← Chapters

လိပ်ပြာအကျိုးသက်ရောက်မှု

Vol. 47 Ch. 675

လိပ်ပြာအကျိုးသက်ရောက်မှု

Vol. 47 Ch. 675

….

“မင်း... မင်း ဘယ်လိုလုပ်လိုက်တာလဲ”

ဘိုးဘေးဆရာကြီး၏ ဝိညာဉ်သည် ကောင်းကင်အား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိခဲ့သသည်။

သူသည် အာရန်အနေနှင့် မည်သိုမျှ လုပ်ဆောင်နိုင်မည်မဟုတ်မှန်း သိနေခဲ့သောကြောင့် ထို သဘောတူညီမှုကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းဖြစ်လေ၏။

သို့သော်လက်ရှိ သူ မြင်လိုက်ရသော အရာက သူ၏ ဦးနှောက်တစ်ခုလုံးအား ဗျောင်းဆန်သွားစေခဲ့သည်။

၎င်းသည် ဂျူနီယာ လူငယ်တစ်ဦး လုပ်ဆောင်နိုင်မည့် အရာမျိုးမဖြသင့်ပေ။ ဓားဧကရာဇ်ကဲ့သို့ ကျွမ်းကျင်ပညာရှင်မျိုးမှသာလျှင် လုပ်ဆောင်နိုင်သောအရာမျိုး ဖြစ်သင့်လေသည်။

အကယ်၍ ဓားဧကရာဇ်သည်သာ အတိတ်ကာလ၌ သူ၏ ခွန်အားကို အပြည့်အဝထုတ်သုံး၍ တိုက်ခိုက်ခဲ့ခြင်းဆိုပါက ဤကဲ့သို့ သေးငယ်သော အက်ကွဲကြောင်း အနည်းငယ်လောက်သာ ကျန်နေခဲ့မည် မဟုတ်ပေ။

“မင်းက သူ့ရဲ့ ဓားကို ကိုင်ဆောင်ထားပြီး ဒီလောက်အစွမ်းထက်တဲ့ ခွန်အားမျိုးကို ပိုင်ဆိုင်ထားတယ်ပေါ့။ မင်းက ဓားဧကရာဇ်ကိုယ်တိုင်ပဲလား..။ မဖြစ်နိုင်ဘူး... ငါ မင်းရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို ငါမြင်နေရတယ်။ မင်းက သူနဲ့ ယှဉ်ရင် အများကြီးငယ်တယ်။ ဒါမှမဟုတ် မင်းက သူ... လူပြန်ဝင်စားတာလား...”

ဘိုးဘေးဆရာကြီး၏ ဝိညာဉ်သည် အခြေအနေကို နားလည်အောင် အသည်းအသန်စဥ့်စားနေခဲ့၏။

ဤလူငယ်သည် ဓားဧကရာဇ် ဝင်စားခြင်းများ ဖြစ်နေမလား...။

သို့သော် အကယ်၍ ထိုသို့ဆိုပါက သူ၏ အမွေအနှစ်အတွက် ဘာကြောင့် ဤနေရာသို့ လာရောက်ရမနည်း။

ဓားဧကရာဇ်ကဲ့သို့ အဆင့်တစ်ခုတွင်ရှိသော ပညာရှင်များသည် မိမိတို့၏ ကိုယ်ပိုင်လမ်းစဉ်များ ရှိကြလေသည်။

သူ၏ ကိုယ်ပိုင်လမ်းစဉ်နှင့် အမွေအနှစ်သည် ဓားဧကရာဇ်အတွက် မသင့်တော်ပေ။ ထို့အတူ ဓားဧကရာဇ်၏ လမ်းစဉ်နှင့် အမွေအနှစ်သည်လည်း သူ့အတွက် သင့်လျော်မည် မဟုတ်ပေ။

သူတို့ အဆင့်ပုဂ္ဂိုလ်များသည် တစ်ဦးချင်းစီ၌ ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် မာနတရားများ ရှိကြလေသည်။

၎င်းသည် မိမိမှာ အခြားသူထက် အားနည်းသည်ဟု လက်ခံလိုက်သလို ဖြစ်သွားစေမည့် အပြုအမူမျိုးဖြစ်သောကြောင့် အခြားသူတစ်ဦး၏ အမွေအနှစ်ကို ဘယ်သောအခါမျှ လက်ခံရယူချင်ကြမည် မဟုတ်ပေ။

အကယ်၍ သူ၏ ရှေ့မှ လူငယ်သည် ဓားဧကရာဇ် မဟုတ်လျှင် မည်သူနည်း။ ဤလူငယ်လေးနှင့် ဓားဧကရာဇ် မည်သို့ ပတ်သက်ဆက်နွယ်နေသည်ကို သူ့အနေနှင့် ခန့်မှန်းနိုင်စွမ်း မရှိတော့ချေ။

“ကျွတ်”

ဝိညာဉ်သည် တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့သော်လည်း အာရန်၏ စုတ်သပ်လိုက်သော အသံသာ ထွက်ပေါ်လာခဲ့သည်။

“ငါ သူမကို ဒီလိုမဖြစ်အောင် သေခြာတားဆီးထားဖို့ မှာထားခဲ့တယ်။ သူမက ဒီလောက် အသုံးမကျတဲ့သူ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ။ သူမက င့ါကို မတားဆီးနိုင်ဘူး။ အဲ့အတွက် ငါ့ရဲ့ အတိတ်မှတ်ဉာဏ်တွေ အလိုလို ပြောင်းလဲသွားနေတာကိုတောင် ငါ ခံစားနေရတယ်။ ငါ့ရဲ့ လုပ်ရပ်တွေက ကွဲပြားခြားနားတဲ့ လိပ်ပြာအကျိုးသက်ရောက်မှု (Butterfly effect) တစ်ခုကို ဖန်တီးမိလိုက်ပုံပဲ”

သူသည် အာရန်၏ အနာဂတ်စိတ်ဝိညာဥ် ဖြစ်သည်။

ထာဝရပဲ့တင်သံအစွမ်းအား နောက်ဆုံးအသုံးပြုခဲ့စဉ်က ဖြစ်ပျက်သွားခဲ့သည့် အရာများကို သူ့အနေနှင့်မှတ်မိနေဆဲပင်။

သူတို့သည် အာရန်အား အထက်ကမ္ဘာမှ အေးအေးဆေးဆေး ပြန်လည်ထွက်ခွာ သွားရန်သာ ရည်ရွယ်ထားခဲ့ကြခြင်း ဖြစ်သည်။

သို့သော် သူတို့ထဲမှ တစ်ဦးသည် ထိုစဥ်က လွန်လွန်ကဲကဲ လုပ်ဆောင်ခဲ့မိပြီး သူတို့၏ မူလအချိန်စီးကြောင်းတွင် မဖြစ်ခဲ့သင့်သော အလင်းဘုရားကျောင်း ပျက်စီးမှုအား ဖြစ်ပေါ်စေခဲ့၏။

အာရန်၏ အနာဂတ် စိတ်ဝိညာဥ်သည် ဗဟိုတိုက်ကြီးရှိ တစ်စုံတစ်ရာကို အာရုံလွှဲနိုင်ရန်အတွက် သူ၏ အခြားဖြစ်တည်မှုတစ်ခုအား သူ့အစား ခြေရာအတုများ ဖန်တီးပေးရန် စေခိုင်းမိခဲ့သည်။

အကယ်၍ ထိုစဥ်က သူ၏ အခြားဖြစ်တည်မှုသည် အလင်းဘုရားကျောင်းအား ထိုကဲ့သို့ အမှန်တကယ် ဖျက်ဆီးပစ်ခဲ့မည်မှန်း ကြိုတင်သိခဲ့ပါလျှင် သူကိုယ်တိုင် ၎င်းအား တားဆီးခဲ့မိပေလိမ့်မည်။

“ခြေရာအတုတွေ ဖန်တီးဖို့အတွက်နဲ့ အဲဒီ မရင့်ကျက်သေးတဲ့ ကောင်ကို ငါ တကယ်ပဲ မရွေးချယ်ခဲ့သင့်ဘူး။ အဲဒီ အဖြစ်အပျက်တွေ ဖြစ်ပြီးပြီးချင်း အနာဂတ်ကနေ လာတဲ့သူဆိုတော့ သူ့အနေနဲ့ အလင်းဘုရားကျောင်းအပေါ် ဘယ်လောက်တောင် ဒေါသထွက်နေမလဲဆိုတာ ငါ ခန့်မှန်းမိခဲ့သင့်တယ်”

“အဲဒီ အဖြစ်အပျက်ဖြစ်ပွားခဲ့တဲ့အချိန်နဲ့ ငါ့ရဲ့ ပစ္စုပ္ပန် အချိန်စီးကြောင်းက အများကြီး အလှမ်းဝေးသွားပြီ။ ဒါကြောင့် ငါ့အနေနဲ့ကျတော့ အလင်းဘုရားကျောင်း အပေါ် သိပ်ပြီး အငြိုးအတေးမရှိတော့ဘူး။ ဒါပေမဲ့သူကျမတူဘူး သူခုလို စိတ်မထိန်းနိုင် ဖြစ်သွားမယ့် အခြေအနေမျိုးကို ငါတကယ်ပဲ ထည့်မတွက်မိခဲ့တာ လုံးဝမှားသွားတယ်”

အာရန်၏ အနာဂတ်စိတ်ဝိညာဥ်သည် ထိုမိုက်မဲခဲ့မှုအတွက် မိမိကိုယ်ကိုသာ ပြစ်တင်နိုင်တော့သည်။

တနည်းအားဖြင့်ဆိုရလျှင် အလင်းဘုရားကျောင်းအား ပျက်စီးစေခဲ့သူသည် သူကိုယ်တိုင်သာ ဖြစ်လေသည်။

ပြီးလျှင် ဗဟိုတိုက်ကြီးသို့ သူ့ကိုယ်စား စေလွှတ်ခဲ့သူမှာလည်း သူပင် ဖြစ်သည်မဟုတ်ပါလော...။

မည်သည့်နည်းနှင့်မျှ မဖြစ်ပွားခဲ့သင့်သော အလင်းဘုရားကျောင်းဖြစ်စဥ်အတွက် သူကိုယ်တိုင်တွင် အမှန်တကယ်တာဝန်ရှိနေခဲ့၏။

အနည်းဆုံး လက်ရှိခေတ်ကာလမှ အာရန်၏ အနာဂတ်စိတ်ဝိညာဥ်တစ်ဦး လက်ချက်ဖြင့်တော့ ထိုသို့ မဖြစ်ပျက်သွားသင့်ပေ။

ထိုဖြစ်ရပ်များကြောင့် သူ၏ အတိတ် မှတ်ဉာဏ်များ ပြောင်းလဲသွားခဲ့ရကာ အဖြစ်အပျက်များစွာလည်း ပြောင်းလဲသွားခဲ့ရလေသည်။

သူ၏ အတိတ်တစ်ခုလုံးသည် လက်ရှိအချိန်တွင် ဇာတ်လမ်းအသစ်တစ်ပုဒ်ပမာ ပြန်လည်ရေးသားခြင်း ခံလိုက်ရသကဲ့သို့ပင်။

မူလအချိန်စီး‌ကြောင်းအတိုင်းဆိုပါလျှင် အလင်းဘုရားကျောင်းသည် ဤကဲ့သို့ ဖျက်ဆီးခံရခြင်းမျိုး မရှိခဲ့ပေ။

အာရန်သည် ပျက်စီးသွားသော ဘုရားကျောင်း၏ အပျက်အစီးများကြားတွင် ဆင်းသက်ခြင်း အစွမ်းအား သွားရောက်ရှာဖွေရန် ဗဟိုတိုက်ကြီးသို့ သွားရောက်ခဲ့ခြင်း ပင် မရှိခဲ့ချေ။

ယခုတစ်ကြိမ်တွင်မူ အခြေအနေများသည် လုံးဝ ကွဲပြားသွားခဲ့ပြီ ဖြစ်၏။

အာရန်သည် ဤနေရာသို့ပင် ရောက်ရှိလာခဲ့ပြီး နှင်းပျိုဖြူနန်းတော်သခင်မသည် သူ့အား တားဆီးရန် ပျက်ကွက်ခဲ့သည်။

ထို့အပြင် သူ၏ အတိတ်စိတ်ဝိညာဥ်သည် ထာဝရပဲ့တင်သံအစွမ်း ကိုပင် နောက်ထပ်တစ်ကြိမ် ထပ်မံ၍ အသုံးပြုခဲ့သေး၏။

လက်ရှိအာရန်သည် သူ၏ ယခုကဲ့သို့ စွမ်းရည်များကို အသုံးမပြုခဲ့ဘူးဆိုလျှင်ပင် ရန်သူများအနေဖြင့် သူ၏ တည်ရှိမှုကိုသတိထားမိရန်အထိ အလွန်ထင်ရှားလွန်းနေခဲ့ပြီ ဖြစ်သည်။

ယခု သူသည် ဗဟိုတိုက်ကြီးအတွင်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သေးငယ်သော နယ်မြေတစ်နေရာရာ၌ ပုန်းကွယ်နေမည်ဆိုလျှင်ပင် အဆင်ပြေနိုင်တော့မည် မဟုတ်ပေ။

“မင်း သူ့ကို ဒီနေရာကို လမ်းညွှန်ခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး။ မရည်ရွယ်ဘဲ ဖြစ်သွားတဲ့ ရှုပ်ထွေးမှုတွေကို ဖြေရှင်းဖို့ ထာဝရပဲ့တင်သံအစွမ်း ကို သူ့အနေနဲ့ အသုံးပြု ခိုင်းစေချင်နေခဲ့တာကိုး” အာရန်သည် သူ့ရှေ့ရှိ ဗလာဖြစ်နေသော စနစ် ဖန်သားပြင်အား ငေးကြည့်ကာ သက်ပြင်းချရင်းပြောလိုက်သည်။

“ဟိတ် ချာတိတ် မင်း ငါပြောနေတာ နားထောင်နေရဲ့လား။ မင်းဘယ်သူလဲ မင်းရဲ့ အစစ်အမှန်ရည်ရွယ်ချက်က ဘာလဲလို့ ငါ မေးနေတယ်လေ”

ဘုရင်မျိုးနွယ်စုမှ ဘိုးဘေးဆရာကြီးသည် လျစ်လျူရှုခံထားရပြီးနောက် ထပ်မံ၍ သည်းမခံနိုင်‌တော့ပေ။

အာရန်သည် သူ၏မေးခွန်းအား ဖြေကြားပေးရမည့်အစား ကိုယ့်ဘာသာကိုယ် ဘာမှန်းမသိသည့် စကားများပြောနေခဲ့သည်။

အာရန်သည် နောက်ဆုံးတွင် ထိုဘိုးဘေး၏ ဝိညာဉ်အပိုင်းအစအား ပြန်လည် အာရုံ‌ရောက်သွားခဲ့သည်။

“အာ... ခင်ဗျား ဒီမှာ ရှိနေသေးတာကို ကျုပ် မေ့မလိုတောင်ဖြစ်သွားတယ်။ ဒါပေမဲ့ ကျုပ်မှာ အချိန် သိပ်မရှိတော့ဘူး။ ဒါကြောင့် ခုလိုကျူးလွန်မိတဲ့အရာအတွက် ခွင့်လွှတ်ပေးဖို့ပဲပြောနိုင်တော့တယ်”

ထိုသို့ပြောပြီးသည်နှင့် အာရန်သည် လျှင်မြန်သော အရှိန်ဖြင့် သူ၏ လက်ကို မြှောက်လိုက်ပြီး ဘိုးဘေးဝိညာဉ်၏ နဖူးကို ထိလိုက်၏။

“မင်း ငါ့ကို ထိနိုင်တာလား”

ဘိုးဘေးဝိညာဉ်သည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိသည်။

ထို့နောက် သူ၏ အကြွင်းအကျန် ဝိညာဉ်အဆီအနှစ်အချို့အား ရုတ်တရက် ဝါးမြိုခြင်းကို ခံလိုက်ရသဖြင့် မယုံကြည်နိုင်ခြင်းမှသည် ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

သူသည် သေးငယ်သော ဝိညာဉ်အပိုင်းအစလေး တစ်ခုမျှသာ ဖြစ်သော်လည်း အတိတ်က အထွတ်အထိပ်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်ခဲ့ဖူးသူ၏ စိတ်ဝိညာဥ်အပိုင်းအစဖြစ်လေသည်။

ထိုကဲ့သို့ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး၏ သေးငယ်သော ဝိညာဉ်အပိုင်းအစလေးသည်ပင် သာမန်လူများထက် လွန်စွာ စွမ်းအားကြီးနေဆဲပင်။

နတ်ဘုရားတစ်ပိုင်းအဆင့် ပုဂ္ဂိုလ် အနည်းငယ်ကို သတ်ဖြတ်ရန် လုံလောက်သည်ထက်ပင် ပိုနေသေး၏။

သို့သော် ကံမကောင်းစွာဖြင့် ဤလူငယ်၏လက်နှင့် ထိလိုက်မိသည့် အချိန် ခဏမှာပင် အနည်းငယ်မျှ လှုပ်ရှားနိုင်စွမ်းမရှိ ဖြစ်သွားခဲ့ရသည်။

“ကျုပ်မှာ စတေးစရာ သွေးမျိုးဆက်တွေ သိပ်မကျန်တော့ဘူး။ ဒါကြောင့် ခင်ဗျားကိုပဲ အစားထိုးပြီး စတေးလိုက်မှဖြစ်တော့မယ်”

“မင်း... မင်းက ဘယ်သူလဲ...”

ဘိုးဘေးဆရာကြီး၏ ဝိညာဉ်သည် သူ၏ မျက်စိရှေ့တွင်ပင် အပြာရောင် မီးတောက်တစ်ခုမှ သူ၏ စိတ်ဝိညာဉ်အကြွင်းအကျန်ကို ဝါးမြိုနေသည်အား စိုက်ကြည့်ရင်း နာကျင်စွာ အော်ဟစ်လိုက်မိ၏။

ထိုဘိုးဘေးဆရာကြီး၏ စိတ်ဝိညာဉ်အကြွင်းအကျန်သည် သူ၏ အမွေအနှစ်အား ဆက်ခံသူတစ်ဦးထံ ပေးအပ်ရန်အတွက်သာ ဖြစ်တည်နေခြင်းဖြစ်လေသည်။

ယခုအခါ ထို ဝိညာဉ်အပိုင်းအစသည် သူ၏ ရည်ရွယ်ချက် ပြည့်မြောက်သွားပြီ ဖြစ်သဖြင့် ထာဝရပျောက်ကွယ်သွားရတော့မည်ဖြစ်၏။

အာရန်သည် လောင်းကြေးအား အနိုင်ရခဲ့ကာ အမွေအနှစ် ဆက်ခံခွင့်ကိုပင် မတောင်းဆိုခဲ့ပေ။

ယင်းအစား သူသည် ခွင့်ပြုချက်ပင် မလိုအပ်ဘဲ ထိုအမွေအနှစ်အား တိုက်ရိုက်ပင် အတင်းအဓမ္မ ဝါးမြိုနေခြင်း ဖြစ်လေသည်။

“ဒါဆိုရင်တောင် လုံလောက်ရုံလေးပဲရှိသေး။ ဒါပေမဲ့ တကယ့်ပြဿနာက အချိန်ပဲ။ ခုစတေးမှုနဲ့ ကံတရားကို မြှင့်တင်ထားရင်တောင် ထာဝရပဲ့တင်သံအစွမ်းရဲ့ သက်ရောက်မှုက အရင်ထက်နဲနဲပိုကြာသွားရုံပဲရှိမယ် သိပ်တော့ကြာကြာခံမှာ မဟုတ်ဘူး။ ငါ ဒီကနေ အမြန်ဆုံးထွက်သွားမှ ဖြစ်တော့မယ်”

အာရန်သည် ဘုရင်မျိုးနွယ်စု ဘိုးဘေးဆရာကြီး၏ ဝိညာဉ်ကို စတေးပြီးနောက် ရရှိလာသော စွမ်းအားများကို အသုံးပြုကာ ကောင်းကင်သို့ မြင့်တက်စွာ ပျံတက်သွားခဲ့၏။

ပျက်စီးသွားသော အကာအကွယ်လွှာကြောင့် လင်းထိန်သွားသော ကောင်းကင်ပြင်ကြီး အောက်တွက် အရာရာစိတ်အားထက်သန်ကာ လွန်စွာ တက်ကြွနေကြသော ဘုရင်မျိုးနွယ်စုဝင်များစွာသည် ကောင်းကင်သို့ ပျံတက်သွားသော အမည်မသိ ပုံရိပ်တစ်ခုအား မြင်တွေ့လိုက်ကြရသည်။

သို့သော် ကံမကောင်းစွာဖြင့် ထိုပုံရိပ်သည် အလွန် မြန်ဆန်လွန်းလှသဖြင့် ဖမ်းဆီးဖို့ နေနေသာသာ ထိုလူ၏ မျက်နှာကိုပင် သေချာစွာ မမြင်လိုက်ရပေ။

ဘုရင်မျိုးနွယ်စု၏ လက်ရှိ ခေါင်းဆောင်သည် ပင်လျှင် သူ့ထက်များစွာ မြန်ဆန်နေသော အမြန်နှုန်းကြောင့် အံ့အားသင့်သွားခဲ့ရသည်။

“မကြာသေးမီက မျိုးနွယ်စုမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းတဲ့ ကိစ္စတွေအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတဲ့သူက မင်းပဲ ဖြစ်ရမယ်။ ဒီနေရာက မင်း သဘောရှိ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ ရမယ်လို့ ထင်နေလား”

မျိုးနွယ်စုခေါင်းဆောင်သည် ထိုပျံသန်းထွက်ခွာနေသော ပုံရိပ်ဆီသို့ သူ၏ လက်တစ်ဖက်ဖြင့် ချိန်ရွယ်ထားလိုက်သည်။

#Catfoot

All Chapters