လုပ်ငန်းတစ်ခုကို ဖျက်စီးပစ်မယ်
Vol. 34 Ch. 433
ယူနီဗာဆဲလ်တာဝါရဲ့ ရုံးခန်းထဲတွင် လျူယောင်က လိပ်ကြီးနဲ့ ဆက်သွယ်ပြောဆိုနေသည်။
"သခင်ရ... ကျွန်တော် သတ္တုအပိုင်းအစ အများကြီး ကို ရှင်းလင်းပြီးပြီ...အဲဒီရေတိမ်ပိုင်းနေရာကို ရွှေ့ရ မှာလား..."
တတိယ အမြင်နဲ့ ပိုမို ရှင်းလင်းစွာ လျူယောင် မြင် နေရသည်။လိပ်ကြီးက အာကာသယာဉ်ပျက်စီး သ ည့် အပေါက်ကို ရှင်းလင်းပြီးတာကြောင့် အပေါက် ပတ်ပတ်လည်ရှိ ရွှံ့နှင့် ကျောက်များက အခြေခံအာ းဖြင့် ရှင်းသွား၏။
အကျယ် မီတာ ၁၀၀ ကျော်နှင့် အမြင့် ၇၀ မှ ၈၀ မီ တာရှိသည့် ထိုအပေါက်ကြီးက လုံးဝပေါ်နေပြီပဲ ဖြစ် သည်။ ထိုအပေါက်ကြီးမှ ဝင်လိုက်လျှင် သတ္တုပစ္စ ည်း နှစ်မျိုးဖြင့် ပြည့်နေတဲ့ ကြီးမားသည့် ဂိုဒေါင်တစ်ခု ရှိ၏။
အပေါက်ပတ်ဝန်းကျင်မှာ ရှင်းလင်းထားသည့် ရွှံ့နှင့် ကျောက်များမှ မီးခိုးနက်ရောင် သတ္တုအပိုင်းအစ တ န် ၃ သိန်းမှ ၄ သိန်းကို လိပ်ကြီးက ရှင်းလင်းခဲ့သည်။
သတ္တုအပိုင်းအစ သေးသေးလေးများက တန်ဆယ် ဂဏန်းလောက် ရှိပြီး အပိုင်းအစကြီးများဆို တန် ၂, ၀၀၀ မှ ၃,၀၀၀ အထိရှိသည်။အဲဒါတွေကို အပေါက် ကြီးနှင့် မဝေးသည့် မြေညီပေါ်တွင် လိပ်ကြီးက စုပုံ ထားသည်။
လျူယောင် အနည်းငယ် အံ့အားသင့်သွား၏။
"အများကြီးပဲဟ...."
လိပ်ကြီးက ပြန်ဖြေလိုက်သည်။
"သခင်ရ.. ဒါက ကျွန်တော့်ရဲ့ ရက်အနည်းငယ်ကြာ အလုပ်လုပ်ခဲ့တဲ့ ရလဒ်ပါဗျ..."
လျူယောင် ကျေနပ်စွာ ချီးကျူးလိုက်၏။
"တော်တယ်...မင်း မဆိုးဘူး....မဆိုးဘူး..."
"ဒါတွေကို အဲဒီရေတိမ်ပိုင်းကို ပို့ရမလား သခင်..."
လျူယောင် ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။
"ခဏနေအုံး.. နောက်ထပ်ရက်အနည်းငယ် အလုပ် ကြိုးစားပြီးမှ အဲဒါ တွေကို ရေတိမ်ပိုင်းဆီ ရွှေ့ပေး ပါ.."
စုစုပေါင်း ရေတိမ်ပိုင်းနေရာ နှစ်နေရာရှိ၏။တစ်နေ ရာကအာကာသယာဉ် ပျက်စီးသည့်နေရာရဲ့ အနော က်မြောက်ဘက်တွင် တည်ရှိပြီး နောက်တစ်နေရာက အနောက်တောင်ဘက်တွင် တည်ရှိသည်။
အနောက်တောင်ဘက်ရှိ ရေတိမ်ပိုင်းက အာကာသ ယာဉ်ပျက်စီးသည့်နေရာနှင့် အနည်းငယ်ပိုနီးပြီး ဟွာ ဟိုင်း မြို့နှင့်လည်း ပိုနီးပေသည်။
လျူယောင် ဆက်ပြောလိုက်သည်။
"အဲဒါတွေကို အနောက်တောင်ဘက်က ရေတိမ်ပိုင်း နေရာဆီပို့ပေး.... ငါ ဒီသတ္တုအပိုင်းအစတွေကို သ ယ်ဖို့ သင်္ဘောတစ်စင်း လွှတ်လိုက်မယ်...."
အာကာသယာဉ်အတွင်းရှိ ကြီးမားသည့် ကုန်ပစ္စည်း ဂိုဒေါင်ထဲတွင် မီးခိုးနက်ရောင် သတ္တုအပိုင်းအစ အ များအပြား ရှိနေသည်။ဒါပေမယ့် အဲ့ဒါတွေကို ရွှေ့ဖို့ လျူယောင် အလျင်မလိုသေးပေ။
လျူယောင်က မည်သည့်အရာကိုမျှ မဖြုန်းတီးရဘူး ဟူသည့် နိယာမကို လိုက်နာသည်။ အာကာသယာဥ် ပျက်စီးသည့်အပြင်ဘက်ရှိ သတ္တုအပိုင်းအစများကို အရင်သယ်ယူပြီးမှ အာကာသယာဉ်ပျက်စီးသည့် အ တွင်းပိုင်းရှိ အမည်းရောင် သတ္တုချောင်းများကို တစ်ချောင်းချင်းစီ ရွှေ့မှာပဲ ဖြစ်သည်။
အမည်းရောင် သတ္တုချောင်းအချို့ကိုတော့ အခုပြန် သယ်ဖို့ လိုအပ်ပေသည်။
"ငါ့ကောင်ကြီး.. ဒီသတ္တုအပိုင်းအစတွေအပြင် အမ ည်းရောင် သတ္တုချောင်း အချို့ကိုလည်း ရေတိမ်ပိုင် းနေရာကို ရွှေ့ပေး..အရေအတွက် အရမ်းအများ ကြီး မလိုဘူး... အချောင်းတစ်ရာလောက်ဆိုရပြီ"
တစ်ချောင်းစီက တန် ၂၀ ကျော် အလေးချိန် ရှိ၏။ အချောင်းတစ်ရာရဲ့ စုစုပေါင်းအလေးချိန်ဆို တန် ၂ ၀၀၀ ကျော်ရှိပေသည်။ဒါက ယာယီအတွက် လုံးဝ လုံလောက်သည်။
လိပ်ကြီးအတွက် စီစဉ်ပေးပြီးနောက် လျူယောင် ဖု န်းကောက်ယူပြီး ကိုယ်တိုင်စီစဉ်မှုအချို့ လုပ်လိုက် သည်။ ဘလူးဝေးလ်သင်္ဘောက အမြန်ဆုံး ထွက်ခွာ လာခဲ့ပြီး တခြားသံရိုင်းသယ်သင်္ဘော လေးစင်းက လည်း သယ်ယူပို့ဆောင်ရေးသင်္ဘောများအဖြစ် လို က်ပါလာသည်။
ဒီခရီးစဉ်တွင် မီးခိုးနက်ရောင်သတ္တု တန် ၂ သိန်းမှ ၃ သိန်းနဲ့အမည်းရောင် သတ္တုစပ် တန် ၂,၀၀၀ ကျော် ကို ပြန်ယူလာမှာဖြစ်တာမို့လို့ ဒါက လုံလောက်သင့် သည်။
ဒီစီစဉ်မှုတွေကို လျူယောင် လုပ်ပြီး မကြာခင်မှာပဲ ဟန်ကွမ်းက တံခါးခေါက်ပြီး စိတ်လှုပ်ရှားစွာ ဝင်လ ာသည်။
"အစ်ကိုယောင်... ကျေးဇူးတင်တယ်...တကယ်ကို ကျေးဇူး အများကြီးတင်ပါတယ်ဗျာ..."
လျူယောင်ရဲ့ စိတ်ထဲတွင် တစ်ခုခုလှုပ်ရှားသွားပြီး ဘာဖြစ်နေတာကို ချက်ချင်းခန့်မှန်းနိုင်တာကြောင့် မေးလိုက်သည်။
"သတ္တုစပ်ဓားကို မင်း စမ်းပြီးပြီလား.."
ဟန်ကွမ်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။
"လုပ်ပြီးပြီ အကိုယောင် .. ဓားလည်း စမ်းသပ်ပြီးပြီ .. ဒါက စမ်းသပ်တဲ့ အစီရင်ခံစာပါ...ဒီအမည်းရောင် သတ္တုစပ်နဲ့ လုပ်ထားတဲ့ သတ္တုစပ်ဓားက ကျွန်တော် ရဲ့ စိတ်ကူးတွေထက်ကို ကျော်လွန်နေတယ်ဗျာ.."
သူက ဆက်တိုက်ပြောနေကာ ဓားစမ်းသပ်သည့် အ ခြေအနေကို သက်ဝင်လှုပ်ရှားစွာ ပြောပြခဲ့သည်။ လျူယောင်ပင် ပျော်ရွှင်လာပြီး သူ့ရဲ့ စိတ်အခြေအ နေက ရုတ်တရက် ကောင်းလာသည်။
"ဒီလောက်တောင် ကောင်းတာလား..."
ပစ္စည်း ဆယ်ဂဏန်းကျော်ကို တစ်ဆက်တည်း ပြုပြ င်ရာတွင် ကိရိယာက မပွန်းပဲ့သလောက်ပင်။
ဓားစမ်းသပ်တဲ့ အစီရင်ခံစာရွက်ကို ကိုင်ကာ လျူ ယောင် လှန်လှော ကြည့်လိုက်၏။ အကြမ်းဖျင်း ဖ တ်ပြီးနောက် စိတ်လူပ်ရှားစွာ ပြန်ပြောလိုက်သည်။
"ဒီအမည်းရောင်သတ္တုက..သတ္တုစပ်ဓား ထုတ်လုပ် ဖို့ အထူးတလည် လုပ်ထားပုံရတယ်...အဲဒါက သတ္တု စပ်ဓားများ ပြုလုပ်ဖို့အတွက် အကောင်းဆုံး ပစ္စည်း ပဲ...."
ဟန်ကွမ်းလည်း စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက် ၏။
"ဟုတ်တယ်..အကိုယောင် ..ဒီသတ္တုထက်ပိုပြီး သ တ္တုစပ်ဓားတွေ ပြုလုပ်ဖို့ ပိုသင့်တော်တဲ့ သတ္တုမရှိ တော့ဘူး..."
"အစ်ကိုယောင်... ဒီသတ္တုနဲ့ဆိုရင် သတ္တုစပ်ဓား လုပ် ငန်းတစ်ခုလုံးကို လှုပ်ခါသွားလိမ့်မယ်... စက်မှုလုပ် ငန်းတစ်ခုလုံးအပေါ်လည်း ကြီးမားတဲ့ သက်ရောက် မှု ရှိလာလိမ့်မယ်..."
ဒီလို သက်ရောက်မှုမျိုးက အပြုသဘောဆောင်တာ သေချာပြီး အပျက်သဘော မဟုတ်ပေ။ဒီလို ကော င်းမွန်တဲ့ သတ္တုစပ်ဖြတ်တောက်သည့်ကိရိယာတွေ အများကြီးရှိလာရင် အရင်က ပြုပြင်လို့မရတဲ့ ဒါမှ မဟုတ် တိကျမှုမရှိနိုင်တဲ့ အစိတ်အပိုင်းများစွာကို ပြုပြင်နိုင်တော့မည်လေ။
"အစ်ကိုယောင်...ကျွန်တော်တို့ ထိုင်ရှန်းဓားအုပ်စုက ဒီသတ္တုကို လိုအပ်တယ်.. .ဈေးနှုန်းသတ်မှတ် ပေးပ ါ... ကျွန်တော်..အကုန်ဝယ်ပါ့မယ်..."
လျူယောင် ပျော်ရွှင်စွာ ပြုံးလိုက်ပြီး စိတ်ထဲကနေ တွေးလိုက်မိသည်။
"ဒီသတ္တုမျိုး....ငါ့မှာ အများကြီးရှိပေမယ့်လည်း ဈေ းပေါပေါနဲ့တော့ မရောင်းနိုင်ဘူး...."
ပြည်ပကတင်သွင်းတဲ့ သတ္တုစပ်ဖောက်သည့် ပစ္စည် း တစ်ခုဆို ယွမ်ထောင်ပေါင်းများစွာ ဒါမှမဟုတ် နှစ်ထောင် သုံးထောင်ပေါင်း များစွာနဲ့ ရောင်းနိုင် တ ယ်လို့ သူ ကြာဖူးသည်။
အမည်းရောင်သတ္တု တစ်ကီလိုဂရမ်ကို ဖောက်သ ည့်ကိရိယာ ဆယ်ဂဏန်းကျော် ထုတ်လုပ်နိုင်သည်။
အဲဒါကို သတ္တုစပ်ဓားသွားများ ထုတ်လုပ်ဖို့ အသုံး ပြုလျှင် သတ္တုစပ်တစ်ကီလိုဂရမ်ဆို သတ္တုစပ်ဓား သွား ဆယ်ဂဏန်း ဒါမှမဟုတ် ရာဂဏန်းအထိ ထုတ် လုပ်နိုင်ပေသည်။
ဒီလို သတ္တုစပ်ဓားသွားများကို တစ်ချောင်းလျှင် နှစ် ရာ သို့မဟုတ် သုံးရာနှင့် ရောင်းချရန် ပြဿနာ မရှိနို င်ပေ။
လျူယောင်က ချိန်ဆလိုက်ပြီး ပြောလိုက်၏။
"ငါတို့ရဲ့ ဆက်ဆံရေး ကောင်းတဲ့အတွက်ကြောင့် ဈေးနှုန်းကို တစ်ကီလိုဂရမ်.. ယွမ် ၁၀,၀၀၀ နဲ့ ပေးမယ်...မင်း လိုချင်သလောက် ငါ့မှာ ရှိတယ်...."
"ဗျာ တစ်ကီလိုဂရမ်ကို ယွမ် ၁၀,၀၀၀ လား..."
ဟန်ကွမ်း ပထမတော့ လန့်သွား၏။သူက ထိုသို့သေ ာ ဈေးကြီးသည့် သတ္တုစပ်ကို တစ်ခါမှ မဝယ်ဖူးပေ ။ပြည်ပကတင်သွင်းသည့် သတ္တုစပ်တွေတောင် ဒီ လောက် ဈေးမကြီးပေ။ဒါပေမဲ့ ဒီစျေးနူန်က ဈေး နှုန်းသင့်တယ်လို့ သူ ချက်ချင်း ခံစားလိုက်ရသည်။
"အစ်ကိုယောင်...ဒါဆို ကျွန်တော် အရင် တန် ၁၀၀ ဝယ်ပါ့မယ်..ကုန်သွားရင် ထပ်ဝယ်ပါမယ်..."
တန် ၁၀၀ ဆိုရင် သတ္တုကီလိုဂရမ် တစ်သိန်း ဒါမှမ ဟုတ် ယွမ် ဘီလီယံ ၁၀၀ ပဲ ဖြစ်သည်။
"ရက်ရောလိုက်တာ..."
လျူယောင် ခေါင်းညိတ်ကာ ပြောလိုက်၏။
"ကောင်းပြီ... ငါ... မင်းကို တန် ၂၀ ကျော် အရင်ရော င်းနိုင်တယ်...ကျန်တာကိုတော့ တစ်လခွဲအတွင်း ငါ ပို့ ပေးလိုက်မယ်.."
နှစ်ဦးသား လျင်မြန်စွာ အရောင်းအဝယ် ဖြစ်သွား ကြသည်။
Universal အထူးသတ္တုကုမ္ပဏီတွင် အမည်းရောင် သတ္တုချောင်းကို ဆယ်ကီလိုကျော်ကို သေးငယ် သ ည့် သတ္တု့ချောင်းများအဖြစ် ပြုပြင်ပြီးသွားပြီပဲ ဖြစ် သည်။စုစုပေါင်း သတ္တု ၂၅ တန်ခန့်ရှိပြီး အဲ့ဒါတွေ ကို ဟန်ကွမ်းအား အရင်ရောင်းနိုင်ပေသည်။
" ဟူး.. "
ဟန်ကွမ်းက သူ့လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ပျော် ရွှင်နေသည်။သတ္တု ၂၅ တန်က သူတို့အတွက် သ တ္တုစပ်ဓားများနှင့် ဓားသွားများစွာကို ပြုပြင်ရန် လုံ လောက်ပြီး ဈေးကွက်ကို လျင်မြန်စွာ သိမ်းပိုက်နိုင် ပေသည်။
ပျော်ရွှင်နေစဉ်တွင် သူ မေးရန် မမေ့ခဲ့ပေ။
"အစ်ကိုယောင်... နိုင်ငံခြားသားတွေက အကို့ရဲ့ အ မည်းရောင် သတ္တုကို ဝယ်ချင်ရင် ဘယ်ဈေးနဲ့ ရောင် းမှာလဲ..."
အစ်ကိုယောင်က ရောင်းလိမ့်မယ်လို့ သူ ယုံကြည်သ ည်။ဒါပေမဲ့ ဈေးနှုန်းက ပိုမြင့်နိုင်ပေမည်။
"နိုင်ငံခြားသားတွေက ဝယ်ချင်ရင်တော့ ငါ မရောင်း ဘူး...တပြားမှ မရောင်းနိုင်ဘူး...သူတို့ကို ဒေါသထွ က်အောင်ပဲ လုပ်မှာ..."
ဒီစကားကို ကြားတော့ ဟန်ကွမ်း ပျော်ရွှင်စွာ ရယ် မောလိုက်သည်။
သူ့ စိုးရိမ်နေသည့် စိတ်ကလည်း ပျောက်ကွယ်သွား ၏။နိုင်ငံခြား သတ္တုစပ်ဓား ထုတ်လုပ်သူများက ဒီလိုသတ္တုစပ်ကို မဝယ်နိုင်ပေ။ မကြာခင်မှာပဲ အမျ ားဆုံး သုံးလမှ ငါးလအတွင်းမှာ သူတို့က အလယ် အလတ်နှင့် အဆင့်မြင့် သတ္တုစပ်ဓားများရဲ့ လုပ်ပိုင် ခွင့်ကို လုံးဝဆုံးရှုံးသွားတော့မှာပဲ ဖြစ်သည်။
........
Universal စွမ်းအင်သုတေသန...
Universal သုတေသနစင်တာတွင် ဟူနမ်က နည်းပ ညာအဖွဲ့နှင့်အတူ ဂရက်ဖင်း-အလူမီနီယံ ဘက်ထရီ များ ထုတ်လုပ်မှုနှင့် စက်မှုထုတ်လုပ်မှုလုပ် ငန်းစဉ် တစ်ခုလုံးရဲ့ ဒီဇိုင်းကို အပြီးသတ်နိုင်ခဲ့ပြီး စက်မှုလုပ် ငန်းအဖြစ် အစုလိုက်အပြုံလိုက် ထုတ်လုပ်သည့် န ည်းပညာဆိုင်ရာ အတားအဆီးများ မရှိတော့ပေ။
အခု သူက ကားများအတွက် ဘက်ထရီများ ထုတ် လုပ်ရန် နည်းပညာအဖွဲ့ကို ဦးဆောင်ပြီး သုတေသန နဲ့ တီထွင်မှုများ လုပ်နေပေသည်။
နောက်ဆုံးအကြိမ်တုန်းက သူက ဖုန်းများအတွက် ဂ ရက်ဖင်း-အလူမီနီယံ ဘက်ထရီကို တီထွင်ခဲ့ပြီး ဒီတ စ်ကြိမ်တော့ ကားများအတွက် ဘက်ထရီကို သူ တီ ထွင် နေသည်။
အားလုံးက ဂရက်ဖင်း-အလူမီနီယံ ဘက်ထရီများပဲ ဖြစ်သည်။ကွာခြားချက်မှာ အရွယ်အစားနှင့် သတ်မှ တ်ချက်သာဖြစ်သည်။နိယာမကတော့ အတူတူပင် ဖြစ်ပြီး တိုးတက်မှုကလည်း အလွန်မြန်ပေသည်။
ဟူနမ်တို့က ပထမဆုံး ကားဘက်ထရီများကို လုပ် ပြီးခဲ့သည်။ဒါက ဖုန်းဘက်ထရီများထက် အများ ကြီး ပိုကြီးပြီး တစ်ခုစီက အုတ်ခဲငယ်လေးတစ်ခုနှင့် ဆင်တူသည်။
ဒီကားဘက်ထရီများကို ကြည့်ရင်း ဟူနမ်က စိတ် လှု ပ်ရှားမှုကို မထိန်းနိုင်တော့ပေ။ ဒီဘက်ထရီမျိုးကို စျေးကွက်တွင် မိတ်ဆက်လိုက်တာနဲ့ ကားဘက်ထရီ လုပ်ငန်းတစ်ခုလုံးကို လှုပ်ခါသွားလိမ့်မည်။လောင်စ ာ ဆီသုံးယာဉ်များရဲ့ ခေတ်ကိုလည်း အခြေခံအား ဖြင့် နှုတ်ဆက်နိုင်မှာပဲလို့ သူက စိတ်ထဲမှ ပျော်ရွှင် စွာ တွေးလိုက်မိသည်။