အမွေအနှစ်အား ရယူရန်
Vol. 47 Ch. 671
….
အာရန်သည် ကြီးမားသော ဂူသင်္ချိုင်းကျောက်တိုင်ကြီး၏ အေးစက်၍ ချောမွတ်နေသော မျက်နှာပြင်ပေါ်သို့ လက်ဖြင့် ပွတ်သပ်ကြည့်လိုက်သည်။
လေထုသည် သူနှင့်မရင်းနှီးသော စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး သူ၏ အရေပြားအား ဖောက်ထွင်းရန် ကျိုးစားနေသကဲ့သို့ ခံစားနေရ၏။
၎င်းသည် သူ၏ ခန္ဓာကိုယ်အရေပြားပေါ်တွင် အင်းဆက်ပိုးမွှားများ တွားသွားနေသကဲ့သို့ ခံစားချက်မျိုးပင်။
အာရန်သည် သူ၏ ဗီဇစိတ်အရ အဖြူရောင် ဟင်းလင်းပြင်ပုံစံရှိနေသည့် အကာအကွယ်လွှာနှင့် ဝေးရာတွင်သာ နေခဲ့သည်။
ထို့နောက် မြှုပ်နှံထားသော အလောင်းကို တူးဖော်ပြီး ဤနေရာမှ ထွက်ခွာရန်သာ အာရုံစိုက်ထားလိုက်သည်။
သို့သော် ကျောက်တိုင်ပေါ်ရှိ သေးငယ်သော ကမ္ပည်းစာသားတစ်ခုက သူ၏ အာရုံအား ဖမ်းစားသွားခဲ့၏။
သူသည် ထိုစာသားများကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
အခြားကျောက်တိုင်များနှင့် မတူဘဲ ဤတစ်ခုတွင် လူအမည်နှင့် အမှတ်စဥ်နံပါတ်သာ ပါဝင်ခြင်းမျိုး မဟုတ်ပေ။
“ကနဦး အစမှ ကျုပ်တို့ တက်လှမ်းခဲ့ကြသည်။
ကနဦး အစဆီသို့ပင် ကျုပ်တို့ ပြန်သွားခဲ့ကြသည်။
ကျုပ်တို့၏ သွေးများသည် ဖန်ဆင်းရှင်၏ ပဲ့တင်သံများ ဖြစ်ကြသည်။”
ထိုဂူသင်္ချိုင်း ကျောက်တိုင်ပေါ်တွင် စာကြောင်း သုံးကြောင်း ရှိနေခဲ့ပြီး စာကြောင်းတစ်ကြောင်းစီသည် ဓားဖြင့်ထွင်းထုထားခြင်းမျိုး မဟုတ်ဘဲ လူတစ်ဦး၏ လက်ချောင်းများအား အသုံးပြု၍ ရေးသားထားသကဲ့သို့ပင်။
“ခင်ဗျား အသက်ရှင်နေတုန်းက တော်တော်လေး အထင်ကြီးစရာကောင်းတဲ့ လူတစ်ယောက် ဖြစ်ခဲ့ပုံပဲ။ ကျုပ်သဘောအတိုင်းသာဆိုရင်တော့ ခင်ဗျားရဲ့ ထာဝရ အနားယူခြင်းကို နှောင့်ယှက်မိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကံမကောင်းစွာနဲ့... ကျုပ် ဒီနေရာကို ရောက်ဖို့ အများကြီး ကြိုးစားခဲ့ရတယ် အဲ့ဒါကြောင့်....”
အာရန်သည် ဒူးထောက်ထိုင်ချလိုက်ပြီး ကျောက်တိုင်၏ အောက်ခြေကို စစ်ဆေးကြည့်ရှုလိုက်သည်။
ဤနေရာတွင် ယန္တရားများသို့မဟုတ် လျှို့ဝှက်ထားသော မည့်သည့် လျှို့ဝှက်အဆောင်ပစ္စည်းမျှ ရှိမနေပေ။
၎င်းသည် တောင်တစ်လုံးကဲ့သို့ ခိုင်ခံ့စွာတည်ရှိနေခြင်းဖြစ်ပြီး ရွေ့လျား၍မရနိုင်ဟုပင် ထင်မှတ်ရသည်။
“အဘိုးကြီး အဆင်ပြေလား...”
အာရန်သည် ထိုကျောက်တိုင်အား ကြည့်ရင်း သူ၏ နှုတ်ခမ်းထက်တွင် မဲ့ပြုံးတစ်ချက် ပေါ်လာခဲ့၏။
“ခင်ဗျားရဲ့ အတွင်းပိုင်းခန္ဓာကိုယ်ကကော အပြင်ဘက်ကလို အထင်ကြီးစရာ ကောင်းမကောင်း ကြည့်ကြသေးတာပေါ့”
ဤကျောက်တိုင်က ပို၍ အထင်ကြီးစရာကောင်းလေလေ အတွင်းမှ အလောင်းသည် သူ့အတွက် ပို၍ အဖိုးတန်လေလေပဲ မဟုတ်ပါလား...။
အကယ်၍ သူသည်သာ တစ်စုံတစ်ယောက်အား ဖုတ်ကောင်အစေခံအဖြစ် ပြန်လည်အသက်သွင်းနိုင်မည် ဆိုပါက ဤအုပ်ဂူအတွင်းမှ ပုဂ္ဂိုလ်ထက်ပိုကောင်းသော သူ ဤနေရာတွင် ရှိနိုင်တော့မည်မဟုတ်ပေ။
အာရန်သည် သူ၏ မာနာစွမ်းအင်များကို အာရုံစိုက်ပြီး လက်နှစ်ဖက်ဆီသို့ ပို့လွှတ်လိုက်သည်။
ထို့နောက် မှိန်ဖျော့ဖျော့ အမှောင်ထုစွမ်းအင်တစ်မျိုးသည် သူ၏ လက်ဖဝါးများအား ဖုံးလွှမ်းသွားခဲ့၏။
အာရန်သည် နဂါးလျှာအစွမ်းကို ပေါင်းစပ်၍ သူ၏ ခွန်အားများကို အစွန်းဆုံအထိ မြှင့်တင်းလိုက်ကာ ထိုအုပ်ဂူကျောက်တိုင်အား ဖိနှိပ်ထားလိုက်သည်။
ထို့နောက် သူ၏ လက်နှင့် ထိုအုပ်ဂူကျောက်တိုင် ထိတွေ့လိုက်သည့် ခဏ၌ ကမ္ဘာကြီးတစ်ခုလုံးသည် အနီရောင်အဖြစ် တစ်ဖန် ပြောင်းလဲသွားခဲ့ပြန်လေ၏။
အနားရှိ မြင်တွေ့နေရသော ဂူသင်္ချိုင်းကျောက်တိုင်များနှင့်အတူ ရှေ့ရှိ အဖြူရောင် ဟင်းလင်းပြင်ကြီးတစ်ခု အားလုံးသည် အာရန်၏ မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားခဲ့၏။
သူသည် သွေးနီရောင်လွှမ်းခြုံထားသော အလင်းတန်းတစ်ခုကြားတွင် ရပ်လျက်ရှိနေပြီး တစ်စုံတစ်ရာသော ပုံရိပ်ယောင်နယ်မြေတစ်ခုထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“ထောင်ချောက် တစ်ခုလား...။ ဘာလို့ ငါ့ရဲ့ 'ခွဲခြားသတ်မှတ်ခြင်း' အစွမ်း က မဖော်ပြပေးတာလဲ”
အာရန်သည် ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရပြီး တစ်စုံတစ်ရာက သူ့အား အမှုန့်ချေရန် ကြိုးစားနေသကဲ့သို့ပင်။
ထိုအရာသည် သာမန် ပုံရိပ်ယောင်တစ်ခုအနေဖြင့် မလုပ်ဆောင်နိုင်သော ဖိအားမျိုးဖြစ်ပြီး သူ၏ အရိုးများပင် အက်ကွဲလုမတတ် ခံစားလိုက်ရသည်။
ထိုစဥ် စနစ်ဆီမှ အချက်ပေးချက် အသစ်များအချိန်ကိုက် ရောက်ရှိလာခဲ့၏။
[မြှင့်တင်လိုက်သော တာဝန်အသစ် - ဘိုးဘေးပဲ့တင်သံ]
[လုပ်ဆောင်ရန် - ဘုရင်မျိုးနွယ်စု ဘိုးဘေး၏ ကျန်ရစ်သော ဆန္ဒအကြွင်းအကျန်ကို တောင့်ခံပြီး ဝါးမြိုပါ။]
[အချိန်ကန့်သတ်ချက် - ယခင်အချိန်အတိုင်းဖြစ်သည်။]
[ဆုလာဘ် - တစ်ဝက်နယ်မြေ ဆင်းသက်ခြင်း]
[အပိုဆုလာဘ် - ဆန္ဒအကြွင်းအကျန်အား ဝါးမြိုနိုင်သည့် ရာခိုင်နှုန်းအပေါ် မူတည်၍ ရရှိမည်။]
“ဝါးမြိုရမယ် ဟုတ်လား”
အာရန်သည် ဒူးထောက်ကျလုနီးပါး ဖြစ်စေသော အော်ရာ ဖိအားတစ်ခုအား ခံစားမိနေရင်း မျက်မှောင်ကြုတ်လိုက်မိ၏။
“ဒါ... ဒါက စနစ် လုပ်ဆောင်စေလိုတဲ့ အဓိက အရာလား။ ဒါက ကလိမ်ကကျစ်ကျတာ ပဲ မဟုတ်ဘူးလား”
စနစ်သည် သူ့အား သတ်မှတ်ပေးထားသော နယ်မြေတစ်ခုစီတွင် သုံးနာရီကြာစီ နေထိုင်နိုင်ခဲ့ပါက ဆင်းသက်ခြင်း အစွမ်းကို ရရှိနိုင်မည်ဟု ပြောထားခဲ့သည်။
၎င်းသည် သူကိုယ်တိုင် ရွေးချယ်ခဲ့သော ရွေးချယ်မှုလည်း ဖြစ်လေသည်။
ယခု သူ့အနေနှင့် ထိုတာဝန်ကို အောင်မြင်ခါနီး နောက်ဆုံးနယ်မြေသို့ ရောက်ရှိသောအခါမှသာ စနစ်သည် ပေးအပ်ထားသော တာဝန်အား ရုတ်တရက် ပြောင်းလဲလိုက်ခြင်းဖြစ်၏။
ဤအချက်အားကြည့်ခြင်းဖြင့် စနစ်သည် သူ့အား အဘယ်ကြောင့် ဤနေရာသို့ သွားရောက်စေလိုခဲ့ခြင်းအား နောက်ဆုံးတွင် နားလည်လိုက်သည်။
၎င်းက ဆိုလိုသည်မှာ သူ့အား နယ်မြေများကို ရိုးရှင်းစွာ စူးစမ်းစေလိုခြင်းမျိုး မဟုတ်ဘဲ ဤနယ်မြေရှိ ဘိုးဘေးအမွေအနှစ်ကို ခိုးယူရန် ဤနေရာသို့ ရောက်ရှိစေလိုခြင်းသာ ဖြစ်၏။
“ငိုးမ စနစ်ရေ။ မင်း င့ါကို ဒီမျိုးနွယ်စုရဲ့ အမွေအနှစ်ကို လုယူစေချင်ရုံသက်သက်ဆိုရင် ပိုပြီး တဲ့တိုးဆန်ဆန်ပြောလို့ ရတာပဲလေ။ ဒါကို ဘာလို့များ တခြားနယ်မြေတွေကို တပင်တပမ်း လျောက်သွားခိုင်းပြီး အချိန်တွေကို တမင်သက်သက် ဖြုန်းတီးစေခဲ့ရတာလဲ”
အာရန်သည် အတော်လေး မကျေမနပ် ဖြစ်သွားခဲ့သော်လည်း စနစ်အား ဒေါသထွက်၍ တော့ မရနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ဤအမွေအနှစ်သည် ဤမျိုးနွယ်စု၏ ကနဦးမူလ ဘိုးဘေးကြီးဆီမှ ဖြစ်မည်ဆိုပါက ၎င်းသည်အမှန်တကယ်ပင် အထင်ကြီးစရာ ကောင်းနေမည်မှာ သေခြာနေသောကြောင့်ပင်။
ထို့အပြင် စနစ်၏ ဖော်ပြထားချက်အရ ဤအမွေအနှစ်အားရယူ၍ စမ်းသပ်မှုအား အောင်မြင်ရန် သူသည် ထိုမျိုးနွယ်၏ ဆက်ခံသူတစ်ဦး ဖြစ်နေရန် မလိုအပ်ပေ။
၎င်းကဆိုလိုသည်မှာ သူ့အနေနှင့် လုံးဝ မမျှော်လင့်ထားသော အကျိုးကျေးဇူးကို ရရှိနိုင်တော့မည် ဖြစ်၏။
ထို့အပြင် သူ့အနေနှင့် စနစ်ဆီမှ ယခုကဲ့သို့ တာဝန်ပြောင်းလဲသွားခြင်း မရှိလျှင်ပင် သူ့အနေနှင့် ထိုအရာကို ရယူရန်ကျိုးစားရမည်သာဖြစ်လေသည်။
ထို့ကြောင့် မည်သို့ပင်ဆိုစေ သူသည် နဂိုကတည်းက ဤအခြေအနေထဲ၌ ပိတ်မိနေပြီးသား ဖြစ်သည် မဟုတ်ပါလား....။
ယခု အပိုဆုလာဘ်တစ်ခုပါ ထပ်ရနိုင်မည်ဖြစ်သဖြင် မည်သို့ပင်ဆိုစေကာမူ သူ့အတွက် အမြတ်ချည်းပင်ဖြစ်၏။
“ယီလန်... ကိုယ်ပြောတာ ကြားရသေးလား” အာရန်သည် တစ်နေရာမှ ရောက်ရှိလာသော ဖိအားတစ်မျိုးကို တွန်းလှန်နေရင်းဖြင့် မေးလိုက်သည်။
“မျှင်မျှင်လေးပဲ ကြားရတော့တယ်...”
ထိုစဥ်မှာပင် ယီလန်ဆီမှ အလွှာပေါင်းအထပ်ထပ် ခြားထားသကဲ့သို့ မှိန်ဖျော့ဖျော့ အသံလေးတစ်ခုကို တိုးလျစွာကြားလိုက်ရ၏။
“ရှင်ခု ဘယ်မှာလဲ။ ရှင့်ရဲ့ တည်ရှိမှုကို ကျွန်မ ဘာလို့ မခံစားရတော့တာလဲ။ ရှင် အန္တရာယ်တစ်ခုခု ကြုံနေရ....”
ပထမဝိညာဉ်ဘုရင်မယီလန်နှင့် ဆက်သွယ်မှုသည် တစ်ဖန် ပိုမိုအားနည်းသွားခဲ့ကာ နောက်ဆုံး၌ သူမ၏ အသံကိုပင် မကြားရတော့ပေ။
“အဲဒါအတွက် စိတ်မပူပါနဲ့။ ကိုယ် မင်းကို ပြောချင်တာက...”
အာရန်သည် ယီလန်အား သန့်စင်အင်ပါယာမှ စစ်ပွဲအခြေအနေကို စောင့်ကြည့်နေရန်နှင့် သူမ၏ ကိုယ်ပိုင်လုံခြုံရေးကို မထိခိုက်စေဘဲ ဖြစ်နိုင်ပါက သူ၏ ကိုယ်ပွားအား အချိန်ပိုမိုရရှိနိုင်ရန် ကူညီပေးဖို့ ပြောကြားလိုနေခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် ဆက်သွယ်မှုသည် ရုတ်တရက် ပြတ်တောက်သွားခဲ့သည်။
ထိုအရာသည် အာရန်တစ်ယောက် ငရဲဘုံတွင် ရှိနေစဉ်ကနှင့် ဆင်တူလေသည်။
သူသည် ယီလန်အား စကားပြောရန်မဆိုထားနှင့် သူမ၏တည်ရှိမှုကို အာရုံခံ၍ပင် မရတော့ပေ။
ထို့နောက်ရုတ်တရက် အာရန်၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဖိနှိပ်ထားသည့် ပြင်းထန်သော ဖိအားတစ်မျိုးသည်လည်း ပျောက်ကွယ်သွားခဲ့ရသည်။
ယင်းအစား သူ၏ မောပန်းနွမ်းနယ်မှုများကို ဖယ်ရှားပေးသော ငြိမ်းချမ်းသည့် စွမ်းအင်သက်ရောက်မှုတစ်မျိုးကို ခံစားလိုက်ရသည်။
သို့သော် ပတ်ဝန်းကျင် ကမ္ဘာကြီးမှာမူ အစောပိုင်းကလိုပင် အနီရောင်သန်းနေဆဲပင်။ သို့သော် ဤအနီရောင် ကမ္ဘာထဲတွင် ယခုအခါ သူတစ်ယောက်တည်း မဟုတ်တော့ပေ။
ထိုနေရာတွင် နောက်ထပ် တည်ရှိမှုတစ်ခုလည်း ရှိနေခဲ့သည်။
အာရန်၏ ရှေ့တွင် ပုဂ္ဂိုလ်တစ်ယောက် ရပ်နေခဲ့ကာ ထိုပုဂ္ဂိုလ်၏ မျက်နှာတွင် တည်ငြိမ်အေးဆေးသော အပြုံးတစ်ခုကို ဆင်မြန်းထားလေသည်။
အာရန်သည် ထိုပုဂ္ဂိုလ်အား မြင်တွေ့နေရသော်လည်း ၎င်းထံမှ အော်ရာ အနည်းငယ်မျှပင် မခံစားရပေ။
သူသည် လွန်စွာ အားနည်းနေပုံရလေသည်။
သို့သော် တစ်ချိန်တည်းမှာပင် ထိုသူသည် အန္တရာယ်အလွန်ကြီးမားကြောင်း သူ၏ ဗီဇသိစိတ်အရ နားလည်နိုင်ခဲ့သည်။
အာရန်အနေနှင့် ဤကဲ့သို့ ခံစားမှုမျိုး နောက်ဆုံးရရှိခဲ့ဖူးသည်မှာ စာရေးဆရာဆိုသူနှင့် အိပ်မက်ထဲတွင် မြင်တွေ့ခဲ့ရသော ကောင်းကင်အား ပိုင်းဖြတ်နေသော ဓားဧကရာဇ်ကို မြင်တွေ့ခဲ့ရစဉ်က ဖြစ်လေသည်။
နတ်ဘုရားတစ်ပိုင်းအဆင့်ဖြစ်သော လိုက်ဆန်ဒါ သည်ပင်လျှင် သူ့အား ဤကဲ့သို့ ခံစားမှုမျိုး မပေးစွမ်းနိုင်ခဲ့ပေ။
၎င်းသည် သူ၏ လည်ပင်းပေါ်တွင် မမြင်ရသော ဓားတစ်လက် တင်ထားသကဲ့သို့ ခံစားနေရပြီး သူ့အနေနှင့် လှုပ်ရှားမှု တစ်ချက်ပြုလုပ်လိုက်သည်နှင့် ခေါင်းပြတ်သွားနိုင်သည့် အခြေအနေမျိုး ဖြစ်လေသည်။
နတ်ဘုရားတစ်ပါးနှင့် တူညီသော ဘုရင်မျိုးနွယ်စု ခေါင်းဆောင် ပင်လျှင် အာရန်အား ဤကဲ့သို့သော ဖြစ်တည်မှုဆိုင်ရာ အကျပ်အတည်းမျိုး မပေးစွမ်းနိုင်ခဲ့ပေ။
ထိုပုဂ္ဂိုယ်သည် မြေကြီးထဲမှ လောလောလတ်လတ် ဆွဲထုတ်ထားသော အုပ်ဂူကျောက်တိုင်ကြီးအား တစ်ချက် စိုက်ကြည့်လိုက်သည်။
၎င်းသည် မူလရှိနေခဲ့သော နေရာဘေးတွင် လဲကျနေခဲ့၏။
“ကောင်လေး မင်း နာမည် ဘယ်လိုခေါ်လဲ” ဟု ထိုပုဂ္ဂိုယ်မှ မေးလိုက်သည်။
“ပြီးတော့ သူနဲ့ မင်းက ဘယ်လို ပတ်သက်မှုမျိုးလဲ”
အာရန်၏ ရှေ့တွင်ရှိသော ပုဂ္ဂိုလ်သည် အဝတ်အစားများကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ပင် အာရန်၏ ပခုံးနေရာတစ်ခုအား စူးစမ်းလိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေခဲ့၏။
သူ၏ မျက်လုံးများသည် ဓားဧကရာဇ်၏ ဓား ရှိနေသော အာရန်၏ လက်မောင်းအထက်ပိုင်းရှိ ဓားအမှတ်အသားပေါ်တွင် ကျရောက်နေခြင်းဖြစ်သည်။
#Catfoot