← Chapters

အထွတ်အမြတ် အယ်ဗန် ဧကရီ

Vol. 129 Ch. 1798

အထွတ်အမြတ် အယ်ဗန် ဧကရီ

Vol. 129 Ch. 1798

“အထွတ်အမြတ် အယ်ဗန် ဧကရီ...”

ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပလာကာ အာကာသ စွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ လောကတစ်ခုလုံးမှာ ချက်ချင်းပင် အာကာသ ဥပဒေသ အပေါ် သာမည အာဏာများဖြင့် ချက်ချင်း ဖုံးလွှမ်း သွားခဲ့လေ၏။

ဟင်းလင်းပြင် အသိုက် နယ်မြေမှာ တိကျသေချာသည့် စည်းမျဉ်းနှင့် ဦးတည်ချက်တို့ မရှိပဲ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့၏ ရှုပ်ထွေးလှသော အချက်အလက်များ စုစည်းရာ နေရာဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်၏ အာကာသ ဥပဒေသ အပေါ် သာမည အာဏာမှာ ထိုနေရာ တစ်ခုလုံးကို ငြိမ်သက် သွားစေခဲ့ကာ အာကာသ ကြီးထွားမှုကိုလည်း ကန့်သတ် ပစ်ခဲ့သည်။

ချက်ချင်းပင် ဟင်းလင်းပြင် အသိုက်နယ်မြေ အတွင်းရှိ တည်ငြိမ်သည့် အာကာသမှာ တောက်ပသည့် အလင်းရောင် အဖြစ် ပျောက်ကွယ်သွားခဲ့သည်။

“ဟမ်...”

ရုတ်တရက် အံ့အားသင့်နေပုံ ရသည့် သိမ်မွေ့သော အာမေဋိတ်သံ တစ်ခုမှာ လောကတစ်ခုလုံးသို့ ပျံ့နှံ့လာခဲ့သည်။ ထို့နောက် ပုံရိပ် သဏ္ဌာန် တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်သဏ္ဌာန်မှာ ဝေ့ဝူယင် တစ်ခါမှ မမြင်ဖူးသည့် လက်ဟန် ချိပ်စည်း တစ်ခုကို ပုံဖော်ထားကာ ဘဝနှစ်ခုစလုံး မကြုံဖူးသေးသည့် စွမ်းအားကို ပုံဖော် နေခဲ့သည်။

ဟူး... ဟူး...

ချက်ချင်းပင် အချိန်နှင့် အာကာသ စွမ်းအင်လှိုင်းလုံးများမှာ သူ့တစ်ကိုယ်လုံးကို ဝန်းရံ ရစ်ပတ် သွားခဲ့၏။ သူမ၏ နောက်ကွယ်တွင်တော့ မှင်နက်ရောင် အာကာသ မုန်တိုင်း တစ်ခုမှာ ဝင်ပေါက်တစ်ခု အဖြစ် လှိုင်းထန်နေကာ အမည်မသိ အာကာသ နေရာ တစ်ခုထံသို့ ဦးတည်နေသည်။ သူမက ထွက်ခွာလုနီးနီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ မကြာခင် လွတ်မြောက်ပေတော့မည်။

"ဟင်းလင်းပြင် စွမ်းအားလား..."

ဝေ့ဝူယင်၏ မျက်ခုံးများက အပေါ်သို့ အနည်းငယ် မြင့်တက် သွားခဲ့၏။ ချက်ချင်း ဆိုသလိုပင် သူ၏ သွေးမျိုးဆက်မှာ ဟင်းလင်းပြင် နဂါး၏ ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ ပုံရိပ်ကို ဝန်းရံနေသည့် ပြင်ပ အင်အားများမှာ ချက်ချင်း ပြတ်တောက် သွားခဲ့၏။ ၎င်းနှင့် အတူ ဝင်ပေါက် တစ်ခုကို ဖွဲ့စည်းထားသည့် မှင်နက်ရောင် အမှောင်ထုမှာလည်း ပျောက်ကွယ် သွားခဲ့သည်။

အရိပ်ပုံသဏ္ဌာန်မှာ ဝေ့ဝူယင်ကိုပင် လန့်ဖျပ် သွားစေနိုင်သည့် တည်ငြိမ်မှုကို ပြသခဲ့၏။ သူမက မြေပြင်ပေါ်သို့ လက်ဟန်ချိပ်စည်း နှစ်ခုကို ဖိနှိပ်လိုက်ရင်း ဘယ်ဘက်ခြေထောက်ဖြင့် နင်းချလိုက်သည်။

ဝမ်... ဝမ်... ဝမ်...

ချက်ချင်းပင် ဝေ့ဝူယင်၏ ပတ်ဝန်းကျင်၌ ထူးဆန်းသော အသံများ ထွက်ပေါ်လာကာ သစ်ပင်များ အားလုံးမှာ မျက်စိကျိန်းလောက်သည့် အလင်းတန်းများကို စတင် ထုတ်လွှတ် လာခဲ့၏။ ချက်ချင်းပင် ၎င်းတို့မှာ အရွယ်အစား နှစ်ဆ နီးပါး အထိ လျှင်မြန်စွာ ကြီးထွားလာခဲ့သည်။ မူလဒြပ်စင် စွမ်းအားများမှာ ကန့်သတ်ထားသည့် အာကာသ၊ ရှုပ်ထွေးသည့် အချိန်နှင့် သေမျိုး တာအိုထက် များစွာ သာလွန်သည့် အင်အား တစ်ခု၌ ပဲ့တင်ထပ် လာခဲ့သည်။ ယင်တို့က လောကသုံးထောင်နှင့် ထိတွေ့ကာ ဝေ့ဝူယင်ပင် တုန့်ပြန်ရန် အလွန် လျှင်မြန်လွန်းသည့် ရှုပ်ထွေးမှုကို ဖန်တီးလာခဲ့လေသည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်သွားခဲ့၏။ ဒုတိယမြောက် စိတ်၏ သီအိုရီမှာ မှန်ကန်နိုင်ဖွယ်ရှိသည်။ ဤသစ်ပင်များမှာ ကောင်းကင်ရှန့်ထိုနှင့် အထက်ဆင့်များ အသုံးပြုသည့် ‘သူတော်စင် အမိန့်’ နှင့် ဆင်တူသော နည်းလမ်းများကို အသုံးပြုကာ မူလဒြပ်စင် ဥပဒေများနှင့် ချိတ်ဆက်ရန် ဒီဇိုင်းထုတ်ထားကြောင်း သူ သဘောပေါက်လိုက်သည်။ သို့သော်လည်း ဤချိတ်ဆက်မှု အမျိုးအစားမှာ ကောင်းကင်ရှန့်ထိုများ ဖန်တီးထားသည့် ချိတ်ဆက်မှုထက် များစွာ ပိုမို နက်နဲပြီး ပိုမို စစ်မှန်သည်။ ကောင်းကင်ရှန့်ထိုများမှာ အစစ်အမှန် သူတော်စင် အမိန့်တော်ထက် အဆပေါင်း များစွာ အားနည်းသည့် အမိန့်တော်များကိုသာ တည်ထောင်နိုင်ကြကာ ထိုအတွက်လည်း ကြီးမားသည့် စတေးမှုများကို ပြုလုပ်ကြရသည်။

ဤနည်းလမ်းနှင့် သစ်ပင်များကို စိုက်ပျိုးရသည့် အကျိုးကျေးဇူး အပြည့်အစုံကို ဝေ့ဝူယင် နားမလည်သော်လည်း သစ်ပင် တစ်ပင်ချင်းစီမှာ ဥပဒေသ မျိုးစေ့ ကိုယ်တိုင်၊ သို့မဟုတ် ၎င်း၏ အခြေခံ ဖြစ်နိုင်သည်ဟု ခန့်မှန်းရသည်။ ဆင့်ခေါ်ရုံဖြင့်ပင် ဥပဒေသကို အသက်သွင်းနိုင်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤနည်းလမ်း အမျိုးအစားမှာ ဥပဒေသ အပေါ် သာမည အာဏာများကို ချက်ချင်း အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။

ကံဆိုးစွာပင်... ဝေ့ဝူယင်မှာ ထိုအပြောင်းအလဲကြောင့် အာရုံပျက်လွင့်ခြင်း မရှိခဲ့ပါချေ။ သူ၏ ငွေရောင် မျက်လုံးများမှာ အရာခပ်သိမ်း၏ မူလ အရင်းအမြစ် ဖြစ်သည့် သန့်စင်သော အဖြူရောင် အလင်း အဖြစ် ပြောင်းလဲ သွားခဲ့သည်။

မူလ ဥပဒေသ အပေါ် သာမည အာဏာ...

သတိပေးချက် တစ်စုံတစ်ရာ မရှိပါဘဲ သစ်ပင် တစ်ပင်ချင်းစီ၏ ထူးခြားသော ပဲ့တင်သံများမှာ မှေးမှိန်သွားကာ မူလ အခြေအနေများသို့ ပြန်လည်ရောက်ရှိသွားခဲ့တောာ့သည်။

ဝေ့ဝူယင် အာရုံလွင့် သွားသည့် အချိန်က တစ်ခဏမျှသာ ကြာမြင့်ခဲ့သော်လည်း ထိုအချိန်မှာ အရိပ်ကဲ့သို့ ပုံသဏ္ဌာန် အတွက် အရာ အချို့ကို လုပ်ဆောင်ရန် လုံလောက်ခဲ့သည်။ ထိုအထဲမှ အထင်ရှားဆုံးကတော့ တစ်ခဏချင်းပင် မှင်နက်ရောင် အမှောင်ထု ဝင်ပေါက်ကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။

ဝှစ်...

ဝင်ပေါက် ပိတ်သွားပြီးနောက် ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့၏။ ၎င်းမှာ တည်ရှိဖူးသမျှ သက်သေ အားလုံးကို ဖျက်ဆီးကာ မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် လွင့်ပြယ် သွားခဲ့သည်။ ပုံမှန် ဟင်းလင်းပြင် ရတနာများနှင့် အာကာသ ကျင့်စဉ်များပင်လျှင် ထိုဝင်ပေါက်က မည်သည့် နေရာသို့ ဦးတည်နေသည်ကို ခြေရာခံရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... အာကာသနှင့် အချိန် လမ်းစဉ်များ အပေါ် သာမည ဥပဒေသကို ပိုင်ဆိုင်ထားသည့် အစစ်အမှန် ဟင်းလင်းပြင် နဂါး တစ်ကောင် အနေဖြင့် ဝေ့ဝူယင်မှာ တစ်ချက် ကြည့်ရုံဖြင့်ပင် မည်ကဲ့သို့ မသိပဲ နေနိုင်ပါမည်နည်း။

သို့သော်လည်း... ဝေ့ဝူယင် ထိုနေရာကို မကြည့်ပဲ မူလ ဒြပ်စင် သစ်ပင်များကိုသာ စိုက်ကြည့်ရင်း မျက်မှောင်ကြုတ် နေခဲ့သည်။ သစ်ပင်များကို အတင်းအကြပ် အသက်သွင်းလိုက်ခြင်းသည် ၎င်းတို့၌ ကပ်ကွယ် နေခဲ့သည့် အယ်ဗန် အားလုံးကို သေဆုံး သွားစေခဲ့သည်။ ထို့အပြင် သူတို့၏ စိတ်ဝိညာဉ်များမှာ သစ်ပင်နှင့် ပေါင်းစပ် သွားခဲ့ပြီး စစ်ဝိညာဉ် အလင်းရောင်နှင့် တူသည့် အကြီးမားဆုံးသော အာဟာရများကို ပေးအပ်ခဲ့သည်။

"ခွဲထုတ်..."

ဝေ့ဝူယင် အမိန့်ပေးလိုက်၏။ အင်ပါယာ ဥပဒေသ အပေါ် သာမည အာဏာ၏ အော်ရာမှာ သစ်ပင်များ အတွင်း စီးဆင်း သွားခဲ့သည်။ အမိန့် တစ်ခုတည်းဖြင့်ပင်... အစစ်အမှန် ဝိညာဉ်များမှာ သစ်ပင်မှ ကွဲထွက် သွားခဲ့ပြီ ဖြစ်လေသည်။ ပုံမှန်အားဖြင့် လျှို့ဝှက် အာဏာရှင် အဆင့်၏အစစ်အမှန် ဝိညာဉ်အဆင့်ကို ရောက်ရှိသူများသာ အစစ်အမှန် ဝိညာဉ်များနှင့် အပြန်အလှန် ဆက်ဆံနိုင်သော်လည်း ဥပဒေသများမှာ ကောင်းကင်၏ ထူးခြားသည့် ဖြစ်တည်မှုများ ဖြစ်သည်။ ၎င်းတို့မှာ အတိုင်းအတာ တစ်ခု အထိ စိတ်ဝိညာဉ်များ အပေါ် သာမာ ထိန်းချုပ်မှုကို ပေးစွမ်းနိုင်သည်။

အယ်ဗန်တို့၏ အစစ်အမှန် ဝိညာဉ်များမှာ ဝေ့ဝူယင်၏ အာရုံတွင် မည်သည့်အရောင်မှ မရှိသည့် မထင်မရှား အလင်းရောင် မျှင်မျှင်လေးများသာ ဖြစ်ကြသည်။ ပုံမှန် စိတ်ဝိညာဉ်များအား သတ်မှတ်ရာတွင် အသုံးပြုသည့် စိမ်းပြာရောင်နှင့် တူညီခြင်း မရှိပါချေ။ ၎င်းမှာ ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် သေမျိုးမူဘောင် ခွဲခြား သိမြင်ရန် မဖြစ်နိုင်သည့် အရောင် တစ်ခုလည်း ဖြစ်နိုင်ပေသည်။ ဝေ့ဝူယင်မှာ ကြောက်မက်ဖွယ် စွမ်းအားနှင့် နည်းလမ်းများကို ပိုင်ဆိုင်ထားသော်လည်း ပိုမို မြင့်မားသည့် ကျင့်ကြံခြင်း အခြေခံဖြင့်သာ ဖြေရှင်းနိုင်သည့် ကန့်သတ်ချက်များလည်း ရှိနေခဲ့သည်။

ဝေ့ဝူယင် ထိုအစစ်အမှန် စိတ်ဝိညာဉ်များ အပေါ် အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းရည်ကို အသုံးမပြုခဲ့ချေ။ ထို့အစား... သူတို့၏ ခန္ဓာကိုယ်များကို ပြန်လည် တည်ဆောက်ပေးကာ ပုံမှန် ဘဝ ပြန်ပေးဖို့ ဆုံးဖြတ်ထားသည်။

သူက သူတော်စင် တစ်ဦး မဟုတ်သလို ထိုအယ်ဗန်မျိုးနွယ်များ၏ အသက် သေဆုံးမှုအတွက်လည်း တာဝန် မရှိချေ။ သို့သော်လည်း... ဤမျှလောက်လေး လုပ်ပေးခြင်းဖြင့် ချင်ချူးမူ ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရသော စိတ်ဒဏ်ရာများ တစ်နည်းတစ်ဖုံ သက်သာရာ ရစေဖို့ မျှော်လင့်ထားသည်။ ဘဝတူများပါ လွတ်မြောက် ရှင်သန်ခဲ့သည် ဆိုသော အသိက ဘဝအ‌ပေါ် အကောင်းမြင်စိတ်ကို မွေးဖွား ပေးလိမ့်မည် ဖြစ်သည်။

တစ်နည်းဆိုရလျှင်... သူက ထိုအရာများကို သူတို့ အတွက် လုပ်ဆောင်ပေးနေခြင်း မဟုတ်ချေ။ ချင်ချူးမူ အတွက် လုပ်ဆောင်ပေးနေခြင်းသာ ဖြစ်သည်။

မိန်းကလေး၏ ငြိမ်းချမ်းစွာ အိပ်မောကျနေသော မျက်နှာကို ကြည့်ရင်း ဝတ်စုံနက် ဝေ့ဝူယင်၏ ဘဝမှ နာကျင်မှုများကို သူ ပြန်လည် အမှတ်ရလိုက်မိသည်။ ကျင့်ကြံခြင်း လောကတွင် ဖြစ်ဖြစ်၊ သေမျိုး လောကတွင် ဖြစ်ဖြစ်... အားလုံးအတွက် မှန်ကန်သည့် စကားစု တစ်ခု ရှိသည်။

"ဆုံးရှုံးပြီးတဲ့နောက်မှ မင်း ဘာကို ပိုင်ဆိုင်ခဲ့လဲဆိုတာ သိလိမ့်မယ်..."

ကံကောင်းထောက်မစွာပင် ယခုဘဝတွင်တော့ ဝေ့ဝူယင်မှာ သူ ပိုင်ဆိုင်ထားသည့် အရာကို မဆုံးရသေးခင်တွင်ပင် သိရှိခဲ့ပြီ ဖြစ်သည်။

ဂီး...

ပိုင်လင်က ပါးစပ်ကို ဖွင့်ဟလိုက်ရင်း သန်းပေါင်းများစွာသော စိတ်ဝိညာဉ်များကို စုပ်ယူလိုက်၏။ အစစ်အမှန် ဝိညာဉ်များ သူမ၏ ပါးစပ် အတွင်း ပျံသန်း ဝင်ရောက်သွားသော အခိုက်၌ ဝေ့ဝူယင်၏ မျက်နှာက အနည်းငယ် ဖြူရော်သွားသည်။ ပိုင်လင်မှာ နိဗာန မီးလျှံများ၏ အကူအညီနှင့် အတူ ထူးခြားသော ရည်ရွယ်ချက်ကို အသုံးပြုကာ အတုအယောင် ပြန်လည် မွေးဖွားခြင်း စက်ဝန်းကို စတင်နိုင်ခဲ့သည်။ အချိန်ယူရမည် ဖြစ်သော်လည်း... စစ်ဝိညာဉ်များမှာ ဒုတိယမြောက် ဘဝကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။

***

All Chapters