← Chapters

တိတ်တိတိလေး ထွက်ခွာသွားသည်

Vol. 34 Ch. 432

တိတ်တိတိလေး ထွက်ခွာသွားသည်

Vol. 34 Ch. 432

ချန်ရှန်း သက်ပြင်းတစ်ချက်ချပြီး ခပ်ဖြည်းဖြည်း ပြုံးလိုက်သည်။ထိုင်ရှန်းကုမ္ပဏီမှ ဓားရဲ့ အခြေအ နေက သူ့ကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။

သူက ဒီလုပ်ငန်းတွင် ဆယ်နှစ်ကျော် လုပ်ကိုင်ခဲ့ပြီး ရှန်းထယ် ဓားကုမ္ပဏီတွင် နှစ်အတော်ကြာ လုပ်ကိုင် ခဲ့ဖူးသည်။ရှန်းထယ်ဓားများကသာ ကမ္ဘာပေါ်မှာ အ ကောင်းဆုံးဖြစ်တယ်လို့သူ အမြဲ ယုံကြည်ခဲ့သည်။

သူ့ဘေးနား၌ ဖြစ်ပျက်ခဲ့သော အခြေအနေက သူ့၏ အသိဉာဏ်ကို အကြီးအကျယ် ပြောင်းလဲ သွားစေ ပြီး စိတ်များလည်း ပျက်ပြားလာခဲ့သည်။

"ခင်ဗျားတို့ ထိုင်ရှန်းဓားအုပ်စုက စမ်းသပ်မှု အခြေ အနေကို မြင်ပြီးပြီလား..."

"မြင်တယ် ..သူတို့ ..ဘာလို့...အော်ဟစ်နေမှန်း ကျွန် တော် တကယ် နားမလည်ဘူး..."

သူ့လုပ်ဖော်ကိုင်ဖက်များက ဘာဖြစ်နေမှန်း မသိတာ ကို ကြားရသောအခါ သူ ပို၍ ခံပြင်းမိသည်။

ချန်ရှန်း သက်ပြင်းချရင်း ရှင်းပြလိုက်သည်။

“ဒါ သူတို့ ဂုဏ်ပြုနေတာပဲ.. သူတို့ဓားက အစိတ်အ ပိုင်း တစ်ဒါဇင်ကျော်ကို တစ်မိနစ်လျှင် အပတ် ၃,၀ ၀၀ နှုန်းဖြင့် လည်ပတ် လုပ်ဆောင်ခဲ့တာ... ဓားက လုံးဝ မပွန်းပဲ့ဘူး... ပြုပြင်ထားတဲ့အစိတ်အပိုင်း က လည်း လုံးဝ ပုံမှန်အတိုင်း ရှိနေတယ်...အရည်အ သွေးလည်းမြင့်ပြီး အသွင်အပြင်ကလည်း အလွန်လှ တယ်ဗျ...."

" ဘာ မဖြစ်နိုင်တာ.."

ရှန်းထယ်မှ လူအားလုံး ပျော့ခွေသွားကြသလိုမျိုး သတိ ပြန်ဝင်လာရန် အချိန်အတော်ကြာခဲ့သည်။သ တိပြန်ရလာသောအခါ သူတို့၏ ပထမဆုံး တုံ့ပြန်မှု က မယုံကြည်နိုင်စရာ ဖြစ်နေသည်။

ဒီလိုမျိုး သတ္တုစပ်ဓားများက ကမ္ဘာပေါ်တွင် ဘယ် လိုလုပ် ရှိနိုင်မှာလဲ။ဒီသတ္တုက ထိုင်ရှန်းမှာ မဟုတ် ဘဲ ရှန်းထယ်တွင်သာ မွေးဖွားလာသင့်သည်လေ။

ရှန်းထယ်မှ နိုင်ငံခြားသား နှစ်ဦးက တစ်ယောက်ကို တစ်ယောက် တိတ်တတ်လေး ကြည့်ပြီး ပေါ့ပေါ့တန် တန် ခေါင်းညိတ်ပြကာ ထိုင်ရှန်ဓားဆီသို့ တိတ်တဆိ တ် သွားကာ လည်ပင်းကိုဆန့် နားရွက်ထောင်ကာ ကြည့်နေကြသည်။

လူအုပ်ကြားတွင် အော်ဟစ် အားပေးသံများ ထွက် ပေါ်လာရာ အခြား အစိတ်အပိုင်း တစ်ခုကို လှပစွာ ဆောင်ရွက်ပြီးသွားပြန်သည်။

ဒါက ပထမဆုံး တစ်ခု မဟုတ်တော့ပေ။

အဲ့ဒါက ၂၁ ခုမြောက် အစိတ်အပိုင်း ဖြစ်နေပြီး ဓား က လုံးဝ မဟောင်းနွမ်းသေးပေ။နောက်ထပ် ၂၁ ခု လုပ်ဆောင်ခြင်းက ပြဿနာ မရှိဟု ထင်ရသည်။

"အိုး ဘုရားရေ.."

ဒီအနေအထားက ကောင်းလွန်းနေ၏။သတ္တုစပ် ကိ ရိယာ အစုံလိုက်က အစိတ်အပိုင်း များစွာကို တစ်ပြို င်နက် လုပ်ဆောင်နိုင်တာကို ကျွန်တော် ပထမဆုံးအ ကြိမ် မြင်ဖူးတာပဲ ဖြစ်သည်။

အဓိကအချက်မှာ ဒီအစိတ်အပိုင်းများ အားလုံးကို အပူချိန်မြင့်သော သတ္တုစပ်များဖြင့် ပြုလုပ်ထား ခြ င်းပင်။ဒါ့ကြောင့် ပုံမှန် စက်နှင့် လုပ်ဆောင်ရန်ခက် ခဲသော အစိတ်အပိုင်းများ ဖြစ်သည်လေ။

သူတို့ဘေးနားမှ ရှန်းထယ်မှ လူများကလည်း ဓားမျ ားကို စမ်းသပ်နေကြသည်။ဓားအစုံလိုက်ဖြင့် အစိ တ်အပိုင်း လေးပိုင်းသာ ဆောင်ရွက်နိုင်တယ်လို့ ကြ ားရပြီး သူတို့က ဓားများကို ပြန်သွေးရန်၊ ဒါမှဟုတ် သတ္တုစပ်ဓားကို အစားထိုးရန် လိုအပ်တယ်လို့ ကြား ရသည်။

ဒါက အိပ်မက်တစ်ခုလိုပင်။ကျွန်တော်တို့ ပြည်တွင်း သတ္တုစပ်ဓားတွေဟာဘယ်တုန်းက ဒီလောက် ကော င်းလာခဲ့ရသနည်း။

မြင်ကွင်းမှာ သက်ဝင် လှုပ်ရှားလာသည်။

ကြည့်ရူ့သူများက အတွင်းသုံးထပ် အပြင်ဘက်သုံး ထပ်နီးပါးခန့် စိတ်လှုပ်ရှားစွာ ကြည့်နေကာ လူပိုပိုမျ ားလာ၏။

ရှန်းထယ်မှ နိုင်ငံခြားသား နှစ်ဦး၏ မျက်နှာများက အခု တစ်ကြိမ်တွင် သူတို့ ပါးရိုက်ခံရတာကို သိလို က်ရ၍ တဖြည်းဖြည်း မှောင်ကျလာသည်။

သူတို့နှစ်ဦးလုံးက မျက်နှာပျက်ပြီး စိတ်ပျက်လက် ပျက်ဖြင့် သူတို့ဘက်သို့ ပြန်သွားကြသည်။အခြေ အနေကို ပြောပြသောအခါ ရှန်းထယ်မှ လူအားလုံး ထိတ်လန့်သွား၏။

"ဒီလိုမျိုး...လုံးဝ မယှဉ်သာနိုင်ဘူးလား.."

သတ္တုစပ် ဖြတ်တောက်သည့် ကိရိယာ အစုံလိုက်က အစိတ်အပိုင်း များစွာကို တစ်ပြိုင်နက်တည်း လုပ် ဆောင်နိုင်လျှင် စမ်းသပ်ကြည့်လျှင်တောင် နှိုင်းယှ ဥ်မှု လုံးဝ မရှိတော့ပေ။

သူတို့က ရှုံးဖို့သာ များပေ၏။

ရှန်းထယ်မှ လူများအားလုံး ပစ္စည်းများ ထုပ်ပိုးပြီး စိတ်ပျက်လက်ပျက်နဲ့ ထွက်ခွာသွားကြသည်။

.....

နေ့ခင်းဘက်မှာတော့...

ဒီအသုတ်တွင် စုစုပေါင်း အစိတ်အပိုင်း ၄၅ ခု ရှိပြီး CNC ဖောက်ထွင်းခြင်းနှင့် ကြိတ်ခွဲခြင်း လုပ်ငန်း စ ဉ်မှာ နှစ်ရက် သို့မဟုတ် သုံးရက်ခန့် ကြာနိုင်ပေမဲ့ လုပ်ဆောင်မူက နေ့တစ်ဝက်အတွင်း ပြီးစီးသွား၏။

အံ့မခန်းပါပဲ ဒါက ကောင်းကင်ကို စိန်ခေါ်သလိုပင်။ ထိုဓားအစုံလိုက်က သိသာသော ပွန်းပဲ့မူပင် မရှိသေ းပေ။

"တကယ် အံ့ဩစရာပဲကွာ.."

ဒီနေ့က လုတိုင်းအား မျက်စိပွင့်လန်းစေသော နေ့ပဲ ဖြစ်သည်။

ဘေးမှ အလုပ်သမားများနဲ့ နည်းပညာရှင်များက စိ တ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။တစ်ယေ ာက်ချင်းစီက ဒူးထောက်လုနီးပါး ချီးကျူး နေကြ ၏။ထိုင်ရှန်း ဓားအုပ်စု မှ ဒီဓားအစုံလိုက်က အလွန် ကောင်းမွန်လှသည်။

အစိတ်အပိုင်း အားလုံး လုပ်ဆောင်ခဲ့ရာတွင် စစ်ဆေ းမှုများ အားလုံးက လုံးဝ အောင်မြင်ခဲ့သည်။နော က်ဆုံးတွင် ဒီသတ္တုစပ် ကိရိယာအစုံလိုက်ကို ဖြုတ် ချပြီး ဓားကို စစ်ဆေးတဲ့ ကိရိယာဖြင့် ချဲ့ကာ စစ် ဆေးလိုက်သည်။

အဆ ၃၀ ချဲ့ကြည့်သောအခါ အနည်းငယ်သော စု တ်ပြဲမှုကိုသာ မြင်ရပြီး အဆ ၅၀ ချဲ့ကြည့်သော အ ခါ အနည်းငယ် ပိုရှင်းလင်းလာသည်။

ဖုန်းရွှေ့စုန်းက ကျေနပ်လွန်း၍ အားရပါးရ ရယ် မောလိုက်ကာ ပြောလိုက်၏။

"ဟားဟားဟား..မန်နေဂျာဟန် ဓားရဲ့ ပွန်းပဲ့မူက အ လွန် နည်းသလို ပြန်သွေးဖို့လည်း လုံးဝ မလိုဘူး.... နောက်ထပ် အစိတ်အပိုင်း ၂၀ သို့မဟုတ် ၃၀ ခန့် လုပ်ရင်တောင် ပြဿနာ မရှိပါဘူးဗျာ..."

ထိုအချိန်၌ ဟန်ကွမ်း၏ စိတ်ခံစားချက်မှာ အလွန် ကောင်းမွန်နေသည်။

အကိုယောင် သူ့ကို ပေးခဲ့တဲ့ ဒီအမည်းရောင် သတ္တု ချောင်းက သူ့ကို အရမ်း အံ့အားသင့်စရာ ပေးခဲ့ သ ည်။ဟန်ကွမ်းက ကျေးဇူးတင်စိတ်များနဲ့ ပြည့်နှက် နေသည်။

ဒီလိုအမည်းရောင် သတ္တုစပ်သာ ရှိလျှင် အနာဂတ် တွင် အလယ်အလတ်နှင့် အဆင့်မြင့် သတ္တုစပ်ဓား ဈေးကွက်၌ နိုင်ငံခြား ဓားထုတ်လုပ်သူများ အခြေခံ အားဖြင့် မရှိနိုင်တော့တာကို သူ ကောင်းစွာ သိသည် ။

ဖောက်ထွင်းခြင်းနှင့် ကြိတ်ခွဲခြင်း လုပ်ငန်းစဉ် ပြီး စီးသောအခါ ဒီသတ္တုစပ် ဖြတ်တောက်သည့် ကိရိ ယာအစုံလိုက်က စွမ်းဆောင်ရည် အပြည့်အဝ ပြသ ခဲ့ပြီး လူတိုင်းကို ကြီးမားသော အံ့အားသင့်မှုများ ယူ ဆောင်ပေးခဲ့သည်။

ဖောက်တံများနှင့် ကြိတ်ခွဲဓားများအပြင် ဟန်ကွမ်း က သတ္တုစပ် ဓားသွားအချို့ကိုလည်း ယူဆောင်လာ ခဲ့၏။

ဟန်ကွမ်း ပျော်ရွှင်စွာ မေးလိုက်သည်။

"ဆရာဖုန်း....နောက်ထပ် သတ္တုစပ် ဓားသွားတွေကို စမ်းကြည့်ဖို့ အဆင်ပြေမလား "

"ကောင်းပြီလေ "

ဖုန်းရွှေ့စုန်းက ချက်ချင်း သဘောတူလိုက်သည်။ဟ န်ကွမ်းယူလာသော ဓားသွား အားလုံးက အနက်ရော င် တောက်ပြောင်နေတာကို မြင်တဲ့အခါ သူ စိတ်အား ထက်သန်ပြီး အရမ်း မျှော်လင့်နေမိသည်။

"အင်း..ဒီဓားသွားရဲ့ စွမ်းဆောင်ရည်ကရော ဘယ် လိုရှိမလဲ.. "

ဓားသွား တစ်ချောင်းတည်းဖြင့် အစိတ်အပိုင်း မည် မျှ ပြောင်းလဲနိုင်မည်နည်း။

"စမ်းသပ်မူ ချက်ချင်း စတင်မယ်..."

အလုပ်ရုံဒါရိုက်တာဖုန်းရွှေ့စုန်းက အသံကျယ်ကျ ယ်နဲ့ မေးလိုက်သည်။

"အမ် ဖန်ကုန်း ဘယ်သွားလဲ.."

လူများစွာက ပတ်ပတ်လည် ကြည့်ကာ ရှာဖွေလိုက် ကြ၏။

နည်းပညာရှင် တစ်ယောက်က လွန်ခဲ့တဲ့ အချိန်က တည်းက ဖန်ကုန်း ထွက်သွားကာ သူ မရှိတော့ဘူးလို့ ပြောလိုက်သည်။

ဖုန်းရွှေ့စုန်းက မကျေနပ်သော လေသံဖြင့် အော်ပြေ ာလိုက်သည်။

"ဒီလူက စန္ဒရားကို စည်းကမ်းမဲ့ တီးခတ်နေတာပဲ… .ဒီအချိန်ကျမှ ဘာလို့ ပျောက်သွားရတာလဲကွာ "

ဖန်ကုန်းဆိုသူက ဒီနေရာမှာ မျက်နှာပြောင်နဲ့ ဆက်မ နေရဲတော့ပေ။သူက အစိတ်အပိုင်း ဆယ်ခုကျော်ကို လုပ်ဆောင်ပြီးသောအခါ တိတ်တိတ်လေး ထွက်ပြေ းသွားခဲ့၏။

သူ အလွန် လေးစားခဲ့တဲ့ ပြည်ပမှ သတ္တုစပ်ဓားတွေ က လုံးဝ ကျရှုံးခဲ့သည်လေ။

ဒါက လုံးဝ ရှုံးနိမ့်ခြင်းပင်။

ဘယ်သူမှ သူ့ကို ကြည့်မနေချိန်၌ ဒီနေရာမှ သူ အ လျင်အမြန် ထွက်လာခဲ့သည်။

ဖုန်းရွှေ့စုန်းက နောက်ထပ် ဝါရင့် နည်းပညာရှင် တစ် ယောက်ကို ကိုယ်တိုင် ခေါ်ပြီး ညွှန်ကြားချက်အချို့ ပေးလိုက်သည်။ ထို့နောက် CNC လှည့်ခြင်း လုပ်ငန်း စဉ်ရဲ့ စမ်းသပ်ဓားတဲ့ လုပ်ဆောင်မူကို စတင်လိုက် သည်။

ဒီတစ်ခါလည်း အပူချိန်မြင့် သတ္တုစပ် အစိတ်အပိုင်း ပဲ ဖြစ်သည်။ ဒီအစိတ်အပိုင်းက လှည့်ခြင်း စွမ်းဆေ ာင်ရည် ညံ့ဖျင်းကာ အထူးသဖြင့် ကိရိယာပေါ်တွင် ပွန်းပဲ့မူက များလှသည်။

သတ္တုစပ်လှည့်တဲ့ ကိရိယာတစ်ခုက အစိတ်အပိုင်း နှစ်ခု သို့မဟုတ် သုံးခု မလှည့်နိုင်လျှင် သတ္တုစပ် ဓား သွားကို အစားထိုးရန် လိုအပ်သည်။

ဒီ CNC စက်ပစ္စည်းမှ အလုပ်သမားများက ပြင်ဆင် မှုများ လုပ်နေကြသည်။ဥပမာ - ထိုင်ရှန်းဓားအုပ်စု ရဲ့တောက်ပြောင်သော အမည်းရောင် သတ္တုစပ် ဓား သွားကို တပ်ဆင်ခြင်း လုပ်ဆောင်မည့် အစိတ်အ ပိုင်းများကို စားပွဲခုံပေါ် တင်ခြင်းတို့ပဲ ဖြစ်၏။

ဟန်ကွမ်း၊ ဖုန်းရွှေ့စုန်း နှင့် အခြားလူများက CNC စက်ပိုင်းဆိုင်ရာ ပရိုဂရမ်ကို ကြည့်နေကြသည်။ခဏ လောက် ကြည့်ပြီးနောက် ဟန်ကွမ်း ပြောလိုက်သည် ။

" ဒါရိုက်တာဖုန်း...CNC စက်ပိုင်းဆိုင်ရာ ပရိုဂရမ်ရဲ့ ကန့်သတ်ချက်ကို ပြောင်းလဲဖို့ လိုမယ် ထင်တယ်နေ ာ်.."

ဖုန်းရွှေ့စုန်းက လုံးဝ သဘောတူလိုက်သည်။

ထို့ကြောင့် မူလ လုပ်ဆောင်မှု အမြန်နှုန်းကို တစ်မိန စ်လျှင် အပတ် ၃၀ မှ အပတ်ရေ ၂၀၀ သို့ ပြောင်းလဲ ပြီး အကြမ်းလှည့်ခြင်း အနက်ကို ၀.၈ မီလီမီတာမှ ၂ မီလီမီတာ သို့ ပြောင်းလဲလိုက်ကာ အချောလှည့်ခြင်း အနက်ကို ၀.၃ မီလီမီတာမှ ၀.၅ မီလီမီတာ သို့ ပြောင် းလဲလိုက်သည်။

နည်းပညာရှင်များက ကန့်သတ်ချက်များကို ပြုပြင် ပြီးနောက် စက်ကို ပါဝါဖွင့်က စမောင်းလိုက်သည်။

အလားတူပင် ဒီ CNC စက်ပတ်လည်မှာလဲ လူများစွ ာ ရှိနေ၏။ အလုပ်သမားများ၊ နည်းပညာရှင်များ၊ အဖွဲ့ခေါင်းဆောင်များကဲ့သို့ စီမံခန့်ခွဲမှု ဝန်ထမ်းအ ချို့လည်း ပါဝင်ပေသည်။

"ကြည့်ပါအုံး ဒီလို အမြန်နှုန်းနဲ့တောင် စက်က လုံးဝ တုန်ခါမသွားဘူး အသံထွက်ကလည်း အလွန် နည်း တယ်နော် .."

အဲ့ဒါက ပြောင်ချောအောင် လုပ်ဆောင်နိုင်ခြင်းပဲ ဖြ စ်သည်။

သူတို့ တကယ် စောင့်ကြည့်ရကျိုးနပ်၏။

မူလက ဒီ လုပ်ငန်းစဉ်၌ အစိတ်အပိုင်း တစ်ခုကို လှ ည့်ရန် မိနစ် ၅၅ ခန့် ကြာသော်လည်း အခုတော့ ၁၂ မိနစ်အတွင်း ပြီးစီးခဲ့သည်။

စက်ရဲ့ အကာအကွယ်တံခါးကို ဖွင့်လိုက်တာနဲ့ လူ တိုင်း အရင်ဆုံး မြင်တွေ့ရသည်မှာ မှန်ကဲ့သို့ တော က်ပြောင်သော မျက်နှာပြင်နှင့် အလွန် လှပသော အ စိတ်အပိုင်း တစ်ခုပင် ဖြစ်သည်။

အတွေ့အကြုံရှိသူတိုင်း မည်သူမဆို သိနေသည်။အ စိတ်အပိုင်းရဲ့ မျက်နှာပြင် ဒီလောက် တောက်ပြောင် နေခြင်းက ဒါကို လုပ်ဆောင်သော သတ္တုစပ် ကိရိယ ာက အလွန် ထက်မြက်တာကို ဆိုလိုပေသည်။

တကယ့် အံ့မခန်းပင်...။

ပတ်ဝန်းကျင်တွင် စည်ကားလာပြီးနောက် လူတိုင်း က မှတ်ချက်များ ပေးကြပြီး အားလုံးနီးပါးက ချီး ကျူး လေးစားမှုများ အပြည့်ရှိကြသည်။

အစိတ်အပိုင်း စစ်ဆေးမူက အောင်မြင်ပေသည်။

ဓားမျာကိုး စစ်ဆေးပြီးနောက် ပွန်းပဲ့မူ မရှိပဲ အသစ် အတိုင်းပင်။

ဒုတိယ အစိတ်အပိုင်း ပြုလုပ်ခြင်း..

တတိယ အစိတ်အပိုင်း

စတုတ္ထ အစိတ်အပိုင်း...

ညနေထိ သူတို့ လုပ်ဆောင်ခဲ့ကြသည်။ ဒီအသုတ်မှ ာ စုစုပေါင်း ၄၂ ပိုင်းရှိပြီး အားလုံး ပြီးစီးခဲ့သည်။ သတ္တုစပ် လှည့်သည့် ကိရိယာ အနည်းငယ်သာရှိပြီး သတ္တုစပ် ဓားသွားများ အစားထိုးရမည့် အခြေအ နေကို မရောက်သေးပေ။

ဒါကို အရင်ကဆိုရင် မည်သူကမှ ယုံမှာမဟုတ်ပေ။

......

နောက်တစ်နေ့ နေ့လယ်ခင်း..

လက်ထဲတွင် ထူထဲသော ဓားစမ်းသပ် အစီရင်ခံစာ တစ်စောင်နဲ့အတူ သတ္တုစပ်ဓား နမူနာ အချို့ကို ကိုင် ကာ ဟန်ကွမ်းက Universal တာဝါသို့ စိတ်လူပ်ရှား စွာ ထွက်လာခဲ့သည်။

All Chapters