← Chapters

ဘုရင်မျိုးနွယ်စု ပြန်လည်လွတ်မြောက်ခြင်း

Vol. 47 Ch. 674

ဘုရင်မျိုးနွယ်စု ပြန်လည်လွတ်မြောက်ခြင်း

Vol. 47 Ch. 674

....

လ ဟူသည် ဘယ်တုံးအခါကမျှ မရှိခဲ့ဖူးသော ဤချိတ်ပိတ်ကုန်းမြေ၌ ရုတ်တရက် လတစ်စင်း ပေါ်ထွက်လာပြီး ကောင်းကင်တစ်ခွင်အား လင်းထိန်သွားစေခဲ့၏။

လခြမ်းသဏ္ဍာန်တစ်ခုသည် အမြင့်သို့ ဆက်လက် မြင့်တက်နေခဲ့ပြီး အကွာအဝေး ပိုဝေးလာသော်လည်း သေးငယ်သွားခြင်းမရှိဘဲ ပို၍ပင် ကြီးမားလာသည်ဟု ခံစားရသည်။

ကောင်းကင်ပြင်သည် ပိုမို လင်းထိန်လာသည်နှင့်အမျှ လူတိုင်းလိုလို မော့ကြည့်လိုက်ကြပြီး တပြိုင်နက်တည်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။

ဘုရင်မျိုးနွယ်စုနယ်မြေတွင် အစောပိုင်းရက်များ၌ တစ္ဆေသင်္ဘောနှင့် ပတ်သက်သော ဖြစ်ရပ်ဆန်းများဖြစ်ပွားခဲ့ကာ ယခုလည်း အမည်မသိ လတစ်စင်း ကောင်းကင်၌ ထပ်မံ၍ ပေါ်ထွက်လာပြန်သည်။

ဘုရင်မျိုးနွယ်စု၏ အကြီးအကဲများနှင့် ခေါင်းဆောင်ကြီး ကိုယ်တိုင်သည်ပင် ထိုကိစ္စအား သတိထားမိသွားကြသည်။

သူတို့သည် ကုန်သည်အစည်းအရုံးနှင့် ဆွေးနွေးနေခြင်းအား ရုတ်တရက် ရပ်တန့်လိုက်ကာ နန်းတော်အတွင်းမှ အလျင်အမြန် ပြေးထွက်သွားကြသည်။

ကုန်သည်အစည်းအရုံးမှ သခင်မလေးသည် နောက်တစ်ကြိမ် လျစ်လျူရှုခံလိုက်ရပြီး မည်သည့် ရှင်းပြချက်မျှ မရှိဘဲ ထပ်မံ၍ ထားရစ်ခံခဲ့ရသဖြင့် စိတ်ရူးပေါက်လုနီးပါး ဖြစ်သွားခဲ့ရ၏။

သို့တိုင် သူမသည် ဤဒေါသများကို မျိုသိပ်ထားရုံသာ တတ်နိုင်ခဲ့သည်။

ဤတစ်ကြိမ်တွင်မူ သူမသည် ဘုရင်မျိုးနွယ်စု၏ ခေါင်းဆောင်နှင့် အကြီးအကဲများ အဘယ်အရာကြောင့် ထိုသို့ ပြုမူသည်ကို သိရှိရန် အခြားသူများနောက်သို့ လိုက်သွားခဲ့သည်။

“သခင်မလေး... သတိထားပါ။ ကျုပ်အနေနဲ့ အရမ်း ကြောက်စရာကောင်းတဲ့ အော်ရာတစ်ခုကို ခံစားမိထားတယ်။ အဲဒါက ကျုပ်ကိုတောင် ထိတ်လန့်စေတယ်” ကုန်သည်အစည်းအရုံး၏ နတ်ဘုရားတစ်ပိုင်းအဆင့် အစောင့်အရှောက်သည် သခင်မလေး ကျားယွင် နောက်သို့ လိုက်ပါရင်း ပြောလိုက်၏။

“ဒီနယ်မြေကို စရောက်ကတည်းက ဘယ်အရာကများ ရှင့်ကို မထိတ်လန့်စေတာ ရှိသေးလို့လဲ။ ကျွန်မတောင် ဒီနေရာမှာ နတ်ဘုရားတွေကြားထဲ ရောက်နေတဲ့ သာမန်သေမျိုးတစ်ယောက်လို ခံစားနေရတယ်”

မိန်းကလေးကျားယွင် သည် အပြေးအလွှားသွားနေရင်းမှ ပြန်ဖြေလိုက်သည်။

“ဒီတစ်ချိန်တော့ မတူဘူး။ ခုတစ်ကြိမ်အော်ရာက ဘုရင်မျိုးနွယ်စု ခေါင်းဆောင်ထက်တောင်ပိုပြီး ကြောက်စရာကောင်းနေတယ် တစ်နည်းနည်းနဲ့ ကျုပ်ရဲ့ ဝိညာဉ်ကိုတောင် အလိုလို တုန်လှုပ်သွားစေတယ်။ အန္တရာယ်ရှိနိုင်တာမို့ ကျေးဇူးပြုပြီး ကျုပ်နောက်မှာနေပေးပါ သခင်မလေး”

....

“အဲဒါ လ မဟုတ်လား”

အကြီးအကဲများသည် နန်းတော်ခေါင်းဆောင်၏ နန်းဆောင် အပြင်ဘက်သို့ ရောက်ရှိပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်ရာ ကောင်းကင်ရှိ အက်ကွဲကြောင်းများ ဘေးတွင် တစ်ခြမ်းပဲ့လလေးတစ်ခုအား မြင်တွေ့လိုက်ရ၏။

သူတို့မျိုးနွယ်စုအနေနှင့် လကို နောက်ဆုံး မြင်တွေ့ခဲ့ရသည်မှာ ဤနယ်မြေတွင် မပိတ်မိခင်အချိန်ကတည်းက ဖြစ်လေသည်။

ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီး ဖြစ်ကာ ဤဖြစ်စဉ်သည် ဤနယ်မြေ၌ မကြုံစဖူး အခွင့်အရေးတစ်ခုလည်း ဖြစ်လာခဲ့လေပြီ။

“အဲဒါ လ မဟုတ်ဘူး။”

“ဟိုဟာကကော အဲ့ဒါက ရူးသွပ်နေတဲ့ မိန်း... အဟွတ်.. အဟွတ်... အဲဒါ သူမပဲ။”

ဘုရင်မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးသည် မျက်မှောင်ကြုတ်လိုက်ပြီး ထိုစကားအား ပြောလိုက်သူကို လှည့်ကြည့်လိုက်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ယခု လကဲ့သို့ပင် မြင်တွေ့ရခြင်းမရှိတော့သော အမျိုးသမီးအား ထပ်မံမြင်တွေ့လိုက်ရသောအခါ အကြီးအကဲများသည် မသိစိတ်မှ နေ၌ အလိုလိုလွှတ်ကနဲ ထုတ်ဖော် ပြောဆိုမိလိုက်မိကြသည်။

ခေါင်းဆောင်သည် အကြီးအကဲများကို စူးစိုက်ကြည့်လိုက်ရာ အကြီးအကဲများသည် ချောင်းတစ်ချက်စီဟန့်၍ သူတို့၏ အကြည့်များကို ကောင်းကင်ဘက်သို့ ပြန်လည် လှည့်လိုက်ကြသည်။

“ညီမလေး... မင်းရော ခံစားမိတယ်မဟုတ်လား။ အဲဒီက အော်ရာက... အဲဒီပုဂ္ဂိုလ်ရဲ့ အော်ရာနဲ့ အတူတူပဲ...”

ကောင်းကင်ရှိ တစ်ခြမ်းပဲ့လသည် အစစ်အမှန် လ မဟုတ်ကြောင်း မျိုးနွယ်စုခေါင်းဆောင်မှ အစောပိုင်းကတည်းက သတိထားမိပြီးဖြစ်၏။

၎င်းသည် သန့်စင်သော ဓားအော်ရာတစ်မျိုးဖြင့် ဖန်တီးထားသော အရာတစ်ခု ဖြစ်လေသည်။

ဤကဲ့သို့ ပြင်းထန်လွန်းသော တိုက်ခိုက်မှုမျိုးအား အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်များကသာ ဖန်တီးနိုင်မည် ဖြစ်၏။

ဓားအော်ရာသည် အတိတ်က ဤကောင်းကင်အား ပိုင်းဖြတ်ခဲ့ဖူးသော တူညီသည့် ဓားတစ်လက်တည်းမှ လာခြင်းဖြစ်သောကြောင့် ၎င်းတို့ထဲမှအချို့အနေဖြင့် ရင်းနှီးသည်ဟု ခံစားနေကြရခြင်းဖြစ်၏။

ထိုလခြမ်းသဏ္ဍာန်ဓားချက် သည် မကြာမီ ကောင်းကင်ကို ထိမှန်သွားခဲ့ပြီး ဘုရင်မျိုးနွယ်စု နယ်မြေတစ်ခုလုံး၏ နယ်နိမိတ်စဥ်းမျဉ်းသတ်မှတ်ထားရာ နေရာသို့ ရောက်ရှိသွားခဲ့သည်။

အာရန် မျှော်လင့်ခဲ့သည့် အတိုင်းပင် ထိုဓားချက်သည် သူအလိုရှိသည့်အရပ်သို့ မရောက်မချင်း ရပ်တန့်သွားခြင်းမျိုးမရှိခဲ့ပေ။

ဤနယ်မြေသည် ပြင်ပကမ္ဘာမှ ကန့်သတ်ထားသော ကောင်းကင်ဘုံ ဥပဒေသများ ဖြစ်နေလျှင်ပင် ထိုဓားချက်သည် ဂရုမစိုက်ပေ။

ဤသို့ဖြင့် ယခင်က ဓားချက်များထက် ပိုမို ကြီးကျယ် ပိုမိုရှည်လျားသော ဓားခုတ်ရာကြီးတစ်ခုသည် ဘုရင်မျိုးနွယ်စုနယ်မြေ၏ ကောင်းကင်၌ အသစ်တစ်ခုအဖြစ် ထပ်မံပေါ်ထွက်လာခဲ့၏။

ထို့အပြင် ၎င်းသည် ယခင်ဓားချက်များကဲ့သို့ပင် သဘာဝတရား၏ ကုစားမှုကို ငြင်းဆန်နေခဲ့သည်။

ယင်းအစား ဓားချက်ကြောင့်ဖြစ်ပေါ်လာသော အက်ကွဲကြောင်းများသည် ကောင်းကင်အနှံ့ ဆက်လက် ပျံ့နှံ့သွားပြီး ယခင် ဓားချက်များကိုပင် ထပ်မံ၍ ဝါးမြိုသွားခဲ့၏။

စက္ကန့်ပိုင်းအတွင်း နယ်မြေတစ်ခုလုံးသည် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး မကြာမီမှာပင် ဤနယ်မြေအား ပိတ်လှောင်ထားသော အကာအကွယ်လွှာသည် ကျိုးပဲ့လွယ်သော ဖန်ကွဲစများပမာ ကြေမွသွားခဲ့တော့သည်။

“အကာအကွယ်လွှာ ပျက်စီးသွားပြီလား။ ဒါ...ဒါဆို ငါတို့ လွတ်လပ်သွားပြီလို့ ဆိုလိုတာမဟုတ်လား...”

အကြီးအကဲတစ်ဦးသည် မယုံကြည်နိုင်စွာဖြင့် ခြေထောက်များ ပျော့ခွေကာ ဒူးထောက်ကျသွားခဲ့သည်။

သူ၏ မျက်လုံးများအတွင်းမှ မျက်ရည်များပင် စီးကျလာခဲ့သည်။

သူသည် ယခုကဲ့သို့ ကောင်းကင်အား ခုတ်ပိုင်းလိုက်သူကိုပင် ဂရုမစိုက်တော့ပေ။

သူ့အတွက်မူ ၎င်းသည် ဘိုးဘေးများထံမှ လွတ်လပ်မှုဟူသော ဆုလာဘ်တစ်ခုကို နောက်ဆုံးတွင် လက်ခံရရှိလိုက်သကဲ့သို့ပင် ခံစားလိုက်ရ၏။

သူတို့၏ မျိုးနွယ်စုသည် ဤနယ်မြေအတွင်း၌ ပိတ်လှောင်ခံထားရသည်မှာ ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယခု အကာအကွယ်လွှာ ပျက်သွားပြီ ဖြစ်သဖြင့် သူတို့မျိုးနွယ်စုအနေဖြင့် ကျယ်ပြန့်သော အထက်ကမ္ဘာသို့ နောက်တစ်ကြိမ် ထပ်မံခြေချရန် အခွင့်အရေးမျိုး အမှန်တကယ် ပြန်လည်ရရှိခဲ့ပြီဖြစ်၏။

သူတို့ လိုချင်သည့်အရာကို ရယူဖို့ မည်သည့် ကုန်သည်အဖွဲ့အစည်းကိုမျှ မှီခိုနေစရာ မလိုအပ်တော့ပေ။

ဆိုလိုသည်မှာ ၎င်းတို့အနေနှင့် မည်သူ့အကူအညီမျှ မလိုအပ်တော့ပေ။

သူတို့ လိုချင်သမျှကို သူတို့ဘာသာ ရယူနိုင်ပြီဖြစ်၏။

“ရာစုနှစ်တွေ အကြာကြီး ကြာပြီးတဲ့နောက် ငါဘုရင်မျိုးနွယ်စုဟာ အထက်ကမ္ဘာကို ပြန်သွားနိုင်တော့မယ်”

“ဟားဟားဟား... ငါတို့ မရှိတဲ့အချိန်မှာ အထက်ကမ္ဘာရဲ့ အစစ်အမှန်အုပ်စိုးသူတွေလို့ သူတို့ကိုယ်သူတို့ ကြေညာထားခဲ့ကြတဲ့ ကောင်တွေ အကုန်လုံး အတိတ်တုန်းကလို ငါတို့ရှေ့မှာ ပြန်ပြီး ဒူးထောက်လာစေရမယ်”

“နောက်ဆုံးတော့ ဒီနယ်မြေနဲ့အတူ ချည်နှောင်ခံထားရတဲ့ ခြောက်ကပ်ကပ် နေ့ရက်တွေဆီကနေ လွန်မြောက်နိုင်ခဲ့ပြီ”

အကြီးအကဲများသာမက ဘုရင်မျိုးနွယ်စု အတွင်းရှိ လူတိုင်းလိုလိုပင် ပျော်ရွှင်မြူးတူးနေကြ၏။

မျိုးဆက်သစ် လူငယ်များစွာသည် အထက်ကမ္ဘာအကြောင်း ကြားဖူးရုံသာ ကြားဖူးထားလေသည်။

သို့သော် သူတို့သည် အထက်ကမ္ဘာ အမှန်တကယ် မည်သို့ရှိသည်ကို နောက်ဆုံးတွင် မျက်ဝါးထင်ထင် မြင်တွေ့နိုင်တော့မည် ဖြစ်ပြီး အထက်ကမ္ဘာမှ ပညာရှင်များနှင့် လက်ရည်စမ်းပွဲများ ဆင်နွှဲနိုင်တော့မည်ဖြစ်၏။

မျိုးဆက်သစ် လူငယ်များစွာတို့သည် ဤအချိန်တစ်လျှောက်လုံး၌ သူတို့၏ မျိုးနွယ်စုဝင် လူငယ်အချင်းချင်းသာ တိုက်ခိုက်လေ့ကျင့်နေခဲ့ရခြင်း ဖြစ်သဖြင့် ထိုဖြစ်ရပ်များအား လွန်စွာငြီးငွေ့နေကြပြီဖြစ်သည်။

သို့သော် ယခုမူကား ဆန့်ကျင်ဘက်အနေဖြင့် လွန်စွာ စိတ်လှုပ်ရှားနေကြပြန်လေပြီ။

လူတိုင်းသည် ထိုအပြောင်းအလဲအတွက် ပျော်ရွှင်နေကြချိန်တွင် မပျော်မရွှင်ဖြစ်နေသူ အနည်းငယ်တော့ ရှိနေဆဲပင်။

၎င်းတို့မှာ ကုန်သည်အစည်းအရုံးမှလူများနှင့် ၎င်းတို့ခေါင်းဆောင်၏ သမီးဖြစ်သူ ကျားယွင်တို့ပင် ဖြစ်ကြလေသည်။

သူမသည် အကြီးအကဲများမှ အထက်ကမ္ဘာသို့ နောက်ဆုံးတွင် ပြန်သွားနိုင်ပြီဟု ကြွေးကြော်နေကြသံများကို ဆက်တိုက် ကြားနေခဲ့ရသည်။

သူမတို့ ဖြတ်ကျော်ခဲ့ရသော ထူးဆန်းသည့် အကာအကွယ်လွှာကြီး ပြိုကျသွားနေသည်ကိုပင် မြင်နေရလေသည်။

မည်သည့်အရာများဖြစ်သွားသည်ဆိုခြင်းအား နောက်ဆုံးတွင် သူမနားလည်သွားခဲ့ပြီဖြစ်၏။

ဘုရင်မျိုးနွယ်စုသည် ၎င်းတို့၏ ဆန္ဒအလျောက် သီးခြားနေထိုင်ခဲ့ခြင်းမျိုး မဟုတ်ပေ။ သူတို့သည် အမည်မသိ ပုဂ္ဂိုလ်တစ်ဦး၏ ပိတ်လှောင်ခြင်းကို ခံထားရခြင်းသာ ဖြစ်လေသည်။

ယခု နောက်ဆုံးတွင်မူ သူတို့အားလုံး ပြန်လည် လွတ်မြောက်သွားကြပြီဖြစ်သည်။

အကယ်၍ ဘုရင်မျိုးနွယ်စုတစ်ခုလုံးသည်သာ အထက်ကမ္ဘာသို့ ပြန်လာမည်ဆိုပါက အထက်ကမ္ဘာ၌ ကြုံတွေ့ရမည့် ကစဥ့်ကလျာ ကပ်ဘေးကြီးတစ်ခုအား သူမအနေနှင့် မြင်ယောင်ကြည့်နိုင်ပေသည်။

အကယ်၍ အထက်ကမ္ဘာမှ ရှေးဟောင်းမျိုးနွယ်စုများအနေဖြင့်သာ သူမ ဘုရင်မျိုးနွယ်စုထံ လာရောက်လည်ပတ်ခဲ့သည် ဆိုသည့်အကြောင်းအား ကြားသိသွားပါက ကုန်သည်အစည်းအရုံးသည် ဤဘုရင်မျိုးနွယ်စုအား လွတ်မြောက်အောင် ကူညီပေးခဲ့သူများဖြစ်မည်ဟု အထင်လွဲသွားနိုင်သည် မဟုတ်ပါလော...။

အခြေအနေများသည် သူမ ထင်ထားသည်ထက်ပင် ပိုမိုဆိုးရွားသွားနိုင်လေသည်။

ဤအချိန်၌ သူမနေရာတွင် သူမ၏ ဖခင်ဆိုပါက မည်သို့ဆက်လက် လုပ်ဆောင်မည်မည်းဟုပင် သူမအနေနှင့်တွေးမိလိုက်သည်။

၎င်းသည် သူမကဲ့သို့ ဂျူနီယာတစ်ဦးအနေဖြင့် ကိုင်တွယ်ရန်မှာ အလွန်များပြားလွန်းနေခဲ့လေပြီ မဟုတ်ပါလော...။

....

အကာအကွယ်လွှာ ပျက်စီးသွားပြီးနောက် အကာအကွယ်လွှာ၏ ဖိနှိပ်မှုသည်လည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

ထို့နောက် ဘုရင်မျိုးနွယ်စု၏ ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှုကို အထက်ကမ္ဘာ တစ်ခုလုံးတွင် တစ်ဖန် ပြန်လည် ခံစားမိကြပေလိမ့်မည်။

ရှေးဟောင်းမျိုးနွယ်စု အများအပြား ထိုအရာကို သတိထားမိလိုက်ကြကာ အချင်းချင်း အရေးပေါ် အစည်းအဝေးများ ခေါ်ယူခဲ့ကြသည်။

ဤသို့ဖြင့် အထက်ကမ္ဘာတွင် အရာအားလုံး ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ထိုအတောအတွင်း ဤပြောင်းလဲမှုကြီးတစ်ခုလုံးကို ဖြစ်ပေါ်စေခဲ့သည့် အဓိက လက်သည်တရားခံမှာမူ ထိုကိစ္စများအား အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိပေ။

သူ၏ ခန္ဓာကိုယ်သည် သူ၏ အနာဂတ်စိတ်ဝိညာဥ် ထိန်းချုပ်မှုကို ခံနေရပြီး သူ၏လက်ရှိ စိတ်ဝိညာဥ်မှာမူ ချိုမြိန်သော အိပ်မက်တစ်ခုအတွင်း၌ ကျရောက်လျက်ရှိ၏။

#Catfoot

All Chapters