← Chapters

ဝိုးတဝါး အိပ်မက် (၂)

Vol. 129 Ch. 1796

ဝိုးတဝါး အိပ်မက် (၂)

Vol. 129 Ch. 1796

ဟူး... ဟူး...

ပိုင်လင်နှင့် ဝေ့ဝူယင်တို့ ချင်ချူးမူ အနားသို့ တိုးကပ်လာသည်ကို ကြည့်ရင်း အခြားသော အကျဉ်းသားများမှာ ထိတ်လန့် တုန်လှုပ် သွားကြသည်။ နတ်သား တစ်ပါး အလား ချောမော ခန့်ညားသည့် လူငယ်နှင့် အံ့မခန်း လှပ‌လှသော သားရဲတို့မှာ သူတို့ကို ဤနေရာသို့ ခေါ်လာသည့် နတ်ဆိုးမနှင့် ပတ်သက်နေမှာ သူတို့ စိုးရိမ် နေခဲ့ကြသည်။

ဂျစ်... ဂျစ်...

ပိုင်လင်က ဧရာမ သစ်ပင်ကြီး၏ ပင်စည် အခေါက်ထဲသို့ ခြေသည်းများကို နှစ်မြှုပ်လိုက်ရင်း ချင်ချူးမူ အနား၌ ရပ်လိုက်၏။ ဝေ့ဝူယင် ပိုင်လင်၏ ကျောထက်၌ မတ်တပ်ရပ်လိုက်ရင်း ပြုံးပြနေသည့် ချင်ချူးမူ အနားသို့ တိုးကပ်လာခဲ့သည်။

သို့သော်လည်း... ပိုမို နီးကပ်လာသော အခိုက်၌ ချင်ချူးမူ၏ မျက်ဝန်းများ အတွင်း ရောင်ပြန်ဟပ်နေသည့် သူ့ပုံရိပ်က ထူးဆန်းစွာ ဝေးကွာနေပြီး မှုန်ဝါးဝါး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်က စောစောက ပြောစကားများ အပါအဝင် အရာအားလုံးကို မိန်းကလေးမှာ စိတ်ထင်ယောင် ထင်မှား ဖြစ်နေပုံ ရသည်။ ၎င်းတို့က သူမ၏ ဆန္ဒသေးသေးလေးကို ထိန်းထားနိုင်ရန် နှိပ်သိမ့်ပေးနေသည့် ပုံရိပ် တစ်ခုဟု မြင်နေဟန် ရှိသည်။

သို့သော်လည်း ထိုအချက်ပင် မိန်းကလေး အဆင်ပြေနေသေးကြောင်း ဝေ့ဝူယင်ကို သေချာစေသည်။ အိပ်မက်မက်လိုသော စိတ်ဆန္ဒသည်ပင် မျှော်လင့်ချက်နှင့် ခွန်အားတို့ကို ဖော်ပြနေပေသည်။ သို့သော်လည်း ဤသည်က အိပ်မက်တစ်ခု မဟုတ်လေရာ သူမ အနဖြင့် လက်တွေ့တွင် ပျော်မွေ့ရန် အချိန်များစွာ ရရှိလိမ့်မည် ဖြစ်သည်။

"ပျက်စီး..."

ဝေ့ဝူယင် အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဥပဒေသ အော်ရာ တစ်ခုမှာ အဆုံးမဲ့ ရှုပ်ထွေးခြင်းများ ပြည့်နှက်နေသည့် လေထုတစ်လျှောက် လှိုင်းထသွားကာ ကမ္ဘာလောကအပေါ် အကြွင်းမဲ့ အာဏာ သက်ရောက်စေခဲ့၏။ ရွှေရောင် နှောင်ကြိုးများမှာ ခုခံရန် ကြိုးပမ်းချက် အနေဖြင့် မျက်နှာပြင် တစ်လျှောက် လျှို့ဝှက် သင်္ကေတများ ပေါ်ထွက်လာကာ သတ္တု အလင်းရောင်ခြည်များနှင့် တောက်ပသွားခဲ့သည်။

သို့သော်လည်း ခုခံခြင်းမှာ အကျိုး မရှိခဲ့။

ချွင်... ချွင်... ချွင်...

ချင်ချူးမူကို ရစ်ပတ် ချုပ်နှောင်ထားသော ရွှေရောင် ချည်နှောင်ကြိုးများမှာ မှိန်ဖျော့၍ အသက်မဲ့နေသည့် သတ္တုအပိုင်းအစများအဖြစ် ကြေမွသွားခဲ့၏။

"ဟမ်..."

ချင်ချူးမူ၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်သွားခဲ့၏။ ဆယ်စုနှစ်များစွာကြာပြီးနောက် သူမ ယဉ်ပါးနေခဲ့ပြီ ဖြစ်သည့် လေးလံသော ခံစားချက်မှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ထိုခံစားချက်မှာ ပုံမှန်အားဖြင့် အိပ်မက်များ ထိထိရောက်ရောက် တုပနိုင်ခြင်း မရှိသည့် ခံစားချက် တစ်ခု ဖြစ်သည်။

သူမ များစွာ တွေးတောခြင်း မပြုနိုင်ခင်မှာပင် နွေးထွေးနူးညံ့သည့် ခံစားချက်နှင့် အတူ ယောက်ျား ပီသသည့် ရနံ့တစ်ခုမှာ သူမကို လွှမ်းခြုံလာခဲ့သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ကို လက်တစ်စုံက ဖမ်းဆုပ်လိုက်၏။

“ဒီကနေ ပြုတ်ကျသေသွားလို့တော့ မရဘူးနော်...”

စနောက်သည့် အငွေ့အသက်များ ပြည့်နှက်နေသည့် လေသံက နားအတွင်း တိုးဝင်လာသော အခိုက်၌ သူမ အောက်သို့ အလိုအလျောက် ငုံ့ကြည့်လိုက်မိသည်။ သစ်ပင်ကြီး၏ အလွန် ကြီးမားလှသော အမြစ်များနှင့် အတူ ထူးခြားသော ရှုခင်း တစ်ခုက သူမကို ကြိုဆိုနေခဲံသည်။

မိန်းကလေး အနည်းငယ် ကြောင်သွားခဲ့၏။ အိပ်မက်က အနည်းငယ် ခြားနား နေသလို သူမ ခံစားရသည်။ သူမ ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ အိပ်မက်ထဲမှာ ဆိုလျှင်ပင် ကြယ်တာရာများ၏ အလှအပကို သူမ ကြည့်ချင်မိသေးသည်။

“ကောင်မလေး... ကြယ်တွေက မင်းကို မျှော်နေမယ် ဆိုတာ သေချာပေမဲ့ သူတို့ ခဏလောက်တော့ စောင့်ရလိမ့်မယ်"

စိတ်တာအိုကို လေ့ကျင့်ထားသူ တစ်ယောက် အနေဖြင့် ဝေ့ဝူယင်မှာ စိတ်ပိုင်းဆိုင်ရာ အတက်အကျများကို ကောင်းစွာ ဖတ်ရှုနိုင်သူဖြစ်သည်။ ချင်ချူးမူ၏ အကြည့်၊ မျက်လုံး အမူအရာ၊ တွေဝေမှုတို့ကို ကြည့်ခြင်း အားဖြင့် သူမ မည်သည့် အရာများ တွေးတောနေကြောင်း သူ ခန့်မှန်းနိုင်ပေသည်။ သူ မိန်းကလေးကို သတို့သမီး တစ်ယောက်လို ပွေ့ဖက်ထားရင်း အသက်ဓာတ်နှင့် အာဟာရ စွမ်းအင်များကို ဖြည်းညင်း ညင်သာစွာ ထည့်သွင်း ပေးလိုက်သည်။

"စောင့်ရမယ်..."

မိန်းကလေးကတော့ သူမ အိပ်မက်ထဲတွင်သာ ရှိနေသေးကြောင်း လုံးဝ နီးပါး သေချာ နေခဲ့သည်။ ထို့အပြင် ဤအိပ်မက်မှာ ယခင်ကထက် ပိုမို၍ ကောင်းမွန်သည်ဟု သူမ ခံစားရသည်။

ဝေ့ဝူယင်က ချင်ချူးမူ၏ အာရုံ စူစိုက်မှုများ သူ့အပေါ် ရှိနေစေရန်နှင့် ခန္ဓာကိုယ် အတွင်း စွမ်းအင်များ ထည့်သွင်းခြင်းကို ငြင်းဆန်ခြင်း မပြုလုပ်စေရန် အတွက် တောက်ပစွာ ပြုံးပြလိုက်သည်။ တစ်ချက် စစ်ဆေးလိုက်ရုံဖြင့်ပင် ချင်ချူးမူ၏ မွေးရာပါ ကျင့်ကြံခြင်း ပါရမီများ၊ သစ်သားယင် အမတေ ခန္ဓာကိုယ်၊ အသက်မြက် ပင်ကိုယ် သွေးကြောများ၊ ခရမ်းရောင် သစ်တော နန်းတော်တို့ အပါအဝင် အားလုံး နီးပါးမှာ ချွပ်ယူခံထားရကြောင်း တွေ့ရှိလိုက်ရသည်။ သူမထံတွင် အခြေခံ ဖွဲ့စည်းပုံလောက်သာ ကျန်ရစ်ခဲ့ပေသည်။

ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် သစ်ပင်ကို စစ်ဆေး ကြည့်လိုက်၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အရာအားလုံးကို သူ နားလည်သွားခဲ့သည်။

ထိုသစ်ပင်မှာ ကျင့်ကြံသူများ၏ ပင်ကိုယ် ပါရမီများကို စုပ်ယူကာ အခြား စွမ်းအင် တစ်ခု အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲပေးသည့် ကပ်ပါးကောင် တစ်မျိုးဖြစ်သည်။ အော်ရာများကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပြီး နောက်ဆုံး နာရီတွင် ထိုပါရမီများ အားလုံး၏ အမတေကို အပြည့်အဝ ထုတ်ယူနိုင်မည် ဖြစ်သည်။ တစ်နေ့ကျလျှင် ကျင့်ကြံသူမှာ ကျိန်းသေ သေဆုံးသွားရလိမ့်မည် ဖြစ်သော်လည်း လုပ်ငန်းစဉ်မှာ အလွန် ကြာမြင့်လိမ့်မည် ဖြစ်သည်။

"အများကြီးပဲ...”

ဝေ့ဝူယင် သစ်ပင်ကို စစ်ဆေးရင်း မည်သည့် အရာများ တွေးတောနေသည်ကို ခံစားမိလေရာ ပိုင်လင်က ဝင်ပြောရင်း အခြား သစ်ပင်များကို လက်ညိုးထိုးပြလိုက်သည်။ သစ်ပင်များနှင့် ချည်နှောင်ခံထားရသည့် လူများစွာ ရှိသည်။ သံကြိုးများ၏ အရောင်များမှာလည်း မတူညီခဲ့ချေ။

ဥပမာ အားဖြင့် မီးတောင် ချော်ရည်များ စီးဆင်းနေသည့် သစ်ပင်တွင် အေးခဲ မြူခိုးများ ထုတ်လွှတ်နေသည့် ရေခဲပြာရောင် ပုံဆောင်ခဲ နှောင်ကြိုးများ ရှိနေသည်။ ချော်ရည်ပူကို ဖိနှိပ်ရန် ရေခဲစွမ်းအင်ကို အသုံးပြုခြင်းမှဦ ရေကို ဖိနှိပ်ရန် မီးကို အသုံးပြုခြင်းနှင့် သဘောတရားချင်း ဆင်တူသည်။

မြေ၊ ရေ၊ လေနှင့် မီး ဟူသော အခြေခံ ဒြပ်စင်များ အားလုံးကို ကိုယ်စားပြုသည့် သစ်ပင်များ ရှိသည်။ ထို့အပြင် သတ္တု၊ လျှပ်စီး၊ သစ်သား၊ ရေခဲနှင့် မီးတောင်ရည် ဟူသော အဆင့်မြင့် ဒြပ်စင်များ အားလုံးကို ကိုယ်စားပြုသည့် သစ်ပင်များလည်း ရှိသည်။

ထိုမျှသာမကသေးဘဲ အကိုင်းအခက်များတစ်လျှောက် အေးစက်စက် မြူခိုးများ ဝေ့လည်နေသည့် သရဲတစ္ဆေဆန်ဆန် ဖောက်ထွင်းမြင်ရလုနီးပါး သစ်ပင်တစ်ပင်လည်း ရှိသည်။ ထိုနည်းတူပင် အလွန်အမင်း တောက်ပမှုနှင့် နွေးထွေးမှုတို့ကို ထုတ်လွှတ်နေသော ရွှေရောင် သစ်ပင် တစ်ပင်လည်း ရှိသည်။ ၎င်းတို့မှာ ယင်ကို ကိုယ်စားပြုနေသည့် သစ်ပင်နှင့် ယန်ကို ကိုယ်စားပြုနေသည့် သစ်ပင်တို့ ဖြစ်သည်။

အင်ပါယာ ဥပဒေသ အပေါ် သာမက အာဏာကို နေရာတိုင်း၌ ဖြန့်ကျက်ထားသည့် ဧကရာဇ် တစ်ပါး အနေဖြင့် ဝေ့ဝူယင်မှာ အာရုဏ်ဦး ဖီဆန် ကြယ်ကွင်းပြင် အတွင်းရှိ အရာအားလုံးကို တွေ့မြင်နိုင်သည်။ ဟင်းလင်းပြင် အသိုက် နယ်မြေများမှာလည်း ချွင်းချက် မဟုတ်တော့ချေ။ နယ်နိမိတ် ပြင်ပတွင် ဆိုပါက ကြည့်ရှုဖို့ အနည်းငယ် ခက်ခဲနိုင်သော်လည်း အတွင်းပိုင်းတွင်တော့ အစစ်အမှန် ဟင်းလင်းပြင် နဂါး တစ်ကောင် အတွက် အနှစ်သက်ဆုံး နယ်မြေနှင့် မခြားပေ။

ထို့အပြင်... အလင်းအားလုံးကို စုပ်ယူပြီး မည်သည့်အရာကိုမျှ မလွတ်မြောက်စေသည့် သစ်ပင်တစ်ပင်လည်း ရှိသည်။ ၎င်းမှာ လုံးဝ မတည်ရှိသကဲ့သို့ အမှောင်ထုဖြစ်နေသော်လည်း တစ်ချိန်တည်း၌ အရာအားလုံးကို ထည့်သွင်းထားသကဲ့သို့လည်း ထင်ရသည်။ ထိုခံစားချက်မှာ အလွန်အမင်း ထူးဆန်းလှသည်။ ၎င်းမှာ မဟူရာ သစ်ပင် ဖြစ်ပေသည်။

နေကြယ် မရှိ၊ အလင်းရင်းမြစ် မရှိသော ထိုကမ္ဘာတွင် မှိန်ဖျော့ဖျော့ အလင်းရောင် ဖြန့်ကျက်နေရသည့် အကြောင်းရင်းကတော့ တောက်ပသည့် အလင်းရောင်ခြည်များကို ထုတ်လွှတ်နေသည့် သစ်ပင် တစ်ပင်ပင် ဖြစ်သည်။ ၎င်း၏ အဓိက ရောင်ဝါမှာ ဖိနှိပ်ခံထားရသည့် အလား ပေအနည်းငယ်ခန့် အကွာအထိသာ ရောက်သော်လည်း ကမ္ဘာတစ်ခုလုံးအား အဆက်မပြတ် မှိန်ဖျော့ဖျော့ အလင်းရောင် ပေးနိုင်ခြင်း တစ်ခုတည်းကပင် ၎င်း၏ ထူးခြားချက်ကို သက်သေပြနေခဲ့သည်။ ၎င်းက အလင်းသစ်ပင်ပင် ဖြစ်သည်။

အယ်ဗန် မျိုးနွယ်များမှာလည်း မတူညီကြချေ။ အမှောင်ထု သစ်ပင်နှင့် တွဲလျက် ချည်နှောင် ခံထားရသူများမှာ မီးသွေးရောင် အသားအရေ ရှိကြသည်။ သူတို့၏ ဆံပင်များမှာ တူညီခြင်း မရှိကြချေ။ အချို့မှာ ငွေရောင် တောက်ပ‌နေကာ အချို့ကလည်း နေမီးတောက်ကဲ့သို့ လောင်ကျွမ်း နေကြသည်။

အလင်း သစ်ပင်ပေါ်ရှိ သူများမှာမူ အယ်ဗန် ဘေးမဲ့ နယ်မြေမှ ခေါင်းဆောင်များနှင့် ဆင်တူသည်။ သူတို့၏ အသားအရေမှာ ကျောက်စိမ်းဖြူ ကဲ့သို့ ရှိကာ ခန္ဓာကိုယ်များမှာ သွယ်လျကြသည်။ သူတို့က ဖြူစင် မြင့်မြတ်ကာ နတ်ဘုံနတ်နန်းများမှ သူတော်စင်များ အလား ထင်ရသည်။

ထို့အပြင် ဝေ့ဝူယင် အပျက်အစီး မီးခိုးရောင် သဲသောင်ပြင် အယ်ဗန်များကိုလည်း တွေ့ရှိရသည်။ သူတို့မှာ မြေကြီး ဒြပ်စင် သစ်ပင်များတွင် ချည်နှောင်ခံထားရသည်။ ဗဟိုချက် နေရာများ၌ ရှိနေသူများမှာ အိကျူးလင်၊ အိယင်တို့နှင့် ရုပ်ချင်း ဆင်တူသည်။ ထို့အပြင် မြစ်နေ အယ်ဗန်များ၊ မဟူရာ တောင်တန်း အယ်ဗန်များနှင့် သစ်တော အယ်ဗန်များမှာလည်း ၎င်းတို့နှင့် သက်ဆိုင်ရာ သစ်ပင်များတွင် ရှိနေခဲ့ကြသည်။

ထို့အပြင်... ဝေ့ဝူယင် မမြင်ဖူးသည့် အယ်ဗန်မျးလည်း ရှိနေသည်။ ထိုအရာများက မည်ကဲ့သို့နည်း။ ဝေ့ဝူယင် ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များကို စဉ်းစားကြည့်လိုက်သည်။ သို့သော်လည်း... ထိုကဲ့သို့ အကြောင်းအရာမျိုး မတွေ့ဖူးချေ။

ဝေ့ဝူယင် စဉ်းစားနေစဉ်မှာပင် သူ၏ ဒုတိယမြောက်စိတ်မှာ သီအိုရီ တစ်ခုကို ရရှိသွားခဲ့၏။

သူတော်စင် အမိန့်တော်...

၎င်းမှာ ကျင့်ကြံသူနှင့် ဥပဒေသများကြားတွင် ချိတ်ဆက်မှု တစ်ခု ဖန်တီးရန် အတွက် စွမ်းအားကို ဆင့်ခေါ်ရာတွင် အသုံးပြုသည့် စကားလုံး ဖြစ်သည်။ ၎င်းကို လောကသုံးထောင်၏ ပဲ့တင်သံဟုလည်း ခေါ်သည်။ ထိုသီအိုရီမှာ ကြောက်မက်ဖွယ် ကောင်းသလို ဖြစ်နိုင်ချေလည်း အများကြီး ရှိသည်။

"ဒါပေမဲ့ ဒီထက် အများကြီး ပိုတဲ့ပုံ ရတယ်..."

***

All Chapters