← Chapters

လူထုရဲ့ သဘောထားပြောင်းလဲသွားပြီ

Vol. 34 Ch. 436

လူထုရဲ့ သဘောထားပြောင်းလဲသွားပြီ

Vol. 34 Ch. 436

"တုန်လှုပ်ဖွယ်ရာသတင်း...နောက်ထပ် အကြီးစား အော်ဒါတစ်ခု..."

"ဂီလီ မော်တော်ယာဉ်လုပ်ငန်းမှ စုစုပေါင်း ယွမ် ၃၅ ဘီလီယံတန်ဖိုးရှိ ဂရာဖင်း-အလူမီနီယမ် ဘက်ထ ရီများ မှာယူလိုက်သည့်အတွက် ဂုဏ်ယူပါသည်.."

"ဂရက်ဖင်း-အလူမီနီယမ် ကားဘက်ထရီ ထုတ်လုပ် နိုင်ပြီး...ဆက်တိုက်ဆိုသလို အကြီးစားအော်ဒါနှစ်ခု ရရှိ..."

"Universal စွမ်းအင်သစ်အဖွဲ့က နောက်ထပ် စက်ရုံ ကြီးတစ်ရုံ တည်ဆောက်ရန်အတွက် ယွမ် ၃၀ ဘီလီ ယံ ထပ်မံ ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာ.."

အွန်လိူင်း၊ သတင်းစာနှင့် ရုပ်မြင်သံကြားများတွင် ထိုကဲ့သို့သော သတင်းများ ထပ်မံပြန့်နှံ့သွားပြီး မ ကြာခင်တွင် ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီက လူကြည့်အများဆုံး နေရာကို ထပ်မံရောက် ရှိလာ သ ည်။

"ဒီမှာ ဘာဖြစ်နေတာလဲ...ဟုန်ကွမ်း မော်တော်ယာဥ် က ယွမ် ၃၂ ဘီလီယံဖိုး အော်ဒါမှာတယ်တဲ့..ဂီလီ မော်တော်ယာဉ်လုပ်ငန်းကလည်း ယွမ် ၃၅ ဘီလီယံ ဖိုး အော်ဒါမှာတယ်ဆိုပါလား.."

"ဒါက ပုံကြီးချဲ့ပြောတာ ဟုတ်ပုံမရဘူး. ..ဂရက်ဖင်း -အလူမီနီယမ် ဘက်ထရီက တကယ် ပေါ်ထွက်လာ တာဖြစ်မယ်..."

"Universal အဖွဲ့က အစွမ်းကုန်လုပ်နေတာပဲ...သူ တို့က တကယ်ကို ကောင်းကင်ကို စိန်ခေါ်တဲ့ ဘက် ထရီမျိုး ထုတ်လုပ်နိုင်တယ်...."

ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီကို လူတွေက ယုံ ကြည်လာကြ၏။ယခင်က ကြွားလုံးထုတ်တယ်… ပုံ ကြီးချဲ့တယ် ပြောဆိုခဲ့သည့် လူများစွာက သူတို့ရဲ့ သဘောထားကို လျင်မြန်စွာ ပြောင်းလဲလိုက်ကြသ ည်။

အွန်လိူင်းပေါ်ရှိ လူထုထင်မြင်ချက်ကလည်း ပြောင်း လဲသွား၏။မေးခွန်းထုတ်တော့ခြင်း မရှိတော့ဘဲ ယုံ ကြည်မှု တိုးပွားလာခြင်းနဲ့ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ မွေးဖွားလာခြင်းကို ဂုဏ်ပြုလာကြသည်။

အွန်လိူင်းပေါ်မှ နာမည်ကြီး ဘလော့ဂါများနှင့် ဘ လော့ဂါကြီးများလည်း အလားတူပင်။သူတို့က ဂရ က်ဖင်း-အလူမီနီယမ် ဘက်ထရီကို အားစိုက် ဝေဖန် ခြင်း မရှိတော့ဘဲ ငှက်ကုလားအုတ်လို ဟန်ဆောင် ကာ သို့မဟုတ် ယခင်က မကောင်းသော မှတ်ချက်မျ ား ပေးခဲ့တာကို ရိုးရိုးသားသား ဝန်ခံကာ တောင်း ပန်ခဲ့ကြသည်။

နှစ်ရက်အတွင်း ဟုန်ကွမ်း မော်တော်ယာဉ်နှင့် ဂီလီ မော်တော်ယာဉ်တို့ နောက်တွင် နောက်ထပ် ပြည်တွင် းကားထုတ်လုပ်သူတစ်ဦးက ယွမ် ၄၀ ဘီလီယံဖိုး ဘက်ထရီများ မှာယူလိုက်သည်။

ဆက်တိုက်ဆိုသလို အကြီးစားအော်ဒါ သုံးခု တက် လာသည်။

"ယွမ် ၃၅ ဘီလီယံဖိုး..."

"ယွမ် ၄၀ ဘီလီယံဖိုး...."

ကျိုးယန်နှင့် အခြားလူများက အိပ်မက်ထဲရောက် နေသလို ခံစားနေရသည်။စီးပွားရေး အလွန်ကောင်း နေချိန်တွင် ပစ္စည်းများ အစု လိုက်အပြုံလိုက် မထု တ်လုပ်ရသေးဘဲ ယွမ်ဘီလီယံ ရာပေါင်းများစွာ တန် ဖိုးရှိ အော်ဒါများကို ရရှိပြီးသား ဖြစ်နေသည်။

ဟွာဟိုင်းမြို့၏ အနောက်ဘက် ဆင်ခြေဖုံးတွင်ရှိ သ ည့် စက်မှုဥယျာဉ်တစ်ခု၌ ဧက ၅၀၀ ကျော် ကျယ်ဝ န်းသည့် နေရာတွင် Universal စွမ်းအင်သစ် အမှတ် ၂ စက်ရုံကို စတင် ဆောက်လုပ်ခဲ့ကြသည်။

နေရာရွေးချယ်မှုမှ ဆောက်လုပ်ရေး စတင်တဲ့အထိ ရက်အနည်းငယ်သာ ကြာခဲ့ပြီး အလွန်မြင့်မားသည့် ထိရောက်မှုကို ပြသခဲ့သည်။

စက်ရုံဒီဇိုင်းကို တစ်လလျှင် ကားဘက်ထရီ ၁၂ သန် းနှင့် မိုဘိုင်းဖုန်း ဘက်ထရီ ၃ သန်း ထုတ်လုပ်နိုင်ရ န် ဒီဇိုင်းရေးဆွဲထားသည်။

ဒီစက်ရုံ ဆောက်လုပ်ရေး စတင်ပြီးနောက် လျူယေ ာင်ရဲ့ ညွှန်ကြားချက်အရ နေရာရွေးချယ်မှုနှင့် နော က်ထပ် စက်ရုံနှစ်ရုံ တည်ဆောက်ရန် ပြင်ဆင်လိုက် ကြသည်။

......

ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းမှာတော့...

ဘလူးဝေးလ် ဦးဆောင်သည့် သင်္ဘောအုပ်စုကစုစု ပေါင်း သင်္ဘောကြီးငါးစင်းဖြင့် ဒီရေတိမ်ပိုင်းနေရာ သို့ နောက်ဆုံးတွင် ရောက်ရှိလာသည်။

သတ်မှတ်ထားသည့် ပင်လယ်ရေပိုင်နက်သို့ ရောက် ရှိပြီးနောက် ဘလူးဝေးလ်က ရေငုပ်စက်ရုပ်ကို အော က်သို့ချပြီး ရှာဖွေစေသည်။တစ်နာရီအတွင်းမှာပဲ ပ င်လယ်ကြမ်းပြင်အောက်တွင် သတ္တုအပိုင်းအစမျာ းနဲ့အမည်းရောင်သတ္တုချောင်းများ ပုံထားတာကို တွေ့လိုက်ရသည်။

"ကပ္ပတိန်ကို သတင်းပို့ပါတယ်.. ပစ်မှတ်ကို တွေ့ရှိပါ ပြီ...."

ကပ္ပတိန် ရမ်ဇီကွမ်းက. ချက်ချင်း လျှောက်လာပြီး မျက်နှာပြင်ပေါ်တွင် ရေငုပ်စက်ရုပ်မှ ပို့လာသည့် ပုံရိပ်ကို ကြည့်ကာ အတည်ပြုလိုက်သည်။

"ဟုတ်တယ်...ဒါက ငါတို့ ရှာဖွေနေတဲ့အရာပဲ..."

ဘလူးဝေးလ်က သတ္တုများကို ပြန်ဆယ်ယူရန်အ တွက် ရှေ့သို့ ရွက်လွှင့်လာ၏။

ဘလူးဝေးလ်က သတ္တုအပိုင်းအစများအပေါ်တွင် ရွ က်လွှင့်နေသည်။ ဒီနေရာတွင် ရေအနက်က မီတာ ၃ ၀ မှ ၄၀ သာရှိပြီး ပင်လယ်ရေကလည်း ကြည်လင် နေ တာမို့ ထိုအရာတို့ကို ပြန်ဆယ်ယူဖို့က မခက်ခဲလှ ပေ။

အကြိမ်ကြိမ် ပြန်ဆယ်ယူခဲ့သည့် အတွေ့အကြုံကြေ ာင့် ဘလူးဝေးလ်ရဲ့ ပြန်ဆယ်ယူသည့် ထိရောက်မှု နူန်းက အလွန်မြင့်မားပြီး ချောမွေ့စွာ ပြီးသွားခဲ့သ ည်။သူတို့က မီးခိုးနက်ရောင် သတ္တုအပိုင်းအစများ ကို တစ်သုတ်ပြီးတစ်သုတ် ဆယ်ယူလိုက်ကြသည်။

ရေအောက်မှာ လိပ်ကြီး ကြည့်နေတာကိုတော့ သ င်္ဘောသားများက မသိခဲ့ကြပေ။

"သခင်ရေ သတ္တုတွေကို သယ်နေပြီ.. "

လိပ်ကြီးရဲ့အသံက စိတ်ထဲတွင် ပေါ်လာတာကြောင့် လျူယောင် ချက်ချင်းပဲ တတိယအမြင်ဖြင့် ကြည့် လိုက်သည်၊ လိပ်ကြီးကို ဗဟိုပြုကာ ၂ ကီလိုမီတာ အချင်းဝက်အတွင်းရှိ အခြေအနေကို သူ မြင်လိုက်ရ သည်။

ဘလူးဝေးလ် လုပ်ဆောင်နေတာကိုလည်း လျူယေ ာင် ရှင်းရှင်းလင်းလင်း မြင်ရသည်။သူ့ဘေးတွင် ရ ပ်ထားသည်မှာ တန်ချိန် တစ်သိန်းကျော်တန်း ရှိတဲ့ သံသတ္တုသယ်ဆောင်ရေး သင်္ဘောကြီး ရှီဝမ်ပဲ ဖြစ် ၏။အခုတော့ ဒီသင်္ဘောက ကုန်တင်သင်္ဘောတစ်စင် း ဖြစ်နေသည်။

အရွယ်အစား မတူညီသည့် မီးခိုးနက်ရောင် သတ္တုအ ပိုင်းအစများကို တစ်သုတ်ပြီးတစ်သုတ် ပြန်ဆယ်ယူ ကာ ရှီးဝမ် ကုန်တင်သင်္ဘော၏ ကုန်တင် ခန်းထဲသို့ မထည့်လိုက်ကြသည်။

ဒီအခြေအနေကို ကြည့်ရသည်မှာ လျူယောင်အတွ က် အလွန်ကျေနပ်စရာကောင်းလှသည်။

ဒါတွေက စုစုပေါင်း တန်ချိန် နှစ်သိန်းကျော်ရှိသည့် မီးခိုးနက်ရောင် သတ္တုအပိုင်းအစများ ပဲ ဖြစ်သည်။

သတ္တုအပိုင်းအစ အများကြီးကို ပြန်ဆယ်ယူပြီး ဟွာ ဟိုင်းမြို့ဆီကို ပြန်သယ်ဆောင်လာပြီးနောက် Univ ersal အထူးသတ္တုကုမ္ပဏီအတွက် အချိန်အတော် ကြာ သုံးစွဲနိုင်ရန် လုံလောက်ပေသည်။

လျူယောင်က မိနစ် ၂၀ မှ ၃၀ အထိ ကြည့်ခဲ့ပြီး အရ ာအားလုံး အဆင်ပြေနေတာကို မြင်တော့ တတိအ မြင်ကို သူ ပိတ်လိုက်သည်။

......

M နိုင်ငံ..သံနက်ကုမ္ပဏီမှာတော့...

ရှာမန်က သူ့လက်အောက်ငယ်သားတစ်ယောက်ရဲ့ အစီရင်ခံစာကို နားထောင်နေသည်။

" သူဋေး.ယူနီဗာဆဲလ်လုပ်ငန်းစုရဲ့ ဘလူးဝေးလ် အ ပါအဝင် သင်္ဘောကြီးငါးစင်း စုစုပေါင်း အဲဒီပင်လ ယ်ရေပိုင်နက်ကို ရောက်နေပြီး ပြန်ဆယ်ယူရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်"

ဒီစကားကို ကြားတော့ ရှာမန်ရဲ့ မျက်နှာက အနည်း ငယ် မဲမှောင်သွားသည်။

သူ အလွန် ဒေါသထွက်သွား၏။ဒီ Universal က အဲ ဒီမှာ မီးခိုးနက်ရောင် သတ္တုအပိုင်းအစများကို ပြန် ဆယ်ယူနေတာလား ထိုအရာက သူ့ အတွက်အိပ်မ က်သာ မက်နိုင်သည့်အရာ ဖြစ်တာကိုး။

"သူဋေး... ကျွန်တော်တို့ ဘာလုပ်သင့်လဲ...သူတို့ ပြန် ဆယ်ယူနေတာကို...ဒီအတိုင်း..ကြည့်နေရမှာလား...."

ဒေါသထွက်တာအပြင် ရှာမန် ကူရာမဲ့ခြင်းသာ ရှိပြီး ညင်သာစွာ သက်ပြင်းချလိုက်သည်။

"ဟူး..ငါက တခြား ဘာလုပ်နိုင်သေးလဲ..."

သူကော သင်္ဘောတစ်စင်းပို့ပြီး ပြန်ဆယ်ယူရမည် လား။သူ ယခင်က ဒါမျိုး လုပ်ခဲ့ဖူး၏။ဒါပေမယ့် သ င်္ဘောအားလုံးက အကြောင်းရင်းမသိဘဲ နစ်မြုပ်သွ ားခဲ့ရပြီး တိကျသည့် အကြောင်းရင်းကို သူ မတွေ့ ရှိရသေးပေ။

ရှာမန်က တိတ်ဆိတ်နေပြီး သက်ပြင်းသာ ချနေတ ာကို မြင်တော့ လက်အောက်ငယ်သားက အကြံပေ းလိုက်သည်။

"သူဋေး..ကျွန်တော်တို့က အခြေအနေကို စစ်တပ်ဆီ သတင်းပို့ပြီး အဲဒီနေရာကို စစ်သင်္ဘောအုပ်စု ပို့ပေး ဖို့ တောင်းဆိုနိုင်ပါတယ်..."

ရှာမန်၏ မျက်လုံးများ အရောင်တောက်သွားသည်။

သူက ထိုနေရာသို့ သင်္ဘောတစ်စင်းပို့ဖို့ သတ္တိမရှိပေ ။ဒါပေမဲ့ စစ်တပ်ကတော့ လုပ်နိုင်ပေသည်။ သံနက် ကုမ္ပဏီက စစ်တပ်နှင့် ဆက်ဆံရေးကောင်းပြီး အ ရည်ကျိုသည့် သတ္တုပစ္စည်းများစွာကို သူတို့က စစ် တပ်အား ပံ့ပိုးပေးထားသည်လေ။

ဒါ့အပြင် စစ်တပ်အကြီးအကဲများကလည်း ဒီမီးခို းနက်ရောင် သတ္တုကို အလွန်သဘောကျနေသည်။ အနည်းငယ် စည်းရုံးရုံဖြင့် စစ်တပ်က ထိုနေရာသို့ စစ်သင်္ဘောများ ပို့ပေးမည်မှာ သေချာလှသည်။

ချက်ချင်းပဲ စိတ်ဓာတ်တက်ကြွလာသလို ရှာမန် ခံစ ားလိုက်ရသည်။

သူ ဖုန်းကိုကောက်ယူပြီး နံပါတ်တစ်ခုကို ခေါ်ဆိုလို က်သည်။

ဘလူးဝေးလ်က ဒီနေရာမှာ သုံးရက်ကြာ အလုပ်လု ပ်ခဲ့ရာ မီးခိုးနက်ရောင် သတ္တုတန်ချိန် နှစ်သိန်းကျေ ာ်နှင့် အနက်ရောင်သတ္တုစပ်ချောင်း ၁၀၀ ကို ပြန် ဆယ်ယူခဲ့သည်။

ကပ္ပတိန်ရမ်ဇီကွမ်းက အမိန့်ပေးလိုက်၏။

"ငါတို့ရဲ့ ရေငုပ်စက်ရုပ်တွေနဲ့ ထပ်မံရှာဖွေပြီး အား လုံး ပြန်ဆယ်ယူပြီးပြီလားဆိုတာ သေချာကြည့်ပ ါဦး"

ကပ္ပတိန်ရမ်ဇီကွမ်း၏ ညွှန်ကြားချက်အရ ရေငုပ်စ က်ရုပ်များနဲ့ ပင်လယ်ကြမ်းပြင်အောက်တွင် ရှာဖွေ ခဲ့သော်လည်း ကျန်ရှိနေသည့် သတ္တုအပိုင်းအစများ ကို ထပ် မတွေ့ရတော့ပေ။

"ကပ္ပတိန်...အားလုံး ပြန်ဆယ်ယူပြီးပြီလို့ ..ကျွန်တေ ာ် ယုံကြည်ပါတယ်..."

ရေမိုင်အနည်းငယ်အကွာတွင် သူ့ကို စောင့်နေသည့် ကုန်တင်သင်္ဘောကြီး လေးစင်းကို ကပ္ပတိန် ရမ်ဇီကွ မ်း ကြည့်လိုက်ပြီးနောက် လက်ဝှေ့ယမ်းပြလိုက်သ ည်။

"ရွက်လွှင့်... ဒီကနေ ထွက်ခွာမယ် ငါတို့ရဲ့ ကုန်တင် သင်္ဘော ယလေးစင်းနဲ့ ပေါင်းပြီး ဟွာဟိုင်းမြို့ကို ပြန်ကြမယ်"

ဘလူးဝေးလ် စတင် ရွက်လွှင့်လိုက်တာနှင့် သင်္ဘော သားတစ်ယောက်က ပြေးလာပြီး အသံကျယ်ကျယ် နှင့် သတင်းပို့ခဲ့သည်။

"ကပ္ပတိန်...အရှေ့မြောက်ဘက်မှာ သင်္ဘောအုပ်စုတ စ်စု တွေ့ရတယ်... ကျွန်တော်တို့ဆီ လာနေပြီ.. ကြည့် ပါအုံး.."

"ဘာ တကယ်ပဲ.. သင်္ဘောအုပ်စုတစ်စုက...ဒီဘက်.. လာနေတာလား.."

သူ့ ရဲ့ ဆဋ္ဌမအာရုံက ဒီကိစ္စဟာ ပုံမှန် မဟုတ်ဘူးဟု ပြောနေသည်။ ဒီနေရာက နိုင်ငံတကာ ရေကြောင်း လမ်းနဲ့လည်း ဝေးပေသည်။တစ်နှစ်ပတ်လုံး ငါးဖမ် းလှေတစ်စင်းတောင် ပေါ်လာမည် မဟုတ်ပေ။ဒါ ပေမဲ့ အခုတော့ သင်္ဘောအုပ်စုတစ်ခု ရောက်နေပေ သည်။

ကပ္ပတိန်ရမ်ဇီကွမ်း အလျင်အမြန် မေးလိုက်၏။

"ဘယ်နိုင်ငံက သင်္ဘောအုပ်စုလဲ...စစ်သင်္ဘော စုစု ပေါင်း ဘယ်နှစ်စင်းရှိသလဲ..."

"အကွာအဝေးက အရမ်းဝေးနေလို့ ဘယ်နိုင်ငံက သ င်္ဘောအုပ်စုလဲဆိုတာ အခုထိ မဆုံးဖြတ်နိုင်သေးပါ ဘူး... ဒါပေမဲ့... ဟိုဘက်မှာ စုစုပေါင်း စစ်သင်္ဘော ခု နစ်စင်း ပါတယ်ဆိုတာကိုတော့...ကျွန်တော် ပြောနို င်ပါတယ်...."

" ဘာ..."

"ဒီလောက်များတာလား.. စစ်သင်္ဘော ခုနစ်စင်းတေ ာင်လား "

ကပ္ပတိန်ရမ်ဇီကွမ်းရဲ့ နှလုံးသားက အနည်းငယ် တု န်လူပ်သွားသည်။ဒါပေမဲ့ မျက်နှာပေါ်တွင် မဖော်ပြ ဘဲ အတော်လေး တည်ငြိမ်နေသည်။

"အဲဒီသင်္ဘောအုပ်စုရဲ့ လှုပ်ရှားမှုကို သတိထားကြ ည့်... သူတို့ကို စောင့်ကြည့်နေပါ..ငါတို့ ဆက်လက် ရွက်လွှင့်မယ်..."

ဘလူးဝေးလ်က တခြားသင်္ဘောကြီးလေးစင်းနှင့် ပေါင်းပြီး ဒီနေရာကနေ ထွက်ခွာဖို့ ပုံစံချလိုက်ကာ ဟွာဟိုင်းမြို့ဘက်သို့ ရွက်လွှင့်လာသည်။

ဒါပေမဲ့ စစ်သင်္ဘောအုပ်စုက သူတို့နဲ့ ပိုပိုပြီး နီးကပ် လာပေသည်။

All Chapters