အခန်း (၂၂၄-၂၂၆)
Vol. 20 Ch. 224-226
အခန်း (၂၂၄)။
တိုက်ပွဲကွင်းပြင်ထဲတွင် တိုက်ခိုက်နေသော ကျွမ်းကျင်ပညာရှင်နှစ်ဦးမှာ လူငယ်တစ်ဦးနှင့် ဘုန်းတော်ကြီးတစ်ပါးတို့ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များသည် လျင်မြန်စွာ ပျံသန်းလှုပ်ရှားနေရင်း၊ လက်သီးလှိုင်းများက လေထုကိုပါ တုန်ခါစေပြီး မြေပြင်ပေါ်ရှိ ကျောက်တုံးကြီးများသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားသည်။ အင်အားပြင်းထန်သော လက်သီးနှင့် လက်ဖဝါးများက အပြန်အလှန် ထိုးနှက်နေပြီး၊ ပြင်းထန်သော ယန်စွမ်းအင်သည် အရပ်မျက်နှာအသီးသီးသို့ ပေါက်ကွဲထွက်သွားခဲ့သည်။ ထိုစွမ်းအင်သည် တစ္ဆေသရဲများနှင့် နတ်ဘုရားများပင်လျှင် ကျူးကျော်ဝင်ရောက်၍ မရနိုင်သလို၊ မကောင်းဆိုးဝါး ဝိညာဉ်များပင် ထွက်ပြေးရလောက်အောင် သန်မာသည်။
“ဒါက သိုင်းသူတော်စင်တွေကြားက တိုက်ပွဲလား….။”
ဤအချိန်တွင် ဟုန်ယွိသည် အနက်ရောင်မြူခိုးများထဲမှ တိတ်တဆိတ် ထွက်ပေါ်လာသည်။ သူသည် လူငယ်တစ်ဦးနှင့် ဘုန်းကြီးတစ်ပါးတို့၏ တိုက်ပွဲကို စူးစိုက်ကြည့်ရှုနေပြီး၊ သူတို့သည် မီးခိုးများကဲ့သို့ ကောင်းကင်သို့ တဟုန်ထိုး ပျံသန်းသွားသည်ကို မြင်တွေ့လိုက်ရ၏။ သူ၏ စိတ်ထဲတွင် လျှို့ဝှက်စွာ ထိတ်လန့်နေမိသည်။ အစစ်မှန် သိုင်းသူတော်စင်များသည် အမှန်တကယ်ပင် အလွန်သန်မာလွန်းပါသည်။
သိုင်းသူတော်စင်များသည် စိတ်ဝိညာဉ်စွမ်းအင် မရှိခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်သည် အလွန်သန်မာပြီး၊ သူတို့၏ စိတ်စွမ်းအားသည် တစ္ဆေအင်မော်တယ်များထက်ပင် ပို၍ သန်မာသည်။ သို့သော် သိုင်းပညာကို တဖြည်းဖြည်း ကျင့်ကြံခြင်း ဖြစ်စဉ်အတွင်းမှာ၊ စိတ်ဝိညာဉ်စွမ်းအင် အားလုံးသည် ခန္ဓာကိုယ်ထဲရှိ သွေးနှင့် ပေါင်းစည်းသွားပြီး ယင်စွမ်းအင်ကို ယန်စွမ်းအင်အဖြစ် ပြောင်းလဲသွားစေခဲ့သည်။
ဤသည်မှာ ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်နှင့် သွေးကို သန့်စင်သော ယင်စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲပေးသည့် ဟုန်ယွိ၏ လျှို့ဝှက်စွမ်းအင် အထက်ပိုင်းသန္ဓေသားကျင့်စဉ်ကို ကျင့်ကြံခြင်းနှင့် ဆင်တူသည်။
သိုင်းပညာ ကျင့်ကြံခြင်းသည် အစစ်မှန် ယင်စိတ်ဝိညာဉ်ကို သွေးအနှစ်သာရအဖြစ် လုံးဝ ပြောင်းလဲပေးခြင်း ဖြစ်သည်။
ဤကျင့်စဉ်အမျိုးစားသည် နက်နဲသိမ်မွေ့သော တာအိုမှော်ပညာနှင့် ခန္ဓာကိုယ်အလောင်းကို ဖြိုခွဲပြီး၊ ပြန်လည်ဝင်စားခြင်းစွမ်းရည်များကို စွန့်လွှတ်ကာ၊ အစားထိုးအနေဖြင့် ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်နှင့် ခွန်အားကို လဲလှယ်ယူခြင်းဖြစ်သည်။
အကယ်၍ ဟုန်ယွိသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအင် အားလုံးကို ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းပြီး၊ ယင်စွမ်းအင်ကို သူ၏သွေးအနှစ်သာရ စွမ်းအင်အဖြစ် ပြောင်းလဲခဲ့ပါက၊ သူ၏ခန္ဓာကိုယ်သည် မည်မျှ သန်မာလိုက်မည်နည်း။
ဟုန်ယွိ၏ ကျင့်စဉ်အဆင့်သည် များစွာ တိုးတက်လာခဲ့ပြီး၊ သူသည် အချို့သော အရာများကို ထိုးထွင်းသိမြင်နိုင်ခဲ့သည်။ သိုင်းပညာကို ကျင့်ကြံပြီး၊ ခန္ဓာကိုယ်၏ အပ်စိုက်မှတ်များ အားလုံးကို ဖွင့်လှစ်ပြီးနောက် လူသားအင်မော်တယ် နယ်ပယ်သို့ ဝင်ရောက်သွားသောအခါ၊ လေဟာနယ်ဖြိုခွဲခြင်း နယ်ပယ်သည် လူတစ်ဦး ကိုယ်ပိုင်ရုပ်ခန္ဓာကိုယ်ဖြင့် ယန်နတ်ဘုရားအဖြစ်သို့ ရောက်ရှိသွားခြင်းနှင့် တူညီသည်ဟု သူ သိရှိထားသည်။
လေဟာနယ်ဖြိုခွဲခြင်း နယ်ပယ်သည် ယန်နတ်ဘုရားနယ်ပယ်နှင့် ကွဲပြားသော်လည်း၊ အနှစ်သာရအားဖြင့် နှစ်ခုစလုံးသည် သန့်စင်သော ယန်ခန္ဓာကိုယ်များ ဖြစ်သည်။ တိုက်ခိုက်ရေး စွမ်းရည်အရ၊ ဟုန်ယွိသည် ထိုအဆင့်အထိ မကျင့်ကြံနိုင်သေးသလို၊ လေဟာနယ်ဖြိုခွဲခြင်း နယ်ပယ် သိုင်းပညာရှင်တစ်ဦးနှင့် ယန်နတ်ဘုရားအဆင့်ရှိ တာအိုပညာရှင်တစ်ဦး တိုက်ခိုက်နေသည်ကို မမြင်တွေ့ဖူးသောကြောင့်၊ မည်သူက ပို၍သန်မာသည်ကို မသိရှိနိုင်ပေ။
သို့သော်၊ သိုင်းသူတော်စင် နှစ်ဦး၏ တိုက်ပွဲအငွေ့အသက်ကို ကြည့်ရလျှင်၊ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ဖြစ်သည်။
သာမန်လူများ၏ အမြင်တွင်၊ သိုင်းသူတော်စင်များ၏ တိုက်ပွဲသည် မည်သည့်ထူးခြားမှုမှ မရှိပေ။ သူတို့သည် လက်သီးထိုးခြင်း၊ ခြေဖြင့်ကန်ခြင်းစသည်တို့ဖြင့်သာ တိုက်ခိုက်နေကြပြီး၊ ၎င်းတို့၏ ခွန်အားသည် သန်မာပြီး အသက်ရူကြပ်စေရုံမျှသာ ဖြစ်သည်။
သို့သော် တစ္ဆေအင်မော်တယ်များနှင့် တာအိုပညာရှင်များ၏ အမြင်တွင်၊ သိုင်းသူတော်စင်များ၏ ကြောက်မက်ဖွယ် စွမ်းအားကို အမှန်ပင် ခံစားရသည်။
ဟုန်ယွိ၏ လက်ရှိ အစွမ်းထက်သော နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအင်ဖြင့်ပင်၊ သိုင်းသူတော်စင် နှစ်ဦး၏ တိုက်ပွဲဗဟိုချက်တွင်ရှိသော သွေးချီနှင့် ယန်စွမ်းအင်သည် အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းထဲရှိ မိုးကြိုးလျှပ်စီးများထက် အများကြီး အားနည်းခြင်းမရှိသည်ကို ခံစားမိသည်။
သူသည် ထိုနေရာသို့ ချဉ်းကပ်ရန် မဖြစ်နိုင်ခြင်း မဟုတ်သော်လည်း၊ အလွန်ခက်ခဲမည်မှာ သေချာသည်။
“ဒီလူငယ်က ချန်ပီယံမြို့စား ဖြစ်ရမယ်။”
ဟုန်ယွိ၏ ခန္ဓာကိုယ်သည် လှုပ်ရှားခြင်း မရှိပေ။ သူသည် မဟာနေမီးလျှံကို ပြန်လည်ရုပ်သိမ်းထားပြီး၊ သူ၏စိတ်ဝိညာဉ်ကို အလုံးတစ်ခုအဖြစ် စုစည်းထားသည်။ သူသည် ကွင်းပြင်ထဲရှိ တိုက်ပွဲကို စူးစိုက်ကြည့်ရှုနေရင်း၊ အေးစက်စက် ယင်လေပြင်းများ ယိုစိမ့်မသွားစေရန် အတတ်နိုင်ဆုံး ထိန်းချုပ်ထားသည်။
ထိုလူငယ်သည် ခရမ်းရွှေရောင်များ တလက်လက်တောက်နေသည့် ခမ်းနားထည်ဝါသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သူ့ခေါင်းပေါ်တွင် ဟုန်ရွှန်ကျိကဲ့သို့ ခရမ်းရောင်ရွှေသရဖူ ဆောင်းထားသည်။ သူ၏ ခါးတွင် တောက်ပသော အဝါရောင်ခါးပတ်ကို ဝတ်ဆင်ထားပြီး၊ ၎င်းခါးပတ်သည် ဧကရာဇ်မှ ချီးမြှင့်ထားသော တော်ဝင်ပစ္စည်း ဖြစ်သည်မှာ ထင်ရှားသည်။ အကယ်၍ ထိုသို့မဟုတ်ဘဲ၊ မြို့စားကြီး သို့မဟုတ် မြို့စားငယ်များပင်လျှင် ၎င်းခါးပတ်မျိုးကို ဝတ်ဆင်ခဲ့ပါက၊ စည်းမျဉ်းကို ဖောက်ဖျက်ရာ ရောက်ပြီး၊ တရားစွဲဆိုခံရမည် ဖြစ်သည်။ ၎င်းသည် အကြွင်းမဲ့ မလေးစားမှု၏ ရာဇဝတ်မှုကြီးတစ်ခု ဖြစ်လိမ့်မည်။
သူ၏ ခန္ဓာကိုယ်သည် အလွန်ပင် အချိုးအစား ကျနစွာ ဖွဲ့စည်းထားပြီး၊ ဟုန်ယွိထက် အနည်းငယ် ပိုအရပ်မြင့်သည်။ သို့သော် ယေဘုယျအားဖြင့်၊ ကြီးကြီးမားမား ကွာခြားချက်မရှိပေ။ သူ၏ မျက်နှာအသွင်ပြင်သည် သေသပ်စွာ ထွင်းထုထားသည့်နှယ် ရှင်းလင်းပြတ်သားပြီး၊ နှုတ်ခမ်းများသည် တင်းတင်းပိတ်ထားကာ၊ နှာတံက အနည်းငယ် မြင့်မားပြီး၊ နဖူးပြင်က စတုရန်းပုံဖြစ်ကာ တစ်ချိန်တည်းတွင် လုံးဝန်းသည်။ သူ၏နားထင်နှစ်ဖက်သည် ပြည့်ဖြိုးလျက်ရှိပြီး၊ နားထင်ပတ်လည်မှာ ခပ်ဖျော့ဖျော့ ရွှေရောင်သွေးများ လှည့်ပတ်လျှက် ရှိသည်။ ဤသည်မှာ သူ၏သွေးနှင့် ချီ (စွမ်းအင်) ကို အဆုံးစွန်ထိ ကျင့်ကြံပြီးဖြစ်ကာ၊ စတင်ဆူပွက်လာသည်နှင့် သူ့နားထင်နှစ်ဖက်တွင် နေမင်း၏အရိပ်မြွက်ကို ဖြစ်ပေါ်စေသည်။
နားထင်နှစ်ဖက်၊ အစစ်အမှန် သိုင်းသူတော်စင်များနှင့် လူသားအင်မော်တယ်များသည် အဆုံးစွန်ထိ ကျင့်ကြံပြီးသောအခါ၊ ၎င်းတို့၏ နားထင်နှစ်ဖက်သည် အစစ်မှန် တောက်ပသော နေတစ်စင်း၏ ခံစားမှုကို ပေးစွမ်းနိုင်သည်။
“အင်မတန်တော်တဲ့လူပဲ။ သူ့ရဲ့သိုင်းပညာကို ထားလိုက်ဦး။ ဒီချန်ပီယံမြို့စား လူငယ်လေးရဲ့ ပုံပန်းသွင်ပြင်တစ်ခုထဲနဲ့တင် ကံကောင်းခြင်းနဲ့ ချမ်းသာကြွယ်ဝသူတစ်ဦး ဖြစ်နေပြီ။ သူ့ရဲ့ ကံဇာတာဟာ မယုံနိုင်လောက်အောင် နက်ရှိုင်းတယ်။ ဒါကြောင့်ပဲ ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မြို့စားဘွဲ့ကို ရရှိခဲ့တာပဲ။”
ချန်ပီယံမြို့စားနှင့် တိုက်ခိုက်နေသော ဘုန်းတော်ကြီးကို ကြည့်လိုက်ရာ၊ ၎င်းသည် ဆံပင် ရိတ်မထားပေ။ သူ၏ဦးခေါင်းပေါ်တွင် အနက်ရောင်ဆံပင် တစ်ထပ်ရှိသော်လည်း၊ ၎င်းပေါ်တွင် အမာရွတ် အနည်းငယ်က ထင်ရှားစွာ ပေါ်နေသည်။ ၎င်းသည် အမှန်တကယ် ရဟန်းတစ်ပါး ဖြစ်သည်မှာ ထင်ရှားသည်။
ဤဘုန်းတော်ကြီးသည် နီးမြန်းသော အသားရေ၊ ကြီးမားထွားကျိုင်းသော လက်ခြေများနှင့်အတူ ခန္ဓာကိုယ်က အလွန်သန်မာကျစ်လျစ်ပြီး၊ နားရွက်များကလည်း ကြီးမားသည်။ သူ၏ အသက်အရွယ်မှာ ၄၀ မှ ၅၀ အတွင်း ရှိပုံရသည်။ သူသည် ရွှေနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သူတိုက်ခိုက်သောအခါ လျှပ်စီးလက်သကဲ့သို့ လျင်မြန်သည်။ သူ၏ လက်သီးလှိုင်းများသည် နဂါးနှင့်ကျားများ၏ ဟိန်းဟောက်သံကဲ့သို့ ပြင်းထန်ပြီး၊ အဆုံးမဲ့စွမ်းအားဖြင့် ပြည့်နှက်နေပုံရသည်။
ဤမဟာပညာရှင်အဆင့် နှစ်ဦး တိုက်ခိုက်နေကြစဉ်၊ ဟုန်ယွိသည် သူတို့သိုင်းပညာရပ်များ၏ လှုပ်ရှားမူကို ပိုင်ခြင်းသိမြင်ရန် ကြိုးစားသော်လည်း သိမ်မွေ့သော ပြောင်းလဲမှုများကို ရှင်းလင်းစွာ မမြင်နိုင်ခဲ့ပေ။ သူတို့၏ လှုပ်ရှားမှုများသည် ရုတ်ခြည်း ခွဲထွက်ပြီး ပြန်လည် ပူးကပ်သွားသည်ကိုသာ မြင်တွေ့ရပြီး၊ သူတို့၏ ကြွက်သားများ ထိပ်တိုက်တွေ့ဆုံတိုင်း ကောင်းကင်ဘုံမှ မိုးကြိုးပစ်သကဲ့သို့ လေထုသည် ပြင်းထန်စွာ တုန်ခါလျက်၊ လေလှိုင်းများ တဖြည်းဖြည်း ထိုးထွက်လာခဲ့သည်။
“ဒီလူနှစ်ဦးရဲ့ သိုင်းပညာဟာ ဝူအိမ်တော်ထိန်းထက် အဆင့်တစ်ဆင့် မြင့်မားတယ်” ဟုန်ယွိသည် ကြည့်ရှုရင်း စိတ်ထဲတွင် နားလည်လိုက်သည်။
“နင်ဂျာဘုန်းကြီး၊ ခင်ဗျားရဲ့ တပည့်တွေအားလုံးကို ကျုပ် ကံကောင်းခြင်းဗူးသီးထဲမှာ ဖမ်းထားပြီးပြီ။ ခင်ဗျားတစ်ယောက်တည်း ဆက်လက်ခုခံနေတာ ဘာအတွက်လဲ။ အခု စုန်းတစ္ဆေဂိုဏ်းရဲ့ ပျက်သုန်းမှုက မလွှဲမရှောင်သာ ကျရောက်လာပြီ။ ခင်ဗျား ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ။ စကြာဝဠာအိတ်ကို လွှဲပြောင်းပေးပြီး တော်ဝင်ချန်ကို ပြန်လိုက်ခဲ့ပါ။ ခင်ဗျားရဲ့ သိုင်းသူတော်စင်ဆိုတဲ့ ကိုယ်ရေးအချက်နဲ့ဆို ခင်ဗျားနဲ့ ခင်ဗျားတပည့်တွေရဲ့ ဘေးကင်းလုံခြုံမူကို ကျုပ် အာမခံတယ်။ ကျုပ်ကိုယ်တိုင် ဧကရာဇ်ကို တောင်းဆိုပြီး ခင်ဗျားအတွက် ဘုရားကျောင်း တစ်ခု ချီးမြှင့်ပေးနိုင်တယ်။ ခင်ဗျား ဗုဒ္ဓကို စိတ်နှလုံးအကြွင်းမဲ့ ဆုတောင်းနိုင်ပြီး၊ ဒိုင်ဇင်ဘုရားကျောင်းကို ပြန်လည်ထူထောင်ဖို့ မကြံစည်သမျှ ခင်ဗျားဟာ အေးချမ်းစွာ နေထိုင်နိုင်မယ်။ ခင်ဗျားဟာ ထင်ပေါ်ကျော်ကြားတဲ့ ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာနိုင်ပြီး ဗုဒ္ဓရဲ့ အနှစ်သာရဓမ္မတွေကို ဟောပြောနိုင်တယ်။ ခင်ဗျား ခေါင်းမာမာနဲ့ ဒီလိုဆက်ခုခံနေရင် ဘာအကျိုးမှ မရှိဘူး။”
သူတို့နှစ်ဦး ပြင်းထန်စွာ တိုက်ခိုက်နေစဉ်၊ ဟုန်ယွိသည် ချန်ပီယံမြို့စား၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။
ချန်ပီယံမြို့စား၏ အသံသည် အလွန်ရှင်းလင်းပြတ်သားသည်။ စကားလုံးတစ်လုံးချင်းစီသည် ကျောက်စိမ်းကဲ့သို့ ချောမွေ့ပြီး၊ ပုလဲများနှင့်တူသည်။ ထိုအသံက ဟုန်ယွိအား ဟန်လင်အကယ်ဒမီ တွင် စာဖတ်သံကို သတိရစေသည်။
သို့သော် ထိုအသံကို ကြားလိုက်ရပြီးနောက်၊ သူ၏စကားလုံးများတွင် မလွန်ဆန်နိုင်သော အာဏာရှင်တစ်ဦး၏ အမိန့်ပေးမှု အငွေ့အသက်လည်း ပါဝင်နေသည်။ ၎င်းသည် စစ်ဘက်ဆိုင်ရာ အမိန့်တစ်ခုနှင့် တူသည်။ သူ့စကားကို ကြားလိုက်ရသူတိုင်း၊ ၎င်းတို့၏ မသိစိတ်ထဲတွင် ပထမဆုံး တုံ့ပြန်မှုက သူ့စကားအတိုင်း လိုက်နာရန် ဖြစ်သည်။
ရိုးရှင်းသော စကားလုံးများတွင် ထိုကဲ့သို့ မှော်စွမ်းအားမျိူး ပါဝင်နေသည်။
ဤလူ၏စကားများက တောင်ကြီးကဲ့သို့ လေးလံပြီး၊ ထိုစကားကို မည်သူမျှ ဆန့်ကျင်နိုင်ခြင်း မရှိကြောင်း ဟုန်ယွိ သိရှိသည်။ ထိုကဲ့သို့ စွမ်းအားမျိုးသည် သဘာဝအတိုင်း အချိန်ကြာရှည်အောင် လေ့ကျင့်ထားရာမှ မွေးဖွားလာသည့် စွမ်းအားဖြစ်သည်။
“ဟားဟား၊ ဟားဟား! ဟားဟား။ ကျုပ်ဆိုတဲ့ နင်ဂျာဘုန်းကြီးဟာ ဒိုင်ဇင်ဘုရားကျောင်း ပျက်သုန်းပြီးနောက် တောရိုင်းဒေသမှာ အနှစ်နှစ်ဆယ် ပုန်းအောင်းနေခဲ့တယ်။ မင်းတို့လို့ ခွေးတွေက လိုက်ဖမ်းမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ တော်ဝင်ချန်ကို မဖျက်ဆီးနိုင်မချင်း မရပ်တန့်ဘူးလို့ ငါ ကျိန်ဆိုထားတယ်။ ‘ဂုဏ်သိက္ခာမဲ့ အသက်ရှင်နေရတာထက် ဂုဏ်သိက္ခာရှိရှိနဲ့ သေဆုံးရတာ ပိုမြတ်တယ်’ ဆိုတဲ့ စကားကို မင်း မကြားဖူးဘူးလား။ ဒီနေ့ မင်းတို့မှာ အင်အားသာလွန်နေတော့ ငါ့အသက်ကို ယူသွားနိုင်တယ်။ ဒါပေမယ့်, မင်းတို့ ငါ့ကိုသတ်ချင်ရင် မင်းတို့ရဲ့ အသက်တချို့ကိုလည်း ထားခဲ့ရလိမ့်မယ်…”
နင်ဂျာဘုန်းကြီးဟာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့အသံက မချိတင်ကဲဖြစ်ခြင်း၊ အမျက်ဒေါသဖြစ်ခြင်းနှင့်အတူ သူရဲကောင်းဆန်ခြင်းတို့ ပါဝင်နေသည်။ အသံက လမ်းဆုံးရောက်နေသော သူရဲကောင်းတစ်ဦး၏ အငွေ့အသက်နှင့် တူသည်။ ဟုန်ယွိသည် ထိုအသံကို ကြားလိုက်ရသောအခါ၊ သူ့စိတ်ထဲတွင် သက်ပြင်းတချက် ချမိလိုက်ပါသည်။
“နင်ဂျာဘုန်းကြီး၊ စုန်းတစ္ဆေဂိုဏ်းက ခင်ဗျားကို စေတနာနဲ့ လက်ခံထားတယ်လို့ ထင်နေတာလား။ စုန်းတစ္ဆေဂိုဏ်းက ခင်ဗျားရဲ့စကြာဝဠာအိတ်ကို အသုံးချပြီး ကြီးမားတဲ့ အစီအစဉ်တစ်ခုကို ကြံစည်နေတာပဲ။ ခင်ဗျားအနေနဲ့ အရေခွံခြုံနိုင်ဖို့ ကျားတစ်ကောင်နဲ့ ပေါင်းဖက်နေရတာဟာ မထိုက်တန်ဘူးလို့ ကျုပ်ထင်တယ်။ စုန်းတစ္ဆေဂိုဏ်းရဲ့ အဲဒီအုပ်စုကို ခင်ဗျားလည်း မြင်ပြီးပြီ။ သူတို့ဟာ သက်ရှိသတ္တဝါတွေကို သတ်ဖြတ်ပြီး မကောင်းဆိုးဝါးနည်းလမ်းတွေကို ကျင့်ကြံတယ်။ အဲဒါတွေက လူသားတွေ လုပ်ဆောင်သင့်တဲ့ အရာမဟုတ်ဘူး။ သူတို့ဟာ လူသားသဘာဝ လုံးဝ ပျောက်ဆုံးနေတဲ့ နတ်ဆိုးတွေပဲ။ ဒိုင်ဇင်ဘုရားကျောင်းဟာ ဖြောင့်မတ်တဲ့ ဗုဒ္ဓဂိုဏ်းတစ်ခုပဲ။ မြင့်မားတဲ့ ကိုယ်ကျင့်သိက္ခာကို ပိုင်ဆိုင်ထားတဲ့ ဘုန်းတော်ကြီးတစ်ပါးအနေနဲ့၊ ခင်ဗျားဟာ ဒီ နတ်ဆိုးတွေနဲ့ ပေါင်းဖက်လိုက်တာကြောင့် ခင်ဗျားရဲ့ ပင်ကိုယ်ကရုဏာစိတ်က လုံးဝ ဆုံးရှုံးသွားပြီ။ ဒီလိုပုံစံမျိုးနဲ့ ခင်ဗျားဟာ သိုင်းပညာအထွက်အထိပ်ဖြစ်တဲ့ လူသားအင်မော်တယ် နယ်ပယ်ကို ဘယ်လိုလုပ် တက်လှမ်းနိုင်မှာလဲ…”
ချန်ပီယံမြို့စား၏ စာဖတ်သံသဖွယ် အသံက ထပ်မံထွက်ပေါ်လာသည်။ စကားအသံက အလောတကြီး မဖြစ်ဘဲ၊ အေးဆေးတည်ငြိမ်ကာ၊ တဖက်လူ၏ တိုက်ခိုက်လိုစိတ်ကို ဖြိုခွင်းနိုင်သည့် ဖိနှိပ်နိုင်သော သဘာဝစွမ်းအားမျိုး ပါဝင်နေပါသည်။
“ဟားဟား၊ ဟားဟား! မင်းရဲ့စကားတွေ ဘယ်လောက်ပဲ ပြည့်စုံနေပါစေ၊ ငါ့ရဲ့ စိတ်နှလုံးကို ဘယ်လိုမှ မလှုပ်ခါနိုင်ဘူး။ ဒိုင်ဇင်ဘုရားကျောင်းဟာ ကရုဏာစိတ် အလွန်ပြည့်ဝခဲ့တယ်။ ဒါကြောင့်ပဲ မင်းတို့စစ်တပ်တွေ လာရောက်သတ်ဖြတ်တဲ့အခါ ငါတို့ဟာ သူတို့ကို သတ်ဖြတ်ဖို့ ငြင်းဆန်ခဲ့တာပေါ့။ မင်းနဲ့ငါဟာ သိုင်းသူတော်စင်အဆင့်အထိ ကျင့်ကြံပြီးပြီ။ ငါတို့ရဲ့ စိတ်ဝိညာဉ်တွေဟာ မလှုပ်ခါနိုင်တဲ့ အဆင့်အထိ ရောက်နေကြပြီ။ ဒီလို စကားလုံးတွေနဲ့ ငါ့စိတ်ကို လှုပ်ခါပြီး ငါ့ကို အနိုင်ယူနိုင်မယ်လို့ မင်းထင်နေတာလား။ လူငယ်လေး၊ စကားလုံးတွေနဲ့ တိုက်ခိုက်မနေနဲ့တော့။ မင်းရဲ့ သိုင်းပညာနဲ့ တာအိုပညာကို သုံးပြီး ငါ့ကို သတ်ဖြတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။ ငါ့ကို စိတ်ပျက်အောင် မလုပ်မိစေနဲ့…..။”
နင်ဂျာဘုန်းကြီး ထပ်မံ ရယ်မောလိုက်သည်။ ရုတ်တရက်၊ သူသည် လက်ဖဝါးကို တွန်းထုတ်လိုက်ပြီး၊ နဂါးတစ်ကောင်နှင့်ဆင်တစ်ကောင်၏ ခွန်အားများ ထွက်ပေါ်လာသည်။
“နဂါးဆင်တံဆိပ်…”
ဟုန်ယွိသည် နင်ဂျာဘုန်းကြီးက နဂါးဆင်တံဆိပ်ကို အသုံးပြုနေသည်ကို မြင်တွေ့ရသည်။ လက်သီးဆန္ဒ ပြောင်းလဲသွားသည်နှင့်အမျှ၊ အကန့်သတ်မဲ့ ခွန်အားကို ပိုင်ဆိုင်ထားသော ဧရာမနဂါးကြီးနှင့်ဆင်ကြီး၏ ပုံရိပ်များသည် လူများ၏ မျက်စိရှေ့တွင် ထင်ရှားစွာ ပေါ်ထွက်လာသည်။
နင်ဂျာဘုန်းကြီး၏ ရုပ်ခန္ဓာကိုယ် ခွန်အားသည် ပေါက်ကွဲထွက်လာပြီး၊ သူ၏ ရွှေနက်ရောင်ဝတ်ရုံ သည် ဖောင်းကားလာကာ၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် တစ်ဝက်ခန့် ကြီးထွားလာသည်။ သူပုံစံက ဗုဒ္ဓတာဒီဂိုဏ်များ၏ အစောင့်ရှောက် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
“နင်ဂျာဘုန်းကြီး၊ ခင်ဗျား တထာဂတသုတ္တန်ထဲက လက်သီးပညာကို အသုံးမပြုရင်၊ ခင်ဗျားအနေနဲ့ ကျုပ်ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး။”
ချန်ပီယံမြို့စားက အေးဆေးတည်ငြိမ်စွာ ပြောရင်း၊ တောရိုင်းဒေသအနှံ့ ရွာသွန်းနေသော မိုးရေစက်များကဲ့သို့ သူ၏လက်များကို လှုပ်ရှားလိုက်သည်။ သူသည် နင်ဂျာဘုန်းကြီး၏ ပြင်းထန်သော လက်သီးကို ချက်ချင်း ခံယူလိုက်ပြီး၊ ခြေတစ်ဖက်ကို မြှောက်ကာ ကန်ထုတ်လိုက်သည်။
ဟုန်ယွိသည် ချန်ပီယံမြို့စား၏ လှုပ်ရှားမှုကို ကြည့်ရှုရင်း စိတ်ထဲတွင် တွေးတောမိသည်။ “ချန်ပီယံမြို့စားရဲ့ သိုင်းပညာရဲ့ မူလအစက ဘာများဖြစ်မလဲ….” ချန်ပီယံမြို့စား၏ လက်သီးဆန္ဒသည် ထင်ရှားစွာ ထွက်ပေါ်လာခြင်းမရှိဘဲ, သူသည် သူ့စွမ်းအားကို အပြည့်အဝ အသုံးပြုခြင်းမရှိဟု ထင်ရသော်လည်း သူ့သိုင်းပညာတွင် အလွန်နက်ရှိုင်းသော အယူအဆများ ပါဝင်နေပြီး၊ တောရိုင်းဒေသတစ်ခုလုံးကို ဖုံးလွှမ်းထားကာ ဖန်ဆင်းမှုကို လည်ပတ်နေပြီး၊ နေ၊ လ၊ ကြယ်များနှင့် အနန္တစကြာဝဠာကို သူဆန္ဒရှိသည့်အတိုင်း ထိန်းချုပ်နိုင်သည်ဟု ဟုန်ယွိ ခံစားရသည်။
“ဒါက ဖန်ဆင်းရှင်တာအိုဂိုဏ်းရဲ့ လက်သီးပညာရပ်များ ဖြစ်မလား။ ဒါပေမယ့် ချန်ပီယံမြို့စားရဲ့ ရုပ်ရည်အသွင်က မင်းသားယုနဲ့ပုံပန်းသဏ္ဍာန်နဲ့ အနည်းငယ် တူသလိုရှိတယ်။ သူက တကယ်ပဲ ဧကရာဇ်ရဲ့ တရားမဝင်သားတစ်ယောက်များ ဖြစ်နိုင်မလား။ သူက သာမန်ပြည်သူလူထုအလယ်မှာ နေထိုင်တဲ့ မင်းသားတစ်ပါးများ ဖြစ်နိုင်မလား….”
ဤသည်မှာ ဟုန်ယွိ၏ ခန့်မှန်းချက်သာ ဖြစ်ပြီး သူလည်း သေချာမပြောနိုင်ပေ။ အထူးသဖြင့် သူသည် ဖန်ဆင်းရှင်တာအိုဂိုဏ်း၏ တာအိုပညာရပ်များ ကို မမြင်ဖူးသလို၊ ဖန်ဆင်းရှင်တာအိုဂိုဏ်း၏ သိုင်းပညာကိုလည်း မမြင်ဖူးသောကြောင့် သဘာဝအတိုင်း သူ့မှန်းဆချက်အတွက် အခြေခံမရှိပေ။
“ဒီလူနှစ်ယောက်ဟာ အချိန်တိုအတွင်း သေချာပေါက် အနိုင်အရှုံး ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး။” ဟုန်ယွိသည် နင်ဂျာဘုန်းကြီးနှင့် ချန်ပီယံမြို့စား၏ တိုက်ပွဲကို ကြည့်ရှုရင်း တွေးမိသည်။ သူတို့၏ သွေးစွမ်းအင်သည် သန်မာပြီး၊ လက်သီးချက်တွေနှင့် ခြေကန်ချက်တွေက လေပေါ်မှာ ပျံသန်းရင်း အပြန်အလှန် ထိုးနှက်နေသည်။ လေထုသည် ပေါက်ကွဲထွက်နေသော်လည်း၊ သူတို့၏ လှုပ်ရှားမှုများသည် အနည်းငယ်မျှပင် နှေးကွေးမှု မရှိပေ။ ဟုန်ယွိသည် ဤလူနှစ်ဦး၏ အသက်ရှူမှုက ရှည်လျားနေသေးပြီး၊ သူတို့သည် စွမ်းအားကို အပြည့်အဝ အသုံးမပြုလိုကြဘဲ၊ အနိုင်အရှုံးကို တစ်ကွက်နှစ်ကွက်ဖြင့် ဆုံးဖြတ်ရန်မှာ သေချာပေါက် မဖြစ်နိုင်ကြောင်း သိရှိသည်။
ဤအချိန်တွင်၊ အနီးအနားမှာ တစ္ဆေအင်မော်တယ်များ အများအပြား ရှိနေပြီး၊ အနိုင်အရှုံးကို မဆုံးဖြတ်နိုင်သေးသည့် သိုင်းသူတော်စင် နှစ်ဦးသည် သဘာဝအတိုင်း သေခြင်းရှင်ခြင်း တိုက်ခိုက်ကို တိုက်ခိုက်လိုခြင်း မရှိသေးသလို၊ ရုတ်တရက် တိုက်ခိုက်မှုများကို ကာကွယ်ရန်လည်း သတိထားနေရ သည်။
ဟုန်ယွိသည် သူ၏အတွေးများကို ခွဲထုတ်လိုက်ပြီး၊ ကောင်းကင်တွင် အနက်ရောင်တိမ်တိုက်နှင့် အလင်းလုံးတစ်ခုတို့ တိုက်ခိုက်နေသည်ကို မြင်တွေ့ရသည်။
ထိုအရာများသည် တစ္ဆေအင်မော်တယ် ကျွမ်းကျင်ပညာနှစ်ဦး ဖြစ်သည်မှာ ထင်ရှားသည်။
အနက်ရောင်တိမ်တိုက်ထဲတွင်၊ အလားတူ အသားမည်းမည်း ပိန်လှီသော တာအိုပညာရှင်တစ်ဦးသည် မှေးမှိန်စွာ ပေါ်ထွက်လာပြီး၊ ထိုတာအို ပညာရှင်၏ ပတ်လည်တွင် မှော်သင်္ကေတ အဆောင်များဖြင့် ပြည့်နှက်နေသည့် အမိန့်ပေးအလံတစ်ခု လွင့်မျောနေသည်။
ဤအမိန့်ပေးအလံသည် လက်ဖဝါးအရွယ်အစားသာရှိပြီး၊ တြိဂံပုံသဏ္ဌာန် ဖြစ်သည်။ အလံသည် မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိရသော်လည်း၊ ၎င်းသည် လှုပ်ရှားလိုက်သောအခါ အနက်ရောင် လေစီးကြောင်း တိုက်ခတ်မှုများကို ထုတ်လွှတ်ပြီး၊ ထိုလေစီးကြောင်းများက တာအိုပညာရှင်၏ ခန္ဓာကိုယ်ကို ပတ်ရစ်လျက်၊ သူ့ကို ကောင်းကင်သို့ ပျံသန်းစေနိုင်သည်။
တစ်ချိန်တည်းမှာပင်, ဤတာအိုပညာရှင်၏ ဘေးတွင်၊ ရွှေရောင်တောင်ပံ၊ ရွှေရောင်အသားရေ သရဖူနှင့် ဧကရာဇ်အဆင့်အလောင်း ငါးကောင်သည် အပေါ်အောက် ပျံသန်းနေသည်။ ၎င်းတို့သည် ပါးစပ်မှ တောက်ပသော ရွှေရောင်ဆေးလုံး တစ်လုံးကို ထွေးထုတ်လိုက်ပြီး၊ ထိုဆေးလုံးသည် ဉဒေါင်းဘုရင်၏ ဓာတ်ကြီးငါးပါးဓားဆေးလုံးထဲမှ ရွှေအနှစ်သာရဆေးလုံးနှင့် အနည်းငယ် ဆင်တူသည်။
ဤဧကရာဇ်အဆင့်အလောင်းများ ပျံသန်းနေစဉ်၊ ၎င်းတို့သည် ဤရွှေဆေးလုံးကို ထွေးထုတ်လိုက်ခြင်း ဖြစ်သည်။ ဆေးလုံးသည် ရန်သူ၏ မှော်ရတနာနှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်း ပေါက်ကွဲထွက်ကာ၊ ရွှေရောင်ဓားစွမ်းအင် များအဖြစ် ပြောင်းလဲသွားပြီး၊ အရပ်မျက်နှာ အသီးသီးသို့ ဖြတ်တောက်သည်။ ဖြတ်တောက်ပြီးနောက်၊ ဧကရာဇ်အဆင့်အလောင်းများသည် အသက်ရှူသွင်းလိုက်ပြီး၊ ရွှေရောင်ဓားစွမ်းအင်များသည် ရွှေအနှစ်သာရစွမ်းအင်တစ်စုအဖြစ် ပြန်လည်စုစည်းကာ ၎င်းတို့၏ ပါးစပ်ထဲသို့ စုပ်ယူသွားသည်။ အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက်၊ ၎င်းတို့သည် ဆေးလုံးတစ်လုံးအဖြစ် ထပ်မံပြန်လည် ဖြစ်ပေါ်လာသည်။
“ဒါက စုန်းတစ္ဆေဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယုဝူဒေါင်လား။ သူ့မှော်ရတနာက တစ္ဆေတသောင်းအမိန့်ပေးအလံလား။ ဒီမှော်ရတနာဟာ တကယ်ကို အစွမ်းထက်တယ်။ သူ့ကို ကောင်းကင်ယံအထိ သယ်ဆောင်သွားနိုင်တယ်။” ဟုန်ယွိသည် ဤတာအိုပညာရှင်သည် စုန်းတစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ် ယုဝူဒေါင် ဖြစ်ကြောင်း သိရှိသည်။ သူ့ကို ကောင်းကင်ယံသို့ သယ်ဆောင်ပေးသော အမိန့်ပေးအလံသည် တစ္ဆေတသောင်းအမိန့်ပေးအလံ ဖြစ်သည်။
ဤမှော်ရတနာသည် မရေတွက်နိုင်သော ဝိညာဉ်များကို စုစည်းပြီး သန့်စင်ထားခြင်း ဖြစ်ကာ၊ ခုနစ်ရက်တစ်ကြိမ် လတ်ဆတ်သော သွေးများဖြင့် ကျွေးမွေးရသည်။ ဤယင်ဝိညာဉ်များ၏ စွမ်းအားဖြင့်၊ ယုဝူဒေါင်သည် အခြားသူ၏ စွမ်းအားပေါ်တွင် မှီခိုစရာမလိုဘဲ ကောင်းကင်သို့ ပျံသန်းနိုင်ပြီး၊ စကြာဝဠာထဲတွင် လှည့်လည်သွားလာနိုင်သည်။
ဧကရာဇ်အဆင့်အလောင်း ငါးကောင်သည် ကောင်းကင်သို့ ပျံတက်နိုင်ပြီး၊ မြေအောက်ထဲ စိမ့်ဝင်နိုင်သည့် ဖြစ်တည်မှုများဖြစ်ပြီး၊ ၎င်းတို့သည် သိုင်းပညာအရာမှာ အတွင်းကျဆုံး ကိုယ်တွင် အစိတ်ပိုင်းများကို ကျင့်ကြံထားသည့် မဟာဆရာသခင်အဆင့်ကျွမ်းကျင်သူထက် များစွာ ပို၍ ကြောက်စရာကောင်းသည်။
ယခုအချိန်တွင်၊ ယုဝူဒေါင်သည် တစ်စုံတစ်ဦးနှင့် တိုက်ခိုက်နေသည်။
ယုဝူဒေါင်၏ ပြိုင်ဘက်သည် မြေပေါ်တွင် ထိုင်နေပြီး၊ သူ့ပတ်ပတ်လည်တွင် ခပ်ဖျော့ဖျော့ အစိမ်းရောင် အငွေ့အသက်အလွှာတစ်ခု ဝန်းရံထားသည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ကောင်းကင်သို့ တဟုန်ထိုး ပျံတက်သွားပြီး၊ ယုဝူဒေါင်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။
ဤလူသည် ငှက်တောင်ပံများစွာဖြင့် အလှဆင်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သူ၏ မျက်နှာက တည်ငြိမ်သော်လည်း၊ နှာတံချွန်သည်။ သူ၏လက်များသည် ဗုဒ္ဓတစ်ပါးတရားထိုင်ဟန် လက်တံဆိပ်ကို ပုံဖော်ထားသည်။
ထိုသူသည် မဟူရာနတ်ဆိုးအင်မော်တယ်ရှစ်ယောက်ထဲမှ တစ်ဦးဖြစ်သော နတ်လင်းယုန်ဘုရင် ဖြစ်သည်မှာ ထင်ရှားသည်။ သူသည် အမြဲတမ်း တစ်ဦးတည်း နေထိုင်ပြီး မဟာကန္တရကြီး၏ အဝေးတွင် နေထိုင်သူ ဖြစ်သည်။
တကယ်တော့၊ ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် နတ်လင်းယုန်ဘုရင်က ချန်ပီယံမြို့စား၏ လက်အောက်သို့ ဝင်ရောက်လာပြီး၊ ကံကောင်းခြင်းဗူးသီးကို သူ့အတွက် ထိန်းချုပ်ပေးနေသည်ကို သူတို့ နားလည်နိုင်ရန် မစွမ်းနိုင်ခဲ့ပေ။ ၎င်းသည် ရထားမောင်းသူ တစ်ဦးနှင့် တူသည်။
ရှေးခေတ် သူတော်စင်ဘုရင်များထဲမှ တစ်ဦးမဟုတ်ပါက, ဤလောကတွင် မဟူရာနတ်ဆိုးအင်မော်တယ် တစ်ဦးအား ရထားမောင်းသူအဖြစ် လုပ်ဆောင်နိုင်သူ ပုဂ္ဂိုလ်တစ်ဦး ရှိနေဦးမည်ဟု ဟုန်ယွိအနေဖြင့် စိတ်ပင်မကူးမိချေ။
သို့သော်၊ ဟုန်ယွိသည် နတ်လင်းယုန်ဘုရင်ကို ခဏမျှသာ ကြည့်ရှုပြီး၊ သူ၏ အာရုံစူးစိုက်မှုက အခြားအရာတစ်ခုပေါ်သို့ ကျရောက်သွားသည်။
စုန်းတစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ် ယုဝူဒေါင်သည် သူ၏ကျောပေါ်တွင် အိတ်ကြီးတစ်လုံးကို ထမ်းထားပုံရသည်။
ထိုအိတ်သည် ပိုးထည် သို့မဟုတ် ပိတ်စများဖြင့် ချုပ်ထားခြင်း မဟုတ်ဘဲ၊ ၎င်း၏အရောင်သည် အလွန်ထူးဆန်းသည်။ အိတ်သည် သားရေနှင့်တူသော်လည်း၊ မည်သည့် တိရစ္ဆာန်၏ သားရေမျှ မဟုတ်ပေ။ ဟုန်ယွိသည် အိတ်ကြီးကို ကြည့်လေလေ၊ ထိုအိတ်၏ပစ္စည်းသည် လူသားအရေပြား ဖြစ်သည်ဟု ခံစားရလေပင်။
ဤအိတ်ကြီးသည် အကြောနှင့်တူသော ကြိုးတစ်ချောင်းဖြင့် တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသော်လည်း၊ ၎င်းသည် လူသားအကြော ဖြစ်ပုံရသည်။
အိတ်ထဲမှ သန့်စင်သော ယန်စွမ်းအင်၏ ကြီးမားသော အငွေ့အသက်တစ်ခု မှေးမှိန်စွာ စိမ့်ထွက်လာသည်။
“ဒါက စကြာဝဠာအိတ်များလား။ ဒါက သေချာပေါက် စကြာဝဠာအိတ်ပဲ။ ဒါပေမယ့် ဒါက ဘယ်လိုလုပ် အထည်အိတ်တစ်လုံး ဖြစ်နိုင်မှာလဲ။ ဒါက လူသားအရေပြားဆိုတာ ရှင်းနေတာပဲ။ သိုင်းသူတော်စင်တစ်ဦးရဲ့ အရေပြားတောင် ဒီလိုမဟုတ်ဘူး။ ဒါဆို ဒါက လူသားအင်မော်တယ်ရဲ့ အရေပြားများ ဖြစ်နိုင်မလား”
ဟုန်ယွိ၏ စိတ်နှလုံးသည် တစ်ကြိမ်ပြီး တစ်ကြိမ် ဆက်တိုက် ခုန်သွားခဲ့သည်။
အပိုင်း (၂၂၅)။
“ဒါက သေချာပေါက် စကြာဝဠာအိတ်ပဲ။ အစစ်မှန် စကြာဝဠာအိတ်။ တကယ့် အစစ်အမှန်ပဲ….။”
ဟုန်ယွိသည် စုန်းတစ္ဆေဂိုဏ်းချုပ် ယုဝူဒေါင်၏ ကျောပေါ်ရှိ အိတ်ကြီးမှ သန့်စင်သော ယန်စွမ်းအင် ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသည့်အခါ၊ ဤအိတ်ကြီးသည် ဒဏ္ဍာရီလာ စကြာဝဠာအိတ် ဖြစ်ကြောင်း ချက်ချင်း အတည်ပြုလိုက်သည်။
ဤအိတ်အတွင်းမှာ ကိုယ်ပိုင်ကမ္ဘာတစ်ခု ရှိပြီး၊ ဤအိတ်၏ အလွတ်နေရာသည် စစ်သားနှစ်သိန်းအတွက် ခြောက်လစာရိက္ခာကို အလွယ်တကူ သိမ်းဆည်းနိုင်သည်။ ဤအိတ်သည် ထိုလုပ်ဆောင်ချက် တစ်မျိုးတည်း မဟုတ်ပေ။ ပြင်ပကမ္ဘာကြီးကို အမြင်ပြောင်းလဲနိုင်ပြီး တစ္ဆေအင်မော်တယ် များပင် ထိုးထွင်းမမြင်နိုင်သည့် လေဟာနယ်ပုံရိပ်များကို ဖန်တီးနိုင်သည်။
ကံကောင်းခြင်းဗူးသီး၏ အံ့ဖွယ်များကို မြင်တွေ့ပြီးနောက်၊ လူတစ်ယောက်၏ ဝိညာဉ်စွမ်းအင် လုံလောက်အောင် သန်မာပါက, ထိုစကြာဝဠာအိတ်ကို အသုံးပြု၍၊ တည်နေရာရွှေ့ပြောင်းခြင်းကိုပင် လုပ်ဆောင်နိုင်ကြောင်း ဟုန်ယွိ သိရှိခဲ့သည်။
ဟုန်ယွိသည် ဤစကြာဝဠာအိတ်က အတုဖြစ်သည်ဟု လုံးဝ မယူဆခဲ့ပေ။
အကြောင်းမှာ၊ ဤစကြာဝဠာအိတ်ကို ဖန်တီးရာတွင် အသုံးပြုထားသော ပစ္စည်းသည် လူသား အရေပြားဖြစ်ပြီး၊ ထိုအရေပြားသည် သိုင်းတာအိုတွင် လူသားအင်မော်တယ်တစ်ဦး၏ အရေပြားဖြစ်နိုင်ကြောင်း သူ ခွဲခြားသိမြင်ထားသောကြောင့် ဖြစ်သည်။
ဟုန်ယွိသည် လူသားအင်မော်တယ်တစ်ပါး၏ အရေပြားဖြင့် ဖန်တီးထားသော ပစ္စည်းတစ်ခုသည် မည်မျှ ကြောက်မက်ဖွယ်ရာ ဖြစ်မည်ကို စိတ်ဖြင့်ပင် မခန့်မှန်းနိုင်ပါချေ။ လူသားအင်မော်တယ်၏ အရေပြားသာလျှင် စကြာဝဠာအိတ်ကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်သော ရတနာတစ်ခုကို ဖန်တီးနိုင်ပါလိမ့်မည်။
ဟုန်ယွိသည် လူသားအင်မော်တယ် ပညာရှင်တစ်ဦးကိုမျှ မမြင်ဖူးခဲ့သော်လည်း၊ သူသည် ဘုန်းတော်ကြီးယန်ယွဲ့၏ ဗုဒ္ဓတိုက်ပွဲမှတ်တမ်းကို ဖတ်ရှုခဲ့ဖူးသည်။
ဗုဒ္ဓတိုက်ပွဲမှတ်တမ်းတွင် မှတ်တမ်းတင်ထားသည်မှာ၊ သိုင်းတာအိုတွင် သိုင်းသူတော်စင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသောအခါ၊ လူ့ခန္ဓာကိုယ်၏ ကမ္ဘာငယ်လေးကို နားလည်ပြီး၊ ခန္ဓာကိုယ်၏ ထူးခြားသော လက္ခဏာအဆင့်ဆင့်နှင့် ရှင်ခြင်းသေခြင်း၏ လျှို့ဝှက်တံခါးကို ဖွင့်လှစ် ကာ၊ သူတော်စင်အဆင့်ကို ကျော်လွန်ပြီး အင်မော်တယ်တစ်ပါး ဖြစ်လာသည်ဟု ဖော်ပြထားသည်။
ပထမဦးစွာ၊ သိုင်းသူတော်စင်တစ်ပါးသည် လူသားအင်မော်တယ် ဖြစ်လာပြီးနောက်၊ သုံးညအတွင်း သူ၏သွားများ ကြွေကျပြီး၊ အသစ်ပြန်လည် ပေါက်ဖွားလာသည်။ ထိုသွားအသစ်များသည် နှင်းဖြူရောင်နှင့် ပုံဆောင်ခဲများကဲ့သို့ ဖြူစင်ပြီး ပြားချပ်ကာ၊ စုစုပေါင်း သွားလေးဆယ်ရှိသည်။
ထို့နောက်၊ အရေပြား၏အရောင် ပြောင်းလဲသွားသည်။ အရေပြားသည် အဝါရောင်ကျောက်စိမ်းကဲ့သို့ အဝါရောင်ဖျော့ဖျော့ ဖြစ်ပြီး၊ မိုးမခ ကိုင်းခက်များကဲ့သို့ နူးညံ့ပြီး၊ ဉဿဖရား၏ အနှစ်သာရနှင့် ပုံဆောင်ခဲထက်ပင် ပို၍ သိမ်မွေ့သည်။ အထူးသဖြင့်၊ ခန္ဓာကိုယ်ပေါ်တွင် ချွေးထွက်ပေါက် များ တစ်ခုမျှ မရှိတော့ဘဲ၊ အရေပြားသည် အကောင်းဆုံး ပိုးထည်ကဲ့သို့ ချောမွေ့နေသည်။
ဤအတွက်ကြောင့်၊ လူသားအင်မော်တယ်များကို အပြစ်အနာဆာမရှိသည့် အစစ်မှန် အင်မော်တယ်ဟုလည်း ခေါ်သည်။ ၎င်းသည် ခန္ဓာကိုယ်တွင် မည်သည့်ချို့ယွင်းချက်မျှ မရှိတော့ဘဲ၊ သူတို့၏ ကိုယ်ပိုင်ကမ္ဘာတစ်ခုကို ဖွဲ့စည်းထားသည်ဟု ဆိုလိုသည်။ သူတို့သည် လူသားခန္ဓာကိုယ်၏ ကမ္ဘာ၏ အဓိကတံခါးများကို စောင့်ကြပ်ထားပြီး၊ သူတို့၏ သွေးချီစွမ်းအင်သည် မည်သည့်ချို့ယွင်းချက်မှ မရှိတော့ပေ။
လူသားခန္ဓာကိုယ်တွင်၊ သိုင်းသူတော်စင်တစ်ဦးပင် ဖြစ်စေဦး၊ သူတို့နေ့စဉ်လုပ်ဆောင်မူများတွင် ဝိညာဉ်စွမ်းအင်၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အား၊ သွေးချီ စွမ်းအင်တို့သည် အနည်းငယ် ဆုံးရှုံးမှုရှိသော်လည်း၊ လူသားအင်မော်တယ်များတွင် ထိုသို့မရှိပေ။
ထို့ကြောင့် လူသားအင်မော်တယ်များကို ချို့ယွင်းခြင်းမရှိသည့် အစစ်မှန်အင်မော်တယ်များဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ ဟုန်ယွိသည် ယခုအခါ တစ္ဆေအင်မော်တယ်အဆင့်အထိ ကျင့်ကြံထားပြီး၊ ရှင်ခြင်းနှင့်သေခြင်းကို ကျော်လွန်ခဲ့ပြီ ဖြစ်သည်။ သူ၏ အာရုံခံစားမှုများသည် ထက်မြက်ပြီး စူးရှသည်။ တစ်ချိန်တည်းမှာပင်, သူသည် ဗုဒ္ဓတိုက်ပွဲမှတ်တမ်းကို ဖတ်ရှုခဲ့ပြီး၊ သိုင်းပညာကို ပိုမိုရင်းနှီးလာခဲ့သည်။ ထို့ကြောင့်၊ တခဏမျှ သံသယ ဖြစ်ပြီးနောက်၊ စုန်းတစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ် ယုဝူဒေါင်၏ ကျောပေါ်ရှိ အိတ်သည် လူသားအင်မော်တယ်၏ အရေပြားဖြင့် ပြုလုပ်ထားကြောင်း သူ ခွဲခြားသိမြင်နိုင်ခဲ့သည်။
ဤသည်မှာ သေချာပေါက် စကြာဝဠာအိတ် ဖြစ်သည်။
သိုင်းသူတော်စင် တစ်ဦးသည် မည်မျှ သန်မာသနည်း။ ၎င်းသည် သံသယဖြစ်စရာ မလိုပေ။
လက်ရှိ တိုက်ပွဲကွင်းပြင်ထဲတွင်၊ နင်ဂျာဘုန်းကြီးနှင့် ချန်ပီယံမြို့စားတို့ တိုက်ခိုက်နေကြသည်။ သူတို့နှစ်ဦးစလုံးသည် သူတို့၏စွမ်းအားကို အပြည့်အဝ မသုံးပြုမထားသော်လည်း၊ သူတို့၏ အော်ရာ၊ လက်သီးဆန္ဒ၊ သွေးချီစွမ်းအင်နှင့် သွေးနီရောင်အလင်းတို့သည် တစ္ဆေအင်မော်တယ်များပင် မချဉ်းကပ်ရဲသည့် မမြင်ရသော စွမ်းအင်နယ်ပယ် တစ်ခုအဖြစ် စုစည်းနေသည်။ တကယ်တော့၊ ထိုနေရာတွင်ရှိသော တစ္ဆေအင်မော်တယ်များတွင် မည်သူမျှ သိုင်းသူတော်စင် နှစ်ဦး၏ တိုက်ပွဲအလယ်ဗဟိုသို့ ချဉ်းကပ်ပြီး ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲပါချေ။
ယခုအခါ သူ၏စိတ်ဝိညာဉ်သည် သန်မာသည်ကို ဟုန်ယွိ သိသော်လည်း၊ အကယ်၍ သူသည် ဤလူနှစ်ဦး၏ တိုက်ပွဲစက်ကွင်းထဲသို့ အမှန်တကယ် ဝင်ရောက်သွားခဲ့ပါက၊ သူ့အတွက် ဒဏ်ရာမရဘဲ ဆုတ်ခွာနိုင်ရန် ခက်ခဲပေလိမ့်မည်။ သူတို့၏ စွမ်းအင်နယ်ပယ် စက်ကွင်းထဲသို့ ဝင်ရောက်ပြီး ခုခံ ရင်ဆိုင်ဖို့ မဆိုထားနှင့်, သူတို့၏ သွေးစွမ်းအင် သူ့ခန္ဓာကိုယ်ကို စွန်းထင်းစေမိပါက၊ သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်။
အစစ်မှန် သိုင်းသူတော်စင်များသည် သေဆုံးနိုင်ပြီး၊ ကောင်းကင်သို့ မပျံသန်းနိုင်ကြပေ။ သူတို့သည် ခန္ဓာကိုယ်ကိုစွန့်ခွာပြီး၊ မြေလျှိုးမိုးပျံနိုင်သော တစ္ဆေအင်မော်တယ်များထက် များစွာ သာလွန်ခြင်း မရှိပေ။ သို့သော်၊ သူတို့၏ ဖျက်ဆီးခြင်း စွမ်းအားသည်၊ စိတ်ဝိညာဉ် ခန္ဓာကိုယ်နှင့် တစ္ဆေအင်မော်တယ်များအပေါ် အလွန်မင်း ကြီးမားသည်။
အကယ်၍ နိုင်ငံတစ်နိုင်ငံတွင် သူတော်စင်တစ်ဦး ရှိပါက၊ နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများသည် ကျူးကျော်ဝင်ရောက်နိုင်မည် မဟုတ်ပေ။
အကယ်၍ မြို့တော်တစ်ခုတွင် သိုင်းသူတော်စင်တစ်ဦး ရှိနေပါက၊ နတ်ဆိုးများနှင့် တစ္ဆေသရဲများသည် ပြဿနာရှာရဲမည် မဟုတ်ပေ။ တချိန်တည်းဆိုသလို သိုင်းသူတော်စင်နှင့် ကွန်ဖြူရှပ်ဝါဒီ သူတော်စင်တို့သည် နိုင်ငံတစ်ခု သာယာဝပြောမူ၏ အမှတ်သင်္ကေတများ ဖြစ်သည်။
အကယ်၍ နိုင်ငံတစ်နိုင်ငံသည် စည်ပင်ဝပြောမူမရှိပါက၊ ဧကရာဇ်တရားရုံးတွင် ကွန်ဖြူရှပ်ဝါဒီ သူတော်စင်တစ်ဦး သို့မဟုတ် သိုင်းသူတော်စင်တစ်ဦး မရှိပါက၊ နတ်ဆိုးများနှင့် တစ္ဆေများသည် တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကြလိမ့်မည်။
မည်သည့် မင်းဆက်တွင်မဆို၊ နိုင်ငံတစ်နိုင်ငံ ပြိုလဲလုနီးပါးတွင်၊ ဧကရာဇ်တရားရုံး၌ ဖြစ်ပေါ်လာခဲ့သော ထူးထူးခြားခြား အဖြစ်အပျက်များကို သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသည်။
ဟုန်ယွိ၏ဖခင် ဟုန်ရွှန်ကျိသည် ဧကရာဇ်ပြီးလျှင် ဒုတိယဖြစ်သည့် လူသန်းပေါင်းများစွာ၏ အထက်၌ရှိသော ဧကရာဇ်အကြံပေး ရာထူးကဲ့သို့ မြင့်မားသောရာထူးကို ရရှိထားခြင်းသည်၊ ၎င်းသည် သိုင်းသူတော်စင်တစ်ဦး ဖြစ်နေခြင်းနှင့် မသက်ဆိုင်ပေ။ သူတော်စင်တစ်ဦး ဧကရာဇ်တရားရုံးကို ဖိနှိပ်ထားခြင်းက နိုင်ငံတော်သည် တည်ငြိမ်နေဆဲဖြစ်ပြီး၊ ဧကရာဇ်တရားရုံး သည် စည်ပင်သာယာနေဆဲဖြစ်ကြောင်း ဆိုလိုသည်။ (ယခုအချိန်မှစ၍ တော်ဝင်နည်းပြဘွဲ့ကို ဧကရာဇ်အကြံပေးရာထူး၊ ဧကရာဇ်အကြံပေးပုဂ္ဂိုလ်ဟု ပြောင်းလဲပြန်ဆိုပါမည်။
ဤတွင် ကံဇာတာ၏ နိယာမများလည်း ပါဝင်သည်။
သိုင်းသူတော်စင်သည် ဤမျှ အစွမ်းထက်နေပြီ ဖြစ်သည်၊ လူသားအင်မော်တယ်ကို ပြောစရာပင် မလိုတော့။
လူသားအင်မော်တယ်များသည် လူသားများကြားတွင် အင်မော်တယ်များ ဖြစ်ကြပြီး၊ ၎င်းတို့၏ သိုင်းပညာသည် လောကီရေးရာကို ကျော်လွန်ကာ၊ အင်မော်တယ်ကံတရားအဆင့်သို့ ရောက်ရှိနေကြပြီ။
ဘုန်းတော်ကြီးယန်ယွဲ့သည် လူသားအင်မော်တယ် ကနဦးအဆင့် ကျင့်ကြံမူဖြင့်၊ ဤကမ္ဘာကြီး၏ ကျွမ်းကျင်သူအားလုံးနှင့် တိုက်ခိုက်ခဲ့သည်။ ဉဒေါင်းဘုရင်ပင်လျှင် သူ့ကို ဘာမှမလုပ်နိုင်ခဲ့ပေ။ ဓာတ်ကြီးငါးပါးဓားချီသည် သူ၏ ဟိန်းဟောက်သံကြောင့် လုံးဝ ပြိုကွဲပျက်ဆီးသွားခဲ့ရသည်။
လူသားအင်မော်တယ်၏ အရေပြားဖြင့် ပြုလုပ်ထားသော အိတ်တစ်လုံးသည် စကြာဝဠာအိတ် မဟုတ်ခြင်း မဖြစ်နိုင်ပေ။
“နတ်လင်းယုန်ဘုရင်နဲ့ စုန်းတစ္ဆေဂိုဏ်းချုပ် ယုဝူဒေါင်ရဲ့ တာအိုပညာရပ်တွေဟာ လက်ရည်တူတယ်။ ဒါပေမယ့် ငါကတော့ သူတို့ကို သေချာပေါက် အနိုင်ယူနိုင်တယ်။” ဟုန်ယွိသည် ယုဝူဒေါင်၏ ကျောပေါ်ရှိ အိတ်ကြီးသည် စကြာဝဠာအိတ် ဖြစ်ကြောင်း အတည်ပြုပြီးနောက်၊ ၎င်းကို လုယူရန် အလျင်မလိုခဲ့ပေ။ ယင်းအစား၊ စုန်းတစ္ဆေဂိုဏ်းချုပ်နှင့် နတ်လင်းယုန်ဘုရင်၏ တိုက်ပွဲကို ဆက်လက်ကြည့်ရှုခဲ့သည်။
နတ်လင်းယုန်ဘုရင်နှင့် ယုဝူဒေါင်တို့သည် အလွန်မြင့်မားသော တာအိုပညာရပ်များကို ပိုင်ဆိုင်ထားသည်မှာ သံသယဖြစ်စရာမလိုပေ။ တစ်ဦးသည် မဟူရာနတ်ဆိုး အင်မော်တယ်ရှစ်ပါးထဲမှ တစ်ဦးဖြစ်ပြီး၊ အခြားတစ်ဦးသည် စုန်းတစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ သူတို့နှစ်ဦးစလုံးတွင် ဝှက်ဖဲ မှော်ရတနာများစွာ ရှိသည်။
သို့သော်၊ ဟုန်ယွိသည် ယွန်မင်နိုင်ငံ၏ ထိပ်သီးပညာရှင်လေးဦးကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့ပြီး၊ မည်သည့်ဒဏ်ရာမျှ မရခဲ့ပေ။ သူ့စိတ်ထဲတွင် အနန္တတန်ခိုးရှင် ဟူသော ယုံကြည်ချက်ကို တည်ဆောက်ပြီးဖြစ်သည်။ သူသည် ကမ္ဘာကြီးကို အပေါ်စီးမှ ကြည့်နိုင်ပြီဟု ယုံကြည်ထားသည်။
ဤပညာရှင်နှစ်ဦးကို မြင်သောအခါ၊ ၎င်းတို့သည် အလွန်သန်မာသည်ဟု မခံစားရတော့ပေ။ သူတို့ နှစ်ဦးပူးပေါင်းလျှင်ပင်၊ ဟုန်ယွိသည် သူတို့ကို အနိုင်ယူနိုင်မည်ဟု တွေးမိသည်။
ဤယုံကြည်ချက်သည် မောက်မာခြင်း မဟုတ်ပေ။ ၎င်းသည် တိုက်ပွဲအတွင်း ထက်မြက်စွာ သွေးယူရကာ၊ သူ့အရိုးထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေမည့် ပြိုင်ဘက်ကင်း ယုံကြည်ချက် ဖြစ်သည်။
ပြိုင်ဘက်ကင်း စိတ်နှလုံးသည် ပြိုင်ဘက်ကင်း ခန္ဓာကိုယ်၏ အုတ်မြစ် ဖြစ်သည်။
လူတစ်ယောက်၏ စိတ်နှလုံးသည် ပြိုင်ဘက်ကင်း ဖြစ်လာပြီဟု ခံစားလာရမှာသာ၊ သူ့ခွန်အားကလည်း တဖြည်းဖြည်း ပြိုင်ဘက်ကင်း ဖြစ်လာနိုင် သည်။
ယခင်က ဟုန်ယွိသည် ရန်သူများနှင့် တိုက်ခိုက်ရာတွင်၊ အမြဲတမ်း အရေတွက်အားကိုးခြင်း၊ အုပ်စုဖွဲ့တိုက်ခိုက်ခြင်း၊ သို့မဟုတ် ရန်သူများကို မိတ်ဆွေများအဖြစ်သို့ ပြောင်းလဲခြင်းပေါ်တွင် မှီခိုခဲ့သည်။ သူ့စိတ်နှလုံး၏ နက်ရှိုင်းရာအရပ်တွင် သူသည် တစ်ဦးတည်း ရပ်တည်နိုင်သည့် ပညာရှင်တစ်ဦး ဖြစ်သည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။
သို့သော်၊ ယနေ့တွင် မဟူရာဝံပုလွေဘုရင်နှင့်အတူ အခြားပညာရှင်သုံးဦးနှင့် တိုက်ခိုက်ခဲ့သောအခါ၊ သူသည် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်သည့် ယုံကြည်ချက်ကို အမှန်တကယ် တည်ဆောက်နိုင်ခဲ့သည်။
သို့သော်၊ ယခုအခါ ဟုန်ယွိသည် ယုဝူဒေါင်၏ လက်ထဲမှ စကြာဝဠာအိတ်ကို လုယူနိုင်သည်ဟု တွေးမိသော်လည်း၊ လှုပ်ရှားရန် မပြင်ဆင်သေးပေ။ အကြောင်းမှာ အနှစ်သာရနတ်ဘုရားကျောင်း၊ ယွန်တူနိုင်ငံနှင့် အခြားနိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များ မည်သည့်နေရာတွင် ပုန်းအောင်းနေသည် ကို မသိရသေးသောကြောင့် ဖြစ်သည်။
အထူးသဖြင့် မိုနိုဂိုတာရီကို လိုက်လံဖမ်းဆီးနေကြသည့် ဉဒေါင်းဘုရင်၊ ကောင်းကင်မြွေဘုရင်နှင့် သူ့ဇနီးပိုင်ဖန်ရှင်း၊ မဟာအကြီးအကဲ သူတော်စင်တူယွမ်တို့ ဖြစ်သည်။ ဤသူများထဲမှ မည်သူမဆို ဟုန်ယွိကို သတ်ဖြတ်နိုင်ဖွယ် ရှိသည်။
အကြောင်းမှာ၊ ဤသူများသည် အနည်းဆုံး အစစ်မှန် မိုးကြိုးကပ်ကပ်ဘေးကို ဖြတ်ကျော်ပြီးသူများ ဖြစ်ပြီး၊ သူတို့သည် အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနေသော အစစ်မှန် တစ္ဆေအင်မော်တယ်များ ဖြစ်ကြပါသည်။
သို့သော်၊ ဟုန်ယွိသည် လှုပ်ရှားခြင်း မပြုဘဲ၊ အခြေအနေများကို တိတ်တဆိတ် ကြည့်ရှုနေရာတွင်, ယုဝူဒေါင်နှင့် နတ်လင်းယုန်ဘုရင်တို့ နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရပြီးမှ အကျိုးအမြတ်ကို ရယူရန်အတွက် မိုက်မဲစွာ စောင့်ဆိုင်းနေခြင်း မဟုတ်ပေ။
ဗျူဟာသုံးဆယ့်ခြောက်ခုအနက်၊ ဆုတ်ခွာခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ဤသည်မှာ လူတိုင်းနားလည်သော နိယာမတစ်ခု ဖြစ်သည်။
“မဟာအကြီးကဲသုံးဦး၊ အနာဂတ်က ရှည်လျားလွန်းတယ်။ သွားကြစို့! ယင်ဝိညာဉ်ကွင်းဆက်…”
ယုဝူဒေါင်သည် နတ်လင်းယုန်ဘုရင်နှင့် အချိန်ဆွဲ တိုက်ခိုက်နေရင်း၊ ရုတ်တရက် ရှည်လျားသော အော်ဟစ်သံတစ်ခုကို ထုတ်လွတ်လိုက်သည်။ တစ်ချိန်တည်းတွင်၊ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ တစ္ဆေတသောင်းအမိန့်ပေး အလံသည် ပြင်းထန်စွာ တုန်ခါလျက်၊ ထူထပ်သော အနက်ရောင် စွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာသည်။ အနက်ရောင်စွမ်းအင်များသည် မကောင်းဆိုးဝါးနဂါး တစ်ကောင်ကဲ့သို့ သွားစွယ်များနှင့် ခြေသည်းများ ထုတ်ဖော်ပြီး၊ နတ်လင်းယုန်ဘုရင်၏ စိတ်ဝိညာဉ်ဖြင့် ဖွဲ့စည်းထားသော တောက်ပသော အလင်းလုံးပုံစံကို ဖိနှိပ်လိုက်သည်။
တစ်ချိန်တည်းတွင်၊ ဤယင်ဝိညာဉ်ကွင်းဆက်များသည် အမှန်တရားတာအိုဂိုဏ်းနှင့် ဖန်ရှင်းတာအိုဂိုဏ်း၏ တာအိုပညာရှင်ကိုးဦးနှင့် တိုက်ခိုက်နေ သည့် မဟာအကြီးအကဲ သုံးဦးတို့ရှိရာ နေရာဆီသို့ ပျံသန်းသွားသည်။ ချက်ချင်းဆိုသလို၊ ၎င်းတို့သည် ထိုတာအိုပညာရှင် ကိုးဦး၏ ဝိညာဉ်များဖြင့် ဖွဲ့စည်းထားသော တာအိုသခင်ပုံရိပ်များကို လုံးဝ ဖိနှိပ်လိုက်သည်။
အထူးသဖြင့်၊ အမှန်တရားတာအိုဂိုဏ်းနှင့် ဖန်ရှင်းတာအိုဂိုဏ်း၏ တပည့်ခုနစ်ဦးသည် တစ္ဆေအင်မော်တယ်အဆင့်အထိ မကျင့်ကြံရသေးပေ။ ၎င်းတို့၏ စိတ်ဝိညာဉ်များသည် ယင်ဝိညာဉ်ကွင်းဆက်များဖြင့် ဖိနှိပ်ခံရသောအခါ၊ ၎င်းတို့၏ တာအိုသခင်ပုံရိပ်များသည် ချက်ချင်း ပြိုကျသွားသည်။
“မင်းတို့ခန္ဓာကိုယ်ထဲ မြန်မြန်ပြန်ဝင်ကြ။ ဒီယင်ဝိညာဉ်တွေက မင်းတို့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို ညစ်ညမ်းမသွားစေနဲ့။ မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေက မတွေးရဲစရာပဲ…..။”
ဤမြင်ကွင်းကို မြင်သောအခါ၊ အမှန်တရားတာဂိုဏ်း၏ အကြီးအကဲ ကျန်းဘိုဟန်နှင့် ဖန်ရှင်းတာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ရှောင်အန်ရန်တို့သည် တစ်ပြိုင်နက် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
“ညီအစ်ကိုဘိုဟန်…၊ မင်း…၊ ဒီတပည့်တွေကို မကောင်းဆိုးဝါး ဝိညာဉ်တွေ သိမ်းပိုက်မခံရအောင် ကူညီပေးပါ။ ငါ ဒီမကောင်းဆိုးဝါးဂိုဏ်းကို ဖျက်ဆီးပစ်မယ်။”
ရှောင်အန်ရန်သည် ဟိန်းဟောက်ပြီးနောက်၊ သူသည် ကြိုးကြာတစ်ကောင်ကဲ့သို့ ရှည်လျားသော အော်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ကြက်သွေးရောင် ဓားရှည်တစ်လက်သည် သူ့ကျောပေါ်မှ ချက်ချင်း ပျံထွက်လာသည်။ တစ်ချိန်တည်းတွင်၊ ထိုဓားရှည်သည် မီးလျှံသင်္ကေတကဲ့သို့ မရေတွက်နိုင်သော မီးပွားများစွာကို ထုတ်လွှတ်လိုက်သည်။ ဤမီးပွားများသည် မီးရှူးမီးပန်းများကဲ့သို့ ဆက်တိုက်ပေါက်ကွဲပြီး၊ ပေါက်ကွဲသံသည် မီးရှူးမီးပန်းများထက် များစွာ ပိုမိုကျယ်လောင်သည်။
ဓားရှည်တစ်ခုလုံးသည် သွေးနီရောင် မီးနဂါးတစ်ကောင်ကဲ့သို့ ပျံတက်လာသောအခါ၊ ၎င်း၏ ကိုယ်ထည်တစ်ခုလုံးသည် မီးတောက်မီးလျှံများကို ထုတ်လွှတ်နေပြီး၊ ယင်ဝိညာဉ်ကွင်းဆက်များကို အပိုင်းပိုင်း ဖျက်ဆီးလိုက်သည်။
ဤဓားရှည်သည် သွေးပုံစံသံမဏိဖြင့် ပြုလုပ်ထားပြီး၊ မှော်အစီအရင်များစွာ ထည့်သွင်းထားသည်။ ၎င်းသည် ဖန်ရှင်းတာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ရှောင်အန်ရန်၏ နတ်ဆိုးများကို သတ်ဖြတ်ရာတွင် နာမည်ကျော် မှော်ရတနာ ယွန်ယန်ပျံသန်းနိုင်သောဓား ဖြစ်သည်။
“ဒီယွန်ယန်ပျံသန်းနိုင်သောဓားဟာ အလွန်အစွမ်းထက်ပေမယ့်၊ မတည်မြဲခြင်းဓားထက်တော့ နိမ့်ကျတယ်။ တစ္ဆေတသောင်းအမိန့်ပေးအလံရဲ့ စွမ်းအားဟာ ဒီထက်ပိုဦးမှာ သေချာတယ်…။”
ဟုန်ယွိသည် ရှောင်အန်ရန်၏ ပြင်းထန်သော တိုက်ခိုက်မှုနှင့်အတူ သူ့စွမ်းအားကို ထုတ်ဖော်လာသောအခါ အနည်းငယ် အံ့သြသွားသည်။
“တစ္ဆေတစ်ထောင်စုဝေးခြင်း၊ ကောင်းကင်အလောင်း၊ ဧကရာဇ်အလောင်း ရှေးဟောင်းစုန်းနတ်ဘုရား၊ ကောင်းကင်နတ်ဆိုး၊ အမြင့်မြတ်ဆုံးနတ်ဆိုးသခင်၊ ခေါင်းညွှတ်လျက် ခံစား”။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ယုဝူဒေါင်၏ဝှက်ဖဲသည် ဤမျှဖြင့် အကန့်သတ် မဟုတ်ခဲ့ပေ။ စူးစူးရှရှ ရယ်မောသံများကြားတွင်၊ တစ္ဆေတသောင်းအမိန့်ပေးအလံသည် ပြင်းထန်စွာ တုန်ခါလျက်၊ ပိုမိုထူထပ်သော အနက်ရောင်စွမ်းအင်များ ထွက်ပေါ်လာပြီး၊ တောင်ငယ်တစ်လုံး အရွယ်အစားရှိ ဦးခေါင်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ဤဦးခေါင်းသည် နွားခေါင်းပုံစံပေါက်သော်လည်း၊ ၎င်း၏ဦးချိုများသည် ခရုပတ်သဖွယ် တွန့်လိမ်နေပြီး၊ နွားဦးချိုများ မဟုတ်သည်မှာ သေချာသည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ၊ ဤဦးခေါင်းတွင် ဧရာမပါးစပ်နှင့် နှာခေါင်းကြီးများ ရှိပြီး၊ သွားစွယ်များက မထင်မရှား ပြူထွက်နေသည်။ ၎င်း၏ မျက်လုံးနှစ်ဖက်သည် ဖွင့်ထားသည်ဟု ထင်ရသော်လည်း ဖွင့်ထားခြင်း မဟုတ်သလို၊ ပိတ်ထားသည်ဟု ထင်ရသော်လည်း ပိတ်ထားခြင်းမျိုး မဟုတ်ပြန်ပေ။ ရှေးကျခြင်း, ဖရိုဖရဲဖြစ်ခြင်း, ရိုးရှင်းခြင်း, ကျယ်ပြန့်ခြင်းနှင့် ဝေးကွာခြင်း အငွေ့အသက်များက ဤဦးခေါင်းကြီးမှ မှေးမှိန်စွာ ထွက်ပေါ်လာသည်။
ဤဦးခေါင်းပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ ၎င်းသည် ပါးစပ်ကို ဖြည်းဖြည်း ဖွင့်လိုက်ပြီး၊ အနက်ရောင်စွမ်းအင် လျှာတစ်ခုကို ဆန့်ထုတ်လိုက်သည်။ ချက်ချင်းဆိုသလို၊ ၎င်းသည် ယွန်ယန်ပျံသန်းနိုင်သောဓားကို ပတ်ရစ်လိုက်သည်။
“ရှောင်အန်ရန်၊ မင်းရဲ့ ယွန်ယန်ပျံသန်းနိုင်သောဓားက မဆိုးဘူး။ ငါ ဝမ်းမြောက်စွာ လက်ခံလိုက်မယ်။” ယုဝူဒေါင်က ရယ်မောလိုက်သည်။
“ဘယ်လောက်တောင် မောက်မာလိုက်လဲ။ မင်းက အမြင့်မြတ်ဆုံး နတ်ဆိုးသခင်ရဲ့ မပြည့်စုံတဲ့ ဦးခေါင်းတစ်ခုကို ဖွဲ့စည်းနိုင်ရုံနဲ့ ငါ့ကိုအနိုင်ယူပြီး ငါ့မှော်ရတနာဓားကို သိမ်းယူနိုင်မယ်လို့ ထင်နေတာလား။ မင်းအိပ်မက်မက်နေတာပဲ!”
ရှောင်အန်ရန်က ဟိန်းဟောက်လိုက်ရင်း၊ သူ၏နဖူးပေါ်တွင် ချွေးစများ ပေါ်ထွက်လာသည်။ ထင်ရှားစွာ၊ သူ့ပြိုင်ဘက် ယုဝူဒေါင်သည် တစ္ဆေတသောင်းအမိန့်ပေး အလံကိုအသုံးပြု၍ အမြင့်မြတ်ဆုံး နတ်ဆိုးသခင်၏ ပုံရိပ်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ ဤသည်မှာ အလွန် ကြောက်မက်ဖွယ်ရာ ဖြစ်သည်။
စုန်းတစ္ဆေဂိုဏ်း၏ အမြင့်မြတ်ဆုံး တာအိုပညာသည် အမြင့်မြတ်ဆုံးနတ်ဆိုးသခင်၏ ပြင်ပခန္ဓာကိုယ် ဖြစ်သည်။ ၎င်းကိုယ်ထည်ကို အမှန်တကယ် ဖွဲ့စည်းပြီးသည်နှင့်၊ ၎င်းသည် တိုင်ရှန်တာအိုဂိုဏ်း၏ မီးလျှံနဂါးကိုးကောင် ကဲ့သို့သော ကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။ ယုဝူဒေါင်သည် တစ္ဆေတသောင်းအမိန့်ပေး အလံ၏ အကူအညီဖြင့် ဦးခေါင်းတစ်ခုကို အနိုင်နိုင်ဖွဲ့စည်းထားသော်လည်း၊ ၎င်းသည် ယွန်ယန်ပျံသန်းနိုင်သောဓားကို ဖမ်းယူနိုင်ရန် လုံလောက်သည်။
“ဒါ... ဒီအမြင့်မြတ်ဆုံးနတ်ဆိုးသခင်၊ နောက်ထပ် နိယာမတစ်ခုပဲ။ ဒါက ဘယ်လိုနိယာမမျိုးလဲ….။” အနက်ရောင်မြူခိုးထဲတွင် ပုန်းအောင်းနေရင်း၊ ဟုန်ယွိသည် ယုဝူဒေါင်က အမြင့်မြတ်ဆုံးနတ်ဆိုးသခင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်တွေ့ခဲ့ရသည်။ သူ၏နှလုံးသားသည် အမြင့်မြတ်ဆုံး နတ်ဆိုးသခင်၏ နိယာမတရားကို ထပ်မံ ခံစားမိသည်။
နတ်ဆိုးနတ်ဘုရား တစ်ပါးကို စိတ်ကူးပုံဖော်ရာတွင် ၎င်းအတွင်း၌ နိယာမတရားတစ်ခု ပါဝင်သည်။ မင်စီလာဘုရင်၏ မဟာအမျက်ဒေါသ၊ မဟာဖျက်ဆီးနတ်ဘုရား၏ မဟာဖျက်ဆီးခြင်းနှင့် အမိတ္တသုတ္တန၏ ထာဝရအတိတ်တို့ ဖြစ်သည်။
ပုံရိပ်များ, ကျမ်းစာများနှင့်အတူ ဤနိယာမသဘောတရားများသည် လူတစ်ဦးအား နတ်ဆိုးနတ်ဘုရား တစ်ပါးကို ပြည့်စုံစွာ စိတ်ကူးပုံဖော်နိုင်ပြီး၊ ထိုနတ်ဆိုးနတ်ဘုရားကိုတောင် ဖွဲ့စည်းနိုင်စေသည်။ ၎င်းသည် တာအိုပညာအမျိုးမျိုး၏ အဓိကအရင်းမြစ်လည်း ဖြစ်သည်။
သို့သော်၊ အမြင့်မြတ်ဆုံးနတ်ဆိုးသခင် ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ ဟုန်ယွိသည် ဤနိယာမ သဘောတရားကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြရန် မစွမ်းဆောင်နိုင်ခဲ့ပေ။
၎င်းသည် လှပသောရှုခင်း တစ်ခုကို မြင်တွေ့ရပြီး စိတ်လှုပ်ရှားမိသော်လည်း၊ ၎င်းကို ရေးဆွဲနိုင်သည့် စွမ်းရည်မရှိခြင်းနှင့် တူသည်။ ထိုရှုခင်းကို စက္ကူပေါ်တွင် ထာဝရတည်ရှိအောင် မစွမ်းဆောင်နိုင်ခြင်းက အလွန်နှမြောဖွယ်ရာ ဖြစ်သည်။
သေချာသည်မှာ, အကယ်၍, ဟုန်ယွိသည် အမြင့်မြတ်ဆုံးနတ်ဆိုးသခင်၏ နိယာမသဘောတရားကို နားလည်ပြီး ၎င်းကို အပြည့်အဝ ဖော်ပြရန် စွမ်းဆောင်နိုင်ပါက၊ သူသည် အမြင့်မြတ်ဆုံး နတ်ဆိုးသခင်ကို ဖွဲ့စည်းခြင်း နည်းလမ်းကို သိရှိခြင်းနှင့် ညီမျှသည်။ ဤသည်မှာ အမှန်ပင် မဖြစ်နိုင်ပေ။
အကယ်၍ လှပသောရှုခင်းတစ်ခုကို မြင်ပြီး၊ ထိုရူခင်းကို အစစ်အမှန်ကဲ့သို့ ပန်းချီဆွဲနိုင်ခဲ့ပါက၊ ထိုသူသည် ပန်းချီသူတော်စင်တစ်ဦး ဖြစ်လာပါလိမ့်မည်။
“ရှောင်အန်ရန်က ဒါကို ဘယ်လိုဖြေရှင်းမလဲ ကြည့်ရအောင်။” ဟုန်ယွိသည် အမြင့်မြတ်ဆုံးနတ်ဆိုးသခင် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ရှောင်အန်ရန်အတွက် ၎င်းကို ဖြေရှင်းရန် ခက်ခဲမည်ကို သိရှိသည်။ သို့သော်၊ ရှောင်အန်ရန်သည် ဖန်ရှင်းတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့်အတွက်၊ သူ့တွင် ဝှက်ဖဲအချို့ ရှိမည်မှာ သေချာသည်။
“မူလယင်ယန်မဟာပုဆိန်၊ ကောင်းကင်နဲ့မြေကြီး ခွဲခြမ်းစမ်း….။”
မျှော်လင့်ထားသည့်အတိုင်းပင်၊ ရှောင်အန်ရန်က ဟိန်းဟောက်ပြီးနောက်၊ သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးချီစွမ်းအင်ကို လှုံ့ဆော်ရန် လျှို့ဝှက်နည်းလမ်းတစ်ခုကို အသုံးပြုလိုက်သည့်အလား သူ့ခန္ဓာကိုယ်က ဖောင်းကားလာခဲ့သည်။ ထို့နောက်၊ ၎င်း၏ ဦးခေါင်းထိပ်မှ အေးစက်စက် ယင်လေပြင်းများ တိုက်ခတ်လာပြီး၊ မူလယန်တာအိုသခင်၏ ဧရာမပုံရိပ်ကြီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ဤမူလယန်တာအိုသခင်သည် ယခင်ထက် ပိုမိုရှင်းလင်းပြီး ပိုမိုစုစည်းထားသည်။ ၎င်းသည် စစ်မှန်သော မူလယန်တာအိုသခင်သည် လောကီကမ္ဘာသို့ ဆင်းသက်လာသည့်အလား ဖြစ်သည်။
မူလယန်တာအိုသခင်ကို ပြန်လည်ဖွဲ့စည်းလိုက်သည်နှင့် တစ်ပြိုင်နက်၊ ရှောင်အန်ရန်၏ ခန္ဓာကိုယ်သည် သွေးဝမ်းရောဂါ ခံစားနေရသည့်အလား ပြင်းထန်စွာ တုန်ခါလာသည်။
ဘန်း….။
မူလယန်တာအိုသခင်သည် ပြင်းထန်စွာ တုန်ခါလှုပ်ရှားပြီးနောက် အပိုင်းပိုင်း ကွဲထွက်သွားသည်။ ထိုအပိုင်းအစများ၏ အလယ်တွင် ဧရာမပုဆိန်ကြီး တစ်လက်ရှိနေသည်။
ဤပုဆိန်ကြီးသည် တောင်တစ်လုံး အရွယ်အစားရှိပြီး၊ ၎င်း၏ ဘေးနှစ်ဖက်စလုံးတွင် နေ၊ လ၊ ကြယ်များ၊ မိုးကြိုးလျှပ်စီး၊ အစိမ်းရောင်စွမ်းအင်၊ ခရမ်းရောင်စွမ်းအင်၊ တောင်များ၊ မြစ်များနှင့် ကမ္ဘာ့အလွှာများကိုပင် မှုန်ဝါးဝါး မြင်နေရသည်။
ဟုန်ယွိသည် ဤဧရာမပုဆိန်ကြီး ပေါ်ထွက်လာသည်ကို မြင်သောအခါ၊ ကမ္ဘာကို ဖြိုခွဲနိုင်သည့် ဖိအားတစ်ခုကို ခံစားရသည်။
“မူလယန်တာအို လျှို့ဝှက်ပညာရပ်ဟာ တကယ်ကို အစွမ်းထက်လွန်းတယ်!”
ဟုန်ယွိသည် အံ့သြစွာ ရေရွတ်နေစဉ်မှာ ဧရာမပုဆိန်ကြီးသည် ခုတ်ပိုင်းလိုက်သည်။ ဘန်း…။ အမြင့်မြတ်ဆုံးနတ်ဆိုးသခင်၏ ဉးခေါင်းသည် ဖြတ်တောက်ခံရပြီး၊ အနက်ရောင်မြူခိုးအဖြစ် ပေါက်ကွဲထွက်သွားသည်။ ရှောင်အန်ရန်၏ ခန္ဓာကိုယ်သည် လှုပ်ရှားသွားပြီး၊ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်၊ မူလယန်ဓားသည် သူ့လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။ (ယွန်ယန်ပျံသန်းနိုင်သောဓားအစား မူလယန်ဓားဟု ပြန်ဆိုပါမည်။ ရှေ့ကပိုင်းတွေမှာ ဤဓားနာမည်နှင့် ရှောင်အန်ရန်တို့အကြောင်း အနည်းပါခဲ့သည့် ပြန်လည်မှတ်မိအောင် ပြန်ဆိုပေးခြင်း ဖြစ်ပါသည်။)
သို့သော်၊ သူသည် စွမ်းအင်ကို အလွန်အမင်း သုံးစွဲထားပုံရပြီး၊ ထပ်မံတိုက်ခိုက်ရန် မစွမ်းဆောင်နိုင်တော့ပေ။
“အား…။ ရှောင်အန်ရန်၊ မူလယန်တာအိုရဲ့ လျှို့ဝှက်ပညာရပ်က တကယ်ကို ထူးကဲတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ အစစ်မှန် မူလယန်နတ်ဘုရားပုဆိန်နဲ့ မတွဲဖက်နိုင်တာ နှမြောစရာပဲ။ မဟုတ်ရင် ငါ့လိုလူမျိုး ဆယ်ယောက်ဆိုရင်တောင် သေနေလောက်ပြီ…။”
ယုဝူဒေါင်၏ စူးရှသော အသံကို ကြားလိုက်ရသည်။ ထို့နောက်၊ အမြင့်မြတ်ဆုံးနတ်ဆိုးသခင်မှ ပြိုကွဲသွားသော အနက်ရောင်မြူခိုးများသည် ရုတ်တရက် ပြန်လည်ကျုံ့သွားပြီး၊ သူ့ကို ရစ်ပတ်လိုက်သည်။ စုန်းတစ္ဆေဂိုဏ်း၏ မဟာအကြီးအကဲသုံးဦးနှင့်အတူ၊ ၎င်းတို့သည် ကောင်းကင်သို့ ပျံတက်သွားသည်။ သူတို့သည် အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ပျံသန်းသွားပြီး၊ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ ထိုနေရာတွင်ရှိသော တစ္ဆေအင်မော်တယ် များသည် သူတို့ကို လိုက်မမီတော့ပေ။
“တစ္ဆေတသောင်း အရိပ်ထွက်ပြေးခြင်း…”
မြေပေါ်တွင်ရှိသော နတ်လင်းယုန်ဘုရင်သည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ပြန်လည်သိမ်းယူပြီး ထရပ်လိုက်သည်။
“နင်ဂျာဘုန်းကြီးကို ဝိုင်းသတ်ဖြတ်ကြစို့။ ယုဝူဒေါင်ဟာ ငါ့မူလယန်ပုဆိန်ကြောင့် ဒဏ်ရာရထားပြီ။ သူ သိပ်ဝေးကြီး မသွားနိုင်ဘူး။” ရှောင်အန်ရန်သည် အသက်ရှူမြန်နေပြီး မောပန်းနွမ်းနယ်နေသည်။ သူ့အိတ်ကပ်ထဲမှ ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူကာ အဖုံးဖွင့်ပြီး အနံ့ရှူလိုက်သည်။ ထို့နောက် သူ့စိတ်ဝိညာဉ် စွမ်းအင်သည် ချက်ချင်း မြင့်တက်လာပြီး၊ အတင်းအကြပ် စကားပြောလိုက်သည်။
ထင်ရှားစွာ၊ ထိုကျောက်စိမ်းပုလင်းထဲရှိ ဆေးသည် ဒိုင်ဇင်ဘုန်းတော်ကြီးကျောင်း၏ စိတ်တည်ငြိမ်ခြင်း နံ့သာတိုင်နှင့် ဆင်တူသည်။ ၎င်းတို့သည် နတ်ဘုရား စိတ်ဝိညာဉ်ကို ပြန်လည်ကုသနိုင်သော ဆေးများ ဖြစ်သည်။
“ဖန်ရှင်းတာအိုဂိုဏ်းဟာ တကယ်ကို အပြင်ပအဂ္ဂိရတ် မဟာတာအိုရဲ့ ဆရာတစ်ဆူပဲ။ နတ်ဘုရား စိတ်ဝိညာဉ်ကို ကုသနိုင်တဲ့ ဆေးတောင် ရှိသေး တယ်။” ဟုန်ယွိသည် နတ်ဘုရား စိတ်ဝိညာဉ်ကို ကုသနိုင်သော ဆေးများရရှိရန် အလွန်ခက်ခဲကြောင်း သိရှိထားသည်။ ကျောက်ဖေးရုန်ကို သတ်ဖြတ်ပြီးနောက်၊ ဝူယွမ်ခရိုင်၏ စစ်ဆေးရေးမှူး ဟောင်ချင်းချန်သည် ကျောက်ဖေးရုန်၏ ခန္ဓာကိုယ်မှ စိတ်တည်ငြိမ်ခြင်း နံ့သာတိုင်ကို ရရှိခဲ့သော်လည်း၊ ၎င်းကို ဟုန်ယွိနှင့် မမျှဝေဘဲ၊ လျှို့ဝှက်စွာ သိမ်းထားခဲ့သည်။
ဤအရာ၏ တန်ဖိုးသည် ယွမ်ယန်ကောင်းကင်ပုလဲ နီးပါးဖြစ်သည်။
“ဘာမှ မလုပ်ကြနဲ့။ ဒါက ငါနဲ့ နင်ဂျာဘုန်းကြီးကြားက တရားမျှတတဲ့ တိုက်ပွဲတစ်ခုပဲ…” ကျွမ်းကျင်ပညာရှ၍များသည် သိုင်းသူတော်စင် နင်ဂျာဘုန်းကြီးကို ပူးပေါင်းသတ်ဖြတ်ရန် ပြင်ဆင်နေစဉ်တွင်၊ ချန်ပီယံမြို့စား၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
“နတ်လင်းယုန်ဘုရင်၊ ကံကောင်းခြင်းဗူးသီးကို အသက်သွင်းပြီး၊ ဂိုဏ်းချုပ်ရှောင်နဲ့ အကြီးအကဲကျန်းတို့နဲ့အတူ ယုဝူဒေါင်ကို လိုက်ဖမ်းပါ။ စကြာဝဠာအိတ်ကို မဖြစ်မနေ ရယူရမယ်။ ကျုပ်ကတော့ ဒီမှာ နင်ဂျာဘုန်းကြီးနဲ့ ယှဉ်ပြိုင်မယ်။”
ချန်ပီယံမြို့စား၏ အသံက ထွက်ပေါ်လာသည်။
“ကောင်းပါပြီ။”
နတ်လင်းယုန်ဘုရင်၏ မျက်ခုံးများ တွန့်လှုပ်သွားသည်။ သူသည် သူ့အိတ်ကပ်ထဲမှ လက်သီးစုပ်အရွယ် ကံကောင်းခြင်းဗူးသီးကို ထုတ်ယူပြီး အထက်သို့ ပစ်တင်လိုက်သည်။ အက်ကွဲရာတစ်ခု ပေါ်ထွက်လာပြီး၊ ရှောင်အန်ရန်နှင့် အခြားသူများသည် ထိုအတွင်းသို့ ဝင်ရောက်သွားကာ ချက်ချင်း ပျောက်ကွယ်သွားသည်။
“ဗူးသီးထဲမှာ ပုန်းအောင်းနေတဲ့ ပညာရှင်တစ်ဦး ရှိနေတယ်” ကံကောင်းခြင်းဗူးသီး ပေါ်တွင် အက်ကွဲရာတစ်ခု ပေါ်ထွက်လာသည့်အခိုက်တွင်, ဟုန်ယွိသည် ကံကောင်းခြင်းဗူးသီး အတွင်းမှ မှေးမှိန်ပြီး အလွန်သန်မာသော အငွေ့အသက်များ အနည်းငယ် ရှိနေသေးကြောင်း အာရုံခံမိသည်။ ကံကောင်းခြင်းဗူးသီး အတွင်းမှာ ကျွမ်းကျင်ပညာရှင်များ ပုန်းအောင်းနေသေးကြောင်း သူ သိရှိခဲ့သည်။
ကံကောင်းခြင်းဗူးသီးထဲတွင် ပုန်းအောင်းနေသော ကျွမ်းကျင်ပညာရှင်သည် တော်ဝင်ချန်မင်းဆက် ၏ စကြာဝဠာအိတ်ကို ရယူရန်အစီအစဉ်အတွက် ဝှက်ဖဲဖြစ်သည်မှာ သံသယဖြစ်စရာပင် မလိုပေ။
“ဗူးသီးထဲက ဆရာကြီးက ဘယ်သူများဖြစ်မလဲ? ဒါပေမယ့် ဒါက သေချာပေါက် သိုင်းသူတော်စင် ဖြစ်ရမယ်။ တစ္ဆေအင်မော်တယ် မဟုတ်ဘူး။ သိုင်းသူတော်စင်တစ်ဦးကပဲ ဗူးသီးထဲမှာ ပုန်းအောင်းနေပြီး ရုတ်တရက် ခုန်ထွက်လာမယ်ဆိုရင် ပြင်းထန်တဲ့ ဖျက်ဆီးနိုင်စွမ်းမျိုးကို ပိုင်ဆိုင်နိုင်မှာ။ ဒါပေမယ့် တော်ဝင်ချန်မင်းဆက်မှာ သိုင်းသူတော်စင်တွေ အများကြီး မရှိဘူး၊ တစ္ဆေအင်မော်တယ်ထက် အများကြီး နည်းတယ်။ ဘယ်သူဖြစ်မလဲ…။”
သိုင်းသူတော်စင်များသည် သေဆုံးနိုင်ပြီး၊ ကမ္ဘာပေါ်တွင် သိုင်းသူတော်စင်များသည် တစ္ဆေအင်မော်တယ်ထက် ပိုနည်းသည်။
“ဟုန်ရွှန်ကျိများ ဖြစ်နိုင်မလား။ မဖြစ်နိုင်ဘူး။ ဟုန်ရွှန်ကျိဟာ မြို့တော်မှာ နေရမယ်။ ထပ်ပြီးပြောရရင်၊ သူက မင်းဆက်ရဲ့ ဧကရာဇ်အကြံပေးပဲ။ နေ့စဉ် မနက်ခင်းတိုင်းမှာ တရားရုံးကို တက်ရောက်ရတယ်။ အကြောင်းမရှိဘဲ မြို့တော်ကနေ ထွက်ခွာမှာ မဟုတ်ဘူး။ ဒါ့အပြင်, ဗူးသီးထဲက အငွေ့အသက်တွေက သူ့လောက် သန်မာပုံမရဘူး။”
“မင်းက ဒီမှာ တစ်ယောက်တည်း နေခဲ့တာဆိုတော့, မင်းရဲ့ စိတ်သဘောထားကြီးမြတ်မှုနဲ့ တရားမျှတမှုကို ပြသဖို့လား။ မင်းကိုယ်မင်း ငါ့ကို အနိုင်ယူ၊ ထိန်းချုပ်ပြီး၊ ငါ့ကို မင်းအတွက် အလုပ်လုပ်ခိုင်းနိုင်မယ်လို့ ယုံကြည်နေတာလား…” ထိုအချိန်တွင်၊ နင်ဂျာဘုန်းကြီးက ရုတ်တရက် ပြောလိုက်သည်။
“သေချာတာပေါ့…၊ နင်ဂျာဘုန်းကြီး။ အခု ကျုပ်ပတ်ဝန်းကျင်က လူတွေအားလုံး ထွက်သွားကြပြီ၊ ခင်ဗျားမှာ ဖိအားတစ်စုံတစ်ရာမှ မရှိတော့ဘူး။ အခုဆို ခင်ဗျားဟာ အကောင်းဆုံး အခြေအနေမှာ ရှိနေပြီ။ အခု၊ ကျုပ်တို့ စစ်မှန်တဲ့ တိုက်ပွဲတစ်ခု စတင်ကြစို့။ တကယ်တော့၊ စကြာဝဠာအိတ်ဟာ ကျုပ်အတွက် အရေးမကြီးဘူး။ အရေးကြီးတာက ခင်ဗျားလိုပညာရှင်မျိုးနဲ့ ကျုပ်သိုင်းပညာကို စမ်းသပ်နိုင်ဖို့ပဲ….”
ချန်ပီယံမြို့စားက ရယ်မောလိုက်သည်။
“မင်းရဲ့စိတ်သဘောထားနဲ့ သိုင်းပညာဟာ တကယ်ကို လူအများရဲ့ လေးစားဖွယ်ရာပါပဲ။ မင်းရဲ့ သိုင်းပညာဟာ ငါ့ထက် အနည်းငယ် သာလွန်တယ်။ မင်းဟာ ဟိုအရင်တုန်းက ဟုန်ရွှန်ကျိနဲ့ယှဉ်ရင် လက်ရည်တူ ဖြစ်ပုံရတယ်။ ဒိုင်ဇင်ဘုန်းတော်ကြီးကျောင်းနဲ့ တော်ဝင်ချန်မင်းဆက် အကြားမှာ ရန်ငြိုးသာမရှိခဲ့ရင်၊ ငါ မင်းနဲ့ ရန်သူဖြစ်ချင်မှာ မဟုတ်ဘူး။”
နင်ဂျာဘုန်းကြီးသည် ရယ်မောရင်း ပြောလိုက်သည်။
“ကျုပ်က စီနီယာ ဧကရာဇ်အကြံပေး ဟုန်ရွှန်ကျိနဲ့ မနှိုင်းယှဉ်နိုင်ဘူး။ သူက အနှစ်နှစ်ဆယ်ကြာ သူ့စိတ်ထဲမှာ နှလုံးသွင်းထားတဲ့ အတားအဆီးကို ဖြတ်ကျော်ခဲ့ပြီး၊ ရှင်ခြင်းသေခြင်းရဲ့ လျှို့ဝှက်တံခါး ကို ဖွင့်လှစ်ခဲ့ပြီး၊ ကောင်းကင်နှင့်မြေကြီးရဲ့တံတားကို ဖြတ်ကျော်ကာ၊ လူသားအင်မော်တယ် နယ်ပယ် ဝင်ရောက်သွားခဲ့ပြီ။ အခုချိန်မှာ ဗုဒ္ဓတိုက်ပွဲသခင် ဘုန်းတော်ကြီးယန်ယွဲ့ ပြန်လည်မွေးဖွားလာရင်တောင်၊ သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။ သူ့လက်သီးဆန္ဒက နတ်ဘုရားတွေရဲ့ ကိုယ်စား ရှင်ခြင်းနှင့်သေခြင်းဘီးကို လှည့်ပတ်နိုင်တယ်။ သူဖန်တီးခဲ့တဲ့ ဒီပြိုင်ဘက်ကင်းသိုင်းပညာ ဟာ လက်ရှိ တထာဂတသုတ္တန်ကို မရှုံးနိုင်ဘူး။” ချန်ပီယံမြို့စားက ရုတ်တရက် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး၊ သူ့လက်သီးကို ရင်ဘတ်ရှေ့တွင် ဆုပ်ထားလိုက်သည်။
နင်ဂျာဘုန်းကြီးသည်လည်း ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး၊ နှစ်ဦးသား တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။
“ဘယ်လောက် မောက်မာလိုက်လဲ။ တထာဂတသုတ္တန်ဟာ ဗုဒ္ဓဘုရားကိုယ်တော်တိုင် လွှဲပြောင်းပေးအပ်ခဲ့တဲ့ သုတ္တန်ပဲ။ အဲဒီအချိန်တုန်းက၊ ဗုဒ္ဓဘုရားဟာ လေဟာနယ်ကို ဖြိုခွဲနိုင်ပြီး၊ သိုင်းပညာ အထွတ်အထိပ်မှာ ရှိခဲ့တယ်။ ဘယ်သူက ဗုဒ္ဓနဲ့ နှိုင်းယှဉ်နိုင်မှာလဲ…” နင်ဂျာဘုန်းကြီးက အော်ပြောလိုက်သည်။
“သိုင်းတာအိုဟာ အဆက်မပြတ် တိုးတက်နေတယ်။ ရှေ့ကျတဲ့ပညာရှင်တွေကို နောက်မျိုးဆက်တွေက အနိုင်မယူနိုင်ဘူးလို့ မဆိုလိုဘူး။ ကောင်းကင်ဘုံမှာ နတ်ဘုရားတွေ၊ ဗုဒ္ဓဘုရားတွေ ရှိရင်တောင်၊ ကျုပ်တို့လို သိုင်းသမားတွေဟာ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်ကျော်နိုင်လိမ့်မယ်။” ချန်ပီယံမြို့စားက ရုတ်တရက် ရယ်မောလိုက်သည်။
သူ၏ရယ်မောသံက ကမ္ဘာကို လှုပ်ခတ်စေသည့် အငွေ့အသက်ကို သယ်ဆောင်လာပြီး၊ ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို လှုပ်ခတ်တုန်ခါစေသည်။
“ဒီချန်ပီယံမြို့စားဟာ ဒီလောက်ငယ်ရွယ်ပေမယ့်၊ သူ့ရည်မှန်းချက်က ဘယ်လောက်တောင် ကြီးမားလိုက်လဲ။ ကောင်းကင်ဘုံမှာရှိတဲ့ နတ်ဘုရား တွေ၊ ဗုဒ္ဓဘုရားတွေကိုတောင် အထင်သေးတာလား။ နယ်ပယ်မြင့်မားလာလေ၊ ရှေ့ခေတ်ပညာရှင်တွေရဲ့ အောင်မြင်မှုတွေကို ပိုသိလေပဲလေ။ သိုင်းသူတော်စင်နယ်ပယ် အောင်မြင်မှုနဲ့ဆိုရင်၊ သူ့အနေနဲ့ ဒီလောက် မမောက်မာသင့်ဘူး။”
ဟုန်ယွိသည် သူ့တာအိုပညာ မြင့်မားလာလေ၊ ရှေ့ပညာရှင်များ၏ အောင်မြင်မှုတွေကို ပိုမိုသိရှိလာလေ ဖြစ်သည်။ ယင်းက ကြောက်ရွံ့ခြင်း မဟုတ်ဘဲ၊ ရှေ့ပညာရှင်များနှင့် ကြီးမားသော အင်အားစုများအပေါ် လေးစားမှုနှင့် နှိမ့်ချမှုတစ်မျိုး ဖြစ်သည်။
သမိုင်းတွင်၊ မိုက်မဲပြီး မောက်မာဝင့်ကြွားသူများသာလျှင် ကောင်းကင်ဘုံမှ နတ်ဘုရားများ၊ ဗုဒ္ဓဘုရားများ အားလုံးကို အုပ်စိုးနိုင်သည်ဟု ပြောကြလိမ့်မည်။ ဆန့်ကျင်ဘက် အနေဖြင့်၊ လူတစ်ယောက်သည် အင်အားကြီးမားလေ၊ ကိုယ့်ထက်သာလွန်သူများ အမြဲရှိနေကြောင်း ပိုမိုသိရှိလာပြီး၊ ပိုမိုနှိမ့်ချပြီး လေးစားမူရှိလာကြသည်။
ချန်ပီယံမြို့စား၏ သိုင်းသူတော်စင်အဆင့် အောင်မြင်မှုနှင့်အတူ၊ ရှေ့ပညာရှင်များကို အထင်သေးသည့် စကားမျိုးကို ပြောဆိုသည်ကို ဟုန်ယွိအနေဖြင့် မယုံနိုင်ဖြစ်မိသည်။
အနည်းဆုံး၊ ဟုန်ယွိသည် အတိတ်ကျမ်းကို ကျင့်ကြံပြီးနောက်၊ အတိတ်ကျမ်း၏ ဖန်တီးသူသည် မည်မျှ ကြောက်စရာကောင်းကြောင်း သိရှိခဲ့သည်။ အနည်းဆုံးတော့၊ သူသည် အတိတ်ကျမ်း၏ ဖန်တီးသူကို ကျော်လွန်နိုင်သည်ဟူသော မောက်မာသော စကားမျိုးကို မပြောခဲ့ပေ။
“ရိုးသားမှု၊ နှိမ့်ချမှု၊ လေးစားမှု၊ ဒါပေမယ့် ငါ ဘယ်တော့မှ ခေါင်းငုံ့မခံဘူး။ ဒါက ငါ့ရဲ့ ရိုးသားမှု တာအိုလမ်းကြောင်းဖြစ်သလို၊ ငါ့ရဲ့ တာအိုစိတ်နှလုံး လည်း ဖြစ်တယ်။ ချန်ပီယံမြို့စားမှာ သူ့ကိုယ်ပိုင် တာအိုစိတ်နှလုံး ရှိမှာပဲ။ မောက်မာပြီး လွှမ်းမိုးခြင်း၊ ကောင်းကင်နဲ့မြေကြီးကို အထင်သေးခြင်းက သူ့ကိုယ်ပိုင် တာအိုလမ်းကြောင်း ဖြစ်လောက်တယ်။ သူ့မှာ သူ့ကိုယ်ပိုင် တာအိုလမ်းကြောင်းကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖို့ ခွန်အားရောရှိရဲ့ လား…” ဟုန်ယွိသည် တိတ်တဆိတ် တွေးတောမိသည်။
“ရှင်းယုဆန်၊ မင်း ငါ့ကို စိန်ခေါ်ရဲ တယ်လား။ မင်းက သေလမ်းကို ရှာနေတာပဲ!”
ဟုန်ယွိ တွေးတောနေစဉ်တွင်၊ ရွှေရောင်ဓားစွမ်းအင် တစ်ခုသည် ရုတ်တရက် လေထုကို ဖြတ်သန်းကာ၊ ချန်ပီယံမြို့စားကို တိုက်ခိုက်လာသည်။ ၎င်းသည် ရှင်းယုဆန်၏ ဓာတ်ကြီးငါးပါးဓားသိုင်း၏ ရွှေအနှစ်သာရဓားစွမ်းအင် ဖြစ်ပါတော့သည်။
အခန်း (၂၂၆)။
“ချန်ပီယံမြို့စား၊ မင်းက ငါတို့ယွန်မန်ရဲ့ မဟာရန်သူတော်ကြီးပဲ။ သေချာပေါက် မင်းကို ငါသတ်ရမယ်။ မင်းက အလွန်မာနကြီးပြီး၊ မင်းရဲ့သူရဲကောင်းဆန်မှုကို ပြသဖို့ လက်အောက်ခံတွေ ကို မောင်းထုတ်ကာ နင်ဂျာဘုန်းကြီးကို မင်းရဲ့အမိန့်အောက်မှာ ထိန်းချုပ်ဖို့ ကြံစည်ခဲ့တယ်။ မင်း မှားနေပြီ။ ငါတို့က ယုဝူဒေါင်နောက်လိုက်ပြီး စကြဝဠာအိတ်ကို လုယူမယ်လို့ ထင်နေတာလား။ စကြဝဠာအိတ်က အရေးကြီးပေမယ့် မင်းကို သတ်ဖို့က ပိုပြီးအရေးကြီးတယ်”
ရှင်းယုဆန်၏ အေးစက်စက် အသံက ရွှေအနှစ်သာရဓားချီအတွင်းမှ ထွက်ပေါ်လာသည်။
ရွှေအနှစ်သာရဓားချီသည် အလွန်မင်း အစွမ်းထက်သည်။ ဓားချီသည် ပစ်လွှတ်လာခဲ့ပြီး၊ ရွှေရောင်ဓားမိုးအဖြစ်သို့ ပြောင်းလဲသွားသည်။ ရွှေရောင်ဓား မိုးရေစက်များသည် လေထုကို ဖြတ်တောက်ပြီး အစွမ်းထက်ဆုံး ဒူးလေးမြှားများထက်ပင် အများကြီး ပိုအစွမ်းထက်သည်။
ဤသို့ မြေကြီးတုန်ခါစေသည့် ရွှေရောင်ဓားမိုးစက်များသည် တစ်ပြိုင်နက် လူပေါင်းထောင်ချီ ဒူးလေးများဖြင့် ပစ်ခတ်ခြင်းနှင့် ညီမျှသည်။
မမျှော်လင့်ထားသည့် အရာတစ်ခုခု ဖြစ်ပေါ်မလာပါက၊ ချန်ပီယံမြို့စားသည် သေချာပေါက် သေဆုံးရလိမ့်မည်။ သိုင်းသူတော်စင်တစ်ဦးသည် တစ္ဆေအင်မော်တယ် မဟုတ်သဖြင့်၊ ကောင်းကင်တွင် ပျံသန်းနိုင်ခြင်း သို့မဟုတ် မြေအောက်သို့ ထိုးဖောက်နိုင်ခြင်း မရှိပေ။ စစ်သားထောင်ချီ မြှားဖြင့် ဝိုင်းပစ်ခံရလျှင်ပင် သေဆုံးရမည် ဖြစ်သည်။
သို့သော်၊ မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ချန်ပီယံမြို့စား၏ နှုတ်ခမ်းများသည် အထင်သေးဟန်နှင့် ပြုံးလိုက်သည်။
ထို့နောက် သူသည် ပါးစပ်ကို ဖွင့်လိုက်စဉ်၊ ဟုန်ယွိသည် သူ့အဆုတ်များ ကျယ်ပြန့်လာသည်ကို မြင်တွေ့ရသည်။
“ဝေါင်း…..”
ချန်ပီယံမြို့စား၏ အဆုတ်များ ကျယ်ပြန့်လာပြီးနောက်၊ သူသည် ပြင်းထန်စွာ အသက်ရှူထုတ်လိုက်သည်။
ပြင်းထန်သော လေစီးဆင်းမှုနှင့်အတူ အစွမ်းထက်သော အသံလှိုင်းသည် ချန်ပီယံမြို့စား၏ ပါးစပ်မှ ထွက်ပေါ်လာသည်။
ဟုန်ယွိသည် ထိုပြင်းထန်သော လေစီးဆင်းမှုက ပွက်ပွက်ဆူနေသော ရေနွေးအငွေ့များကဲ့သို့ ပူလောင်သော အဖြူရောင် အခိုးအငွေ့အစုဝေးတစ်ခု ဖြစ်ကြောင်း မြင်တွေ့ရသည်။ ဤအဖြူရောင် အခိုးအငွေ့အစုဝေးသည် ရေစည်းတစ်လုံး အရွယ်စားရှိပြီး၊ အပြင်သို့ ပြင်းထန်စွာ ပျံ့နှံ့ထွက်သွားခဲ့ သည်။ ဟုန်ယွိသည် ပြင်းထန်သော သွေးနီရောင် သွေးချီစွမ်းအင်က အပြင်သို့ တဟုန်ထိုး စီးဆင်းနေသည်ကို ခံစားရသည်။
တစ်ချိန်တည်းတွင်၊ အသံလှိုင်းသည် ဟုန်ယွိ ကြားဖူးသမျှ အပြင်းထန်ဆုံး ဖြစ်သည်။
တောင်တောင်များထဲ, ကျားတစ်ကောင် ဟိန်းဟောက်ခဲ့လျှင်ပင်၊ ဤအသံလှိုင်း၏ တစ်ဆယ်ပုံတစ်ပုံအထိ မကျယ်လောင်နိုင်ပေ။
ပြင်းထန်သော အသံလှိုင်းသည် ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို လွှမ်းခြုံသွားခဲ့ပြီး၊ ဟုန်ယွိ သည် သူ၏စိတ်ဝိညာဉ်က တုန်ခါနေပြီး ပြိုကွဲတော့မည်ဟု ခံစားရသည်။
ဤခံစားမှုသည် သူ့ခန္ဓာကိုယ်ကို အင်အားကြီးမားသော လူကြီးတစ်ဦးက ပြင်းထန်စွာ ဆွဲယူပြီး လှုပ်ခါလိုက်သည့်အလား ခံစားရပြီး၊ မည်သည့်ခွန်အားကိုမျှ သုံးစွဲနိုင်ခြင်း မရှိတော့ပေ။
“သိုင်းသူတော်စင်တစ်ပါးရဲ့ ဟိန်းဟောက်သံ၊ အရမ်းသန်မာတယ်…။”
ဟုန်ယွိသည် အံ့သြသွားသည်။
အသံလှိုင်းများကြားထဲတွင်၊ သူ၏အတွေးများသည် ပြန့်ကြဲလုနီးပါး ဖြစ်သွားခဲ့ပြီး၊ ပြန်လည်စုစည်းနိုင်စွမ်း မရှိသည့်အပြင်၊ သဘာဝအတိုင်း တာအို ပညာရပ်ကိုလည်း အသုံးမပြုနိုင်တော့ပေ။
သူသည် အတိတ်ကျမ်းကို ကျင့်ကြံထားပြီး၊ ဤအသံလှိုင်းများက သူ့ကို ထိခိုက်စေနိုင်မည် မဟုတ်သော်လည်း၊ ဤအသံလှိုင်းများကြောင့် လှုပ်ခါသွားခဲ့ရပြီးနောက် ကိုယ့်ကိုယ်ကို ထိန်းချုပ်ရန် သို့မဟုတ် တာအိုပညာရပ်ကို အသုံးပြုရန် မစွမ်းနိုင်ခြင်းက ပုံမှန်မဟုတ်ဘဲ အလွန် ကြောက်စရာ ကောင်းသည်။
သူတောင် ဤအခြေအနေတွင် ရှိနေပြီဆိုလျှင်၊ အခြား တစ္ဆေအင်မော်တယ်များသည် မည်မျှ ထိခိုက်နာကျင်မူကို ခံစားရမည်နည်း…။
ဟုန်ယွိသည် အကယ်၍ သူသာ တစ္ဆေအင်မော်တယ်တစ်ပါး မဟုတ်ပါက၊ ဤဟိန်းဟောက်မှုကြောင့် သူ၏စိတ်ဝိညာဉ်သည် လုံးဝ ဖျက်ဆီးခံရမည် ဟုပင် သံသယရှိသည်။
ဒဏ္ဍာရီဆန်းကြယ်သော ဝတ္ထုများတွင်၊ ဧကစာလှည့်လည်နေသာ ဘုန်းတော်ကြီးများသည် ဧရာမကျားကြီးများနှင့် တောရိုင်းတိရစ္ဆာန်များက လမ်းပိတ်ဆို့ခံရသည့် အခြေအနေမျိုး ကြုံတွေ့ရသောအခါ၊ လက်ခြေ လှုပ်စရာမလိုဘဲ အော်ဟစ်သံတစ်ခု ထုတ်လွှတ်လိုက်ရုံဖြင့်၊ ပြင်းထန်သော မြေတုန်ခါမူကြောင့် ကျားကြီးများသည် သေဆုံးသွားခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။
ယခင်က ဟုန်ယွိသည် ထိုအရာများကို လုံးဝ မယုံကြည်ခဲ့ပေ။ အနည်းဆုံး၊ သူကိုယ်တိုင် မလုပ်ဆောင်နိုင်ခဲ့ပေ။ လက်ရှိ ချန်ယင်းရှာပင်လျှင် မလုပ်ဆောင်နိုင်ပေ။ တာအိုပညာရပ်ကို မသုံးဘဲ ဟိန်းဟောက်သံဖြင့် ရက်စက်သော ကျားတစ်ကောင်ကို သတ်ဖြတ်ခြင်းမျိုး မလုပ်ဆောင်နိုင်ပေ။ ချန်ယင်းရှာသည် သိုင်းသူတော်စင်နယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့သော်လည်း၊ သူမ မလုပ်ဆောင်နိုင်ပေ။
သို့သော်၊ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် တစ်သားတည်း ဖြစ်နေကြသည့် အစစ်မှန် သိုင်းသူတော်စင်များသည် ထိုသို့ လုပ်ဆောင်နိုင်ကြသည်။ ချန်ပီယံမြို့စား၏ ဟိန်းဟောက်သံကို ကြားပြီး ကွင်းပြင်ထဲရှိ အခြေအနေကို မြင်သောအခါ၊ ဟုန်ယွိသည် ထပ်မံ အံ့သြသွားသည်။
တိုက်ပွဲကွင်းပြင်ထဲရှိ အခြေအနေမှာ ဤသို့ဖြစ်နေသည်။ အပြည့်အဝ လွှမ်းခြုံထားသော ရွှေရောင်အနှစ်သာရ ဓားချီစွမ်းအင်များသည် ချန်ပီယံမြို့စား၏ ဟိန်းဟောက်သံရှေ့တွင် ကြိုးပြတ်သွားသော စွန်ကဲ့သို့ ချက်ချင်း လွင့်စင်ပြီး ပူပေါင်းများကဲ့သို့ ပေါက်ကွဲသွားခဲ့သည်။
ရွှေရောင်ဓားချီ မိုးရေစက်များသည် ရွှေရောင်အမှုန်မွှားများ အဖြစ် ပြောင်းလဲသွားသည်။
၎င်းတို့သည် လုံးဝ ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။
ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ပေါ်ရှိ ဆံပင်တစ်ချောင်းမျှ မထိခိုက်စေခဲ့ပေ။
“ဒါတွေသာ ပြင်းထန်တဲ့လေးနဲ့ ဒူးလေးတွေကနေ ပစ်ခတ်ခဲ့တဲ့ မြှားတွေဆိုရင်၊ ချန်ပီယံမြို့စားဟာ သေဆုံးသွားနိုင်လောက်တယ်။ နှမြောစရာကောင်းတာက, ဒါတွေက တာအိုပညာရပ် သက်သက်ပဲ။ ရွှေရောင်ချီစွမ်းအင်နဲ့ အန္တရာယ်ချီစွမ်းအင်တွေကို နတ်ဘုရား စိတ်ဝိညာဉ်နဲ့ အတွေးတွေက ထောက်ပံ့ထားပြီး၊ ပြန့်ကျဲသွားတာနဲ့ ပြန်မစုစည်းနိုင်တော့ဘူး။ ဟိန်းဟောက်သံတစ်ချက်ကြောင့် ပြန့်ကျဲသွားခဲ့ရတယ်။”
ဟုန်ယွိသည် ချန်ပီယံမြို့စား၏ ဟိန်းဟောက်သံ ရပ်တန့်သွားရန် စောင့်ဆိုင်းပြီး တွေးတောနေမိသည်။
ဤရွှေရောင်အနှစ်သာရ ဓားချီများသည် အပြည့်အဝ လွှမ်းမိုးနိုင်စွမ်းရှိပြီး၊ သာမန်လူများအတွက် ပြင်းထန်သော လေး၊ ဒူးလေးများထက် ပိုမိုသန်မာသော်လည်း၊ ဤရွှေရောင်အနှစ်သာရ ဓားချီများ၏ မောင်းနှင်အားသည် လူသား၏ နတ်ဘုရား စိတ်ဝိညာဉ်နှင့် အတွေးများဖြစ်ပြီး၊ ပြင်းထန်သော လေး၊ ဒူးလေးများ၏စွမ်းအားက ပို၍ ပျော့ပျောင်းသည်။
ဤရွှေရောင်အနှစ်သာရ ဓားချီများသည် ပြင်းထန်သော လေး၊ ဒူးလေးများထက် ပိုမို ရက်စက်သော်လည်း၊ သိုင်းသူတော်စင်၏ ဟိန်းဟောက်သံက ၎င်းတို့၏ စွမ်းအားကို ဖျက်ဆီးနိုင်ခဲ့သည်။ သို့သော်၊ သိုင်းသူတော်စင်၏ ဟိန်းဟောက်သံသည် ပြင်းထန်သော လေး၊ ဒူးလေးများ၏ ပျော့ပျောင်းမူစွမ်းအားကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
ရှင်းယုဆန်သည် ဤရွှေရောင်အနှစ်သာရ ဓားချီကို အသုံးပြုပြီး စစ်သားထောင်ချီ၏ မြှားဖြင့် ပတ်ခတ်မူကို ပိတ်ဆို့နိုင်သော်လည်း၊ သိုင်းသူတော်စင်၏ ဟိန်းဟောက်သံကို ပိတ်ဆို့နိုင်မည် မဟုတ်ပေ။
သိုင်းသူတော်စင်၏ ဟိန်းဟောက်သံက ဤရွှေရောင်အနှစ်သာရ ဓားချီကို ဖျက်ဆီးနိုင်သော်လည်း၊ စစ်သားထောင်ချီ၏ မြှားဖြင့်ပစ်ခတ်မှုကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
ဤသည်မှာ အစစ်မှန်နှင့် ပုံရိပ်ယောင်ကြားက ကွဲပြားချက်တစ်ခုဖြစ်သလို၊ ဆန့်ကျင်ဘက်နှစ်ခု၏ တစ်ခုနှင့်တစ်ခု စွမ်းအင်ပျက်ပြယ်စေခြင်း၏ နိယာမတစ်ခုလည်း ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး၏ အံ့ဖွယ်ဖြစ်ရပ်များ အားလုံးသည် နိယာမများအတွင်းမှာ ပါဝင်နေသည်။
“ချန်ပီယံမြို့စား၊ ငါ့ရဲ့ ဒီရွှေရောင်အနှစ်သာရ ဓားနတ်ဆိုးချီကို ဖျက်ဆီးနိုင်တာ မဆိုးပါဘူး၊ ဒါပေမယ့် မင်းမှာ နင်ဂျာဘုန်းကြီးလို မဟာရန်သူတော်ကြီး တစ်ဦးလည်း ရှိနေသေးတယ်။ အခု၊ ဗိုလ်ချုပ် ဘီရှီဟွာနဲ့ ငါက မင်းကို သတ်ဖို့ရောက်လာခဲ့ပြီ။ မင်းကိုယ်မင်း လူသားအင်မော်တယ်လို့ ထင်နေတာလား။ ငါတို့သုံးဦးကို ခုခံနိုင်မယ်လို့ ထင်နေတာလား”
ရှင်းယုဆန်နှင့် မဟူရာဝံပုလွေဘုရင် ဘီရှီဟွာ၊ မဟာပညာရှင်နှစ်ဦးသည် ရင်ပြင်ထောင့်တစ်နေရာမှ ထွက်လာသည်။
ဤအချိန်တွင်၊ စုန်းတစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ် ယုဝူဒေါင်သည် ထွက်သွားပြီး၊ ကောင်ကင်စုန်းမြို့ကို ဖုံးကွယ်ထားသော အနက်ရောင်မြူခိုးလည်း ပျောက်ကွယ်သွားခဲ့ပြီ။
တောရိုင်းဒေသတွင် ရပ်တည်နေပြီး သွေးချွေး၊ အသက်ပေါင်းများစွာဖြင့် တည်ဆောက်ထားသော ကောင်ကင်စုန်းမြို့တစ်ခုလုံးသည် တဖြည်းဖြည်း ၎င်း၏ ခမ်းနားထည်ဝါမှုနှင့်အတူ ကြည်လင်မှုကို ဖော်ပြလာသည်။
“နင်ဂျာဘုန်းကြီးဟာ ငါ့ရဲ့ရန်သူလို့ ဘယ်သူက ပြောလဲ။ မင်းတို့ နှစ်ယောက်လုံး ယွန်မန်နိုင်ငံမှာ တရားဝင်ရာထူးတွေ ပိုင်ဆိုင်ထားတယ်လေ။ ဒါကြောင့် ငါ့ကို သတ်ဖြတ်ဖို့ ကျန်ရစ်ခဲ့တာ မဟုတ်လား။ ငါ့ကို သတ်နိုင်ရင်၊ မင်းတို့ရဲ့ ကမ္မကုသိုလ်ဟာ ဘုရင်ခံဘွဲ့တစ်ခုခု ချီးမြှင့်ခံရဖို့ လုံလောက်မယ်ထင်တယ်…” ချန်ပီယံမြို့စားက ပြုံးလိုက်ရင်း ပြောလိုက်သည်၊ “နာလန်ယန်လူးနဲ့ နာလန်ဟိုင်တို့က စကြဝဠာအိတ်နောက် လိုက်သွားကြတယ်။ မင်းတို့ နှစ်ယောက်က ငါနဲ့ နင်ဂျာဘုန်းကြီးကို သတ်နိုင်မယ်လို့ ထင်နေတာလား။ ပြောင်းပြန်အနေနဲ့, ငါတို့ နှစ်ယောက်ကတော့ ရှင်းယုဆန်ဆိုတဲ့မင်းနဲ့ ဘီရှီဟွာကို သတ်ဖြတ်ဖို့ လုံလောက်တယ်။ မင်းတို့ ငါ့ကို တိုက်ခိုက်ဖို့ ရောက်လာမယ်ဆိုတာ ငါ မျှော်လင့်ထားပြီးသား။ ဒါကြောင့် ငါ့လက်အောက်က လူတွေကို ရည်ရွယ်ချက်ရှိရှိ မောင်းထုတ်ခဲ့တာ…။”
“နင်ဂျာဘုန်းကြီး၊ ခင်ဗျားလည်း ဒီလိုထင်တယ် မဟုတ်လား။ ဒီပြဿနာကောင် နှစ်ယောက်ကို သတ်ပြီးမှ ကောင်းကောင်း တိုက်ခိုက်ကြစို့။” ချန်ပီယံမြို့စားသည် နင်ဂျာဘုန်းကြီး ကို ပြုံးလိုက်ရင်း ပြောလိုက်သည်။
“ဒီဘုန်းကြီးအိုကြီးရဲ့ အတွေးနဲ့ အတူတူပဲ။” နင်ဂျာဘုန်းကြီးက ပြောလိုက်သည်။
“နင်ဂျာဘုန်းကြီး၊ တော်ဝင်ချန်မင်းဆက်က ခင်ဗျားရဲ့ ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးခဲ့တယ်၊ အခု ငါတို့က ချန်ပီယံမြို့စားကို သတ်ဖြတ်ပြီး ဒိုင်ဇင်ဘုရားကျောင်းအတွက် လက်စားချေရမှာ မဟုတ်ဘူးလား။ ခင်ဗျား ဘာကြောင့် သူ့ကို ကူညီတာလဲ။ ခင်ဗျား အသိဉာဏ်တွေ ဆုံးရှုံးသွားပြီလား…။”
မဟူရာဝံပုလွေဘုရင် ဘီရှီဟွာနှင့် ရှင်းယုဆန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ ထို့နောက် နင်ဂျာဘုန်းကြီးကို ကြည့်လိုက်ကြသည်။
“အနည်းဆုံးတော့ ချန်ပီယံမြို့စားက ဒီဒီဘုန်းကြီးအိုကြီးနဲ့ တစ်ယောက်ချင်း တိုက်ခိုက်ခဲ့ပြီး၊ သူ့ စိတ်သဘောထားက ကောင်းမွန်တယ်။ ဒီဘုန်းကြီးအိုကြီး သေသွားရင်တောင်၊ သူက ဒီဘုန်းကြီးအိုကြီးရဲ့ အလောင်းကို ဖျက်ဆီးပစ်မှာ မဟုတ်ဘူးလို့ ထင်တယ်။ မင်းတို့လက်ထဲ ကျသွားရင်တော့ သေဆုံးတာထက် ပိုဆိုးတဲ့ ကံတရားကို ခံစားရမယ်။”
နင်ဂျာဘုန်းကြီးက ရုတ်တရက် ရူးသွပ်စွာ ရယ်မောလိုက်သည်။
“ဒီဘုန်းကြီးအိုကြီးက အတော့်ကို စဉ်းစားဉာဏ်ကောင်းတယ်။ ဒါပေမယ့် သေဆုံးသွားရင် နှမြောစရာပဲ။ ဒီရတနာရှာဖွေမူဇာတ်လမ်းက တကယ်ကို ကြွေကွဲစရာပဲ။ တော်ဝင်ချန်မင်းဆက် အနိုင်ရရင်တောင် သူ သေဆုံးမယ်။ ယွန်မင်နိုင်ငံ အနိုင်ရရင်တော့ ပိုဆိုးမယ်။” ဟုန်ယွိသည် နင်ဂျာဘုန်းကြီးကို ကြည့်ရင်း စိတ်ထဲတွင် သက်ပြင်းချမိသည်။
နင်ဂျာဘုန်းကြီးနှင့် ချန်ပီယံမြို့စားတို့သည် တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားနေပုံရသော် လည်း၊ အမှန်တကယ်မှာ မဟူရာဝံပုလွေဘုရင် ဘီရှီဟွာနှင့် ရှင်းယုဆန်ကို သတ်ဖြတ်ပြီးနောက်၊ သူတို့နှစ်ဦးသည် သေသည်အထိ တိုက်ခိုက်ကြလိမ့်မည်။
အချုပ်ပြောရလျှင်၊ နင်ဂျာဘုန်းကြီးသည် ဤတစ်ကြိမ် သေဆုံးမည်မှာ သေချာပေါက်ပင်။
ဟုန်ယွိသည် ဤဘုန်းတော်ကြီး သေဆုံးရမည့်အရေးတွေးပြီး အလွန်ကြေကွဲဖွယ်ကောင်းသည်ဟု ခံစားနေရသည်။
“အင်း၊ ငါက ဒိုင်ဇင်ဘုရားကျောင်းရဲ့ အတိတ်ကျမ်းကို ကျင့်ကြံခဲ့ပြီး၊ ဘုန်းတော်ကြီးယင်ယွဲ့ရဲ့ ဗုဒ္ဓမှတ်တမ်းကို ဖတ်ရူခဲ့ပြီး၊ သူ မှတ်ချက်ချန်ထားခဲ့ သိုင်းပညာအယူဆတွေကိုလည်း ဖတ်ရူခဲ့ရတယ်။ ဘုန်းတော်ကြီးယင်ယွဲ့ဟာ ငါ့ဆရာတစ်ဝက်လို့ ယူဆနိုင်တယ်။ နင်ဂျာဘုန်းကြီး ဟာ ဒိုင်ဇင်ဘုရားကျောင်းရဲ့ နောက်ဆုံး ဆက်ခံသူပဲ။ သူ ပျက်သုန်းသွားရင် ဒိုင်ဇင်ဘုရားကျောင်း ဟာ တကယ်ပဲ အဆုံးသတ်သွားမယ်။ ငါ ဒိုင်ဇင်ဘုရားကျောင်းကို ကျေးဇူးဆပ်ဖို့အတွက် သူ့ကို ကယ်သင့်တယ်။ ရှန်ထိုက်ဇူနဲ့ အခြားသူတွေကလည်း ဒိုင်ဇင်ဘုရားကျောင်းက လူတွေပဲ။” ဟုန်ယွိ သည် သက်ပြင်းချမိသည်။
ရုတ်တရက်၊ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် တောက်ပလာပြီး ကိုယ်ထင်ပြ ထွက်လာသည်။
သူ ဦးတည်ချက်မှာ နင်ဂျာဘုန်းကြီးရှိရာ နေရာအတိအကျ ဖြစ်သည်။
သူ့နတ်ဘုရား စိတ်ဝိညာဉ်၏ စွမ်းအားသည် အလွန်သန်မာပြီး၊ သူကိုယ်ထင်ပြ ထွက်ပေါ်လာသော အခါ အေးစက်စက် ယင်လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ကျောက်စရစ်များ ပျံလွင့်သွားသည်။
“ရွှေပင့်ကူဘုရင်!”
ရှင်းယုဆန်နှင့် မဟူရာဝံပုလွေဘုရင် ဘီရှီဟွာတို့သည် ဟုန်ယွိ ထွက်လာပြီး ရင်းနှီးသည့် အေးစက်စက် ယင်လေပြင်းတစ်ချက် တိုက်ခတ်သွားကို မြင်သောအခါ အံ့သြစွာ အော်ဟစ်လိုက်ကြသည်။ ဒဏ်ရာ ပြင်းထန်စွာ ရထားသော ရွှေပင့်ကူဘုရင်သည် ပြန်လည်ပေါ်ထွက်လာမည်ဟု သူတို့ မျှော်လင့်မထားခဲ့ပေ။
ဤပင့်ကူကြီးသည် ပိုးဟပ်ထက်ပင် ပိုမို အသက်ပြင်းပြီး၊ သတ်ဖြတ်၍မရသလို မောင်းထုတ်၍လည်း မရဘဲ၊ ထိန်းချုပ်၍မရတော့သည့် မသေနိုင်တဲ့ ဝိညာဉ်တစ်ကောင် ဖြစ်နေသည်။
“သူက ငါ့ရဲ့ ပျက်သုန်းခြင်းပုဆိန်ကို ဖိနှိပ်မထားဘူးလား။ ဘာကြောင့် ငါ့ပျက်သုန်းခြင်းပုဆိန်က ဆက်ပြီး ဖိနှိပ်ခံနေရတုန်းလဲ” မဟူရာဝံပုလွေဘုရင် ဘီရှီဟွာသည် အေးစက်စက် ယင်လေပြင်း တိုက်ခတ်မှုကို မြင်ပြီး ချက်ချင်းပင် သူ၏ပျက်သုန်းခြင်းပုဆိန်ကို ပြန်လည်သိမ်းယူရန် လှုပ်ရှားလိုက်သည်။ သို့သော် သူ မအောင်မြင်ခဲ့ပေ။ ကြောက်ရွံ့မှုကြောင့် သူ့မျက်နှာက ဖြူဖျော့သွားပြီး အလန့်တကြား အော်ပြောလိုက်ပါသည်။
“မကောင်းဆိုးဝါး!”
ချန်ပီယံမြို့စားသည်လည်း အံ့သြသွားသည်။ ထို့နောက် ရှည်လျား ကျယ်လောင်သော ဟိန်းဟောက်သံကို ထုတ်လွှတ်ပြီး ဘယ်ညာ လှုပ်ရှားလိုက် သည်။ တစ်နေရာလုံး သူ၏ အရိပ်အယောင်ဖြင့် ပြည့်နှက်နေပုံရသည်။
သူ လှုပ်ရှားသောအခါ၊ သူ၏လက်သီးက ချက်ချင်း ဟုန်ယွိဆီသို့ တိုးဝင်သွားပြီး အေးစက်စက် ယင်လေပြင်းကို အပြင်းအထန် တိုက်ခိုက်လိုက်သည်။
“ဘယ်လောက် သန်မာတဲ့ သွေးချီစွမ်းအင်လဲ…” ဟုန်ယွိ ပျံထွက်လာသောအခါ၊ ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်သည် အနည်းငယ်သာ လှုပ်ရှားခဲ့သော်လည်း၊ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် လက်သီးချက်ပေါင်း သုံးဆယ်မှ လေးဆယ်အထိ ထိုးနှက်ပြီးသည်ကို ချက်ချင်း ခံစားရပြီး၊ လက်သီးချက် တစ်ချက်စီတိုင်းတွင် အနှိုင်းမဲ့ ပြင်းထန်သော သွေးချီစွမ်းအင်နှင့် သိုင်းဆန္ဒတို့ ပါဝင်နေသည်။
ဟုန်ယွိသည် ထိုလက်သီးချက်များကို ခုခံလိုက်သောအခါ၊ သူ၏အတွေးများ ပြိုကွဲပြီး သူ့နတ်ဘုရား စိတ်ဝိညာဉ် ဖျက်ဆီးခံရတော့မည်ကို ခံစားရသည်။
“ကလေး၊ မင်းက သေမင်းကို လာရှာနေတာ။ မဟာနေမင်းဗုဒ္ဓမီးလျှံ၊ ဘာ ဘာ ဘာ ဘာ ဘာ…။”
အစစ်မှန် သိုင်းသူတော်စင်တစ်ပါး၏ လက်သီးဖြင့် အပြင်းအထန် တိုက်ခိုက်ခံရပြီးနောက်၊ ဟုန်ယွိ သည် အဆုံးတွင် ထိုစွမ်းအားကို ခံစားရသော်လည်း၊ အနည်းငယ်သာ ဒဏ်ရာရခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ပြန်လည်ကောင်းမွန်လာသည်။
အတွေးတစ်ခုဖြင့်၊ မီးနဂါးကဲ့သို့ ရှည်လျားသော မီးလျှံတစ်ခုက ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို ပတ်ရစ်သည်။
“ဒါက….”
နင်ဂျာဘုန်းကြီးသည် လှုပ်ရှားရန် ပြင်ဆင်နေသော်လည်း၊ မဟာနေမင်းဗုဒ္ဓမီးလျှံကို မြင်သောအခါ သူ့မျက်ခွံများ တွန့်သွားပြီး အံ့သြမူနှင့်အတူ မလှုပ်ရှားခဲ့ပေ။
ဝေါင်း….။
ချန်ပီယံမြို့စားသည် ရက်စက်သော ဟိန်းဟောက်သံကို ထုတ်လွှတ်ပြီး၊ အသံလှိုင်းသည် မီးလျှံကို တိုက်ရိုက် ထိမှန်သည်။
ချက်ချင်း၊ မီးလျှံသည် သူ့ခန္ဓာကိုယ်သို့ မရောက်ခင် ဟိန်းဟောက်သံကြောင့် လွင့်ပျယ်သွားခဲ့သည်။ ချန်ပီယံမြို့စား ဟိန်းဟောက်နေစဉ်၊ သူ၏ပုံရိပ်သည် လက်ခနဲ လှုပ်ရှားပြီး၊ ခြေလှမ်းသုံးဆယ် အကွာအဝေးကို ချက်ချင်း ဖြတ်ကျော်သွားကာ၊ မီးပွားများသည် သူ့ဆံပင်တစ်ချောင်းတောင် ထိမှန်ခြင်း မရှိခဲ့ပေ။
“သွေး!”
ဗုဒ္ဓမီးလျှံကို ဖျက်ဆီးပြီးနောက်၊ ချန်ပီယံမြို့စားသည် မျက်မှောင်ကြုတ်ကာ၊ သူ့လက်ငါးချောင်းကို ဆုပ်လိုက်သည်။ ရုတ်တရက်၊ သူ့လက်ချောင်းငါးချောင်း၏ အဆစ်များ ပွင့်ထားပြီး၊ သွေးစက် အနည်းငယ် စိမ့်ထွက်လာကာ၊ ပစ်ထုတ်လိုက်သည်။
ဖျတ်!
သွေးစက်ငါးစက်သည် ချက်ချင်း ဟုန်ယွိ၏ အေးစက်စက် ယင်လေပြင်းထဲသို့ ပစ်ဝင်သွားသည်။
ဘန်း….။
မီးပွားအနည်းငယ်က ယမ်းမှုန့်တိုက်ထဲ ကျရောက်သွားသည့်နှယ်ပင်။ ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်ဖြင့် ပြောင်းလဲလာသော အေးစက်စက် ယင်လေပြင်းသည် ချက်ချင်း ပြန့်ကျဲသွားခဲ့သည်။
သို့သော်၊ နောက်အခိုက်တန့်တွင်၊ ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ပြန်လည် စုစည်းလာပြီး၊ အေးစက်စက် ယင်းလေပြင်းက နင်ဂျာဘုန်းကြီးကို ပြင်းထန်စွာ ပတ်ရစ်လိုက်သည်။
“ဒါက… သိုင်းသူတော်စင်ရဲ့ သွေးကတောင် သူ့နတ်ဘုရား စိတ်ဝိညာဉ်ကို မထိခိုက်စေနိုင်ဘူး…” နင်ဂျာဘုန်းကြီးက ရေရွတ်လိုက်သည်။ “ဒါက... ဘုန်းတော်ကြီးရဲ့ အတိတ်.....”
“ဘုန်းကြီးအိုကြီး၊ စကားများမနေပါနဲ့။ ကျုပ်က ခင်ဗျားကို ကယ်ဖို့ ရောက်လာတာ။ ခင်ဗျားရဲ့ သွေးချီစွမ်းအင်ကို ထိန်းချုပ်ပြီး ကျုပ်နဲ့ လိုက်လာပါ!” ဟုန်ယွိ၏ အတွေးများသည် ပြင်းထန်စွာ လှုပ်ရှားနေပြီး၊ နင်ဂျာဘုန်းကြီး၏ ခန္ဓာကိုယ်အနီးသို့ ရောက်လာသောအခါ၊ သူ့ပတ်ဝန်းကျင် ပေသုံးဆယ်အတွင်း နေရာသည် နေရောင်ခြည်ကဲ့သို့ ပူလောင်နေပြီး၊ ထောင်ချီသော ဆေးထိုးအပ်များ ထိုးဖောက်လာသည့်အတိုင်း စူးရှရှနာကျင်မူကို ခံစားရသည်။ ထိုနာကျင်မူသည် နေရောင်ခြည်ထက် အဆတစ်ထောင် ပိုမို ပြင်းထန်သည်။
သို့သော်၊ ဟုန်ယွိသည် ဂရုမစိုက်ပေ။ သူ အသည်းအသန် ပြေးဝင်သွားသောအခါ နင်ဂျာဘုန်းကြီးသည် ခုခံမှုမပြခဲ့ဘဲ၊ သူ၏ သွေးချီစွမ်းအင်ကို ထိန်းချုပ်ထားသည်ကို မြင်လိုက်ရသည်။ ထိုအခါမှသာ သူ စိတ်သက်သာရာရပြီး၊ ဘုန်းတော်ကြီးကို ရစ်ပတ်ကာ ကောင်းကင်ယံသို့ ပျံတက်ပြီး ပျောက်ကွယ်သွားခဲ့သည်။