← Chapters

လိပ်ကြီးရဲ့ စွမ်းဆောင်ရည်

Vol. 34 Ch. 439

လိပ်ကြီးရဲ့ စွမ်းဆောင်ရည်

Vol. 34 Ch. 439

M နိုင်ငံရဲ့ ရေငုပ်သင်္ဘောပေါ်မှ တပ်သားက သတိဝ င်လာကာ ကြောက်လန့်တကြား အော်ဟစ်ပြီး တတ် နိုင်သမျှ အမြန်ဆုံး ပြေးသွားကြသည်။

သူ့တို့နောက်မှာ ပင်လယ်ရေများ လှပစွာရှိ‌ပန်းထွက် နေ‌သော်လည်း ခုချိန်မှာတော့ အသုံးမဝင်တော့ပေ။ ထို ပင်လယ်ရေအများအပြားက သူ့တိုကိုပါ တခါ တည်း ဝါးမြိုသွားသည်။

"ငါ့ကောင်ကြီး...ရပြီ..နောက်တစ်စင်း ဆီကိုသွား.."

လိပ်ကြီးက ရေငုပ်သင်္ဘောကို ထိုးဖောက်‌နေတာကို လျူယောင် ကြည့်နေသည်။ တခါတည်းနှင့် အပေါ က်ကြီး ၃ ပေါက် ဖြစ်သွားတာကို မြင်တော့ လုံလော က်ပြီလို့ ခံစားလိုက်ရသည်။

နောက် သုံးလေးမိနစ်ဆို ဒီရေငုပ်သင်္ဘောက ပင်လ ယ်ထဲတွင် နစ်မြုပ်ပြီး လုံးဝ မြုပ်သွားပေလိမ့်မည်။

လိပ်ကြီးက လျင်မြန်စွာ ကူးခတ်လာပြီး တန်ချိန် ၁၀ ,၀၀၀ အလေးချိန်ရှိသော ဒုံးပျံတင် သင်္ဘောအောက် ကို ရောက်လာ၏။အချိန်ကတန်ဖိုးရှိတာကို သူ သိ နေသည်။M နိုင်ငံသားများ တုံ့ပြန်မှုမရှိခင် တတ်နိုင် သမျှ စစ်သင်္ဘောများကို သူ ထိုးဖောက်ရပေမည်။

ဖောက်ပြီးသား ရေငုပ်သင်္ဘောကို ဂရုမစိုက်တော့ဘဲ တန်ချိန် ၂၀၀ ကျော်အလေးချိန်ရှိသော လှံကြီးကို ကိုင်ကာ စစ်သင်္ဘောအောက်ခြေကို အားဖြင့် ထိုး ထည့်လိုက်သည်။

"ဒိန်း..."

သင်္ဘော၏အောက်ခြေမှ တိုးညှင်းသော အသံတစ် သံ ထွက်ပေါ်လာကာ လှံဖျားက ပေသုံးဆယ်ကျော် အနက်ကို ထိုးဖောက်သွား ခဲ့သည်။အလွှာများစွာကို ထိုး ဖောက်သွားတယ်လို့ လိပ်ကြီး ခံစားလိုက်ရသ ည်။

သည်းမခံနိုင်တော့ပဲချက်ချင်းဆိုသလိုပင် သူက လှံ ကြီးကို ပြန်ဆွဲထုတ်ပြီး ဒုတိယ၊ တတိယအကြိမ် ထ ပ်လုပ်လိုက်သည်။

လိပ်ကြီးက လောဘမကြီးပဲ အမြန်ထိုးပြီးနောက် လျူယောင် သတိပေးရန်လည်းမတောင်းဆို‌ တော့‌ ပေ။

စစ်သင်္ဘောအောက်ခြေကိုအပေါက်ကြီး ငါးပေါက် ဖြစ်အောင်အမြန်ထိုးပြီးနောက် လှံကြီးကို ဆွဲထုတ် ကာ အနီးဆုံးမှာရှိတဲ့ စစ်သင်္ဘောအောက်ခြေကို လျ င်မြန်စွာ ကူးခတ်သွားသည်။

ဒါက အလွန် အဆင့်မြင့်ပြီး တန်ဖိုးကြီးတဲ့ ဒုံးပျံဖျက် သင်္ဘောဖြစ်ကာ M နိုင်ငံ၏ အဓိကတိုက်သင်္ဘောမျာ းထဲမှ တစ်စီး ဖြစ်ပေသည်။

"ဘယ်လောက်ပဲတန်ဖိုးကြီးပါစေ..."

လိပ်ကြီးက သူ့ရဲ့လှံကြီးကို ဝှေ့ယမ်းပြီး အားနဲ့ထိုး ထည့်လိုက်သည်။

တန်ချိန် ၁၀,၀၀၀ အလေးချိန်ရှိသော ဒုံးပျံတင် တို က်သင်္ဘောအကြောင်း ပြောရမည်ဆိုလျှင် ဗိုလ်ချုပ် ဝေါ့ဒ်ဟောက်က အချိန်ကိုကြည့်ပြီး အချိန်တန်ပြီလို့ သူ ခံစားရသည်။သူက ကွန်မန်ဒိုများကို ရဟတ်ယာ ဉ်ပေါ်မှ ဆင်းရန် အမိန့်ပေးလိုက်ပြီး ထို ကွန်မန်ဒိုမျ ားက ဘလူးဝေးလ်ပေါ်ကို ကြိုးဖြင့်ဆင်းကာ ထိန်း ချုပ်ထားနိုင်တော့မှာပဲ ဖြစ်၏။

ရုတ်တရက်...

သင်္ဘော၏ ကိုယ်ထည်မှ အနည်းငယ် တုန်ခါမှုတစ်ခု ကို သူ ခံစားရပြီး သင်္ဘောအောက်ခြေမှ တိုးညှင်း သောအသံ ထွက်ပေါ်လာပုံရသည်။

ဗိုလ်ချုပ်ဝေါ့ဒ်ဟောက်ရဲ့ မျက်နှာအမူအရာက ချက် ခြင်းပဲ ပြောင်းလဲသွားသည်။

"ဘုရားရေ... ဘာနည်းလမ်းမှ မရှိတော့ဘူးလား..."

သူ အလွန်စိုးရိမ်လာ၏။ ဗိုလ်မှူးချုပ်တစ်ယောက် အနေနဲ့ သူက စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအချို့ ကို ဖတ်ခဲ့ဖူးသည်။E နိုင်ငံ ရေတပ်ရဲ့ သင်္ဘောများ နစ်မြုပ်မှုမတိုင်မှီတွင် သင်္ဘောအောက်ခြေမှ မကြာ ခဏ တိုးညှင်းသောအသံ ထွက်ပေါ်လာပြီး သင်္ဘော တစ်စီးလုံး ရေလွှမ်းသွားကာ နောက်ဆုံးမှာနစ်မြုပ် သွားရသည်။

သူ တွေးနေစဥ်မှာပဲ သင်္ဘောအောက်ခြေမှ တိုးညှင်း သောအသံ နောက်ထပ်တစ်ကြိမ် ထွက်ပေါ်လာရာ ဗိုလ်ချုပ်ဝေါ့ဒ်ဟောက်စ်ရဲ့ မျက်နှာက ထပ်မံပြောင်း လဲသွားသည်။

သူ အော်ဟစ်ကာ ပြောလိုက်၏။

"အောက်မှာ ဘာတွေရှိနေတာလည်း.."

တခြားသူတွေကမူ အံ့အားသင့်နေကြသည်။တချို့ ကတော့ ငါတို့သင်္ဘောအောက်ခြေမှာ ဘယ်လိုလုပ် တစ်ခုခု ရှိနိုင်မှာလဲလို့ တွေးနေကြပုံရသည်။

"ဒိန်း .."

ထိုအချိန် သင်္ဘောအောက်ခြေမှ နောက်ထပ် တိုးညှင် းသောအသံတစ်ခု ထွက်ပေါ်လာပြီး ဗိုလ်ချုပ်ဝေါ့ဒ် ဟောက်စ်ရဲ့မျက်နှာက ထပ်မံပြောင်းလဲ သွားပြန်သ ည်။

လူတိုင်းတုံ့ပြန်မူ မရှိတာကို မြင်တော့ သူက ဒေါသ ထွက်ပြီး အော်ဟစ်ကာ အမိန့်ပေးလိုက်၏။

"အော်တို ဂျင်နရေတာကိုဖွင့်...အမြန်လုပ်.. အမြန် လုပ်...မင်းမားမား#"

တခြားသူများက နောက်ဆုံးတွင် အာရုံပြန်စုစည်း လိုက်ကြကာ လည်ပတ်နေတဲ့ ဆိုနာကိုဖွင့်လိုက် သ ည်။ဒါပေမဲ့ တစ်စုံတစ်ယောက်က ချက်ချင်းပြောလို က်သည်။

"ဒါက အလုပ်မလုပ်‌တော့ဘူး... အသုံးမပြုနိုင်တော့ ဘူးဗျ.. "

"ငါတို့က ဘယ်လိုတောင် ကံမကောင်းတာလဲ"

လိပ်ကြီးက ပေါ့ပေါ့တန်တန် အနည်းငယ် ထိုးလိုက် သည်နှင့် ဒီစစ်သင်္ဘောရဲ့ အရာများစွာကို ဖျက်စီး ဖြိုခွင်းပစ်လိုက်ပုံရသည်။ထိုထဲမှ အော်တို ဆိုနာ စ နစ်လည်း ပါပေသည်။

"ဘာ...မရတော့ဘူးလား "

အော်တိုမောင်းနှင်တဲ့ ဆိုနာကပျက်စီးသွားပြီး အသုံး ပြုလို့ မရနိုင်တော့ပေ။

"ရေနက်ဗုံးကိုချ...ရေနက်ဗုံးတွေကိုချလိုက်... ခု... မြ န်မြန်လုပ်.."

ရေအောက်ထဲမှာ တစ်ခုခုရှိ‌နေတယ်ဆိုတာ တစ်ရာ ခိုင်နှုန်းအားနီးပါး သေချာပေမဲ့ ဒါက ဘာလဲဆိုတာ ကို သူတို့ မသိကြပေ။

စစ်သင်္ဘောပေါ်မှ ရေတပ်သားများက ရေနက်ဗုံးများ ကို အလျင်စလို စတင် ချလိုက်ကြသည်။

"မကောင်း တော့ဘူး ...ကျွန်တော်တို့ရဲ့စစ်သင်္ဘော ကရေလွှမ်းနေပြီ...ပင်လယ်ရေအများကြီးစီးဝင်နေပြီ..."

"ဘာ..."

"တကယ်မြုပ်နေပြီလား.."

"ဒီစစ်သင်္ဘောက နစ်မြုပ်တော့မှာလား.. "

"ဒိန်း...ဒိန်း.. ဒိန်း "

ထိုအချိန် ကျယ်လောင်သောဆူညံသံများက ဗိုလ်ချု ပ်ဝေါ့ဒ်ဟောက်ရဲ့ အတွေးများကို ဖြတ်တောက်လို က်ရာ ကယ်ဆယ်ရေးလှေနဲ့ထွက်ပြေးရန် ပြင်ဆင် ဖို့အတွက် သူက အလျင်စလို ထွက်ခွာသွားသည်။

ထိုကျယ်လောင်သောအသံကိုကြားတော့ သင်္ဘော သားအကုန်လုံး နီးပါးက အံ့ဩသွားကြသည်။

"M နိုင်ငံသားရဲ့စစ်သင်္ဘောက ဘာလုပ်နေကြတာလဲ ..ဒီလူတွေ ပင်လယ်ထဲကို ဗုံး‌တွေပစ်ချ နေတာဖြစ်မ ယ်..."

ကပ္ပတိန်ရမ်ဇီကွမ်းက မှန်ဘီလူးဖြင့် လှမ်းကြည့်လို က်ပြီး ချက်ချင်း ပြုံးလိုက်ကာ စိတ်သက်သာရာ ရ သွား၏။သူက အသံကျယ်ကျယ်နဲ့ အော်ပြောလိုက် သည်။

"ဟားဟား... ငါမှန်းတာမမှားရင် ဒီလူတွေရဲ့စစ်သ င်္ဘောက နစ်မြုပ်တော့မှာ အခု သူတို့ လှုပ်ရှားနေကြ ပြီ..."

"တကယ်လား..."

"ဒီလောက်ကြီးတဲ့စစ်သင်္ဘောက တကယ်နစ်မြုပ် တော့မှာလား..."

"အရမ်းကောင်းတယ်ဗျာ.."

ဘလူးဝေးလ်ပေါ်မှ သင်္ဘောသားများ တစ်ဦးပြီး တ စ်ဦး ထရပ်လိုက်ကြသည်။ဘလူးဝေးလ်ပေါ်မှ သ င်္ဘောသားများသာမက တခြားသင်္ဘောများမှ သ င်္ဘောသားများလည်း ပါဝင်ပေသည်။

"ကပ္ပတိန်..ဟို ရေငုပ်သင်္ဘော ဘာဖြစ်သွားပြီလဲ ကြ ည့်လိုက်အုံး...."

ရေငုပ်သင်္ဘောက ဘလူးဝေးလ်နှင့် အလွန်နီးကပ် နေပြီး မှန်ဘီလူးမပါရင်‌တောင်ရှင်းရှင်းလင်းလင်း မြင်နေရသည်။

"လခွမ်း...နစ်မြုပ်တာမြန်လိုက်တာ..."

အများစုကနစ်မြုပ်သွားနေပြီး ထွက်ပေါက်ကလည်း ပင်လယ်ရေနဲ့ နစ်မြုပ်လုနီးပါး ဖြစ်နေ၏။

ထွက်ပေါက်မှ လွတ်မြောက်လာသော ရေငုပ်သင်္ဘေ ာသား သုံးလေးဦးသာရှိသည်။သူတို့က အတွင်းထဲ မှ ရေတပ်သားတစ်ဦးကို ထွက်ပေါက်မှ အသည်းအ သန် ဆွဲထုတ်နေကြသည်။

တခြားလူများ လွတ်မြောက်ရန်ကမူ ကောင်းကင်ဘုံ ကို တက်သကဲ့သို့ ခက်ခဲလှ၏။

ကပ္ပတိန်ရမ်ဇီကွမ်း တစ်ချက်ကြည့်ပြီးတော့ သူ့လ က်ကိုဝှေ့ယမ်းကာ ပြတ်သားသော ဆုံးဖြတ်ချက်ချ ၍ အမိန့်ပေးလိုက်သည်။

"သွားကြစို့...ငါတို့ ဒီကနေ အရှိန်အပြည့်နဲ့ ထွက်သွား ရအောင်..."

ဒီရူပ်ထွေးနေမူကို အခွင့်ကောင်းယူပြီး M နိုင်ငံရဲ့စ စ်သင်္ဘောများရဲ့ လက်ထဲမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားတာက အကောင်းဆုံးရွေးချယ်မှုဖြစ်သ ည်မို့ သူတို့က တတ်နိုင်သမျှ အမြန်ဆုံးပြေးရပေမ ည်။ဒီလူတွေကို ဂရုစိုက်ဖို့ အချိန်မရှိပေ။

မီတာသောင်းချီနက်သော ပင်လယ်အောက်ခြေမှာ တော့....

လိပ်ကြီးက ဒုံးပျံဖျက်သင်္ဘောကို အပေါက်ကြီး အ နည်းငယ်ကိုဖောက်လိုက်ပြီးနောက် သူ အံ့ဩတုန် လှုပ်သွားသည်။

"သောက်ပလုတ်တုတ်...လန့်ထှာ.. "

ကျယ်လောင်သောပေါက်ကွဲသံက သူနဲ့မီတာ နှစ်ရာ သုံးရာသာကွာဝေးနေ၏။

အကွာအဝေးက မနီးပေမယ့်အားကောင်းလွန်းတာ ကြောင့် လိပ်ကြီးက အနည်းငယ် မသက်မသာ ခံစာ းလိုက်ရသည်။

လျူယောင်က ချက်ချင်းပဲ သတိပေးလိုက်၏။

"ငါ့ကောင်ကြီး...မင်းခုနက အပေါက်ကြီးအနည်းင ယ် ထိုးလိုက်တဲ့ အကြီးဆုံးစစ်သင်္ဘောက ပင်လယ် ထဲကို ရေနက်ဗုံးတွေ ချလိုက်တာမို့လို့...သတိထားပြီ း မင်းရဲ့ အကွာအဝေးကို ထိန်းထား..."

"အိုး အိုကေဘာသခင် "

လိပ်ကြီးက မီတာထောင်နဲ့ချီ ကူးခတ်လာကာ M နို င်ငံရဲ့တခြားစစ်သင်္ဘောတစ်စင်းအောက်သို့ ရောက် လာသည်။

ဒါက အပြင်ဘက်ဆုံးမှာရှိတဲ့ စစ်သင်္ဘောဖြစ်ပြီး ဒုံး ပျံတင်သင်္ဘောနဲ့ အဝေးဆုံးတွင်ရှိနေသည်။ကျယ် လောင်သောအသံရှိသော်လည်း လိပ်ကြီးအပေါ်မှာ တော့ အနည်းငယ်သာ အကျိုးသက်ရောက်မှု ရှိ ပေသည်။

" ဗြုန်း."

လိပ်ကြီးက သူ့ရဲ့လှံကြီးကို ကောက်ကိုင်ပြီး ထိုစစ် သင်္ဘောကြီးကို အပေါက်ကြီးတစ်ပေါက် စထိုးလိုက် ပြီးနောက် ခုနစ်ပေါက် ရှစ်ပေါက် ထိထိုးပြီးမှသာ ရပ်တန့်လိုက်၏။

"သခင်ရ.. နောက်တစ်စီးက ဘယ်တစ်စီးလဲ...ကျ နော် အဲဒါကို ...ဇကာဖြစ်အောင် လုပ်ပစ်မယ်..."

ပင်လယ်ပြင်ပေါ်မှ အခြေအနေကို လျူယောင် ကြ ည့်လိုက်သည်။ရေငုပ်သင်္ဘော နစ်မြုပ်သွားပြီးအ ကြီးဆုံး ဒုံးပျံတင်သင်္ဘောလည်း နစ်မြုပ်နေကာ ဒုံ းပျံဖျက်သင်္ဘောလည်း အတူတူပင်။

စုစုပေါင်း စစ်သင်္ဘော ကြီးသုံးစီး ထိုးဖောက်ခံရကာ ပင်လယ်အောက်ခြေကြမ်းပြင်သို့ နစ်မြုပ်ဖို့ အချိန် အနည်းငယ်သာ လိုတော့သည်။

သူတို့က ရေအောက်မှ လိပ်ကြီးကို ရှာတွေ့သွားမလ ားဆိုတာကို လျူယောင်အနည်းငယ်စိုးရိမ်နေမိသ ည်။

လိပ်ကြီးကိုသာ ရှာတွေ့ပါက နည်းနည်းရှုပ်ထွေးသွ ားပေလိမ့်မည်။

"လောလောဆယ် ငါစိတ်မပူဘူးကွာ ...ဒီကောင်တွေ လိပ်ကြီးကို ..ရှာတွေ့နိုင်မယ့်အချိန်အထိ.. စောင့်ရုံ ပဲ.."

လျူယောင် ညွှန်ကြားလိုက်၏။

“မင်းရဲ့ ညာဘက်ရှေ့ မီတာ ၄၀၀ ခန့်မှာ စစ်သင်္ဘော ရှိတယ်...သွားပြီးမြုပ်ပစ်လိုက်.. "

အထူးသဖြင့် ဒီစစ်သင်္ဘောပေါ်တွင် ဒုံးပျံပစ်လွှတ် စနစ်များ အများအပြားရှိတာကြောင့် ထိုစစ်သင်္ဘော က အလွန်အဆင့်မြင့်ပြီးတန်ဖိုးကြီးပုံရသည်။

တခြားလူများက လွယ်ကူသောအရာများကို ပြုလုပ် ရန် အရင် ရွေးချယ်ကြသော်လည်း လျူယောင်က တော့ တန်ဖိုးကြီးတဲ့ M နိုင်ငံမှ စစ်သင်္ဘောများကို စ တင်ရွေးချယ်နေသည်။

လျူယောင်ရဲ့ ညွှန်ကြားချက်အရ မကြာခင်မှာပဲ စ စ်သင်္ဘော၏အောက်ခြေသို့ လိပ်ကြီး ရောက်လာသ ည်။

All Chapters