← Chapters

ပိုက်ဆံရှာ..ပိုက်ဆံရှာ..ပိုက်ဆံရှာ

Vol. 34 Ch. 435

ပိုက်ဆံရှာ..ပိုက်ဆံရှာ..ပိုက်ဆံရှာ

Vol. 34 Ch. 435

ဟွာဟိုင်းမြို့ရှိ အဆင့်မြင့်စားသောက်ဆိုင်စားပွဲတွင် လျူယောင်၊ ကျိုးယန်၊ဟွမ်ကွမ်းနှင့် အခြားသူများ အပြင် ဟုန်ကွမ်းမော်တော်ယာဉ်မှ စုလီရန်အပါအဝ င် သုံးဦးတို့ အတူတကွ ထိုင်နေကြသည်။

စုလီရန်က အလွန် စိတ်အားထက်သန်စွာ ပြောလိုက် ၏။

"မစ္စတာလျူ...ဒီနေ့ထမင်းပွဲကို ကျွန်တော်က ဧည့်ခံ ပါ့မယ်... ဘယ်သူမှ ကျွန်တော်နဲ့ မယှဉ်ပါနဲ့ ..."

လျူယောင် ရွှင်ရွှင်ပြုံးလျက် ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီ ..ဥက္ကဋ္ဌစု..ကျေးဇူးတင်ပါတယ်"

နှုတ်ဆက်စကား အနည်းငယ် ပြောပြီးနောက် စုလီ ရန်က တောင်းဆိုလိုက်သည်။

"မစ္စတာလျူ..ကျွန်တော့်မှာ မေတ္တာရပ်ခံစရာ တစ် ခုရှိပါတယ်..ညစာစားပြီးရင် ...Universal သုတေသ နစင်တာကို သွားရောက်လေ့လာချင်ပါတယ်..."

"အာ Universal သုတေသနစင်တာက အခုထိ ငှား ရမ်းထားတဲ့ ရုံးခန်းနေရာပဲ ရှိပါသေးတယ်...သုတေ သနစင်တာအသစ်က ဆောက်လို့ မပြီးသေးပါဘူး.. ကျွန်တော်တို့ရဲ့ စင်တာအသစ်ပြီးရင် အဖွဲ့ကို ဦးဆေ ာင်ပြီး.. လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ် ”

ဒီစကားကိုကြားတော့ စုလီရန် အနည်းငယ် စိတ်ပျ က်သွားသည်။

ဒီတစ်ခေါက် သူ ကိုယ်တိုင်ဦးဆောင်ပြီး လာရောက် ခဲ့ခြင်းဖြစ်ကာ Universal သုတေသနစင်တာကို လည်း သွားရောက်လေ့လာချင်ခဲ့သည်။ဒါပေမဲ့ လျူ ယောင်က ယဉ်ကျေးစွာ ငြင်းဆန်နေသည်။

သူတို့က ဟွားဟိုင်မြို့သို့ မနေ့ညနေကတည်းက ရေ ာက်ရှိခဲ့ပြီး ဒီမနက်စောစောမှာပဲ Universal ကို သွ ားရောက်လိုက်ကြသည်။လျူယောင်က သူတို့ကို ကိုယ်တိုင် ဧည့်ခံခဲ့ခြင်း ဖြစ်၏။

နှစ်ဖက်စလုံးက တစ်မနက်ခင်းလုံးတွင် အခြေခံအာ းဖြင့် ဆွေးနွေးလို့ ပြီးသွားကြသည်။စုလီရန်ကလ ည်း ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီများ အကြေ ာင်းကို ကနဦး နားလည်ခဲ့သည်။သူက အလွန် စိတ် လှုပ်ရှား နေပြီး Universal သုတေသနစင်တာကိုသာ သွားရောက်လေ့လာချင်နေသည်။

ယခုတော့ သူ အနည်းငယ် စိတ်ပျက်နေမိသည်။

သို့ပေမဲ့ မကြာခင်မှာပဲ သူ ပြန်လည်စိတ်လှုပ်ရှားလာ သည်။

လျူယောင်က နှစ်သိမ့်ကာ ပြောလိုက်၏။

"Universal သုတေသနစင်တာကို သွားရောက် လေ့ လာဖို့ အဆင်မပြေသေးပေမယ့် ဘက်ထရီနမူနာ အ ချို့တော့ ကျွန်တော် ပို့ပေးနိုင်ပါတယ်"

"အရမ်းကောင်းတယ်..."

စုလီရန် ဝမ်းသာသွားပြီး ပြန်ဖြေလိုက်၏။

"မစ္စတာလျူ .ကျေးဇူးတင်ပါတယ်...တကယ် ကျေး ဇူးတင်ပါတယ်ဗျာ..."

လျူယောင် ခေါင်းညိတ်လိုက်ရာ စုလီရန်အား ပေး ရန် ကြိုတင်ပြင်ဆင်ထားသည့် ဘက်ထရီအချို့အား ဟွမ်ကွမ်းကိုယ်တိုင် ပေးလိုက်သည်။

ဒီဘက်ထရီတစ်ခုစီက ၁ ကီလိုဂရမ် အလေးချိန် ရှိ ပြီး သေးငယ်တဲ့ အုတ်ခဲတစ်ချပ်လို လေးထောင့် ပုံစံ ဖြစ်သည်။သို့ပေမဲ့ အဲ့ဒါက အုတ်ခဲအစစ်ထက် ပို သေးပေသည်။

စုလီရန်က အိတ်ကို လက်နှစ်ဖက်ဖြင့် ယူလိုက်ပြီး ဘက်ထရီတစ်ခုကို ထုတ်ကာ အကြိမ်ကြိမ်ကြည့်၍ သူ အလွန် နှစ်သက်နေသည်။

သူ့မျက်လုံးထဲတွင် ထ်ိုအရာက ဘက်ထရီ မဟုတ်ဘဲ အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုလိုမျိုး သူကြည့် လေလေ ကြိုက်လေလေ ကြည့်လေလေ ပိုပျော် လေလေ ဖြစ်နေသည်။

ခဏကြာအောင် ကြည့်ပြီးနောက် သူက ဘက်ထရီ ကို အိတ်ထဲ ပြန်ထည့်လိုက်ပြီး ဝမ်းသာအားရ ပြော လိုက်သည်။

"မစ္စတာလျူ... ဒါက ကျွန်တော် တစ်သက်မှာ လက် ခံရရှိဖူးတဲ့ အကောင်းဆုံး လက်ဆောင်ပဲဗျာ.."

ဒီအချိန်မှာပဲ ဟင်းပွဲများက တစ်ပွဲပြီး တစ်ပွဲ ရောက် ရှိလာရာ စုလီရန်က ဝိုင်ခွက်ကို မြောက်ပြီး လျူယေ ာင်အား ယဉ်ကျေးစွာ ပြောလိုက်သည်။

"ကမ်းပေ့... ကုန်အောင် သောက်ပါ ..."

ဒီထမင်းစားပွဲရဲ့ အငွေ့အသက်က စည်ကားနေပြီး နှ စ်နာရီခန့်ကြာပေသည်။ထမင်းစားပြီးနောက် စုလီရ န်နဲ့ အခြားသူများက မွန်းလွဲပိုင်း လေယာဉ်စီးဖို့ အ တွက် ဟိုတယ်သို့ ပြန်သွားကြသည်။

နောက်ဆုံးတော့ ဟုန်ကွမ်း မော်တော်ယာဉ် အဖွဲ့သို့ စုလီရန် ပြန်ရောက်လာသည်။

သူ ပြန်လာပြီး ပထမဆုံးအလုပ်မှာ ဒီဘက်ထရီမျ ားကို စွမ်းအင်သစ်သုံးယာဉ်ရဲ့ အကြီးအကဲ သိပ္ပံပ ညာရှင်အား ပေးအပ်ပြီး စမ်းသပ်ခိုင်းရန် ဖြစ်သည်။

ဒီစမ်းသပ်မှုက အံ့မခန်းဖြစ်ခဲ့ပြီး ဟုန်ကွမ်း မော်တေ ာ်ယာဉ်ရဲ့ အဆင့်မြင့် စီမံခန့်ခွဲသူအားလုံး တုန်လှုပ် သွားကြသည်။

Universal လုပ်ငန်းစုက လုံးဝ ကြွားလုံးထုတ်ခဲ့ခြင်း မဟုတ်ပေ။ လစ်သီယမ်ဘက်ထရီ အားသွင်းနှုန်းက အမှန်ပင် အဆ ၁၀၀ ပိုမြန်နေသည်။ပြီးတော့ ဘက် ထရီရဲ့ စွမ်းအင်သိပ်သည်းဆမှာ တကယ်ကို ၂၀၀၀ WH/KG အထိ ရောက်ရှိနေတာကို သူတို့ ပို၍ပင် အံ့ ဩကြသည်။

"ဘုရားရေ.. "

"ဒါက မယုံနိုင်စရာပဲ.."

စုလီရန်အပါအဝင် လူတိုင်းက ထိုအဓိပ္ပာယ်ကို ကော င်းကောင်း သိကြ၏။ဒီလို ဘက်ထရီမျိုး ပေါ်ပေါက် လာခြင်းက မော်တော်ယာဉ်လုပ်ငန်းတစ်ခုလုံးကို ပြန်လည်ပြင်ဆင်လိုက်တာနဲ့ အတူတူပဲ ဖြစ်သည်။

စုလီရန်က အမှုဆောင်များအား ရှင်းပြလိုက်၏။

"အားလုံးပဲ... ဒီကိစ္စကို အတည်ပြုပြီးပါပြီ.. ..Univ ersal လုပ်ငန်းစုက စွမ်းအင်သိပ်သည်းဆ ၂၀၀၀ W H/KG ရှိတဲ့ ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တယ်.. .ကျွန်တော်ကိုယ် တိုင် မစ္စတာလျူကို သွားတွေ့ခဲ့တာ... မကြာခင်မှာပဲ ဒီဘက်ထရီကို အစုလိုက်အပြုံလိုက် ထုတ်လုပ်မယ် လို့ သူက ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်..."

သူ စကားပြောပြီးတာ နှင့် အစည်းအဝေးခန်းမထဲ တွင် ဆူညံသွားကြသည်။

"မယုံနိုင်စရာပဲ...အောင်မြင်စွာ တီထွင်နိုင်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးခဲ့မိဘူးဗျာ.."

"ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ အခွင့်အရေ းပဲ...ကျွန်တော်တို့ ဒါကို လက်လွှတ်ခံလို့မရဘူး..."

"ဥက္ကဌ အမှာစာကို ချက်ခြင်း စာချုပ်ချုပ်ဖို့ ကျွန် တော် အကြံပြုလိုပါတယ်. ကျွန်တော်တို့က ဘက်ထ ရီ အများကြီး အော်ဒါမှာတဲ့ ပထမဆုံးကုမ္ပဏီ ဖြစ် ချင်ပါတယ်..."

လူတိုင်းရဲ့ တုံ့ပြန်မှုများကို စုလီရန် ကျေနပ်စွာ ကြ ည့်နေပြီး ထိုစကားများကို သူ့နားထဲတွင် ကြားရသေ ာအခါ ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။

နှစ်မိနစ် သုံးမိနစ်ခန့်ကြာပြီးနောက် လုံလောက်ပြီဟု ခံစားရသောအခါ စုလီရန်က အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်။

"အားလုံးပဲ ..အရင်ဆုံး စိတ်အေးအေးထားကြပါ..."

ဆူညံနေတဲ့ အစည်းအဝေးခန်းမတွင် တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး လူတိုင်း က စိတ်လှုပ်ရှားစွာနဲ့ စု လီရန်ကို ကြည့်နေကြသည်။

"ကျွန်တော် ချက်ချင်းပဲ ရန်ပုံငွေတွေ စုဆောင်းဖို့ ဆုံ းဖြတ်လိုက်ပါတယ်... ဖြစ်နိုင်ရင် ပိုက်ဆံပါ ထပ် ချေးယူပြီး ဒီဘက်ထရီတွေကို ချက်ချင်းပဲ အော်ဒါ များစွာ မှာဖို့ပဲ.."

ဒီဆုံးဖြတ်ချက်ကို တညီတညွတ်တည်း သဘောတူ ခဲ့ကြပြီး ဘယ်သူမှ မကန့်ကွက်ခဲ့ပေ။

ပိုက်ဆံ အမြန်ဆုံး ရှာဖွေခြင်းအပြင် စုလီရန်က ဘ က်ထရီနမူနာ အနည်းငယ်ကို အခြေခံပြီး ကားဒီဇိုင်း ကို ချက်ခြင်း စတင်ရန်လည်း တိုက်တွန်းခဲ့သည်။ သို့မှသာ ဟုန်ကွမ်း မော်တော်ယာဉ် အဖွဲ့က အနာဂ တ်တွင် ထုတ်လုပ်မည့် ကားအားလုံးတွင် ဒီလို ဘက် ထရီမျိုးကို အသုံးပြုနိုင်မှာပဲ ဖြစ်၏။

အစည်းအဝေး ရုပ်သိမ်းလိုက်ပြီးနောက် ဟုန်ကွမ်း မော်တော်ယာဉ်ရဲ့ အဆင့်မြင့် စီမံခန့်ခွဲသူအားလုံးက ထိရောက်စွာ လည်ပတ်လုပ်ကိုင်တော့သည်။

"ပိုက်ဆံရှာ...ပိုက်ဆံရှာ..ပိုက်ဆံရှာ.."

သူတို့ လုပ်ရမည့်အရာမှာ သူတို့၏ ရန်ပုံငွေအားလုံး ကို စုဆောင်းရန်၊ဘဏ်မှ အများဆုံး ချေးငွေရယူရန် နှင့် ဒီဘက်ထရီကို ချက်ချင်း အော်ဒါမှာရန်ပဲ ဖြစ်သ ည်။

လျူယောင်ဆီ သွားရောက်လေ့လာစဉ်က သူက

"ပထမဆုံးလာသူ ပထမဆုံးရမယ်..." ဆိုတဲ့ နိယာမ ကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပေသည်။စောစီးစွာ အော်ဒါမှာသူကကုန်ပစ္စည်းကို ပိုမိုစောစီးစွာ ရရှိမှာပဲ ဖြစ်သည်။

စုလီရန်က ကဏန်းသားပထမဆုံး စားတဲ့သူဖြစ်ပြီး အော်ဒါမှာရန် ဖြစ်ကာ ဒီအခွင့်အရေးကို မြဲမြံစွာ သူ ဖမ်းဆုပ်ရမည်လေ။

နှစ်ရက်အကြာတွင် သူက Universl လုပ်ငန်းစုထံ သူ ထပ်မံသွားရောက်ခဲ့သည်။

ဒီတစ်ခေါက်တော့ လူ ၁၂ ဦးထက်မနည်းလိုက်ပါလ ာပြီး အင်အားကြီးမားလှ၏။တစ်ဝက်တစ်ပျက် ဆွေးနွေးပြီးနောက် ဟုန်ကွမ်း မော်တော်ယာဉ် အဖွဲ့ က ယွမ် ၃၂ ဘီလီယံတန်ဖိုးရှိ ကြီးမားသည့် အော်ဒါ ကို မှာယူနိုင်ခဲ့သည်။

စုလီရန်ဆိုသူက ရဲစွမ်းသတ္တိ အပြည့်အဝ ရှိပေသည် ။

စုလီရန်နှင့် အခြားလူများကို ပြန်လွှတ်လိုက်ပြီးနေ ာက် စွမ်းအင်သစ်ကုမ္ပဏီရဲ့ အမှတ် ၂ စက်ရုံ တည် ဆောက်ရန်အတွက် နေရာရွေးချယ်မှု စတင်ရမယ် လို့ လျူယောင် စိတ်ထဲကနေ တွေးလိုက်မိသည်။

အမှတ် ၁ စက်ရုံက ကျင်းဖန်းခရိုင်တွင် တည်ရှိပြီး ဧက ၁၀၀၀ ကျယ်ဝန်းပေသည်။ ၎င်းကို မိုဘိုင်းဖုန်း ဘက်ထရီ ထုတ်လုပ်မှုလိုင်း လေးခုအဖြစ် ဒီဇိုင်းထု တ်ထားပြီး တစ်လလျှင် မိုဘိုင်းဖုန်း ဘက်ထရီ အ လုံးရေ ၁၀ သန်း ထုတ်လုပ်နိုင်ရန် လျူယောင် ရည် ရွယ်ထားသည်။

မိုဘိုင်းဖုန်း ဘက်ထရီ ထုတ်လုပ်မှုလိုင်းအပြင် လျူ ယောင်က ကားဘက်ထရီ ထုတ်လုပ်မှုလိုင်း နှစ်ခုကို ပါ ထပ်ထည့်ရန် ဆုံးဖြတ်ခဲ့သည်။ဒါမှသာ တစ်လ လျှင် ကားဘက်ထရီ အလုံးရေ 6 သန်း ထုတ်လုပ် နို င်မှာပဲ ဖြစ်၏။

မိုဘိုင်းဖုန်း ဘက်ထရီဖြစ်စေ ကားဘက်ထရီဖြစ်စေ ထိုထုတ်လုပ်နိုင်စွမ်းက လုံလောက်မှု မရှိသေးပေ။ ဒီ့ထက်ကြီးမားတဲ့အမှတ် ၂ စက်ရုံ ဒါမှမဟုတ် အမှ တ် ၃ စက်ရုံကိုပင် လျူယောင်က ထပ်မံ ဆောက် လုပ်ချင်နေသည်။

....

ဂီလီ မော်တော်ယာဉ် အဖွဲ့...

ထိုအဖွဲ့က ဟုန်ကွမ်း မော်တော်ယာဉ် အဖွဲ့ထက် အ ရွယ်အစားနဲ့ခွန်အားတွင် အနည်းငယ်နိမ့်ကျသည့် မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုပဲ ဖြစ် သည်။ သူတို့ရဲ့ မော်ဒယ်အချို့ကလည်း စွမ်းအင် သစ်သုံးယာဉ်များပဲ ဖြစ်၏။

"ဘာ..."

"ဒီလိုကိစ္စမျိုးရှိတယ်လား..."

သူ့လက်အောက်ငယ်သားများရဲ့ အစီရင်ခံစာကို ကြ ားပြီးနောက် ဂီလီ မော်တော်ယာဉ်ဥက္ကဋ္ဌ ဝေတိရှိန်း က ခဏ တုန်လှုပ်သွားကာ သတိပြန်ဝင်လာ ပြီးနော က် သူ အနည်းငယ် စိုးရိမ်လာသည်။

သူက အွန်လိူင်းပေါ်တွင် ဂရက်ဖင်း-အလူမီနီယမ် ဘ က်ထရီ မိတ်ဆက်တဲ့ အကြောင်းအရာကို မြင်တွေ့ခဲ့ ပြီး စောင့်ကြည့်တဲ့ သဘောထားကိုသာ ထားခဲ့သည် ။

ဟုန်ကွမ်း မော်တော်ယာဉ်ရဲ့ ဥက္ကဌစုဝမ်ရန်က ထိုသို့ သော သတ္တိမျိုးရှိပြီး ယွမ် ၃၂ ဘီလီယံတန်ဖိုးရှိတဲ့ ဘက်ထရီများကို တစ်ပြိုင်နက်တည်း မှာယူမယ်လို့ သူ လုံးဝ မတွေးမိခဲ့ပေ။

သတိပြန်ဝင်လာပြီးနောက် ဝေတိရှိန်းက စိတ်အား ထက်သန်စွာ အမိန့်ပေးလိုက်သည်။

"အခုပဲ လေယာဉ်လက်မှတ် ဝယ်လိုက် ...ငါ ယူနီဗာ ဆဲလ်ကို သွားမယ်..."

"ဟုတ်ကဲ့... ချက်ခြင်း ဝယ်လိုက်ပါမယ်.ခဗျ.."

လက်အောက်ငယ်သားတစ်ယောက်က ပြန်ပြောလို က်သည်။

ဝေတိရှိန်းက ဘဏ္ဍာရေးကို တာဝန်ယူသည့် ဒု-ဥ က္ကဋ္ဌအား အမိန့်ပေးလိုက်သည်။

"ချက်ချင်း စစ်ဆေးလိုက်....ငါတို့ အများဆုံး သုံးနို င်တဲ့ ပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာ..."

ဒုဥက္ကဋ္ဌဆိုသူက ဘဏ္ဍာရေးအခြေအနေကို ရှင်းလ င်းစွာ သိသည်မှာ ထင်ရှားပြီး ချက်ချင်း ပြန်ဖြေလို က်၏။

"ဥက္ကဋ္ဌ...ကျွန်တော်တို့ အများဆုံး သုံးနိုင်တဲ့ ရန်ပုံငွေ ပမာဏက ယွမ် ၂၀ ဘီလီယံလောက် ရှိပါတယ်..."

"နည်းလွန်းတယ်...ဟုန်ကွမ်းအဖွဲ့ကို ကျော်လွန်မှရမှ ာ ...ဘယ်လိုပဲ စဉ်းစားစဉ်းစား...ယွမ် ၃၅ ဘီလီယံ ထက် ပိုရှာရမယ်.."

ဝေတိရှိန်းက အားမရစွာ ပြန်ပြောလိုက်သည်။

ရလဒ်အနေဖြင့် ဂီလီ မော်တော်ယာဉ်အဖွဲ့ကလည်း "ပိုက်ဆံရှာ.. ပိုက်ဆံရှာ..ပိုက်ဆံထပ်ရှာ .. "ဆိုသည့် ပုံစံခွက်ထဲ ဝင်ရောက်သွားသည်။

All Chapters