စွမ်းရည်အသစ်များ
Vol. 47 Ch. 676
….
ထိုအချိန်ခဏ၌ ဤနယ်မြေတစ်ခုလုံး၏ ဥပဒေသများသည် မျိုးနွယ်စုခေါင်းဆောင်၏ ပြီးပြည့်စုံသော ထိန်းချုပ်မှုအောက်တွင် ရောက်ရှိသွားသကဲ့သို့ပင်။
မျိုးနွယ်စုခေါင်းဆောင်သည် သူ၏လက်တစ်ဖက်အား အာရန် ရှိရာသို့ ဆန့်တန်းလိုက်သောအခါ ကောင်းကင်သည် နောက်ထပ်တစ်ကြိမ် ကွဲအက်သွားခဲ့ရပြန်သည်။
အကာအကွယ်လွှာ ပျောက်ကွယ်သွားသည်နှင့်အမျှ မျိုးနွယ်စုခေါင်းဆောင်၏ ခွန်အားသည် ပိုမို အားကောင်းလာပုံရလေသည်။
အထက်ကမ္ဘာ၏ ဥပဒေသများသည် အစိုင်အခဲတစ်စုံတစ်ရာအဖြစ် စုဝေးပေါ်ပေါက်လာပြီးနောက် ကောင်းကင်မှ တည့်မက်စွာ ဆင်းသက်လာနေသော ဧရာမ လက်ဖဝါးကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့၏။
ထိုလက်ဖဝါးကြီ၏ လက်ချောင်းတစ်ချောင်းချင်းစီ အချင်းဝက်ကပင် တစ်မိုင်ခန့် ရှိနိုင်လေသည်။
၎င်းသည် တစ္ဆေသင်္ဘောကို ဖမ်းယူရန် အသုံးပြုခဲ့စဥ်ကထက် များစွာပို၍ ကြီးမား၏။
ကောင်းကင်သို့ ပျံတက်နေသော လူငယ်သည် ထိုဧရာမ လက်ဖဝါးကြီး၏ လမ်းကြောင်း တည့်တည့်တွင် ရှိနေခဲ့သည်။
ထိုလူငယ်သည် ဘုရင်မျိုးနွယ်စုအတွက် ကျိန်စာတစ်ခုအလား ပိတ်လှောင်ထားသော အကာအကွယ်လွှာအား တစ်နည်းနည်းဖြင့် ချိုးဖျက်ပေးခဲ့ခြင်း ဖြစ်သော်လည်း မျိုးနွယ်စုခေါင်းဆောင်သည် အဘယ်ရည်ရွယ်ချက်ဖြင့် ရောက်လာမှန်း မသိရသော လူတစ်ယောက်အား ဤနေရာမှ သည်အတိုင်း ထွက်ခွာခွင့် မပေးလိုပေ။
အထူးသဖြင့် ထိုလူငယ်သည် သူ့ညီမ၏ အမွှာကလေးနှစ်ယောက် မည်သည့်နေရာသို့ ပို့ဆောင်ခံလိုက်ရသည်အား သိရှိထားသူဖြစ်သည့် ဓားဧကရာဇ်နှင့် တစ်နည်းတစ်ဖုံ ပတ်သက်ဆက်နွယ်နေပုံလည်း ရနေသောကြောင့်ပင်။
ကောင်းကင်ဘုံ ဥပဒေသများဖြင့် ဖန်တီးထားသော ဧရာမ လက်ဖဝါးကြီးသည် အာရန်အား ဖမ်းဆုပ်ရန် ပြင်လိုက်သည်။
“မင်းက အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်နေမယ်ဆိုရင်တောင် မင်း သိထားသမျှ အရာအားလုံး ငါ့ကို မပြောပြဘဲနဲ့ မင်းကို ဒီအတိုင်း ထွက်သွားခွင့် မပေးနိုင်ဘူး”
ထိုကျူးကျော်သူလူငယ်သည် အကာအကွယ်လွှာအား ချိုးဖျက်ခဲ့စဉ်က သူ့ကိုပင် အနည်းငယ် တုန်လှုပ်သွားစေသည့် ခွန်အားမျိုးကို ပြသခဲ့သည်မှာ မှန်လေသည်။ သို့သော် လူငယ်သည် အလားတူ စွမ်းရည်မျိုးကို ထိုမျှ နီးကပ်သော အချိန်ပိုင်းအတွင်း ထပ်မံ၍ အသုံးပြုနိုင်လိမ့်မည်ဟု သူ မထင်ပေ။
အကယ်၍ ထိုလူငယ်သာ ထိုကဲ့သို့အစွမ်းမျိုးကို အချိန်တိုင်းစိတ်ကြိုက် အသုံးပြုနိုင်သူဆိုပါက ယခုအချိန်တွင် တစ်လောကလုံးအား အုပ်စိုးနေပြီ မဟုတ်ပါလော....။
ထို့ပြင် ထိုလူငယ်သည် ၎င်းတို့ ဘုရင်မျိုးနွယ်စု၏ နယ်မြေထဲသို့ အဘယ်ကြောင့် ခိုးကြောင်ခိုးဝှက် ဝင်ရောက်ရန် ကျိုးစားခဲ့ရသနည်း။
သူသည်သာ ထိုမျှအစွမ်းထက်ပါက အကာအကွယ်လွှာအား တိုက်ရိုက် အလွယ်တကူ ချိုးဖျက်ပြီး ပေါ်တင် ဝင်ရောက်နိုင်မည်မဟုတ်ပါလား...။
လူငယ်တွင် လျှို့ဝှက်ရတ္တနာပစ္စည်း သို့မဟုတ် ထူးဆန်းသည့် ယာယီခွန်အားမြှင့်တင်ပေးသည့် ကျင့်စဥ်တစ်မျိုးမျိုးရှိနေ၍သာ ဖြစ်ပေလိမ့်မည်။
ထိုသို့မဟုတ်ဘဲ လူငယ်သည် ထိုစွမ်းရည်ကို စိုးရိမ်ပူပန်စရာမလိုအောင် စိတ်ကြိုက်အသုံးပြုနိုင်သည်ဆိုလျှင် ထိုစွမ်းရည်အား အသုံးပြုပြီးပြီးချင်း ဘာကြောင့် ထွက်ပြေးရန် ကြိုးစားရမည်နည်း။
ဤသို့ဖြင့် ဧရာမ လက်ဖဝါးကြီးသည် ပျံသန်းနေသော ပုံရိပ်လေးအား ဖမ်းဆုပ်လိုက်သည်။
မျိုးနွယ်စုခေါင်းဆောင်နှင့်အတူ သူ၏ ညီမဖြစ်သူအပါအဝင် အခြား အကြီးအကဲများစွာ လိုက်ပါလျက် ထိုဧရာမ လက်ဖဝါးကြီးရှိရာသို့ ပြေးထွက်သွားကြ၏။
ထိုအတောအတွင်း ကုန်သည်အစည်းအရုံး၏ မင်းသမီးလေးသည် သူမတို့၏ အနာဂတ်အတွက် စိုးရိမ်စပြုလာနေပြီဖြစ်သည်။
အကာအကွယ်လွှာ ပျက်စီးသွားပြီ ဖြစ်သဖြင့် အခြား မျိုးနွယ်စုများအနေဖြင့် ဤနေရာသို့ စုံစမ်းစစ်ဆေးရန် လူလွှတ်လိမ့်မည်ဟု သူမ သေချာနေသည်။
ထိုအချိန်၌ ကုန်သည်အစည်းအရုံး၏ သင်္ဘောအား ဤနေရာနှင့် မိုင်တစ်သန်းအကွာတွင် မည်သည့် အခြေအနေမျိုးတွင်မျှ အတွေ့ခံ၍ မဖြစ်ပေ။
သူမသည် ဤရှုပ်ထွေးမှုကို ဖြစ်ပေါ်စေခဲ့သည့် လက်သည်တရားခံ မည်သူမည်ဝါ ဖြစ်ကြောင်းကို သိချင်နေခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူမ၏ အဖွဲ့သားများနှင့်အတူ ဤနေရာမှ ထွက်ခွာချင်နေမိသည်။
ဘုရင်မျိုးနွယ်စု၏ အကြီးအကဲများ အလုပ်များနေချိန်တွင် သူမသည် အစပိုင်း သူမအား လိုက်ပါပို့ဆောင်ပေးခဲ့သော လူငယ်ဘက်သို့ လှည့်လိုက်သည်။
သူမသည် ဤနေရာမှ ထွက်ခွာမှဖြစ်တော့မည် ဆိုသည့်အကြောင်း အကြောင်းပြချက်တစ်ခုပေးရန်ပြင်လိုက်စဥ် ရုတ်တရက် ကောင်းကင်မှ ဒေါသတကြီး အော်ဟစ်လိုက်သံတစ်ခုအား ကြားလိုက်ရလေသည်။
အဝေးဆီမှ အကြမ်းတမ်းဆုံးဆိုသည့် သားရဲများပင် ထိုအသံကြောင့် ထိတ်လန့်တကြားဖြစ်သွားကြကာ မြေပြင်ပေါ်သို့ ဝပ်ဆင်းလိုက်ကြ၏။
သို့သော် ထိုအော်ဟစ်သံသည် ကျူးကျော်သူထံမှ မဟုတ်ပေ။
ကုန်သည်အစည်းအရုံး၏ မင်းသမီးလေးသည် ထိုသို့ အော်ဟစ်လိုက်သူမှာ မျိုးနွယ်စုခေါင်းဆောင် ဖြစ်နေသည်ကို သိလိုက်ရသဖြင့် အံ့အားသင့်သွားခဲ့ရသည်။
ကျူးကျော်သူကို ဖမ်းမိပြီဟု ယူဆနိုင်ခဲ့ပြီးနောက် အမှန်တကယ် ဧရာမ လက်ဖဝါးကြီးအား ဖွင့်ကြည့်လိုက်သောအခါတွင်မူ အတွင်း၌ မည်သူမျှ ရှိမနေခဲ့ပေ။
ကျူးကျော်သူသည် လက်ဖဝါးကြီး၏ ဖမ်းဆုပ်ခြင်းကို မခံခဲ့ရပေ။
ယင်းအစား ကောင်းကင်ဘုံ ဥပဒေသများဖြင့် ဖန်တီးထားသော လက်ဖဝါးကြီး၏ တစ်နေရာတွင် အပေါက်တစ်ခု ရှိနေခဲ့၏။
ကျူးကျော်သူသည် ခေတ္တခဏမျှပင် အချိန်ဖြုန်းခြင်းမရှိဘဲ ထိုနေရာမှ ရိုးရှင်းစွာ ဖောက်ထွင်း၍ ထွက်ခွာသွားခဲ့ပုံပင်။
မျိုးနွယ်စုခေါင်းဆောင်သည် ဤကျရှုံးမှုအတွက် ဒေါသတကြီး အော်ဟစ်လိုက်မိပြီးနောက် ပြန်လည် ငြိမ်သက်သွားခဲ့သည်။
သူ၏ စိတ် အနည်းငယ် ပြန်လည်တည်ငြိမ် သွားသောအခါ မျိုးနွယ်စု ခေါင်းဆောင်သည် ထိုကိစ္စအား စတင်၍ ဆင်ခြင်မိလိုက်သည်။
သူ၏ ကနဦး ယူဆချက်များသည် မှားယွင်းနေခဲ့သလော...။
မျိုးနွယ်စုခေါင်းဆောင် ၏ စိတ်ထဲ၌ မေးခွန်းများစွာ ရှိနေခဲ့သော်လည်း ယခုအချိန်သည် ထိုအရာများကို စဉ်းစားနေရန် အချိန်ကောင်း မဟုတ်မှန်း သူ သိထားသည်။
ကျူးကျော်သူသည် မည်ကဲ့သို့သော သူတစ်ဦးဖြစ်နေပါစေ ယခုမူ လွတ်မြောက်သွားခဲ့ပြီ ဖြစ်၏။
ဤအချိန်၌ သူ့အား ဖမ်းဆီးရန်မှာ မဖြစ်နိုင်တော့ပေ။
ယင်းအစား သူတို့သည် အထက်ကမ္ဘာသို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်ရပေလိမ့်မည်။
အထက်ကမ္ဘာတွင် သူတို့၏ ယခင်အဆင့်အတန်းအား ပြန်လည် တည်ငြိမ်အောင် လုပ်ဆောင်ပြီးသည်နှင့် ထိုကျူးကျော်သူ လူငယ် မည်သူမည်ဝါဖြစ်ကြောင်းကို အချိန်မရွေး ရှာဖွေနိုင်လေသည်။
သူသည် ဘုရင်မျိုးနွယ်စု၏ မျိုးနွယ်ဝင်များဘက်သို့ လှည့်လိုက်သည်နှင့် ကောင်းကင်ထက်ရှိ ဧရာမ လက်ဖဝါးကြီး ပြန်လည်ပျောက်ကွယ်သွားခဲ့၏။
သူသည် စကားလုံးအနည်းငယ်သာ ပြောဆိုခဲ့ခြင်းဖြစ်သော်လည်း မျိုးနွယ်စုဝင်တိုင်း၏ အတွေးများအား ကြီးစွာသော လှိုင်းတံပိုးကြီးများအဖြစ် ရိုက်ခပ်သွားခဲ့သည်။
“ငါတို့ရဲ့ အစစ်အမှန်နေအိမ်ကို ပြန်ဖို့ ပြင်ဆင်ကြတော့”
ထိုစကားထွက်ပေါ်လာပြီးနောက်တွင် ဘုရင်မျိုးနွယ်စု နယ်မြေတစ်ခုလုံးတွင် ကျယ်လောင်သော ကြွေးကြော်သံများ ထွက်ပေါ်လာခဲ့၏။
ကုန်သည်အစည်းအရုံး၏ ကိုယ်စားလှယ်အဖွဲ့သည်သာလျှင် တိတ်ဆိတ်စွာ ကြည့်ရှုနေခဲ့ကြသည်။
....
“ကျုပ် အချိန်တွေ အများကြီး ဖြုန်းတီးလိုက်မိပြီ”
စက္ကန့်ပိုင်းအတွင်းမှာပင် အာရန်သည် ဘုရင်မျိုးနွယ်စု နယ်မြေနှင့် အဝေးတစ်နေရာသို့ ရောက်ရှိသွားခဲ့သည်။
သို့သော် သူသည် ထိုနေရာတွင် ရပ်မနေခဲ့ပေ။
“အရာအားလုံးက ဒီလို မှားယွင်းတဲ့ အချိန်မျိုးမှာမှ ပြိုကွဲသွားခဲ့ရတယ်လို့”
သူသည် လျှင်မြန်စွာ ပျံသန်းနေစဉ် သူ၏ လက်ရှိအစစ်အမှန် ခန္ဓာကိုယ်ပိုင်ရှင် အတွက် စာတစ်စောင် ဖန်တီးလိုက်သည်။
အနာဂတ်အာရန်သည် တိုက်ကြီးလေးခုကမ္ဘာရှိ စစ်ပွဲများ ဖြစ်ပွားနေသော နေရာသို့ တိုက်ရိုက် သွားရောက်နိုင်စွမ်းရှိသော်လည်း အထက်ကမ္ဘာမှ တစ်စုံတစ်ဦးအနေဖြင့် သူ၏ အော်ရာကို ထိုကမ္ဘာသို့တိုင် ခြေရာခံမိစေမည့် လမ်းကြောင်းတစ်ခု မချန်ရစ်စေချင်ခဲ့ပေ။
ထိုနေရာသို့ ပြန်သွားရမည့်သူသည် ပစ္စုပ္ပန်အာရန်ကိုယ်တိုင်သာလျှင် ဖြစ်ရပေမည်။ အနှောင့်အယှက် မရှိစေရန် သေချာပြင်ဆင်လိုက်ပြီးနောက် သူသည် ပြီးခဲ့သော အခေါက်က ကဲ့သို့ပင် အကူအညီအနည်းငယ်အား ဆင့်ခေါ်လိုက်သည်။
ဒီတစ်ကြိမ်တွင်မူ သူသည် ၎င်းတို့အား မည်သည့် အနှောင့်အယှက်မှ မဖန်တီးရန် သတိပေးခြင်းမျိုုး မပြုလုပ်တော့ပေ။
ယင်းအစား သူသည် သူ၏ ၎င်းဆင့်ခေါ်လိုက်သူများအား အထက်ကမ္ဘာအနှံ့ တတ်နိုင်သမျှ ဖျက်ဆီးပစ်ရန်သာ ညွှန်ကြားလိုက်သည်။
“ငါမင်းကို ကူညီဖို့ တတ်နိုင်သမျှ အားလုံး လုပ်ပေးခဲ့ပြီးပြီ င့ါရဲ့ အတိတ်ကောင်ရေ... ဒါကြောင့် အဆင်သင့် မဖြစ်မချင်း ဒီနေရာကို ပြန်လာဖို့ မလောနဲ့ဦး။ ဒါကြောင့် လောလောဆယ် မင်း ရှိနေသင့်တဲ့ နေရာကိုပဲ ပြန်လိုက်တော့...”
အာရန်သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ထာဝရပဲ့တင်သံ စွမ်းရည်၏ အချိန်ကုန်ဆုံးခါနီးတွင် အစောပိုင်းဖန်တီးထားသောစာတစ်စောင့်အား သူ၏ ခြေရင်း၌ ချထားလိုက်သည်။
အချိန်ပြည့်သွားသည်နှင့် တပြိုင်နက် အနာဂတ် အာရန်၏ စိတ်ဝိညာဥ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ပြန်လည်ထွက်ခွာသွားခဲ့ကာ မူလအာရန်တစ်ယောက် တစ်ဖန်ပြန်လည် နိုးထလာခဲ့၏။
သူ ပထမဆုံး လုပ်သည့်အရာမှာ သူ၏ လက်ရှိ အခြေအနေကို နားလည်ရန် ပတ်ဝန်းကျင်အား အကဲခပ်ခြင်းနှင့် အနီးအနားတွင် အန္တရာယ် ရှိမရှိ စစ်ဆေးခြင်းပင် ဖြစ်သည်။
“ဟင်”
သူ၏ မျက်လုံးအကြည့်သည် အံ့ဩစရာကောင်းလောက်အောင် သူ၏ လက်ရေးမူဖြင့်ပင် ရေးသားထားသော စာတစ်စောင်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် အာရန်သည် ထိုစာအား ကောက် ဖတ်ရှုကြည့်လိုက်ရာ အရေးကြီးသော အချက်သုံးချက်သာ ပါဝင်နေကြောင်း တွေ့လိုက်ရသည်။
ပထမဆုံး အကြံပြုချက်မှာ ဆင်းသက်ခြင်း စွမ်းရည်ကို တတ်နိုင်သမျှ အမြန်ဆုံး အသုံးပြုရန် ဖြစ်၏။
ဒုတိယ အကြံပြုချက်မှာ အထက်ကမ္ဘာသို့ နောက်တစ်ခေါက် ထပ်မံ၍ မဝင်ရောက်နိုင်မှီ အောက်ကမ္ဘာရှိ ပြဿနာများကို အရင်ဆုံးဖြေရှင်းရန် ဖြစ်သည်။
ထို ဒုတိယအချက်တွင် ကန့်သတ်ချက်တစ်ခုပါရှိနေခဲ့ကာ နောက်တစ်ကြိမ် အထက်ကမ္ဘာသို့ ဝင်ရောက်ရန်အတွက် သူ့တွင် ကျင့်စဥ်အဆင့် အနည်းဆုံး အဆင့် (၂၀၀) ခန့် ရောက်ရှိနေရမည်ဟုလည်း အကြံပြုထားသည်။
တတိယအချက်မှာမူ သူ့အား စွမ်းရည်သစ်တစ်ခု အကြောင်းပြောပြထားခြင်း ဖြစ်သဖြင့် ပို၍ပင် အရေးပါလေသည်။
#Catfoot