သူပုန်တစ်ယောက်၏ စိုးရိမ်ပူပန်မှုများ
Vol. 47 Ch. 677
...
တတိယအချက်မှာမူ သူ့အား စွမ်းရည်သစ်တစ်ခု အကြောင်းပြောပြထားခြင်း ဖြစ်သဖြင့် ပို၍ပင် အရေးပါလေသည်။
ထိုတတိယအချက်တွင် အောက်ကမ္ဘာတွင်ရှိသော သွေးမျိုးဆက်များကို ရနိုင်သလောက် အများအပြား စုဆောင်းရန် ပါရှိ၏။
အဆင့်မြင့် သွေးမျိုးဆက်များဆိုပါက သူ့အတွက် အသုံးမဝင်ဘူးဆိုလျှင်ပင် ရနိုငင်သလောက် စုဆောင်းထားရမည်စု ဆိုလိုလေသည်။
သို့သော် ထိုအချက်တွင် အဆင့်နိမ့် အမှိုက်ကဲ့သို့ သွေးမျိုးဆက်များသည်ပင် အသုံးဝင်ကြောင်းကိုပါ အလေးပေး ဖော်ပြထားသေး၏။
အတိတ်ကာလတုန်းက အလင်းနတ်ဘုရားမအား သတ်ဖြတ်ခဲ့စဉ်ကပင် သူ၏ အနာဂတ်စိတ်ဝိညာဥ်သည် သူ့အား မည်သည့်လမ်းညွှန်မှုမှ မပေးခဲ့ဖူးပေ။
သို့သော် ယခုတစ်ကြိမ်တွင်မူ စာနှင့်ပင်ရေးသား၍ ဖော်ပြထားခဲ့ခြင်းဖြစ်ရာ အာရန်တစ်ယောက် သူ့လက်ရှိအခြေအနေမှာ မည်မျှ ရှုပ်ထွေးပွေလီမှုများဖြင့် ကြုံတွေ့နေရပြီနည်းဟု တွေးမိသွားစေခဲ့၏။
“သွေးမျိုးဆက်တွေကို စတေးပြီး အနာဂတ်က င့ါရဲ့အခြားဖြစ်တည်မှုတွေကို အစစ်အမှန်ပုံစံနဲ့ ဆင့်ခေါ်နိုင်တယ်ဆိုပါလား... ပြီးတော့ င့ါရဲ့ ခွန်အားကိုပါ ယာယီ မြှင့်တင်နိုင်စွမ်းရှိတယ်လို့ ပြောချင်တာလား။ ဒါပေမဲ့ အဲ့ဒါတွေလုပ်ဖို့ လိုအပ်တဲ့ စွမ်းရည်တွေ ငါ့မှာ တစ်ခုမှ ရှိမနေသေးဘူးလေ”
“ဆင်းသက်ခြင်း စွမ်းရည်နဲ့ ပတ်သက်ပြီးတော့ကော... အင် ငါ အဲ့ဒီစွမ်းရည်ကို တော့ရခဲ့ပြီးပြီထင်တယ်။”
အာရန်တစ်ယောက် အတွေးများနေရင်းဖြင့် သူ၏ စနစ် မျက်နှာပြင်ကို စစ်ဆေးကြည့်လိုက်သည်။
ဝမ်းသာစရာသတင်းတစ်ခုအနေနှင့် ထိုနေရာတွင် စွမ်းရည်အသစ် တစ်ခုတင်မကဘဲ သုံးခုတိတိပင် ထပ်မံ၍ တိုးလာခြင်းပင်။
သူ၏ ကျင့်စဥ် အဆင့်သည်လည်း ယခင်ကထက် များစွာ ပိုမိုမြင့်မားလာခဲ့ပြီ ဖြစ်၏။
လိုက်ဆန်ဒါနှင့် အဆင့်တူညီလုနီးပါးပင် ရောက်ရှိနေပြီ ဖြစ်သည်။
.......,....,...........
[အမည်: အာရန် (ရန်နစ်ခရိုလိုင်း)]
[အဆင့်: ၉၈]
[အသက်- +၁]
[အချက်အလက်: အနောက်ဘက်တိုက်၏ သန့်စင်ဧကရာဇ်၊ မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲ၊ သူရဲကောင်းအကယ်ဒမီမှ သူလျှို၊ ဝါးမြိုသူသွေးမျိုးဆက်ပိုင်ရှင်၊ နစ်ခရိုမန်ဆာမျှော်စင်ပိုင်ရှင်၊ ဝိညာဉ်လောက၏ အုပ်စိုးသူ၊ နဂါးဧကရီ၏ ချစ်သူ၊ မူလကြယ်၏ သားမက်၊ အထက်ကမ္ဘာ၏ ရန်သူ]
[အဓိက ပင်မသွေးမျိုးဆက်: သွေဖယ်ခြင်း? (၅၀%)]
[ဒုတိယ သွေးမျိုးဆက်များ: ဝါးမြိုသူ၊ မူလနဂါး]
[စောင့်လျှောက်သူ- ပထမဝိညာဉ်ဘုရင်မ ယီလန်]
[စာချုပ်ချုပ်ဆိုထားသော ဝိညာဉ်: ဝိညာဉ်ဘုရင်မ ဖီလိုနာ]
[အသက်- ၂၂]
[စရိုက်လက္ခဏာများ: သွေးအေးခြင်း၊ ဉာဏ်များခြင်း]
-အဆင့်သတ်မှတ်ချက်များ-
[ခွန်အား: ၁၅၉၄၉၅]
[လျင်မြန်မှု: ၁၂၆၉၁၈]
[ခံနိုင်ရည်: ၁၃၈၇၉၃]
[ဉာဏ်ရည် :၉၆]
[မာနာ: ၁၉၄၄၄၈]
[ကျင့်ကြံခြင်းအဆင့်: မသိရှိရ (ချိတ်ပိတ်ထားသည်)]
[သူရဲကောင်းအဆင့်: SSS+]
[နတ်ဘုရားမ၏ ကာကွယ်မှု - မသိသေး (၉၀%)]
[ရုပ်ခန္ဓာ: လအရိပ်ရေခဲခန္ဓာ၊ ကံကြမ္မာခန္ဓာ၊ သန့်စင်ခန္ဓာ၊ အကြွင်းမဲ့နဂါးခန္ဓာ]
[ပိုင်ဆိုင်ထားသော ထူးခြားသည့် ပစ္စည်းများ : ပြုပြင်ထားသော သေနတ်၊ အရှင်သခင်သတ်ဓား (မပြည့်စုံ) ၊အနာဂတ်ကို မြင်နိုင်သော ဟောကိန်းလည်ဆွဲ၊ မေးခွန်းဘောက်ချာ၊ အကူအညီလက်မှတ်(ဖန်းယု) ၊ ###### သေတ္တာ (၄ပုံ ၁ပုံ ချိတ်ပိတ်ခံထားရ)၊ ကံကြမ္မာဓား/ လက်စားချေခြင်းဓား၊ ပြန်လည်ရှင်သန်ခြင်း ကျောက်တုံး (ထူးခြားအဆင့်)]
[ထူးခြားစွမ်းရည်များ: ဓားဧကရာဇ်အော်ရာ၊ အော်ရာထိန်းချုပ်နည်းစနစ်၊ သွေးမျိုးဆက် စတေးခြင်း၊ အနာဂတ် ဆင့်ခေါ်ခြင်း၊ ဆင်းသက်ခြင်း၊ ခွဲခြားသတ်မှတ်ခြင်း၊ ဝါးမြိုခြင်း၊ ရေပြင်ကျွမ်းကျင်မှု၊ ပျံသန်းခြင်း၊ ဘိုးဘေးနဂါးလျှာ၊ စစ်မှန်သောနဂါးအသွင်ပြောင်းလဲခြင်း၊ အုပ်ချုပ်သူအတောင်ပံများ၊ သမုဒ္ဒရာအုပ်စိုးသူ၊ စွမ်းရည်ပေါင်းစည်းခြင်း၊ နှင်းခဲနယ်မြေ၊ အသွင်ပြောင်းလဲခြင်း၊ အရှိန်မြှင့်တင်ခြင်း၊ စိတ်ဝိညာဥ်ထိမ်းချုပ်ခြင်း၊ အာရံခံစားမှုတိုးမြှင့်ခြင်း၊ သွေးထိမ်းချုပ်ခြင်း၊ အရိပ်ပုံတူဖန်တီးခြင်း၊ ထာဝရပဲ့တင်သံ]
ခိုးယူထားသော စွမ်းရည်များ: ကြည့်ရှုရန် နှိပ်ပါ။
..................
သူ၏ စွမ်းရည်သစ်သုံးခုအနက် ပထမတစ်ခုသည် သွေးမျိုးဆက်များအား စတေးရမည်ဟု ပြောထားသည်။
ဒုတိယစွမ်းရည်ကမူ ယခင်သူအသုံးပြုခဲ့သော ထာဝရပဲ့တင်သံနှင့် မတူဘဲ သူ၏ အနာဂတ်ဖြစ်တည်မှုများကို ရုပ်ပိုင်းဆိုင်ရာ ပုံစံဖြင့် ဆင့်ခေါ်နိုင်ခွင့် ရှိလေသည်။ ကံမကောင်းစွာဖြင့် “အနာဂတ် ဆင့်ခေါ်ခြင်း” စွမ်းရည်သည် မီးခိုးရောင် ဖြစ်နေပြီး အသုံးပြု၍ မရသေးသောကြောင့် အသေးစိတ်အချက်အလက်များကို သေချာ မစစ်ဆေးနိုင်ခဲ့ပေ။
တတိယမြောက် စွမ်းရည်သစ်မှာ စနစ်ဆီမှ တာဝန်အားပြီးမြောက်ပါက ဆုလာဘ်အဖြစ် ရရှိမည်ဟု ကတိပြုထားသော “ဆင်းသက်ခြင်း” စွမ်းရည်ပင် ဖြစ်လေ၏။
ဤစွမ်းရည်သည် ယခင်သန့်စင်ဘုရားကျောင်းတွင်ရင်ဆိုင်ခဲ့ရသော အလင်းနတ်ဘုရားမ၏ အခြား ယုံကြည်သူတစ်စုံတစ်ဦးထံသို့ သူမ၏ စိတ်ဝိညာဉ်အပိုင်းအစအား စေလွှတ်ရာတွင် အသုံးပြုခဲ့သည့် စွမ်းရည်နှင့်ပင် လုံးဝ ကွာခြားနေလေသည်။
ယခုအာရန်၏ ဆင်းသက်ခြင်း စွမ်းရည်သည် သူ့အတွက် သီးသန့် ဖန်တီးပေးထားသကဲ့သို့ပင် ထင်မှတ်ရ၏။
၎င်းသည် သူမျှော်လင့်ထားသကဲ့သို့ စိတ်ဝိညာဉ်သက်သက် ဆင်းသက်ခြင်းမျိုး မဟုတ်ပေ။
ယင်းအစား ဟင်းလင်းပြင် ခရီးသွားခြင်းကို အသုံးပြုစရာ မလိုဘဲ သူ၏ ကိုယ်ပွားများနှင့် ရုပ်ပိုင်းဆိုင်ရာအရ နေရာချင်း တိုက်ရိုက် လဲလှယ်နိုင်သည့် အစွမ်းတစ်ခု ဖြစ်လေ၏။ အလွန်အသုံးဝင်၏။
သူ၏ စနစ်မျက်နှာပြင်တွင် “ခိုးယူထားသော စွမ်းရည်များ” ဟု ဖော်ပြထားသည့် ကဏ္ဍသစ်တစ်ခုလည်း ပါဝင်လာလေသည်။
သူသည် ထိုကဏ္ဍတွင် မည်သည့်အရာများ ရှိနေသည်ကို စစ်ဆေးကြည့်ချင်နေသော်လည်း စာထဲတွင် ပါရှိသော သတိပေးချက်ကို ပြန်လည် အမှတ်ရလိုက်၏။
သူ့အနေနှင့် ဤနေရာမှ အမြန် ထွက်ခွာမှ ဖြစ်ပေလိမ့်မည်။
“ဆင်းသက်ခြင်း”
အာရန်သည် ထိုစွမ်းရည်ကို အသုံးပြုလိုက်နောက် သန့်စင်ဧကရာဇ်အဖြစ် ဟန်ဆောင်ထားသော သူ၏ ကိုယ်ပွားအား ရွေးချယ်လိုက်သည်။
....
တိုက်ကြီးလေးခု ကမ္ဘာတွင်မူ အရာအားလုံးသည် ဖရိုဖရဲ အခြေအနေနှင့် ရင်ဆိုင်နေကြရပြီဖြစ်၏။
အာရန်၏ ကိုယ်ပွားသည် သန့်စင်နန်းတော် ဝရန်တာတွင် ရပ်လျက် မီးလောင်ကျွမ်းနေသော သူ၏ မြို့တော်ကြီးအား ကြည့်ရှုနေလေသည်။
သူ၏ နန်းတော်အား ရန်သူများ ဝိုင်းရံထားကြပြီး ၎င်းတို့ထဲမှ အများစုမှာ အစစ်အမှန်သန့်စင်ပရောဟိတ်မစေလွှတ်လိုက်သော ဘုန်းတော်ကြီးများ ဖြစ်ကြသည်။
သူမ၏ ဘေးတွင် မြောက်ဘက်တိုက်မှ မိန်းကလေးတစ်ဦးနှင့်အတူ ဤတိုက်ပွဲအပေါ်များစွာ သက်ရောက်စေခဲ့သော မြောက်ဘက်တိုက်မှ ကမ္ဘာကူးပြောင်းလာသူတို့ပင် ပါဝင်လေ၏။
“အရာအားလုံး ပြီးသွားပြီ။ ငါ ထွက်ပြေးခွင့်တောင် မရတော့ဘူး”
အာရန်၏ ကိုယ်ပွားသည် နန်းတော်အပြင်ဘက်တွင် ရပ်နေကြသော လူအုပ်ကြီးကို ငုံ့ကြည့်ရင်း ရေရွတ်လိုက်သည်။
အစစ်အမှန် သန့်စင်ဧကရာဇ် ၏ ညီတော်သည် ဝမ်းဗိုက်၌ လှံတစ်ချောင်း စိုက်လျက်သားဖြင့် မြေပြင်ပေါ်တွင် လဲကျလျက်ရှိ၏။
သူသည်လည်း သွေးအိုင်ထဲတွင် သေလုမျောပါးအခြေအနေ ဖြစ်နေခဲ့ပြီး အသက်ငွေ့ငွေ့သာ ကျန်ရှိတော့သည်။
အာရန်၏ ကိုယ်ပွားတွင် မည်သည့် ခွန်အားမျှ မရှိသောကြောင့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ခဲ့ပေ။
သူသည် အစစ်အမှန် အာရန် ရောက်ရှိလာမည့် အချိန်ကိုသာ မျှော်လင့်ရင်းဖြင့် ဤစစ်ပွဲအား ကြံ့ကြံ့ခံ တိုက်ခိုက်နေခဲ့ခြင်း ဖြစ်၏။
သူ့တွင်ရှိသော လှည့်ကွက်များ အားလုံးနီးပါးပင် အသုံးပြုပြီးဖြစ်ကာ တိုက်ပွဲအား အချိန်ဆွဲရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ရသည်။
ထို့ကြောင့် ဝိညာဉ်များ၏ လျှို့ဝှက်ကူညီမှုကြောင့်လည်း သူသည် ဤအခြေအနေအား နောက်ထပ် သုံးရက်ကြာသည်အထိ ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော်လည်း အစစ်အမှန်အာရန်ကမူ အရိပ်အယောင်မျှပင် ပေါ်မလာသေးချေ။
“သူ လာမှာ မဟုတ်တော့ဘူး ထင်တယ်။ ငါသာ သူ့နေရာမှာ ဆိုရင်လည်း လာမှာ မဟုတ်ပါဘူး။ ဒီအချိန်မှာ အခြေအနေကို ပြောင်းပြန်လှန်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။ နှမြောစရာ ကောင်းလိုက်တာ... ငါ့မှာ ကိုယ်ပိုင်ဘဝလေးတစ်ခု ရနိုင်တော့မယ်လို့ ထင်ထားခဲ့တာ”
အာရန်၏ ကိုယ်ပွားသည် ဤအချိန်တွင် တစ်ကောင်ကြွက်တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီ ဖြစ်၏။
ဝိညာဥ်လောကမှ ဝိညာဉ်များသည်လည်း တတ်နိုင်သလောက် သူ့အား အကူအညီများပေးပြီးနောက် ပြန်လည် ထွက်ခွာသွားကြပြီ ဖြစ်သည်။
သူ၏ ဗီလိန်တစ်ကောင်ကဲ့သို့ ဇာတ်သိမ်းခန်းသည် အလွန်နီးကပ်လာပြီဖြစ်ကြောင်း သူကိုယ်တိုင်ပင် မြင်နေရလေပြီ။
“ကောက်ကျစ်တဲ့ ဧကရာဇ် ဒီနေ့ပဲ ရှင့်ရဲ့ ယုတ်ညံ့တဲ့ ဖြစ်တည်မှုကို အဆုံးသတ်ပြီး သန့်စင်အင်ပါယာကို နတ်ဘုရားမ အစစ်အမှန်ရဲ့ နွေးထွေးတဲ့ ရင်ခွင်ထဲ ပြန်ပို့ပေးမယ်။ အောက်ဆင်းလာပြီး သေခြင်းတရားကို လက်ခံလိုက်စမ်း” သန့်စင်ပရောဟိတ်မသည် လှမ်း၍ အော်ဟစ်သတိပေးလိုက်သည်။
“ဒီခွေးမကတော ငါ့ရဲ့ အစစ်အမှန်ပိုင်ရှင်ကသာ သူ့ကို ကယ်တင်မပေးခဲ့ရင် သူခုလို ကြီးကြီးကျယ်ကျယ်တွေပြောပြီး ငါ့ကို ဒီလို လာခြိမ်းခြောက်နိုင်ပါ့မလား။ ငါ့အနေနဲ့ အမှန်တရားကိုတောင် သူ့ကို ပြောပြလို့ မရတာ တကယ့်ကို ရင်နာစရာပဲ။ ငါပြောပြရင်တောင် သူက ငါ့ကို သက်ညှာပေးမှာမှ မဟုတ်တာပဲလေ။ ဘာလို့ လေကုန်ခံ ပြောနေရဦးမှာလဲ။ ငါက သန့်စင်ဧကရာဇ်အဖြစ် နေထိုင်ခဲ့တာမို့ သန့်စင်ဧကရာဇ်အဖြစ်နဲ့ပဲ ငါ့ရဲ့ သေခြင်းတရားကို လက်ခံလိုက်မယ်”
အာရန်၏ ကိုယ်ပွားသည် ဝရန်တာကနေ ခုန်ဆင်းလိုက်ပြီး တိုက်ကြီးနှစ်တိုက်မှ ဇာတ်လိုက်များ ဦးဆောင်ထားသော လူအုပ်ကြီးရှေ့သို့ ဆင်းသက်လိုက်သည်။
သူသည် အသက်ငွေ့ငွေ့လေးသာ ကျန်တော့သော အစစ်အမှန်သန့်စင်ဧကရာဇ် ၏ ညီတော်အား ပွေ့ဖက်လိုက်၏။
“တောင်းပန်ပါတယ် ညီတော်”
သူ့အနေဖြင့် ညီအရင်းတစ်ယောက်ပမာ ချစ်ခင်တွယ်တာလာရသည့် ထိုလူငယ်လေး၏ ဆံပင်ကို ညင်သာစွာ ထိုးဖွရင်း ပြောလိုက်သည်။
လူတိုင်းမှ သူ့အား စွန့်ခွာသွားကြချိန်မှာပင် သူ၏ အတုအယောင် ညီတော်ဖြစ်သော ဒီလူငယ်လေးသည် သူ၏ဘေး၌ နောက်ဆုံးချိန်ထိ ဆက်လက် ရှိနေပေးခဲ့သည်။
“မင်းတို့ ငါ့ကို သတ်ချင်ရင် ငါ့သေခြင်းတရားကို ငါလက်ခံမယ်။ ဒါပေမဲ့ ငါ့ညီတော်ကိုတော့ အသက်ရှင်ခွင့် ပေးလို့မရဘူးလား။ ငါ့ရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ သူ ဘာမှ ပါဝင်ပတ်သက်ခဲ့တာ မရှိဘူး။ ဒါကို သေခါနီး လူတစ်ယောက်ရဲ့ နောက်ဆုံး တောင်းဆိုမှုအဖြစ် သဘောထားပေးနိုင်မလား” ဟု အာရန်၏ ကိုယ်ပွားသည် သန့်စင်ပရောဟိတ်မအား ပြောလိုက်သည်။
သူသည် ကိုယ်ပွားတစ်ဦးမျှသာ ဖြစ်သည်။
သူ၏ ဖြစ်တည်မှုသည် အရေးမပါလှပေ။
သူသည် ပုံမှန်အားဖြင့် သက်တမ်းကုန်ဆုံးရမည့် အချိန်ထက် ပိုမို နေထိုင်ခဲ့ရပြီး ဖြစ်သည်။
သူသည် အမှန်တကယ် မူလ သန့်စင်ဧကရာဇ်၏ ညီတော်ကို ကယ်တင်ပေးချင်ခဲ့မိသည်။
“အဲ့ဒီ တောင်းဆိုမှုကို ကျွန်မ မလိုက်လျောပေးနိုင်ဘူး။ သူ အသက်ရှင်နေသရွေ့ တော်ဝင်သွေးမျိုးဆက်က ရှိနေဦးမှာပဲ။ ကျွန်မကို ပြန်ပြီး ပုန်ကန်ဖို့ သူ့ကို ထောက်ခံတဲ့သူတွေ အမြဲတမ်း ရှိနေလိမ့်မယ်။ သူလဲ ရှင်နဲ့အတူ သေမှ ဖြစ်လိမ့်မယ်”
ပရောဟိတ်မသည် ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းရင်း အာရန်ကိုယ်ပွား၏ တောင်းဆိုမှုအား ငြင်းဆန်လိုက်သည်။
အနောက်ဘက်တိုက်တစ်ခွင့် ငြိမ်းချမ်းရေးအတွက် သူမသည် ပြဿနာဟူသမျှကို အမြစ်ပြတ် ချေမှုန်းရမည် ဖြစ်လေသည်။
သူမ၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ အာရန်၏ ကိုယ်ပွားသည် အော်ဟစ် ရယ်မောလိုက်မိသည်။
“ရှင် ဘာလို့ ရယ်နေတာလဲ။ သေခါနီးမို့ ရူးသွားတာလား”
“ရယ်စရာကောင်းလို့ ရယ်နေတာလေ။ သူပုန်တစ်ယောက်က သူ့ကို ပြန်ပြီး ပုန်ကန်မှာကို စိုးရိမ်နေရတယ်တဲ့လား...”
အာရန်၏ ရယ်သံသည် ပိုမို၍ပင် ကျယ်လောင်လာခဲ့သည်။
“အဲ့ဒါကိုမှ မရယ်ရင် ငါက ဘာကိုရယ်ရဦးမှာလဲ”
သန့်စင်ပရောဟိတ်မသည် မျက်လုံးများ ကျဉ်းမြောင်းလိုက်မိသည်။
“ကျွန်မတို့ လုပ်ခဲ့တာက ပုန်ကန်မှုတစ်ခု မဟုတ်ဘူး။ မကောင်းမှုတွေကို သုတ်သင်ဖယ်ရှားခြင်းမျှသာ ဖြစ်တယ်။ ရှင့်လို ယုတ်မာစိတ်ရှိပြီး ပြုပြင်မရတဲ့ သူမျိုးတွေအတွက်တော့ ဒီနှစ်ခုရဲ့ ကွာခြားချက်ကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး”
သူမသည် ဘုန်းတော်ကြီးများအား အမိန့်ပေးလိုက်သည်။
“သူ့ကို သတ်လိုက်ကြ။ ပြီးရင် ဒီစစ်ပွဲကို မြန်မြန်လက်စသတ်လိုက်ကြစို့...”
#Catfoot