← Chapters

အချိန်မှီယုံလေးပဲ

Vol. 34 Ch. 438

အချိန်မှီယုံလေးပဲ

Vol. 34 Ch. 438

ကပ္ပတိန်ရမ်ဇီကွမ်း အံ့ဩထိတ်လန့်သွား၏။

"ဘုရားရေ..ခုနက M နိုင်ငံက ရေငုပ်သင်္ဘောကို ငါ တို့ ဝင်တိုက်လိုက်တာပဲ... ဒီအကြောင်းကို နှစ်ဝက် ကြာအောင် ပြောနေလို့ ရပြီ..."

"ကပ္ပတိန်...ကျွန်တော်တို့ ဘာလုပ်ရမလဲ"

ဘေးနားက လူအများအပြားလည်း ကြောက်လန့် သွ ားကြသည်။ထိုသင်္ဘောက M နိုင်ငံရဲ့ ရေငုပ်သင်္ဘေ ာဖြစ်သည်။ ယနေ့ခေတ်တွင် M နိုင်ငံရဲ့ ရေတပ်က အလွန်အစွမ်းထက်ပြီး ဘယ်သူမှ သူတို့ရဲ့ မုတ်ဆိတ် ကို သွားမထိရဲကြပေ။

M နိုင်ငံရဲ့ အကြီးဆုံး ပဲ့ထိန်းဒုံးပျံ ပေါ်တွင် ဗိုလ်ချုပ် ဝေါ့ဒ်ဟောက်စ်က မှန်ဘီလူးကို ကိုင်ကာ အနည်းင ယ် ပျက်စီးသွားသည့် ရေငုပ်သင်္ဘောကို ကြည့်ပြီး ရပ်တန့်သွားတဲ့ ဘလူးဝေးလ်ကိုလည်း ကြည့်ကာ သူ့မျက်နှာတွင် ပျော်ရွှင်မှု အပြည့် ရှိနေသည်။

အခြား ကြီးမားသည့် သယ်ယူပို့ဆောင်ရေး သင်္ဘော များကို သူ မှန်ဘီလူးဖြင့် ကြည့်ပြီး သင်္ဘောပေါ်တွင် များပြားသည့် မီးခိုးနက်ရောင် သတ္တုအပိုင်းအစများ ကို မြင်တော့ သူ အနည်းငယ် စိတ်လှုပ်ရှားသွား၏။

ဒီတစ်ကြိမ်မှာ သူတို့ရဲ့ရည်ရွယ်ချက်က အလွန်ရှင်း လင်းလှသည်။ဒါက တန်ချိန် နှစ်သိန်းမှ သုံးသိန်း ကြားရှိ သတ္တုအပိုင်းအစများအတွက် ဖြစ်သည်။

ဒီသတ္တုအမျိုးအစားက အလွန်ထူးခြားပြီး ဝေါ့ဒ် ဟောက်စ်သာမက M နိုင်ငံ စစ်တပ်၏ အကြီးတန်း အရာရှိများကလည်း မနာလိုဖြစ်ကြရသည်။

ဒီလို မီးခိုးနက်ရောင် သတ္တုပမာဏများစွာကို ခေတ် မီ လက်နက်များနှင့် စက်ပစ္စည်းများတွင် အသုံးပြု မည်ဆိုလျှင် လက်နက်တွေရဲ့ စွမ်းဆောင်ရည်ကို လုံးဝ မြှင့်တင်နိုင်ပေမည်။ F35, B2 စသည်တို့တွင် အသုံးပြုမည်ဆိုလျှင် လက်တွေ့တိုးတက်မှုနူန်းက အသိသာကြီးပဲ ဖြစ်လိမ့်မည်။

"ဝဲလ်ဘက်... မင်းက တကယ့်ကို ပါရမီရှင်ပဲ... ဒီလို အံ့ဩစရာကောင်းတဲ့ စိတ်ကူးမျိုးကို ထုတ်နိုင်ပြီး ဒီ လို ရေကြောင်းမတော်တဆမှု့ကို ဖန်တီးနိုင်တယ်..."

သမရိုးကျ အခြေအနေတွင် ရေငုပ်သင်္ဘောတစ်စင်း အနည်းငယ် ပျက်စီးရုံဖြင့် ပြိုင်ဘက်ရဲ့ သင်္ဘောကြီ းငါးစင်းကို ထိန်းသိမ်းနိုင်ခြင်းက လွန်စွာ တန်ဖိုးရှိ ပေသည်။ဒါ့အပြင် သူတို့ပေါ်မှာလာ်း တန်ချိန် နှစ်သိ န်းမှ သုံးသိန်းကြားရှိ မီးခိုးရောင်နက်ရောင် သတ္တုမျ ားလည်း ပါဝင်နေသည်။

သူက ဝဲလ်ဘက်အမည်ရှိ ရေတပ်ကပ္ပတိန်ကို အသိ အမှတ်ပြုသည့် အကြည့်နဲ့ ကြည့်လိုက်၏။

ရေငုပ်သင်္ဘောကို အသုံးပြုပြီး ဘလူးဝေးလ်နှင့်သွာ း ရောက်တိုက်ခိုက်ပြီးနောက် ဘလူးဝေးလ်အပါ အဝင် စုစုပေါင်းသင်္ဘောငါးစင်းကို ထိန်းသိမ်းဖို့ အ ကြောင်းပြချက်ကို အသုံးပြုဖို့ စိတ်ကူးက ဝဲလ်ဘက် ရဲ့စိတ်ကူးပင် ဖြစ်သည်။

မှန်ဘီလူးဖြင့် ထပ်မံကြည့်ပြီးနောက် ဗိုလ်ချုပ်ဝေါ့ဒ် ဟောက်စ် အသံကျယ်ကျယ်နဲ့ အမိန့်ပေးလိုက်သ ည်။

"ကွန်မန်ဒိုနဲ့ ရဟတ်ယာဉ်များ အသင့်ပြင်..."

သူတို့ရဲ့နည်းလမ်းက ရှင်းလှသည်။ပထမဦးဆုံး အ မိန့်သံပြီးနောက် ကွန်မန်ဒိုတပ်ဖွဲ့က ရဟတ်ယာဉ်မှ ကြိုးဖြင့်ဆင်းကာ သင်္ဘောပေါ်သို့ တိုက်ရိုက်တက် ရောက်ပါမည်။

M စစ်တပ်ကလည်း အသံချဲ့စက်ဖြင့် အော်ဟစ်နေ သည်။

"အာရုံစိုက်ပေးပါ... ခင်ဗျားတို့က ကျွန်တော်တို့ရဲ့ ရေငုပ်သင်္ဘောတစ်စင်းကို တိုက်မိခဲ့ပြီ...ခင်ဗျားတို့ ကျွန်တော်တို့နောက်ကို လိုက်လာပြီး နောက်ထပ် စုံ စမ်းစစ်ဆေးမှုကို ခံယူရပါမယ်..."

သူတို့ထံ၌ စုံစမ်းစစ်ဆေးမှုကို ခံယူစေခြင်းက အ ကြောင်းပြချက်မျှသာဖြစ်ပြီး ရည်ရွယ်ချက်မှာ ဒီသ င်္ဘောများကို ပြန်ပေးဆွဲရန်သာ ဖြစ်ပေသည်။

"ကပ္ပတိန်...ကျွန်တော်တို့ ဘာလုပ်ရမလဲ"

ပင်လယ်ပြင်တွင် M နိုင်ငံရဲ့ စစ်သင်္ဘောခုနစ်စင်းက ဝိုင်းထားကြသည်။သူတို့က ကောင်းကင်ကို အော် ခေါ်လို့လည်းမရ မြေကြီးကို အော်ခေါ်လည်း မရ ဖြ စ်နေ၏။ အချို့သင်္ဘောသားများ တကယ်ကို ထိတ် လန့်သွားပြီး အလွန်ကြောက်ရွံ့နေသည်။

ကပ္ပတိန်ရမ်ဇီကွမ်းသာ တည်ငြိမ်ပြီး စိတ်အေးပုံ ရ သည်။ သူက တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက် သ ည်။

"အားလုံး..မထိတ်လန့်ကြနဲ့...မကြောက်ကြနဲ့...ငါ... သူဋေးလျူကို အရင် ဖုန်းဆက်ကြည့်အုံးမယ်..."

အရေးပေါ် အခြေအနေတစ်ခု ဖြစ်ပေါ်ပါက သူ့ကို တိုက်ရိုက် ဆက်သွယ်လာနိုင်တယ်လို့ လျူယောင် က မှာထားခဲ့သည်။

ကပ္ပတိန်ရမ်ဇီကွမ်းက ဂြိုလ်တုဖုန်းကို ကောက်ယူပြီ း လျူယောင်ကို တိုက်ရိုက်ခေါ်လိုက်ကာ အဖြစ်အ ပျက်ကို ပြောပြလိုက်သည်။

"သူဋေး.. ကျွန်တော်တို့ အရေးပေါ် အခြေအနေတ စ်ခု ကြုံနေရပါတယ်..."

သူ လက်ရှိအခြေအနေကို အတိုချုပ် ရှင်းပြနေကာ သူ့အသံက အလွန် တည်ညိမ်နေသည်။တကယ် တော့ သူ့ နှလုံးသားထဲကနေ အနည်းငယ် ထိတ်လန့် နေသည်။

စိတ်ထဲတွင် ထိတ်လန့်နေတယ်ဆိုရင် တောင်လုံးဝ ရှက်စရာမရှိပေ။ အလယ်အလတ်အင်အားရှိသည့် နိုင်ငံတစ်နိုင်ငံကပင် M နိုင်ငံမှ စစ်သင်္ဘော ခုနစ်စင်း နှင့် ရင်ဆိုင်ရသည့်အခါ ထိတ်လန့်မှာ သေချာပေသ ည်။

ဒါအပြင် သူတို့က သာမန်လူအုပ်စုဖြစ်သည်လေ။သူ တို့နောက်တွင် Universal သင်္ဘောအုပ်စု ရှိသည်ဆို လျှင်ပင် မလွယ်ကူပေ။

လျူယောင်က လူတိုင်းရဲ့ အခြေအနေကို နားလည် လိုက်ကာ နှစ်သိမ့်လိုက်သည်။

"အင်း ငါသိပြီ..မင်း အားလုံးကို စိတ်အေးအောင် လု ပ်ပေးပါ...စိတ်မပူနဲ့... M နိုင်ငံရဲ့ ရေတပ်ဖြစ်ရင်တေ ာင်မှ သူတို့ မင်းတို့ကို ဘာမှလုပ်လို့ မရပါဘူး..."

သူဋေးရဲ့ ခိုင်မာသည့် ယုံကြည်မှုကို ခံစားမိတာကြေ ာင့် ရမ်ဇီကွမ်း စိတ်သက်သာရာရသွားကာ ယခင် က အန္တရယ် အနည်းငယ်ကို ပြန်စဉ်းစားမိသည်။အ န္တရာယ်နှင့် ကြုံတွေ့သည့်အခါတိုင်း အခြားဘက်မှ သင်္ဘောများက အကြောင်းရင်းမရှိဘဲ နစ်မြုပ်သွားခဲ့ သည်လေ။

ဒီအကြံ ကပ္ပတိန်ရမ်ဇီကွမ်းစိတ်ထဲတွင် ပေါ်လာတာ နဲ့ သူက မျှော်လင့်ချက်အပြည့် ရှိလာသည်။

"အင်း..ဒီတစ်ကြိမ်လည်း အတူတူပဲ ဖြစ်ရမယ်... ဒါ ဆိုရင် ကြီးမားသည့် ပြပွဲတစ်ခုကို ကြည့်ကြစို့.. M နို င်ငံက စစ်သင်္ဘောခုနစ်စင်း ပင်လယ်ထဲ နစ်မြုပ်သွ ားတာကို ကြည့်ကြရတာပေါ့ကွာ. .."

ဒီအချိန်မှာ သူက စိတ်အားတက်ကြွလာပြီး ထိတ်လ န့်တာမျိုး မရှိတော့‌ပေ။နောက်ကျရင် အံ့ဩစရာတစ် ခုခုဖြစ်လာမှာမို့ လူတိုင်းရဲ့ စိတ်ကိုအေးစေသည်။

အချို့သက်တမ်းရင့်တဲ့ သင်္ဘောသားများကလည်း စိတ်လှုပ်ရှားလာသည်။သူတို့က အကြိမ်အနည်းငယ် အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့ခဲ့ရပြီး တစ် ဖက်လူရဲ့ သင်္ဘောများ နစ်မြုပ်သွားတာကို ကိုယ်တို င် မြင်တွေ့ခဲ့ကြရသည်။ဒီတစ်ကြိမ်လည်း အတူတူပဲ ဖြစ်ရင်‌ ကောင်းလိမ့်မည်။

M နိုင်ငံက စစ်သင်္ဘောပေါ်မှာတော့ ဆက်လက် အေ ာ်ဟစ်နေကြသည်။

အပြည့်အဝ အရှိန်ဖြင့် လိပ်ကြီးက ကူးခတ်လာနေ ပြီး အကွာအဝေးက မဝေးတော့ပေ။နောက် မိနစ်အန ည်းငယ်အတွင်း သူ ရောက်ရှိလာ‌တော့မည်။

မိနစ်အနည်းငယ်ကြာပြီးနောက် တတိယအမြင်ဖြင့် ပင်လယ်ပေါ်ရှိ အခြေအနေကို လျူယောင် ကြည့်လို က်သည်။သူ့ရဲ့သင်္ဘော ငါးစင်းကို အဖွဲ့လိုက် ဝိုင်း ထားပြီး အပြင်ဘက်တွင် M နိုင်ငံရဲ့ စစ်သင်္ဘော ခုန စ်စင်း ရှိနေသည်။

ဘလူးဝေးလ်နှင့် မလှမ်းမကမ်းတွင် M စစ်တပ်မှ နေ ာက်ထပ် ရေငုပ်သင်္ဘောတစ်စင်း ရေပေါ်သို့ ပေါ်လ ာပြီး အနည်းငယ် ပျက်စီးသွားပုံရသည်။

လိပ်ကြီးက သတိပေးလိုက်၏။

"သခင်ရ..ဒီလူတွေ သင်္ဘောပေါ် တက်တော့မယ် ထ င်တယ်"

"ဟူး အန္တရာယ်များလွန်းတယ်..."

လျူယောင် စိတ်ထဲကနေ တွေးလိုက်မိသည်။အက ၍ လိပ်ကြီးသာ သုံးလေးမိနစ် နောက်ကျမည် ဆိုလျှ င် အခြေအနေက ထိန်းချုပ်မရ ဖြစ်သွားနိုင်သည်။

M နိုင်ငံက လူတွေက သူတို့ရဲ့ သင်္ဘောပေါ်ကို ရော က်နှင့်ပြီး သင်္ဘောပေါ်က သင်္ဘောသားများကို ထိန်း ချုပ်လိုက်ပြီဆိုရင် ဒီလူတွေရဲ့ စစ်သင်္ဘောကို နစ် မြုပ်နိုင်ရင်တောင်မှ သင်္ဘောတွေ ပြန်ပေးဆွဲခံရမယ့် ကံကြမ္မာကို မပြောင်းလဲနိုင်တော့ပေ။

"ဒါပေမဲ့ အခု အချိန်မနှောင်းသေးဘူး..."

သူတို့က သင်္ဘောပေါ် တက်ဖို့ပြင်နေတာဖြစ်ပြီး မတ က်ရသေးပေ။ရဟတ်ယာဉ်က စတင် လည်ပတ် နေ ပြီဖြစ်သော်လည်း သင်္ဘောပေါ် တက်ရောက်မည့် M နိုင်ငံမှ ကွန်မန်ဒိုများက ရဟတ်ယာဉ်ပေါ် မတက်ရ သေးပေ။

လျူယောင် စိတ်သက်သာရာရသွားပြီး ပြောလိုက် သည်။

"ငါ့ကောင်ကြီး...မင်းက တကယ်ကို အချိန်မှီ ရော က်လာတာပဲ.."

လိပ်ကြီးက စိတ်အားထက်သန်နေပြီး မေးလိုက်၏။

"ကျွန်တော် ဘယ်သင်္ဘောကို အရင်ဆုံး နစ်မြုပ်ပစ်ရ မလဲ..သခင်ရ"

"ပထမဆုံး အဲဒီရေငုပ်သင်္ဘောကို နှစ်ချက်လောက် ဖောက်လိုက်...ပြီးရင်... အကြီးဆုံး စစ်သင်္ဘောကို န စ်မြုပ်ပေး...မှတ်ထား.မင်း..မြန်မြန်ဆန်ဆန် လုပ်မှရ မယ်နော်...."

လျူယောင် ချက်ခြင်းပဲ အမိန့်ပေးလိုက်သည်။

လိပ်ကြီး ရင်ဆိုင်ရသည်မှာ အဆင့်မြင့်နည်းပညာ သုံး ခေတ်မီစစ်သင်္ဘောခုနစ်စင်းပဲ ဖြစ်သည်။သူတို့ က အဆင့်မြင့် စက်ပစ္စည်းများ တပ်ဆင်ထားပြီး တ န်ချိန် ၁၀၀၀ ကျော်ရှိသည့် လိပ်ကြီးအတွက် အန္တရာ ယ်ဖြစ်စေနိုင်ပေသည်။

လျူယောင်ရဲ့ ရည်ရွယ်ချက်က ရှင်းလှ၏။တစ်ဖက် လူ မတုံ့ပြန်နိုင်မီ စစ်သင်္ဘောများစွာကို နစ်မြုပ်စေရ န် ဖြစ်သည်။

ပထမဆုံးအနေဖြင့် ရေငုပ်သင်္ဘော ဖြစ်ရမည်။ထို ရေငုတ်သင်္ဘောက အနည်းငယ်သာ ပျက်စီးပြီး တို က်ခိုက်ရေးစွမ်းရည်မှာထိခိုက်ခြင်းမရှိပေ။ အဲဒါက လိပ်ကြီးအတွက် အကြီးမားဆုံး အန္တရာယ်ကို ဖြစ် ပေါ်စေလိမ့်မည်။

ဒုတိယအနေဖြင့် တန်ချိန် အများဆုံးရှိသည့် စစ်သ င်္ဘောပင်။အဲ့ဒါကလည်း ပဲ့ထိန်းဒုံးပျံပစ် ဖြစ်နိုင်ပြီး စစ်သင်္ဘောအုပ်စုရဲ့အဓိကသင်္ဘောလည်း ဖြစ်နိုင်၏ ။

သူခိုးကို အရင်ဖမ်းရမည်ဆိုသည့် သဘောတရားကို လျူယောင် သိပေသည်။

"ဟားဟား စစ်သင်္ဘော ခုနစ်စင်း စုစုပေါင်း ..ငါ့အ ကြိုက်ပဲ ."

လိပ်ကြီးက အလွန်စိတ်လှုပ်ရှားနေ သည်။အားလုံး ကို ချိုးဖဲ့နိုင်မယ်ဆိုရင်ဘယ်လောက်တောင် ပျော် စရာကောင်းလိုက်မည်နည်း။

"ငါ့ကောင်ကြီး.. မင်းရဲ့..ဘေးကင်းရေးကို သတိထာ း အရှိန်မြှင့်လုပ်..."

"အိုဘောသခင် "

လိပ်ကြီးက သူ့ရဲ တန်ချိန် ၂၀၀ ရှိသည့် ဧရာမလှံကို ကိုင်ပြီး ရေငုပ်သင်္ဘောဆီသို့ ကူးခတ်သွား၏။ရေငု ပ်သင်္ဘောရဲ့ အောက်ခြေသို့ သူရောက်လာပြီး ဧရာ မလှံဖြင့် ပြင်းထန်စွာ ထိုးထည့်လိုက်သည်။

"ဗြုန်း..."

ရေအောက်တွင် တိုးညှင်းသည့် အသံ ထွက်ပေါ် လာ ၏။လှံက တန်ချိန် နှစ်ရာကျော် အလေးချိန်ရှိပြီး လိ ပ်ကြီးရဲ့ ကြီးမားသည့် ခွန်အားအောက်တွင် ရေငုပ် သင်္ဘောကိုယ်ထည်ကို အလွယ်တကူ ထိုးဖောက် ဝင် ရောက်သွားကာ အလွှာများစွာကို ဖြတ်သွား၍ အန က်က အနည်းဆုံး ခုနစ်မီတာ ရှစ်မီတာခန့် ရှိပေသ ည်။

" ဘာဖြစ်တာလဲ..ဟ "

ရေငုပ်သင်္ဘောထဲမှ လူတွေက တုန်ခါမှုကို ခံစားလို က်ရ၏။ဒါပေမဲ့ ဘာဖြစ်နေလဲဆိုတာကို သူတို့ နားမ လည်နိုင်ကြပေ။

" ဗြုန်း..."

သူတို့ သတိပြန်ဝင်ခင် နောက်ထပ် တိုးညှင်းသည့် အ သံတစ်သံ ထွက်ပေါ်လာကာ သူတို့အားလုံး တုန်လှု ပ်သွားကြသည်။

လူတစ်ယောက်က ထိတ်လန့်စွာ မြင်လိုက်သည်မှာ ထူထဲပြီး ချွန်ထက်သည့် ဆလင်ဒါပုံစံ သံမဏိတိုင် ကြီးက အပြင်ဘက်ကနေ အတွင်းသို့ ထိုးဖောက် ဝင် ရောက်လာပြီး လျင်မြန်စွာ ပြန်ဆွဲထုတ်သွားတာကို တွေ့လိုက်ရသည်။အဲ့ဒါကြီးက အပေါက်ကြီး ဖြစ်လ ာကာ ပင်လယ်ရေများ အလျှံအပယ် ဝင်ရောက်လ ာတော့သည်။

" ဘုရားရေ...ဒါကြီးက...ဘာကြီးလဲဟ "

ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ လူတွေအကုန် ဆွံ့အသွ ားပြီး သူတို့ကိုယ် သူတို့ အပ်နဲ့ စိုက်ခံရသလိုမျိုး ဖြစ်သွားကြ၏။

All Chapters