အခန်း (၉၁၉-၉၂၁)
Vol. 62 Ch. 919-921
အခန်း (၉၁၉) ဒါက... ကျုပ် ပေးမယ့် စျေးနှုန်းပဲ
ခန်းမတစ်ခုလုံး အနည်းငယ် ယောက်ယက်ခတ်သွားသည်။ လူအများအပြားသည် ရွှတ်နောက်နောက် အမူအရာဖြင့် ကြည့်နေကြသည်။ အထက်တန်းလွှာ လူငယ်အချို့သည် ပြုံးရယ်လျက် အချင်းချင်း တီးတိုးပြောနေကြသည်"
“ချန်က ငယ်ရွယ်တာမျိုးကို နှစ်သက်တာပဲ”
“ကျွတ် ကျွတ်၊ လူသစ်တော့ သွားပြီပဲ”
ထိုရေရွတိသံများကြားတွင် ရွှယ်အန်းသည် လက်ဖက်ရည်သောက်ပြီးနောက် စကားပြောသူကို မော့ကြည့်၍ ပြောလိုက်သည်။
“ထွက်သွားစမ်း”
ဘုံး
လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ ချန်မိသားစု သခင်လေး၏ မျက်နှာသည် မည်းမှောင်သွားလေသည်။
“ကောင်လေး၊ မင်း ဘယ်သူနဲ့ စကားပြောနေလဲဆိုတာ မင်း သိလား”
ရွှယ်အန်းသည် လက်ဖက်ရည်ခွက်ကို စားပွဲခုံပေါ်သို့ ပေါ့ပါးစွာ တင်လိုက်သည်။
“မသိဘူး၊ စိတ်လည်း မဝင်စားဘူး ဒါပေမယ့် ဆက်ပြောနေမယ်ဆိုရင်တော့ ခင်ဗျား နောင်တရစေရမယ်လို့ပြောရင် ခင်ဗျား ယုံလား"
ဤသည်မှာ ပျားအုံကို နှိုးဆွလိုက်ခြင်းဖြစ်လေသည်။ လူအများအပြားသည် ရွှယ်အန်းကို အံ့အားသင့်နေသည့် အမူအရာများဖြင့် ကြည့်နေကြသည်။ တချို့သည် တိတ်တဆိတ် ခေါင်းခါနေကြသည်။ ထျန်ရှန်မြို့တော်ရှိ ချန်မိသားစုကို စော်ကားခြင်းမှ ရရှိလာမည် ရလဒ်များကို မသိသော ဤလူငယ်သည် အလွန်ရဲတင်းလွန်းသည်ဟု ၎င်းတို့ တွေးထင်လိုက်သည်။ သူသည် ဤတစ်ညပင် အသက်ရှင်နိုင်မည်မဟုတ်ဘူးဟု ၎င်းတို့ ခန့်မှန်းလိုက်ကြသည်။
ချန်မိသားစု သခင်လေး၏ မျက်နှာသည် ဒေါသစိတ်ကြောင့် ရွတ်တွလာသည်။
“သိပ်ကောင်းတယ်၊ ဘယ်သူမှ ကျုပ်ကို ဒီလိုမပြောရဲတာကြာပြီ။ မင်းက ပထမဆုံးပဲ”
“စိတ်မပူပါ၊ နောက်လည်း လူတွေအများကြီးရှိလာလိမ့်မယ်၊ ခင်ဗျားလည်း ကျင့်သားရအောင်နေပေါ့” ရွှယ်အန်းက ပြုံးပြလိုက်သည်။
ချန်မိသားစု၏သခင်လေးသည် ဒေါသဖြင့် ပေါက်ကွဲတော့မည့်အချိန်တွင် ဟွီစန်းက တုန်ယင်စွာ ပြောလိုက်သည်။
“ချန်... သခင်လေးချန် ကျေးဇူးပြုပြီး စိတ်အေးထားပါ။ ကျုပ်မိတ်ဆွေက ကျေးလက်ကလာတာဆိုတော့ ကျန်းတုရဲ့စည်းကမ်းတွေကို မသိလို့ပါ။ သူ့ရဲ့ မသိနားမလည်မှုတွေကို ဒီတစ်ခေါက်တော့ ခွင့်လွှတ်ပေးလိုက်ပါ"
ချန်မိသားစု၏သခင်လေးက အေးစက်စွာ သရော်တိုက်လိုက်သည်။
“သူ့ကို လွှတ်ပေးရမယ် ဟုတ်လား။ ကောင်းပြီလေ၊ ကျုပ်ကို အဲဒီအစေခံမလေး ပေးလိုက်၊ ပြီးရင် ကျုပ်ကို ဒူးထောက်ပြီး တောင်းပန်၊ မဟုတ်လို့ကတော့ ဟားဟား”
ဟွီစန်းသည် စိတ်ပူပန်သောကရောက်နေသော အမူအရာမျိုး ပြသလာသည်။ ရွှယ်အန်းသည် ဟွီစန်းကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။ ဟွီစန်းသည် သူ့အတွက် တောင်းပန်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့နှစ်ယောက်သည် တစ်ဦးနှင့် တစ်ဦး နာရီဝက်မျှသာ သိကျွမ်းခဲ့ကြသည်။ အတိအကျပြောရလျှင် ဟွီစန်းသည် ဤကိစ္စကို လုံးလုံးလျားလျား လျစ်လျူရှုထားနိုင်သည်။ သို့သော် သူသည် ရွှယ်အန်းအတွက် ဝင်ပြောဝံ့ခဲ့သည်။ ဤတစ်ခုတည်းသောအချက်အရ ဟွီစန်း၏ အကျင့်စာရိတ္တသည် သိပ်မဆိုးလှပေ။
သို့သော် ထိုအချိန်တွင် သင့်တင့်လျောက်ပတ်စွာ ၀တ်ဆင်ထားသော အကြီးအကဲတစ်ဦး ချဉ်းကပ်လာသည်။
“သခင်လေးချန်နဲ့ ဟွီစန်း၊ ခင်ဗျားတို့မှာ ဘာမကျေနပ်ချက်တွေပဲရှိရှိ ဒီနေရာမှာ ပြဿနာမရှာကြပါနဲ့။ ဒါအပြင် သခင်မလေးနျဲ့ ထွက်လာတော့မယ်။ တကယ်လို့ သခင်မလေးကို စော်ကားမိသွားရင် ဘယ်သူက တာဝန်ယူမှာလဲ”
ဤစကားများကို ကြားသောအခါ ချန်မိသားစု၏သခင်လေးသည် ဒေါသတကြီး နှာမှုတ်ပြီးနောက် ရွှယ်အန်းကို အေးစက်စွာ စိုက်ကြည့်၍ သူ၏ထိုင်ခုံသို့ ပြန်သွားလေသည်။ သို့သော် သူ၏မျက်လုံးများတွင် အေးစက်သော သတ်ဖြတ်ချင်စိတ်များ ချုပ်နှောင်ထားကြောင်း ပြသနေသည်။
ဟွီစန်းသည် ရွှယ်အန်းကို စိုးရိမ်တကြီး တီးတိုးပြောလိုက်သည်။
“ညီလေးရွှယ် ကျုပ် အကြံပေးတာကို နားထောင်ပြီး အခု မြန်မြန်ထွက်သွားတော့။ ခင်ဗျား နှောင့်နှေးသွားတာနဲ့ နောက်ကျသွားလိမ့်မယ်"
“ချန်မိသားစုက ကျန်းတုမှာ အရေးပါတဲ့ မိသားစုတစ်ခုပဲ အထူးသဖြင့် ချန်းလဲခရိုင်နဲ့ အရှေ့ဈေးကွက်မှာ ဩဇာအာဏာကြီးမားကြတယ်။ အခု ခင်ဗျား အကြီးဆုံးသား ချန်ဟောက်စီကို စော်ကားခဲ့တာ၊ သူက အားလုံးထဲမှာ ပြဿနာအရှိဆုံးသူပဲ။ ပညာရှိတစ်ယောက်က အန္တရာယ်ကို ထိပ်တိုက်မရင်ဆိုင်ဘူးတဲ့၊ ဒီတော့ ခင်ဗျား မြန်မြန်ထွက်သွားတာ အကောင်းဆုံးပဲ”
ရွှယ်အန်းက မတုန်မလှုပ် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အစ်ကိုဟွီ။ ဒါပေမယ့် ကျုပ်က ဘယ်အရာမဆိုအဆုံးထိ ကြိုးစားတဲ့လူပါ။ ကောင်းကင်ကြီး ပြိုကျရင်တောင် ကိုယ်လုပ်ရမယ့်အရာကို မလုပ်ရမချင်း ကျုပ် ထွက်သွားမှာ မဟုတ်ဘူး"
“ခင်ဗျားကတော့...ဟာ” ဟွီစန်းက သက်ပြင်းချပြီးနောက် သူ၏ဖျောင်းဖျမှုများကို ရပ်တန့်လိုက်သည်။
ထိုအချိန်တွင် လှေကားမှ ခြေသံများ ကြားလိုက်ရပြီးနောက် အမျိုးသမီးတစ်ဦး၏ ကြေငြာသံများ ထွက်ပေါ်လာသည်။
“သခင်မလေးနျဲ့ ရောက်လာပါပြီ။ လူကြီးမင်းတို့ ကျေးဇူးပြုပြီး ရှုစားကြပါ”
ဤသို့ဖြင့် အစေခံတစ်ဦးသည် အနီရောင်အ၀တ်ကို ဆွဲချလိုက်သည်။ လှေကားပေါ်မှ စာလိပ်တစ်လိပ် ဖြည်းညှင်းစွာ ဖြန့်ထွက်လာကာ ၎င်းပေါ်တွင် ရေးသားထားသော စာလုံးများ ပေါ်လွင်လာ၏။ ခန်းမအတွင်းရှိ လူများသည် ၎င်းစာလိပ်၏အနီးနားတွင် ဝိုင်းဖွဲ့ကြည့်ရှုပြီးနောက် အပြင်းအထန် စတင်ဆွေးနွေးလာကြသည်။
“ထင်ထားတဲ့အတိုင်း စကားခဏပြောဖို့ ငွေစငါးဆယ်၊ ကုချင်တေးသံနားထောင်ဖို့ ငွေစရှစ်ဆယ်။ ကျွတ်၊ ကျွတ်၊ အခုအချိန်ထိ အခန်းထဲကို ၀င်ခွင့်ရတဲ့လူတောင် မရှိသေးဘူး”
“ဟာ... ငွေက သာမညပါ။ အဓိကအချက်က ခင်ဗျားကို သခင်မလေးနျဲ့က မျက်နှာသာပေးနေဖို့ လိုအပ်တယ်၊ မဟုတ်လို့ကတော့ ရွှေစတစ်ထောင်လောက် ပေးရင်တောင် သူ ခင်ဗျားကို တစ်ကြိမ်မှ လှည့်ကြည့်မှာ မဟုတ်ဘူး"
ထိုအချိန်တွင် ချန်ဟောက်စီက ဦးစွာ ထပြောသူဖြစ်သည်။
"ကျုပ် သခင်မလေးနျဲ့နဲ့ တစ်ကြိမ်တွေ့ဖို့ ငွေစတစ်ရာကို ကမ်းလှမ်းတယ်"
အစေခံသည် အထဲသို့ ဝင်သွားခဲ့သော်လည်း သူမသည် ခဏအကြာတွင် အမြန်ပြန်ထွက်လာ၍ ခေါင်းခါပြလိုက်သည်
“သခင်လေးချန်၊ ဟိုတစ်ခေါက်က သခင်လေးချန်နဲ့ ဆွေးနွေးပြီးကတည်း နှစ်ယောက်လုံး အတွေးအခေါ်တွေ မညီဘူးလို့ ခံစားရတာကြောင့် နောက်ထပ် ဆွေးနွေးစရာ မရှိတော့ဘူးလို့ ကျွန်မသခင်မလေးက ပြောလိုက်ပါတယ်"
“ဘာ” ချန်ဟောက်စီက အံ့အားသင့်သွားသည်။
၎င်းတို့နှစ်ဦး၏ အတွေးအမြင်များ မညီဘူးဟူဟု ဆိုလိုခြင်းသည် မည်သည်ဖြစ်သနည်း။ ချန်ဟောက်စီသည် ပထမတစ်ကြိမ်တွင် ငွေအမြောက်အမြား အသုံးပြု၍ သခင်မလေးနျဲ့နှင့် တွေ့ဆုံပြီးကတည်းက သူမနှင့် ပတ်သက်သော အတွေးများဖြင့် နေ့စဉ်စွဲလမ်းခဲ့ရသည်။ ဤတစ်ခါတွင် သခင်မလေးနျဲ့ ပွဲထွက်မည်ဟု ကြာသောအခါ သူမ၏အလှကို နောက်တစ်ကြိမ် ရှုစားရန် မျှော်လင့်ချက်ဖြင့် အပြေးနှင်လာခဲ့ရသည်။ ဤသို့ဆိုလျှင်ပင် ချန်ဟောက်စီသည် ငြင်းပယ်ခံလိုက်ရသည်။
ချန်ဟောက်စီသည် စိတ်ထဲတွင် မည်မျှဒေါသထွက်နေပါစေ၊ မည်သို့မျှ မပြုလုပ်နိုင်သောကြောင့် ကူကယ်ရာမဲ့စွာသာ ရပ်တန့်နေလေသည်။ ထိုမှတစ်ဆင့် မင်းညီမင်းသားများနှင့် သခင်လေးများသည် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း ၎င်းတို့အားလုံး ငြင်းပယ်ခံလိုက်ရသည်။ ယနေ့တွင် သခင်မလေးနျဲ့၏ ကတ်ပြားကို မည်သူမျှ ဖြုတ်ချနိုင်မည့်ပုံ မပေါ်ပေ။
ရွှယ်အန်းသည် ထိုအချိန် ဖြည်းညှင်းစွာ မတ်တတ်ထရပ်၍ ပေါ့ပေါ့တန်တန် ပြောလိုက်သည်။ “ကျုပ် ဒီနေ့ ဒီကတ်ပြားကို ဖြုတ်ချမယ်”
ခန်းမထဲရှိ လူတိုင်း၏အကြည့်များ ရွှယ်အန်းဆီ ချက်ချင်းရောက်ရှိလာသည်။ ချန်ဟောက်စီ၏ အမူအရာ နက်မှောင်သွား၍ သူသည် အေးစက်စွာ လှောင်ပြောင်လိုက်သည်။
"သခင်လေးရဲ့ မျိုးရိုးနာမည်နဲ့ နာမည်အရင်းကို သိလို့ရပါသလား၊ ပြီးတော့ ငွေကြေး ဘယ်လောက်ကမ်းလှမ်းဖို့ စီစဉ်ထားပါသလဲ”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ကျုပ်နာမည်က ရွှယ်အန်း၊ ငွေကြေးကတော့..."
“ခင်ဗျားတို့မှာ စုတ်တံတဲ့ စာရွက်ရှိလား”
လူတိုင်းက အံ့ဩသွားကြသည်။ ဤသည်မှာ မည်သည်ကို ဆိုလိုခြင်းဖြစ်သနည်း။ စုတ်တံနှင့် စာရွက်သည် မည်သည့်အတွက် လိုအပ်ရသနည်း။ သို့သော်လည်း လန်ကွေ့ဖန်သည် ထိပ်တန်းဆောင်ကြာမြိုင်ဖြစ်သောကြောင့် စာပေပညာရှင်များ မကြာခဏ လာရောက်၍ ရွှင်မြူးပျော်ပါးရာ နေရာဖြစ်သည့်အတွက် စုတ်တံနှင့် စက္ကူများ အလွယ်တကူ ရရှိနိုင်သည်။ ခဏအကြာတွင် တစ်စုံတစ်ယောက်သည် မှင်ကျောက်တုံးတစ်လုံးနှင့်အတူ စုတ်တံနှင့် စက္ကူတို့ကို ယူဆောင်လာသည်။
ရွှယ်အန်းက စုတ်တံကို ကိုင်ဆောင်၍ နဂါးများ မြွေများ စီးဆင်းနေဟန်ဖြင့် စာရွက်တစ်ရွက်ပေါ်တွင် အမြန်ရေးချပြီးနောက် စုတ်တံကို ဘေးဖယ်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့ သခင်မကို ပေးလိုက်ပါ၊ ဒါက ကျုပ်ကမ်းလှမ်းချက်ပဲ"
အစေခံသည်လည်း အံ့အားသင့်သွားသည်။ သို့သော် သူမသည် ထပ်မမေးဝံ့ဘဲ စာရွက်ကိုယူ၍ အမြန်ထွက်သွားလေသည်။ ခန်းမထဲတွင် ခေတ္တတိတ်ဆိတ်သွားပြီးနောက် ရယ်မောသံများ ထွက်ပေါ်လာသည်။
“ကျွတ်၊ ကျွတ်၊ ဒီမိတ်ဆွေက သခင်မလေးနျဲ့ကို ကဗျာတွေ စာတွေနဲ့ အထင်ကြီးအောင် လုပ်နိုင်မယ်လို့ ထင်နေတာလားပဲ”
“သူက မြို့ပြင်ကလာတဲ့ လူငယ်တစ်ယောက်ဖြစ်မှာပေါ့။ သခင်မလေးနျဲ့က ကျန်းတုမှာ ကျော်ကြားသော ကဗျာရေးဖွဲ့သူဆိုတာ သူ မသိဘူးလား။ သခင်မလေးနျဲ့အရှေ့မှာ ဒီလိုကြွားရဲရတယ်လို့"
“ဟားဟား၊ ပွဲကောင်းတစ်ခုတော့ ဖြစ်တော့မှာပဲ"
ဤရေရွတ်သံများကြားတွင် ချန်ဟောက်စီ၏ မျက်လုံးများသည် အထင်အမြင်သေးမှုများဖြင့် ကျဉ်းမြောင်းသွားသည်။ သူ့အမြင်အရ ရွှယ်အန်းသည် ကိုယ့်ကိုယ်ကို အရှက်ခွဲနေခြင်းဖြစ်သည်။ ကျန်းတု၌ သခင်မလေးနျဲ့အရှေ့တွင် မည်သူမျှ ကဗျာမရေးဝံ့သည်မှာ အလွန်ကြာမြင့်ပြီဖြစ်သည်။ ဟွီစန်းလျှင်ပင် မှားယွင်းသွားပြီဟု ခံစားလာလိုက်ရ၍ တိတ်တဆိတ် ခေါင်းခါလိုက်မိသည်။ ရွှယ်အန်းသည် လူချမ်းသာသခင်လေးတစ်ဦးဟု ထင်မှတ်ခဲ့သောကြောင့် သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းဖြင့် ဆုလာဘ်တချို့ ရရှိနိုင်မည်ဖြစ်သည်။
သို့သော် သူသည် လောကအကြောင်း မသိနားမလည်သည့် ဆင်းရဲနွမ်းပါးသော စာပေပညာရှင်တစ်ဦးသာဖြစ်နေခဲ့သည်။ ရွှယ်အန်းကို ကယောင်ကတမ်းဖြစ်နေသူဟု လူတိုင်းက ထင်မြင်နေချိန် လှေကားပေါ်မှ ခြေသံများကြားလိုက်ရပြီးနောက် အလွန်လှပသောအမျိုးသမီးတစ်ဦး သိမ်မွေ့စွာ ဆင်းသက်လာ၍ ကပျာကယာ မေးမြန်းနေကြောင်း လူတိုင်းမြင်တွေ့လိုက်ရသည်။
“ဒီကဗျာကို ရေးစပ်ခဲ့တာ ဘယ်သူပါလဲ”
အခန်း (၉၂၀) စိမ်ပြေနပြေ ထိုင်၍ မည်သည့် လူသားကိုမျှ မတွေ့ဆုံခြင်း
ချက်ချင်းဆိုသလိုပင် ထိုနေရာတွင်ရပ်နေသည့် ရွှယ်အန်းကို လူတိုင်း လှည့်ကြည့်လိုက်ကြသည်။ ပြီးနောက် သခင်မလေးနျဲ့သည်လည်း ဘာသိဘာသာအမူအရာဖြင် မတ်တတ်ရပ်နေသည့် အရပ်ရှည်၍ ချောမောခန့်ညားသော ရွှယ်အန်းကို ချက်ချင်းသတိထားမိသွားသည်။
“သခင်မလေး၊ ကဗျာကို ရေးခဲ့တာ ဒီကလူကြီးမင်းပါ" ထိုအချိန်တွင် အစေခံက ပြောလိုက်သည်။
သခင်မလေးနျဲ့သည် အသက်ပြင်းပြင်းရှူထုတ်ပြီးနောက် နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ရွှယ်အန်းကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
“လူကြီးမင်းကို နှုတ်ဆက်ပါတယ်”
ရွှယ်အန်း၏ အမူအရာ အနည်းငယ်ပြောင်းလဲသွား၍ သူ၏မျက်လုံးများတွင် စိတ်ပျက်နေသော အကြည့်တချိုပေါ်ပေါက်လာပြီးနော် ချက်ချင်း ပုံမှန်ပြန်ဖြစ်သွား၍ ထူးဆန်းသော အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“သခင်မလေးနျဲ့က ယဉ်ကျေးလွန်းနေပါပြီ”
ထိုအချိန်တွင် သခင်မလေးနျဲ့၏နှလုံးသားသည် တုန်လှုပ်ခြောက်ခြားမှုများ အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။ လန်ကွေ့ဖန်၏ အကြွင်းမဲ့လှပသော ထိပ်တန်း ကချေသည်ဖြစ်သော သူမသည် လွတ်လပ်မှုနှင့် အခွင့်ထူးများကို အဆင့်အမြင့်ဆုံး အခြေအနေဖြင့် ခံစားခဲ့ရသည်။ ဥပမာအားဖြင့်၊ ယခုကဲ့သို့ လစဉ်ကတ်ပြားပြသမှုသည် သူမ၏ အထူးအခွင့်အရေးဖြစ်သည်။ သူမ၏ရည်ရွယ်ချက်သည် သူမ သဘောကျသော အမျိုးသားကို ထိုနည်းလမ်းများဖြင့် ရှာဖွေရန်ဖြစ်သည်။
သို့သော် ထပ်ခါတလဲလဲ စိတ်ပျက်ခဲ့ရသောကြောင့် သူမသည် အလွန်ထုံကျင်လာသည်။ ယနေ့သည် ထူးမခြားနားလှရာ၊ သူမသည် မျှော်လင့်ချက်ဟူ၍ လုံးလုံးလျားလျား မရှိခဲ့ပေ။ သို့သော် မမျှော်လင့်ဘဲ အစေခံသည် စာရွက်တစ်ရွက်ကို ရုတ်တရက် ယူဆောင်လာခဲ့သည်။ သခင်မလေးနျဲ့သည် ကနဦးတွင် ၎င်းကိုအလေးအနက်မထားခဲ့ပေ။ သူမကို ကျေနပ်အောင်ရေးထားသည့် တောင်းတမှု ကဗျာများဟုသာ ထင်မှတ်ခဲ့သည်။ သူမသည် ဤအရာများနှင့်ပတ်သက်၍ အနည်းငယ် ထုံထိုင်းလာခဲ့သည်။
သို့သော် စာရွက်ကို ဖြည်ကြည့်လိုက်သောအခါ မိုးကြိုးပစ်ခံရသကဲ့သို့ ထိတ်လန့်စွာ ငေးငိုင်သွားရမည်ဟု သူမ မထင်မှတ်ခဲ့ပေ။ ရေးသားထားသော စကားလုံးများသည် အလွန်ရိုးရှင်းသောကြောင့် စာတိုနှစ်ကြောင်းမျှသာဖြစ်သော်လည်း ၎င်းတို့သည် ချွန်ထက်သော ဓားသွားနှင့်ဆင်တူ၍ သူမ၏ နှလုံးသာထဲသို့ တည့်တည့်ထိုးဖောက်သွားခဲ့သည်။
'ဘယ်လောက် နာကြည်းစရာကောင်းလိုက်လဲ၊ မနေ့ညက အိပ်မက်တိုင်းပြည်ထဲမှာတော့ အရင်ကရက်ဟောင်းလိုပဲ ရှန်ယွမ်မှာ လျှောက်သွားနေခဲ့ပြီ၊ ရေလိုစီးဆင်းနေတဲ့ လှည်းယဉ်တွေ၊ နဂါးတွေနဲ့ ဆင်တူတဲ့ စီးတော်မြင်းတွေ၊ ပြီးပြည့်စုံတဲ့ နွေဦးလေညင်းကြားက လမင်းကြီးနဲ့ ပန်းပွင့်တွေ'
အလွန်တိုတောင်းသော စာတစ်ပုဒ်ဖြစ်သော်လည်း ၎င်းသည် ကဗျာရေးစပ်ခြင်းနှင့် စာအရေးအသားများကို မြင်ဖူးလေ့ရှိသော သခင်မလေးနျဲ့ကို အလွန်စိတ်လှုပ်ရှားစေသည်။ ခမ်းနားထည်ဝါသော စကားလုံးများဖြင့် အလှဆင်ခြင်းမရှိသည့်အပြင် စာလုံးအမြောက်အမြား မပါဝင်ခဲ့ပေ။ သို့သော် ၎င်းသည် ဝမ်းနည်းမှုများကို ဖမ်းယူနိုင်ခဲ့သောကြောင့် သူမကို မည်သို့မျှ မတုန်လှုပ်ဘဲနေမည်နည်း။
ပြီးနောက် သူမသည် စိတ်အားထက်သန်စွာ မေးလိုက်သည်။
“ဒါကို ဘယ်သူရေးတာလဲ”
အစေခံသည် တုံ့ဆိုင်းနေသောကြောင့် အများအားဖြင့် အေးဆေးတည်ငြိမ်၍ ဂုဏ်သိက္ခာရှိသော သခင်မလေးနျဲ့သည် ဤလက်ရာမြောက်သော ကဗျာကို ရေးသားခဲ့သူနှင့် တွေ့ရန် အောက်ထပ်သို့ အမှန်ပြေးဆင်းလာခဲ့သည်။ ရွှယ်အန်းကို ပထမဆုံး မြင်တွေ့လိုက်သည်နှင့် သူမသည် ပို၍ပင် စိတ်လှုပ်ရှားသွားသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ အသွင်အပြင်နှင့် အမူအရာနှစ်မျိုးလုံးသည် ခြွင်းချက်မရှိသောကြောင့်ဖြစ်သည်။
သူသည် ထိုနေရာတွင် တိတ်တဆိတ် ရပ်နေသောအခါ “ကျောက်စိမ်းကဲ့သို့ ထူးခြားလှ၍ ကမ္ဘာပေါ်တွင် ပြိုင်ဆန်ရှားသူ" ဟူသော စကားစုနှင့်သာ သူ့ကို ဖော်ပြနိုင်သည်။ မျှော်လင့်ချက် ပျောက်ဆုံးနေသော သခင်မလေးနျဲ့၏ နှလုံးခုန်သံသည် တောရိုင်းသမင်တစ်ကောင် ပြေးလွှားနေသကဲ့သို့ ပြင်းထန်လာသည်။
“လူကြီးမင်း၊ ကျွန်မနဲ့ စကားပြောဖို့ အပေါ်ထပ်ကို လိုက်ခဲ့ပေးပါ”
ရွှယ်အန်းသည် ခေတ္တ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ”
သခင်မလေးနျဲ့သည် အလွန်ဝမ်းသာနေသော အမူအရာဖြင့် ရွှယ်အန်းနှင့် ဘေးချင်းယှဉ်ရပ်၍ လှေကားထစ်ပေါ်သို့ တက်လှမ်းသွားလေသည်။ ဒုတိယထပ်ရှိ ပုတီးစေ့ကုလားကာများနောက်တွင် ၎င်းတို့နှစ်ဦး ပျောက်ကွယ်သွားသည်နှင့် ခန်းမကြီးထဲက လူအများသည် တစ်ဦးကိုတစ်ဦး လှည့်ကြည့်၍ အားကျစွာ ဆွေးနွေးနေသည်။
“ကျုပ် ထင်ယောင်ထင်မှားဖြစ်နေတာလား။ သခင်မလေးနျဲ့က အောက်ထပ်ထိ တကယ် ဆင်းလာပြီး ဧည့်သည်ကို လာကြိုခဲ့တာလား”
“ဟိုတစ်ခါက ဘုရင်မင်းမြတ် ရောက်လာတဲ့အချိန်တုန်းကတောင် သူ ဒီလိုမဆက်ဆံခဲ့ဘူး”
“ကျွတ် ကျွတ်၊ အမြဲတည်ငြိမ်နေတဲ့ သခင်မလေးနျဲ့ကို အရမ်းစိတ်လှုပ်ရှားစေရအောင် ဒီလူငယ်တွေ ဘာရေးခဲ့တာလဲဆိုတာ ကျုပ် သိချင်မိတယ်"
ဤသို့သော ရေရွတ်သံများ ထွက်ပေါ်လာသည်။ ချန်ဟောက်စီ၏မျက်နှာတစ်ခုလုံး ပြာနှမ်းလာ၍ သူသည် စားပွဲထောင့်ကို မသိစိတ်ဖြင့် ဆုပ်ကိုင်မိသွားရာ၊ သံသစ်သားဖြင့် ပြုလုပ်ထားသော စားပွဲခုံလျှင်ပင် အရာထင်သွားလေသည်။ ထိုလူငယ်သည် သူ့ကို ရိုင်းစိုင်းစွာ ပြောဆိုပြီးနောက် သူ မျက်စိကျနေသော အမျိုးသမီးကိုပင် လုယူဝံ့ခဲ့သောကြောင့် ထိုလူငယ်ကို သုတ်သင်ပစ်ရပေလိမ့်မည်။ ထိုအတွေးများသည် ချန်ဟောက်စီ၏ နှလုံးသားထဲတွင် ရူးသွပ်စွာ အော်ဟစ်နေသည်။ တစ်ဖက်တွင်မူ ဟွီစန်းသည် နှုတ်ဖျား၌ ကြီးမားသော စကားလုံးတချို့ဖြင့် တုန်လှုပ်ချောက်ချားစွာ စိုက်ကြည့်နေခဲ့သည်။
'အံ့ဩစရာပဲ၊ အံ့ဩစရာကောင်းတယ်ဆိုတာ ဘာလဲ။ ဒါကအံ့ဩစရာကောင်းတာပေါ့'
ကြေးဒင်္ဂါးတစ်ပြားမျှ အသုံးမပြုဘဲ စာရွက်တစ်ရွက်ပေါ်တွင် စာတချို့ ရေးသားရုံဖြင့် နာမည်တစ်ခုဖြင့် ကျန်းတုကို လှုပ်ရှားနိုင်သည့် သခင်မလေးနျဲ့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖိတ်ခေါ်အောင် ပြုလုပ်နိုင်ခဲ့သည်။
'စိတ်ဓာတ်ရော ဣန္ဒြေရော ဘယ်လောက်ကြံ့ခိုင်လိုက်သလဲလို့'
ဟွီစန်းသည် ထိုအချိန်တွင် အံ့အားသင့်နေဆဲဖြစ်သော်လည်း ချန်းအာသည် အာရုံပြန်ကပ်လာသောကြောင်း မေးမြန်းလိုက်သည်။
“ကျွန်မတို့... ကျွန်မတို့သခင်လေးက အဲဒီအမျိုးသမီးနောက်လိုက်ပြီး ဘာလုပ်မလို့လဲ"
သူမ၏လေသံသည် အလျင်လိုမှုများဖြင့် ပြည့်နှက်နေသည်။
"ကဲပါ ကဲပါ ဘာမှစိတ်ပူမနေနဲ့ဘူး။ မင်းရဲ့သခင်လေး ဘာမှမဖြစ်ဘူး။ ဂုဏ်သိက္ခာရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ သခင်မလေးနျဲ့ကို ဆွဲဆောင်နိုင်တာက မင်းသခင်လေး ကံကောင်းလို့ပဲ။ သူတို့တွေ လက်ဖက်ရည်သောက်ပြီး စကားစမြည်ပြောကြမှာမို့လို့ လျှောက်တွေးမနေနဲ့” ဟွီစန်းသည် ချန်းအာကို လှည့်ကြည့်၍ ပြန်ဖြေလိုက်သည်။
“တကယ်လား” ချန်းအာသည် အနည်းငယ် မယုံကြည်မိပေ။
ဟွီစန်းက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တာပေါ့၊ အကုန်အမှန်တွေချည်းပဲ။ ဂုဏ်သိက္ခာရှိ အမျိုးသမီးဖြစ်တဲ့ သခင်မလေးနျဲ့က ငွေနဲ့ မလောက်လေးမလောက်စားလုပ်လိုရတဲ့ အခြားအမျိုးသမီးတွေနဲ့ အတူတူပဲလို့ ထင်နေတာလား။ သူက ဖူးစာရှင်ကို စောင့်နေတာမို့လို့ အခုအချိန်အထိ ဖြူစင်နေတုန်းပဲ၊ အခုက စကားစမြည်ပြောရုံပဲဆိုတော့ စိတ်ပူနေစရာမလိုပါဘူး"
သူ၏စကားများ မပြီးဆုံးသေးမီတွင် အစေခံတစ်ဦးသည် ဒုတိယထပ်ရှိ ဆိုင်းဘုတ်ကို အဖြူရောင်ပုဝါတစ်ထည်ဖြင့် ဖုံးအုပ်လိုက်ကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကို မြင်သောအခါ နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဟွီစန်း၏ မျက်လုံးများသည် ကျွတ်ထွက်လုနီးပါး ပြူးကျယ်သွားသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“ဘာဖြစ်တာလဲ” ချန်းအာက တုန်လှုပ်ချောက်ချားသော အသံဖြင့် မေးမြန်းလိုက်သည်။
ထိုအချိန်၌ ခန်းမထဲတွင် ဆွေးနွေးမှုများဖြင့် ဆူညံနေသည်။
“သေစမ်း၊ ကျုပ် မြင်နေတာမှန်ရဲ့လား ဂုဏ်သိက္ခာရှိ သခင်မလေးနျဲ့က လောကီဘဝကနေ ထွက်ခွာဖို့ တကယ် ဆုံးဖြတ်လိုက်တာလား”
“သူက ဟိုလူငယ်ကို ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် တိတ်တဆိတ် တောင်းဆိုနေတာပဲ”
“ဘုရားရေ၊ တရားမျှတမှုဆိုပြီး ကျန်ပါတော့မလား။ ဂုဏ်သိက္ခာရှိ သခင်မလေးနျဲ့က တကယ် လောကီဘဝကနေ ထွက်ခွာတော့မယ်”
သက်ပြင်းချခြင်းနှင့် အံ့အားသင့်စွာ ကြွေးကြော်သံများ ရောထွေးနေသည်။ အခြားတစ်ဖက်တွင် ချန်ဟောက်စီသည် အလွန် ဒေါသထွက်လာသောကြောင့် သူ့အရှေ့ရှိ စားပွဲကို လက်ဖဝါးချက်ဖြင့် ရိုက်ချိုးပြီးနောက် လူသတ်ချင်နေသည့် အမူအရာဖြင့် ထွက်ခွာသွားလေသည်။ ချန်းအာသည်လည်း ဤတီးတိုးသံများကို ကြားနေရသောကြောင့် အကြောင်းအရာများကို နားလည်သွားသည်။ သူမသည် ဝမ်းနည်းမှုလှိုင်းလုံးကြီး လွင့်စဉ်လာသကဲ့သို့ ခံစားလိုက်ရသည်။
“သခင်လေး... သခင်လေးက ဘာလုပ်မလို့..." သူမ၏ အသံတွင် ငိုရှိုက်သံများ ပါဝင်လာသည်။
အောက်ထပ်တွင် ထိုသို့ရုန်းရင်းဆန်ခတ်ဖြစ်နေချိန် ရွှယ်အန်းသည် ဒုတိယထပ်ရှိ အခန်းတွင် စိမ်ပြေနပြေ ထိုင်နေသည်။ ရွှယ်အန်း၏ အရှေ့တည့်တည့်တွင် ဂုဏ်သိက္ခာရှိ သခင်မလေးနျဲ့၏ မျက်နှာသည် မက်မွန်ပန်းပွင့်လေးနှင့် ဆင်တူပေသည်။ ၎င်းတို့သည် ပရောပရီပြုလုပ်နေသည့် မည်သည့်အရိပ်အမြွက်မျှမရှိဘဲ ရင်းနှီးကျွမ်းဝင်သည့် မိတ်ဆွေများနှင့် ဆင်တူပေသည်။ ပြီးနောက် သခင်မလေးနျဲ့သည် ခေါင်းငုံ့၍ လက်ဖက်ရည်သောက်နေသော ရွှယ်အန်းကို တိတ်တဆိတ် မော့ကြည်ကာ သူမ၏ နှလုံးခုန်သံများ ထိန်းမနိုင်သိမ်းမရဖြစ်နေသည်။
တစ်စုံတစ်ယောက်သည် လက်ဖက်ရည်သောက်နေရုံဖြင့် မည်သို့မျှ ဤမျှကြည့်ကောင်းနေရသနည်း။ သို့သော် သူသည် ယခုအချိန်အထိ မည်သို့ကြောင့် နှုတ်ဆိတ်နေရသနည်း။ မည်သို့ပင်ဆိုစေကာမူ၊ သူမနှင့် လာတွေ့သူများသည် သူနှင့် စကားတစ်ခွန်း ပိုပြောနိုင်စေရန် ဦးနှောက်ခြောက်သည်အထိ အမြဲတစေကြိုးစားကြသူများ မဟုတ်လေသလော။ မည်သို့ကြောင့် သူသည် အဆက်မပြတ် ခေါင်းငုံ့၍ လက်ဖက်ရည်သောက်နေရသနည်း။
'မဟုတ်မှလွဲရော လူငယ်ဆိုတော့ ရှက်နေလို့များလား၊ ဟုတ်လောက်တယ်၊ ဒါပဲဖြစ်ရမယ်'
ထိုသို့တွေးမိသောအခါ သခင်မလေးနျဲ့က မထိန်းချုပ်နိုင်ဘဲ ရယ်မောလိုက်မိသည်။
“ကျွန်မ ရှင့်နာမည်ကို မသိရသေးဘူးနော်”
“ရွှယ်အန်း”
“သခင်လေးရွှယ်၊ ဒီသီချင်းက ဒီနှစ်တွေအတွင်း တကယ်ရှားပါးတဲ့ ကျောက်မျက်ရတနာ တစ်ခုလို့ ဆိုလို့ရတယ်။ ဒါက လေးစားဖို့ကောင်းတဲ့ သခင်လေးရွှယ်ရဲ့ စာပေထက်မြက်မှုကို ပြသနေတာပဲ”
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးပြပြီးနောက် တိတ်ဆိတ်သွားပြန်သည်။ သခင်မလေးနျဲ့သည် အနည်းငယ် မငြိမ်မသက်ဖြစ်လာသောအခါ ရွှယ်အန်းက ပြောလိုက်သည်။
"လက်ဖက်ရည်က သောက်လို့ကောင်းပါတယ်”
သခင်မလေးနျဲ့က အံ့အားသင့်သွားသည်။ ဤသည်မှာ မည်သို့သော တုံ့ပြန်မှုဖြစ်သနည်း။ ပြီးနောက် ရွှယ်အန်းသည် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။
“ဒါဆို ကျုပ် သွားပါတော့မယ် သခင်မလေးနျဲ့”
ရွှယ်အန်းသည် ထိုသို့ပြောပြီးနောက် ထွက်ခွာရန်ဟန်ပြင်လိုက်သည်။ သခင်မလေးနျဲ့သည် လုံးလုံးလျားလျား အံ့အားသင့်သွားသည်။
'ဒါက ဘာကိုဆိုလိုတာလဲ'
“သခင်လေးရွှယ်၊ ဒါက ဘာအဓိပ္ပာယ်လဲ ကျွန်မ ရှင့်ကို တစ်ခုခု စော်ကားမိလို့လား” သခင်မလေးနျဲ့သည် နာကျင်မှုများကို ဖုံးကွယ်လျက် မေးမြန်းလိုက်သည်။
ရွှယ်အန်းသည် သခင်မလေးနျဲ့ကို လှည့်ကြည့်ပြီးနောက် ခပ်ဖျော့ဖျော့ပြုံး၍ ခေါင်းခါပြလိုက်သည်။
"သခင်မလေးနျဲ့က ကျုပ် ရှာနေတဲ့လူမဟုတ်လို့ပါ၊ ဒါပါပဲ”
အခန်း (၉၂၁) သန်းခေါင်ယံ ဖက်ထုပ်ဆိုင်
“တစ်ယောက်ယောက်ကို ရှာနေတာလား သခင်လေးက ဘယ်သူ့ကို ရှာနေတာလဲ"
“မိတ်ဆွေဟောင်းတစ်ယောက်ပါ”
“မိတ်ဆွေဟောင်းတစ်ယောက်" နျဲ့ယိဟန်က တီးတိုးရေရွတ်လိုက်သည်။
ရွှယ်အန်းသည် ထိုအချိန်တွင် လှည့်ထွက်သွားလေသည်။ နျဲ့ယိဟန်သည် အိပ်မက်မှ နိုးထလာသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားပြီးနောက် အလျင်အမြန် အော်ခေါ်လိုက်သည်။ "သခင်လေး၊ ကျေးဇူးပြုပြီး နေပါဦး”
“တခြားဘာပြောစရာရှိသေးလို့လဲ” ရွှယ်အန်းက လှည့်မကြည့်ဘဲ မေးလိုက်သည်။
နျဲ့ယိဟန်သည် အသက်ပြင်းပြင်းရှူပြီးနောက် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
“သခင်လေး ခုနက ခန်းမထဲမှာ တစ်ယောက်ယောက်နဲ့ စကားများခဲ့တယ် မဟုတ်လား”
ရွှယ်အန်းက အနည်းငယ် အံ့ဩသွားသည်။
“ချန်မိသားစုသခင်လေးကို ပြောနေတာလား”
နျဲ့ယိဟန်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်၊ သခင်လေးက အပြင်လူဆိုတော့ ဒီနယ်မြေက ချန်မိသားစုရဲ့လွှမ်းမိုးမှုကို နားမလည်တာ သဘာဝပါ။ ချန်မိသားစုက ဒီနေရာမှာ လူသိများတဲ့ ဒေသန္တရအာဏာရှင်လို့ ဆိုရမယ်၊ သခင်လေး စော်ကားလိုက်တဲ့ ချန်ဟောက်စီက ကြင်နာတတ်သူမဟုတ်တဲ့အပြင် မောက်မာရိုင်းစိုင်းတဲ့လူပဲ။ ဒီလိုမျိုး ထွက်သွားမယ်ဆိုရင် သခင်လေး ဒီည ဘေးကင်းကင်းနဲ့ မဖြတ်သန်းနိုင်မှာတောင် ကျွန်မ စိုးရိမ်မိတယ်"
ကျီလဲ့ခန်းမ၏ ထိပ်တန်း ကချေသည်ဖြစ်သည့် နျဲ့ယိဟန်သည် ဤနေရာ၏ ထွေပြား၍ ဖရိုဖရဲဖြစ်နေသော သဘာဝကို ကောင်းစွာနားလည်သည်။ ဤလွှမ်းမိုးချုပ်ကိုင်ထားသော မိသားစုများသည် မည်မျှ ကျိုးကြောင်းဆီလျော်မှုမရှိစွာ ပြုမူနိုင်ကြသည်ကို သူမ ကောင်းစွာသိရှိခဲ့သည်။ ထို့ကြောင့် အစေခံထံမှ အစီရင်ခံမှုကို ကြားသိပြီးသောအခါ သူမသည် နှလုံးသားထဲတွင် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရကာ ရွှယ်အန်းသည် အသက်ရှင်လျက် ရုန်းထွက်လာနိုင်ဖွယ်မရှိဟု ထင်မှတ်ခဲ့သည်။
သို့သော် နျဲ့ယိဟန်၏စကားကို ကြားသောအခါ ရွှယ်အန်း၏နှုတ်ခမ်းတွင် အပြုံးအရိပ်အမြွက်တချို့ ပေါ်ပေါက်လာသည်။
“အိုး၊ သူတို့က တော်တော်ကြောက်စရာကောင်းပုံပဲ”
ရွှယ်အန်း၏ အပြုအမူကို မြင်သောအခါ နျဲ့ယိဟန်သည် သူမ၏ခြေထောက်ကို ထပ်တလဲလဲ ဆောင့်နင်းလိုက်သည်။
“သခင်လေး၊ ကျွန်မ ရှင့်ကို နောက်ပြောင်နေတာမဟုတ်ဘူး။ ဒီကိစ္စက တကယ် အသေးအဖွဲမဟုတ်ဘူးနော်"
“သတိပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ သခင်မလေးနျဲ့။ ဒါပေမယ့် ကျုပ်မှာ ပြဿနာတစ်ခုရှိတယ်။ ကိစ္စတစ်ခုခုက ပိုပြီးအန္တရာယ်များလေ၊ ကျုပ် ပိုပြီးစမ်းကြည့်ချင်လေပဲ”
“ရှင်ကတော့..." နျဲ့ယိဟန်က စကားများဆွံ့အသွားပြီးနောက် သက်ပြင်းချလိုက်သည်။
“ရှင် ဘာကိုအားကိုးနေလဲဆိုတာ ကျွန်မ မသိဘူး၊ ဒါပေမယ့် လူ့အညစ်အကြေးတွေကြောင့် ရှင့်လိုအရည်အချင်းမျိုးနဲ့လူ ထိခိုက်နစ်နာသွားခဲ့ရင် ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုမျိုးဖြစ်လာမှာ မဟုတ်ဘူးလား”
“ဘယ်လိုအကြံပြုချင်လို့လဲ သခင်မလေး”
“သခင်လေး ဒီနေရာကနေ ထွက်သွားတာက အကောင်းဆုံး လုပ်ဆောင်မှုမျိုး မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ချန်ဟောက်စီ လက်လွတ်စပယ် မလှုပ်ရှားရဲတဲ့တစ်ခုတည်းသောနေရာက ဒီနေရာပဲ။ သခင်လေး၊ တစ်ယောက်ယောက်ကို ရှာနေတာမဟုတ်လား။ သူက ဘယ်လိုပုံစံမျိုးလဲဆိုတာ ကျွန်မကို ပြောပြပါ၊ အဲလူကို ကျွန်မ ရှာကြည့်ပါ့မယ်”
စကားပြောနေစဉ်တွင် နျဲ့ယိဟန်၏ ပါးပြင်များ အနည်းငယ် နီရဲလာ၍ သူမသည် ခေါင်းကို ဖြည်းညှင်းစွာ ငုံ့ချလိုက်သည်။ မည်သို့ဆိုသော် ရွှယ်အန်းသည် သူမကို ထူးဆန်းသော အပြုံးနှင့် ကြည့်နေသောကြောင့်ဖြစ်သည်။ ယင်းကြောင့် နျဲ့ယိဟန်၏ နှလုံးခုန်သံများ ပြင်းထန်လာ၍ တုန်လှုပ်ချောက်ချားမှုများ ခံစားခဲ့ရသည်။ ထိုသို့ပြောခြင်းအားဖြင့် သခင်လေးသည် သူမကို သိမ်ဖျင်းသောအမျိုးသမီးဟု ထင်မှတ်သွားမည်သလော။ သို့သော် ထိုသို့မပြောခဲ့ပါက သခင်လေးသည် အကြီးအကျယ် ဒုက္ခရောက်သွားမည် မဟုတ်လေသလော။ နျဲ့ယိဟန်သည် ထိုသို့တွေးတောနေစဉ် စိုးရိမ်ပူပန်မှုများဖြင့် ဒွိဟဖြစ်နေမိသည်။
ရွှယ်အန်းသည် ရယ်မော၍ ခေါင်းခါလိုက်သည်။
"ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ သခင်မလေးနျဲ့၊ ဒါပေမယ့် အခုအချိန်မှာ ကျုပ်ရှာနေတဲ့လူက ဘယ်လိုပုံစံလဲဆိုတာတောင် ကျုပ် မသိဘူး”
“ဒါဆိုရင် နာမည်ရောသိလား”
“ဒီလိုပဲ ပြောရအောင် သူ့နာမည်ရော ဘယ်လိုပုံစံရှိတယ်ဆိုတာအပြင် ယောက်ျားလား မိန်းမလားဆိုတာတောင် ကျုပ် မသိဘူး" ရွှယ်အန်းက ခေါင်းခါလိုက်သည်။
နျဲ့ယိဟန်သည် အံ့အားသင့်မှုကြောင့် မျက်လုံးများ ပြူးကျယ်လာသည်။
'ဘယ်သူက လူရှာရင် ဒီလိုမျိုးရှာလို့လဲ'
ရုပ်ရည်အသွင်အပြင် သို့မဟုတ် လိင်ကိုပင် မသိပါဘဲ မည်သို့စတင်ရှာဖွေနိုင်မည်နည်း။ နျဲ့ယိဟန်၏ အံ့အားသင့်မှုကို ခံစားလိုက်ရသဖြင့် ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ဒါပေမယ့် သူ ကျုပ်ရှေ့ကို ပေါ်လာသရွေ့ ကျုပ် သေချာ မှတ်မိမှာပါ”
ပြီးနောက် ရွှယ်အန်း၏အကြည့်များသည် နံရံများအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပုံဖြင့် ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာထိ လှမ်းကြည့်လိုက်သည်။
“သူ ဒီနေရာမှာ ရှိနေတာကို ကျုပ် ခံစားနိုင်တယ် သူ ဘေးကင်းနေဖို့ပဲ မျှော်လင့်မိပါတယ်၊ မဟုတ်ရင် တစ်စုံတစ်ယောက်တော့ လုံးဝ ရူးသွပ်သွားလိမ့်မယ့်။ အကျိုးဆက်ကို... ကျုပ်တောင် ရပ်တန့်နိုင်မှာ မဟုတ်ဘူး"
နျဲ့ယိဟန်သည် ထိုစကားများကို နားထောင်ပြီးနောက် တစ်ခုခုပြောရန်ဟန်ပြင်လိုက်သည်။ ရွှယ်အန်းသည် သူမကို အနည်းငယ် ဦးညွှတ်လိုက်သည်။
"ခင်ဗျားရဲ့ ကြင်နာမှုကို ကျုပ် မှတ်ထားပါ့မယ် သခင်မလေးနျဲ့။ နှုတ်ဆက်ခဲ့ပါတယ်”
ဤသို့ဖြင့် ရွှယ်အန်းသည် အခန်းထဲမှ ထွက်ခွာ၍ လှေကားသို့ ခေါင်းမော့လျက် ဆင်းသက်သွားလေသည်။ နျဲ့ယိဟန်သည် ရွှယ်အန်း၏ နောက်ကျောကို ငေးငိုင်စွာ စိုက်ကြည့်နေလျက် ရှုပ်ထွေးသော ခံစားချက်များကို ရောထွေးခံစားလိုက်ရသည်။ ဤလူငယ်သည် ဝန်ထုပ်ဝန်ပိုးများစွာကို ထမ်းထား၍ သူ၏ ပုံရိပ်သည် အထီးကျန်ဆန်လှသည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။ ဤသည်မှာ မရေတွက်နိုင်သော လျှို့ဝှက်ချက်များနှင့် ကြီးလေးသော ဆင်းရဲဒုက္ခများကို တွေ့ကြုံခြင်းမှ မွေးဖွားလာသည့် အစွဲကင်းမဲ့ခြင်းမျိုးဖြစ်လေသည်။ ဤပြင်းထန်သော အမြင်သည် နျဲ့ယိဟန်၏ သိချင်စိတ်ကို အလွန်နှိုးဆွစေခဲ့သည်။
'သူ တကယ်ပဲ ဘာတွေကိုတွေ့ကြုံခဲ့တာလဲ'
ထိုအချိန်တွင် ရွှယ်အန်းသည် လှေကားထစ်မှ ဆင်းလာလေသည်။ ထိုအချိန်တွင် ခန်းမအတွင်းရှိ လူများ ထွက်ခွာသွားကြပြီဖြစ်ရာ၊ ဟူစန်းနှင့် ချန်းအာတို့သာ ကျန်ရစ်ခဲ့သည်။ ရွှယ်အန်း အောက်ဆင်းလာကြောင်း မြင်လိုက်ရသောအခါ ဟွီစန်း၏ အမူအရာသည် ရုတ်တရက် အလွန်စိတ်လှုပ်ရှားလာသည်။
“အဟမ်း၊ လူငယ်တွေများ ပြင်းထန်လိုက်တာ။ ဘာလို့ဒီလောက်မြန်မြန်ဆင်းလာတာလဲ” ဟွီစန်းသည် ရွှယ်အန်း မကြားနိုင်ဘူးအထင်နှင့် တီးတိုးရေရွတ်လိုက်သည်။
သို့သော် ရွှယ်အန်းက အေးစက်သော အကြည့်ဖြင့် လှည့်ကြည့်လာသာအခါ ဟွီစန်းသည် သူ၏ကျန်စကားများကို မျိုချလိုက်သည်။
“သခင်လေး၊ အဲဒီနေရာမှာ... ဘာလုပ်နေတာလဲ” ချန်းအာက ဝမ်းနည်းစွာ မေးလိုက်သည်။
“လက်ဖက်ရည်တစ်ခွက်သောက်ပြီး စကားနည်းနည်းလောက် သွားပြောတာ” ရွှယ်အန်းက ဘာသိဘာသာ ပြန်ဖြေလိုက်သည်။
“ဒါပဲလား” ချန်းအာက ပဟေဠိဖြစ်စွာ မေးမြန်းလိုက်သည်။
“မဟုတ်ရင် ဘာလုပ်နေတယ်ထင်လို့လဲ” ရွှယ်အန်းက ချန်းအား၏ ဦးခေါင်းကို ခေါက်လိုက်သည်။
ချန်းအာသည် အနည်းငယ် နာကျင်သွားသော သူမ၏ခေါင်းကို ဖိအုပ်လိုက်သော်လည်း သူမ၏ ဒေါသထွက်နေသော အမူအရာသည် ပျော်ရွှင်မှုဆီ လျင်မြန်စွာပြောင်းလဲသွား၍ တခစ်ခစ်ရယ်မောလိုက်သည်။
"ကျွန်မက သခင်လေး အဲနေရာမှာညစာပါ စားခဲ့ပြီလို့ ထင်နေတာ”
"သွားရအောင်" ရွှယ်အန်းသည် မချိပြုံး ပြုံးပြလိုက်သည်။
“သခင်လေး၊ ကျွန်မတို့ ဘယ်သွားကြမှာလဲ”
“ထုံးစံအတိုင်း ညစာစားဖို့ပေါ့”
“အင်း အင်း” ချန်းအာသည် ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်သည်။
ပြီးနောက် ရွှယ်အန်းသည် ဘေးတွင်ရပ်နေသော ဟွီစန်းကို လှည့်ကြည့်လိုက်သည်။
“အစ်ကိုဟွီရော လိုက်ခဲ့ပါလား"
ဟွီစန်းက မှင်သက်သွားပြီးနောက် ရွှယ်အန်းကို အံ့အားသင့်မှုအပြည့်ဖြင့် ကြည့်လိုက်သည်၊ “ညစာကို ဘယ်မှာစားဖို့ စီစဉ်ထားတာလဲ”
“အပြင်ထွက်စားမှာပေါ့”
“ဒါပေမယ့် နျဲ့ယိဟန်က ခင်ဗျားကို ဘာမှမပြောဘူးလား။ အခုလေးတင် ချန်ဟောက်စီက ဒေါသတကြီး ထွက်သွားတာ။ သူ့စရိုက်အရ ခင်ဗျားကို သေချာပေါက် လွှတ်ထားမှာ မဟုတ်ဘူး။ လန်ကွေ့ရင်ပြင်ထဲမှာ လုံခြုံပေမယ့် အပြင်ထွက်သွားတာနဲ့ မနက်ဖြန်ထွက်မယ့် နေကို မြင်ရဖို့တောင် မသေချာလောက်ဘူးနော်” ဟွီစန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သို့သော် ရွှယ်အန်းသည် ထိုစကားများကို မကြားဟန်ဖြင့် ချန်းအာဘက်သို့ လှည့်ကြည့်လိုက်သည်။
“ချန်းအာ၊ ဒီလမ်းထဲ မရောက်ခင် ဝမ်သုန်ဆိုင်တစ်ဆိုင် တွေ့လိုက်တယ်။ အဲ့ဒီကို သွားရအောင်”
“ကောင်းပါပြီ၊ သခင်လေး”
ပြီးနောက် ရွှယ်အန်းသည် ချန်းအာကို အပြင်ဘက်သို့ ခေါ်သွားခဲ့သည်။ ဟွီစန်းသည် အံ့အားသင့်စွာ စိုက်ကြည့်နေသည်။ သူ၏ မျက်နှာတွင် တုံ့ဆိုင်းမှုရှိနေသော်လည်း နောက်ဆုံးတွင် ဟွီစန်းသည် ခြေထောက်ကို နာကြည်းစွာ ဆောင့်နင်းပြီးနောက် ၎င်းတို့အနောက်သို့ အမြန်လိုက်သွားလေသည်။
“ကျုပ်လည်း နည်းနည်းတော့ ဗိုက်ဆာနေတယ်၊ ဝမ်သုန်ပန်းကန်လောက်ဆိုလည်း မဆိုးပါဘူး”
“မကြောက်တော့ဘူးလား” ရွှယ်အန်းက သူ့ကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။
“ကြောက်တယ်၊ ဒါပေမယ့် လူကြီးလူကောင်းတစ်ယောက်နောက် လိုက်ချင်တော့ စွန့်စားရတာပေါ့။ ပြီးတော့ အဲ့ဆိုင်က ဝမ်သုန်တွေက အရသာတကယ်ရှိတာ"
“ကောင်းပြီလေ၊ ခင်ဗျားပြောခဲ့တဲ့ ဒီဝမ်သုန်တွေ ဘယ်လောက်ကောင်းလဲဆိုတာ ကြည့်ရတာပေါ့” ရွှယ်အန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ယခုအခါ သန်းခေါင်သို့ နီးကပ်လာသည်။ ကျီလဲ့ခန်းမတစ်လျှောက်ရှိ ဆောင်ကြာမြိုင်များနှင့် တေးသံအိမ်များသည် ပျော်ရွှင်မှုနှင့် ငြိမ်သက်မှုများအနက် နှစ်မြှုပ်နေလေသည်။ သို့သော် လမ်း၌ လမ်းသွားလမ်းလာများ မရှိသလောက် နည်းပါးပေသည်။ နွေဦးရာသီ၏ ထက်ဝက်ခန့်ကျော်လွန်နေပြီဖြစ်သော်လည်း ညဉ့်နက်လာသောအခါ အေးစက်မှုများရှိနေဆဲဖြစ်သည်။ ထိုအချိန်တွင် အငွေ့များ လွင့်ပျံ့နေသော ဝမ်သုန်ဆိုင်သည် အထူးတလည် အဖိုးတန်ပုံပေါ်သည်။ ဆိုင်ပိုင်ရှင်သည် ပင်ပန်းနွမ်းနယ်မှုကြောင့် ခါးကိုင်းနေသော အဘိုးအိုတစ်ဦးဖြစ်၍ ဟွီစန်းသည် ထိုအဘိုးအိုနှင့် အလွန်ရင်းနှီးပုံရသည်။
“အဘိုးကြီးလော့၊ ဝမ်သုန်သုံးပွဲလောက်”
ဆိုင်ပိုင်ရှင်က ဟွီစန်းကို ရုန်းကန်မော့ကြည့်ပြီးနောက် ရယ်မောလိုက်သည်။
“မင်း ဒီကို မလာတာတောင် တော်တော်ကြာပြီ ကောင်လေး။ ခါတိုင်းလိုပဲလား”
“ဟုတ်တယ်၊ အရသာနှစ်ဆထည့်ပေး”
ထိုအချိန်တွင် ဆိုင်ပိုင်ရှင်သည် ရွှယ်အန်းနှင့် ချန်းအာကို သတိပြုမိသွားသောကြောင့် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
“ကျေးဇူးပြုပြီး ထိုင်ကြပါ။ ခဏအတွင်း အဆင်သင့်ဖြစ်စေရပါမယ်”