့်ကူဘုရင်ကသာ ရယူရလိမ့်မည်။
သို့သော် ဤဂုဏ်ပုဒ်သည် ပြဿနာများစွာကို ယူဆောင်လာမည် ဖြစ်ပြီး၊ ဟုန်ယွိသည် ၎င်းကို ထမ်းရွက်လိုစိတ်မရှိပေ။
သို့သော် ဤဂုဏ်ပုဒ်ကို အခြားသူတစ်ဦးထံ ပေးအပ်လိုက်ပြီ ဖြစ်သည်။ ဟုန်ယွိသည် ယခုလက်ရှိ သူ့တိုက်ပွဲရလဒ်ကို အလွန်ကျေနပ်နေသည်။
သူသည် တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာပြီးသည်ကို သိထားသော်လည်း၊ အတိတ်အမိတ္တဘကျမ်း၏ အကူအညီဖြင့်၊ ဟုန်ယွိသည် တစ္ဆေအင်မော်တယ်နှစ်ဦးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်လောက်သည်အထိ အစွမ်းထက်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ ထို့အပြင်၊ တစ်ဖက်တွင် မှော်ရတနာနှစ်ခု ရှိနေချိန်မှာပင် သူ့အပေါ် အခွင့်ရေးမယူနိုင်ခဲ့ပေ။
ချီ! ချီ! ချီ! ချီ!
ပိုးထည်တစ်ခုကို ဆုတ်ဖြဲလိုက်သည့်အလား ပေါက်ကွဲအသံများ အစီအရီ ထွက်ပေါ်လာမူနှင့်အတူ ပေါ့ပေါ့ပါးပါး ပေါက်ကွဲသံများ ထွက်ပေါ်လာ သည်။ မရဏအနက်ရောင် နတ်ဆိုးသန့်စင် ဝိညာဉ်ပိုက်ကွန်သည် ဟုန်ယွိ၏ ပြောင်းလဲပုံဖော်ထားသည့် ဖျက်ဆီးခြင်းမင်စီလာဘုရင်၏ မျက်ခုံးနှစ်ခု ကြားရှိ ဒေါင်လိုက်မျက်လုံးမှ ထွက်ပေါ်လာသော ကြာပန်းပုံစံမီးလျှံကြောင့် လုံးဝ မီးလောင်သွားသည်။
ဟုန်ယွိသည် ပိုက်ကွန်ထဲမှ ထွက်ပေါ်လာသည်။
“အား! ဒါက ဒိုင်ဇင်ဘုရားကျောင်းက ဖျက်ဆီးခြင်းမင်စီလာဘုရင် မှော်ပညာရပ်ပဲ။ ရွှေတောင်ကြားနတ်ဘုရား၊ ရှင်က ဒီမှော်စွမ်းအားမျိုးကို သင်ယူထားတယ်ပေါ့။ ရှင်က အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းတင်မကဘူး မင်စီလာခန်းမရဲ့ တည်ငြိမ်ခြင်းအလင်းဘုရင်ကျမ်းကို ပါ ရယူထားတယ် ထင်တယ်။ ဒါကြောင့် ရှင်က ရိုရန်အင်ပါယာမှာ ဆယ်နှစ်ကျော်လောက် ဘာမှမလုပ်ဘဲ နေခဲ့တာပေါ့။ ရှင့်မြေးမလေး အလယ်ပိုင်း ကုန်းမြေ ကောင်းကင်နိုင်ငံကို ထွက်ပြေးသွားချိန်မှာတောင် ရှင်က ဂရုမစိုက်ခဲ့ဘူး။ ရှင်က လျှို့ဝှက်စွာ ကျင့်ကြံအားထုတ်နေခဲ့တာပဲ။ ရှင်ဘာတွေ လုပ်နေလဲဆိုတာ ကျွန်မတို့ မသိဘူးလို့ မထင်နဲ့။ တကယ်တော့၊ ရှင့်လှုပ်ရှားမှုအားလုံးဟာ ကျွန်မတို့ ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ ထိန်းချုပ်မှုအောက်မှာပဲ….။”
ဟုန်ယွိသည် ပိုက်ကွန်ထဲမှ ထွက်ပေါ်လာသည့် အချိန်တွင်၊ နာလန်ဟိုင်နှင့် နာလန်ယန်လူးတို့သည် ထိတ်လန့်သွားကြသည်။ သို့သော်၊ သူတို့သည် ထူးချွန်သော တစ္ဆေအင်မော်တယ်များ ဖြစ်ကြပြီး၊ သူတို့၏ မှော်ပညာရပ်များသည် အလွန်အစွမ်းထက်သည်။ သူတို့သည် အကြိမ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ပြီး၊ တိုက်ပွဲအတွေ့အကြုံ ပြည့်ဝကြသည်။ သူတို့သည် သာမန်တာအိုပညာရှင်အသစ်များကဲ့သို့ မဟုတ်ပေ။
တစ်ချိန်တည်းမှာပင်၊ နာလန်ယန်လူးသည် ကြည်လင်သော အော်ဟစ်သံဖြင့် ဟစ်ကြွေးလိုက်ပါသည်။ သူမ၏ နတ်ဘုရား စိတ်ဝိညာဉ်ဖြင့် စုစည်းထားသော ဖျက်ဆီးခြင်းကျမ်းစာများသည် ချက်ချင်း ပြောင်းလဲသွားသည်။ ၎င်းတို့သည် အပေါ်အောက် လှည့်ပတ်လျက်၊ ထူထပ်သော အနက်ရောင်မီးခိုးများဖြင့် သူတို့နှစ်ဦးကို ရစ်ပတ်ထားပြီး၊ သူတို့၏ မျက်နှာများကို မမြင်ရအောင် ဖုံးကွယ်ထားသည်။
တစ်ချိန်တည်းမှာပင်၊ ထူထပ်သော အနက်ရောင်မီးခိုးများသည် အကာအကွယ် ဥခွံတစ်ခုအဖြစ် ဖွဲ့စည်းပြီးနောက်၊ မီးခိုးများသည် မြင့်တက်လာကာ ဧရာမနတ်ဆိုးနတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဤဧရာမနတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မဲနက်နေပြီး၊ ၎င်း၏ ကျောပေါ်တွင် တောက်ပသော အတောင်ပံများစွာ ရှိကာ အဆက်မပြတ် တဖျပ်ဖျပ် ခတ်နေသည်။ ၎င်း၏ ခေါင်းပေါ်တွင် ကြည်လင်သော သရဖူးတစ်ခုရှိပြီး၊ ထိုသရဖူပေါ်တွင် အဖြူရောင်သစ်ခွ ရှားစောင်းပန်းတစ်ပွင့် ရှိသည်။ ၎င်းတွင် လက်ရှစ်ဖက်ရှိပြီး၊ လက်တစ်ဖက်စီသည် တံဆိပ်တစ်ခုကို ဖန်တီးထားသည်။ ထိုတံဆိပ်များသည်လည်း ထူးဆန်းသည်။ ၎င်းတို့သည် ပျက်သုန်းခြင်းတံဆိပ်၊ အကြွင်းမဲ့တံဆိပ်၊ ယုတ်မာခြင်းတံဆိပ်၊ မကောင်းဆိုးဝါးတံဆိပ်၊ နတ်ဆိုးတံဆိပ်၊ ဖျက်ဆီးခြင်း တံဆိပ်၊ သေခြင်းတံဆိပ်နှင့် အာဏာရှင်တံဆိပ်ဟူ၍ အလွန်ဖျက်ဆီးခြင်းကို ကိုယ်စားပြုသော တံဆိပ်ရှစ်မျိုး ဖြစ်သည်။
၎င်း၏ ခန္ဓာကိုယ်အောက်ပိုင်းသည် သုံးချောင်းထောက်အိုး အောက်ခြေကဲ့သို့ ခြေထောက်သုံး ချောင်းရှိပြီး၊ ခိုင်မာမှုကို ပေးစွမ်းသည်။ ထို့အပြင်၊ ဖျက်ဆီးခြင်း မင်စီလာဘုရင်နှင့် ဆင်တူသည့်အနေဖြင့် ဤမဟာဖျက်ဆီးခြင်း နတ်ဘုရားသည်လည်း ၎င်း၏ မျက်ခုံးနှစ်ခုကြားတွင် တင်းတင်း ကြပ်ကြပ် ပိတ်ထားသော ဒေါင်လိုက်မျက်လုံးတစ်လုံး ရှိသည်။
၎င်း၏ ခန္ဓာကိုယ်သည် မဲနက်နေပြီး၊ ကျောပေါ်တွင် တောက်ပသော အတောင်ပံများရှိကာ၊ ခေါင်းပေါ်တွင် အဖြူရောင်သစ်ခွရှားစောင်းပန်းနှင့်အတူ ကြည်လင်သော သရဖူးတစ်ခုရှိသည်။ ၎င်း၏ လက်ရှစ်ဖက်သည် ဖျက်ဆီးခြင်း၏ တံဆိပ်ရှစ်မျိုးကို ဖန်တီးထားပြီး၊ ခြေထောက်သုံးချောင်းနှင့် မျက်ခုံးနှစ်ခုကြားရှိ ဒေါင်လိုက်မျက်လုံးတစ်လုံးလည်း ရှိသည်။
ဤသည်မှာ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၊ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ အရှင်သခင်ဖြစ်သည့် မှောင်မိုက်ခြင်းနှင့် ဖျက်ဆီးခြင်းမှ မွေးဖွားလာခဲ့ သော မဟာဖျက်ဆီးခြင်း နတ်ဘုရား ဖြစ်သည်။
မဟာဖျက်ဆီးခြင်းနတ်ဘုရား ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ ပတ်ဝန်းကျင်တစ်ခုလုံးပါ အရောင်ပြောင်းသွားပုံရသည်။ ဖယ်ရှား၍မရသည့် ထူထပ်သော အမှောင်ထုကြီးသည် တိုက်ရိုက်ပျံ့နှံ့သွားသည်။ ထိုအမှောင်ထုအတွင်းမှာ ဆုတ်ဖြဲနိုင်သော လွှသွားစိတ်ပုံစံ လေစီးကြောင်းများ ဖြစ်ပေါ်နေသည်။ ထိုလွှသွားစိတ်ပုံစံများကို ကြည့်လိုက်သောအခါ၊ လူတိုင်းနီးပါးသည် ၎င်းတို့၏ နှလုံးသားထဲတွင် လွှသွားစိတ်ဖြင့် ဖြတ်တောက်ခံရ သည့် ပုံရိပ်ကို စိတ်ကူးပုံဖော်မိကြလိမ့်မည်။
“မဟုတ်ဘူး….။ ဖျက်ဆီးခြင်းမင်စီလာဘုရင်ဟာ တည်ငြိမ်ခြင်းအလင်းဘုရင်ကျမ်းရဲ့ အမြင့်ဆုံး လျှို့ဝှက်ပညာရပ်ပဲ။ ဒီလိုဖျက်ဆီးခြင်းနတ်ဆိုးကို ပုံဖော်နိုင်ဖို့ဆိုရင်၊ ဒိုင်ဇင်ဘုရားကျောင်းရဲ့ အမြင့်ဆုံးတာအိုပညာရပ်နဲ့ ဖိနှိပ်ရမယ်။ မဟုတ်ရင် ဒီလို အလွယ်တကူ အသုံးပြုဖို့ မဖြစ်နိုင်ဘူး…။”
နာလန်ဟိုင်၏ မရဏအနက်ရောင်နတ်ဆိုးသန့်စင် ဝိညာဉ်ပိုက်ကွန်သည် ဖျက်ဆီးခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး၊ နာလန်ယန်လူး၏ အကာအကွယ်ထဲသို့ ဆုတ်ခွာသွားခဲ့သည်။ ဟုန်ယွိသည် အပြင်သို့ ထွက်ပေါ်လာသည်ကို မြင်သောအခါ၊ သူက အော်ပြောလိုက် သည်၊ မဟူရာနတ်ဆိုးနတ်ဘုရားတောင် ဤရွှေပင့်ကူဘုရင်ကို အနိုင်မယူနိုင်ခဲ့သည်ကို မယုံသလို ဖြစ်နေသည်။
“အဓိပ္ပာယ်မဲ့စကားတွေ ပြောမနေနဲ့၊ ဒါကို ခံယူလိုက်စမ်း….။”
မရဏအနက်ရောင်နတ်ဆိုးသန့်စင် ဝိညာဉ်ပိုက်ကွန်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်ပြီးနောက်၊ ဟုန်ယွိသည် နာလန်ယန်လူး စုစည်းထားသော မဟာဖျက်ဆီးခြင်းနတ်ဘုရားကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
ယခင်တိုက်ပွဲများအရ၊ သူသည် ဤမဟာဖျက်ဆီးခြင်းနတ်ဘုရား၏ အနှစ်သာရကို ခံစားလိုပြီး၊ ၎င်းနှင့် သူ၏ဖျက်ဆီးခြင်း မင်စီလာဘုရင်တို့၏ ကွာခြားချက်ကို သိရှိလိုသည်။
တစ်ဖက်က ဖျက်ဆီးခြင်းနတ်ဆိုးဘုရင်ဖြစ်သလို၊ အခြားတစ်ဖက်ကလည်း ဖျက်ဆီးခြင်းနတ်ဆိုး တစ်ပါး ဖြစ်သည်။ နတ်ဆိုးဘုရင် နှစ်ပါးစလုံးသည် အလွန်မင်း အစွမ်းထက်သော စွမ်းအားနှင့် စိတ်ဆန္ဒကို ပိုင်ဆိုင်ထားကြသည်။
သို့သော် ဤအချိန်တွင်၊ အစွမ်းထက်သော ရန်သူများ ပတ်ပတ်လည်တွင် ရှိနေသောကြောင့် ကျမ်းစာများ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို သေသေချာချာ ခံစားကြည့်ရန် အချိန်မရှိပေ။
သူစကားပြောပြီးသည်နှင့် ဖျက်ဆီးခြင်းမင်စီလာဘုရင်၏ မျက်ခုံးနှစ်ခုကြားရှိ ဒေါင်လိုက်မျက်လုံးမှ မီးလျှံသည် လေဟာနယ်ကို မီးလောင်ကျွမ်းစေပြီး၊ လေဟာနယ်တစ်ခုလုံး ပြိုကျသွားကာ မဟာဖျက်ဆီးခြင်းနတ်ဘုရားဆီသို့ လောင်ကျွမ်းသွားခဲ့သည်။
ဟုန်ယွိသည် သူ၏မှော်စွမ်းအားကို အသုံးပြု၍ မဟာဖျက်ဆီးခြင်းနတ်ဘုရားကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပြီး၊ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ ခန်းမသခင်နှစ်ဦးကို အနိုင်ယူလိုသည်။
ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၊ အနက်ရောင်နတ်ဆိုးခန်းမ၏ ခန်းမသခင်နှင့် ဖျက်ဆီးခြင်းခန်းမ၏ ခန်းမသခင်တို့သည် ဒိုင်ဇင်ဘုရားကျောင်း၏ ကောင်းကင်ဘုရင်လေးဦးဖြစ်သည့် သိုင်းသူတော်စင်များကဲ့သို့ နာမည်ကျော်ကြားသူများ ဖြစ်သည်။ သူတို့ကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ခြင်း က ဟုန်ယွိသည် ထိပ်တန်းအဆင့်သို့ ရောက်ရှိပြီးဖြစ်သည်ကို သက်သေပြရန် လုံလောက်သည်။
တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာပြီးနောက်၊ ဟုန်ယွိသည် သူ၏စွမ်းအားကို သက်သေပြရန် စိတ်အားထက်သန်နေပြီး၊ ဟုန်ရွှန်ကျိကို ရင်ဆိုင်ရန် နှင့် အနိုင်ယူနိုင်ဖို့အတွက် သူ့ယုံကြည်မှုကို မြှင့်တင်ရန် အတွေ့အကြုံများ ရရှိလိုသည်။
အနိုင်ရမည်ဟု ယုံကြည်ချက်သည် မရေတွက်နိုင်သော တိုက်ပွဲပေါင်းများစွာ ဆင်နွှဲပြီးမှ ဆင်းသက်လာသော ပြိုင်ဘက်ကင်း ယုံကြည်ချက်အမျိုးစား ဖြစ်ပြီး၊ အစွမ်းထက်သော ရန်သူများသည် တစ်ဦးပြီးတစ်ဦး သူ့ခြေထောက်အောက်တွင် ပြိုဆင်းသွားသည့်အခါမှသာ ဖြစ်ပေါ်လာသည်။
အကယ်၍ အနည်းငယ်မျှ ရှုံးနိမ့်မှုရှိခဲ့လျှင်ပင်၊ ထိုပြိုင်ဘက်ကင်းဆိုသည့် ယုံကြည်ချက်သည် ပျောက်ကွယ်သွားလိမ့်မည်။ ထိုနောက် ထိုယုံကြည်ချက်ကို ပြန်လည်ရရှိအောင် ကြိုးစားအားထုတ်ရန် ခက်ခဲလိမ့်မည်။
ယခုအခါ၊ ဟုန်ယွိသည် ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ တစ္ဆေအင်မော်တယ်အဆင့် ခန်းမသခင်နှစ်ဦးနှင့် တိုက်ပွဲဝင်နေစဉ်၊ သူသည် လက်ရည်တူ ရင်ဆိုင်နိုင်ခဲ့သည်။ သူသည် မည်သည့်အားနည်းချက်မရှိခဲ့ဘဲ၊ တစ်ဖက်လူ၏ တာအိုပညာများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးနိုင်ခဲ့သည်။ လွှမ်းမိုးလို သော စိတ်ဝိညာဉ်အမျိုးစားတစ်ခုသည် သူ့ထံတွင် သူ့အလိုလို ပေါ်ထွက်လာသည်။
ဤအခိုက်အတန့်ရောက်မှသာ သူသည် ကမ္ဘာ့ထိပ်တန်း ကျွမ်းကျင်သူများထဲ တစ်ဦးအပါဝင်ဖြစ်ကြောင်း အမှန်တကယ် သဘောပေါက်ခဲ့သည်။
ဤအခိုက်အတန့်တွင်၊ သူ၏နှလုံးသားထဲမှာ အားနည်းသူဆိုသည့် စိတ်နေစိတ်ထားမျိုး မရှိတော့ပေ။
ဒုန်း!
ဖျက်ဆီးခြင်းမင်စီလာဘုရင်၏ မျက်ခုံးနှစ်ခုကြားရှိ ဒေါင်လိုက်မျက်လုံးမှ မီးလျှံတစ်ခုသည် လမ်းတစ်လျှောက်လုံး လောင်ကျွမ်းလာချိန်မှာ, မဟာဖျက်ဆီးခြင်းနတ်ဘုရား၏ မျက်နှာပေါ်တွင် အသက်ဝင်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ၎င်း၏လက်ရှစ်ဖက်တွင် အလယ် လက်နှစ်ဖက်သည် ပျက်သုန်းခြင်းတံဆိပ်နှင့် အကြွင်းမဲ့တံဆိပ်ကို ပေါင်းစပ်လိုက်သည်။
ဤအခိုက်အတန့်တွင်၊ တံဆိပ်နှစ်ခုသည် တစ်ခုအဖြစ် ပေါင်းစည်းသွားပြီး၊ ကောင်းကင်ယံကို ထိုးဖောက်နေသည့် အလွန်တောက်ပသော သလင်းကျောက် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဤသလင်းကျောက် အလင်းတန်းသည် လေထုကို ဆုတ်ဖြဲလိုက်ပြီး၊ ပတ်ဝန်းကျင်ရှိ လေစီးကြောင်းများသည် ဒီရေလှိုင်များကဲ့သို့ စီးဆင်းနေသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။
သလင်းကျောက် အလင်းတန်းသည် ပေါက်ကွဲထွက်ပြီးနောက်၊ ၎င်းသည် ပိုမိုကြီးမားပြီး ထူထပ်သိပ်သည်းလာသည်။ မျက်စိတစ်မှိတ်အတွင်း၊ ၎င်းသည် တိုင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ဟုန်ယွိ၏ ဓမ္မကာယဖြစ်သော မင်စီလာဘုရင်၏ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်ကာ တစ်ချိန်တည်းမှာ ပင်၊ ၎င်းသည် အနီရောင်ကြာပန်းပုံစံမီးလျှံနှင့် တိုက်မိသွားခဲ့သည်။ (ဓမ္မကာယဟူသည် မှော်ပညာဖြင့်ဖန်တီးထားသော ခန္ဓာကိုယ်ကို ဆိုလိုဟန်တူ ပါသည်။)
မီးလျှံနှင့် သလင်းကျောက် အလင်းတန်းတို့ အပြင်းအထန် တိုက်မိသည့်အခါ၊ ယခင်က ကျောက်စိမ်းအဆောင် ပေါက်ကွဲပျက်ဆီးသွားစဉ်က အတိုင်း မြေကြီးတုန်လှုပ်စေသည့် ပေါက်ကွဲသံများ ဖြစ်ပေါ်လာသည်။ ထို့နောက် သလင်းကျောက် အလင်းတန်းနှင့် မီးလျှံတို့သည် ရှေ့မတိုးနောက်မဆုတ် သာ အခြေအနေဖြင့် တိုက်ခိုက်နေကြသည်။
သလင်းကျောက် အလင်းသည် မီးလျှံဖြင့် လောင်ကျွမ်းခံရပြီး၊ သားရေကို မီးလောင်နေသည့်အလား တရွှီးရွှီးမြည်သံများ ထွက်ပေါ်လာသည်။
သလင်းကျောက် အလင်းများသည် အဆက်မပြတ် မီးလောင်ကျွမ်းခံနေရပြီး၊ အလင်းအပိုင်းအစများအဖြစ် ပြိုကွဲကာ၊ အဆုံးတွင် လေထဲတွင် အစအနမရှိ လွင့်ပျယ်နေခဲ့သည်။
သို့သော်၊ ထိုသလင်းကျောက် အလင်းသည် အဆုံးမရှိသည့်အတိုင်းပင်။ မီးလျှံကြောင့် အဆက်မပြတ် အရည်ပျော်သွားသည့်တိုင် တောက်ပသထက် တောက်ပလာပြီး၊ မီးလျှံကို လုံးဝ ဖျက်ဆီးကာ၊ ဟုန်ယွိ၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးတော့မည့်အလား အဆက်မပြတ် ရှေ့သို့ ပျံသန်းလာခဲ့သည်။
“ရွှေပင့်ကူဘုရင်၊ ဒါက ဆန်းကြယ်ကောင်းကင် ဖျက်ဆီးခြင်းနတ်ဘုရားအလင်းပဲ။ ရှင်ရဲ့ တစ်ဝက်တစ်ပျက် မင်စီလာဘုရင်နဲ့ ဒါကို တွန်းလှန်နိုင်မယ်လို့ ရှင်ထင်နေလား….။” နာလန်ယန်လူး၏ စိတ်ရှုပ်ထွေးနေဟန် အသံက မဟာဖျက်ဆီးခြင်းနတ်ဘုရား၏ အောက်ရှိ အနက်ရောင် မီးခိုးများထဲမှ ထွက်ပေါ်လာသည်။
“ဖျက်ဆီးခြင်းကျမ်း…။ ဘန်း…၊ ဘန်း…၊ ဘန်း…၊ ဘန်း…၊ ဗုဒ္ဓအားလုံး၏လျှို့ဝှက်ဘဏ္ဍာတိုက်၊ မဟာဖျက်ဆီးခြင်းသန့်စင်မြေ၊ အမိတ္တဘပြန်လည်ဝင်စားခြင်း၊ အဆုံးမဲ့အတိတ်၊ အဆုံးမဲ့သက်တမ်း၊ အဆုံးမဲ့အလင်း၊ အဆုံးမဲ့တည်မြဲခြင်း….။”
ဟုန်ယွိ၏စိတ်နှလုံးသည် မလှုပ်မယှက် တည်ငြိမ်နေသည်။ သူသည် ကျမ်းစာအနက်၏ အဓိပ္ပာယ်ကို တိတ်တဆိတ် ရွတ်ဆိုကာ၊ ထိုရွတ်ဖတ်မူတွင် အပြည့်အဝ နှစ်မြှုပ်ထားသည်။
ဘန်း…။
မင်စီလာဘုရင်၏ မျက်ခုံးနှစ်ခုကြားရှိ ဒေါင်လိုက်မျက်လုံးသည် မျက်တောင်တစ်ချက် ခတ်လိုက်ပြီးနောက်၊ ၎င်း၏ခေါင်းသည် ပြင်းထန်စွာ လှည့်ပတ်သွားခဲ့သည်။
ဖျက်ဆီးခြင်း မင်စီလာဘုရင်တွင် ခေါင်းတစ်ခုသာ ရှိသော်လည်း၊ မျက်နှာလေးခု ရှိသည်။
ခေါင်းလှည့်ပတ်နေသည်နှင့်အမျှ၊ မျက်နှာလေးခုသည် အဆက်မပြတ် ပြောင်းလဲ လှည့်ပတ်နေပြီး၊ ဤစကြဝဠာထဲတွင် အလင်းနှင့်မှောင်မိုက်၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်း သံသရာစက်ဝိုင်းကို ပြသနေသည်။
တစ်ချိန်တည်းမှာပင်၊ မျက်နှာလေးခု၏ မျက်ခုံးနှစ်ခုများကြားရှိ ဒေါင်လိုက်မျက်လုံးများသည် မီးလျှံများကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်သည်။ ဤမီးလျှံများသည် နားလည်ရခက်သည့် အက္ခရာပုံစံများ မဟုတ်သလို၊ မှော်သင်္ကေတများလည်း မဟုတ်ပေ။ ထို့အပြင် စည်းတံဆိပ်စာများ လည်း မဟုတ်ပေ။ နက်ရှိုင်းသော အဓိပ္ပာယ်ပါဝင်နေသည့် သင်္ကေတများ ဖြစ်သည်။
မရေမတွက်နိုင်သော မီးလျှံသင်္ကေတများသည် ဖျက်ဆီးခြင်းနတ်ဘုရား အလင်းတိုင်ကို ပြင်းထန်စွာ ရစ်ပတ်ကာ တဟုန်ထိုး မြင့်တက်လာသည်။
ဖျစ်..၊ ဖျစ်…၊ ဖျစ်..။ ဤတောက်ပသော အလင်းတိုင်သည် ချက်ချင်း အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာပြီး၊ ထို့နောက် ကျယ်လောင်သော အသံဖြင့် ပြိုကွဲသွားခဲ့သည်။
“ဟမ်…”
ဖျက်ဆီးခြင်း နတ်ဘုရားအလင်းတန်းသည် ဖျက်ဆီးခံလိုက်ရပြီး၊ မီးလျှံများလည်း ဆုတ်ခွာသွားခဲ့သည်။ မဟာဖျက်ဆီးခြင်း နတ်ဘုရား၏ မျက်နှာပေါ်တွင် အနည်းငယ် အံ့သြသွားသည့် အမူအရာ ပေါ်ထွက်လာသည်။ ယင်းက မဟာဖျက်ဆီးခြင်းနတ်ဘုရားသည် အစစ်အမှန် ခန္ဓာကိုယ် ဖြစ်ပြီး၊ စိတ်ခံစားချက် ကင်းမဲ့နေသည့် နတ်ဆိုးနတ်ဘုရား မဟုတ်သည့်အလား အလွန်လူသားဆန်လွန်းသည်။
လက်ရှစ်ဖက်ထဲရှိ မကောင်းဆိုးဝါးတံဆိပ်နှင့် နတ်ဆိုးတံဆိပ်များသည် တဖန် ပေါင်းစည်းသွားပြီး၊ ထူထပ်သော အနက်ရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်ပြန်သည်။ ဤအလင်းသည် မြေအောက်ငရဲကမ္ဘာ၏ တံခါးများကို ဖွင့်လှစ်လိုက်သည့်အလား၊ ထိုအနက်ရောင်အလင်းတန်းအတွင်းမှာ မရေမတွက်နိုင်သော မျက်နှာများ ပေါ်ထွက်လာပြီး၊ မကောင်းဆိုးဝါးဝိညာဉ် ဘီလီယံပေါင်းများစွာ ထွက်ပေါ်လာသည်။ ဤသည်မှာ မဟာဖျက်ဆီးခြင်း နတ်ဆိုးနတ်ဘုရား၏ နတ်ဆိုးအလင်းဖြစ်သည်။
ဖျက်ဆီးခြင်းနတ်ဆိုးဘုရား၏ နတ်ဆိုးအလင်းသည် ထွက်ပေါ်လာပြီး ဟုန်ယွိ၏ မီးလျှံသင်္ကေတကို ဖမ်းယူလိုက်သည်။ အလွန်မင်း အစွမ်းထက်သော တာအိုပညာရပ်နှစ်ခုသည် လေထဲတွင် အပြင်းအထန် တိုက်ခိုက်နေကြသည်။
တစ်ချိန်တည်းမှာပင်၊ မဟာဖျက်ဆီးခြင်းနတ်ဘုရားသည် နတ်ဆိုးအလင်းတံဆိပ်ကို ဖန်တီးပြီးနောက်၊ ကျန်လက်ခြောက်ဖက်သည်လည်း အဆက်မပြတ် လှုပ်ရှားနေခဲ့ပြီး ၎င်းတို့အားလုံး ပေါင်းစပ်ကာ လက်တဖက်ချင်းစီသည် တောက်ပသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ၎င်းတို့သည် တောက်ပသော ဖျက်ဆီးခြင်းနတ်ဘုရားအလင်း၊ သွေးနီရောင် သေမင်းနတ်ဘုရားအလင်းနှင့် မီးခိုး-အညိုရောင် ဖျက်ဆီးခြင်း နတ်ဘုရားအလင်းတို့ ဖြစ်ပေါ်လာသည်။
လက်ရှစ်ဖက်ရှိ တံဆိပ်များသည် အတွဲလိုက်ထပ်နေပြီး၊ အလင်းလေးခုသည် အလှည့်ကျ ပြောင်းလဲနေသည်။
“ခံယူလိုက်စမ်း!”
ဟုန်ယွိသည် မဟာဖျက်ဆီးခြင်းနတ်ဘုရားက သူ့စွမ်းအားအပြည့်အဝသုံးပြီး တိုက်ခိုက်နေသည်ကို မြင်သော်လည်း၊ သူသည် မလှုပ်မယှက် တည်ငြိမ်နေဆဲ ဖြစ်သည်။ ဖျက်ဆီးခြင်း မင်စီလာဘုရင်၏ ဦးခေါင်းလှည့်ပတ်နေသည့်အခါ၊ မျက်နှာလေးခု၏ ဒေါင်လိုက်မျက်လုံး လေးလုံးသည် လည်း မီးလျှံလေးခုကို ထုတ်လွှတ်လိုက်သည်။ အစစ်မှန်အဓိပ္ပာယ် အမျိုးမျိုးပါဝင်နေသော မှော်သင်္ကေတများသည် မဟာဖျက်ဆီးခြင်းနတ်ဘုရားကို ထိပ်တိုက်ရင်ဆိုင်ကာ တိုက်ခိုက်နေခဲ့သည်။
အလင်းတန်းရှစ်ခုသည် လေထဲတွင် ယှက်နွယ်လျက်၊ တစ်ခုနှင့်တစ်ခု အပြန်အလှန် ရိုက်ခတ်ကာ တိုက်ခိုက်နေသည်။ တိုက်ပွဲက စိတ်ကျေနပ်ဖွယ် တိုက်ပွဲတစ်ခု ဖြစ်နေခဲ့သည်။
ဟုန်ယွိသည် ပို၍ပို၍ပင် လွတ်လပ်မူကို ခံစားလာရသည်။ ဤသည်မှာ သူသည် ဖျက်ဆီးခြင်းမင်စီလာဘုရင်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ သူလှုပ်ရှားပြီးနောက်၊ ဖျက်ဆီးခြင်းမင်စီလာဘုရင်၏ အမျိုးမျိုးသော တာအိုပညာရပ်များကို သူ့စိတ်နှလုံးထဲရှိသည့်အတိုင်း အလိုရှိသလို အသုံးပြုနေခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ သူသည် အတိတ်ကျမ်း၏ ဖျက်ဆီးခြင်း မင်စီလာဘုရင်အခန်းရှိ ကျမ်းစာအဓိပ္ပာယ်များကို အမှန်တကယ် နားလည်လာသည်။
ဤတိုက်ပွဲတွင် သူသည် ၎င်းကို အသုံးပြုရာတွင် ပို၍ပို၍ ကျွမ်းကျင်လာသည်။
ဖျက်ဆီးခြင်း မင်စီလာဘုရင်၏ အစွန်းရောက်ဒေါသ၏ စိတ်ဆန္ဒကို သူသည် ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခဲ့သည်။
ယခင်တုန်းကဆို, ဖျက်ဆီးခြင်းမင်စီလာဘုရင်ကို ပုံဖော်ရာတွင်၊ အစွန်းရောက်ဒေါသ၏ လွန်ကဲလာသော စိတ်ခံစားမှုဆိုးကျိုးကို ကာကွယ်ရန် လိုအပ်ခဲ့သည်။ ယင်းက စိတ်ဝိညာဉ်က ပိုမိုအားကောင်းလာလေ၊ နတ်ဆိုးက ပိုမိုမြင့်မားလာလေ ဖြစ်သည်။ “တာအိုက တစ်ပေ မြင့်တက်လာလျှင်၊ နတ်ဆိုးက ဆယ်ပေ မြင့်တက်လာသည်။”ဟူသော ဆိုရိုးစကားအတိုင်းပင်။
သို့သော် ယခုအခါ၊ ဟုန်ယွိသည် ဖျက်ဆီးခြင်းမင်စီလာဘုရင်ကို အသုံးပြုရာတွင် တဖြည်းဖြည်း ကျွမ်းကျင်လာသည်။ မဟာဖျက်ဆီးခြင်း နတ်ဘုရား နှင့် ယခုတိုက်ပွဲတွင်၊ သူ၏အတွင်းစိတ် သဘာဝသည် အလွန်သန့်ရှင်းပြီး၊ ပုလဲကဲ့သို့ တောက်ပလျက်ရှိသည်။ အနည်းငယ် စဉ်းစားရုံဖြင့်၊ သူသည် အစွန်းရောက်ဒေါသ၏ စိတ်ခံစားမှု ဆိုးကျိုးများကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခဲ့သည်။
အစစ်မှန် သဘောသဘာဝသည် တာအိုနှလုံးသား ဖြစ်ပြီး၊ ဒေါသသည် ယင်နတ်ဆိုး ဖြစ်သည်။ ယခင်က တာအိုနှလုံးသား တစ်ပေမြင့်လာလျှင်၊ နတ်ဆိုးနှလုံးသားသည် ဆယ်ပေ မြင့်လာခဲ့သည်။
သို့သော် ယခုအခါ၊ ဟုန်ယွိသည် “တာအိုတစ်ပေ မြင့်တက်လာလျှင်၊ နတ်ဆိုးဆယ်ပေ မြင့်တက်လာသည်” ဟူသောစကား၏ အဓိပ္ပာယ်ကို ရုတ်တရက် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုစကား၏ အဓိပ္ပာယ်သည် နားလည်သဘောပေါက်ရန် မလွယ်ကူသည့် “တစ်ပေမြင့်တက်လာသော တာအိုသည် ဆယ်ပေ မြင့်တက်လာသော နတ်ဆိုးကို ဖိနှိပ်နိုင်သည်။” ဟူသည့် စကားမျိုး ဖြစ်နေခဲ့သည်။
ဤသည်မှာ တစ္ဆေအင်မော်တယ်ဖြစ်လာပြီး၊ ရှင်ခြင်းနှင့်သေခြင်းတရား၏ အတားအဆီးကို ဖြတ်ကျော်ပြီးနောက်၊ တာအိုနှင့် နတ်ဆိုး၊ ယင်နှင့် ယန်တို့၏ အပြန်အလှန် ဆက်သွယ်မူအပေါ် နားလည်မှု ဖြစ်သည်။
ဤနားလည်မှုမျိုးကို ဟုန်ယွိသည် ဤရှင်ခြင်းသေခြင်း တိုက်ပွဲတွင် ချက်ချင်းဆိုသလို ရှင်းရှင်းလင်းလင်းနှင့် ကွဲကွဲပြားပြား သဘောပေါက်ခဲ့သည်။
အစွန်းရောက်ဒေါသမှ မွေးဖွားလာသော ဖျက်ဆီးခြင်း မင်စီလာနတ်ဆိုးဘုရင်ကို ထိန်းချုပ်ရင်း၊ ဟုန်ယွိသည် ၎င်းကို ထိန်းချုပ်ရာမှာ ပိုမိုကျွမ်းကျင်လာပြီး၊ ကြောက်စရာကောင်းသည့် တန်ပြန်ရိုက်ခတ်မူ ဆိုးကျိုးများလည်း ဖြည်းဖြည်းချင်း လျော့နည်းလာခဲ့သည်။
တစ်ပေမြင့်တက်လာသော တာအိုနှလုံးသားသည် ဆယ်ပေမြင့်တက်လာသော နတ်ဆိုးနှလုံးသားကို ဖိနှိပ်နိုင်သည်။
ဤသည်မှာ တစ္ဆေအင်မော်တယ်တစ်ပါး၏ အစစ်မှန် အဓိပ္ပာယ်၊ ယန်နတ်ဘုရား၏ မဟာလမ်းစဉ် ဖြစ်သည့် “တာအိုတစ်ပေ မြင့်တက်လာလျှင်၊ နတ်ဆိုးဆယ်ပေ မြင့်တက်လာသည်”ဟူသော စကား၏ အစစ်မှန် အဓိပ္ပာယ် ဖြစ်သည်။
“လူ့ခန္ဓာကိုယ်တွင်၊ သွေးသည် ယန်ဖြစ်ပြီး၊ ဝိညာဉ်သည် ယင်ဖြစ်သည်။ ဝိညာဉ်အတွင်းရှိ တာအိုနှလုံးသားသည် ယန်ဖြစ်ပြီး၊ နတ်ဆိုးနှလုံးသားသည် ယင်ဖြစ်သည်။
ဟား…၊ ဟား…၊ နယ်ပယ်နှစ်ခုကို ဘယ်သူက ယှဉ်နိုင်မှာလဲ။ ငါက ယင်နဲ့ယန်လေးခုကို စီမံနိုင်ပြီး၊ ဒီလေးနက်တဲ့ အတွင်းစိတ်ကို နားလည်သဘောပေါက်ရင် တာအိုလမ်းကြောင်းပေါ်က ဝံပုလွေတွေနဲ့ မြေခွေးတွေကို စိုးရိမ်နေစရာ မလိုတော့ဘူး…။”
ရုတ်တရက်၊ ဟုန်ယွိသည် နောက်ထပ် ဉာဏ်အလင်းတစ်ချက် ရရှိသွားခဲ့သည်။
“စိတ်ဝိညာဉ်အလင်း အနည်းငယ်ကလည်း အဆောင်တစ်ခုပဲ။ လူတွေဟာ မှင်နဲ့နီညိုရောင် ပစ္စည်းတွေကိုပဲ အဆောင်ဆိုပြီး မှားယွင်းစွာ မှတ်ထင် နေကြတယ်။ စိတ်ဝိညာဉ် မပြိုကွဲသရွေ့၊ မူလစိတ်ဝိညာဉ်က တည်ရှိနေသေးပြီး၊ မွန်းစတားတွေနဲ့ နတ်ဆိုးအားလုံးကို အဝေးကို မောင်းထုတ်နိုင် လိမ့်မယ်။ ဖျက်ဆီးခြင်းအဆောင်…။”
ကျယ်လောင်စွာ ဟစ်ကြွေးရင်း ဟုန်ယွိသည် ထပ်မံ ပေါက်ကွဲထွက်လာသည်။ ဖျက်ဆီးခြင်း မင်စီလာဘုရင်၏ ရွှေရောင်ခန္ဓာကိုယ်သည် ပြိုကွဲသွားပြီး၊ “卍” Swastika ပုံစံ ကြီးမားသော ရွှေရောင်သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဤမှော်သင်္ကေတသည် ဗုဒ္ဓ၏ အဆုံးမဲ့သက်တမ်း တစ်သောင်းကို ကိုယ်စားပြုပြီး၊ တန်ဖိုးနှင့် ကိုယ်ကျင့်သီလအားဖြင့် ဂုဏ်သိက္ခာ ကြီးမားသည်။ သို့သော် ၎င်းပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ ၎င်းမှော်သင်္ကေတသည် “卍” ပုံစံအဖြစ် ပြောင်းလဲသွားပြီး၊ ဗုဒ္ဓဘာသာ၏ ဖျက်ဆီးခြင်း မင်စီလာဘုရင်၏ သင်္ကေတ ဖြစ်လာခဲ့သည်။ ၎င်းသည် တန်ဖိုးနှင့် ကိုယ်ကျင့်သီလအားဖြင့် ဂုဏ်သိက္ခာကြီးမားခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ပြီး၊ မဟာဖျက်ဆီးခြင်း၏ သင်္ကေတတစ်ခု ဖြစ်သည်။
ဤမှော်သင်္ကေတ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ ပတ်ဝန်းကျင်ကမ္ဘာသည် အေးခဲသွားသည့်အလား ထင်မှတ်ရသည်။ အတွေးများအားလုံး သည် မလှုပ်ရှားနိုင်တော့ဘဲ၊ မဟာဖျက်ဆီးခြင်းနတ်ဘုရားသည် များစွာ နှေးကွေးသွားသည်။
ထို့နောက်၊ မှော်သင်္ကေတသည် ပျံတက်လာပြီး ရုတ်တရက် ဖိချလိုက်သည်။
“မကောင်းတော့ဘူး။ ဒီပင့်ကူဟာ ဒီအဆင့်အထိကို ရောက်နေပြီ!”
ဤအခိုက်အတန့်တွင်၊ မဟာဖျက်ဆီးခြင်းနတ်ဘုရား၏ အကာအကွယ်အောက်တွင် ရှိနေသော နာလန်ဟိုင်နှင့် နာလန်ယန်လူးတို့သည် သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များကို အမှုန့်ဖြစ်သည်အထိ ဖျက်ဆီးခံရတော့မည်ဟူသော ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
တွန့်ဆုတ်ခြင်းမရှိဘဲ၊ နာလန်ယန်လူးသည် မတည်မြဲခြင်းဓားဖြင့် သူမလက်ကောက်ဝတ်ကို လှီးဖြတ်လိုက်ပြီး၊ ဓားကို သူမ၏လတ်ဆတ်သော သွေးများကို သောက်စေသည်။
မတည်မြဲခြင်းဓားသည် တုန်ခါလျက် ပျံတက်လာပြီး၊ ပင်လယ်ထဲ နစ်မြုပ်သွားသည့် ရွှံ့ရုပ်နွားတစ်ကောင်ကဲ့သို့ မဟာဖျက်ဆီးခြင်းနတ်ဘုရား၏ မျက်ခုံးများကြားရှိ ဒေါင်လိုက်မျက်လုံး အလယ်သို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ မဟာဖျက်ဆီးခြင်းနတ်ဘုရား၏ မျက်ခုံးများကြားရှိ ဒေါင်လိုက်မျက်လုံးသည် ဖွင့်လာခဲ့သည်။ သို့သော် ၎င်းထံမှ အလင်းတန်း များ ထွက်ပေါ်မလာခဲ့ပေ။ ယင်းအစား၊ လှိုင်းလုံးပုံစံ စက်ဝိုင်းများက ဖြည်းညှင်းစွာ ချဲ့ထွင်ကျယ်ပြန့်ပြီး ဟုန်ယွိဆီသို့ ဖြာထွက်လာသည်။
ဤစက်ဝိုင်းလှိုင်းလုံးများသည် ဟုန်ယွိ ဖိချလာသော နတ်ဘုရားအဆောင်နှင့် အပြင်းအထန် တိုက်မိစဉ်၊ ၎င်းတို့သည် ပြင်းထန်စွာ တုန်ခါသွားပြီး၊ ရောထွေးသွားကာ ပတ်ပတ်လည်မှာ တင်းတင်းကြပ်ကြပ် ရစ်ပတ်ပြီး ဖျက်ဆီးခြင်းဗုဒ္ဓအဆောင်၏ ဖိချေအားကို တွန်းလှန်လိုက်သည်။
“ဒါက ဘယ်လိုတာအိုမှော်ပညာမျိုးလဲ….”။
ဤမြင်ကွင်းကို မြင်သောအခါ၊ ဟုန်ယွိ၏ စိတ်နှလုံးသားသည် တုန်ခါသွားသည်။ မဟာဖျက်ဆီးခြင်းနတ်ဘုရားသည် သူ့စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ပြီး သူ့တိုက်ခိုက်မှုကို ကာကွယ်ရန် ဖော်ပြမရနိုင်သော လှိုင်းလုံးတစ်ခုကို ထုတ်လွှတ်လိုက်သည့်အခါ၊ ကြီးမားသော အတွေးလှိုင်းတစ်ခု သည် လေဟာနယ်ကို ဖြတ်ကျော်ကာ၊ နတ်ဘုရား စိတ်ဝိညာဉ်ရုပ်ထုအဖြစ် ချည်နှောင်ပြီး၊ အသက်ဝင်လာသည့် လက္ခဏာများ ပြသလာသည်ကို သူသည် တဖြည်းဖြည်း ခံစားမိလာသည်။
ယင်းက မရဏအနက်ရောင် နတ်ဆိုးသန့်စင် ဝိညာဉ်ပိုက်ကွန်၏ မဟူရာနတ်ဆိုးနတ်ဘုရားကဲ့သို့ပင်၊ လေဟာနယ်၏ အလွှာအချို့တွင် ပုန်းအောင်းနေသော အစစ်အမှန် ခန္ဓာကိုယ်သည် ထိုအတွေးလှိုင်းကို ပိုင်ဆိုင်ထားပုံရသည်။
“ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ တာအိုမှော်ပညာဟာ ဒီလောက်ထိ ဆန်းကြယ်နိုင်တယ်လား။ ဒိုင်ဇင်ဘုရားကျောင်းနဲ့အတူ ထပ်တူနာမည်ကြီးတဲ့ သန့်ရှင်းတဲ့ နယ်မြေတစ်ခုဖြစ်နေတာ မဆန်းတော့ပါဘူး။ သူတို့ဟာ နတ်ဆိုးနတ်ဘုရားကို ဖူးမျှော်နိုင်ဖို့ အမွှေးတိုင်တွေကို အသုံးပြုခဲ့ကြတယ်။ ရန်သူကို ရင်ဆိုင်တဲ့အခါ၊ နတ်ဆိုးနတ်ဘုရားနဲ့ ဆက်သွယ်ပြီး၊ သူ့ရဲ့စွမ်းအားကို ငှားယမ်းနိုင်ကြတယ်…။” ယင်နတ်ဆိုးငါးကောင်ကို ဖျက်ဆီးပြီး ချီဝိညာဉ်ဝဲဂယက်ကို ဖန်တီးကာ၊ မဟူရာနတ်ဆိုးနတ်ဘုရားကို ဖျက်ဆီးခဲ့သလို မဟာဖျက်ဆီးခြင်းနတ်ဘုရားကို ဖျက်ဆီးဖို့ မဖြစ်နိုင်ဘူး…။”
ဟုန်ယွိသည် ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ တပည့်များစွာသည် မျိုးဆက်ပေါင်းများစွာ နတ်ဆိုးဘုရားကို ဖူးမျှော်ခဲ့ကြသည်ကို သိရှိထားသည်။ အဆုံးမရှိသော အမွှေးတိုင်များဖြင့် ယုံကြည်မူကို စုဆောင်းပြီး၊ အစစ်အမှန် မဟာဖျက်ဆီးခြင်းနတ်ဘုရားကို ဘာမှမရှိခြင်းနတ္ထိ အခြေအနေမှ မွေးဖွားလာစေရန် လုံလောက်သည်။
ရန်သူကို ရင်ဆိုင်သည့်အခါ၊ သူတို့သည် အထူးမှော်ပစ္စည်းတစ်ခုကို အသုံးပြု၍ နတ်ဆိုးနတ်ဘုရားနှင့် ဆက်သွယ်ကာ၊ သူတို့၏ကိုယ်ပိုင် စိတ်ဝိညာဉ် ကို မထိခိုက်စေဘဲ ၎င်း၏စွမ်းအားကို ငှားယမ်းနိုင်သည်။
ဤနတ်ဆိုးဘုရားများသည် ယန်နတ်ဘုရားများကဲ့သို့ ကြောက်မက်ဖွယ် မကောင်းသော်လည်း၊ ၎င်းတို့၏ စွမ်းအားသည် ဉဒေါင်းဘုရင်နှင့် မိုနိုဂိုတာရီ ကဲ့သို့ ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းနေသေးသည်။
“ယာကရှာနတ်ဆိုးဘုရင် ရှက်ချာဆာနတ်ဆိုးဘုရင် အသုရာနတ်ဆိုးဘုရင် ကင်းကောင် ဖျက်ဆီးခြင်းမင်စီလာဘုရင်! ယင်နတ်ဆိုးငါးကောင် ပေါင်းစည်းမှု။ နတ်ဆိုးနှလုံးသား ပြိုကွဲခြင်း! ချီဝိညာဉ်ဝဲဂယက်…။”
ဤအခိုက်အတန့်တွင်၊ ဟုန်ယွိသည် မဟာဖျက်ဆီးခြင်းနတ်ဘုရားကို အမှန်ပင် စုစည်းပြီးသွားသည်အထိ ခွင့်ပြု၍မရနိုင်ကြောင်း သိရှိထားသည်။ သို့မဟုတ်ပါက၊ ပြဿနာကြုံရမည့်လူက သူဖြစ်သွားလိမ့်မည်။ ချက်ချင်းဆိုသလို၊ သူသည် သူ၏တာအိုနှလုံးသားကို အသုံးပြု၍ နတ်ဆိုးနှလုံးသားအားလုံးကို ခွဲထုတ်ပြီး၊ နတ်ဆိုးနတ်ဘုရားငါးပါးအဖြစ် ဆင့်ကဲပြောင်းလဲလိုက်သည်။
“卍” Swastika မှော်သင်္ကေတသည် ဖျက်ဆီးခြင်းမင်စီလာဘုရင်၏ ရွှေရောင်ခန္ဓာကိုယ်အဖြစ် ပြန်လည် ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင်၊ မျက်နှာအစိမ်းရောင်နှင့် ယာကရှာနတ်ဆိုးဘုရင်၊ ဓားဘီးကို ကိုင်ဆောင်ထားပြီး သွေးပင်လယ်ပေါ်တွင် ခြေနင်းထားသော ရှက်ချာဆာနတ်ဆိုးဘုရင်၊ ခေါင်းသုံးခေါင်းနှင့် လက်ခြောက်ဖက်နှင့် အသုရာနတ်ဆိုးဘုရင်၊ ခွန်အားကြီးမားသော ကင်းကောင်တို့သည် ဖျက်ဆီးခြင်းမင်စီလာဘုရင်၏ ပတ်ပတ်လည်တွင် စုဝေးလာသည်။
ဤနတ်ဆိုးနတ်ဘုရားငါးပါးသည် မတူညီသော နေရာငါးခုကို သိမ်းပိုက်ထားသည်။
ဤနတ်ဆိုးနတ်ဘုရားငါးပါးသည် လူ့နှလုံးသားထဲရှိ နတ်ဆိုးနှလုံးသားများ အားလုံးကို ကိုယ်စားပြုပြီး၊ ၎င်းတို့သည် သန့်စင်သော ယန်တာအို နှလုံးသားနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။
အကယ်၍ လူတစ်ယောက်သည် ဤနတ်ဆိုးနတ်ဘုရားငါးပါးကို အမှန်တကယ် သန့်စင်ပြီး၊ ၎င်းတို့ကို တာအိုနှလုံးသားအဖြစ် ပြောင်းလဲနိုင်ခဲ့ပါက၊ ထိုလူသည် အမှန်တကယ် ယန်နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မည်။
လျှို့ဝှက်ယင်တာအိုဂိုဏ်း၏ ယင်နတ်ဆိုးငါးကောင်သည် လူ့နှလုံးသားထဲရှိ နတ်ဆိုးနှလုံးသားများကို အပြည့်အဝ ဆင့်ကဲမပြောင်းလဲနိုင်ပေ။
သို့သော်၊ အတိတ်ကျမ်းထဲရှိ နတ်ဆိုးနတ်ဘုရားငါးပါးသည် လူ့နှလုံးသားထဲရှိ နတ်ဆိုးနှလုံးသားများကို အမှန်ပင် ဆင့်ကဲပြောင်းလဲနိုင်သည်။
ထို့ကြောင့်၊ ဤနတ်ဆိုးနတ်ဘုရားငါးပါးကို ပြိုကွဲစေခြင်းဖြင့် ထွက်ပေါ်လာသော ချီဝိညာဉ်ဝဲဂယက်သည် ယင်အစစ်မှန်နတ်ဆိုးငါးကောင်၏ ချီဝိညာဉ် ဝဲဂယက်ထက် များစွာပိုကြီးမားသည်။
ဤသည်မှာ ဟုန်ယွိ နားလည်ပြီးသားဖြစ်သည့် နည်းလမ်းနှစ်ခုကို ပြီးပြည့်စုံစွာ ပေါင်းစည်းထားသည့် ဝှက်ဖဲတစ်ခု ဖြစ်သည်။
သူသည် ဤနည်းလမ်းကို အမှန်တကယ် လက်တွေ့ မသုံးခဲ့ဖူးသော်လည်း၊ ဟုန်ယွိသည် ၎င်းကို သူ့စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ဆင့်ကဲ ပြောင်းလဲကာ၊ ခန့်မှန်း၊ တွက်ချက်ပြီး၊ ပေါင်းစည်းထားခဲ့သည်။ ၎င်းကို အသုံးပြုရန် ကြီးကြီးမားမား ပြဿနာရှိလိမ့်မည် မဟုတ်ဟု သူ ကြာမြင့်စွာ ကတည်းက ခံစားမိသည်။
ယခုအခါ၊ မဟာဖျက်ဆီးခြင်းနတ်ဘုရားနှင့် တိုက်ပွဲတွင်၊ ဟုန်ယွိသည် “တာအိုတစ်ပေ မြင့်တက်လာလျှင်၊ နတ်ဆိုးဆယ်ပေ မြင့်တက်လာသည်” ဟူသောစကား၏ အစစ်မှန် အဓိပ္ပာယ်ကို အမှန်တကယ် နားလည်ခဲ့သည်။ သူ၏တာအိုနှလုံးသားသည် နတ်ဆိုးနှလုံးသားကို ထိန်းချုပ်ရန် လုံလောက်သည်။ ထို့ကြောင့်၊ နတ်ဆိုးနတ်ဘုရားငါးပါးကို ဆင့်ခေါ်သောအခါ၊ ၎င်းတို့သည် ဟုန်ယွိကို ရူးသွပ်သွားအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
သို့သော်၊ နတ်ဆိုးနတ်ဘုရားငါးပါးကို ပုံရိပ်ဖော်ပြီး ရုပ်လုံးပေါ်လာပါက ဤမျှလောက် လွယ်ကူမည် မဟုတ်တော့ပေ။ ၎င်းတို့ တစ်ပြိုင်နက် ထွက်ပေါ်လာသော အခါ၊ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နတ်ဆိုးနတ်ဘုရားငါးပါး၏ အငွေ့အသက်များသည် အရပ်မျက်နှာငါးခုကို သိမ်းပိုက်ပြီးနောက်၊ ၎င်းတို့၏စွမ်းအားသည် တဖြည်းဖြည်း ပေါင်းစပ်နေ သည့် အနေထားသို့ ဦးတည်နေဟန်ရှိသည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းတို့၏ စွမ်းအားသည် ပို၍ပို၍ အားကောင်းလာပြီး၊ ထိန်းချုပ်ရန် ပိုမို ခက်ခဲလာ သည်။
ချက်ချင်းဆိုသလို၊ ဟုန်ယွိသည် ၎င်းတို့ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း၊ သူ၏စိတ်ဝိညာဉ်သည် ပင်ပန်းနွမ်းနယ်လာပြီး၊ ၎င်း၏ကန့်သတ်ချက်သို့ ရောက်ရှိသွားသည့်အလား ခံစားရသည်။
ဤသည်မှာ ကီလိုဂရမ် ၃၀၀ သာသာ ခွန်အားရှိသော လူတစ်ဦးသည် ကီလိုဂရမ် ၃၀၀ ရှိ လေးတစ်ချောင်းကို ဆွဲထုတ်နေရသည့်အလား ဖြစ်သည်။
နတ်ဆိုးနတ်ဘုရားငါးပါးသည် လေထဲတွင် ၎င်းတို့၏ အစွယ်များကို ထုတ်ဖော်ပြီး၊ ၎င်းတို့၏ လက်သည်းများကို ဝှေ့ယမ်းနေသည်ကို ခံစားမိသောအခါ၊ ဟုန်ယွိသည် နောက်ထပ် အသက်ရှူချိန် အနည်းငယ် စောင့်လိုက်ပါက၊ ဤနတ်ဆိုးနတ်ဘုရားများကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ကြောင်း သိသွားခဲ့သည်။ ထိုအချိန်ရောက်လာသောအခါ၊ သူ၏တာအိုနှလုံးသားသည် ပျက်စီးသွားလိမ့်မည်။ ပြီးနောက် သူသည် လူသားဆန်ဆန် နတ်ဆိုးတစ်ကောင် ဖြစ်လာလိမ့်မည်။
သို့သော်၊ ဤအခိုက်အတန့်တွင်၊ ဟုန်ယွိသည် သူ့စွမ်းအင်အားလုံးကို အသုံးပြုပြီး၊ ချီဝိညာဉ်ဝဲဂယက်ကို ဆင့်ခေါ်လိုက်သည်။
ဒုန်း!
နတ်ဆိုးနတ်ဘုရားငါးပါးသည် လျင်မြန်စွာ လှည့်ပတ်လိုက်ပြီး၊ ရုတ်တရက် ပေါက်ကွဲသွားသည်။
ယခင်ကထက် ဆယ်ဆပိုကြီးမားသည့် ကြီးမားသော ဝဲဂယက်ကြီးတစ်ခုသည် လေဟာနယ်ထဲတွင် ဆင်းသက်လာသည်။
ဤဝဲဂယက်၏ စွမ်းအားသည် တစ္ဆေအင်မော်တယ်များကိုပင် တုန်လှုပ်စေနိုင်ပြီး၊ ခုခံတွန်းလှန်ရန် စဉ်းစားလိမ့်မည် မဟုတ်ပေ။ ချက်ချင်းဆိုသလို၊ နာလန်ဟိုင်နှင့် နာလန်ယန်လူးတို့သည် သာမန်လူများ ကြီးမားသော လေဆင်နှာမောင်းကို ရင်ဆိုင်နေရသည့်အလား ခံစားလိုက်ရသည်။ သူတို့သည် တွန်းလှန်လိုစိတ်မရှိတော့ပေ။ မည်သည့်ခုခံတွန်းလှန်မှုမျိုးမဆို အချည်းနှီးဖြစ်မည်ကို သိရှိထားသည်။
“အဲဒါ ဘာကြီးလဲ။ ဒီလောက်ကြီးမားတဲ့ စွမ်းအားနဲ့ဆို၊ သူက အနည်းဆုံး မိုးကြိုးကပ်ဘေးကို နှစ်ကြိမ်ကျော်ဖြတ်ထားတဲ့လူပဲ။ သူက ဉဒေါင်းဘုရင်နဲ့တောင် ယှဉ်နိုင်တယ်။ ငါတို့ရဲ့ ဂိုဏ်းခေါင်းဆောင်တောင် သူ့ကို အနိုင်ဖို့ ခက်ခဲလိမ့်မယ်…”
သူတို့နှစ်ဦးသည် စိတ်ပျက်အားလျော့က သက်ပြင်းချလိုက်ပါသည်။
တစ်ချိန်တည်းမှာပင်, ယခုလေးတင် စွမ်းအားများစွာ မြင့်တက်လာခဲ့သော မဟာဖျက်ဆီးခြင်းနတ်ဘုရားသည် ချီဝိညာဉ်ဝဲဂယက်ဖြင့် လှည့်ပတ်ခံရပြီး၊ အဆုံးမဲ့ ကမ္ဘာတစ်ထောင် အပြင်ဘက်မှ မသက်မသာ ညီးညူတစ်ချက် ထုတ်လွှတ်ပြီး ပြင်းထန်စွာ ရုန်းကန်နေရင်း၊ ချီဝိညာဉ်ဝဲဂယက်ထဲသို့ ဆွဲယူခံရပြီးနောက် အနည်းငယ် လှည့်ပတ်ပြီး၊ အပိုင်းအစများအဖြစ် ပြိုကွဲကာ အစအနမရှိ ပျောက်ကွယ်သွားခဲ့သည်။
နာလန်ဟိုင်နှင့် နာလန်ယန်လူးတို့၏ ဝိညာဉ်များနှင့် အတွေးများသည်လည်း မငြိမ်မသက် ဖြစ်လာသည်။ ရုတ်တရက်၊ ၎င်းတို့သည် ပျံတက်လာပြီး ချီဝိညာဉ်ဝဲဂယက်ထဲသို့ ဝင်ရောက်သွားသည်။
သူတို့သည် နက်ရှိုင်းသော တာအိုမှော်ပညာရပ်များကို ပိုင်ဆိုင်ထားကြသည့် တစ္ဆေအင်မော်တယ်များ ဖြစ်ကြသည်။ ထို့ကြောင့် ဟုန်ယွိ၏ သတ်ဖြတ်ခြင်းလှုပ်ရှားမူမှ သူတို့၏ နတ်ဘုရား စိဝိညာဉ်များကို ထိန်းချုပ်ခြင်းနှင့် ဖိနှိပ်ခြင်းမှ တားဆီးနေကြဆဲ ဖြစ်သည်။
“နတ်ဘုရား စိတ်ဝိညာဉ်တွေကို စွမ်းအားအပြည့်သုံးပြီး ဖိနှိပ်ထားပါ။ ခန်းမသခင်နှစ်ဦး၊ မထိတ်လန့်ပါနဲ့….။”
ဤအခိုက်အတန့်တွင်၊ ရုတ်တရက်၊ ကျယ်လောင်သော အော်ဟစ်သံတစ်ခုသည် လေထုကို ထိုးဖောက်လာသည်။
ထိုအော်ဟစ်သံနှင့်အတူ၊ ဧရာမနှစ်ဖက်သွား ပုဆိန်ကြီးတစ်လက်နှင့် ပြင်းထန်သော အန္တရာယ်အငွေ့အသက်နှင့် ဓားစီးကြောင်းငါးခုသည် ဟုန်ယွိ၏ ချီဝိညာဉ်ဝဲဂယက်ကို တိုက်ခိုက်လာသည်။
အခန်း (၂၂၂)
ဟုန်ယွိ၏ ချီဝိညာဉ်ဝဲဂယက်ကို ထိမှန်သော ပုဆိန်ကြီးသည် သွေးများဖြင့် ရွှဲနစ်နေပြီး၊ ပူးပြင်းသော အငွေ့အသက်များ၊ ပြင်းထန်သော သွေးနီရောင် အလင်းတန်းများကို သယ်ဆောင်ထားသည်။ ဤသွေးနီရောင်အလင်းတန်းများ၏ ပြင်းထန်သော ရနံ့သည် လူတစ်ဦးကို မူးမေ့သွားစေနိုင်သည်အထိ ပြင်းထန်သည်။ ခြေလှမ်းထောင်ပေါင်းများစွာ အကွာအဝေးမှပင်၊ မည်သည့် နတ်ဘုရား စိတ်ဝိညာဉ်မဆို အလိုလိုအလျှင် တုန်လှုပ်သွားစေနိုင်သည်။
ဤပုဆိန်ကြီးသည် သိုင်းသူတော်စင်တစ်ပါး၏ သွေးဖြင့် စွန်းထင်းနေသည်မှာ သေချာသည်။
၎င်းသည် တစ္ဆေအင်မော်တယ်များကို ပြင်းထန်စွာ ထိခိုက်နိုင်ပြီး၊ စိတ်ဝိညာဉ်များကို ဖျက်ဆီးနိုင်သည်။ ၎င်းသည် တစ္ဆေသရဲများနှင့် ဝိညာဉ်များ၏ ရန်သူဖြစ်သည်။
ဤနှစ်ဖက်သွားပုဆိန်သည် နတ်ဘုရား စိတ်ဝိညာဉ်ဖြင့် မောင်းနှင်ထားသော မှော်ရတနာတစ်ခု မဟုတ်ပေ။ ယင်းအစား၊ ၎င်းကို တစ်ဦးတစ်ယောက်က ကြီးမားသော ခွန်အားဖြင့် ပစ်ပေါက်လိုက်ခြင်း ဖြစ်သည်။
ဤပုဆိန်ကြီးကို ပစ်ပေါက်သူသည် ခြေလှမ်းနှစ်ရာမှ သုံးရာအကွာတွင် ရှိနေသည်။
ကီလိုဂရမ်ရာပေါင်းများစွာ အလေးချိန်ရှိသော ပုဆိန်ကြီးကို ခြေလှမ်းနှစ်ရာ သုံးရာအကွာမှ ပစ်ပေါက်နိုင်ခဲ့သည်။ ဤမျှကြီးမားသော စွမ်းအားကို ဖော်ပြရန်ပင် မဖြစ်နိုင်ပေ။ ၎င်းသည် ဆင်တစ်ကောင်၏ စွမ်းအားကို လူ့ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပြီး ထိုစွမ်းအား၏ အစွမ်းကို ပြသထားသည့်အလားပင်။
ဤပုဆိန်ကြီးကို ပစ်ပေါက်သူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ခန္ဓာကိုယ် ကြီးမားကြံ့ခိုင်သူတစ်ဦး ဖြစ်သည်။ သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ဤကဲ့သို့ ဝတ်ဆင်ထားသော သူသည် မဟာနတ်ဆိုးအင်မော်တယ်ရှစ်ယောက်ထဲမှ တစ်ဦးဖြစ်သော မဟူရာဝံပုလွေဘုရင်၊ ယွန်မန်နိုင်ငံ၏ သံမဏိဗုဒ္ဓမြင်းတပ်၏ လက်ရှိ မဟာစစ်ဦးစီးချုပ် ဘီရှီဟွာ ဖြစ်သည်။
ပစ်ပေါက်ခံရသော ပုဆိန်သည် သူ၏ “ပျက်သုန်းခြင်း” နတ်ဘုရားပုဆိန်ကြီး ဖြစ်သည်။
ပြင်းထန်စွာ ပစ်ပေါက်ခံရသော ပျက်သုန်းခြင်း ပုဆိန်ကြီးအပြင်၊ ဟုန်ယွိ၏ ချီဝိညာဉ်ဝဲဂယက်ကို တစ်ပြိုင်နက် ထိမှန်သော ဓာတ်ကြီးငါးပါးဓားသိုင်း၏ ဓားငါးချောင်းလည်း ရှိနေသည်။ ဤသည်မှာ ဉဒေါင်းဘုရင်၏သမီး ရှင်းယုယန်၏ ဓာတ်ကြီးငါးပါးဓားများဖြစ်သည်မှာ မပြောဘဲ သိသာသည်။
မိုးကြိုးကပ်ဘေး သုံးကြိမ်ကျော်ဖြတ်ထားသော ဉဒေါင်းဘုရင်၏ အမြင့်ဆုံးမှော်စွမ်းအားနှင့်၊ သူ၏ ဓာတ်ကြီးငါးပါးတာအိုပညာဖြင့်၊ သူကိုယ်တိုင် မွမ်းမံထားသော ဓားသိုင်းသည် မိုးကြိုးကပ်ဘေးကို မကျော်ဖြတ်ရသေးသည့် အစောပိုင်း တစ္ဆေအင်မော်တယ်တစ်ဦးအား သတ်နိုင်ရန် လုံလောက်သည်။
ထို့အပြင်၊ သူ၏သမီး ရှင်းယုဆန်သည် တစ္ဆေအင်မော်တယ်တစ်ပါး၏ စိတ်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူမသည် ရုပ်လုံးဖော်ခြင်းနယ်ပယ်၏ မဟာပြီးပြည့်စုံခြင်းအဆင့်နှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်ရှိထားသည်။ သူမသည် ရှင်ခြင်းနှင့်သေခြင်း၏ အတားအဆီးကို ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ရှင်းယုဆန်၏ တာအိုပညာများသည် သခင်ဒွမ်နှင့် သခင်ကျိုးတို့၏ ပညာရပ်များထက် များစွာ သန့်ရှင်းသည်။ တကယ်တော့၊ ဓာတ်ကြီးငါးပါးဓားသိုင်းဖြင့်ဆို၊ ရှင်းယုဆန်သည် မိုးကြိုးကပ်ဘေး မကျော်ဖြတ်ရသေးသော တစ္ဆေအင်မော်တယ်များထက် ပိုမိုအားကောင်းသည်။
သူမသည် နာလန်ဟိုင်နှင့် နာလန်ယန်လူးတို့နှင့် မတူပေ။ သူတို့သည် မရဏကမ္ဘာတောင်ဝှေးနှင့် မတည်မြဲခြင်းဓားကို ပိုင်ဆိုင်ထားသော်လည်း၊ သူတို့သည် မိုးကြိုးကပ်ဘေးကို မကျော်ဖြတ်ရသေးဘဲ၊ ထိုမှော်ရတနာတို့ကို လုံးဝ ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ထို့ကြောင့်၊ သူတို့သည် ဤမှော်ရတနာနှစ်ခု၏ စစ်မှန်သော စွမ်းအားကို ထုတ်လွှတ်နိုင်ခြင်း မရှိပေ။
မဟူရာဝံပုလွေဘုရင် ဘီရှီဟွာသည် သူ၏ ပျက်သုန်းခြင်းပုဆိန်ကြီးကို ပစ်ပေါက်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ဓာတ်ငါးပါးဓားများကို ထုတ်လွှတ်လိုက်သော ရှင်းယုဆန်သည်လည်း ဘေးသို့ အပြေးအလွှား ရောက်ရှိလာသည်။ အဝါရောင်မြေကြီး အငွေ့သက်နှင့်တူသော ဖျော့တော့တော့ အဝါရောင်ဥခွံလွှာတစ်ခုသည် သူမ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပြီး၊ မကောင်းဆိုးဝါးများ ထိုးဖောက်နိုင်ခြင်း မရှိသလို၊ မှော်ပညာရာပေါင်းများစွာဖြင့်ပင် မဖျက်ဆီးနိုင်ပေ။
ဤဖျော့တော့သော အဝါရောင်ဥခွံအလွှာကို အထင်မသေးသင့်ပေ။ ၎င်းသည် ဓာတ်ငါးပါးဓားသိုင်း၏ မြေကြီးနတ်ဆိုးဖြစ်သည်။ သိုင်းသူတော်စင်တစ်ပါး၏ စွမ်းအားပင်လျှင် ၎င်းကို ဖျက်ဆီးရန် ခက်ခဲပြီး၊ တစ္ဆေအင်မော်တယ်တစ်ပါး၏ တာအိုပညာရပ်များဆို ပြောစရာပင်မလိုပါချေ။
သိုင်းသူတော်စင်တစ်ပါး သွေးနှင့်ချီကို သယ်ဆောင်ထားသည့် ပျက်သုန်းခြင်းပုဆိန်ကြီးနှင့် ဓာတ်ငါးပါးဓားများသည် ကြီးမားသော ချီဝိညာဉ်ဝဲဂယက်ကြီးကို တစ်ပြိုင်နက် ထိမှန်သောအခါ၊ ထိုဝဲဂယက်ကြီးသည် အနည်းငယ် တုန်ခါသွားသည်။
သို့သော်၊ ဤအနည်းငယ် တုန်ခါမှုသည် နာလန်ဟိုင်နှင့် နာလန်ယန်လူးတို့အား သက်ပြင်းရှည်ကြီး ချလိုက်စေနိုင်သည်။
သူတို့ အသက်ရှည်ကြီး ဖြည်းဖြည်းချင်း ချလိုက်ပြီးသည်နှင့်၊ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ ခန်းမသခင်နှစ်ဦးသည် ချက်ချင်းဆိုသလို ရှည်လျားသော ဟစ်ကြွေးသံတစ်ခုကို ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ ဖိနှိပ်ထားသော သူတို့၏စိတ်ဝိညာဉ်များကို ထုတ်လွှတ်ပြီး၊ သူတို့၏တာအိုပညာရပ်များကို အသုံးပြုလိုက်သည်။
နာလန်ဟိုင်သည် မရဏကမ္ဘာတောင်ဝှေးကို ပြင်းထန်စွာ ဝှေ့ယမ်းပြီး လေထဲသို့ ပစ်ပေါက်လိုက်သည်။
တောင်ဝှေးထိပ်ရှိ ကြည်လင်သော အလင်းလုံးသည် ချက်ချင်း တောက်ပသော အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ ထို့နောက်၊ တောက်ပသော အဝါရောင်အလင်းသည် လမင်းနှင့်တူသော ကြီးမားသော အချပ်ပြားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ပြင်းထန်စွာ လည်ပတ်ကာ ချီဝိညာဉ်ဝဲဂယက်ဆီကို ဖြတ်တောက်သွားသည်။
“မရဏရွှေဘီး….။”
ဤတာအိုပညာသည်လည်း အလွန်မင်း အားကောင်းသော တိုက်ခိုက်ရေးနည်းလမ်း ပညာတစ်ခု ဖြစ်သည်။ ၎င်းသည် စိတ်ဝိညာဉ်ကို ပိုင်းခြမ်းနိုင်ပြီး၊ ပျံ့ကြဲသွားသော စိတ်ဝိညာဉ်သည် ပြန်လည်စုစည်းနိုင်ခြင်း မရှိတော့ပေ။ အကယ်၍ နတ်ဘုရား စိတ်ဝိညာဉ်ကို အတင်းအကြပ် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ပေါင်းစည်း ဝင်ရောက်မည်ဆိုလျှင် ခေါင်းကို ပုဆိန်ကြီးဖြင့် ရိုက်ခံရသည့်အလား ပြင်းထန်သော ခေါင်းကိုက်မှုကို ဖြစ်ပေါ်စေမည်။
ရိုးရှင်းစွာပြောရလျှင်၊ မရဏရွှေဘီးဖြင့် ဖြတ်တောက်ခံရပြီးနောက်၊ စိတ်ဝိညာဉ်စွမ်းအားသည် များစွာ လျော့နည်းသွားရုံသာမက၊ စိတ်ဝိညာဉ်ပြိုကွဲခြင်း အန္တရာယ်ကိုပါ ရင်ဆိုင်ရလိမ့်မည်။
တစ္ဆေအင်မော်တယ် ကျွမ်းကျင်သူများပင်လျှင် ခြွင်းချက် မရှိပေ။
ဤသည်မှာ အလွန်အားကောင်းသော တာအိုပညာတစ်ခု ဖြစ်သည်။
တဖက်တွင်မူ, နာလန်ယန်လူးသည် လက်နှစ်ဖက်ကို ပေါင်းစည်းလိုက်ပြီး၊ အနက်ရောင်မြူမှုန်တစ်ခုသည် လူ့ဦးခေါင်းအရွယ်အစားရှိ အလုံးကြီးတစ်ခုအဖြစ် စုစည်းသွားသည်။ ထိုအလုံးအပေါ်တွင်၊ အနက်ရောင်မိုးကြိုးလျှပ်စီးများ လင်းလက်နေသည့်အလား တဖျပ်ဖျပ် ခတ်နေသည်။ ၎င်းသည် ချန်ယင်ရှား၏ မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်း၏ နတ်ဘုရားတိမ်မိုးကြိုး တာအိုမှော်ပညာကို အတုယူထားသည့် တာအိုပညာရပ်တစ်ခု ဖြစ်သည်။
ဤသည်မှာ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၊ ဖျက်ဆီးခြင်းခန်းမ၏ မိုးကြိုးမှော်ပညာရပ်ဖြစ်ပြီး၊ “ဖျက်ဆီးခြင်းနတ်ဘုရားမိုးကြိုး” ဟုခေါ်သည်။ ၎င်းသည် ယမ်းမှုန့်များဖြင့် ဖန်တီးထားကဲ့သို့ အပြင်ပအဂ္ဂိရတ် မှော်မိုးကြိုးမဟုတ်ဘဲ၊ စိတ်နှလုံးမိုးကြိုး၊ မှော်မိုးကြိုး ဖြစ်သည်။ (စိတ်
နာလန်ယန်လူး၏ မတည်မြဲခြင်းဓားသည် မဟာဖျက်ဆီးခြင်းနတ်ဘုရားနှင့်အတူ ချီဝိညာဉ်ဝဲဂယက်ထဲသို့ စုပ်ယူခံခဲ့ရသည်။ ယခု၊ သူမသည် သူမ၏ ကိုယ်ပိုင်တာအိုပညာရပ်ကိုသာ အသုံးပြု၍ ဟုန်ယွိကို တန်ပြန်တိုက်ခိုက်နိုင်တော့သည်။
မရဏရွှေဘီးနှင့် ဖျက်ဆီးခြင်းနတ်ဘုရားမိုးကြိုးသည် ဟုန်ယွိ၏ ချီဝိညာဉ်ဝဲဂယက်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ ချက်ချင်း၊ ချီဝိညာဉ်ဝဲဂယက်သည် ထပ်မံ လှုပ်ယမ်းသွားပြီး၊ နာလန်ဟိုင်နှင့် နာလန်ယန်လူးတို့၏ စိတ်ဝိညာဉ်များသည် များစွာပို၍ သက်သာလာသည်။
ယခင်က၊ သူတို့သည် ချီဝိညာဉ်ဝဲဂယက်ထဲသို့ စုပ်ယူခံရပြီး၊ မည်သည့်တာအိုပညာရပ်ကိုမဆို အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။ ယခု သူတို့သည် နောက်ဆုံးတွင် အသက်ရှူဖို့ အခွင့်အရေးရခဲ့သည်။
ထပ်မံ အသက်ရှူသွင်းပြီးနောက်၊ ခန်းမသခင်နှစ်ဦးသည် ချက်ချင်း သူတို့၏ တာအိုပညာရပ်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်သည်။
မရဏရွှေဘီးနှင့် ဖျက်ဆီးခြင်းနတ်ဘုရားမိုးကြိုးသည် မိုးသက်မုန်တိုင်းတစ်ခုကဲ့သို့ ဟုန်ယွိ၏ ချီဝိညာဉ်ဝဲဂယက်ကို ပြင်းထန်စွာ တိုက်ခိုက်ကြသည်။
အကယ်၍ မဟူရာဝံပုလွေဘုရင် ဘီရှီဟွာနှင့် ရှင်းယုဆန်တို့သာ မရှိခဲ့ပါက၊ နက်နဲသော ကျင့်စဉ်များကို ပိုင်ဆိုင်ထားသော ဤတစ္ဆေအင်မော်တယ်နှစ်ဦးသည် ရွှေပင့်ကူဘုရင်အဖြစ် ဟန်ဆောင်ထားသော ဟုန်ယွိထက်ထဲမှာ သေဆုံးသွားရလိမ့်မည်။
သို့သော်၊ ယနေ့ဖြစ်ပျက်များကို ထုတ်ဖော်ပြောဆိုခဲ့ပါက၊ အမည်မသိ ဟုန်ယွိတစ်ဦးသည် ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ နာမည်ကြီး ခန်းမသခင်နှစ်ဦးကို သတ်ဖြတ်နိုင်လုနီးပါး ဖြစ်ခဲ့သည်ဟု ပြောလျှင် မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။
ရွှေပင့်ကူဘုရင်ကိုယ်တိုင်က ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ ခန်းမသခင်နှစ်ဦးကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့သည်ဟု ပြောလျှင်ပင်၊ မည်သူမျှ ယုံကြည်မည် မဟုတ်ပေ။
သို့သော် ယခု၊ ဟုန်ယွိ၏စွမ်းအားသည် စစ်မှန်သော ရွှေပင့်ကူဘုရင်ထက်ပင် ပိုမိုအားကောင်းသည်။
“ခန်းမသခင်တွေ, အဆင်ပြေရဲ့လား…။”
ရှင်းယုဆန်သည် ဓာတ်ငါးပါးဓားများကို ထုတ်လွှတ်ပြီးနောက်၊ ခြေလှမ်းအနည်းငယ်ဖြင့် ပျံသန်းလာသည်။ သူမ၏လှုပ်ရှားမှုများသည် အလွန်လျင်မြန်ပြီး၊ သူမ၏ကိုယ်ခံပညာသည် ကျောက်ဖေးရုန်၏ ကိုယ်ခံပညာထက် မနိမ့်ကျပေ။ သူမသည် သေချာပေါက် မဟာဆရာသခင်အဆင့်တစ်ဦး ဖြစ်သည်။ ဉဒေါင်းဘုရင်၏ သမီးဖြစ်သူသည် ကိုယ်ခံပညာနှင့် တာအိုပညာနှစ်ခုလုံးကို ကျင့်ကြံထားပြီး၊ သူမသည် တစ္ဆေအင်မော်တယ်နယ်ပယ်နှင့် သိုင်းသူတော်စင်နယ်ပယ်ကို ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ ဝေးကွာတော့ပြီး၊ လမ်းစဉ်နှစ်ခုစလုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိထားသည်။
သို့သော်၊ ဤကဲ့သို့ ထိပ်တန်းဖခင်တစ်ဦးကို ပိုင်ဆိုင်ထားပြီး၊ ကောင်းကင်ဘုံ၏ မျက်နှာသာပေးခံရသော သမီးတစ်ဦးအနေဖြင့် ဤကဲ့သို့ အောင်မြင်မှုမျိုးသည် တကယ်တော့ ရှားပါးသည်တော့ မဟုတ်လှပေ။
နာလန်ဟိုင်နှင့် နာလန်ယန်လူးတို့သည် ပြုတ်ကျသေဆုံးခြင်း မရှိဘဲ၊ ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက်လာပြီး၊ အမျိုးမျိုးသော မှော်အတတ်များကို ဆက်လက်ထုတ်လွှတ်နေသည်ကို မြင်သောအခါ၊ ရှင်းယုဆန်သည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။
သူတို့နှစ်ဦးသည် မူလက ကောင်းကင်တွင် မျှောလွင့်နေခဲ့ပြီး၊ သူတို့သည် တစ်ဦးနှင့်တစ်ဦး နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားကို အားကိုးနေရသည်။ အကယ်၍, သူတို့သည် ကောင်းကင်မှ ပြုတ်ကျခဲ့ပါက၊ သေဆုံးခြင်း မဖြစ်ခဲ့လျှင်ပင်၊ ၎င်းတို့၏ အရိုးများနှင့် ကြွက်သားများ ကျိုးပဲ့ပျက်ဆီးသွားလိမ့်မည်။
တစ္ဆေအင်မော်တယ်များသည် မည်မျှပင် အားကောင်းစေကာမူ၊ သူတို့၏ခန္ဓာကိုယ်များသည် ပြုတ်ကျလျှင် သေဆုံးသွားနိုင်သည်။
“နောက်ထပ် မဟာကျွမ်းကျင်သူနှစ်ဦးက ဘယ်ကနေ ထပ်ပေါ်လာရတာလဲ။ ငါ့မှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက်ရှိရင်တောင်၊ ဒီမဟာကျွမ်းကျင်သူလေးဦးကို အနိုင်မယူနိုင်ဘူး။”
ဘန်း..၊ ဘန်း..။
ဓာတ်ငါးပါးဓားသိုင်းများ၊ ပျက်သုဉ်းခြင်းပုဆိန်၊ မရဏရွှေဘီးနှင့် ဖျက်ဆီးခြင်းနတ်ဘုရားမိုးကြိုးတို့သည် ချီဝိညာဉ်ဝဲဂယက်ကို ဆက်လက်ပြီး အပြင်းအထန် တိုက်ခိုက်လိုက်သည်။
ဟုန်ယွိသည် နောက်ဆုံးတွင် မဟာပညာရှင်လေးဦး၏ စွမ်းအား၊ သိုင်းသူတော်စင်၏ သွေးနှင့်ချီ၊ မှော်ရတနာများစွာ၏ စွမ်းအားကို မခံနိုင်တော့ပေ။ ချီဝိညာဉ်ဝဲဂယက်သည် လှည့်ပတ်နိုင်ခြင်း မရှိတော့ဘဲ၊ ရုတ်တရက် ပြိုကွဲသွားသည်။ မရေတွက်နိုင်သော အေးစက်စက် ယင်လေပြင်းများနှင့် အတွေးများစွာသည် အရပ်မျက်နှာ အသီးသီးသို့ ပေါက်ကွဲထွက်သွားခဲ့သည်။
ချီဝိညာဉ်ဝဲဂယက် ပျောက်ကွယ်သွားပြီးနောက်၊ ကောင်းကင်ကြီးသည် လယ်ကွင်းကြီးတစ်ခုကဲ့သို့ ဗလာကျင်းကြီး ဖြစ်သွားသည်။ မြေပြင်ပေါ်တွင်၊ အဝါရောင်ကျောက်စိမ်းအဆောင်၏ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော နက်ရှိုင်းသော တွင်းနက်တစ်ခုနှင့် ပျက်စီးသွားသော အိမ်များနှင့် မြို့ရိုးများသာ ရှိတော့သည်။
မဟူရာဝံပုလွေဘုရင်က ပစ်ပေါက်ခဲ့သော ပျက်သုဉ်းခြင်းပုဆိန်နှင့် မတည်မြဲခြင်းဓားတို့သည် အစအနမရှိ ပျောက်ကွယ်သွားသည်။ ၎င်းတို့ ဘယ်သည့်နေရာ ရောက်သွားသည်ကို မည်သူမျှ မသိပေ။
“သူသေသွားပြီလား…!”
ချီဝိညာဉ်ဝဲဂယက် ပျောက်ကွယ်သွားပြီး၊ အေးစက်စက် ယင်လေပြင်းများနှင့် အတွေးများ ပေါက်ကွဲထွက်သွားသည်နှင့်၊ နာလန်ဟိုင်က အလျင်စလို မေးလိုက်သည်။
“သေချင်းဆိုးပင့်ကူကြီး..…။ သူက သတ်လို့မသေနိုင်တဲ့ ပိုးဟပ်တစ်ကောင်လိုပဲ။ ဒီလောက်တိုက်ခိုက်မှုတွေနဲ့တောင် သူ့ကို မသတ်နိုင်ခဲ့ဘူး။ သူက ငါ့ရဲ့ မတည်မြဲခြင်းဓားနဲ့ ဘီဟွာရဲ့ ပျက်သုဉ်းခြင်းပုဆိန်ကြီးကိုပါ ယူသွားသေးတယ်…”။
နာလန်ယန်လူးသည် ရုတ်တရက် ခုန်ထွက်လာပြီး၊ သူမ၏ လက်ချောင်းများကို ပြင်းထန်စွာ ညှစ်ကာ မှော်ပညာတစ်ခုကို ထုတ်ဖော်ပြီး၊ သူမ၏ အတွေးများကို လှုံ့ဆော်လိုက်သည်။ သူမသည် မတည်မြဲခြင်းဓားကို ပြန်လည်ရယူလိုသည့်အလား လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ သို့သော် မည်သည့်လှုပ်ရှားမှုမျှ ရှိမလာခဲ့ပေ။
သူမသည် အလွန့်လွန် ဒေါသထွက်နေသည်။ သူမ၏ တစ္ဆေအင်မော်တယ်တစ်ပါးဟူသော အဆင့်အတန်းကိုပင် ဂရုမစိုက်တော့ဘဲ၊ ယွန်မန်ဘာသာ စကားဖြင့်ပင် ကျိန်ဆဲလိုက်သည်။
ဟုန်ယွိသည် သူမ၏အမျက်ဒေါသကို မည်မျှအထိ လှုံ့ဆော်ပေးခဲ့သည်ကို စိတ်ကူးကြည့်နိုင်သည်။ ယင်းက သူမ၏ တာအိုနှလုံးသားကိုပင် တုန်လှုပ်စေခဲ့သည်။
“သူက ငါ့ရဲ့ ပျက်သုဉ်းခြင်းပုဆိန်ကြီးကိုလည်း ယူသွားတယ်။ ငါ့ရဲ့ သွေးနဲ့ချီက သူ့ကို လုံးဝ မထိခိုက်စေခဲ့ဘူး.” ဘီရှီဟွာသည် ဝတ်ရုံနက်ကြီးအောက်မှ ခက်ထန်စွာ အော်ပြောလိုက်သည်။
“မင်းရဲ့ သွေးနဲ့ချီတင် မဟုတ်ဘူး။ အခုနက ငါအသုံးပြုခဲ့တဲ့ ကျောက်စိမ်းအဆောင်ကတောင် သူ့ကို မသတ်နိုင်ခဲ့ဘူး..။ သေချင်းဆိုး ပင့်ကူနာ၊ ပင့်ကူစုတ်….။” နာလန်ယန်လူးသည် ယွန်မန်ဘာသာစကားဖြင့် ထပ်မံ ကျိန်ဆဲလိုက်သည်။ သူမသည် အကယ်၍, တစ္ဆေအင်မော်တယ်တစ်ပါး မဟုတ်ခဲ့ဘူးဆိုလျှင်ပင်, သူမသည် ယွန်မန်နိုင်ငံ၏ ဂုဏ်သိက္ခာကြီးမား သော မင်းသမီးတစ်ပါး ဖြစ်သည်။ သို့သော်၊ သူမသည် သူမ၏ ပုံရိပ်ကို လုံးဝ ဂရုမစိုက်တော့ပေ။ သူမထံမှ ယခုလိုကျိန်ဆဲသံ ထွက်ပေါ်လာသည်ဟု ပြောလျှင်, ဤကမ္ဘာပေါ်တွင် မည်သူမျှ ယုံကြည်မှာ မဟုတ်ပါဘူး။
“ဘာ….။”
ရှင်းယုဆန်၏ နတ်သမီးနှင့်တူသော မျက်နှာသည်လည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
သူမသည် မြေပြင်ပေါ်ရှိ ကြီးမားသော တွင်းနက်ကြီးနှင့် ကောင်းကင်စုန်းမြို့၏ ပျက်စီးသွားသော မြို့ရိုးများကို ကြည့်လိုက်သည်။
“ကျောက်စိမ်းအဆောင်ကတောင် သူ့ကို မသတ်နိုင်ခဲ့ဘူးလား။ သူက ဒီလောက်ထိ အစွမ်းထက်လွန်းတာလား။ ကျွန်မတို့လေးယောက် တစ်ပြိုင်နက် တိုက်ခိုက်မှပဲ သူ ထွက်ပြေးသွားတာ။ ဒါတောင် သူထွက်သွားခါနီးမှာ ကျွန်မတို့ရဲ့ မှော်ရတနာတွေကို လုယူဖို့ ကြိုးစားခဲ့သေးတယ်။ ဒီရွှေပင့်ကူဘုရင်က တန်ခိုးမကြီးလွန်းဘူးလား..။”
ရှင်းယုဆန်က ပြောသည်။
“ဒီပင့်ကူဆုတ်က ပင့်ကူမဟုတ်ဘူး။ မသတ်နိုင်တဲ့ ပိုးဟပ်တစ်ကောင်လိုပဲ။” နာလန်ယန်လူးက ထပ်မံ ကျိန်ဆဲလိုက်သည်။ ထို့နောက် သူမ၏မျက်နှာ အမူအရာက တည်ငြိမ်သွားသည်။ သူမ၏ နှလုံးသားထဲရှိ မကျေမနပ်ဖြစ်မှုနှင့် အစွန်းရောက် အမျက်ဒေါသကို ဖွင့်ထုတ်ပြီးနောက်၊ သူမ၏တာအို နှလုံးသားကို ပြန်လည် ရယူလိုက်ပုံရသည်။ ထို့နောက် သူမက ဂုဏ်သိက္ခာရှိသော အသံဖြင့် ပြောသည်။ “ဒါပေမယ့်၊ ဒီပင့်ကူအိုကြီးက ငါ့ရဲ့ မတည်မြဲခြင်းဓားကို ယူသွားခဲ့တာက မဟာအမှားကြီးတစ်ခုပဲ။ သူ့ရဲ့လောဘကြီးတဲ့ အကျင့်စရိုက်က အခုထိ မပြောင်းလဲသေးဘူး။ မတည်မြဲခြင်း ဓားပေါ်မှာ ဖျက်ဆီးခြင်းနတ်ဘုရားရဲ့ အစစ်မှန် နတ်ဘုရားစွမ်းအားနဲ့ အားဖြည့်ထားတဲ့ မန္တန်သုံးဆယ့်ခြောက်ခု ရှိတယ်။ တကယ်လို့, သူသာ အဲဒီမန္တန်တွေကို မဆင်မခြင် အသုံးပြုပြီး အတွင်းကျဆုံး အစိတ်ပိုင်းကို တိုက်ခိုက်မိခဲ့ရင်၊ ဖျက်ဆီးခြင်းနတ်ဘုရားရဲ့ ကိုယ်ပွားတစ်ခုက ချက်ချင်း နတ်ဘုရားဓားထဲ ဆင်းသက်လာပြီး၊ သူ့ကိုသတ်ဖို့ နတ်ဘုရားဓားကို ထိန်းချုပ်လိမ့်မယ်။ ဒါဆို, သူကလည်း နတ်ဘုရားဓားကို ဖိနှိပ်ဖို့နဲ့ ငါပြန်မယူနိုင် အောင် တားဆီးဖို့ တာအိုမှော်ပညာရပ်တွေကို အမြဲတမ်း အသုံးပြုရလိမ့်မယ်။ ။”
“ဟုတ်တယ်။ ငါ့ရဲ့ ပျက်သုဉ်းခြင်းပုဆိန်ကြီးမှာလည်း အတွေးအမျှင်တန်း ၇၂ နဲ့ ထောက်ပံ့ပေးထားတယ်။ ငါ့ရဲ့ အနှစ်သာရသွေးနဲ့ နှစ်ပေါင်းများစွာ သန့်စင်ထားခဲ့တာကြောင့်၊ ပုဆိန်ကြီးက ငါ့ခန္ဓာကိုယ်, ငါ့စိတ်နှလုံးနဲ့ တစ်သားတည်း ဖြစ်နေပြီ။ သူယူသွားရင်တောင် အသုံးမဝင်ဘူး။ အခုတော့ သူက သူ့ရဲ့စိတ်ဝိညာဉ်နဲ့ ဖိနှိပ်နေရတယ်။ ဟမ့်။ ဒီပင့်ကူကြီးက စိတ်လွတ်သွားခဲ့တယ်။ သူ ငါတို့ရဲ့ မှော်ရတနာတွေကို ယူသွားတာက သူ့တည်နေရာ ကို ပေးလိုက်တာပဲ။ ဒီနောက်ပိုင်းမှာ သူ့ရဲ့လှုပ်ရှားမှုတိုင်းကို ငါတို့ အာရုံခံနိုင်မယ်။ ငါတို့ရဲ့ မှော်ရတနာတွေနဲ့ သူ့ရဲ့တည်နေရာကိုလည်း အာရုံခံနိုင် မယ်။” မဟူရာဝံပုလွေဘုရင် ဘီရှီဟွာက ပြောသည်။
“သူ မြို့ပြင်ထွက်သွားပြီ!”
နာလန်ယန်လူးသည် ခဏအာရုံခံပြီးနောက် ချက်ချင်း ပြောလိုက်သည်။
“မြို့ပြင်ထွက်ပြီး သူ့ကို သတ်ကြစို့!”
“မလိုဘူး။ သူက ငါတို့ရဲ့ လက်နက်တွေကို အသုံးပြုလို့ မရဘူး။ ပြီးတော့ ဒီမှော်ရတနာတွေကို ဖိနှိပ်ဖို့ သူ့စိတ်ဝိညာဉ်စွမ်းအားကို ဖြုန်းတီးနေရတယ်။ ဒါက မိုက်မဲတဲ့လုပ်ရပ်ပဲ။ အခုဆို ချန်ပီယံမြို့စားနဲ့ နင်ဂျာဘုန်းကြီးတို့ တိုက်ခိုက်နေကြတယ်။ သူတို့ဟာ သိုင်းသူတော်စင်နှစ်ဦးရဲ့ တိုက်ပွဲအလယ်မှာ ရောက်နေပြီး ခြေလှမ်းသုံးရာအကွာအထိ အနှစ်သာရနဲ့ချီက တဟုန်ထိုး လှိမ့်တက်နေတယ်။ ငါ့ရဲ့စိတ်ဝိညာဉ်က အနီးကပ်သွားနိုင်ပေမယ့်၊ အလွန့်လွန် ခက်ခဲလိမ့်မယ်။ ဘယ်တာအိုပညာရပ်ကိုမှ အသုံးပြုလို့မရဘူး။ ပြီးတော့ ရိုးရှင်းတဲ့ လက်သီးတစ်ချက်နဲ့တောင် ငါ့ စိတ်ဝိညာဉ် ကြေမွသွားမှာ စိုးရိမ်ရတယ်။”
မဟူရာဝံပုလွေဘုရင် ဘီရှီဟွာက ပြောသည်။
တစ်ချိန်တည်းမှာပင်၊ သူတို့လေးဦးသည် မိုင်ခုနှစ်, ရှစ်မိုင်အကွာဝေးမှ ကောင်းကင်စုန်းမြို့၏ အလယ်ဗဟိုကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော အနှစ်သာရ အငွေ့အသက်နှစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်နေသည်။
ဤမဟာတာအိုသခင်များသည် အငွေ့အသက် ကြည့်ရှုနည်းကို သဘာဝအတိုင်း သိရှိကြသည်။ ၎င်းတို့သည် သာမန်မျက်စိဖြင့် မမြင်နိုင်သော အရာများကို မြင်နိုင်ကြသည်။
သိုင်းသူတော်စင်များ၏ အနှစ်သာရ၊ သွေးနှင့်ချီတို့သည် သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ သာမန်လူများသည် အလွန်ပူပြင်းသော သွေးနှင့်ချီကိုသာ ခံစားနိုင်သော်လည်း၊ တာအိုကျွမ်းကျင်သူများသည် ကြီးမားသော အငွေ့အသက်၊ ခမ်းနားထည်ဝါသော အငွေ့အသက်နှင့် လက်သီးဆန္ဒကို မြင်နိုင်ကြသည်။
ဘီရှီဟွာသည် သိုင်းသူတော်စင်တစ်ဦး ဖြစ်သော်လည်း၊ သူသည် တစ္ဆေအင်မော်တယ်နှင့် သိုင်းသူတော်စင် ဖြစ်သည်။ သူသည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် တစ်သားတည်း ဖြစ်နေကြသည့် အစစ်မှန် သိုင်းသူတော်စင်များနှင့် အခြေခံအားဖြင့် ခြားနားသည်။
ဤခြားနားမှုက “ခရုတစ်ကောင်” နှင့် “ကြံ့တစ်ကောင်” ၏ ခြားနားမှုနှင့် အတူတူပင်။
အကယ်၍ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တစ်သားတည်း ပေါင်းစည်းထားသည့် သိုင်းသူတော်စင်၏ သွေးဖြစ်မည်ဆိုပါက၊ ထိုသွေးသည် သိုင်းလက်သီးဆန္ဒကို သယ်ဆောင်ထားလိမ့်မည်။ ၎င်းသည် ဟုန်ယွိကို ပြင်းထန်စွာ ထိခိုက်စေရန် လုံလောက်ပေလိမ့်မည်။
“စကြာဝဠာအိတ်က နင်ဂျာဘုန်းကြီး လက်ထဲမှာလား။ ယုဝူဒေါင်နဲ့ စုန်းတစ္ဆေဂိုဏ်းက အကြီးအကဲသုံးဦးရော ဘာဖြစ်သွားလဲ….” နာလန်ယန်လူးက ရုတ်တရက် မေးလိုက်သည်။
“စုန်းတစ္ဆေဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယုဝူဒေါင်က ကျွန်မရဲ့ နတ်ဆိုးမီးလျှံဓားဆေးပြား ထိမှန်သွားခဲ့တယ်။ ဘီရှီဟွာနဲ့ ကျွန်မတို့ သူ့ကိုသတ်ဖို့ ပြင်ဆင်နေချိန်မှာ၊ ပေါက်ကွဲမှုသံ ကြားလိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ ခန်းမသခင်တို့ အန္တရာယ်ကျရောက်နေတာကို ခံစားမိပြီး ချက်ချင်း ပြေးလာခဲ့တာ။ ယုဝူဒေါင်က တစ္ဆေတသောင်းဝိညာဉ်အလံနဲ့ ဧကရာဇ်အလောင်းတွေရဲ့ ကာကွယ်မှုကို အားကိုးပြီး၊ အကြီးအကဲသုံးဦးနဲ့ ပြန်လည်ပူးပေါင်းနိုင်ခဲ့တယ်။ အခုအချိန်မှာ စုန်းတစ္ဆေဂိုဏ်းက လူတွေအားလုံး သေဆုံးသွားပြီ။ ဂိုဏ်းချုပ်၊ အကြီးအကဲသုံးဦးနဲ့ ဒုက္ခပေးနိုင်တဲ့ နင်ဂျာဘုန်းကြီးတို့ပဲ ကျန်တော့တယ်….။”
ရှင်းယုဆန်က ပြောသည်။ “ဒီလူတွေဟာ အခု တစ္ဆေတသောင်းရှိခိုးအစီအရင်ရဲ့ အတွင်းကျဆုံး အစိတ်ပိုင်းမှာ ချန်ပီယံမြို့စားနဲ့ တိုက်ခိုက်နေကြတယ်။”
“ဒီနင်ဂျာဘုန်းကြီးဟာ ဗောဓိသတ္တ ၁၀၈ ပါးထဲ တစ်ပါးဖြစ်ပြီး၊ မဟာဆရာသခင်တစ်ဦး ဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး။ အခု သူက ဒီတောရိုင်း ဒေသမှာ နှစ်နှစ်ဆယ်ကြာ ဒုက္ခခံပြီး သိုင်းသူတော်စင်ဖြစ်လာခဲ့ပြီ။ သူရော လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက ကောင်းကင်ဘုရင်လေးပါးနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ မသိဘူး။”
နာလန်ယန်လူးက ပြောသည်။ “သူတို့ သေတဲ့အထိ တိုက်ခိုက်တာကို စောင့်ကြည့်ပြီးမှ ငါတို့ အခွင့်ရေးကြမလား။ ဒါမှမဟုတ် အခု ဝင်ရောက်တိုက်ခိုက်ပြီး သတ်ဖြတ်ကြမလား။ ချန်ပီယံမြို့စားက ခန့်မှန်းလို့မရတဲ့လူပဲ။ သူလက်ထဲ စကြာဝဠာအိတ် ရောက်သွားရင်၊ ကံကောင်းခြင်းဗူးသီးကို အားကိုးပြီး သူ့ကို လိုက်မမီတော့ဘူး။”
“ကိစ္စမရှိဘူး။ သူတို့ စကြာဝဠာအိတ်ကို ရသွားရင်တောင်၊ ချာရာနဲ့ယွန်တူးနိုင်ငံက ကျွမ်းကျင်သူတွေက အပြင်မှာ စောင့်နေကြတယ်။”
……….
ချန်ယင်းရှာသည် မြေပေါ်မှာထိုင်နေပြီး အဝေးရှိ ကောင်းကင်စုန်းမြို့မှ တလူလူ လွင့်တက်လာသော အနှစ်သာရချီနှင့် အနက်ရောင်မီးခိုးများကို ကြည့်နေသည်။ ရုတ်တရက် သူမမျက်လုံးများ လှုပ်ရှားသွားပြီး အေးစိမ့်သော ယင်လေပြင်းတစ်ခုက ပုဆိန်ကြီးနှင့် ဓားတစ်ချောင်းကို ရစ်ပတ်လျက် သူမဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်သည်။ ထို့နောက် ထိုအေးစိမ့်သော ယင်လေပြင်းသည် ဟုန်ယွိ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ဟုန်ယွိ၏ ခန္ဓာကိုယ်သည် လှုပ်ရှားသွားပြီး မျက်လုံးများကို ဖွင့်လိုက်သည်။
“ပျက်သုဉ်းခြင်းပုဆိန်၊ မတည်မြဲခြင်းဓား။” ချန်ယင်းရှာသည် ကျရောက်လာသော ပုဆိန်ကြီးနှင့် ဓားကို ကြည့်ပြီး အံ့အားသင့်စွာ အော်ပြောလိုက် သည်။
အခန်း(၂၂၃)။
“ဟုတ်တယ်။ ဒါက ဆန်းကြယ်ကောင်းကင်ခန်းမ၊ ဖျက်ဆီးခြင်းနတ်ဆိုးခန်းမသခင်ရဲ့ လက်နက်ပဲ။ နာလန်ယန်လူးရဲ့ မတည်မြဲခြင်းဓားနဲ့ မဟူရာဝံပုလွေဘုရင်ရဲ့ ပျက်သုဉ်းခြင်းပုဆိန်တို့ ပူးပေါင်းပြီး ငါ့ကို တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ လက်နက်တွေကို ငါ သိမ်းယူလိုက်တယ်။ ဒီမှော်ရတနာ လက်နက်နှစ်ခုဟာ အကြိမ်ရာပေါင်းများစွာ ထောင်ပေါင်းများစွာ ပြန်လည်သန့်စင်ထားတဲ့ နတ်ဘုရားလက်နက်တွေ။ သူတို့ရဲ့ စွမ်းအားက ထူးကဲတယ်။ သူတို့ကို ငါမသတ်နိုင်ပေမယ့်၊ ဒီလက်နက်တွေကို သိမ်းယူလိုက်တာနဲ့တင် သူတို့ရဲ့ စွမ်းအားကို လျော့ချနိုင်ပြီ။”
“ယင်ရှာ၊ အမြန်လုပ်ပါ။ မင်းရဲ့စွမ်းအားကို လည်ပတ်ပြီး ဒီမှော်ရတနာ နှစ်ခုကို ဖိနှိပ်ထားလိုက်။”
ဟုန်ယွိသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်လည်ထည့်သွင်းပြီးပြီးချင်း ချန်ယင်းရှာကို ချက်ချင်း ပြောလိုက်သည်။
မတည်မြဲခြင်းဓားနှင့် ပျက်သုဉ်းခြင်းပုဆိန်တို့သည် ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ် ဖမ်းဆုပ်မှုမှ လွတ်မြောက်သွားပြီးနောက် ချက်ချင်း မငြိမ်မသက် ဖြစ်လာသည်။ ၎င်းတို့သည် အော်ဟစ်သံများ ထုတ်လွှတ်ပြီး၊ ဖမ်းဆီးခံထားရသော နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်သို့ ပျံတက်တော့မည်။
ဤမှော်ရတနာနှစ်ခုသည် ဝိညာဉ်သဘာဝရှိပြီး၊ ၎င်းတို့သခင်များ၏ စိတ်, ဝိညာဉ်များနှင့် ဆက်စပ်နေသည်။ ဤမှော်ရတနာများတို့သည် ၎င်းတို့သခင်၏ ပြင်ပခန္ဓာကိုယ်ပင် ဖြစ်လာသည်။ အပြင်လူတစ်ဦးက ၎င်းတို့ကို သိမ်းယူလျှင်ပင် အသုံးမပြုနိုင်ရုံသာမက၊ ဤမှော်ရတနာများ ထွက်ပြေးမသွားအောင် အမြဲတမ်း ကာကွယ်ထားရမည်။ သခင်ကိုယ်တိုင်ကပင် ထိုမှော်ရတနာများကို အသုံးပြုပြီး သူတို့ကို ပြန်လည်တိုက်ခိုက်နိုင်သည်။
ဤသည်မှာ သိုးထိန်းအိမ်တွင် သွေးဆာနေသော ကျားတစ်ကောင်ကို မွေးမြူထားခြင်းနှင့်တူသည်။
သို့သော် ဟုန်ယွိသည် ယခုအခါ ဤအရာကို ဂရုမစိုက်တော့ပေ။ သူ့စိတ်ထဲတွင် မှော်ရတနာများကို သိမ်းယူပြီးနောက် သူ့ထံတွင် ကိုယ်ပိုင်အစီအစဉ်တစ်ခု ရှိသည်။
ဤမှော်ရတနာ နှစ်ခုသည် လှုပ်ရှားရန်အသင့်ဖြစ်နေသည်ကို မြင်သောအခါ၊ ချန်ယင်းရှာသည် စကားတစ်ခွန်းမှ မပြောဘဲ၊ သူမ၏ နတ်ဘုရား စိတ်ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ပြီး ထိုမှော်ရတနာ နှစ်ခုထံသို့ ပြင်းပြင်းထန်ထန် ထုတ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလို၊ ထိုမှော်ရတနာ နှစ်ခုသည် အပြည့်အဝ ဖိနှိပ်ခံလိုက်ရသည်။
ချန်ယင်းရှာ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ဟုန်ယွိလောက် သန်မာမှုမရှိသော်လည်း၊ ဟုန်ယွိထက် များစွာ သာလွန်သည်။ ဤပြင်းထန်သော ဖိနှိပ်မှုအောက်တွင်၊ မည်မျှပင် ပြင်းထန်သော မှော်ရတနာများဖြစ်စေကာမူ မည်သည့်လှိုင်းကြီးမျှ ဖြစ်ပေါ်စေနိုင်မည် မဟုတ်ပေ။
“ခုနက ငါ အတော်လေး ပင်ပန်းသွားတယ်။ အခု လျှို့ဝှက်စမ်းအင် အထက်ပိုင်းသန္ဓေသားကျင့်စဉ် ကို အသုံးပြုပြီး ငါ့ရဲ့ စိတ်ဝိညာဉ်နဲ့ ဝိညာဉ်ကို ပြန်လည်ဖြည့်တင်းရမယ်။”
ဟုန်ယွိသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်လည်ထည့်သွင်းပြီး ဖြစ်သည်။ ချန်ယင်းရှာက မှော်ရတနာ နှစ်ခုကို ဖိနှိပ်ထားသည်ကို မြင်သောအခါ စိတ်သက်သာရာရသွားသည်။ ထို့နောက် မျက်လုံးများကို မှိတ်ထားပြီး အသက်ရှူမှုကို ထိန်းညှိရန် အချိန်အနည်းငယ် လည်ပတ်လိုက်သည်။
သူသည် သူ၏အသက်ရှူမှုကို ထိန်းညှိနေစဉ်၊ သူ၏မျက်ခုံးနှစ်ခုကြားတွင် အနှစ်သာရချီ စွမ်းအင်တစ်စက် စုစည်းလာသည်။ စွမ်းအင်အစက်သည် သွေးခဲအမှတ်ကဲ့သို့ အနီနက်ရောင်ဖြစ်သည်။ တခဏအကြာတွင် ထိုအစက်ပြောက်သည် တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ အသက်ရှူကြိမ် ဆယ်ကြိမ်ခန့်အကြာတွင် သူသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ မျက်လုံးများက တောက်ပပြီး တက်ကြွမှုအပြည့်ရှိသည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားသည် ပြန်လည်ပြည့်ဖြည့်လာသည်။
“ဒီတာအိုမှော်ပညာရပ်က တကယ်ကို အံ့ဖွယ်ပဲ။ အခုနက ငါ မဟာသခင်လေးယောက်နဲ့ တိုက်ခိုက်ခဲ့ရတယ်။ ကျောက်စိမ်းအဆောင်ကို ဖျက်ဆီးလိုက်တဲ့ ပေါက်ကွဲမှုကိုပါ ခံစားခဲ့ရတယ်။ နောက်ဆုံးမှာ အတိတ်ကျမ်းထဲက အတွင်းနှလုံးသား နတ်ဆိုးဘုရင်ငါးပါးကို ဖောက်ခွဲကာ၊ ချီဝိညာဉ်ဝဲဂယက်ကို ထုတ်လွှတ်ပြီး တိုက်ခိုက်ရာမှာ နာလန်ဟိုင်နဲ့ နာလန်ယန်လူးတို့ကို လုံးဝ သတ်ဖြတ်နိုင်လုနီးပါးအထိပဲ။ ဒါပေမယ့် အရေးကြီးတဲ့အချိန်မှာ ဘီရှီဟွာနဲ့ ရှင်းယုဆန် ရောက်လာပြီး ခန်းမသခင်နှစ်ယောက်ကို ပြန်လည်ကယ်တင်သွားတယ်။ တကယ်ကို နီးနီးလေးပဲ!”
ခုနက တိုက်ပွဲကို ပြန်တွေးရင်း ဟုန်ယွိသည် ဂုဏ်ယူမှုနှင့် နှမြောတသဖြစ်မှု နှစ်ခုစလုံးကို ခံစားရသည်။
သူဂုဏ်ယူရသည်မှာ သူသည် ဤကမ္ဘာတွင် ထင်ရှားကျော်ကြားသည့် အစွမ်းထက် မဟာသခင်လေးယောက်ကို တစ်ယောက်တည်းဖြင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး၊ မှော်ရတနာတစ်ခုမှ အသုံးမပြုဘဲ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော် နာလန်ဟိုင်နှင့် နာလန်ယန်လူးတို့ကို မသတ်ဖြတ်နိုင်ခဲ့သည့်အတွက် နှမြောတသ ဖြစ်မိသည်။
သို့သော် သူထွက်ပြေးလာရခြင်းမှာလည်း ချီဝိညာဉ်ဝဲဂယက်ကို ထုတ်လွှတ်ပြီးနောက် စွမ်းအင်များစွာ သုံးစွဲခဲ့ရပြီး စွမ်းအင်အားလုံးနီးပါး ကုန်ခမ်းသွားခဲ့ခြင်းကြောင့် ဖြစ်သည်။
ကီလိုဂရမ် ၃၅၀ လေးလံသော လေးတစ်စင်းကို ကီလိုဂရမ် ၁၀၀ ခွန်အားဖြင့် ဆွဲကာ ပစ်ခတ်ပြီးနောက် စွမ်းအင်ကုန်ခမ်းခြင်း မရှိပါမှ ထူးဆန်းဦးမည်။
ပင်ပန်းနွမ်းနယ်နေသည့် အခြေအနေဖြင့် မဟာသခင်လေးယောက်ကို ရင်ဆိုင်တိုက်ခိုက်ခြင်း၊ ဟုန်ယွိသည် အသေခံပြီး တိုက်ခိုက်ရသည်အထိ မိုက်မဲသူ မဟုတ်ပေ။
ထို့ပြင် ရှင်ယုဆန်တွင် လျှို့ဝှက်နည်းလမ်းတစ်ခု ရှိသည်။ အရေးပေါ် အခိုက်အတန့်တွင် သူမ၏ ကိုယ်ပိုင်ဝိညာဉ်ကို အသုံးပြုပြီး ဉဒေါင်းဘုရင်၏ ကိုယ်ပွားကို ဆင့်ခေါ်နိုင်သည်။ ထိုကိုယ်ပွားသည် အလွန်သန်မာပြီး၊ ဟုန်ယွိသည် အကောင်းဆုံး အခြေအနေမှာပင် ဉဒေါင်းဘုရင်၏ ကိုယ်ပွားကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
သို့သော် သူသည် သန္ဓေသားစွမ်းအင်ကျင့်စဉ်နည်းပညာကို သင်ယူထားသည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ် ကုန်ခမ်းသွားသောအခါ၊ သူသည် သန္ဓေသားစွမ်းအင်ထဲသို့ ကွေးညွတ်ဝင်ရောက်ကာ၊ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို မိခင်၏ သားအိမ်ထဲတွင် လှဲလျောင်းနေသည်ဟု စိတ်ကူးပုံဖော်ပြီး၊ သူ၏ ကိုယ်ပိုင်သွေးနှင့် စွမ်းအင်ကို အသုံးပြုကာ နတ်ဘုရား စိတ်ဝိညာဉ်ကို ပြန်လည်ပြည့်ဖြည့်ပေးနိုင်သည်။
လူတစ်ယောက်၏ ခန္ဓာကိုယ် ကြံခိုင်သန်မာပြီး၊ ကျင့်စဉ်အဆင့် ပိုမြင့်မားလေ၊ သန္ဓေသားစွမ်းအင်ကို အသုံးပြုပြီး နတ်ဘုရား စိတ်ဝိညာဉ်ကို ပြန်လည် ပြည့်ဖြည့်တင်း နိုင်စွမ်းက ပိုမိုမြန်ဆန်လေ ဖြစ်သည်။
ယခုအခါ ဟုန်ယွိ၏ ခန္ဓာကိုယ်သည် တောက်ပသော မိုးကြိုးကိုယ်ထည်နည်းလမ်းဖြင့် သန့်စင်ထားပြီး၊ စိုက်ပျိုးရေးနတ်ဘုရာမ အပ်စိုက်မှတ် စွမ်းအား၏ သုံးဆယ်မှ လေးဆယ်ရာခိုင်နှုန်းအထိ ဖွံ့ဖြိုးကြီးထွားလာပြီ။ သူ၏ ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် ကြံ့ခိုင်သန်မာလာပြီ။ သဘာဝအတိုင်း၊ သူ၏သန္ဓေသားစွမ်းအင်ကျင့်စဉ်သည် များစွာ တိုးတက်လာသည်။ သူ၏ စွမ်းအင်ကုန်ခမ်းသွားသော နတ်ဘုရား စိတ်ဝိညာဉ်သည် အသက်ရူချိန် ဆယ်ကြိမ်အတွင်း မူလစွမ်းအားကို ပြန်လည်ရရှိလာသည်။
အတိတ်ကျမ်းသည်လည်း နတ်ဘုရား စိတ်ဝိညာဉ်ကို စွမ်းအား ပြန်လည်ဖြည်းတင်းရန် အကျိုးသက်ရောက်မှု ရှိသော်လည်း၊ ၎င်းသည် ဤမျှ မြန်ဆန်မည် မဟုတ်ပေ။ နာရီအနည်းငယ် အိပ်စက်ရန်လိုအပ်ပြီး၊ မည်မျှပင် ဒဏ်ရာပြင်းထန်စေကာမူ ပြန်လည် ပျောက်ကင်းနိုင်သည်။
သို့သော် သန္ဓေသားစွမ်းအင်သည် လျင်မြန်စွာ ပြန်လည် ဖြည်းတင်းရန်နိုင်သော်လည်း၊ ဒဏ်ရာရထားသော နတ်ဘုရား စိတ်ဝိညာဉ်အပေါ် သိသာထင်ရှားသော အကျိုးသက်ရောက်မှု မရှိပေ။ ထို့ပြင် ၎င်းသည် ခန္ဓာကိုယ်၏ အကူအညီ လိုအပ်သည်။ အတိတ်ကျမ်းက ခြားနားသည်။ ၎င်းသည် ခန္ဓာကိုယ်မလိုအပ်ဘဲ တိုက်ရိုက် စိတ်ကူးပုံဖော်နိုင်သည်။ နတ်ဘုရား စိတ်ဝိညာဉ် ပြိုကွဲသွားလျှင်ပင်၊ ဘာမှမရှိသည့်အရာမှ ပြန်လည် ဖွဲ့စည်းနိုင်သည်။
“မင်းကို နာလန်ဟိုင်နဲ့ နာလန်ယန်လူးအပါအဝင် မဟာသခင်လေးယောက်က ဝိုင်းပြီး တိုက်ခိုက်ခဲ့တယ်။ တစ်ယောက်မှာ မရဏကမ္ဘာတောင်ဝှေး ရှိတယ်။ နောက်တစ်ယောက်မှာ မတည်မြဲခြင်းဓား ရှိတယ်။ ရှင်ယုဆန်ကို မပြောနဲ့ဦး။ မဟူရာဝံပုလွေဘုရင်ကတောင် ကိုင်တွယ်ရ ခက်နေပြီ။ ဒါတောင် မင်းက ဒဏ်ရာတစ်စက်မှ မရခဲ့ဘူး။ နှစ်ယောက်လုံးကို လုံးဝ သတ်နိုင်လုနီးပါး ဖြစ်ခဲ့သေးတယ်လား။ အတိတ်ကျမ်းက တကယ်ကို အစွမ်းထက်လွန်းတယ်။ ဒီကိစ္စကြီးပြီးရင် ငါ ဒါကို သေချာလေ့လာရမယ်။ တောက်ပသော မိုးကြိုးကိုယ်ထည်ပညာရပ်နဲ့ အတိတ်ကျမ်းကို ပေါင်းစပ်ရမယ်။ ဒါပေမယ့် ဟုန်ယွိ၊ နောက်တစ်ခါ မင်း သတိထားရမယ်။ မင်းမှာ အတိတ်ကျမ်းရှိနေလို့ ပညာရှင်အားလုံးကို ရင်ဆိုင်နိုင်မယ်လို့ မထင်နဲ့။ ဒီလေးယောက်ထဲမှာ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားတဲ့သူ တစ်ယောက်မှ မပါဘူး။ တကယ်လို့ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားတဲ့လူ တစ်ယောက်ဆိုရင်တောင်၊ မင်း လုံးဝရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။”
ချန်ယင်းရှာသည် ဟုန်ယွိ၏ တာအိုလက်တွဲဖော် ဖြစ်လာသော်လည်း၊ သူမသည် ခံစားချက်များကို ဖော်ပြရာတွင် မတော်ပေ။ သူသည် ဟုန်ယွိအား သတိထားရန်နှင့် မဆင်မခြင် မပြုလုပ်ရန် အကြံပေးနေသော်လည်း၊ သူ၏ မျက်နှာသည် အမြဲတမ်း တည်ငြိမ်နေပြီး၊ သာမန်လူများကဲ့သို့ ချိုသာသော စကားများကို မပြောတတ်ပေ။
သို့သော် ဟုန်ယွိသည် နားထောင်ရင်း စိတ်ထဲတွင် စစ်မှန်သော နွေးထွေးမူကို ခံစားရသည်။
“ဒီမှော်ရတနာ နှစ်ခု၊ အထူးသဖြင့် မတည်မြဲခြင်းဓားဟာ ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ မဟာမူလအစတာအိုပညာကို အသုံးပြုပြီး၊ မျိုးဆက်ပေါင်းများစွာ သန့်စင်ထားတဲ့ မှော်ရတနာတစ်ခုပဲ။ ရွှေနဲ့တူပေမယ့် ရွှေမဟုတ်ဘူး။ သံနဲ့တူပေမယ့် သံမဟုတ်ဘူး။ သစ်သားလည်း မဟုတ်ပြန်ဘူး။ ဒါပေမယ့် ဒီမှော်ရတနာမှာ ကိုယ်ပိုင်သွေးကြောစီးဆင်းမှုတွေ ရှိတယ်။ အထဲမှာ ဖျက်ဆီးခြင်းမန္တန် သုံးဆယ့်ခြောက်ခု ပါရှိတယ်။ ဆန်းကြယ်ကောင်းကင်ခန်းမရဲ့ အကြီးအကဲ သုံးဆယ့်ခြောက်ယောက်က စွမ်းအင်တွေနဲ့ မြှင့်တင်ထားတယ်။ တကယ်လို့, အပြင်လူတစ်ယောက်က ဒီမန္တာန်တွေကို အတင်းကျင့်ကြံမယ်ဆိုရင်၊ ဖျက်ဆီးခြင်းနတ်ဘုရားရဲ့ အစစ်မှန် ခန္ဓာကိုယ်ကို ဆွဲဆောင်မိပြီး ချက်ချင်း ဘေးဒုက္ခရောက်မယ်။ ငါတို့ရဲ့ စွမ်းအားနဲ့လား။ တကယ်လို့, ငါတို့ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်ရင်တောင်၊ ဒါတွေကို သန့်စင်လို့ မရနိုင်သေးဘူး။”
ချန်ယင်းရှာသည် သူမ၏ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုပြီး ဓားနှင့် ပုဆိန်ကို ဖိနှိပ်ထားသည်။ ဟုန်ယွိသည် သူ၏ စွမ်းအားကို ပြန်လည် ရရှိလာသည်ကို မြင်သောအခါ၊ သူမက မျက်ခုံးတွန့်လိုက်ပြီး ပြောလိုက်သည်။
“ငါ့မှာ ဒီမှော်ရတနာ နှစ်ခုကို ယူထားဖို့ ရည်ရွယ်ချက်မရှိဘူး။ ဒါတွေကို အသုံးပြုပြီး မဟူရာဝံပုလွေဘုရင်နဲ့ နာလန်ယန်လူးကို ဆွဲထုတ်ဖို့ ရည်ရွယ်ထားတယ်။” ဟုန်ယွိသည် လက်ချောင်းများကို လှုပ်ရှားပြီး ပြုံးလိုက်သည်။ “အခု ဒီလူတွေက ငါ့ကို ရွှေပင့်ကူဘုရင်လို့ ထင်နေကြတယ်။ ဒါ့ပြင်, သူတို့ရဲ့ မှော်ရတနာတွေ ဆုံးရှုံးသွားပြီးနောက် အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး။ မကြာခင် ဒီမှော်ရတနာ နှစ်ခုကို အသုံးပြုပြီး ငါ့ရဲ့ တည်နေရာကို လာရောက် ရှာဖွေကြလိမ့်မယ်။ ပြီးရင် ငါ့ကိုသတ်ပြီး ဒီရတနာတွေကို ပြန်ယူဖို့ ကြိုးစားလိမ့်မယ်။ မင်းကို ဒီမှော်ရတနာတွေကို ဖိနှိပ်ထားခိုင်းရင်၊ သူတို့က ငါကိုယ်တိုင် ဖိနှိပ်ထားတယ်လို့ပဲ ထင်ကြလိမ့်မယ်။ အဲဒီအချိန်မှာ သူတို့ သေချာပေါက် ရောက်လာကြလိမ့်မယ်။ ငါတို့က တစ်ယောက်က လူသိရှင်ကြား ဖော်ပြပြီး၊ တစ်ယောက်က လျှို့ဝှက် တိုက်ခိုက်မယ်။ သူတို့ ဘယ်လောက်သန်မာနေပါစေ၊ ဒီတောရိုင်းဒေသမှာ သေရလိမ့်မယ်။”
“ကောင်းလိုက်တဲ့ အစီအစဉ်။ ငါ ဒီမှာ သူတို့လာတာကို စောင့်နေမယ်။” ချန်ယင်းရှာ၏ မျက်လုံးများက တောက်ပလာသည်။ “ဘီရှီဟွာကို မသတ်နိုင်မချင်း ငါ လက်မလျှော့ဘူး။ သူတို့က ငါ့ဘေးမှာ အမည်မသိ တစ္ဆေအင်မော်တယ်တစ်ယောက် ရှိနေမယ်လို့ ဘယ်တုန်းကမှ ထင်ထားကြမှာ မဟုတ်ဘူး။ မင်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာ ကောင်းပါတယ်။ ဒါပေမယ့် မင်း ရွှေပင့်ကူဘုရင် အယောင်ဆောင်ထားတာ နှမြောစရာပဲ။ မဟုတ်ရင် ဒီတိုက်ပွဲတစ်ခုတည်းနဲ့ မင်းနာမည်က ကမ္ဘာအနှံ့ ကျော်ဇောသွားလိမ့်မယ်။ ငါ့ထက်တောင် ပိုကျော်ဇောလိမ့်မယ်။ မင်းရဲ့ လူစိတ်မရှိတဲ့ ဖခင် ဟုန်ရွှန်ကျိထက်တောင် ပိုကျော်ဇောလိမ့်မယ်။”
ချန်ယင်းရှာက နှမြောစွာ ပြောလိုက်သည်။
ဟုန်ယွိသည် မဟာသခင်လေးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး၊ မတည်မြဲခြင်းဓားနှင့် ပျက်သုန်းခြင်းပုဆိန်ကို သိမ်းယူခဲ့သည်။ ဤတိုက်ပွဲသတင်း ထွက်ပေါ်သွားပါက၊ သူ၏နာမည်သည် ကမ္ဘာအနှံ့ ကျော်ဇောသွားလိမ့်မည်။ တိုက်ပွဲတစ်ပွဲတည်းဖြင့် ထူးချွန်သော သူရဲကောင်းတစ်ဦး ဖြစ်လာမည်မှာ ဧကန်မလွဲပေ။
အထူးသဖြင့် ဤမဟာသခင် လေးယောက်ထဲတွင် နှစ်ယောက်မှာ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ ခန်းမသခင်များဖြစ်ပြီး၊ နောက်တစ်ယောက်မှာ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော မဟူရာဝံပုလွေဘုရင် ဖြစ်သည်။
ဤသတင်းသာ ထွက်ပေါ်သွားပါက၊ သူ၏ဖခင်ဖြစ်သူ ဟုန်ရွှန်ကျိကို တစ်ချက်တည်းဖြင့် ကျော်လွန်သွားနိုင်သည်မှာ မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။
“ဒီကျော်ကြားမူတွေက ဘာအဓိပ္ပာယ်ရှိမှာလဲ။ ငါ တော်ဝင်ချန်ကို ပြန်သွားပြီး မင်းသားယုကို ဧကရာဇ်နန်းတော်ထဲ ဝင်ရောက်နိုင်ဖို့ ကူညီရမယ်။ သူက ငါ့ကို ဒုက္ခရောက်နေချိန်မှာ ကူညီခဲ့တယ်။ ငါလည်း သူ့ကို ထီးနန်းအတွက် တိုက်ပွဲဝင်ပေးရမယ်။ ငါ တောရိုင်းဒေသထဲမှာ ပုန်းအောင်းမယ်၊ မြို့ထဲမှာ ပုန်းအောင်းမယ်၊ နန်းတော်ထဲမှာ ပုန်းအောင်းမယ်။ ငါ အရိပ်ထဲမှာ ပုန်းနေမယ်။ တာအိုပညာမှာ ငါ နာမည်ကျော်ကြားမှု နည်းလေ ပိုကောင်းလေပဲ။”
ဟုန်ယွိက သက်ပြင်းချလိုက်သည်။
သူတို့နှစ်ဦး စကားပြောနေစဉ်၊ ကောင်းကင်စုန်းမြို့၏ အလယ်ဗဟိုမှ ပြတ်သားသော အော်သံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက်၊ ကောင်းကင်စုန်းမြို့ကို ဖုံးလွှမ်းထားသော အနက်ရောင်မီးခိုးများသည် ကျုံ့သွားသည်။ အနက်ရောင်မီးခိုးများသည် လှိမ့်ကာ အလယ်ဗဟိုသို့ စုစည်းသွားပြီး၊ မြို့အလယ်ဗဟိုတွင် ဥအခွံပုံစံ အမိုးတစ်ခု ဖြစ်ပေါ်လာတော့မည့်အလား စုစည်းသွားသည်။
“တစ္ဆေတသောင်းရှိခိုးအစီအရင်က သူ့စွမ်းအားကို ပြန်သိမ်းလိုက်ပြီ။ သူတို့ အရေးကြီးတဲ့အချိန်ကို ရောက်နေပြီထင်တယ်။ ငါတို့လည်း ဝင်သွားကြစို့။ မဟုတ်ရင် ငါတို့ အဆင်သင့်မဖြစ်ဘဲ ဒီတောရိုင်းဒေသထဲ အလဟဿ ရောက်လာသလို ဖြစ်သွားလိမ့်မယ်။”
ချန်ယင်းရှာသည် ထရပ်လိုက်ပြီး ပြောသည်။
“မင်း ဒီမှာ ဆက်နေပြီး အခြေအနေကို စောင့်ကြည့်ထားသင့်တယ်။ ဒီတစ်ခေါက် ရတနာအတွက် တိုက်ပွဲဝင်နေတာက ယွန်မင်ရဲ့လူတွေတင် မကဘူး။ ဉဒေါင်းဘုရင်လို အစွမ်းထက်တဲ့ အခြားမဟာသခင်တွေလည်း ပုန်းအောင်းပြီး နောက်ဆုံးအချိန်ကျမှ ဝင်တိုက်ဖို့ စောင့်နေကြမယ်ဆိုတာ ငါ သေချာပြောနိုင်တယ်။ ငါက မင်းအတွက် ရှေ့ပြေးသူရဲကောင်းအဖြစ် ဆက်လုပ်မယ်။ အတွင်းကျဆုံး အစိတ်ပိုင်းထဲအထိ ဝင်ပြီး ဘယ်သူတွေ တိုက်ခိုက်နေလဲ ကြည့်မယ်။ ဘာပဲဖြစ်ဖြစ် မင်းက နောက်ဆုံးမှ ဝင်တိုက်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ စိတ်ဝိညာဉ်က မပျက်စီးနိုင်ဘူး။ သူတို့ ဘယ်လိုပဲတိုက်ခိုက်ပါစေ ငါမသေနိုင်ဘူး။”
ဟုန်ယွိသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ချန်ယင်းရှာအား အခြေအနေကို ဆက်လက်စောင့်ကြည့်ရန် ပြောလိုက်သည်။
“မင်း အတိတ်ကျမ်းကို ကျင့်ကြံထားတယ်။ မင်းက တကယ်ကို မသေနိုင်တဲ့ နတ်ဘုရားတစ်ပါးပဲ။” ချန်ယင်းရှာက ဤသို့တွေးလိုက်သည်။ သူတို့နှစ်ဦးသည် တစ်ဦးက လူသိရှင်ကြား၊ ထွက်ပေါ်ပြီး၊ တစ်ဦးက လျှို့ဝှက်ပုန်းအောင်းနေကာ၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း ထောက်ပံ့ပေးနိုင်သည်။
“ငါက တကယ် မသေနိုင်တဲ့ နတ်ဘုရားတစ်ပါး မဟုတ်ဘူး။ မသေနိုင်တဲ့ ဝိညာဉ်တစ်ခုပဲ။” ဟုန်ယွိက ပြောရင်း၊ အေးစိမ့်သော ယင်လေပြင်းတစ်ခု ထွက်ပေါ်လာသည်။ တစ်ချက်ခုန်ပေါက်သည်နှင့်၊ သူ၏အခွံထဲမှ ထွက်လာကာ၊ ပြင်းထန်သည့် အေးစိမ့်သော ယင်လေပြင်းသည် ကောင်းကင်စုန်းမြို့၏ အမှောင်ထုကန့်လန့်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
“မြို့ထဲက တိုက်ပွဲတွေ ဘယ်လိုဖြစ်နေလဲ မသိဘူး။ ဘယ်သူတွေ အရိပ်ထဲမှာ ပုန်းနေသေးလဲ။ သူတို့ ရတနာအတွက် ရောက်မလာသေးခင်, ငါ အတိတ်ကျမ်းကို အေးအေးဆေးဆေး ကျင့်ကြံဖို့ ရွေးချယ်တာလည်း မဆိုးပါဘူး။ ဟုန်ယွိက အဆင်မခြင် ပျံသန်းပြီး၊ သူ့လှုပ်ရှားမူတွေကလည်း ပြောင်းလဲသွားခဲ့တယ်။ သူဘာမှမဖြစ်ဖို့ မျှော်လင့်ရတာပဲ။ ဒါပေမယ့် သူက ငါ့ထက် အများကြီး သတိကြီးပါတယ်လေ။ သူ့အတွေးက အသေးစိတ် အချက်လက်တွေကအစ အလွန်ဂရုစိုက်တတ်ပြီး၊ သူ့ဝတ်ရုံထဲမှာ လှည့်ကွက်တွေ အများကြီးရှိတယ်။ သူ ဒီကိစ္စကို အလွယ်တကူ ကိုင်တွယ်နိုင်လိမ့် မယ်လို့ ငါယုံတယ်။ ငါ့စိတ်ဝိညာဉ်က သန်မာပေမယ့်၊ သူ့လို မသေနိုင်တဲ့ ဝိညာဉ်မျိုး မရှိဘူး။ ငါ သူ့အတွက် ဘာပြဿနာမှ မဖြစ်စေတာ အကောင်းဆုံးပါပဲ။” ချန်ယင်းရှာသည် ဟုန်ယွိ အခွံထဲမှ ထွက်ခွာပြီး ပျံထွက်သွားသည်ကို ကြည့်နေသည်။
“မဟုတ်သေးပါဘူး။ ငါက မဟာနတ်ဆိုးအင်မော်တယ် ရှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ငွေငါးမန်းဘုရင်လေ။ ငါ ဘယ်သူ့ကို ကြောက်ခဲ့ဖူးလို့ပဲ။ ငါက ဘာလို့ သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရမှာလဲ။ ဒီရုတ်တရက် အတွေးက တကယ်ကို အဓိပ္ပာယ်မရှိဘူး။”
ချန်ယင်းရှာသည် သူမ၏ ရုတ်တရက် ထိုအတွေးကြောင့် အံ့အားသင့်သွားသည်။ ဤရုတ်တရက် အတွေးသည် အလွန်ထူးဆန်းသည်။ သူမ၏ မျက်လုံးများက ဖျတ်ခနဲ လင်းလက်သွားပြီး၊ သူမ၏ စိတ်ခံစားမှုများကို ဖိနှိပ်လိုက်ကာ စိတ်ကို ပျံ့လွင့်ခွင့်မပြုတော့ပေ။
“တစ္ဆေတသောင်း ရှိခိုးအစီအရင်ဟာ အတွင်းကျဆုံး အစိတ်ပိုင်းအထိ ပြန်ရုတ်သိမ်းပြီးနောက်၊ စွမ်းအားက ဆယ်ဆတိုးလာတယ်။ ဒါပေမယ့် ဒါက ငါ့အတွက် ပြဿနာ မဟုတ်ဘူး။ စုန်းတစ္ဆေဂိုဏ်းရဲ့ တာအိုပညာတွေကို ငါ မြင်တွေ့ခွင့်ရတော့မယ်။ ဒီဧကရာဇ်အလောင်းတွေက ကောင်းကင် အလောင်းတွေနဲ့ ယှဉ်ရင် ဘယ်လောက်သန်မာလဲ။ ဘာပဲဖြစ်ဖြစ်၊ စုန်းတစ္ဆေဂိုဏ်းဟာ ရှေးခေတ်ကတည်းက ဆင်းသက်လာတဲ့ တာအိုဂိုဏ်းတစ်ခုပဲ။ တစ်ခုခုတော့ ထူးခြားတာ ရှိမှာပဲ။ ဒါပေမယ့် ဒီနေ့တိုက်ပွဲပြီးရင် စုန်းတစ္ဆေဂိုဏ်းရဲ့ အမွေအနှစ်ဟာ လုံးဝ ပျောက်ကွယ်သွားနိုင်တယ်။ သူတို့ဟာ တောရိုင်းဒေသမှာ ပုန်းအောင်းနေပြီး ဘာမှမလုပ်ဘဲ နေလို့ရနိုင်ပေမယ့်၊ စကြာဝဠာအိတ် ကို ရယူဖို့ ကြိုးစားခဲ့တယ်။ မနာလိုတဲ့လူ မရှိဘဲ ဘယ်နေလဲ။ ဒါက ‘လူတစ်ယောက်ရဲ့ စည်းစိမ်ဉစ္စာဟာ အဲဒီလူကို ပျက်စီးစေတယ်’ ဆိုတဲ့ စကားအတိုင်းပဲ။”
ဟုန်ယွိသည် သူ၏စွမ်းအင်ကို ပြန်လည် အားဖြည့်ပြီးနောက်၊ ထပ်မံ ပျံသန်းလိုက်သည်။ ချက်ချင်းဆိုသလို၊ သူသည် ကောင်းကင်စုန်းမြို့၏ အလယ်ဗဟိုသို့ ရောက်ရှိသွားသည်။
ကောင်းကင်စုန်းမြို့၏ အလယ်ဗဟိုတွင် လီပေါင်းများစွာ ကျယ်ဝန်းသော ရင်ပြင်ကြီး တစ်ခုရှိသည်။ ၎င်းသည် ကျောက်သားပြားများဖြင့် ခင်းထားပြီး အလွန်ကျယ်ဝန်းသည်။ လူထောင်ပေါင်းများစွာ တည်ရှိနေနိုင်ပြီး၊ ယဇ်ပူဇော်ပွဲများအတွက် အသုံးပြုသည့် ရင်ပြင်တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။
သို့သော် ယခုအချိန်တွင်၊ ရင်ပြင်တစ်ခုလုံးသည် ထူထပ်ပြီး လက်နှင့်ထိနိုင်လောက်သည့် အနက်ရောင် မီးခိုးများဖြင့် ဖုံးလွှမ်းထားသည်။ ဤအနက်ရောင် မီးခိုးများသည် မီးခိုးပုံစံမဟုတ်တော့ဘဲ၊ ကပ်စေးနှဲပြီး ဂျယ်လီလို အရာတစ်ခု ဖြစ်နေသည်။ စိတ်ဝိညာဉ်တစ်ခုသည် ထိုအထဲသို့ ညှစ်ဝင်သွားလျှင်ပင်၊ ဖရိုဖရဲဖြစ်နေသည့် အခြေနေထဲတွင် ဝိုင်းရံခံရသည့် ခံစားမှုကို ခံစားရမည် ဖြစ်သည်။
ဟုန်ယွိသည် အထဲသို့ တဟုန်ထိုး ဝင်ရောက်လာသောအခါ၊ သူသည် ပယင်းထဲတွင် ပိတ်မိနေသော ပုရွဆိတ်တစ်ကောင်အလား ခံစားရပြီး၊ ချက်ချင်းဆိုသလို အရပ်မျက်နှာကို အာရုံခံစားမူ ပျောက်ဆုံးသွားခဲ့သည်။
သူ ပြန်ထွက်ရန် ကြိုးစားသောအခါ၊ ထွက်ပေါက်မရှိကြောင်း သိရှိလိုက်သည်။
တစ္ဆေတသောင်းရှိခိုးအစီအရင်၏ အတွင်းကျဆုံး အစိတ်ပိုင်းသည် ကောင်းကင်နှင့်မြေကြီးကို ပြောင်းပြန် လှည့်ပြီး အရပ်မျက်နှာများကို ပြောင်းလဲပစ်နိုင်သည့် ရှုပ်ထွေးသော တစ္ဆေဝင်္ကပါသဖွယ် အကျိုးသက်ရောက်မှုကို ဖန်တီးပေးသည်။
သို့သော် ပုံမှန်တစ္ဆေဝင်္ကပါတာအိုပညာသည် သာမန်လူများကိုသာ ရှုပ်ထွေးစေနိုင်ပြီး၊ တစ္ဆေအင်မော်တယ်များအပေါ် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိပေ။ သို့သော် ယခုအခါ ဤတစ္ဆေဝင်္ကပါတာအိုပညာသည် ဟုန်ယွိအား ပရမ်းပတာအခြေအနေထဲ နစ်မြှုပ်နေသည့် ခံစားမှုကို ပေးသည်။ ထွက်ပေါက်မရှိ၊ ထွက်လမ်းမရှိ။ ဤသည်မှာ အနည်းငယ် ကြောက်စရာကောင်းသည်။
ထို့ပြင်၊ ဟုန်ယွိသည် ဤအနက်ရောင်မီးခိုးများထဲတွင် တောရိုင်းဒေသတွင်သာ ရှိသည့် အဆိပ်သင့်မီးခိုးများကို ခံစားမိသည်။ အကယ်၍, သူသည် သူ၏ရုပ်ခန္ဓာကိုယ်ဖြင့်သာ ရောက်လာခဲ့ပါက၊ အဆိပ်သင့်သွားပြီး ဖြစ်မည်။
သို့သော် ဤသည်မှာ ဟုန်ယွိအတွက် ပြဿနာ မဟုတ်တော့ပေ။
“မဟာနေမင်း ဗုဒ္ဓမီးလျှံ၊ မီးလျှံနတ်ဘုရားကျမ်းစာ၊ ပရာဂျန ပါရမိတ၊ ပရာဂျန ပါရမိတ။”
ဟုန်ယွိသည် သူ၏စိတ်ဝိညာဉ် စွမ်းအားကို လည်ပတ်ပြီး၊ မဟာနေနတ်ဘုရားမန္တာန်နှင့် မီးလျှံကျမ်းစာကို နှစ်ကြိမ်လည်ပတ်လိုက်သည်။ ထို့နောက်မှ သာ သူသည် ပြင်းထန်သော မီးလျှံစီးကြောင်းတစ်ခုကို ဆင့်ခေါ်နိုင်ခဲ့သည်။ မီးလျှံများသည် အနက်ရောင်မီးခိုးများထဲသို့ စီးဝင်သွားပြီး ထူထပ်သော ဂျယ်လီလို အနက်ရောင်မီးခိုးများကို တဖျစ်ဖျစ် မြည်အောင် လောင်ကျွမ်းစေသည်။
“ဖျက်စီးစမ်း…”
မီးလျှံစီးကြောင်းသည် ရှေ့သို့ အဟုန်ပြင်းစွာ လောင်ကျွမ်းသွားပြီး၊ လှိမ့်တက်နေသော အနက်ရောင် မီးခိုးများသည် ဆူပွက်နေသော ရေနွေးနှင့် ထိတွေ့သည့် နှင်းပွင့်များကဲ့သို့ လွင့်ပျယ်သွားသည်။ ဖြောင့်တန်းသော လမ်းကြောင်းတစ်ခု ဖွင့်လှစ်လိုက်ပြီး၊ ဟုန်ယွိသည် ရင်ပြင်အလယ်ဗဟိုရှိ အခြေအနေကို မြင်နိုင်ခဲ့သည်။
ရင်ပြင်အတွင်း၊ ကျွမ်းကျင်ပညာရှင်များစွာသည် ပြင်းထန်သော တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေကြသည်။
ရင်ပြင်၏ အနောက်ဘက်တွင်၊ တာအိုပညာရှင်ကိုးဦး မြေပေါ်တွင် ထိုင်နေကြသည်။ ၎င်းတို့အနက် ခုနစ်ဦးသည် ရှောင်အန်ရန်ကဲ့သို့၊ အပြာရောင် ကျောက်စိမ်းခါးပတ်နှင့် ခရမ်းရောင် တာအိုဝတ်ရုံများ ကို ဝတ်ဆင်ထားကြသည်။ ၎င်းတို့သည် တော်ဝင်ချန်ဧကရာဇ်မှ ချီးမြှင့်ထားသော ဝတ်ရုံများ ဖြစ်ကြောင်း ထင်ရှားပြီး၊ ၎င်းတို့အားလုံးသည် တတိယတန်းစား မှူးမတ်ဘွဲ့များကို ရရှိထားသူများဖြစ်သည်။
ဤတာအိုပညာရှင် ခုနစ်ဦးသည် အစိမ်းရောင်ချီအလွှာဖြင့် ဖုံးလွှမ်းထားပြီး၊ အနက်ရောင်မီးခိုးနှင့် မကောင်းဆိုးဝါး ဝိညာဉ်များ ဝင်မလာအောင် ကာကွယ်ထားသည်။ သူတို့အားလုံးသည် တိတ်ဆိတ်စွာ ထိုင်နေကြပြီး၊ သူတို့၏ ခေါင်းထက်တွင် သူတို့၏ ဝိညာဉ်များကို တာအိုပုံရိပ်များအဖြစ် ပြောင်းလဲထားသည်။ ၎င်းပုံရိပ်များသည် မြင့်မားသော ဦးထုပ်များနှင့် ထူးဆန်းသော ဝတ်ရုံများကို ဝတ်ဆင်ထားပြီး၊ အချို့ပုံရိပ်များသည် လက်ထဲတွင် ကျောက်စိမ်းလှံတံများကို ကိုင်ဆောင်ထားကြသည်။ ၎င်းတို့ပတ်ပတ်လည်တွင် မိုးကြိုးလျှပ်စီးပုံစံ လေစီးကြောင်းများက တဖျပ်ဖျပ် လင်းလက်နေသည်။ ဤသည်မှာ ဖန်ရှင်းတာအိုဂိုဏ်း၏ မူလယန်တာအိုသခင်၏ ပုံရိပ်ဖြစ်ပြီး၊ ကောင်းကင်နှင့်မြေကြီးကို ခွဲထုတ်နိုင်သည့် ကြီးမားသော ဆန္ဒကို တာအိုသခင်တစ်ဦး ဖြစ်သည်။
သို့သော် ဤတာအိုပညာရှင် ခုနစ်ဦးအနက်၊ သုံးဦး၏ဝိညာဉ်များသည် မူလယန်တာအိုသခင်ပုံရိပ်ကို ပုံဖော်ထားပြီး၊ ကျန်လေးဦးတွင် မတူကွဲပြားသော တာအိုပုံရိပ်ကို ပုံဖော်ထားကြသည်။
ထိုတာအိုပုံရိပ်သည် ရှေးဟောင်းတာအိုဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း၊ ၎င်း၏ မျက်လုံးများသည် ကြယ်များကဲ့သို့ တဖျက်ဖျက် လင်းလက်နေ ပြီး၊ လက်ထဲတွင် ထူးဆန်းသော စုတ်တံတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ၎င်း၏တစ်ကိုယ်လုံးသည် ကြည်ညိုဖွယ်ကောင်းပြီး မချိုးဖျက်နိုင် သည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေကာ၊ ကောင်းကင်နှင့်မြေကြီး၏ ဥပဒေများကို ဆုပ်ကိုင်ထားသည့်အလား ထင်မှတ်ရသည်။
“ဒါက အမှန်တရားတာဂိုဏ်းရဲ့ တာအိုသခင်ပုံရိပ်များ ဖြစ်နေမလား….”
ဟုန်ယွိသည် အထဲသို့ ပျံသန်းဝင်ရောက်လာပြီးနောက် ဤအရာအားလုံးကို မြင်လိုက်သည်။
ဖန်ရှင်းတာအိုဂိုဏ်း၏ မူလယန်တာအိုသခင်ပုံရိပ်သည် ကောင်းကင်နှင့်မြေကြီးကို ခွဲထုတ်နိုင်သည့် စွမ်းရည်ရှိပြီး၊ အမှန်တရားတာဂိုဏ်း၏ တာအိုသခင်သည် ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများနှင့် အမှန်တရားကို ဆုပ်ကိုင်ထားနိုင်သည့် ဓမ္မပုံရိပ်ရှိသည်။
“အမှန်တရားတာဂိုဏ်းရဲ့ တာအိုသခင်ဟာ ကွန်ဖြူးရှပ်ဝါဒီ သူတော်စင်တစ်ဦးနဲ့ အနည်းငယ် ဆင်တူပုံရတယ်။”
ကွန်ဖြူးရှပ်ဝါဒီ သူတော်စင်များသည် ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများကို ပိုင်ဆိုင်ထားသည်။ ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများသည် အမှန်တရားဖြစ်ပြီး၊ အမှန်တရားတာဂိုဏ်း၏ တာအိုသခင်သည်လည်း အလားတူ ဖြစ်သည်။
ဤအချိန်တွင်၊ ဟုန်ယွိသည် အမှန်တရားတာဂိုဏ်း၏ တာအိုပညာကို နားလည်လိုက်ပြီး၊ ထိုနှစ်က မဟာပညာရှင်တစ်ဦးဖြစ်သည့် ကျိချန်ယွဲ့သည် တာအိုပညာ သင်ယူရန် အမှန်တရားတာဂိုဏ်းသို့ ဝင်ရောက်ခဲ့ရသည့် အကြောင်းရင်းကိုလည်း နားလည်လိုက်သည်။
ဤတာအိုပညာရှင် ခုနစ်ဦးရှေ့တွင်၊ အခြားတာအိုပညာရှင် ခုနစ်ဦးထက် သိသိသာသာ အဆင့်မြင့်သည့် တာအိုပညာရှင် နှစ်ဦးရှိသည်။ သူတို့သည် ခေါင်းဆောင်များ ဖြစ်ကြောင်း ထင်ရှားသည်။ ၎င်းတို့မှာ ဖန်ရှင်းတာအိုဂိုဏ်း၏ ခေါင်းဆောင် ရှောင်အန်ရန်နှင့် အမှန်တရားဂိုဏ်း၏ အကြီးအကဲ ကျန်းဘိုဟန်တို့ ဖြစ်သည်။
ဤတာအိုပညာရှင် ကိုးဦးအနက်၊ ခုနစ်ဦးသည် ၎င်းတို့၏ စိတ်ဝိညာဉ်များကို ခွဲထုတ်ပြီး၊ အတွေးများကို ဖြန့်ကျက်နိုင်ကာ ရှင်ခြင်းသေခြင်း အတားအဆီးကို ထိတွေ့ထားသူများ ဖြစ်သည်။ ဆိုလိုသည်မှာ၊ သူတို့အားလုံးသည် ရှောင်အန်ရန်ကဲ့သို့ ကျွမ်းကျင်ပညာရှင်များဖြစ်ပြီး၊ ဖန်ရှင်းတာအိုဂိုဏ်း၏ ဓမ္မရတနာအမျိုးမျိုးကို သယ်ဆောင်ထားသည့်အတွက် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားသည် အလွန်သန်မာသည်။
ဤအချိန်တွင်၊ တာအိုပညာရှင် ကိုးဦးသည် ခန္ဓာကိုယ်များ အခြောက်ခံထားသည့် ဖုတ်ကောင်များနှင့်တူသော အနက်ရောင်လျှော်တေဝတ်ရုံများကို ဝတ်ဆင်ထားသော တာအိုပညာရှင်သုံးဦးနှင့် တိုက်ခိုက်နေကြသည်။
ဤတာအိုပညာရှင် သုံးဦး၏ ခေါင်းထက်တွင် ထူထပ်သော အနက်ရောင် တိမ်တိုက်များ ရှိနေသည်။ ဤအနက်ရောင် တိမ်တိုက်များအတွင်း၊ ဂုဏ်သိက္ခာကြီးမားသော နတ်ဘုရား စစ်သူကြီးသုံးဦးကို ဝိုးတဝါး မြင်နေရသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် ရွှေရောင်အလင်းများဖြင့် ဖုံးလွှမ်းထားပြီး၊ ဧကရာဇ်များ၏ သရဖူများနှင့်တူသော ရွှေသရဖူများကို ခေါင်းထက်တွင် ဆောင်းထားကြသည်။ ၎င်းတို့၏ နောက်ကျောတွင် ရွှေရောင်တောင်ပံများရှိပြီး၊ ၎င်းတို့၏ မျက်နှာများသည် ခမ်းနားထည်ဝါသည်။
အကြည့်တစ်ချက်ဖြင့် ဤနတ်ဘုရား စစ်သူကြီးများသည် နဂါးဝတ်ရုံဝတ်ဆင်ထားသည့် ဧကရာဇ်များနှင့်တူသော်လည်း၊ ၎င်းတို့၏ နောက်ကျောရှိ ရွှေရောင်တောင်ပံများက လူသားများနှင့် မတူပေ။
ဟုန်ယွိသည် ၎င်းတို့က စုန်းတစ္ဆေဂိုဏ်း၏ ဧကရာဇ်အလောင်းများ ဖြစ်ကြောင်း သိရှိထားသည်။
ကောင်းကင်အလောင်းများကို ထပ်မံသန့်စင်လိုက်သောအခါ၊ ၎င်းတို့သည် ဤဧကရာဇ် အလောင်းများအဖြစ် ပြောင်းလဲသွားသည်။ ဤဧကရာဇ် အလောင်းများသည် စုန်းတစ္ဆေဂိုဏ်းတွင် ကျွမ်းကျင်သော တစ္ဆေအင်မော်တယ်များသာ သန့်စင်နိုင်သည်။
“ကောင်းကင်အလောင်းတွေက ရုပ်ဆိုးပေမယ့်၊ ဒီဧကရာဇ်အလောင်းတွေက တင့်တယ်တဲ့ လူ့မျက်နှာပုံစံရှိတယ်။” ဟုန်ယွိက တွေးလိုက်သည်။
ပြောစရာမလိုပေ။ ဤတာအိုပညာရှင် သုံးဦးနှင့် ဧကရာဇ်အလောင်းကိုးဦးသည် စုန်းတစ္ဆေဂိုဏ်း၏ အကြီးအကဲသုံးဦး ဖြစ်သည်။
ဤအချိန်တွင်၊ အမှန်တရားတာအိုဂိုဏ်းနှင့် ဖန်ရှင်းတာအိုဂိုဏ်း၏ ခေါင်းဆောင်နှစ်ဦးသည် ၎င်းတို့၏ တပည့်ခုနစ်ဦးနှင့်အတူ၊ ထိုအကြီးအကဲသုံးဦးကို တိုက်ခိုက်နေကြသည်။ ၎င်းတို့၏ နတ်ဘုရား စိတ်ဝိညာဉ်များသည် လေထဲတွင် လူးလှိမ့်နေသည်။
သို့သော် ဤတိုက်ပွဲသည် ရှုပ်ထွေးနေသော်လည်း၊ ဟုန်ယွိ၏ မျက်လုံးများက ၎င်းတို့အပေါ်တွင် တခဏမျှသာ ရပ်တန့်သွားခဲ့သည်။
ဤအချိန်တွင်၊ တိုက်ပွဲကွင်းပြင်ထဲတွင် တကယ့်အစစ်မှန် အဓိကဇာတ်ဆောင်များဖြစ်သည့် သိုင်းသူတော်စင်နှစ်ဦး ရှိနေသည်။ ဤသိုင်းသူတော်စင် နှစ်ဦး၏ အနှစ်သာရချီ၊ လက်သီးဆန္ဒ၊ သွေးနီရောင်အလင်းတန်းနှင့် သွေးစွမ်းအင်များသည် လှိမ့်ထွက်ပြီး တဟုန်ထိုး ပျံ့လွင့်နေကာ၊ တောက်လောင်နေသည့် နေမင်းကြီးတစ်စင်းနှင့်တူပြီး၊ တိုက်ပွဲကွင်းပြင် အလယ်ဗဟိုတွင် လေဟာနယ်တစ်ခု ဖြစ်ပေါ်စေသည်။ အနက်ရောင် မီးခိုးများသည် သူတို့အနီး မကပ်နိုင်ကြဘဲ၊ အခြားနတ်ဘုရား စိတ်ဝိညာဉ်များလည်း ၎င်းကို ရှောင်ရှားနေကြသည်။
ဤသိုင်းသူတော်စင်နှစ်ဦးမှာ ဆယ်ကျော်သက် လူငယ်တစ်ဦးနှင့် ဘုန်းတော်ကြီးတစ်ပါးတို့ ဖြစ်သည်။