M နိုင်ငံမှ ရေငုတ်သင်္ဘောကို တိုက်မိခြင်း
Vol. 34 Ch. 437
စစ်သင်္ဘောအုပ်စုက ပိုမို နီးကပ်လာပြီး ပထမဆုံး မြ င်တွေ့ခဲ့သည့် ရေမိုင် တစ်ဒါဇင်ကျော် အကွာမှ အခု သုံးလေးမိုင်အကွာအဝေးသို့ တစ်ဖြည်းဖြည်းနီးကပ် လာသည်။
"ကပ္ပတိန်...ဒါ M နိုင်ငံက သင်္ဘောအုပ်စုပဲ.."
ဒီအကွာအဝေးလောက်ဆို မှန်ပြောင်းနဲ့ ရှင်းရှင်းလင် းလင်း မြင်ရပြီး M နိုင်ငံရဲ့ အလံက အလွန်ထင်ရှား နေသည်။
ကပ္ပတိန်ရမ်ဇီကွမ်းက အသံကျယ်ကျယ်နဲ့အော်ပြီး အမိန့် ပေးလိုက်သည်။
"အင်ဂျင်ကို အမြင့်ဆုံး အရှိန်တင်ပြီး မောင်း... မြန် မြန်... မြန်မြန်မောင်း "
သူ တကယ်ကို စိုးရိမ်နေပြီး သူ့အသံတွင် အလျင် စ လိုဖြစ်မှုများ အပြည့်ပါနေသည်။ဒီသတ္တုတွေက တ န်ချိန် နှစ်သိန်းကျော်ရှိသည့် မီးခိုးနက်ရောင် သတ္တု အပိုင်းအစများဖြစ်တာကြောင့် အလွန်တန်ဖိုးရှိတာ ကို သူ သိသည်။ဒီ M နိုင်ငံသားများက မနာလိုဖြစ်ပြီ း စစ်သင်္ဘောအုပ်စု ပို့လိုက်တာ လုံးဝ ဖြစ်နိုင်ပေသ ည်။
ဘလူးဝေးလ်အပါအဝင် Universal ရဲ့ အခြားသ င်္ဘောလေးစင်းကလည်း အင်ဂျင်ကို အမြင့်ဆုံး အရှိ န်တင်ပြီး ထိုပင်လယ်ရေပြင်မှ လျင်မြန်စွာ ခုတ်မော င်း လာကြသည်။
ခဏအကြာတွင် ဘလူးဝေးလ်ရဲ့ ပထမအရာရှိက အံ့ဩကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
"လူအိုကြီးရမ် ဒီလူတွေ မလိုက်လာတော့ဘူး ထင် တယ်..."
ကပ္ပတိန်ရမ်ဇီကွမ်းက မှန်ဘီလူးနဲ့ ချက်ခြင်း ကြည့် လိုက်ရာ သူ့ရဲ့ စိုးရိမ်စိတ်များက အများကြီး လျော့ ကျသွားသည်။ M နိုင်ငံရဲ့ စစ်သင်္ဘောအုပ်စုက နော က်မှ လိုက်ပါလာခြင်း မရှိဘဲ ခုနက ဘလူးဝေးလ် မီ းခိုးနက်ရောင် သတ္တုအပိုင်းအစများ ဆယ်ယူခဲ့သ ည့် နေရာဆီသို့ ဦးတည်သွားနေကြသည်။
"သူတို့က အဲဒီမှာ ဘာလုပ်နေကြတာလဲ..."
ကပ္ပတိန်ရမ်ဇီကွမ်း စိတ်ထဲကနေ မေးခွန်းကြီး တစ် ခုရှိနေပြီး သူက မှန်ဘီလူးဖြင့် M နိုင်ငံ စစ်သင်္ဘော များကို ဆက်လက် ကြည့်နေလိုက်၏။
ခဏကြာအောင် ကြည့်ပြီးနောက် ကပ္ပတိန်ရမ်ဇီကွ မ်းက စိတ်ထဲတွင် ခန့်မှန်းချက်အချို့ ရှိလာသည်။ သူတို့က ထိုနေရာကို စစ်ဆေးချင်နေပြီး ပင်လယ် ကြမ်းပြင်မှာ ရှိနေတဲ့မီးခိုးနက်ရောင် သတ္တုအပိုင်းအ စများကို ရှာဖွေနိုင်ရန် မျှော်လင့်နေတာ ဖြစ်နိုင်လော က်သည်။
နှစ်ဖက်အကြား အကွာအဝေးက ပိုမို ဝေးကွာသွာ း၏။ပင်လယ်ရေပိုင်နက်မှ ဘလူးဝေးလ် ထွက်ခွာ တာကို စောင့်လိုက်ပြီး M နိုင်ငံရဲ့စစ် သင်္ဘောများကို မမြင်ရတော့သည်အထိ ကပ္ပတိန်ရမ်ဇီကွမ်းက မှန် ဘီလူးကို မချခဲ့ပေ။
M နိုင်ငံမှ စစ်သင်္ဘောများ သူ့တိုနောက်ကို လိုက်မ လာတော့သည့်အတွက် ကပ္ပတိန်ရမ်ဇီကွမ်း စိုးရိမ် စိတ်က လုံးဝ လျော့ကျသွားသည်။
M နိုင်ငံမှ ထိုစစ်သင်္ဘောများအကြောင်း ပြောကြ စို့..။
သူတို့က ဒီပင်လယ်ရေပိုင်နက်နဲ့ မူလက အနီးဆုံး စစ်သင်္ဘောများဖြစ်ပြီး ဒီရေတိမ်ပိုင်းတွင် များပြား သည့် သတ္တုအပိုင်းအစများရှိတာကို စစ်ဆေးဖို့ အမိန့်ရရှိခဲ့သည်။
သံနက်ကုမ္ပဏီဖြစ်စေ M နိုင်ငံ စစ်တပ်ဖြစ်စေ သူတို့ အားလုံးက ဒီမီးခိုးနက်ရောင် သတ္တုကို မနာလိုဖြစ်ခဲ့ ကြသည်။
ဒီပင်လယ်ရေတိမ်ပိုင်းကို ရောက်သည့်အခါ သူတို့ရဲ့ ရေငုပ်စက်ရုံများကို ချက်ချင်း အောက်သို့ချလိုက် ပြီး ရေငုတ်သမားများကို စေလွှတ်ကာ ရှာဖွေမှု စတ င်ခဲ့ကြသည်။
ဆယ်နာရီကျော် ရွက်လွှင့်ပြီးနောက် ဘလူးဝေးလ် နှင့် အခြားသင်္ဘောများက ပင်လယ်ရေပိုင်နက်မှ ကီလိုမီတာ ၂၀၀ ကျော်အထိ ဝေးကွာလာတာကြော င့် ကပ္ပတိန်ရမ်ဇီကွမ်း စိတ်ထဲတွင် စိုးရိမ်မှု မရှိတော့ ပေ။
မနက်ခင်းပိုင်းတွင် ပင်လယ်ပြင်ရဲ့ ရှုခင်းက အလွန် လှပနေ၏။အထူးသဖြင့် အရှေ့ဘက်မှ နေဝန်းနီကြီး က လုံးဝန်းစွာ ထွက်ပေါ်လာပြီး ဒါကလုံးဝကို လှပ သည့် ရှု့ခင်းပဲ ဖြစ်သည်။
ကပ္ပတိန်ရမ်ဇီကွမ်းက စောစောထပြီး နေထွက်လာ တာကို ကြည့်လိုက်သည်။ပြီးနောက် သူက ကိုယ်လ က်လှုပ်ရှားမှု အနည်းငယ်လုပ်ကာ မနက်စာစားလို က်သည်။
တအောင့်အကြာမှာတော့ လူတစ်ယောက်က ပြေး လာကာ အစီခံလိုက်၏။
"ကပ္ပတိန်... မနေ့က M နိုင်ငံရဲ့ စစ်သင်္ဘောအုပ်စုကို ထပ်တွေ့တယ်...သူတို့ ကျွန်တော်တို့နောက်ကို လိုက် လာတယ်...."
"ဘာ..."
"တစ်ကယ်ပဲလား..."
ကပ္ပတိန်ရမ်ဇီကွမ်း အံ့ဩသွားပြီး မှန်ဘီလူးကို ချက် ခြင်းယူကာ ကပ္ပတိန်ခန်းရဲ့မှန်ပြတင်းပေါက်မှ ဖြတ် ပြီးလေးနက်သည့် မျက်နှာဖြင့် ကြည့်လိုက်သည်။
စကားတစ်ခွန်းမှ မပြောဘဲ နှစ်မိနစ် သုံးမိနစ်ခန့် သူ ကြည့်လိုက်၏။ထို့နောက် မှန်ဘီလူးကို ချပြီး မိုက်က ရိုဖုန်းကို ကောက်ယူကာ အသံကျယ်ကျယ်နှင့် အမိန့် ပေးလို က်သည်။
"သတိထားပါ... အားလုံးသတိထားပါ...M နိုင်ငံရဲ့ စ စ်သင်္ဘောအုပ်စု ငါတို့နောက်..လိုက်လာနေတယ်... အားလုံး ကိုယ့်နေရာကိုယ် မြဲမြံစွာနေပါ... မထိတ် လန့်ကြပါနဲ့..."
သူက သင်္ဘောသားများကို စိတ်အေးအောင် လုပ်ပြီး နောက် ဂြိုလ်တုဖုန်းကို ကောက်ယူ၍ အခြေ အနေ ကို ကုမ္ပဏီထံ သတင်းပို့လိုက်သည်။
ဒီ သတင်းက လျူယောင်ထံ လျင်မြန်စွာ ရောက်ရှိ သွား၏။
"ဘာ..."
"သူ့ သင်္ဘောအုပ်စုနောက်ကို M နိုင်ငံရဲ့ စစ်သင်္ဘော အုပ်စုက လိုက်လာနေတာလား..."
ဒါက လျူယောင်မျှော်လင့်ထားတာထက် ကျော်လွန် သွားခဲ့သည်။
တန်ချိန် နှစ်သိန်းမှ သုံးသိန်းကြားရှိ မီးခိုးနက်ရောင် သတ္တုကို အချို့လူများ မနာလိုဖြစ်နိုင်တာကို သူ သိ ပေသည်။ဒါပေမဲ့ M နိုင်ငံရဲ့ ရေတပ်က လိုက်လာ လိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။
M နိုင်ငံမှ စစ်သင်္ဘော စုစုပေါင်း ခုနစ်စင်းရှိ၏။ဒါ က တကယ်ကို ကုန်ကျစရိတ် များပြားလှသည်။
လိပ်ကြီးကိုချက်ချင်း ဆက်သွယ်ပြီး ဘလူးဝေးလ်နဲ့ အလျင်အမြန် သွားရောက်ပူးပေါင်းရန် လျူယောင် တောင်းဆိုလိုက်သည်။
.......
ပင်လယ်ရေပြင်ပေါ်တွင်...
M နိုင်ငံသင်္ဘောအုပ်စုနှင့် ယူနီဗာဆဲလ်သင်္ဘော အုပ် စုက ပို၍ နီးကပ်လာကာ အကွာအဝေးက ရေမိုင် နှစ် မိုင် သုံးမိုင်ခန့်သာ ရှိတော့သည်။
သင်္ဘောသားတစ်ဦးက စိုးရိမ်တကြီး မေးလိုက်၏။
"ကပ္ပတိန်ကြည့်ပါဦး...သူတို့ ကျွန်တော်တို့ကို ဝိုင်းဝ န်းပိတ်ဆို့နေတယ် ထင်တယ်..."
ကပ္ပတိန်ရမ်ဇီကွမ်း၏ မျက်နှာက လေးနက်နေသည် ။
မူလက လိုင်းပုံစံရှိနေသည့် M နိုင်ငံ၏ သင်္ဘောအုပ် စုမှာ ကွဲထွက်သွားပြီး ဝိုင်းဝန်းပိတ်ဆို့နေတာကို သူ က မြင်နှင့်ပြီးသား ဖြစ်၏။
အရှိန်နူန်းက ၃၀ နူန်း ကျော်ရှိပြီး ဘလူးဝေးလ်ရဲ့ အမြန်ဆုံး အရှိန်က ၂၇ သို့မဟုတ် ၂၈ နူန်း ခန့်သာ ရှိသည်။
အကြီးဆုံးတစ်စင်းဆို တန်ချိန် တစ်သောင်းရှိသည့် ပဲ့ထိန်းဒုံးပျံဖျက်သင်္ဘောကြီး ဒါမှမဟုတ် ပဲ့ထိန်း ဒုံး ပျံ ဖြစ်နိုင်လောက်သည် ။ထိုသင်္ဘောက M နိုင်ငံ၏ ပစိဖိတ်ရေတပ်မတော်ရဲ့ အဓိက စစ်သင်္ဘောများထဲ မှ တစ်စင်း ဖြစ်နိုင်လောက်သည်။
ဒီစစ်သင်္ဘောပေါ်တွင် M နိုင်ငံမှ ရေတပ်ဗိုလ်ချုပ် ဝေါ့ဒ်ဟောက် ရှိပြီး သူက ဒီသင်္ဘောအုပ်စုကို ဦး ဆောင်ဖို့ တာဝန်ယူထားသည်။ယူနီဗာဆဲလ်မှ သ င်္ဘောများကို ထိန်းသိမ်းဖို့အတွက် သင့်လျော်သည့် အကြောင်းပြချက် ရှာဖွေဖို့အမိန့်ကို သူ ရရှိခဲ့သည်။
"ဟားဟားဟား..လူကြီးမင်းတို့...သားကောင်တွေက .. ထွက်ပြေးလို့ မရတော့ဘူး...ငါတို့ ဘယ်လိုအကြေ ာင်းပြချက်မျိုး ရှာသင့်လဲ...."
ဗိုလ်မှူးကြီးတစ်ယောက်က မာန်မာနကြီးစွာနှင့် ပြန် ဖြေလိုက်သည်။
"ကျွန်တော်တို့မှာ အကြောင်းပြချက် မလိုပါဘူး.. ဒီသင်္ဘောတွေကို တန်းဖမ်းလိုက်ရုံပဲ..."
ဝေါ့ဒ်ဟောက်က ဖြည်းဖြည်းချင်း ခေါင်းယမ်းပြီး ပြောလိုက်သည်။
"မဟုတ်ဘူး..ငါတို့က သင့်တော်တဲ့ အကြောင်းပြချ က်တစ်ခု ရှာမှရမယ်... Universal က ကုမ္ပဏီကြီး တစ်ခုပဲ...ဒါ့အပြင် ယန်နိုင်ငံက လူတွေကိုလည်း ဒု က္ခပေးဖို့ မလွယ်ဘူး...ငါတို့က လူထုထင်မြင်ချက် ကို ဦးအောင်ယူရမယ်..."
ရေတပ်အရာရှိတစ်ယောက်က အကြံ ဝင်ပေး လိုက် ၏။
"ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ကိန်းစ်ရေငုပ်သင်္ဘော ကို ရေအောက် တိတ်တိတ်လေးသွားခိုင်းပြီး ရေ ကြောင်းမတော်တဆမှုတစ်ခု ဖန်တီးလိုက်ရင်ကော”
ဒီစကားကို ကြားတော့ ဗိုလ်ချုပ်ဝေါ့ဒ်ဟောက်က လ က်မထောင်လိုက်ပြီး ကိန်းစ်ရေငုပ်သင်္ဘောကို အမိန့် ပေးလိုက်သည်။
ထိုရေငုတ်သင်္ဘောက သမရိုးကျ အင်ဂျင်ပါ ရေငုပ် သင်္ဘောဖြစ်ပြီး ဘလူးဝေးလ်ရဲ့ ရှေ့သို့ ကြို ရောက် နေပြီး ရေအောက် မီတာ ဒါဇင်အနည်းငယ် အကွာ တွင် ရှိနေသည်။
ဘလူးဝေးလ်ပေါ်မှ လူတွေကတော့ သူတို့ရဲ့ရှေ့တွင် M နိုင်ငံရဲ့ ရေငုပ်သင်္ဘောတစ်စင်း ရှိနေမယ်လို့ မ မျှော်လင့်ထားကြပေ။
ကပ္ပတိန်ရမ်ဇီကွမ်းတောင်မှ သတိမထားမိပေ။
ထိုရေငုပ်သင်္ဘောက ရေပေါ်သို့ တဖြည်းဖြည်း စတ င်ပေါ်လာပြီး ရေငုပ်မှန်ဘီလူး အမြင့်အထိ ရောက်ရှိ လာသည်။မှန်ဘီလူးမှတဆင့် အလျင်အမြန် ရွက်လွှ င့်လာတဲ့ ကြီးမားသည့် ဘလူးဝေးလ်ကို သူတို့ မြင် နေရသည်။
ရေငုပ်သင်္ဘောထဲတွင် M နိုင်ငံ၏ အရာရှိများနှင့် စ စ်သားများက အသင့်ရှိနေကြပြီး တစ်ယောက်က ရေ အစပ်တွင် အချိန်ရေတွက်နေသည်။
"အချိန်စေ့တာနဲ့ တိုက်လိုက်....."
ဘလူးဝေးလ်ကတော့ သူတို့ရှေ့တွင် ရေငုပ်မှန် ဘီလူ းပေါ်နေသည့် ရေငုပ်သင်္ဘော မရှိသလိုမျိုးပဲ ၂၇ သို့မဟုတ် ၂၈ နူန်း အရှိန်ဖြင့်သာ ဆက်လက်ရွက်လွ င့်နေသည်။
ရုတ်တရက်....
"ဗြုန်း...."
ဘလူးဝေးလ်ရဲ့အင်ဂျင်နီယာချုပ်က အံ့ဩစွာ ပြော လိုက်သည်။
"ဟာ ...ကျွန်တော်တို့ တစ်ခုခုကို ဝင်တိုက်မိပြီ ထင် တယ်..."
ကပ္ပတိန်ရမ်ဇီကွမ်းကလည်း ထိုအသံကို ကြားရပြီး ဘလူးဝေးလ်က အနည်းငယ် တုန်ခါသွားသလို ခံစ ားလိုက်ရသည်။ဒါက တစ်ခုခုကို ဝင်တိုက်လိုက် သ လိုမျိုးပင်။
ဒီနေရာရဲ့ရေအနက်က အနည်းဆုံး နှစ်ထောင် သို့မ ဟုတ် သုံးထောင် မီတာရှိပြီး ပုံမှန်အားဖြင့် ဘာကိုမှ ဝင်တိုက်မှာ မဟုတ်ပေ။ဒါပေမဲ့ လွန်ခဲ့သည့် မိနစ် ပို င်းက သူတို့ တစ်ခုခုကို ဝင်တိုက်လိုက်သည်မှာ ရှင်း လင်းနေသည်။
"ကပ္ပတိန်... ကြည့်ပါအုံး...."
နောက်မှလိုက်လာတဲ့ စစ်သင်္ဘောတစ်စင်းက ဘလူး ဝေးလ်ရဲ့ ရှေ့သို့ ရောက်ရှိလာတာကို ကပ္ပတိန်ရမ် ဇီကွမ်း မြင်လိုက်ရသည်။ထိုစစ်သင်္ဘောက သူတို့ ဘက်ကို အော်ဟစ်နေသလိုမျိုးပင်။
"ကပ္ပတိန်..ကျွန်တော်တို့ အဝိုင်းခံထားရပြီ.. သူတို့က ကျွန်တော်တို့ရဲ့ သင်္ဘောကို ရပ်ဖို့ အမိန့်ပေးနေတယ် ..."
" ကျေးဇူးပြု၍... "
"သင်္ဘောကိုရပ်ပေးပါ....ခုချက်ခြင်းရပ်ပေးပါ..."
M နိုင်ငံမှ စစ်သင်္ဘော တစ်စင်း ဒါမှမဟုတ် နှစ်စင်း သာ ရှိခဲ့လျှင် ကပ္ပတိန်ရမ်ဇီကွမ်းက ကြိုးစားပြီး ထွ က်ပြေးနိုင်သည်။ဒါပေမဲ့ ဟိုဘက်တွင် စစ်သင်္ဘော ခုနစ်စင်း ရှိပြီး သူတို့အား ဝိုင်းဝန်း ပိတ်ဆို့ပြီးသား ဖြစ်နေသည်။ဒီလို ကျယ်ပြန့်သည့် ပင်လယ်ပြင်တွင် ထွက်ပြေးရန် မှာ လုံးဝ မဖြစ်နိုင်တော့ပေ။
ဘလူးဝေးလ် ရပ်တန့်လိုက်ရ၏။ကျန်တဲ့ သင်္ဘော ကြီးလေးစင်းလည်း ရပ်တန့်လိုက်ရသည်။
ဒီအချိန်မှာ တစ်ယောက်က အသံကျယ်ကျယ်နှင့် အော်ပြောလိုက်သည်။
"ကပ္ပတိန်.. ကြည့်ပါအုံး..ကျွန်တော်တို့ ခုနက ဝင်တို က်လိုက်တာ အဲဒီရေငုပ်သင်္ဘော ဖြစ်ရမယ်"
အမှန်ပါပဲ M နိုင်ငံရဲ့ ရေငုပ်သင်္ဘောတစ်စင်းက ရေ ပေါ်မှာ ပေါ်လာသည်။သင်္ဘော၏ ရေငုပ်မှန်ဘီလူး က ကျိုးပဲ့နေပြီး ထိပ်ပိုင်း အနည်းငယ်ကလည်း ပျက်စီးနေသည်။