ယုံလား..သံသယရှိလား
Vol. 34 Ch. 434
ဟူနမ်ရဲ့ ဦးဆောင်မှုအောက်တွင် ထုတ်လုပ်ပြီးသော ကားဘက်ထရီများကို စမ်းသပ်လိုက်ကြသည်။ရရှိ သည့် အချက်အလက်များက အလွန် ကျေနပ်စရာ ကောင်းလှသည်။
အားသွင်းနှုန်းက လစ်သီယမ်ဘက်ထရီများထက် အနည်းဆုံး အဆ ၁၀၀ ပိုမြန်တာကို ပြောရန်ပင် မ လိုပေ။အဓိကအချက်မှာ အံ့မခန်းစရာ စွမ်းအင် သိ ပ်သည်းဆပင် ဖြစ်၏။
ဒီနယ်ပယ်တွင် ကျွမ်းကျင်သူဖြစ်တဲ့ ဟူနမ် သိသည် မှာ လက်ရှိဈေးကွက်ထဲတွင် အကောင်းဆုံး ကားဘ က်ထရီများဖြစ်သည့် တက်စလာက ထုတ်တဲ့ လစ် သီယမ်ဘက်ထရီတွင် စွမ်းအင်သိပ်သည်းဆ ၃၅၀ WH/KG ခန့်ရှိပြီး အနာဂတ်တွင် ကားဘက်ထရီ ထုပ်များရဲ့စွမ်းအင်သိပ်သည်းဆက ၃၂၀ WH/KG ခန့်ရှိမှာပဲ ဖြစ်သည်။
ဟူနမ် တီထွင်ထုတ်လုပ်ခဲ့တဲ့ကားဘက်ထရီတွင် စွမ်း အင်သိပ်သည်းဆ ၂၀၀၀ WH/KG ရှိ၏။
ဒါဟာ ဈေးကွက်မှာရှိတဲ့ လစ်သီယမ်ဘက်ထရီများ ရဲ့ စွမ်းအင်သိပ်သည်းဆထက် ၆ ဆမှ ၇ ဆ ပိုများ နေသည်။
စွမ်းအင်သစ်သုံး ယာဉ်တစ်စီးက ၈၀ မှ ၁၀၀ ဒီဂရီ ခ န့် အားအပြည့်သွင်းနိုင်ပြီး ၁၀၀ ကီလိုမီတာလျှင် ၈ ဒီဂရီမှ ၁၀ ဒီဂရီခန့် သုံးစွဲပေသည်။သီအိုရီအရ တစ် ခါအားသွင်းရုံဖြင့် ကီလိုမီတာ ၁၀၀၀ သွားလာနိုင် ပေသည်။
ဒါပေမဲ့ လက်တွေ့အခြေအနေမှာတော့ ကီလိုမီတာ ၃၀၀ မှ ၅၀၀ ခန့်သာ သွားနိုင်ပြီး ပါဝါကုန်သွားပါက အားပြန်သွင်းချိန်ဟာ နာရီအနည်းငယ် သို့မဟုတ် ဒီ ထက် ပိုပြီးကြာနိုင်ပေသည်။
ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီများက လက်ရှိ လစ်သီယမ်ဘက်ထရီများကို လုံးဝ ဖယ်ရှားပစ်ကာ လုပ်ငန်းတစ်ခု ပြောင်းပြန်ဖြစ်တော့မှာဖြစ်ပြီး ဆီသုံ းယာဉခေတ် အဆုံးသတ်တော့မှာကို ဟူနမ်က ရှင်း လင်းစွာ နားလည်ထားသည်။
ဟွမ်ကွမ်းနှင့် ဟူနမ်တို့က ကားဘက်ထရီတိုး တက်မှု အခြေအနေကို လျူယောင်အား သတင်းပို့ရာ လျူ ယောင်ရဲ့ မျက်နှာက တဖြည်းဖြည်းနဲ့ ကျေနပ် အံ့သြ လာသည်။
ဟူနမ်က အသေးစိတ် ရှင်းပြလိုက်၏။
"သူဋေး..ကျွန်တော်တို့ တီထွင်ထားတဲ့ ကားဘက်ထ ရီရဲ့ စွမ်းအင်သိပ်သည်းဆက ၂၀၀၀ WH/KG အ ထိ ရောက်ရှိနိုင်ပါတယ်..ဈေးကွက်မှာ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနေတဲ့ လစ်သီယမ်ဘက်ထရီတွေရဲ့ စွမ်းအင်သိပ်သည်းဆနဲ့ အများကြီး ကျော်လွန်နေ ပါတယ်...ကီလိုမီတာ ၂၀၀၀ ကျော် သွားနိုင်ပြီး ပါဝ ါကုန်သွားရင်လည်း အားသွင်းနှုန်းက အလွန်မြန်ပါ တယ်... မိနစ် ၂၀ အတွင်း အားအပြည့်သွင်းနိုင်ပါတ ယ်ခဗျ"
ဟူနမ် ရှင်းပြတာကို နားထောင်ပြီးနောက် လျူယော င် စိတ်ထဲတွင် ဒီလိုကောင်းမွန်သည့် ကားဘက်ထရီ ရှိသဖြင့် စွမ်းအင်သစ်သုံး ကားကုမ္ပဏီတစ်ခုကို အ ပျော်သဘောနဲ့ တည်ထောင်ဖို့ သူ စဉ်းစားလိုက်မိသ ည်။
ဒါပေမယ့်လည်း ဒီအကြံကို လျူယောင် လျင်မြန်စွ ာ လက်လျှော့လိုက်သည်။ယန်နိုင်ငံတွင် စွမ်းအင် သစ်သုံးယာဉ်များ ထုတ်လုပ်မှုက အမြဲ တိုးတက်နေ သ ည်။ Universal လုပ်ငန်းစုအနေဖြင့် ထိုထဲမှာ ပါ ဝင်ရန် မလိုအပ်ပေ။ကားဘက်ထရီ ထုတ်လုပ်ရုံဖြင့် သာ လုံလောက်ပေသည်။
"အရမ်းကောင်းတယ်..မင်းတို့ ပင်ပန်းခဲ့ကြပြီ… ဝန် ထမ်းအားလုံးကို ငါ..ဆုချမယ်..ဒီလိုလုပ်လိုက်ပါ... ငါ ယွမ် သန်း ၅၀ ဆုကြေးပေးမယ်... မင်းတို့ နှစ် ယောက်က အောက်ကလူတွေကို ဘယ်လိုဆုချမယ် ဆိုတာ ဆုံးဖြတ်ပါ.."
"ဘာ..ဆုငွေ ယွမ် သန်း ၅၀ လား..."
ဟွမ်ကွမ်းနှင့် ဟူနမ်တို့ အချင်းချင်းကြည့်လိုက်ရာ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် အံ့ ဩနေတာကို မြင်လိုက်ရသည်။သူတို့က စိတ်ထဲက နေ
"အကိုယောင်က. အလွန် ရက်ရောတာပဲ.." လို့ ရေရွ တ်လိုက်ကြသည်။
Universal သုတေသနစင်တာက စွမ်းအင်သိပ်သည် းဆ ၂၀၀၀ WH/KG ရှိသည့် မော်တော်ယာဉ် အတွ က် ဂရက်ဖင်း-အလူမီနီယမ် ကားဘက်ထရီကို အော င်မြင်စွာ တီထွင်နိုင်ခဲ့သည်။ထိုသတင်းပြန့်သွားရာ အချို့မီဒီယာများက သတင်းအသည်းအသန် လိုက် ရေးကြ၏။
"မော်တော်ယာဉ်အတွက် ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ အောင်မြင်စွာ တီထွင်နိုင်ပြီ..."
"တုန်လှုပ်ဖွယ်ရာ သတင်း.Universal လုပ်ငန်းစုက မော်တော်ယာဉ်အတွက် ဂရက်ဖင်း-အလူမီနီယမ် ဘ က်ထရီကို တီထွင်နိုင်ခဲ့ပီတဲ့..."
"ဂရက်ဖင်း-အလူမီနီယမ် ကားဘက်ထရီက စွမ်း အင်သိပ်သည်းဆ နှစ်ထောင် ကျော်လွန်သွားပြီ..."
"ဆီသုံးကားရေ...နှုတ်ဆက်လိုက်ပါ .တာ့တာ့လို့.."
"စွမ်းအင်သစ်သုံး ကားဘက်ထရီ ဖြစ်တဲ့ - ဂရက်ဖင် း-အလူမီနီယမ် ဘက်ထရီရဲ့ စွမ်းအင်သိပ်သည်းဆ က ၂၀၀၀ WH/KG ရှိပြီး အနာဂတ်တွင် စွမ်းအင် သ စ်သုံးယာဉ်များရဲ့ စိုးမိုးမှုက ကျွန်တော်တို့လက်ထဲ တွင် ရှိနေပါပြီ..."
တဖြည်းဖြည်းနှင့် မော်တော်ယာဉ်အတွက် ဂရက်ဖင် း-အလူမီနီယမ် ဘက်ထရီ သတင်းများက နေရာအ နှံ့အပြား ပြန့်နှံ့သွားပြီး နှစ်ရက်အတွင်းမှာပဲ လူကြ ည့်အများဆုံးစာရင်းတွင် ထိပ်ဆုံးနေရာ ရောက်ရှိ သွ ားသည်။
သို့ပေမဲ့ လူအများစုမှာ မယုံကြည်ကြပေ။
ဆက်စပ်ဆောင်းပါးများကလည်း အလွန်အမင်းများ ပြားလှပြီး ဒါက တုန်လှုပ်ဖွယ်ရာ လိမ်လည်မှုတစ်ခု သာဖြစ်ကြောင်း လူများစွာက တညီတညွတ်တည်း ပြောဆိုလိုက်ကြသည်။
" Universal လုပ်ငန်းစုက ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီကို ထပ်မံ မှန်းဆပြောနေပြန်ပြီ...သူတို့ ဘ ာကိုရည်ရွယ်နေတာလဲ.."
"ပုံမှန် လိမ်လည်မှုတစ်ခုပါပဲ ကွာ...နိုင်ငံတော်ရန်ပုံ ငွေကို လိမ်ယူဖို့ ကြိုးစားနေတာ....သေချာတယ်..."
"ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီကိုသာ Univers al က တကယ် တီထွင်နိုင်မယ်ဆိုရင် ကျွန်တော် ချီး အစိမ်းလိုက် စားပြရဲတယ်..”
လူ ၅၀% မှ ၆၀% က မယုံကြည်ကြဘဲ ၂၀% မှ ၃၀% ခန့်က စောင့်ကြည့်နေပြီး သံသယရှိသည့် သဘော ထားကို ပြကြကာ လူ ၁၀% အောက်ကသာ ဂရက်ဖ င်း-အလူမီနီယမ် ဘက်ထရီ အောင်မြင်စွာ တီထွင် နို င်တာကို ယုံကြည်ကြသည်။
လျူယောင်က အွန်လိုင်းပေါ်မှ တုံ့ပြန်မှုများကို ဂရုမ စိုက်သလို သူ့မှာ ဖိအား လုံးဝ ရှိမနေပေ။
အစစ်အမှန်က အတုမဖြစ်နိုင်သလို အတုကလည်း အစစ်အမှန်မဖြစ်နိုင်ဘူးလေ။
မကြာပါဘူး အများဆုံး တစ်လခန့်ဆိုလျှင် မိုဘိုင်းဖု န်းအတွက် ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီများ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှာပဲဖြစ်ပြီး ကောလ ဟလအားလုံးက သူ့အလိုလို ပျောက်သွားမည် ဖြစ် ကာ လူတိုင်းက ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ ကို တကယ် အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီဆိုတာကို သိရှိသွားမှာပဲ ဖြစ်သည်။
......
လျူယောင်နဲ့ လီချန်လဲ့တို့က အတူတူ ဈေးဝယ် ထွ က်လာကြကာ ပစ္စည်းအချို့ဝယ်ပြီးနောက် မီချဲလ် လင်း စားသောက်ဆိုင်တွင် စားသောက်ခဲ့ကြသည်။
"ကို...အင်တာနက်မှာ ဂရက်ဖင်း-အလူမီနီယမ် ဘက် ထရီနဲ့ပတ်သက်တဲ့ သတင်းတွေ အများကြီးပဲ... သံ သယဖြစ်ဖွယ်တွေလည်း အများကြီးပဲ... ရှင်မစိုးရိမ် ဘူးလား..."
လျူယောင်က ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်၏ ။
"ကိုယ်မစိုးရိမ်ပါဘူးကွာ..နောက်တစ်လကျော်ကျော်လောက်ဆိုရင် ကိုယ်တို့က မိုဘိုင်းဖုန်းအတွက် ဂရ က်ဖင်း-အလူမီနီယမ် ဘက်ထရီတွေ အစုလိုက် အ ပြုံလိုက် ထုတ်လုပ်တော့မှာ...အဲဒီအခါကျ သူတို့ သိသွားကြလိမ့်မယ်... Universal လုပ်ငန်းစုက... ကြွားလုံးထုတ်တာမျိုး မလုပ်ဘူးဆိုတာကိုပေါ့.."
"ကို... ဒီမှာ Douyin ဘလော့ဂါကြီးတစ်ယောက်က ကျွန်မတို့ရဲ့ ဘက်ထရီကို မေးခွန်း ထုတ်နေတာ ကြ ည့်ပါဦး..."
လီချန်လဲ့ရဲ့ မိုဘိုင်းဖုန်းကို လျူယောင် တစ်ချက် ကြ ည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ဒီလူကို ဂရုမစိုက်ပါနဲ့... ဒီလူ.. မျက်နှာပျက်ရပါလိ မ့်မယ်..."
လျူယောင် တကယ်ကို မစောင့်နိုင်တော့ပေ။အရာ အားလုံးက မကြာခင် အဖြေ ပေါ်ပေါက်လာတော့မ ည်လေ။
....
ဟုန်ကွမ်း မော်တော်ယာဉ်အုပ်စု…
ထိုအုပ်စုက ပြည်တွင်းတွင် လူသိများတဲ့ မော်တေ ာ်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး အကြီး စားလုပ်ငန်းဖြစ်ကာ သက်တမ်းရှည်ပေသည်။ဒါပေ မဲ့ ပြည်ပမှ ကားများရဲ့ ရိုက်ခတ်မှုအောက်တွင် သူ တို့က အဆင့်မြင့်ကားများ ထုတ်လုပ်မူကို အခြေခံ အားဖြင့် လက်လျှော့လိုက်ပြီး အလယ် အလတ်နှင့် အဆင့်နိမ့်ကားများကိုသာ အဓိက ထုတ်လုပ်ခဲ့ကြ သည်။
အလယ်အလတ်နှင့် အဆင့်နိမ့် ကားများထုတ်လုပ် နေသော်လည်း ထိုအုပ်စုက ဈေးကွက်တွင် အလွန် ရေပန်းစားပြီး ထုတ်လုပ်မှုကလည်း အလွန်ကြီးမား လှသည်။
ဟုန်ကွမ်းမော်တော်ယာဉ်က ခိုင်ခံ့ပြီး အရည်အသွေး ကောင်းမွန်ကာ ဈေးပေါတာကြောင့် လူကြိုက်များ ပေသည်။ကားတစ်စီးကို ယွမ် ၃၀၀၀၀ မှ ၅၀၀၀၀ ဖြင့် ဝယ်နိုင်ပြီး ထို ဗန်ကားတစ်စီးက အမျိုးသားမျ ားအတွက် မြင့်မြတ်သောကားအဖြစ် သိထားကြ သည်။
မကြာသေးမီနှစ်များတွင် ဟုန်ကွမ်းမော်တော်ယာဥ် ကလည်း စွမ်းအင်သစ်သုံးယာဉ်များကို စတင် ထုတ် လုပ်လာပြီး သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကလည်း မဆိုးခဲ့ ပေ။
ဥက္ကဋ္ဌစုလီရန်က ရုံးခန်းထဲတွင် အဆင့်မြင့်အစည်း အဝေးတစ်ခု ကျင်းပနေသည်။အစည်းအဝေး ပြီး ခါနီးတွင် သူက မေးခွန်းတစ်ခုမေးလိုက်၏။
"အားလုံးပဲ..Universal လုပ်ငန်းစုက မော်တော်ယာ ဉ်အတွက် ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တယ်ဆိုတာ.... ဒီကိစ္စကို ခဗျားတို့ ဘယ်လိုမြင်ကြလဲ...."
ချက်ချင်းပင် အဆင့်မြင့်အမှုဆောင်တစ်ယောက်က ထပြောလိုက်သည်။
"ဒီကိစ္စက လုံးဝ မယုံကြည်နိုင်စရာပါပဲ..ဥက္ကဋ္ဌ . ကျွ န်တော်သိရသလောက် ဂရက်ဖင်း-အလူမီနီယမ် ဘ က်ထရီက သီအိုရီအဆင့်မှာပဲ ရှိနေသေးပြီး Univers al လုပ်ငန်းစုက အောင်မြင်စွာ တီထွင်နိုင်တယ်ဆိုတ ာက မဖြစ်နိုင်ပါဘူးခဗျ.."
နောက်ထပ် အမှုဆောင်တစ်ယောက်ကလည်း ဝင် ပြောလိုက်သည်။
"မဖြစ်နိုင်ဘူးလို့တော့ မဆိုနိုင်ဘူး... ချင်းယွန်နိုင်ငံ တကာက သူတို့ရဲ့ ချင်းယွန် မိုဘိုင်းဖုန်းတွေမှာ ဂရ က်ဖင်း-အလူမီနီယံ ဘက်ထရီကို အပြည့်အဝ အသုံး ပြုမယ်လို့ ကြေညာခဲ့တယ်… ဖြစ်ကောင်းဖြစ်နိုင်ပါ တယ်...ဒါက တကယ် ဖြစ်နိုင်ပါတယ် ခဗျ.."
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီက သီအိုရီအဆင့်မှာပဲ ရှိနေသေးပြီး M နိုင်ငံက လူတွေတောင် မလုပ်နိုင်ဘူး... Universal လုပ်ငန်းစုက အောင်မြင်စွာ တီထွင်နိုင်မယ်ဆိုတာကို ကျွန်တော် မယုံဘူး."
"ဒါက မသေချာဘူး... အောင်မြင်စွာ မတီထွင်နိုင်ဘူ းဆိုရင်..ကျင်းဖန်းခရိုင်မှာ စက်ရုံတည်ဆောက်ဖို့ သူတို့က ယွမ် သန်း ၃၀ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူး”
"ဒါက လိမ်လည်မှုပါ ဥက္ကဌ ...လိမ်လည်မှုဖြစ်ရမယ် .. ဘာပဲဖြစ်ဖြစ် ကျွန်တော် မယုံကြည်ဘူး..."
ဒီ အဆင့်မြင့်အမူဆောင်တွေက အမြင်မတူကြဘဲ တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်ရင်ဆိုင်နေ ကြသည်။ သုံးပုံတစ်ပုံခန့်က လုံးဝမယုံကြည်ကြဘဲ သုံးပုံတစ်ပုံခန့်ကတော့ စိတ်မချ ဖြစ်နေကြကာ သုံး ပုံတစ်ပုံခန့်ကတော့ တကယ်ဖြစ်တယ်လို့ ထင်နေကြ သည်။
လူတိုင်း အငြင်းပွားနေတာကို မြင်တော့ ဥက္ကဌစုလီ ရန်က လက်ထောင်ပြီး ပြောလိုက်သည်။
"တိတ်ပါ...အားလုံး စိတ်အေးအေးထားကြ..."
တဖြည်းဖြည်းနှင့် အစည်းအဝေးခန်းမထဲတွင် တိတ် ဆိတ်သွားကြသည်။
"ကျွန်တော်ကတော့ Universal လုပ်ငန်းစုကို ယုံကြ ည်တယ်... ဒါကြောင့် ဂရက်ဖင်း-အလူမီနီယမ် ဘ က်ထရီတွေအကြောင်း ပိုသိရအောင် အဲဒီကို သွားဖို့ ကျွန်တော် စီစဉ်ထားတယ်..."
စုလုရန်က ကြေညာလိုက်၏။
ဥက္ကဋ္ဌက Universal လုပ်ငန်းစုကို သွားတော့မယ် ဆို တာကြောင့် လူများစွာက အချိန်အတော်ကြာ သတိ မဝင်နိုင်ကြသေးပေ။
စုလီရန်ဆိုတဲ့လူက တိကျပြတ်သားစွာဖြင့် ပြောသ ည့်အတိုင်း လုပ်ဆောင်တတ်သည်။
အစည်းအဝေးပြီးနောက် သူက ချက်ချင်းပဲ ဟွာဟိုင် းမြို့သို့ လေယာဉ်လက်မှတ် ဝယ်လိုက်၏။သူက အပေါ့စားခရီးသွားတာသာ ဖြစ်ပြီး သူ့လက်ထောက် နှင့် ဒု-ဥက္ကဋ္ဌ တစ်ယောက်သာ ခေါ်လာလိုက်သည်။ သူတို့ သုံးယောက်သား လေယာဉ်ပေါ်တက်ပြီး ဟွာ းဟိုင်မြို့သို့ ဦးတည်လိုက်ကြ၏။