← Chapters

အိပ်မက်မှ နိုးထခြင်း

Vol. 129 Ch. 1797

အိပ်မက်မှ နိုးထခြင်း

Vol. 129 Ch. 1797

"ဒါပေမဲ့ ဒီထက် အများကြီး ပိုတဲ့ပုံ ရတယ်..."

ဝေ့ဝူယင်က ဖောက်ထွင်းမြင်ရသော သစ်ပင်ကို ကြည့်ရင်း ကောက်ချက်ချလိုက်သည်။ ထိုအခိုက်တွင်ပင် ချင်ချူးမူမှာ ပထမဆုံး စတင် တုန့်ပြန်လာခဲ့၏။ သူမက အမြဲတစေ ဉာဏ်ကောင်းပြီး စိတ်ဓာတ်ခိုင်မာသူ ဖြစ်သည်။ ခန္ဓာကိုယ်အတွင်း စွမ်းအင်များ ဆက်လက် တိုးပွားလာသည်နှင့်အမျှ ဤအရာမှာ အိပ်မက် မဟုတ်နိုင်ကြောင်း သဘောပေါက်လာခဲ့သည်။ သူမ၏ ပါရမီများမှာ စုပ်ယူခံရသော်လည်း ဝေ့ဝူယင်၏ နည်းလမ်းများမှာ တိုင်းတာ၍ မရနိုင်အောင် အံ့သြဖွယ်ကောင်းလှသည်။ ခဏလေးအတွင်းမှာပင် မိန်းကလေးမှာ စိတ်ရောကိုယ်ပါ အားအင်သစ်များ ရရှိလာသည်ဟု ခံစားလိုက်ရသည်။

ထို့အပြင်... ဝေ့ဝူယင် မိန်းကလေး သတိစိတ် ပြန်လည် ဖြစ်ပေါ်လာစေဖို့ အတွက် ကျင့်စဉ် တစ်ခုကို အသုံးပြုခဲ့သည်။ ၎င်းမှာ သူမ၏ အတွေးများကို လှုံ့ဆော်ပေးကာ သူမ၏ စိတ်ဝိညာဉ်ကို ညင်သာစွာ ပြောင်းလဲစေသည်။ ယင်းက အာဏာရှင်များ အသုံးပြုကြသည့် အာရုဏ်ဦး ပုံရိပ်ယောင် စိတ်ကျင့်စဉ်နှင့် ဆင်တူသည်။ သို့သော်လည်း ဝေ့ဝူယင်က ထိုကျင့်စဉ်ကို မိန်းကလေး၏ အတွေးများ ရေရှည် ထိခိုက်မှု မရှိစေဘဲ သတိရှိသည့် စိတ်ကို လက်တွေ့အခြေအနေသို့ လှုပ်နိုးပေးနိုင်ရန် လုံလောက်သည့် ပမာဏလောက်သာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

"ရှင်..."

သူမ၏ အသံက အနည်းငယ် တုန်ယင်သွား၏။

“ရှင်... ရှင်လား... တကယ်ပဲ ရှင်လား"

သူမ၏ လက်များက ဝေ့ဝူယင်၏ လက်မောင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ အကယ်၍ အားအင် အပြည့်အဝ ရှိနေပါက ကျောက်တုံးကြီး တစ်တုံးကိုပင် ချေမွပစ်နိုင်သော်လည်း ယခုအခါတွင်မူ သေမျိုး မိန်းမငယ်လေး တစ်ဦး အလား အားနည်း နေခဲ့သည်။

ဝေ့ဝူယင်က ကောင်းကင်ဘုံ နတ်မျက်လုံးများထဲမှ ဝိညာဉ် အလင်းရောင်ကို အလင်းရောင်ကို ဖြည်းညင်းစွာ ဖျောက်ဖျက်လိုက်ရင်း ချင်ချူးမူကို ကြည့်လိုက်၏။ ထို့နောက်... ကျီစယ်နောက်ပြောင်သည့် အပြုံးဖြင့် စနောက်လိုက်သည်။

“နောက်ဆုံးတော့ မင်းသမီးလေးက ငါ့ကို မြင်ပြီလား... ဘယ်လောက် ကံကောင်းလိုက်သလဲ... ဒါကို သိရတာနဲ့တင် ငါ့ဘဝ တစ်လျှောက်လုံး နောင်တမရှိဘဲ သေလို့ရပြီ...”

ချင်ချူးမူ၏ မျက်လုံးများမှာ တောက်ပလာ၏။

"ရှင်ပဲ... တကယ် ရှင်ပဲ..."

ဝေ့ဝူယင်၏ လေသံက နူးညံ့သွား၏။

"တကယ် ငါပါ"

ဂီး...

ပိုင်လင်က အော်ဟစ်မြည်သံပေးလိုက်၏။ ဝေ့ဝူယင် မီးဖီးနစ်၏ ပျော်ရွှင်နေသည့် မျက်လုံးများနှင့် လှပသည့် ဦးခေါင်းတို့ကို မြင်သာစေရန် ချင်ချူးမူကို အနည်းငယ် ရွှေ့ပြလိုက်သည်။

"ပိုင်လင်လည်း ဒီမှာ ရှိတယ်... သူ မင်းကို စိတ်ပူနေခဲ့တာ... တစ်ခါမှ ဝိညာဉ် သတင်းစကား မပို့တာက သူငယ်ချင်းတွေကို လျစ်လျူရှုတဲ့ လုပ်ရပ်လို့ သူ ပြောတယ်... သူ သည်းမခံနိုင်လို့ နောက်တစ်ခါ ဘယ်တော့မှ မမေ့အောင် မင်းကို သင်ခန်းစာ ပေးချင်တယ် တဲ့... ဒါကြောင့် သူက လိုက်လာတာ”

"ဟေ့... ငါ အဲဒီလို မပြောဘူး..."

ပိုင်လင်က ချင်ချူးမူနှင့် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု တစ်ခုကို ဖန်တီးလိုက်ရင်း ကန့်ကွက်လိုက်သည်။ သူမမှာ မိန်းကလေး၏ အခြေအနေကြောင့် မူလက တုံ့ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုက ချင်ချူးမူ အပေါ် တစ်ခုခု ထိခိုက်သွားမှာ သူ ကြောက်နေခဲ့သည်။ သို့သော်လည်း ဝေ့ဝူယင်က စကားများကို ပလိမ်းပကျံ ပြောနေတာကိုတော့ သူမ မည်သို့ ခွင့်ပြုနိုင်မည်နည်း။

“တကယ်တော့ သူက မင်းကို သတိရနေခဲ့တာ... ငါတို့ မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို စရောက်တည်းက မင်း အကြောင်းတွေပဲ အမြဲတမ်း ပြောနေတာ... မင်း ဘယ်မှာလဲ ဆိုပြီး တွေးနေတာ... နောက်ပြီး မင်းကို ရှာဖွေဖို့ အကောင်းဆုံး ကြိုးစားနေခဲ့တာ... သူ လောကတစ်ခုလုံးကို သိမ်းပိုက်ခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုက မင်းကို ရှာဖို့ပဲ... သူက မင်းကို ဆုံးရှုံးရမှာ ကြောက်နေပြီးတော့... အမ်... ငါ ပြောတာ ဘာမှားသွားလို့လဲ...”

ချင်ချူးမူ၏ မျက်ဝန်းများဆီမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက် စီးကျလာသည်ကို တွေ့လိုက်ရသော အခါ ပိုင်လင် တစ်ယောက် အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားခဲ့သည်။

“ဒါက အစစ်အမှန်ပဲ...”

ချင်ချူးမူ နောက်ဆုံး အတည်ပြုသည့် အနေဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ ထိုအခိုက်၌ သူမ၏ ခံစားချက်များမှာ ဖော်ပြ၍ မရနိုင်လောက်အောင် ပြင်းထန်သည်ပုံ ရသည်။

ဝေ့ဝူယင် ထိုမြင်ကွင်းကို ကြည့်ရင်း ချင်ချူးမူကို ပိုမို တင်းကြပ်စွာ ဖက်ထားလိုက်သည်။ မိန်းကလေးကလည်း သူ့ ရင်ခွင်အတွင်း ပိုမို နက်ရှိုင်းစွာ တိုးဝင်လိုက်၏။ သူမ၏ မျက်ရည်များ၊ နှာရည်များနှင့် စိတ်ခံစားမှုများ လွတ်လပ်စွာ စီးဆင်းစေခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း သူမ ခံစားခဲ့ရသည့် ရက်စက်ကြမ်းကြုတ်လှသော ညှဉ်းပန်းနှိပ်စက်မှုများကို လူအနည်းငယ်သာ နားလည်နိုင်လိမ့်မည် ဖြစ်သည်။ ယခုအချိန်အထိ မျှော်လင့်ချက်ကို ဆက်လက်ထိန်းထားနိုင်ရန် လိုအပ်သည့် ခွန်အားကို မည်သူမျှ နားလည်နိုင်မည် မဟုတ်ပေ။

"ငါ ဒီထက်စောပြီး ရောက်လာခဲ့သင့်တယ်"

၎င်းမှာ ဝေ့ဝူယင် ဘယ်သော အခါမှ ပြောဆိုမှာ မဟုတ်သည့် စကားများဖြစ်ပြီး ချင်ချူးမူလည်း ကြားရန် လုံးဝ မလိုအပ်သည့် စကားများဖြစ်သည်။ ယခု အရေးကြီးသည်မှာ စကားလုံးများ မဟုတ်ပဲ ရိုးရှင်းသည့် တိတ်ဆိတ်ခြင်းနှင့် ခံစားချက်များပင် ဖြစ်သည်။ ၎င်းက လုံလောက်သည်။ ၎င်းက အကောင်းဆုံး ဆေးဝါး ဖြစ်သည်။

ချင်ချူးမူမှာ မကြာမီတွင်ပင် ပင်ပန်းနွမ်းနယ်သွားပြီး အိပ်ပျော်သွားခဲ့၏။ သူမက မျက်ရည်စက်များ စွန်းထင်းနေသော မျက်နှာတွင် နှစ်လိုဖွယ် အပြုံးတစ်စနှင့် ဝေ့ဝူယင်၏ ရင်ဘတ်ကို မှီထားသည်။ ဝေ့ဝူယင် မိန်းကလေး၏ ခေါင်းကို သက်သောင့်သက်သာရှိသော အနေအထားသို့ တဖြည်းဖြည်းချင်း ပြောင်းလဲပေးလိုက်ပြီး သူမကို သူ့ ရင်ခွင်ထဲတွင်ပင် ဆက်လက်ထားရှိလိုက်သည်။ သူမ၏ လက်မောင်းကတော့ သူ့လည်ပင်းကို ဖက်လျက်သား အနေအထားတွင်ပင် ဆက်လက်ရှိနေဆဲ ဖြစ်သည်။

"ကျွန်တော် ဒါတွေအားလုံးကို မီးရှို့ပစ်လိုက်ရမလား..."

ပိုင်လင်၏ မျက်လုံးများတွင် ကြမ်းတမ်းသော ရွှေရောင် မီးတောက်များ တောက်လောင်နေ၏။ ဝေ့ဝူယင် ငွေရောင် မျက်လုံးများကို တစ်ချက် ဝှေ့ယမ်းရင်း ဖမ်းဆီး နှိပ်စက်ခံနေရသော ကျင့်ကြံသူများကို ကြည့်လိုက်သည်။ ထို့အပြင်... ပင်ကိုယ် ပါရမီများနှင့် မူလဒြပ်စင် အင်အားစုများကို ပေါင်းစပ်ထားပုံရသည့် သစ်ပင်များကိုလည်း ကြည့်လိုက်သည်။

"ငါက သူတော်စင်တစ်ယောက်လို့ မင်း ထင်လား... ပိုင်လင်"

ဝေ့ဝူယင်က မေးလိုက်၏။

"လုံးဝ မဟုတ်ဘူး... ဟီး ဟီး... ကျွန်တော်လည်း မဟုတ်ဘူး"

ပိုင်လင်မှာ ဤနေရာတွင် ဖမ်းဆီးခံရသူ မည်သူတစ်ဦးတစ်ယောက်၏ အသက်ကိုမျှ ဂရုမစိုက်ခဲ့ချေ။ သူမ၏ မျက်လုံးများထဲ၌ သူတို့ထဲမှ တစ်ဦးတစ်ယောက်သည်ပင် ချင်ချူးမူ၏ ဆံချည်တစ်မျှင်မျှ တန်ဖိုးမရှိခဲ့ပေ။ အဓိက အချက်က သူမ သူတို့ကို မသိချေ။

"ကောင်းပြီ"

ဝေ့ဝူယင်က ပြုံးလိုက်၏။

"ဘာလို့လဲဆိုတော့ ဒီသစ်ပင်တွေက... အခု ငါ့ပိုင်ဆိုင်မှုတွေ ဖြစ်သွားပြီ"

ဝေ့ဝူယင် ထိုလူများကို ကိုယ်တိုင် သတ်ပစ်သည့် အဆင့်အထိ မလုပ်ဆောင်နိုင်သော်လည်း... သစ်ပင်များမှာ ပြီးစီးလုနီးပါး ဖြစ်နေသည်ဟူသော အချက်ကို ထောက်လျှင် ၎င်းတို့မှာ အလွန်တန်ဖိုးရှိသော အရင်းအမြစ်များ ဖြစ်သည်ဟု ဆိုလိုသည်။

သို့သော်လည်း... သူ သူတို့ကို ဆက်လက် အသက်ရှင်သန်စေဖို့ သေချာအောင် ကြိုးစားကာ အာရုဏ်ဦး ကြယ်ကွင်းပြင်တွင် ဒုတိယမြောက် အခွင့်အရေး ပေးမည် ဖြစ်သည်။

“ဖန်တီးခြင်း မျက်လုံးနဲ့ ဆိုရင် ဒီသစ်ပင်တွေရဲ့ နောက်ဆုံး ပုံစံကို ပုံတူ ကူးယူလို့ ရနိုင်လား...”

ဝေ့ဝူယင်၏ စိတ်အတွင်း အတွေးများမှာ စဉ်ဆက်မပြတ် ဖြစ်ပေါ်လာခဲ့၏။ ထုတ်ကုန်သစ် တစ်ခု အတွက် အကြံဉာဏ်က ဖြည်းညင်းစွာပင် သူ့ အတွေးအတွင်း ပုံပေါ်လာနေခဲ့သည်။

ရုတ်တရက် သူ၏ ငွေရောင် မျက်လုံးများမှာ ဦးတည်ရာတစ်ခုသို့ လှမ်းကြည့်လိုက်သည်။ ထိုအရပ်ရှိ တည်ငြိမ်သော အာကာသ အတွင်းတွင် အရာအားလုံးကို ငြိမ်သက်စွာ စောင့်ကြည့်နေသည့် တည်ရှိမှု တစ်ခု ရှိပေသည်။ ၎င်းမှာ အစတည်းက ထိုနေရာတွင် ရှိခဲ့ခြင်း ဖြစ်ကာ ဝေ့ဝူယင်မှာ ထိုအကြောင်းကို စတင် မဝင်ခင်ကတည်းက သတိထားမိနေခြင်း ဖြစ်သည်။

“အထွတ်အမြတ် အယ်ဗန် ဧကရီ...”

***

All Chapters