← Chapters

ကြီးမားသော ဆုံးရူံးမူ

Vol. 34 Ch. 440

ကြီးမားသော ဆုံးရူံးမူ

Vol. 34 Ch. 440

စစ်သင်္ဘောရဲ့ အောက်ခြေသို့ လိပ်ကြီးရောက်လာ ၏။

ထိုအချိန်မှာ ရေနက်ဗုံးတွေရဲ့ အကြမ်းဖက်ပေါက် ကွဲတာက ရပ်တန့်သွားသည်။စစ်သင်္ဘောတိုင်းတွင် ရေနက်ချတဲ့ ဗုံးတွေ မရှိတော့ပေ။တန်ချိန်ကြီးတဲ့ ဒုံ းပျံတင်တိုက်သင်္ဘောတွေမှာပဲ ဒီလိုအရာတွေ တပ် ဆင်ထားသည်လေ။

လိပ်ကြီးက လှံကောက်ကိုင်ပြီး သင်္ဘောအောက်ခြေ ကို ကျွမ်းကျင်စွာ ထိုး‌သွင်းလိုက်သည်။

"ဒုန်း..."

ရေအောက်ကနေ သံ သံချင်းတိုက်တဲ့အသံ နောက် တစ်ကြိမ် ထွက်ပေါ်လာ၏။စစ်သင်္ဘောပေါ်မှ လူ တွေက သိသာစွာ တုန်ခါမှုတစ်ခုကို ခံစားရပြီး ရေ အောက်ကနေ အသံ သဲ့သဲ့ ထွက်လာတာကို ကြား လိုက်ရသည်။

"ဟာ ငါတို့သင်္ဘောအောက်မှာ တစ်ခုခုရှိနေတယ်..."

"သေစမ်း...အဲဒီအရာက ငါတို့စစ်သင်္ဘောအောက် ရောက်နေပြီ...."

စစ်သင်္ဘောပေါ်မှ လူတွေ ချက်ချင်းပဲ စိတ်လှုပ်ရှား လာကြပြီး ခုန်ချလုနီးပါး ဖြစ်နေကြသည်။

စုစုပေါင်း စစ်သင်္ဘောသုံးစီး တိုက်ခိုက်ခံလိုက်ရပြီ ဆိုတာကို သူတို့ သိသွားကြ၏။ဒါက စတုတ္ထမြောက် အသံပဲ ဖြစ်သည်။ သင်္ဘောအောက်ခြေမှ တိုးညှင်း တဲ့အသံ ထွက်ပေါ်လာပြီး အပေါက်ကြီးတွေ ပေါက် သွားတိုင်း စစ်သင်္ဘော နစ်မြုပ်သွား တော့မှာကို သူ တို့ သိလိုက်ကြသည်။

တခြားစစ်သင်္ဘောသုံးစီးက ထိခိုက်မူ ရှိမနေသေး ပေ။လိပ်ကြီးက အပေါက်ကြီးအနည်းငယ် ဖောက်ဖို့ အချိန်မရသေးခင်မှာပဲ ဒီလူတွေက ရေထဲမှာ တစ်ခု ခုရှိတယ်ဆိုတာကို သိသွားကြသည်။

ရလဒ်အနေနဲ့ သူတို့ရဲ့ ရေငုပ်သင်္ဘောမှ ရှာဖွေရေး ဆိုနာတွေအားလုံး ဖွင့်ထားပြီး မကြာခင်မှာပဲ လိပ် ကြီးကို သူတို့ ရှာတွေ့သွားကြသည်။

"ကြည့်လိုက်စမ်း....အောက်မှာ...တကယ်တစ်ခုခုရှိနေတယ် .."

"ဘုရားရေ...ဒါက မသေးဘူး... မီတာတစ်ရာလော က် ရှည်တယ်ဟ..."

လိပ်ကြီးကို ရှာတွေ့ပြီးနောက် အားလုံးက တုန်လှုပ် သွားကြပြီး အဲ့ဒါက လက်နက်အမျိုးအစားသစ် တစ်ခု ဖြစ်မယ်လို့ တွေးနေကြသည်။

ဆိုနာက လိပ်ကြီးရဲ့ တည်နေရာ အရွယ်အစား စတာ တွေကိုပဲ ရှာနိုင်သည်။လိပ်ကြီးက ဘာလဲဘယ်လို ပုံစံလဲဆိုတာကို ဆုံးဖြတ်ဖို့ဆိုတာကတော့ မဖြစ်နိုင် ပေ။

သူတို့က ဒါဟာ လက်နက်အသစ်တစ်မျိုး ဖြစ်ပြီးရေ ငုပ်သင်္ဘောတွေထက် ပိုအဆင့်မြင့်တဲ့အရာ ဖြစ်နိုင် တယ်လို့ ယူဆထားကြသည်။

"ပစ်မှတ်ကို သတ်မှတ်ပြီး တော်ပီဒို ပစ်လွှတ်လိုက်”

"မဟုတ်ဘူး...နေအုံး.....ဒါက 'စစ်သင်္ဘောရဲ့ အော က်မှာပဲ...တော်ပီဒို ပစ်လိုက်ရင် စစ်သင်္ဘောကို အ ကြီးအကျယ် ပျက်စီးစေလိမ့်မယ်.."

"ဒါဆို ငါတို့ ဘာလုပ်သင့်သလဲ..."

ပစ်မှတ်က စစ်သင်္ဘောနဲ့ နီးကပ်နေတာကြောင့် တေ ာ်ပီဒို ပစ်လွှတ်လိုက်ရင် သူတို့ရဲ့ စစ်သင်္ဘောက လည်း နစ်မြုပ်သွားနိုင်၏။

ခဏတာ တိတ်ဆိတ်သွားပြီး အကူအညီမဲ့မှုကို လူ တိူင်း ခံစားလိုက်ရသည်။

သူတို့အားလုံးက စစ်သင်္ဘော'က မကြာခင်မှာပဲ ပင် လယ်အောက်ခြေကို ရောက်တော့မယ်ဆိုတာ သိထ ားကြသည်။

သင်္ဘောရဲ့ အောက်ခြေမှာတော့ လိပ်ကြီးက တခါ တည်းနဲ့ အပေါက်ကြီး ခုနစ်ပေါက်၊ရှစ်ပေါက် ထိုးပြီး တာနဲ့ ရပ်တန့်လိုက်သည်။

"သခင်ရေ.. ပီးပီ. နောက်ပစ်မှတ် စစ်သင်္ဘောက ဘ ယ်တစ်စီးလဲ...."

လျူယောင်က ချက်ခြင်း ပြန်ဖြေလိုက်၏။

"နောက်ထပ် စစ်သင်္ဘောသုံးစီး ကျန်သေးတယ်… မင်း လွတ်လွတ်လပ်လပ် လုပ်လို့ရပြီ..အားလုံးကို တတ်နိုင်သမျှ မြန်မြန်နစ်မြုပ်ပစ်လိုက်..."

လိပ်ကြီးက ချက်ခြင်း ပျော်ရွှင်သွား၏။

"လွတ်လွတ်လပ်လပ် လုပ်လို့ရတာလား... ကျနော် ကြိုက်တယ်.. "

လိပ်ကြီးက လှံကိုကိုင်ကာ စစ်သင်္ဘောကနေ ထွက်ခွ ာလာပြီး တခြားစစ်သင်္ဘောတစ်စီးဆီကို အမြန်ကူ းခတ်လာသည်။

ရုတ်တရက်....

"ငါ့ကောင်ကြီး သတိထား..."

လူယောင့်ရဲ့ စူပါအာရုံခံနိုင်စွမ်း အကွာအဝေးအတွင် းမှာ အရာဝတ္ထုနှစ်ခုက လိပ်ကြီးဆီကို အလျင်အ မြန် လာနေသည်။အနည်းဆုံး တစ်နာရီကို မိုင် ၆၀ ၊ ၇၀ နှုန်းလောက်နဲ့လာနေ၏။

လျူယောင် အဲ့ဒါကို မြင်ပြီး သတိပေးလိုက်သည်။

"ငါ့ကောင်ကြီး..အဲဒါတွေက တော်ပီဒိုနှစ်စင်းပဲ... အ င်အားအရမ်းကြီးတယ်...အမြန်ရှောင်..."

သူ စိုးရိမ်တဲ့အရာက တကယ် ဖြစ်လာသည်။

တခြားတစ်ဖက်က တကယ်ပဲ ရေအောက်မှ လိပ်ကြီ းကို တော်ပီဒိုနဲ့ တိုက်ခိုက်လိုက်သည်။သူတို့ကိုယ် သူတို့ လုံခြုံစေရန်အတွက် တော်ပီဒိုနှစ်စင်း ပစ်လွှတ်လိုက်သည်။

ကံကောင်းစွာနဲ့ပဲ ပစ်မှတ်က လိပ်ကြီး ဖြစ်နေ၏။

သာမန်ရေငုပ်သင်္ဘော ဒါမှမဟုတ် တခြားအရာဖြစ် ပါက ဒီလိုတိုတောင်းတဲ့အကွာအဝေးမှာ ရှောင်ဖို့ ဆို တာက လုံးဝမဖြစ်နိုင်ပေ။လှည့်ဖို့ နောက်ကျနေပြီပဲ ဖြစ်မည်။

ဒါ့အပြင် လိပ်ကြီးက အလွန်ပါးနပ်၏။တော်ပီဒို နှစ် စင်းက သူ့နောက်ကို လိုက်နေတာ မြင်တော့ မနီးမ ဝေးမှာရှိတဲ့ တခြားစစ်သင်္ဘောတစ်စင်းဆီကို အမြန် ကူးခတ်သွားသည်။

ဒါက အရှေ့ဘက်က မကောင်းဆိုးဝါး အနောက် ဘ က်ကို လွှဲပြောင်းလိုက်တဲ့ ပုံမှန် ဥပမာတစ်ခုပဲ ဖြစ် ၏။

တစ်နာရီကို မိုင် ၆၀ သို့ ၇၀ နှုန်းရှိတဲ့ တော်ပီဒို နှစ်စ င်းရဲ့ အရှိန်က လိပ်ကြီးကို မမှီနိုင်ပေ။လိပ်ကြီးက သူ တို့ကို ဆွဲခေါ်သွားပြီးတော့ စစ်သင်္ဘောအောက်ကနေ ဖြတ်ကူးသွားသည်။

ဒီတော်ပီဒိုနှစ်စင်းက အဲဒီလောက် မသွက်လက်ပေ။ သူတို့က စစ်သင်္ဘောအောက်ခြေကို ဖြတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပေ။သေချာတာကတော့ သူတို့က စ စ်သင်္ဘောကို တိကျစွာ ထိမှန်သွားခဲ့သည်။

" ဒုန်း... "

" ဝုန်း...ဝုန်း.."

ကျယ်လောင်သောအသံနှစ်သံနဲ့အတူ စစ်သင်္ဘောကို တိကျစွာ ထိမှန်သွားပြီး မိုးခြိမ်းသံလိုမျိုး ပေါက်ကွဲ မှုဖြစ်ပွားကာ ကောင်းကင်အနှံ့ ရေပန်းများ ပန်းထွ က် လာတော့သည်။

"အိူး.. လှလိုက်တာ.."

"အရမ်းတော်တယ် ...ငါ့ကောင်ကြီး..."

ဒီမြင်ကွင်းကို လျူယောင်မြင်တော့ လိပ်ကြီးအား စိတ်ထဲကနေ လျှို့ဝှက်စွာ ချီးကျူးလိုက်၏။

လိပ်ကြီးက စစ်သင်္ဘော ထိမှန်သွားတာကို မြင်လို က်ရာ သူ အပေါက်အနည်းငယ် ထိုးဖို့ မလိုတော့ဘူး လို့ ခံစားရပြီး စိတ်အေးသွား၏။သူက လှံကြီးကို ကို င်ကာ နောက်ထပ်စစ်သင်္ဘောအောက်ကို အမြန်ကူးခ တ်လာသည်။

"ဟင်း..ခုနက တော်ပီဒိုကို ပစ်လွှတ်တာ မင်းပဲ... ငါ မင်းအတွက် အပေါက်အနည်းငယ် ဖောက်‌ပေးလို က်မယ်...မဟုတ်ဘူး...အပေါက်တစ်ဒါဇင်လောက် ထိုးပစ်မယ်...မင်းကို...ကဲကွာ."

"ဗြုန်း..ဗြုန်း..ဗြုန်း.."

လိပ်ကြီးက ဒေါသထွက်စွာ ကြွေးကြော်ရင်း သူ့ရဲ့ ကြီးမားသော လှံဖြင့် အဆက်မပြတ် ထိုးသွင်းလိုက် ရာ စစ်သင်္ဘောရဲ့ အောက်ခြေတွင် နှစ်မိနစ် သုံးမိနစ် အတွင်းမှာပဲ အပေါက်တစ်ဒါဇင်ကျော် ဖြစ်လာသ ည်။

လိပ်ကြီးက အပေါက်တစ်ဒါဇင်ကျော် ဆက်တိုက် ထိုးပြီး စိတ်ရှိလက်ရှိ လုပ်နေတာကို မြင်တော့ လျူ ယောင် လုံးဝမတားတော့ပေ။

နောက်ဆုံးတော့ စစ်သင်္ဘောတစ်စီးပဲ ကျန်တော့ သ ည်။ဘာမှ စိုးရိမ်စရာမရှိတော့ပေ။လိပ်ကြီး အချိန်န ည်းနည်းပိုယူလိုက်ကာ အရင်ကလို သူ အလျင်မလို တော့ပေ။

အပေါက်တစ်ဒါဇင်ကျော် ထိုးပြီးနောက် လိပ်ကြီး ရပ်တန့်လိုက်၏။နောက်ဆုံး စစ်သင်္ဘောရဲ့အောက် ခြေကို ကူးခတ်လာပြီး အလားတူ အပေါက်တစ်ဒါဇ င်ကျော် ထိုးပစ်လိုက်သည်။

"နောက်ဆုံးတော့..ပြီးပြီပဲ.."

ဒီစစ်သင်္ဘောများနဲ့ အနည်းဆုံး မီတာ ၅၀၀ အကွာ အဝေးကို လိပ်ကြီးက ထိန်းထားခဲ့သည်။အဝေးဆုံး စစ်သင်္ဘောက လိပ်ကြီးနှင့် တစ်ကီလိုမီတာကျော် ကွာဝေးသည်။

မီတာများစွာနက်တဲ့ ရေအောက်တွင် လိပ်ကြီးက ဒီ စစ်သင်္ဘောတွေကို စိတ်ကြည်နူးစွာ ကြည့်နေခဲ့သ ည်။အဲ့ဒါတွေ ဖြည်းဖြည်းချင်း နစ်မြုပ်နေတာကို သူ မြင်ရတော့မည်လေ။

ယူနီဗာဆဲလ်ရဲ့ ဘလူးဝေးလ်ကတော့ အနည်းဆုံး ပ င်လယ်ရေမိုင် နှစ်မိုင် သို့ သုံးမိုင်လောက် အကွာအ ဝေးမှာ ရောက်နေသည်။

သင်္ဘောတိုင်းပေါ်မှ သင်္ဘောသားတွေက ပျော်ရွှင်စွာ အားပေးနေကြသည်။ပင်လယ်ရေပြင်ပေါ်မှာ နစ်မြု ပ်နေတဲ့ စစ်သင်္ဘောတွေကို စိတ်ဝင်တစားနဲ့ အားလုံး က ကြည့်နေကြသည်။

ဒီသင်္ဘောတွေဟာ တဖြည်းဖြည်းနဲ့ ဝေးကွာသွားကာ သူတို့ အမြင်အာရုံမှ ကွယ်သွားတဲ့အထိ သင်္ဘောသ ားတွေက နောက်လှည့်မကြည့်တော့ပေ။

လျူယောင်လည်း ထိုနည်းအတိုင်းပင် ဒီ M နိုင်ငံမှ စစ်သင်္ဘောတွေ ဖြည်းဖြည်းချင်း နစ်မြုပ်နေတာကို ကြည့်နေပြီး တစ်နာရီကျော်ကြာပြီးမှသာ တတိယ အမြင်ကို သူ ပိတ်လိုက်သည်။

လျူယောင် စိတ်ထဲကနေ တွေးလိုက်၏။စစ်သင်္ဘော ခုနစ်စီးနဲ့ ရေငုပ်သင်္ဘောတစ်စီး စုစုပေါင်း နစ်မြုပ် သွားသည်။အဲဒီအထဲမှာ တန်ချိန် ၁၀,၀၀၀ ရှိတဲ့ ဒုံး ပျံတင်တိုက်သင်္ဘောနဲ့ တန်ဖိုးကြီးတဲ့ ဒုံးပျံဖျက် သ င်္ဘောတို့လည်း ပါဝင်နေသည်။

"အင်း M နိုင်ငံ ရေတပ်က ဒီလောက်အထိ ဆုံးရှုံးရ ခြင်းအပေါ် ဘယ်လိုတုံ့ပြန်မလဲ...ဘယ်လို လက်စား ချေမှုတွေ လုပ်ဆောင်မလဲ..."

လျူယောင် ခဏစဉ်းစားပြီးတော့ တန်ပြန်အစီအမံ တချို့ကိုလည်း တွေးမိလိုက်သည်။

သာမန်လူဆိုရင်တော့ အရမ်းစိုးရိမ်ပြီး ကြောက်လန့် သွားနိုင်သည်။ဒါပေမဲ့ လျူယောင်ကတော့ ဒီလိုမခံ စားရပေ။သူက အရမ်းတည်ငြိမ်လှသည်။

"M နိုင်ငံသားတွေ ဘယ်လိုတုံ့ပြန်မလဲ..."

ရလဒ်ကတော့ နာရီအနည်းငယ်အတွင်းမှာပဲ ထွက် ပေါ်လာသည်။M နိုင်ငံ ရေတပ်က ချက်ချင်းပဲ သတ င်းစာ ရှင်းလင်းပွဲ ကျင်းပပြီး သူတို့က မြောက်ပစိဖိ တ်သမုဒ္ဒရာတွင် စစ်သင်္ဘော ခုနစ်စီးနဲ့ ရေငုပ်သင်္ဘေ ာတစ်စီး နစ်မြုပ်သွားပြီး အရာရှိများနဲ့ စစ်သား တ စ်ထောင်ကျော် ရေအောက်မှာ သေဆုံးခဲ့တယ်လို့ လူ ထုကို ကြေညာခဲ့သည်။

သတင်းစာရှင်းလင်းပွဲမှာ M နိုင်ငံ ရေတပ်ရဲ့ ပြော ရေးဆိုခွင့်ရှိသူက နိမ့်ကျပြီး ဝမ်းနည်းနေတဲ့လေသံနဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း Mရေတပ်အတွက် ဒါက အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်လို့ ထုတ်ဖော် ပြော ဆိုခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တွေအား လုံးက ဆူညံနေကာ စိတ်လှုပ်ရှားသွားကြ၏။ဒါက သတင်းကြီးတစ်ခု ဖြစ်တယ်ဆိုတာကို သူတို့သိနေ ကြ၏။

သူတို့ကို ပိုပြီး စိတ်လှုပ်ရှားစေတာကတော့ စစ်သ င်္ဘောခုနစ်စီးနဲ့ရေငုပ်သင်္ဘောတစ်စီး နစ်မြုပ်တာက Universal လုပ်ငန်းစုနဲ့ ဆက်စပ်မှု ရှိတယ်လို့ ပြော ရေးဆိုခွင့်ရှိသူက အခိုင်အမာ ပြောဆိုတာလိုက်တာ ပဲ ဖြစ်သည်။

ချက်ချင်းဆိုသလိုပဲ သတင်းထောက်များစွာက သ တင်းစာရှင်းလင်းပွဲ ပြီးဆုံးအောင်တောင် မစောင့် တော့ပဲ သူတို့ရဲ့ လက်ပ်တော့ပ်တွေကို ထုတ်ပြီး သ တင်းထုတ်ပြန်ချက်တွေ ရေးသားလိုက်ကြ၏။

သတင်းထောက်များက ဒီသတင်းကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ပြန်ချင်နေကြသည်။

All Chapters