← Chapters

မလွတ်မြောက်နိုင်သည့် ကံကြမ္မာ

Vol. 129 Ch. 1794

မလွတ်မြောက်နိုင်သည့် ကံကြမ္မာ

Vol. 129 Ch. 1794

လောက တစ်ခုလုံးသည် မှိန်နေခဲ့၏။ ရွှင်လန်းခြင်းနှင့် မျှော်လင့်ချက် အရောင်အဝါမှန်သမျှကို ရွေးချယ်၍ ဖယ်ရှားထားသကဲ့သို့ပင်။ ၎င်း၏ ကောင်းကင်နှင့် အနန္တ တံတိုင်းတို့မှာလည်း ကန့်သတ်ချက် မရှိပုံရသည်။ မည်မျှပင် ခရီးသွားစေကာမူ တစ်နေရာတည်းသို့ ပြန်ရောက် မလာပဲ အဆုံးမရှိ ဆက်၍ သွားနေသကဲ့သို့ ရှိသည်။

အကန့်အသတ် ကင်းမဲ့ပုံ ရသည့် ဤမြေကြီးမှာ ထူးဆန်းသော အရောင်အသွေးများနှင့် ပုံမှန် မဟုတ်သည့် ပထဝီဝင် အခြေအနေများပါဝင်နေသည့် မသဲမကွဲ ရောနှောမှုတစ်ခုဖြစ်သည်။ အချို့မှာ အဆန်းကြယ်ဆုံး စိတ်များမှ ထွက်ပေါ်လာသည့် ထိတ်လန့်ဖွယ်ရာများနှင့် ဆင်တူသည်။ အချို့မှာ ပိုမို ရိုးရှင်းပြီး မြက်ခင်းပြင်ကဲ့သို့ တစ်ချက်ကြည့်ရုံဖြင့် လျစ်လျူရှုနိုင်သော အရာများ ဖြစ်သည်။

သို့သော်လည်း... ဧရိယာ တစ်ခုခုကို ကြာကြာ စိုက်ကြည့်လေလေ၊ ၎င်း၏ တည်ရှိခြင်းမှ ဖြစ်လိုက်ပျက်လိုက် ရှိနေသကဲ့သို့ မတည်ငြိမ်မှုကို ပိုမို၍ ခံစားရလေလေ ဖြစ်သည်။

ထိုပတ်ဝန်းကျင်၌ အချိန် ဟူသော ယန္တရားနှင့် အတူ ယိုယွင်း ပျက်စီး နေခဲ့သည့် မပြည့်စုံတော့သော အထိမ်းအမှတ် အဆောက်အအုံများ၊ နန်းတော် အကြွင်းအကျန်များကို‌ တွေ့ရှိရသည်။ ၎င်း၏ အထက် ကောင်းကင်တွင်တော့ အသစ်ဆန်းဆုံးသော ပစ္စည်းများဖြင့် တည်ဆောက်ထားသည့် တစ်ဝက်တစ်ပျက် ပြီးစီးနေသော ကောင်းကင်မြို့ တစ်မြို့ ရှိသည်။ အထူးခြားဆုံးမှာ ရွှေစင်ရွှေသား အတိဖြင့် တည်ဆောက်ထားပုံ ရသော အမြင့်ပေ နှစ်ရာရှိ ရွှေရောင် နွားရုပ်တု တစ်ခုဖြစ်သည်။

ဤ အာကာသ တစ်ခုလုံးတွင် သံလိုက်အိမ်မြှောင်ဖြင့် အရပ်မျက်နှာများကို တိုင်းတာရန်မှာ အလွန် ခက်ခဲလှသည်။ အရပ်မျက်နှာတိုင်းသည် မြောက်ဘက်ကဲ့သို့ ထင်ရပြီး... မြောက်ဘက်လည်း မဟုတ်သကဲ့သို့ ထင်ရသည်။ ခံစားချက်က ဖော်ပြ၍မရအောင် ထူးဆန်းနေသည်။

ထိုမတည်မငြိမ်သည့် ဟင်းလင်းပြင် အသိုက် နယ်မြေ သည် အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်သော အတိတ်နှင့် နောင်ဖြစ်လာမည့် အနာဂတ် နှစ်ခုစလုံး၏ အချက်အလက်များအား ပေါင်းစပ်ထား သကဲ့သို့ ရှိသည်။ နောက်တစ်ခဏတွင်... ကောင်းကင်ဘုံ နန်းတော်မှာ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်ပြီး မီးခိုးရောင် တိမ်တိုက်ပေါ်တွင် ပျံဝဲနေသော ရိုးရှင်းသည့် တဲအိမ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

ဤကဲ့သို့သော အရာများ လောကတစ်ဝှမ်း၌ ဖြစ်ပေါ် နေချိန်တွင်... သီးခြား ဧရိယာတစ်ခုကတော့ လုံးဝ ကွဲပြားနေခဲ့လေသည်။ အဆုံးမဲ့ ရှုပ်ထွေးမှုများက သန့်စင်သွားပုံရကာ ကြယ်တာရာ အသိုက် ၏ အစဉ်အမြဲ တည်ငြိမ်သော ပတ်ဝန်းကျင်နှင့် ခိုင်မာစွာ ဆင်တူနေသည်။

ထိုသီးခြား ဧရိယာမှာ အလွန်ကြီးမားသည့် အရွယ်အစားရှိပြီး အရောင်အသွေးစုံလင်သည့် သစ်ပင် ဒါဇင်ပေါင်းများစွာမှာ အလွန် ထွားကြိုင်းစွာ ကြီးထွားလှသည်။ ၎င်းတို့မှာ ဒဏ္ဍာရီများထဲမှ အသက်ဝင် နေသည့် သစ်ပင်များ အလား ကြီးကျယ် ခမ်းနားလှကာ တစ်ခုချင်းစီမှာ မတူညီသည့် အံ့မခန်း ပစ္စည်းများဖြင့် ဖွဲ့စည်းထားသည်။ တစ်ခုမှာ ကြည်လင်သည့် အခေါက်၊ အစိမ်းရောင် သွေးကြောများဖြင့် ဖွဲ့စည်းထားသည်။ အခြားတစ်ခုမှာ စီးဆင်းနေသော မီးရည်များဖြင့် ဖွဲ့စည်းထားသည်။ အမျိုးအစားများစွာ ရှိပြီး အားလုံးသည် ကွဲပြားကြသည်။

လေထဲတွင်တော့ သွေးရနံ့မှာ သင်းနေ၏။ အနည်းငယ်မျှ ရှူရှိုက်လိုက်သူတိုင်း သံဓာတ် ကို ချက်ချင်း မြည်းစမ်းရပေမည်။

အဆိုပါ သစ်ပင် ဒါဇင်ပေါင်းများစွာ၏ အလယ်တည့်တည့် တစ်နေရာတွင် လူငယ် တစ်ဦးနှင့် သားရဲ တစ်ကောင်မှာ သတိပေးချက် တစ်စုံတစ်ရာ မရှိပဲ ပေါ်လာခဲ့လေသည်။

ဝှစ်...

မှိန်ဖျော့ဖျော့ အလင်းရောင်နှင့် မှုန်မှိုင်းသော လေထုတို့ ပျံ့လွင့်နေသော လောကမှာ အဖြစ်မှန်နှင့် အယောင်ဆောင်မှုကြား နူးညံ့သော မျဉ်းကြောင်းပေါ်တွင် တည်ရှိနေသလို ထူးဆန်းသော ဖြစ်ရပ် များဖြင့် အုပ်စိုးထားသော ရံဖန်ရံခါ မသေချာသည့် ရှုပ်ထွေးမှု ဖြင့် ပြည့်နှက်နေသည်။ ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးမှာ အာရုံများ၊ အတွေးများ နှင့် ဝိညာဉ် တို့ကိုပင် ရူးသွပ်စေသည်။

သေမျိုးမြို့တစ်မြို့ ကဲ့သို့ပင် ထူထဲလှသည့် အမြစ်များနှင့် အကိုင်းအခက်များ ပါရှိသည့် ကောင်းကင်ထိ ထိုးတက်နေသော သစ်ပင် တစ်ပင်မှာ အလားတူ အံ့အားသင့်ဖွယ် သစ်ပင်များကြားတွင် မားမားမတ်မတ် ရပ်တည်လျှက် ရှိနေသည်။ ၎င်း၏ ကြည်လင်လှသော အခေါက်သည် ကျောချမ်းဖွယ်ရာ ခံစားချက်မျိုးကို ဖြစ်ပေါ်စေနိုင်ပြီး အတွင်းပိုင်း၌ မြရောင်အလင်းဖြင့် တောက်ပနေသည့် စိမ်းလန်းသော သွေးကြောကဲ့သို့ အစိတ်အပိုင်းများကိုပင် မြင်တွေ့နိုင်စေသည်။

သွေးကြောများမှာ လူသား၊ သားရဲတို့၏ သွေးကြောများနှင့် အလွန် ဆင်တူနေကာ၊ အရည်များကို စုပ်ယူရင်း အကိုင်းအခင်၊ အမြစ်နှင့် အရွက်များဆီ အထိ ပို့ဆောင် ပေးနေခဲ့သည်။ လမ်းကြောင်းများမှာ ရှုပ်ထွေးပြီး များပြားလှသည်။

ဤသစ်ပင်တွင် ရွှေရောင် ကြိုးများဖြင့် လက်ခြေများတွင် ချည်နှောင်ကာ တွဲလောင်းချိတ်ထားသည့် ပုံရိပ်များစွာ ရှိသည်။ 'များစွာ' ဟူသော ဝေါဟာရသည် နည်းပါးသော ဖော်ပြချက် ဖြစ်နိုင်ပြီး၊ သစ်ပင်၏ ပင်စည်တစ်လျှောက် ရာနှင့်ချီသော လူများနှင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူတို့ တစ်ဦးချင်းစီတွင် တူညီသောအရာ နှစ်ခုရှိသည်။ ပထမ တစ်ခုက အယ်ဗန်မျိုးနွယ်များ၏ ထူးခြားသော လက္ခဏာဖြစ်သည့် ချွန်ထက်သော နားရွက်များ ရှိကြခြင်း ဖြစ်သည်။ ဒုတိယ တစ်ခုကတော့ သူတို့ အားလုံး၌ မြရောင် မျက်လုံးများ ရှိကြခြင်း ဖြစ်သည်။

သူတို့၏ ဆံပင်အရောင်များမှာ ကွဲပြားကြ၏။ အသားအရေမှာလည်း အလားတူပင် ဖြစ်သည်။ အချို့မှာ မီးသွေးကဲ့သို့ မည်းနက်သော အသားအရေကို ပိုင်ဆိုင်ထားကာ အချို့မှာလည်း နို့ကဲ့သို့ ဖြူဖွေးသော အသားအရေကို ပိုင်ဆိုင်ထားသည်။ မည်သို့ပင် ကွဲပြား စေကာမူ... သဘာဝ စွမ်းအင်များ အထူးသဖြင့် သစ်သား အမတေ ကို ထုတ်လွှတ်သည့် မြရောင် မျက်လုံးများကိုတော့ ငြင်းဆို၍မရအောင် ပိုင်ဆိုင်ကြသည်။

ပင်စည်၏ ဗဟို အနီးတွင်... အခြားသူများထက် နှစ်ဆနီးပါး ရွှေကြိုးများဖြင့် ချည်နှောင်ထားသူ အချို့လည်း ရှိနေခဲ့သည်။ သူတို့မှာ အလွန်ဆင်တူနေ၏။ သူတို့မှာ မြရောင် မျက်လုံးများကိုသာ မက တူညီသည့် မြစိမ်းရောင် ဆံပင်များကိုလည်း ပိုင်ဆိုင်ထားသည်။ သူတို့ထဲတွင် ယောက်ျားနှင့် မိန်းမ နှစ်မျိုးစလုံး ပါဝင်နေပေသည်။

အဆိုပါ ပုဂ္ဂိုလ်များထဲတွင် သရဲတစ္ဆေ တစ်ကောင်လို ဖြူရော်ကာ ခြောက်သွေ့နေသည့် အသားအရေ၊ ဆည်းဆာ ကဲ့သို့ မှိန်ဖျော့ဖျော့ မျက်လုံးများနှင့် အောက်သို့ ငိုက်စိုက် ကျနေသည့် နားရွက်ချွန်ချွန်များကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ယောက်လည်း ရှိနေခဲ့သည်။ အလွန်အမင်း အာဟာရချို့တဲ့နေသော အခြေအနေ ရှိနေသော်ငြားလည်း... အနန္တ ကုန်းမြေတိုက်ကြီး တစ်လျှောာက် တစ်ချိန်က စိုးမိုးခဲ့သည့် သူမ၏ သဘာဝ အလှတရားကတော့ အတိုင်းအတာတစ်ခုအထိ ရှိနေသေးဆဲ ဖြစ်သည်။ အနည်းဆုံး တစ်ချက်ကြည့်လိုက်ရုံဖြင့် မိန်းကလေးမှာ အခြား မည်သည့် အမျိုးသမီးများကို မဆို မနာလိုစိတ် ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးနိုင်သည့် အလှတရားကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

“အဟွတ်... အဟွတ်...”

မိန်းကလေးက အားနည်းစွာ ချောင်းဆိုးလိုက်၏။ သို့သော်လည်း နွေရာသီ၏ သဲကန္တာရထက်ပင် ပိုမို ခြောက်သွေ့နေသည့် သူမ၏ နှုတ်ခမ်းများမှ တံတွေး တစ်စက်မျှပင် ထွက်မလာခဲ့ချေ။

ထိုမိန်းကလေးမှာ တစ်ချိန်က အနန္တ ကုန်းမြေတိုက်ကြီး၏ နာမည်ကျော် အယ်ဗန် မင်းသမီး တစ်ဦးဟု ဆိုလျှင် မည်သူမျှ ယုံကြည်လိမ့်မည် မဟုတ်ချေ။ ထိုအချိန်အခါက မိန်းကလေးမှာ ဖခင်ဖြစ်သူ ငြင်းပယ်နေသည့် ကြားမှပင် ပိုမို ကြီးကျယ် ခမ်းနားသည့် မြင်တွေ့ခွင့် ရရှိရန် ဆန္ဒရှိခဲ့သည်။

သို့သော်လည်း... တစ်ကိုယ်တော် စွန့်စားခန်း၏ အစတွင်ပင် မည်သူ့ကို မဆို ယုံကြည်တတ်ပြီး ဖြူစင် သန့်ရှင်းသော သဘာဝ က သူမကို သတိမပြုမိဘဲ ဖမ်းဆီးခံရစေခဲ့သည်။ သူမ၏ အမတေ သွေးစက်များကို အခြားသူတစ်ဦးက သူ၏ ကျင့်ကြံခြင်း အတွက် ထုတ်ယူခဲ့သည်။ ထိုအခိုက်၌ သူမမှာ ဥများဥရန် ဆက်လက် ရှင်သန် နေရသည် ရွှေငန်းတစ်ကောင်၊ နို့ညှစ်ရန်အတွက် နွားတစ်ကောင်နှင့် မည်သို့မျှ မကွာခြားတော့ချေ။ ထိုအတွေ့အကြုံမှာ သူမကို မျက်စိပွင့်စေသလောက် ပြင်းထန်သော ဝေဒနာ ကိုလည်း ပေးခဲ့သည်။

ထိုစဉ်က သူမမှာ ခိုင်မာသော စိတ်ဓာတ်ဖြင့် တည်ရှိနေခဲ့သည်။ သေခြင်းတရား ရောက်လာချိန်တွင် သူမ၏ ခန္ဓာကိုယ် အတွင်းရှိ ချိပ်တံဆိပ်မှာ အသက်ဝင်လာပြီး ဖြစ်ပြီး ဖခင် ဖြစ်သူကို သတိပေးလိမ့်မည် ဖြစ်သည်။ ထိုခိုင်မာသော ယုံကြည်မှုကပင် သူမကို စိတ်ပျက်အားငယ်မှု လျှိုမြောင်ထဲ မကျရောက်စေဘဲ ချောက်ကမ်းပါးပေါ်တွင် တွယ်ကပ်နေစေခဲ့သည်။

မကြာခင်မှာပင် ဝေ့ဝူယင် အမည်ရှိ လူငယ် တစ်ဦးမှာ သူမ၏ အခြေအနေကို ရှာဖွေ တွေ့ရှိသွားခဲ့ပြီး အခြားလူများကို အကြောင်းကြားကာ သူမကို ကယ်တင်ခဲ့သည်။ သူမ အသက်မသေဘဲ ပြန်လည် လွတ်မြောက်လာခဲ့ကာ ကျင့်ကြံခြင်းကို ပြန်လည် ကြိုးစားခဲ့သည်။

သံသရာ တစ်ပတ် မလည်စေရန် အတွက် သူမ လုံလောက်သည့် အစွမ်းအစများကို ပိုင်ဆိုင်လိုလာခဲ့သည်။

အထူးသဖြင့်... သူမ၏ အသက်ကို ကယ်တင်ခဲ့သည့် ကျေးဇူးရှင် လူငယ် လောက၏ ထောင့်တစ်နေရာတွင် သေဆုံးသွားပြီ ဖြစ်ကြောင်း သတင်း ကြားခဲ့ရပြီး နောက်တွင်ပင်။

ထို့နောက် များစွာသော အရာများ ဖြစ်ပွား သွားခဲ့သည်။ အနန္တ ကုန်းမြေတိုက်ကြီးကို ကျော်လွန်၍ သူမ ခရီးနှင်ခဲ့သည်။ ကျင့်ကြံခြင်း အခြေခံမှာလည်း စိတ်ကူး မယဉ်နိုင်လောက်အောင် တိုးတက်လာခဲ့သည်။ နောက်ခံကောင်းကောင်းကို ရရှိလာခဲ့သည်။ အမျိုးမျိုးသော အဖြစ်အပျက်များ၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့ရသည်။

အဘက်ဘက်မှ တိုးတက်မှုများ ရရှိနေချိန်တွင် သူမ အမှားတစ်ခုကို ကျူးလွန် မိခဲ့သည်။ လင်းကျိရန်အား ညှဉ်းပန်း နှိပ်စက်ခဲ့သူများကို ဒေါသအလျောက် သတ်ဖြတ်ပစ်ခဲ့သည်။

ထိုလုပ်ရပ်များအတွက် ကွပ်မျက်ရန် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ခန္ဓာကိုယ် တစ်ခုလုံး သံကြိုးများဖြင့် ချည်နှောင်ခံရကာ နောက်ဆုံး အသက်ရှူရန် ရည်ရွယ်ထားသည့် စင်မြင့်ထက်သို့ ချီတက်ခဲ့ရသည်။ ထိုအခိုက်၌ သူမ ယုံကြည် ရသည့် နောက်ခံမှာ ဘာမှ အရေးမပါတော့။ သူမ အားအကိုးဆုံး လူသားတစ်ဦးသည်ပင် ထိုမြင်ကွင်းကို အားမတန်ဘဲ ကြည့်ရှုနေခဲ့ရသည်။

သို့သော်လည်း... သူမ ထိုလုပ်ရပ်များ အတွက် အနည်းငယ်မျှပင် နောင်တ မရခဲ့ချေ။ သို့သော်လည်း ရှက်စရာကောင်းသည်က... သူမ သေချင်စိတ်မရှိခြင်း ဖြစ်သည်။

သို့သော်လည်း...

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူမကို ကယ်တင်ခဲ့သော ထိုလူသားကပင် နတ်မြင်းပျံ တစ်ကောင်ကို စီးနင်း၍ ရောက်ရှိလာခဲ့သည်။ စကားတစ်ခွန်းတည်းဖြင့်ပင် သူမ၏ ကံ ကြမ္မာကို လုံးဝ ပြောင်းပြန်လှန်ပစ်ခဲ့သည်။ သူမကို အသက်ရှင်ခွင့် ပေးခဲ့သည်။ ကျင့်ကြံခြင်း ခရီးလမ်းကို ဆက်နိုင်ရန် ခွင့်ပြုခဲ့သည်။

ထိုအချိန်မှ စ၍ သူမ၏ ခံစားချက်များမှာ နူးညံ့စွာ ပြောင်းလဲ သွားခဲ့သည်။ ထိုအချိန်မတိုင်မီက သူမ လူငယ် တစ်ဦး၏ သူရဲကောင်းဆန်သော အသွင်အပြင်ကို သဘောကျခဲ့သည်။ သို့သော်လည်း... ကယ်တင်ရှင်၏ တည်ရှိမှုကြောင့်ပင် ထိုစိတ်ဝင်စားမှုများက တဖြည်းဖြည်း ပြိုကျသွားခဲ့ကာ ဆန္ဒများမှာလည်း သဘာဝကျကျ ပြောင်းလဲသွားခဲ့သည်။

၎င်းမှာ ပြင်ပ ဆန္ဒနှင့် စွမ်းအားများ၏ လွှမ်းမိုးမှု မဟုတ်ပဲ ရွေးချယ်မှု၏ လွတ်လပ်ခွင့်ကို တစ်ဖန် ပြန်လည် ရရှိလာခဲ့ခြင်း ဖြစ်သည်။ ယင်က စိတ်ကူးမယဉ်နိုင်လောက်သည့် လွတ်လပ်မှု ဖြစ်သည်။ အကယ်၍ သူမသာ အစွမ်းထက် ကောင်းကင် နိမိတ်ဖတ် ပညာရှင် တစ်ယောက် ဆိုပါက ၎င်းမှာ ကောင်းကင်တာအို၏ လွှမ်းမိုးမှုမှ လွတ်မြောက်သွားခြင်း ဖြစ်ကြောင်း သိရှိလိမ့်မည် ဖြစ်သည်။

ဖြစ်ရပ်အချို့ ဖြစ်ပျက်ပြီးနောက်... သူတို့နှစ်ဦးစလုံး နေအိမ်များကို ဆုံးရှုံးခဲ့ရသည်။ ကမ္ဘာသစ်တစ်ခုသို့ ဝင်ရောက်ခဲ့ရသည်။

ကံဆိုးစွာပင် ကံကြမ္မာမှာ မပြောင်းလဲခဲ့ချေ။ မိန်းကလေး၏ ဘဝတွင် မည်သူ့ထက် မဆို ပို၍ လေးစားရသော၊ မည်သည့်ထက် မဆို ပို၍ ဖြစ်ချင်ခဲ့သာ ဘိုးဘွား တစ်ယောက်နှင့် ပြန်လည် တွေ့ဆုံခဲ့သည်။ အထွတ်အမြတ် အယ်ဗန် ဧကရီမှာ သူမကို စိတ်ကူး မယဉ်နိုင်သည့် စွမ်းအားများ ရရှိလာစေရန်၊ ကိုယ်ပိုင် ကံကြမ္မာကို စီရင်ခွင့် ရရှိလာနိုင်စေရန် အချိုမြိန်ဆုံး စကားလုံးများနှင့် ကတိပြုခဲ့သည်။ သူမကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည်။

ထို့နောက် သူမ ဤနေရာတွင် ချည်နှောင်ခံခဲ့ရသည်။ အကျဉ်းကျခဲ့ရသည်။ ဧရာမ သစ်ပင်ကြီးမှာ သူမ၏ အမတေ သွေးစက်များကို ခြောက်သွေ့သည် အထိ အကြိမ်ကြိမ် ထုတ်ယူခဲ့သည်။ ၎င်းမှာ အသက်ရှင်လျက် ငရဲကျခြင်းပင် ဖြစ်သည်။

သူမ၏ ဘဝက မလွတ်မြောက်နိုင်သည့် ကံကြမ္မာ တစ်ခုနှင့် တွဲလျှက် ချည်နှောင်ခံထားရသည့်ပုံ ပေါ်လေသည်။

***

All Chapters