← Chapters

သေမျိုးများကြားမှ နတ်ဘုရားတစ်ပါး

Vol. 47 Ch. 679

သေမျိုးများကြားမှ နတ်ဘုရားတစ်ပါး

Vol. 47 Ch. 679

…

သန့်စင်ဧကရာဇ်၏ ညီတော် ယူရီယယ် သည် မြေပြင်ပေါ်ရှိ သွေးအိုင်ထဲ၌ လဲလျောင်းလျက်ရှိနေခဲ့ပြီး သူ၏ ဦးခေါင်းကိုပင် မနည်းအားယူ၍ လှုပ်ရှားလိုက်ရသည်။

သူ့အနေနှင့် သေဆုံးရတော့မည် ဆိုလျှင်ပင် နောက်ဆုံးအနေနှင့် ရသလောက် တိုက်ခိုက်ချင်နေသေး၏။

သို့သော် သူ၏ ခန္ဓာကိုယ်သည် သူ၏ စိတ်ဆန္ဒအား လိုက်လျောရန် ငြင်းဆန်နေခဲ့သည်။

ထို့နောက် ရင်းနှီးသော လေသံတစ်ခုကို ကြားလိုက်ရခြင်းဖြစ်လေသည်။

"အစ်... အစ်ကိုတော်"

သူသည် ခေါင်းကို မော့လိုက်ပြီး တစ်စုံတစ်ရာ ပြောင်းလဲသွားသကဲ့သို့ ခံစားနေရသော သန့်စင်ဧကရာဇ်အား လှမ်းကြည့်လိုက်သည်။

ယခင်ကဆိုလျှင် သူ၏ အစ်ကိုတော်သည် သန့်စင်အော်ရာ၏ ထောက်ပံ့မှုဖြင့်သာ ရပ်တည်နေနိုင်သော သေမျိုးတစ်ဦးကဲ့သို့ ခံစားခဲ့ရသည်။

အနောက်တိုက်မှ မြို့ကြီးများ ကျဆုံးလာသည်နှင့်အမျှ ပြည်သူများထံမှ ရရှိနိုင်သော ယုံကြည်ခြင်း စွမ်းအားများမှာလည်း တစ်စတစ်စ လျော့ကျသွားခဲ့ရသည်။

ထို့ပြင် သူ၏ ကိုယ်ပိုင် သန့်စင်အော်ရာ အနေဖြင့်လည်း နစ်ခရိုမန်ဆာမျှော်စင်သခင် နှင့် တိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီးကတည်းက ပြောပလောက်စရာ မရှိတော့ပေ။

အနည်းဆုံးတော့ အာရန်၏ ကိုယ်ပွားသည် သူ၏ လက်ရှိ အားနည်းနေမှုအတွက် အခြားသူများအား ထိုကဲ့သို့ ရှင်းပြထားခဲ့ဖူးလေသည် မဟုတ်ပါလား..။

သန့်စင် ဧကရာဇ်၏ ထိုစကားများအပေါ် သံသယဝင်သူ သိပ်မရှိခဲ့ပေ။

သူတို့ထဲမှ မည်သူမျှ သန့်စင်ဧကရာဇ်နှင့် နစ်ခရိုမန်ဆာမျှော်စင်သခင်တို့၏ တိုက်ပွဲကို အမှန်တကယ် မြင်တွေ့ခဲ့ရခြင်း မရှိသော်လည်း အရှင်သခင် အဆင့်တစ်ဦး ကျဆုံးသွားခဲ့ရသည့် ထိုတိုက်ပွဲသည် မည်မျှ ပြင်းထန်ခဲ့မည်ကိုမူ မှန်းဆကြည့်နိုင်ကြလေသည်။

သန့်စင်ဧကရာဇ်အနေဖြင့် ဤတိုက်ပွဲတွင် မတိုက်ခိုက်နိုင်တော့ဟူသော အမှန်တရားကို လူတိုင်း လက်ခံထားခဲ့ကြသည်။

ထို့ကြောင့်လည်း သူတို့သည် ရန်သူများ သန့်စင်ဧကရာဇ်ထံ မရောက်ရှိလာစေရန် အစွမ်းကုန် တားဆီးခဲ့ကြခြင်း ဖြစ်၏။

သို့သော် ယခုမူ တစ်စုံတစ်ရာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ယူရီယယ် သည် သူ၏ အစ်ကိုတော်ဖြစ်သူ၏ မျက်လုံးများ ယခင်နှင့် ကွဲပြားနေသည်ကို သတိထားမိလိုက်သည်။

ထိုမျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုအနည်းငယ်မျှပင် ရှိမနေတော့ပဲ ထူးဆန်းသော တည်ငြိမ်မှုများဖြင့် ပြည့်နှက်နေခဲ့၏။

ထိုမျက်လုံးများကို ကြည့်လိုက်မိသောအခါ မိုးကောင်းကင်ကြီး ပြိုကျလာလျှင်ပင် သန့်စင်ဧကရာဇ်သည် သူတို့အား ကယ်တင်ရန် ထိုကောင်းကင်ကို တားထားပေးနိုင်လိမ့်မည်ဟု ယူရီယယ်တစ်ယောက် ခံစားလိုက်မိသည်။

၎င်းသည် နစ်ခရိုမန်ဆာမျှော်စင်သခင် နှင့် စစ်တိုက်ရန် မထွက်ခွာသွားမီက သန့်စင်ဧကရာဇ်၏ ပုံစံအတိုင်းပင် ဖြစ်နေတော့သည်။

"အစ်ကိုတော်... အစ်ကိုတော် တကယ်ပဲ နေပြန်ကောင်းသွားတာလား..."

ယူရီယယ်သည် ထိုဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်သော်လည်း ၎င်းအား သူကိုယ်တိုင်ပင် ယုံကြည်ရန် ခက်ခဲနေ၏။

တကယ်ပဲ အဲ့ဒီလို ကိစ္စမျိုး ဖြစ်လာနိုင်လို့လား...။

ဒါမှမဟုတ် အစ်ကိုတော်ဧကရာဇ်က သူ့ကို ကာကွယ်ပေးဖို့အတွက် နောက်ဆုံးလက်ကျန် ခွန်အားတွေကို အကုန်အစင် ထုတ်သုံးနေတာများလား...။

ထိုစဥ် အာရန်မှာမူ အားလုံးနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်ကာ အမှန်တကယ်ပင် စိတ်သက်သာရာ ရနေခဲ့မိသည်။

နတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းအဆင့် များကြားတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရပြီးနောက် သူသည် အောက်ကမ္ဘာသို့ နောက်ဆုံးတွင် ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

၎င်းက သူ၏ အိမ်ကွင်းဖြစ်သော လုံခြုံစိတ်ချရသော နေအိမ်သို့ ပြန်လည်ရောက်ရှိသွား သကဲ့သို့ပင်။

ရန်သူများ ဝိုင်းရံထားခြင်း ခံနေရသော်လည်း အာရန်သည် အနည်းငယ်မျှပင် ကြောက်လန့်နေခြင်းမရှိ‌တော့ပေ။

သူ၏ အစီအစဉ်သည် နောက်ဆုံးတွင် အောင်မြင်ခဲ့ပြီဖြစ်၏။

သူ ဆင်းသက်ခြင်းအစွမ်းဖြင့် ဤနေရာသို့ ပြန်ရောက်လာနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့ပြင် အခြေအနေများသည် သူ ကနဦး မျှော်လင့်ထားသလောက် မဆိုးရွားသေးပေ။

ထို့နောက်အာရန်သည် မြောက်ဘက်တိုက်မှ ကမ္ဘာကူးပြောင်းလာသူ ဖြစ်မည်ဟု ယူဆရသော လူငယ်လေးအား လှမ်းကြည့်လိုက်သည်။

ထို့နောက် ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို အသုံးပြလိုက်ရာ ထိုလူငယ်၏ အချက်အလက်များကို တန်း၍ မြင်လိုက်ရသည်။

သေဆုံးမှုများနှင့်အတူ ပိုမို သန်မာလာခဲ့သော်လည်း ထိုလူငယ်သည် သူလက်လှမ်းမမီနိုင်သော အဆင့်ထိ ရောက်မသွားသေးပေ။

ထိုလူငယ်၏ အဆင့်သည် နစ်ခရိုမန်ဆာမျှော်စင်သခင်ထက် အနည်းငယ်မျှလောက်သာ ပိုမို မြင့်မားနေသေး၏။

.........

[အမည်: ရိုကင်]

[အဆင့်: ၆၄]

[အချက်အလက် : မြောက်ဘက်တိုက်မှ ကမ္ဘာကူးပြောင်းလာသူ]

[အဓိက သွေးမျိုးဆက်: ထာဝရရှင်သန်ခြင်း]

[ဒုတိယ သွေးမျိုးဆက်: ပုရိုင်းနတ်ဘုရားမြေလဲခြင်း]

[အစောင့်အရှောက်: မရှိ]

[အသက်: ၂၀]

[စရိုက်လက္ခဏာများ: သေခြင်းတရားရှာဖွေသူ]

-အဆင့်သတ်မှတ်ချက်များ-

[ခွန်အား: ၁၅၄၉၅]

[လျင်မြန်မှု: ၁၉၉၁၈]

[ခံနိုင်ရည်: ၁၈၇၉၃]

[ဉာဏ်ရည် :၇၈]

[မာနာ: ၉၆၄၄၈]

[ကျင့်ကြံခြင်းအဆင့်: မရှိ]

[သူရဲကောင်းအဆင့်: မရှိ]

[နတ်ဘုရားမ၏ အကာအကွယ်: သေမင်းနတ်ဘုရားမ]

[အဓိက ရုပ်ခန္ဓာများ: ထာဝရ ရုပ်ခန္ဓာ]

.........

အကယ်၍ သူသာ ယခင်ဤကမ္ဘာမှ မထွက်ခွာခင်က အာရန်ဖြစ်နေပါက ဤကဲ့သို့သော မွန်းစတားတစ်ကောင်ကို ရင်ဆိုင်ရမည် ဖြစ်သောကြောင့် လွန်စွာ စိုးရိမ်ပူပန်နေမိမည် ဖြစ်သည်။

သွေးမျိုးဆက် အစွမ်းကို ထည့်မတွက်လျှင်ပင် ဤလူသည် အရှင်သခင် များထက် အချို့သော ကဏ္ဍများတွင် ပိုမို သာလွန်နေလေ၏။

ကံကောင်းစွာဖြင့် ယခုမူ အခြေအနေများ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သူသည် ငရဲဘုံသို့ ရောက်ဖူးခဲ့သလို အထက်ကမ္ဘာသို့လည်း ရောက်ရှိခဲ့ပြီးဖြစ်သည်။

သူ၏ ခရီးစဉ်တစ်လျှောက်လုံးတွင် အတွေ့အကြုံများစွာ စုဆောင်းရရှိခဲ့ပြီးနောက် ထိုကာလများအတွင်း သူ၏ အဆင့်များမှာလည်း အဆပေါင်းများစွာ မြင့်တက်သွားခဲ့ပြီးဖြစ်သည်။

အဆင့်ကြီးဆယ်ဆင့် တက်တိုင်း လူတစ်ဦး၏ ခွန်အားတွင် အရေအတွက်နှင့် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လေ့ရှိသည်။

အာရန်သည် ယခုအခါ အဆင့် ၉၀ ကျော်နေပြီဖြစ်ပြီးဖြစ်၍ နတ်ဘုရားတစ်ပိုင်းအဆင့် နီးပါး ရောက်ရှိနေပြီဟု ဆို၍ရလေ၏ ဖြစ်။

အဆင့် ၃၀ စာမျှ ကွာခြားချက် ရှိနေပြီဖြစ်သဖြင့် ဤကမ္ဘာတွင် မည်သူကမျှ သူ့အား ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။

ယခုအာရန်သည် သေမျိုးလူသားများကြား လမ်းလျှောက်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေပြီခဲ့ပြီဖြစ်၏။

သို့သော်လည်း အာရန်သည် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲခြင်းတော့ မရှိပေ။

သန့်စင်ပရောဟိတ်မသည် ဇာတ်လိုက်မတစ်ဦး ဖြစ်သည်။

ဇာတ်လိုက်ဆိုသော ဖြစ်တည်မှုများတွင် အခြေအနေကို ချက်ချင်း ဇောက်ထိုး ပြောင်းပြန်လှန်ပစ်နိုင်သည့် ကောင်းကင်ဘုံမှ ပေးအပ်ထားသော ဇာတ်ညွှန်း အကာအကွယ်များ အမြဲတစေ ရှိတတ်ကြသည်။

သူမသည် ယခုအချိန်အထိ သန့်စင်စွမ်းအားများကို အသုံးပြုနိုင်နေဆဲဖြစ်ကြောင့် အလင်းနတ်ဘုရားမ မဟုတ်သော အခြားကွဲပြားသည့် နတ်ဘုရားမ တစ်ပါးနှင့် ချိတ်ဆက်မှု ရှိနေသည်ဟု ဆိုလိုနေသည်။

မူလဇာတ်လမ်းကြောင်းအရ အတုအယောင်နတ်ဘုရားမအား ယှဥ်ပြိုင်ရန် ဤနယ်မြေ၏ မူလ အုပ်စိုးသူဟု သတ်မှတ်ထားသော နတ်ဘုရားမတစ်ပါးပါး ဆီမှလည်း ဖြစ်ကောင်း ဖြစ်နေနိုင်လေသည်။

"ခင်ဗျား... ဘယ်လိုလုပ်ပြီး ကျုပ်လက်က လွတ်မြောက်သွားတာလဲ" ရိုကင်သည် မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

သန့်စင်ဧကရာဇ်သည် အစောပိုင်းကမှ သူ့လက်ထဲ ရောက်နေခဲ့ပြီး နောက်တစ်ခဏတွင် အမည်မသိ အင်အားတစ်ခုဖြင့် လွတ်မြောက်သွားခဲ့သည်။

သူ၏ မျက်စိရှေ့ရှိ လူသည် လွန်ခဲ့သောတစ်မိနစ်လောက်က သန့်စင်ဧကရာဇ် အစစ်အမှန်မှ ဟုတ်ပါလေစ။

သို့မဟုတ် သန့်စင်ဧကရာဇ်သည် သူ၏ ခွန်အားအစစ်အမှန်ကို တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့ခြင်းလော....။

"ရင်းနှီးတဲ့ မျက်နှာတွေ အများကြီးပဲ။ မိတ်ဆုံစားပွဲတစ်ခု ကျင်းပပေးနေတာလားတောင် ခံစားရတယ်"

အာရန်သည် ရိုကင်၏ စကားကို လျစ်လျူရှုလိုက်ပြီး အတိတ်က သူ၏ ကယ်တင်ခြင်းကို ခံခဲ့ရသော သန့်စင်ပရောဟိတ်မအား လှမ်း၍ ကြည့်လိုက်သည်။

ထိုနေရာတွင် နစ်ခရိုမန်ဆာမျှော်စင်ရှိ ဘယ်လက်ရုံးအစောင့်အရှောက် ၏ တပည့်မလေးလည်း ရှိနေသေးသည်။

အာရန်ကြောင့် သူမ၏ ဆရာသေဆုံးခဲ့ရသလို သူမ၏ မိသားစုတစ်ခုလုံးလည်း အသတ်ခံခဲ့ရသည်။

သူမအနေနှင့် ယခုတိုင် အသက်ရှင်နေသေးကြောင်း သိလိုက်ရသဖြင့် အာရန်သည် အတော်လေး အံ့သြသွားခဲ့သည်။

ယခုသည် မြောက်ဘက်တိုက်မှ ကမ္ဘာကူးပြောင်းလာသူအား သူ့အနေနှင့် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းလည်း ဖြစ်လေ၏။

သို့သော် အာရန်အား အမှန်တကယ် စိတ်ဝင်စားစေသည့်အရာမှာ ထိုလူငယ်သည် သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်နေခြင်းကြောင့် မဟုတ်ပေ။

ထိုလူငယ်၏ ထူးခြားသော သွေးမျိုးဆက်နှင့် ရုပ်ခန္ဓာကြောင့်သာ ဖြစ်လေသည်။

ထိုကမ္ဘာကူးပြောင်းလာသူ လူငယ်သည် သေရာမှ ပြန်လည်ရှင်သန်နိုင်စွမ်းရှိနေပြီး ထိုအရာမှတစ်ဆင့် ပိုမို သန်မာလာနိုင်ခြင်းမှာ သူ၏ ထူးဆန်းသော စနစ်ကြောင့်သာ ဖြစ်ရမည်ဟု အာရန်တစ်ယောက် ယခင်က ထင်မှတ်ထားခဲ့သည်။

သို့သော် ယခု လူချင်းတွေ့ပြီး ခွဲခြားသတ်မှတ်ခြင်း အစွမ်းဖြင့် စစ်ဆေးကြည့်လိုက်သောအခါတွင်မူ အခြေအနေများက ထင်သလောက် မဆိုးရွားသေးကြောင်း သိလိုက်ရ၏။

အကယ်၍ စနစ်ဆိုပါက သူ့အနေနှင့် ဝါးမြို၍ ရယူနိုင်မည် မဟုတ်ပေ။

သို့သော် သွေးမျိုးဆက်နှင့် ရုပ်ခန္ဓာများ ဆိုလျှင်တော့ သူ့အနေနှင့် လုယူနိုင်ပြီး သူ၏ ကိုယ်ပိုင်စွမ်းရည်များ အဖြစ်အသွင်‌ပြောင်း

ရယူနိုင်လေ၏။

နဂိုကတည်းက ဗီလိန်တစ်ယောက် ဖြစ်သည့် သူ၏ ကံကြမ္မာအရ သွားလေရာ နေရာတိုင်းတွင် သေခြင်းတရားနှင့် နှာဖူးတွေ့ဒူးတွေ့ တွေ့ဆုံရလေ့ရှိသော သဘာဝသည် ပုံမှန်အတိုင်းနီးပါးပင် ဖြစ်နေလေသည်။

ထိုအချိန်များတွင် သူ၏ စနစ်ကြောင့်သာ ယခုအချိန်ထိ ရှင်သန်နိုင်ခဲ့ခြင်းဖြစ်၏။

အကယ်၍ သူ၏ ဗီလိန် သဘာဝ စရိုက်ကို ဤသွေးမျိုးဆက်ကသာ ပံ့ပိုးပေးမည်ဆိုလျှင် သူသည် အချိန်တိုအတွင်း ပြိုင်ဘက်ကင်း ဖြစ်လာနိုင်ပေသည်။

ဤသွေးမျိုးဆက်တွင် ပြဿနာ တစ်ခုတော့ရှိနေသေးကာ ၎င်းက သူ၏ အကြီးမားဆုံး အားနည်းချက်လည်း ဖြစ်သည်။

ထိုသွေးမျိုးဆက်မှာ အသက်ဝင်ရန်အတွက် ရှေ့ဦးစွာ အသတ်ခံရရန် လိုအပ်လေသည်။

အကယ်၍ သူ့အားမသတ်ပဲ ဒီအတိုင်း အကျဉ်းချထားမည်ဆိုပါက ထိုသွေးမျိုးဆက်သည် လုံးဝ အသုံးမဝင်တော့ပေ။

ထို့ပြင် ထိုသွေးမျိုးဆက်၌ နောက်ထပ် သူမသိသေးသည့် အားနည်းချက်များလည်း ရှိနေဦးမည်ဟု အာရန်တစ်ယောက် သေချာနေခဲ့သည်။

ထို့ကြောင့်သာ ဤလူငယ်သည် ယခုအချိန်အတောအတွင်း အဆမတန် အင်အားကြီးမားမလာသေးခြင်း ဖြစ်ပေမည်။

ကမ္ဘာကူးပြောင်းလာသူတစ်ဦး ဖြစ်နေလျှင်ပင် သူ၏ စွမ်းရည်သည် အလွန်အမင်း အစွမ်းထက်နေလိမ့်မည် မဟုတ်ပေ။

သဘာဝတရားကြီးတွင် ဟန်ချက်ညီမှုတစ်ခုတော့ အမြဲတမ်း ရှိနေစမြဲပင် မဟုတ်ပါလား...။

အာရန်သည် ဤသွေးမျိုးဆက်ပိုင်ရှင်လူငယ်၏ အခြား အားနည်းချက်များကို မသိသေးသော်လည်း လက်ရှိအချိန်အထိမူ ထိုအရာကပင် သူ့အတွက် အကျိုးရှိနေဆဲပင်။

အားနည်းချက်များ ရှိနေခဲ့လျှင်ပင် သူ့အနေနှင့် နောက်မှ ကိုင်တွယ်ဖြေရှင်း၍ ရလေသည်။

ယခုအချိန်အတွက်မူ အာရန်သည် ထိုသွေးမျိုးဆက်အား လုယူရန် ပြင်ဆင်လိုက်သည်။

#Catfoot

All Chapters